← Chapters

ကိုယ်ဝန်ရှိခြင်း

Vol. 158 Ch. 2206

ကိုယ်ဝန်ရှိခြင်း

Vol. 158 Ch. 2206

သူမ သွေးကြောကို စမ်းသပ်ပြီးနောက် မှင်တက်သွားကာ နောက်မှ တောက်ပစွာပြုံးပြီး ပေါကြောင်ကြောင်ဖြင့် သွားဖြဲမိသည်။

သူမတကယ်ပဲ.. ကိုယ်ဝန်ရှိနေတာပဲ။

“ကျွန်မ ကိုယ်ဝန်ရှိနေတာပဲ…” သူမသည် ကြက်သေသေနေကာ အရာ အားလုံးသည် အိပ်မက်ဆန်သလိုခံစားရလေသည်။

“မင်း အဲလောက်တုံးတာကို ငါမမြင်ဖူးဘူး” ဟေးဒီးစ်သည် အထင်သေး စွာပြောလိုက်သည်။

ရှီမာယူယူသည် တခစ်ခစ်ရယ်လိုက်ပြီးနောက် အလွန်အရေးကြီးသည့် အရာတစ်ခုကို မှတ်မိသွားသည် “ကျွန်မကိုယ်ဝန်ရှိနေတာကို ဘယ်လိုသိတာ လဲ”

တစ်လသာရှိနေကာ သူမကိုယ်တိုင်ပင်သတိထားမိပေ။ သူက မရဏာ လောကကနေ ဘယ်လိုသိတာလဲ။ ပြီးတော့ ပုခက်ကိုတောင်ပြင်ဆင်ထားတာ ဆိုတာ့ သိထားနှင့်ပြီးသားလို့ ဆိုလိုတာပဲ။

“မင်းနားလည်ဖို့မလိုပါဘူး” ဟေးဒီးစ်သည် သူမကိုရှင်းပြရန်ရည်ရွယ် ချက်မရှိဘဲ မောက်မာစွာဖြင့် အသက်ရှူထုတ်လိုက်သည်။

သူမ ကိုယ်ဝန်ရှိမည့်အချိန်ကို ဟောကိန်းထုတ်ထားသည်ဟု သူ ပြောမည် မဟုတ်ပေ။ သူ၏အဆင့်တွင် ထိုကဲ့သို့အသေးအဖွဲကိစ္စများကို အဖြေရှာရန် လွယ်ကူသည်။ သို့သော် ထိုအရာကပင် သူ၏သရုပ်မှန်ကို ပျောက်ကွယ်သွားစေ နိုင်သည်။

မရဏာလောက၏ ဂုဏ်သရေရှိဘုရင်တစ်ပါးအနေနှင့် သူမ ကိုယ်ဝန်ရှိ ကြောင်းကို ဟောကိန်းထုတ်ခဲ့သည်။ သူသည် ထိုကဲ့သို့အရာများကို ဘယ်သော အခါမှ ထုတ်ဖော်ပြောမည်မဟုတ်ပေ။

“ရှင် ကျွန်မကိုမပြောလည်းသိပါတယ် ရှင်က ကျွန်မကံကြမ္မာကို ဗေဒင် ဖတ်ထားတာပဲဖြစ်မယ်” ရှီမာယူယူသည် မတုံးအပေ။ ထိုအကြောင်းကို ခက်ခက်ခဲခဲစဉ်းစားရန်ပင်မလိုပေ။

“ဟင်း” ဟေးဒီးစ်သည် အေးစက်စွာနှာမှုတ်ပြီး မငြင်းဆန်ပေ။

“ကျွန်မကိုယ်ဝန်ရှိတာကို သိနေတာကို ဘာလို့ဒီကိုခေါ်လာတာလဲ” ရှီမာ ယူယူ မေးလိုက်သသည်။

သူမသည် ဤကဲ့သို့သတင်းကြီးကို မိသားစုနှင့်သူငယ်ချင်းများကို မျှဝေ ရန် အခွင့်အရေးမရှိခဲ့ပေ။ ယခု သူမဤနေရာတွင်ရောက်နေရာ သူတို့ကို ပြော ပြရန် ပိုအခွင့်အရေးမရှိတော့ပေ။

“မင်း အဲဒီမှာဆိုရင် မင်းကလေးကို ဂရုစိုက်နိုင်မယ်လို့ထင်နေလား” ဟေးဒီးစ်သည် သူမကို အထင်သေးစွာကြည့်ပြီး သူ၏စကားများမှာလည်း အထင်သေးမှုများပြည့်နေသည်။

အဲဒီက အဖြစ်အပျက်တွေကိုသိရင် သူမ ဂရုမစိုက်ဘဲနေနိုင်မှာလား။ အဲဒီ ကိစ္စတွေကြောင့် တစ်ခုခုဖြစ်သွားရင် သူမဗိုက်ထဲက ကလေးကရော ထိုက်တန် ဦးမှာလား။

ရှီမာယူယူသည် နှာခေါင်းကိုထိလိုက်သည်။ သူမ၏ အကျင့်နှင့်ဆိုလျှင် အမှန်တကယ်ပင် လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် ဤသည်သာ တစ်ခုတည်း သော နည်းလမ်းဖြစ်သည်။

“မင်းကိုယ်ဝန်ရှိနေတာနဲ့ မင်းကတိကို ဖျက်လို့ရမယ်လို့တော့မထင်လိုက် နဲ့.. မင်း ဒီမှာ ငါ့အတွက် ၁ နှစ်လုံး ဟင်းချက်ပေးရမယ်.. ထွက်သွားချင်တယ်ဆို ရင်လည်း နောက်ကျထပ်လုပ်ပေးရမယ်.. အတိုချုပ်ပြောရရင် ၁ နှစ်အလုပ်လုပ် ပေးပြီးမှ ထွက်သွားလို့ရမယ်”

“အိုး”

ရှီမာယူယူသည် သူမ၏ဗိုက်ကလေးကိုထိပြီး အထဲတွင်ရှိနေမည့် သေးသေးလေးသည် သူမနှင့်ဝူလင်းယူတို့၏ ကလေးဖြစ်သည်ကို တွေးမိပြီး မပြုံးဘဲမနေနိုင်တော့ပေ။

ယခုအချိန်တွင် သူနှင့် သတင်းကောင်းမမျှဝေပေးနိုင်သည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။ သူသာ ကလေးသေးသေးလေးကို မြင်လျှင် မည်သို့တုံ့ပြန်မည်ကို သူမ သိချင်လာသည်။

ရှီမာယူယူ ကိုယ်ဝန်ရှိသည့်သတင်းသည် မရဏာလောကတွင် ပြန့်သွား သည်။ အားလုံးသည် သူမအတွက်ပျော်ရွှင်ပေးကြသည်။ အဆုံးမရှိသော လူအုပ်ကြီးသည် သူမကိုလာကြည့်ကြသည်။ ရှီမာယူယူသည် ဤနေရာတွင် ဘာမှလုပ်စရာမရှိဘဲ ချက်ပြုတ်ရင်းနှင့် ကလေးအခြေအနေကို ကြည့်ရသည်။ တစ်စုံတစ်ယောက် သူမဆီလာလည်လျှင် ထိုလူနှင့် အချိန်ကုန်ဆုံးသည်။

သို့သော် သူမ အနားမယူရသည်ကို ဟေးဒီးစ်မြင်သည်နှင့် လာလည်သူ များအားလုံးကို ပိတ်ပင်လိုက်သည်။ ဟေးဒီးစ်ပြောတာဆိုတော့ ဘယ်သူက လာရဲသေးလဲ။ ထို့ကြောင့် သူမသည် ရိုးရှင်းသောဘဝပြန်ဖြစ်သွားသည်။

တစ်ရက်တွင် သူမ၏ သွေးကြောကိုစမ်းသပ်ပြီးနောက် အချိန်တစ်ခုမျှ တွေဝေနေမိသည်။

ဟေးဒီးစ်သည် သူမဘေးရှိကျောက်ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ပြီး နေရောင်ခံနေသည်။ သူမ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သူ ခံစားမိသဖြင့် မျက်လုံးဖွင့်ပြီး မေးလေသည် “ဘာဖြစ်လို့လဲ”

“နှစ်ယောက်တောင်မှ”

“ဟင်”

“ကျွန်မမှာ ကလေးနှစ်ယောက် ကိုယ်ဝန်ရှိနေတယ်လို့” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မက အမြွှာကိုယ်ဝန်ဆောင်ထားရတယ်လို့”

“မဆိုးဘူးပဲ” ဟေးဒီးစ်၏ အပြုံးသည် ပိုလေးနက်လာသည်။

သူ၏အမူအရာကို သူမမြင်သောအခါ နိုးနိုးကြားကြားဖြင့် ဗိုက်ကို အလိုလိုဖုံးပြီး မေးလိုက်သည် “ရှင့်ခေါင်းထဲမှာ ဘာမကောင်းတာတွေ တွေးနေ တာလဲ”

“တစ်ခါတလေကျ ဒီလောက်မြန်ဖို့မလိုဘူးလေ” ဟေးဒီးစ်ပြောလိုက် သည်။

“ရှင်က ကျွန်မကလေးတွေကို ကြံစည်နေတာလား” ရှီမာယူယူသည် သူ့ ကိုစူးစူးစိုက်စိုက်ကြည့်ပြီး မျက်နှာပျက်သွားသည်။

“ဘာတွေ အဲလောက်စိတ်လှုပ်ရှားနေတာလဲ ငါ သူတို့ကိုမသတ်ပါဘူး” ဟေးဒီးစ်သည် နှာမှုတ်လိုက်သည်။ သူမ၏ ယခုလိုပုံစံကို ပထမဆုံးအကြိမ် မြင် ဖူးခြင်းဖြစ်သည်။

“အဲဒါဆိုဘာလို့လဲ”

“ဆက်ခံသူရှာနေတာပါ” ဟေးဒီးစ်သည် သူ့အတွေးများကို မဖုံးကွယ် တော့ပေ “ငါ မင်းကိုပြောမလို့စဉ်းစားနေတာ ဒါပေမဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်လိုချင်တယ်”

“မရဘူး” ရှီမာယူယူသည် တွေးပင်မတွေးဘဲ ငြင်းဆန်လိုက်သည် “ကလေးနှစ်ယောက်လုံးက ကျွန်မကလေးတွေပဲ လုလို့မရဘူး”

“ငါ မင်းကလေးတွေကို လုမယ်လို့ပြောနေတာမဟုတ်ဘူး.. ဒီအတိုင်း တစ်ယောက်ကိုရွေးပြီး ဆက်ခံသူဖြစ်စေချင်တာ.. မင်းက ဟေးဒီးစ်ရဲ့အမေဖြစ် မှာပဲ.. နောက်ဆိုရင် ဘယ်သူကမင်းကိုအနိုင်ကျင့်ရဲတော့မှာလဲ”

“ကျွန်မသိနေတယ်.. အဲဒါကြောင့် ဒီမှာကလေးလာပျိုးထောင်ခိုင်းနေတာ ပဲ” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်သည် “ရှင် ဆက်ခံသူလိုချင်ရင် ရှင့် ကလေးမွေးပေးမယ့်လူကို ကိုယ်တိုင်ရှာလိုက်လေ.. ဘာလို့ကျွန်မကလေးကို လာ မျက်စပစ်နေတာလဲ”

“ငါ စိတ်မဝင်စားဘူး” ဟေးဒီးစ်သည် အထင်သေးစွာကြည့်လိုက်သည်။ သူမက သူ့ကိုကလေးမွေးခိုင်းနေတာလား။ အခုကို သူ စက်ဆုပ်နေပြီ။

“မိန်းကလေးနှစ်ယောက် ဖြစ်နေရင်ဘယ်လိုလုပ်မလဲ”

“ဟေးဒီးစ်က ယောက်ျားလေးဖြစ်ရမယ်လို့ ဘယ်သူမှမသတ်မှတ်ထား ဘူး”

“သူတို့က မလုပ်ချင်ရင်ရော”

“သူတို့ လုပ်ချင်ရင်ရော”

“အဲဒါလည်း မရဘူး”

ရှီမာယူယူသည် ဒေါသတကြီးဖြင့် ခြံဝန်းထဲမှထွက်သွားကာ သူမ၏ အခန်းဆီသို့ပြန်ပြီး တံခါးကိုအသံမြည်အောင် ဆောင့်ပိတ်လိုက်သည်။ အဲလူကြီးက ရူးနေပြီပဲ။

သူမ၏ တုံ့ပြန်မှုကိုမြင်သောအခါ ဟေးဒီးစ်သည် ပြုံးပြီး ကျောက်ကုလား ထိုင်အားပြန်မှီပြီး တမှေးအိပ်ကာ တိုးညင်းစွာပြောလိုက်သည် “ချက်ပြုတ်ရ မယ့် အချိန်ရောက်ပြီ”

ခဏကြာသောအခါ ရှီမာယူယူ ထွက်လာပြီး မီးဖိုဆောင်သို့သွားကာ သူ့ အတွက် ချက်ပြုတ်‌ပေးလေသည်။ သို့သော် ယနေ့ ဟင်းလျာများမှာ အရသာ ထူးဆန်းလှသည်။ မငန်သလို ချိုခြင်းလည်းမရှိ၊ စပ်လည်းမစပ်ပေ။

“အလဟဿမဖြစ်စေနဲ့” ရှီမာယူယူသည် ဟင်းများကိုချပေးရင်း ပြော လေသည်။

ဟေးဒီးစ်သည် မသနားတတ်သောလူမဟုတ်ပေ။ ကိုယ်ဝန်လွယ်ထားရ သည့် မိန်းကလေးတစ်ယောက် ချက်ပြုတ်ရသည်မှာ မလွယ်ကူသည်ကို သူသိ သဖြင့် သူမ၏ အားထုတ်မှုများအလဟဿမဖြစ်စေရန် လက်ကိုဝှေ့ယမ်းကာ ထိုဟင်းများကို အရိပ်မည်းနှင့်တခြားသူများကို ဆုအဖြစ်ပေးပြီး သူမ၏ စကား အတိုင်းလိုက်ပြောလေသည် “အလဟဿမဖြစ်စေနဲ့”

ရလဒ်အရ အရိပ်မည်းနှင့်တခြားသူများသည် ထိုထူးဆန်းသည့် ဟင်းများ ကိုစားရကာ သူတို့၏ စိတ်များပင်ပြိုလဲတော့မလို့ခံစားရလေသည်။

သူတို့ရဲ့ဘုရင်နဲ့ သခင်မလေးတို့က ဘာလို့ရန်ဖြစ်ကြတာလဲ။ နောက်ဆုံး တော့ ဒီတပ်သားတွေပဲ ဒဏ်ရာရတာပဲမဟုတ်ဘူးလား။

သူမ၏ စီမံချက်ထဲသို သူ မကျသည်ကိုမြင်သောအခါ သူမသည် ဒေါသ ထွက်ပြီးရင်းထွက်ရာ သူပြောလိုက်သည် “အမေက ဒေါထွက်ရင် ကလေးတွေ ရဲ့ အကျင့်မှာသွားသက်ရောက်လိမ့်မယ်”

ရှီမာယူယူ…

အင်း အခုက ဒေါသတောင်ထွက်လို့မရဘူး။ သို့သော် သူမစိတ်ထဲမှ ဒေါသ သည်ပျောက်မသွားပေ။ သူမ စဉ်းစားလေလေ ဒေါသထွက်လာလေလေဖြစ်ရာ စူးစူးဝါးဝါးအကြည့်ဖြင့်သာ အဆုံးသတ်လိုက်သည်။

ဟေးဒီးစ်သည် သူမ ဒေါသထွက်သည်ကိုမြင်သောအခါ မတတ်သာစွာ ဖြင့် သက်ပြင်းချကာ တူကောက်ကိုင်ပြီး စားပွဲပေါ်မှ မေ့မရနိုင်သည့် ဟင်းလျာ ကိုစားလိုက်သည်။ သူ၏လှုပ်ရှားမှုများသည် တင့်တယ်လှကာ မျက်မှောင်ပင် မကြုတ်ပေ။

စားသောက်ပြီးနောက် သူ သူမကိုကြည့်လိုက်ရာ သူမ၏မျက်ခုံးကြားမှ အပြုံးကိုမြင်လိုက်ရသည်။ ထို့နောက် သူမ ထပြီးထွက်သွားလေသည်။

နှလုံးသားမရှိလိုက်တဲ့ မိန်းကလေးပဲ။

သို့သော် ထိုကိစ္စသည် ထိုအတိုင်းပြီးသွားလေသည်။

ရှီမာယူယူသည် ထိုအကြံကိုလက်ခံသည်။ သို့သော် ကလေးနှစ်ယောက် သာ အလိုမရှိလျှင် သူတို့ကိုဖိအားပေးမရသည်ကိုလည်း သဘောတူသည်။

ဟေးဒီးစ်သည် ဘာမှမပြောပေ။ သူတို့ ဆန္ဒရှိမှာပါဟုသာ ပြောလေ သည်။ ထိုယုံကြည်ချက်ရှိနေမှုသည် သူမ သူ့ကိုနှစ်ကြိမ်မျှ ထိုးချင်စိတ်ဖြစ်စေ သည်။

သူမ ကိုယ်ဝန်တစ်လကျော်သည်အထိ မည်သည့်ကွာခြားချက်မှ မခံစားရ ပေ။ ဤအတိုင်းသာဆက်သွားပါက ကောင်းသည်ဟုပင် တွေးနေသည်။ သို့သော် သိပ်မကြာခင်မှာပင် သူမ စတင်အန်တော့သည်။ သူမ နေ့နေ့ညည အန်နေသည်ကိုမြင်သောအခါ တစ်စုံတစ်ရာဖြစ်နေပြီဟု ထင်သဖြင့် သူသည် သူမကိုသမားတော်ခေါ်ပေးသည်။ ထိုသည်မှာ ပုံမှန်တုံ့ပြန်ချက်ဆိုသည်ကို သိ ပြီးနောက် သူမ အန်သည့်အချိန်တိုင်းတွင် သူဝေးဝေးတွင်နေသည်။

နံလိုက်တာ…

ရုပ်ဆိုးလိုက်တာ…

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ရွံရှာမှုကို နားလည်သဖြင့် သူ့ကို မျက်လုံးလှိမ့်ပြမိသည်။ သို့သော် မျက်လုံးမလှိမ့်ခင်မှာပင် ထပ်အန်မိသည်။

သူမ၏ သည်းခြေရည်ပင် ထွက်ကျလောက်အောင် အန်နေသည်ကို မြင် သောအခါ ဟေးဒီးစ်သည် မျက်မှောင်ကြုတ်မိသည်။

ကိုယ်ဝန်လွယ်ရတာ အဲလောက်တောင် ခက်တာပဲ။ သူမ ကလေးတွေထဲ က တစ်ယောက်လိုချင်တာ နည်းနည်းလွန်သွားလား။ အတန်ကြာအောင် စဉ်းစားပြီးနောက် သူ နိဂုံးချုပ်လိုက်သည်။

မဟုတ်သေးဘူး.. သူမ တစ်ယောက်တည်းကိုယ်ဝန်ဆောင်ရင်လည်း အန်မှာပဲ။ သူက အပိုတစ်ယောက်ကို လိုချင်တာလေ။ ထိုသို့တွေးလိုက်သည်နှင့် သူ့စိတ်များ မရှုပ်ထွေးတော့ပေ…

***

All Chapters