နလန်ထူခြင်း
Vol. 158 Ch. 2205
မူစစ်သည် သူမ၏ အဓိပ္ပာယ်ကိုသိသည်။ သူမသည် သူ့ကိုရှာပြီး ကိုယ်တိုင်မေးချင်နေသည်။
“တကယ်တော့ မင်းကိုမရှာခင်က ငါ စန်းချန်မြို့ကိုရောက်ခဲ့ပြီးပြီ.. အဲဒီ ကိုရောက်တာနဲ့ မင်းသတင်းကိုကြားလိုက်တာပဲ အဲဒါကြောင့် ဒီကိုလာခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “အခု မင်းကိုကယ်ပြီးပြီဆိုတော့ ဒီကိစ္စကို အဆုံး သတ်ဖို့ အချိန်ရောက်ပြီ”
မူစစ်သည် မျက်လွှာချလိုက်သည် “ဒါဆို ဆရာဘယ်တော့သွားမှာလဲ”
“မလောပါဘူး အရင်ဆုံး မင်းကျန်းမာရေးကို ပြန်ကုရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဘိုးဘိုးကြီးတို့က အနက်ဝတ်လူတွေနဲ့ပတ်သက်တဲ့ကိစ္စကို စုံစမ်းနေတယ်.. ဒီကိစ္စက ရွှမ်ချုံးမျိုးနွယ်နဲ့ ပတ်သက်တယ်ဆိုတာကို အတည် ပြုပြီးတာနဲ့ ငါတို့လည်းသည်းမခံတော့ဘူး”
သူတို့ ချက်ချင်းမသွားသေးဟု သူမပြောလိုက်သည်ကို မူစစ်ကြားလိုက် သည်နှင့် နှုတ်ခမ်းထောင့်အတွင် အပြုံးတစ်ခုပေါ်လာသည် “ဟုတ်ပြီ”
ထိုအချိန်မှပင် သူ ပျော်ရွှင်သွားသည်။
မူစစ်၏ ကျန်းမာရေးကို ကောင်းမွန်စွာကုသနိုင်ရန် ရှီမာယူယူသည် ခြံဝန်းတစ်ခုရှာသည်။ ထိုနေရာသည် ကြီးမားလှသည်မဟုတ်သော်လည်း သူတို့ နေလောက်သည်အထိ လုံလောက်သည်။ သူတို့သည် ကျောက်ရွေ့ချန်းတို့၏ အကူအညီဖြင့် နေရာရှာတွေ့ခြင်းပင်ဖြစ်သည်။
နောက်ရက်များတွင် ရှီမာယူယူသည် မူစစ်ကို အပ်စိုက်ကုသပေးသည်။ အစားအသောက်နှင့် ဆေးဝါးမျိုးမျိုးတို့ကြောင့် မူစစ်၏ ကျန်းမာရေးသည် တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ လအနည်းငယ်ကြာပြီးနောက် သူ့ခန္ဓာ ကိုယ်သည် ပြန်ကောင်းလုနီးပါးဖြစ်နေပြီ။
ထိုအချိန်အတွင်းတွင် ဝူလင်းယူသည် သူတို့နှင့် အနေများသော်လည်း တစ်ခါတစ်ခါ ခေတ္တမျှထွက်သွားတတ်သည်။ ရှီယူနှင့် မိုဒီဆန်းသည် အချိန်တစ် ခုမျှနေပြီးနောက် တစ္ဆေမြို့တော်သို့ ထွက်သွားကြသည်။ သူတို့သည် ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော် အကြောင်းကို ဆွေးနွေးရန်ပြန်သွား ကြသည်ဟု ရှီမာယူယူ ခန့်မှန်းမိသည်။
တစ်ချိနတ်ည်းမှာပင် အနက်ဝတ်လူနှင့် ချီဝိညာဉ်များသည် နောက်ဆုံး တော့ ထွက်ပေါ်လာကြသည်။ ဤကိစ္စသည် ရွှမ်ချုံးမျိုးနွယ်နှင့် ဆက်နွယ်နေ သည်ဟု တစ်ကမ္ဘာလုံးသိကြသည်။ အစပိုင်းတွင် သူတို့သည် မယုံခဲ့ကြပေ။ သို့သော် သက်သေများနှင့် ရင်ဆိုင်ရသောအခါ အားလုံးသည် တခြားဘာမှ မပြောနိုင်ကြတော့ပေ။ သူတို့သည် ရွှမ်ချုံးမျိုးနွယ်၏ နယ်မြေကိုလိုက်သွားကြ ရာ ဟာလာဟင်းလင်းကိုသာ တွေ့လိုက်ရသည်။
ရှီမာယူယူသည် သတင်းကြားသောအခါ အံ့ဩမနေတော့ပေ။ ရွှမ်ချုံး မျိုးနွယ်ကို သူမ သိသလောက်ဆိုလျှင် သူမ စန်းချန်မြို့သို့မရောက်ခင်ကပင် ရွှမ်ချုံးမိသားစုတစ်ခုလုံးကို ရွှေ့ပြောင်းပြီးဖြစ်ရမည်။
အရာအားလုံးသည် သူမ၏ ထင်မြင်ချက်ကို အတည်ပြုခဲ့သည်။
မူစစ်သည် သူမရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နသည်။ လပေါင်းများစွာ ကုသပြီးနောက် သူသည် အရင်ပုံစံမရှိတော့ဘဲ လန်းဆန်းနေသည်။ သူသည် လည်း အသားများပြန်ပြည့်လာသလို ခံစားရသည်။
“ဆရာ ရွှမ်ချုံးမိသားစုမျိုးနွယ်က ဘယ်ကိုပြောင်းသွားတယ်ထင်လဲ” သူ မေးလေသည်။
ရှီမာယူယူ၏ လက်ချောင်းများလှုပ်ခါကာ လက်ချောင်းမှ မီးတောက်များ ထုတ်ပြီး သတင်းပို့လိုက်သည့် စက္ကူပိုင်းကို လောင်ကျွမ်းစေလိုက်သည်။
“ကမ္ဘာကြီးက ဒီလောက်ကြီးတာ ခန့်မှန်းဖို့ခက်တယ်” ရွှမ်ချုံးမျိုးနွယ် မည်သည့်နေရာတွင် ပုန်းကွယ်နေသည်ကို ရှီမာယူယူ မသိပေ။ ဤကဲ့သို့ ကြီးမားသော ကမ္ဘာကြီးတွင် စိတ်ပိုင်းဖြတ်လိုက်သည်နှင့် ပုန်းကွယ်ရန် လွယ်ကူလှသည် “ဒါပေမဲ့ အနက်ဝတ်လူတွေက အပြင်မှာရှိနေသရွေ့တော့ သဲလွန်စရှိမှာပဲ”
“ကျွန်တော်လည်း ပြန်ကောင်းလုနီးပါးဖြစ်နေပြီ ပြန်ကြတော့မလား” မူစစ် မေးလေသည်။
ရှီမာယူယူသည် သူ့အတွက်ကြောင့်နှင့် ဤနေရာတွင် ကြာရှည်စွာနေခဲ့ ရာ သူအလွန်ကျေနပ်နေပြီဖြစ်သည်။ သူသည် သူမကို ဤနေရာတွင် ဆွဲမထား ချင်တော့ပေ။ သူမတွင် လုပ်စရာကိစ္စများစွာရှိသေးသည်။
“ဟုတ်တယ် ပြန်ဖို့အချိန်တန်ပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
ဝူလင်းယူသည် သူတို့ကိုရှီမာမိသားစုသို့ ပြန်ပို့ပေးပြီးနောက် နတ်ဆိုး လောကသို့ ပြန်သွားသည်။ သူမနှင့်အတူ ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်လအနည်း ငယ်သည် အချိန်ကိုချေးငှားထားခြင်းသာဖြစ်သည်။ တစ်ဖက်မှ အခြေအနေ သည် ယခုအချိန်တွင် အလွန်ပင် လေးနက်နေကာ မပြန်၍မရတော့ပေ။
သူ ထွက်ပေါက်မရှိတော့ကြောင်းသိသဖြင့် ရှီမာယူယူသည် သူ့ကို တား မထားတော့ပေ။ သူသည် ကိုယ်ရေးကိုယ်တာအမုန်းတရားများရှိသည့်အပြင် သူ့နောက်သို့လိုက်နေသော မရေတွက်နိုင်သည့် အသက်များလည်းရှိသည်။ သူတို့ ကျရှုံးသည်နှင့် ထိုလူများ သေရမည်ဖြစ်သည်။
သို့သော် သူမ နားလည်သော်လည်း သူ ပြန်ထွက်သွားသည်ကို သူမ တွန့် ဆုတ်နေတုန်းပင်ဖြစ်သည်။ သူမသည် ခံစားချက်မကောင်းလှပေ။ သို့သော် ကံကောင်းသည်မှာ အိမ်ပြန်ရောက်သည်နှင့် သတင်းကောင်းသည် သူမကို စောင့်ကြိုနေလေသည်။
ယွိခဲ့လော့ ကိုယ်ဝန်ရှိနေလေပြီ။
ပြီးခဲ့သည့်တစ်ခေါက် သူမ အိမ်ကထွက်လာစဉ်က သူတို့ကို ကလေးယူ ရန် ပြောခဲ့သည်ကို ရှီမာယူယူမှတ်မိသည်။ ၂ နှစ်အတွင်းမှာပင် သူတို့ နောက် ကလေးတစ်ယောက်ရလာသည်။
ယွိခဲ့လော့၏ အနည်းငယ်ထွက်နေသောဗိုက်ကို ရှီမာယူယူမြင်သောအခါ ပြုံးပြီးပြောလေသည် “ကြည့်ရတာ သမီးတော့ မကြာခင် အစ်မကြီးဖြစ်တော့ မယ်ထင်တယ်”
“အင်း ၅ လတောင်လိုပါသေးတယ်” ယွိခဲ့လော့ ပြုံးလေသည်။
“တကယ်ကောင်းတာပဲ” ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး ယွိခဲ့လော့ ၏ ဝမ်းဗိုက်ကိုထိကြည့်လေသည် “အမေ့ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးကို ဘယ်လိုပြုစုပေးရမလဲဆိုတာကို လေ့လာကြည့်ဦးမယ် အဲဒါမှ သူတာထွက် ကောင်းမှာ”
အရည်အချင်းကောင်းကို ပျိုးထောင်ရန် အကောင်းဆုံးအချိန်မှာ ကိုယ်ဝန် အဆင့်တွင်ဖြစ်သည်။ သူမသာ ကောင်းကောင်းလုပ်နိုင်လျှင် မွေးလာမည့် ကလေး၏ အရည်အချင်းမှာ အလွန်ကောင်းနိုင်သည်။ ထိုအရာသည် မနက်ဖြန် ရွှေ့ရသည့်ကိစ္စမဟုတ်ပေ။
ထို့နောက် နောက်ရက်များတွင် မူစစ်၏ကျန်းမာရေးကို ကုပေးသည့် အပြင် ကလေး၏အရည်အချင်းနှင့် သန္ဓေသားခန္ဓာကိုယ်ကို တိုးတက်စေမည့် နည်းလမ်းများကို လေ့လာသည်။ ယွိခဲ့လော့သည် သူမပြုလုပ်ထားသည့်အရာ များကို မငြင်းဆန်ဘဲ အားလုံးကိုစားသည်။
ကလေးငယ်ကြောင့် သူမသည် အစီအစဉ်များအားလုံးကို နောက်ဆုတ် ထားသည်။ အစက သူမွေးလာသည်အထိ နေရန်စီစဉ်ထားသော်လည်း ပြန်လာ ပြီး တစ်လကြာပြီးနောက် အိမ်မှပြန်ထွက်သွားရလိမ့်မည်ဟု ထင်မထားပေ။
သူမ၏ ခြံဝန်းအတွင်းတွင် ရှီမာယူယူသည် ရုတ်တရက်ပေါ်လာသော ဟေးဒီးစ်ကို ကူကယ်ရာမဲ့စွာကြည့်ပီဲးပြောလိုက်သည် “အခုလုပ်မှဖြစ်မှာလား”
သူမသည် ယွိခဲ့လော့၏ဗိုက်ကလေးကိုထိကာ အထဲမှကလေးနှင့် အပြန် အလှန်ဆက်သွယ်ပြီး ပြန်လာရာ သူမ၏ခြံဝန်းတွင်ထိုင်နေသည့် ဤလူကို တွေ့လိုက်ရခြင်းဖြစ်သည်။ သူမကို မြင်သည်နှင့် သူ ပထမဆုံးပြောလိုက်သည့် အရာမှာ “မင်းကတိကို တည်ဖို့အတွက် သွားဖို့အချိန်ကျပြီ”
ပြီးခဲ့သည့်တစ်ခေါက် တစ္ဆေမြို့တော်တွင်ရှိခဲ့စဉ်က ဝူလင်းယူနှင့်တခြား သူများကို တားနိုင်ပါက သူ့အတွက် ၂ နှစ်ကြာ ချက်ပြုတ်ပေးမည်ဟု ရှီမာယူယူ ကတိပေးခဲ့သည်။
သူမ လူသားလောကသို့ပြန်လာချိန်တွင် သူသည် ထိုကိစ္စကိုမပြောဘဲ သူမကို ပုလ္လင်ငယ်ကို ပေးခဲ့သည်။ သူ မေ့သွားပြီဟု ထင်ထားသော်လည်း ဤ အချိန်မှ ပြောလာလိမ့်မည်ဟု ထင်မထားပေ။
“ဟုတ်ပြီ” ဟေးဒီးစ်သည် သူမကို ဖျတ်ခနဲကြည့်လိုက်သည်။
“ဒါဆို ပြင်ဆင်ခွင့်ပေးပါဦး” ရှီမာယူယူ ပြောလိုက်သည်။
ဟေးဒီးစ် သဘောတူလိုက်သည်။ သူမသည် မရဏာလောကသို့ သွားမည် ဖြစ်ကြောင်းကို ယွိခဲ့လော့တို့ကိုပြောပြီး နလန်ထူရန်နည်းလမ်းများပေးပြီး နောက် တခြားလူများကိုပါ သွားပြောလိုက်သည်။
သူမ ပြန်လာပြီးနောက် ဟေးဒီးစ်ကိုပြောလိုက်သည် “ကျွန်မ မူစစ်ကိုပါ ခေါ်သွားချင်တယ်”
“ဒါကတော့ မင်းပေါ်မှာမူတည်တာပဲ.. ငါ ဒီအားနည်းနေတဲ့လူကိုတောင် ခေါ်သွားပြီး လေ့ကျင့်ပြီးတာနဲ့ မင်းကိုပြန်ပေးလို့ရတယ်”
ရှီမာယူယူမှာ…
ရှီမာယူယူနှင့် မူစစ်တို့သည် မရဏာလောကသို့အတူတကွသွားကြသည်။ သူမသည် အလျင်စလိုလာပြီး အလျင်စလိုထွက်သွားသဖြင့် မျိုးနွယ်ဝင်များ သည် သူမကိုနှုတ်ဆက်ကြသည်။
သူမ၏ မောင်လေးမွေးလာသည်ကို မမြင်လိုက်ရသည်မှာတော့ နှမြော ဖွယ်ကောင်းသည်။
သူတို့မရဏာလောကသို့ရောက်သောအခါ မူစစ်ကို ဟေးဒီးစ်ခေါ်သွား လေသည်။ ရှီမာယူယူသည် ဟေးဒီးစ်၏ စုတ်ချာနေသော နန်းတော်ဆီသို့ ပြန် လာသည်။
“နှစ်တွေဒီလောက်ကြာသွားတာတောင် ဒီနေရာကို ဘာမှပြင်မထားဘူးပဲ” သူမသည် နှုတ်ခမ်းဆူကာ အထင်သေးစွာပြောလေသည်။
“နေလို့ရရင်ပြီးတာပဲလေ” ဟေးဒီးစ်သည် လုံးဝဂရုမစိုက်ပေ။ သူသည် သူမအတွက် ပြင်ဆင်ပေးထားသော ခြံဝန်းဆီသို့ခေါ်သွားလေသည်။ တခြား နေရာများ၏ ရိုးရှင်းမှုနှင့် နှိုင်းယှဉ်ကြည့်ပါက သူမ၏ခြံဝန်းသည် အနည်းငယ် ဇိမ်ကျလှသည်။
သို့သော် ထိုနေရာတွင် မလိုက်ဖက်သည့်ပရိဘောဂတချို့ကို မြင်နေရ သည်။
သူမသည် ပုခက်ဆီသို့လျှောက်သွားပြီး နှစ်ကြိမ်မျှပုတ်ကာ ပြောလိုက် သည် “ကိုယ်ဝန်ရှိနေတာအမေလေ.. ဒါကိုဒီမှာထားလည်း အသုံးမဝင်ဘူး”
ဟေးဒီးစ်သည် သူမကိုမျက်လုံးလှိမ့်ပြလေသည် “ဒါကမင်းအတွက် ပြင်ဆင်ပေးထားတာ”
“ကျွန်မလား” ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်သွားသည် “ကျွန်မက ပုခက် နဲ့ အိပ်ဖို့ကျ အသက်ကြီးလွန်းနေပြီ ကျွန်မ..”
ရှီမာယူယူသည် ရုတ်တရက် ရပ်သွားပြီး ဟေးဒီးစ်အား မယုံကြည်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ကောက်ဝတ်ကို လက်ချောင်းများ တင်လိုက်သည်။
***