ဆန့်ကျင်ဘက်ကံကြမ္မာ
Vol. 158 Ch. 2207
ကိုယ်ဝန်ဆောင်ရသည်မှာ မည်မျှခက်ခဲကြောင်းကို ရှီမာယူယူ နောက်ဆုံးတွင် ကိုယ်တွေ့ကြုံလိုက်ရပြီဖြစ်သည်။ သူမသည် အရင်ကကြားဖူး ခဲ့သော်လည်း လက်တွေ့တွင်တော့ အလွန်တရာဆင်းရဲကြောင်းကို မသိခဲ့ပေ။ အရင်ကတော့ ကိုယ်ဝန်ဆောင်သည်များ မသက်မသာဖြစ်သည်ဟု ပြောချိန် တွင် အနည်းငယ်သူတော်ကောင်းယောင်ဆောင်သည်ဟု ခံစားခဲ့ဖူးသည်။ ယခု မှပင် သိခဲ့ရသည်မှာ ခါးမနာဘဲ စကားရပ်ပြော၍မရနိုင်ပေ။
ဒါပေမဲ့ ယွိခဲ့လော့ ကိုယ်ဝန်ဆောင်တာကို မြင်ခဲ့တုန်းက မသက်မသာ ခံစားနေရသလို မထင်ရပါဘူး။ ခန္ဓာကိုယ်ချင်းမတူလို့လား။
သူမသည် နှစ်လကျော်ကြာသည်အထိ အန်သည်။ ဒုတိယသုံးလအပတ် ဝင်သောအခါ ဖျားနာသည့်လက္ခဏာများ တဖြည်းဖြည်းသက်သာလာသည်။
သူမ နေထိုင်မကောင်းဖြစ်သည့် အချိန်မှစပြီး ဟေးဒီးစ်အတွက် ချက်ပြုတ်ပေးခြင်းကို ရပ်လိုက်ကာ သူသည်လည်း ထပ်မပြောခဲ့ပေ။ ထိုအစား သူသည် ကလေး၏အရည်အချင်း တိုးတက်စေရန်အတွက်ဟုဆိုက သူမစားရန် အစားအသောက်ကောင်းများကို ပို့ပေးသည်။
သူ၏ မူရင်းစကားများမှာတော့ “သူတို့မိဘတွေကိုက ဒီလိုဖြစ်နေပြီ သူတို့ ကို ပြုပြင်ပေးစရာနည်းလမ်းမရှိတော့ဘူး.. ကလေးတွေကိုတော့ ဒီလိုအဖြစ်မခံ နိုင်ဘူး”
သူ ပစ္စည်းကောင်းများကို ယူလာသည်ကိုကြည့်ပြီး သူ့ကိုမောင်းမထုတ် နိုင်ပေ။
နောက်ပိုင်းအဆင့်များတွင် ငိုက်မျဉ်းသည့်လက္ခဏာများဖြစ်ပေါ်လာ သည်။ သူမသည် စာမျက်နှာနှစ်မျက်နှာမျှ ဖတ်ပြီးနောက်တွင် အိပ်ပျော်သွား တတ်လာသည်။ ခါးနာခြင်းများကဲ့သို့ တခြားမသက်မသာခံစားမှုများကိုလည်း တစ်ခုချင်းစီ ခံစားလာရသည်။ ကလေးနှစ်ယောက်မှာ မကြာခင်မွေးတော့မည် ဖြစ်သဖြင့် ခေတ္တမျှ တောင့်ခံရန်သာလိုသည်။
မွေးဖွားသည့်လုပ်ငန်းစဉ်မှာလည်း မချောမွေ့ပေ။ အကြောင်းမှာ အမြွှာ များသည် လမစေ့ဘဲ မွေးဖွားလာခြင်းကြောင့်ပင်။ သူမသည် အလွန်နာကျင်စွာ မွေးဖွားရသည်။ ဟေးဒီးစ်နှင့် အရိပ်မည်းတို့သည် အပြင်ဘက်တွင် ပူပန်စွာ စောင့်နေကြရင်းနှင့် အရိပ်မည်းမေးလေသည် “ကလေးမွေးရင် အော်ကြတယ် လို့ပြောကြတယ်မလား.. သခင်မလေးက ဘာလို့မအော်တာလဲ”
“အဲဒါက သာမန်လူတွေအတွက်လေ.. သူမက မိုးကြိုးဘေးဒုက္ခနဲ့ရင်ဆိုင် ရတာတောင် မငိုတာ.. ဒီလောက်က သူမကိုနာကျင်အောင် ဘယ်လိုလုပ်နိုင်မှာ လဲ” ဟွမ် ရှင်းပြလေသည်။
“ဟုတ်သားပဲ” အရိပ်မည်းသည် ခေါင်းညိတ်ပြီး သဘောတူလေသည်။
“ဝူလင်းယူကို ခေါ်မလာဘူးလား” မွေးဖွားပြီးနောက် သူမ သူ့ကိုတွေ့ချင် နေလိမ့်မည်။
“ကျွန်တော် လူလွှတ်ပြီးပါပြီ.. သူတို့မကြာခင်ရောက်လာပါလိမ့်မယ်” ဟွမ်ပြောပြီးနောက်တွင် ဟေးဒီးစ်ကိုကြည့်လိုက်သည်။
သူသည် နှစ်ယောက်လုံးကို ရွံရှာသလိုကြည့်တတ်သော်လည်း သူတို့နှစ် ယောက်ကို လွန်စွာမှ ဂရုစိုက်တတ်သည်။
မကြာမီတွင် ဝူလင်းယူကို ခေါ်လာသည်။ သူသည် ခြံဝန်းထဲမှလူသုံး ယောက်ကို တစ်ချက်သာကြည့်ပြီး တံခါးကိုအမြန်ဖွင့်ကာ ဝင်သွားလိုက်သည်။
ရှီမာယူယူ၏ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေကာ ဆံပင်များမှာလည်း မျက်နှာတွင်ကပ်နေပြီး အလွန်ပင်ရှက်နေပုံပေါက်သည်။ ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးသည် သူမ၏ကလေးကိုမွေးဖွားပေးနေသည်။
“ယူယူ” ဝူလင်းယူသည် သူမကိုထိုပုံစံအတိုင်းလိုက်လိုက်ရာ ရင်များနာ ကျင်မိသည်။ သူလျှောက်သွားပြီး သူမကိုတုန်ယင်နေသောလက်ဖြင့် ဆုပ်ကိုင် ပေးလိုက်သည်။
သူမသည် သူ၏ကလေးကို လွယ်ထားသည်ကိုပင် မသိသလို သူမနှင့် ကြာရှည်စွာအတူရှိမပေးနိုင်ခဲ့ပေ။ ယခု သူမ နာကျင်နေချိန်တွင်လည်း သူ နောက်ဆုံးမှရောက်လာခဲ့သည်။
“အဆင်ပြေတယ် ကျွန်မတို့ကလေး ထွက်လာတော့မယ်” ရှီမာယူယူ သည် သူ့ကိုပြုံးပြသည်။ သို့သော် ပြင်းထန်သောနာကျင်မှုကြောင့် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
သူတို့၏အဖေရောက်နေသည်ကို သိလျှင် ကလေးနှစ်ယောက်သည် အမြန်ထွက်လျှင်ထွက်လာနိုင်သည်။ ရှီမာယူယူမွေးလိုက်သည့် ကလေး နှစ်ယောက်မှာ နဂါးဇာမဏီအမြွှာဖြစ်နေသည်မှာတော့ အံ့ဩဖွယ်ကောင်း၏။
“ဂုဏ်ပြုပါတယ် သခင်မလေး” မွေးဖွားပေးနေသော မိန်းကလေးသည် ပြုံးပြီး သူမကိုဂုဏ်ပြုလေသည်။ ထို့နောက် လူနှစ်ယောက်ဝင်လာကာ အခင်း များကိုလဲပြီး သူမခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးသည်။ သို့သော် သူတို့ကို ဝူလင်းယူတားလိုက်ပြီး ကိုယ်တိုင်လုပ်ပေးလေသည်။
“ဝါး သူတို့တွေ လှလိုက်ကြတာ” ရှီမာယူယူသည် သန့်ရှင်းရေးလုပ်ပြီး နောက် ဝူလင်းယူ၏ ရင်ခွင်ထဲတွင်မှီကာ ကလေးနှစ်ယောက်ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလေသည်။
မွေးကင်းစကလေးငယ်များသည် မျောက်ကလေးများနှင့်တူကာ အရေး အကြောင်းများရှိပြီး မည်းနက်ကာ ရုပ်ဆိုးတတ်သည်ဟု ပြောကြသည်။ သို့သော် ထိုကလေးနှစ်ယောက်သည် ချောမွေ့ပြေပစ်ပြီး မွေးကင်းစကလေး များနှင့်ပင် မတူပေ။
ဝူလင်းယူသည် ကလေးနှစ်ယောက်ကိုကြည့်နေကာ သူတို့ကိုပင် အာရုံ မရှိပေ။ အခန်းထဲမှလူများသည် အပြင်ထွက်ပြီး ဟေးဒီးစ်ကိုခေါ်လာသည်။
“အခုဘယ်လိုနေလဲ” သူသည် လက်ထဲမှ ကလေးနှစ်ယောက်ထက် သူမကို ပိုဂရုစိုက်သည်။
“အဆင်ပြေပါတယ်” ရှီမာယူယူသည် သူ့ရင်ခွင်ထဲတွင်တိုးဝင်နေသည် “မွေးတုန်းက အသက်ရှူနည်းနည်းကြပ်သွားတာ.. ဒါပေမဲ့ အခုဆေးသောက်ပြီး အနားယူလိုက်တော့ အားတွေလည်းပြည့်သွားပါတယ်”
“တကယ်လား” သူမ နှစ်သိမ့်ရန်ပြောလိုက်သည့် စကားများဖြစ်မည်ကို ကြောက်သဖြင့် ဝူလင်းယူ စိုးရိမ်မိသည်။
“ကျွန်မတို့က ကျင့်ကြံသူတွေပဲလေ.. ဒီကိစ္စက ဘေးဒုက္ခရင်ဆိုင်ရတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး.. ကျွန်မကဘာလို့လိမ်ရမှာလဲ” ရှီမာယူယူသည် သည် တစ်ကြိမ်တွင် ကျင့်ကြံခြင်းနှင့် မကျင့်ကြံသည့်ကြားမှ ကွာခြားချက်ကို ခံစားမိ သည်။
သူမ၏ အရင်ဘဝတွင် ကလေးမွေးသည့်လူများကို မြင်ဖူးခဲ့သည်။ သို့သော် မွေးဖွားပြီးချိန်တွင် ကိုယ်ဝန်ဆောင်မိန်းကလေးများသည် အားနည်း ကြသည်။ ယခုသူမကဲ့သို့ ကျန်းမာပြီး အားပြည့်နေမည်မဟုတ်ပေ။ ကလေး မွေးဖွားခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်သိမ်းပြီး အသစ်ပြန်တည် ဆောက်သည်နှင့်တူသည်ဟု ပြောကြသည်။ သို့သော် ငှက်ပေါက်စကြောင့် တိုးတက်လာခဲ့ပြီး မိုးကြိုးဘေးဒုက္ခကို မရေမတွက်နိုင်လောက်အောင် ခံလာခဲ့ ရသော သူမ၏ခန္ဓာကိုယ်အတွက်တော့ ဘာမှမဟုတ်ခဲ့ပေ။
သူသည် ခေါင်းငုံပြီး သူမ၏နဖူးပြင်အား အနမ်းပေးကာ ခံစားချက်ပါပါ ပြောလေသည် “ကျေးဇူးပဲ ယူယူ”
“ကလေးတွေအတွက် နာမည်စဉ်းစားပြီးပြီလား” ရှီမာယူယူ မေးရင်းနှင့် မျက်လုံးများကို ပင့်တင်ပြီး သူ့ကိုစိုက်ကြည့်လေသည်။
ဝူလင်းယူသည် ခေါင်းခါလိုက်သည် “ဒီကိုလာတဲ့လမ်းမှာ မင်းတစ် ယောက်တည်း မွေးဖွားရခက်မှာစိုးလို့ မင်းကိုပဲတွေးနေခဲ့တာ.. အဲဒါကြောင့် ကလေးတွေကိုနာမည်ပေးဖို့ကိုတောင် မစဉ်းစားနိုင်ခဲ့ဘူး”
“အင်း ဒါကအလောမကြီးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်လုံးကို အချိန်မရွေးနာမည်ပေးလို့ရနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “အရင်က နည်းနည်းတော့ စဉ်းစားဖူးတယ်.. အဲတော့ နောက်မှအတူကြည့်ကြတာပေါ့”
“ဟုတ်ပြီလေ.. မင်းကိုအိပ်ရာထဲခေါ်သွားပေးမယ် ခဏနားလိုက်ပါ” သူမ သည် ကျန်းမာရေး ကောင်းနေသော်လည်း ကလေးမွေးဖွားရသည်မှာ အားစိုက် ရသဖြင့် အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။
“ကျွန်မကိုအဖော်ပြုပေး”
“ဟုတ်ပြီ”
ဝူလင်းယူသည် သူမကိုချီသွားကာ အိပ်ရာဆီသို့သွားလိုက်သည်။ သူမ လျင်မြန်စွာအိပ်ပျော်သွားသည်ကို မြင်သောအခါ ပူပန်စွာဖြင့် သူမ၏ နဖူးကို အနမ်းပေးလိုက်သည်။
အပြင်ဘက်တွင် ကလေးနှစ်ယောက်ကို တစ်ယောက်စီချီထားသော အရိပ်မည်းနှင့် ဟွမ်တို့ကိုမြင်သောအခါ ဟေးဒီးစ်သည် မျက်မှောင်ကြုတ်လိုက် သည်။
“အရှင် သခင်မလေးမွေးလိုက်တဲ့ အရုပ်ကလေးနှစ်ရုပ်ကိုကြည့်ပါဦး” အရိပ်မည်းသည် မိန်းကလေးကို ချီထားသည်။ သူမ၏ ဖြူဆွတ်ပြီး နူးညံ့သည့် ပုံစံသည် အမှန်တကယ်ပင် နမ်းရှုတ်ချင်စိတ်ပေါ်စေသည်။
ဟွမ်သည်လည်း ယောက်ျားလေးကိုချီပြီး ပျော်ရွှင်နေသည်။ ဟေးဒီးစ်၏ ကြုတ်နေသောမျက်ခုံးများကိုကြည့်ပြီးမေးလိုက်သည် “အရှင် ဒီသခင်လေးနှစ် ယောက်က ဘာဖြစ်လို့လဲ”
ဟေးဒီးစ် ဘာမှမပြောပေ။ သူသည် လက်ချောင်းကိုဆန့်ထုတ်ပြီး ကလေးမလေး၏ ခန္ဓာကိုယ်ကို ပုတ်ရန်ဟန်ပြင်လိုက်သော်လည်း သူမသည် လှမ်းဆုပ်ကိုင်လိုက်သည်။ ထိုအခိုက်တွင် သူ့စိတ်ထဲမှ ခန့်မှန်းချက်ကို အတည် ပြုနိုင်လိုက်သဖြင့် မျက်ခုံးများပိုကျုံ့သွားသည်။
ထိုအချိန်တွင် အရိပ်မည်းပင် ရိပ်မိသဖြင့် စိတ်ပူပန်စွာမေးလိုက်သည် “အရှင် ကလေးမလေးက တစ်ခုခုမှားနေလို့လား”
“ကံကြမ္မာဆိုး” ဟေးဒီးစ်ပြောလေသည်။
“ကံကြမ္မာဆိုးဟုတ်လား” အရိပ်မည်းနျင့် ဟွမ်တို့သည် ဟေးဒီးစ်ကို တုန်လှုပ်ခြောက်ခြားစွာကြည့်ပြီး သူရှင်းပြလာမည်ကို စောင့်နေသည်။
“ကံဆိုးလိုက်တာ” ဟေးဒီးစ်သည် ဘာမှပြန်မဖြေဘဲ သူ့ဘာသာ သက်ပြင်းချလေသည်။
“အရှင် ကျွန်တော်တို့ကို မခြောက်ပါနဲ့ အဲဒါဘာအဓိပ္ပာယ်လဲ” အရိပ်မည်း သည် စိုးရိမ်လျက်ရှိသည်။ သူ့ကို ထိုပုံစံအတိုင်းမြင်ရသည်မှာ ပို၍ပင်စိတ်ပူမိ သည်။
“ဒီကလေးမှာ ကံကြမ္မာဆိုးရှိနေတယ် သူမကို ဒီလိုမျိုးကံကြမ္မာဖြစ် အောင် သူမရဲ့အမေက ဘယ်လောက်တောင် မကောင်းတာတွေလုပ်ခဲ့လဲ မသိ ဘူး”
“ကံကြမ္မာဆိုးလား” ဤကဲ့သို့ကံကြမ္မာနှင့် မွေးဖွားလာသည့်လူတစ်ဦးကို သူတို့တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“အရှင် ကလေးမလေးရဲ့ အသက်က ဘယ်လောက်တောင် ကံဆိုးလဲ” ဟွမ် မေးလိုက်သည်။
“ရိုးရှင်းပါတယ်.. ရတနာရှာမယ်ဆိုရင်တောင် သူများတွေ ရှေးဟောင်း လက်နက်ရတဲ့အချိန် သူမက သံရိုင်းကိုပဲရလိမ့်မယ်.. သူများတွေအံ့ဖွယ်ဆေးရ မယ်ဆိုရင် သူမကလမ်းဘေးက အစေ့ကိုပဲရလိမ့်မယ်.. သူမက လမ်းလျှောက် ရင်း ခလုတ်တိုက်လိမ့်မယ်.. ရပ်နေရင်တောင် မိုးပေါ်က တစ်ခုခုပြုတ်ကျလိမ့် မယ်”
အရိပ်မည်းနှင့် ဟွမ်တို့၏ နှုတ်ခမ်းထောင့်မှာတွန့်သွားသည်။ သူမရဲ့ ကံ ကအဲလောက်တောင် ဆိုးတာလား။ ဒါဆို ချောချောမွေ့မွေ့နဲ့ အရွယ်ရောက်နိုင် ပါ့မလား။
“အရှင် ဖြေရှင်းဖို့ နည်းလမ်းရှိလား”
“မရှိဘူး ကောင်းကင်က သူ့စီမံချက်နဲ့သူရှိတယ်.. သူမနဲ့ ကံပါတဲ့လူနဲ့တွေ့ မှပဲ သူမရဲ့ကံကြမ္မာကို ဖြေရှင်းနိုင်လိမ့်မယ်”
ဟေးဒီးစ်မပြောခဲ့သည်မှာ ကောင်းကင်စက်ဝန်းလည်သည်နှင့် အစွန်း ရောက်သောအရာများသည် နောက်ပြန်သွားလိမ့်မည်။ သူ မမြင်နိုင်သည့် အရာ များစွာရှိနေသေးသည်။ သူမ၏အနာဂတ်မှာ မည်သို့ဖြစ်မည်ကိုလည်း မပြော နိုင်ပေ…
***