← Chapters

ချော့မော့ခြင်း

Vol. 158 Ch. 2210

ချော့မော့ခြင်း

Vol. 158 Ch. 2210

“ရွှမ်ချုံးမျိုးနွယ်မှာ ဘာတွေဖြစ်နေပြီလဲ” ရှီမာယူယူသည် ရှောင်းသောင့် နှင့် ရှောင်းယောင်ယောင်တို့ကို မြေပေါ်ချလိုက်သည်။ သူတို့၏ မိခင်ကို ရှီမာ ကျိဟောက်လာလုမည်ကို ကြောက်၍လားမသိပေ.. သူတို့သည် သူမကို တင်းကြပ်စွာဖက်ထားကြပြီး အပြင်သွားမကစားကြပေ။

“ဒီကိစ္စကို စိတ်ပူဖို့မလိုပါဘူး.. အနက်ဝတ်မဟာမိတ်ဆန့်ကျင်ရေး တည်ထောင်ပြီးတာဖြစ်မယ်.. အနက်ဝတ်လူတွေကို ခွဲထုတ်လိုက်ရင် သူတို့ကို ရှင်းဖို့က မခက်တော့ပါဘူး”

အခက်ဆုံးတစ်ခုမှ တစ်ဖက်မှ အလင်းတွင်ရှိနေပြီး ရန်သူမှာ အမှောင်ထဲ တွင်ရှိနေခြင်းကြောင့်ဖြစ်သည်။ တစ်ဖက်လူမှာ သတိလွတ်သွားသည်နှင့် မည်သည်ဘက်ကို ဦးတည်မည်၊ မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိ နိုင်ပေ။  ယခုအချိန် သူမသိသည်မှာ ရွှမ်ချုံးမျိုးနွယ်ဖြစ်သည်။ သူတို့တွေ မရှိ တော့သော်လည်း သူတို့၏စုံစမ်းရေးတွင် စမှတ်အဖြစ် အသုံးပြုရန်ပိုလွယ်ကူ သည်။

ကမ္ဘာပေါ်တွင် အင်အားစုများစွာရှိသည်။ လူတိုင်းစည်းလုံးရန်မှာ ခက်ခဲ လှသည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ ပြီးခဲ့သည့် ၂ နှစ်တွင် အနက်ဝတ်လူ များ ထွက်လာပြီး ပြဿနာရှာသည့်အချိန်များရှိခဲ့သည်။ တစ်ခါတရံတွင် သူတို့ သည် အနက်ဝတ်လူများ၏ ပုန်းခိုရာကိုရှာပြီး လက်ဦးမှုယူကာ တိုက်ခိုက်၏။

“သမီးမှာ အခုကလေးနှစ်ယောက်ရှိနေပြီ ဝူလင်းယူလည်း ဒီမှာမရှိဘူး.. အချိန်ပေးပြီး သူတို့ကို ဂရုစိုက်ရမယ်.. သမီးအတွက် မိန်းကလေးနှစ်ယောက် ရွေးပေးထားတယ်.. အန်းလေတစ်ယောက်တည်းနဲ့ ဘယ်လိုလောက်တော့မလဲ” ရှီမာကျိယွင် ပြောလေသည်။

“မလိုတော့ပါဘူး.. ကလေးတွေက အိမ်မှာနေမှာမဟုတ်ဘူး” ရှီမာယူယူ သည် ခေါင်းခါလေသည်။

“ဘာ”

“ဘာလို့လဲ”

ရှီမာယူယူသည် ကလေးနှစ်ယောက်၏ ခေါင်းကိုကိုင်ပြီး တွန့်ဆုတ်စွာ ပြောလေသည် “သူတို့တွေက မရဏာလောကမှာပဲ နေလိမ့်မယ်.. နောက် နှစ် ရက်နေရင် သူတို့ကိုလာခေါ်မှာ”

“ဘာလို့လဲ.. သမီး ကလေးနှစ်ယောက်ကို ဂရုစိုက်ဖို့ အချိန်မရှိရင်လည်း မိသားစုထဲမှာပဲထားလေ.. အဘွားတို့က သေချာလေးပျိုးထောင်မှာပါ.. သူတို့ ကို ဘာလို့မရဏာလောကကိုပို့မှာလဲ” ဟွမ်ရင်ရင်သည် မပျော်မရွှင်ဖြင့် ပြော လေသည်။

ရှီမာယူယူသည် ဝူရှောင်းသောင့်၏ အလွန်ဆိုးဝါးသည့်ဘဝနှင့် ရှောင်း ယောင်ယောင်မှာ ကျောက်စိမ်းတံဆိပ်ပြားယူခဲ့ကြောင်း ပြောပြပြီး ဟေးဒီးစ်၏ အစီအစဉ်ကိုလည်းပြောပြလိုက်သည်။ သူမ၏ စကားများကိုနားထောင်ပြီး နောက် အားလုံးသည် ပါးစပ်အဟောင်းသားဖြစ်သွားကြသော်လည်း ဘာစကား မှထွက်မလာတော့ပေ။

ရှောင်းသောင့်သည် ချစ်စရာကောင်းသော ကလေးဖြစ်ပါလျက်နှင့် ကံ ကြမ္မာဆိုးနှင့် မွေးလာရသည်။

သူမ၏ စကားများ အတည်ပြုပြီးသည်နှင့် ရှောင်းသောင့်သည် မိခင်ဖြစ် သူ၏ခြေထောက်ကိုလွှတ်ကာ အနောက်တွင်ပုန်းတမ်းကစားလေသည်။ ထို နေရာတွင် ထောင်ထားသည့် ပန်းအိုးသည် ရုတ်တရက်စောင်းသွားကာ ကျကွဲ သွားလေသည်။

“ခွမ်း”

ပန်းအိုးသည် စူးရှသောအသံနှင့်အတူ မြေပေါ်သို့ကျကွဲသွားလေသည်။ အားလုံးကြည့်လိုက်ကြရာ ရှောင်းသောင့်သည် မြေပေါ်မှအပိုင်းအစများကို မျက်မှောင်ကြုတ်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဘေးမှပန်းအိုးသည် ရုတ်တရက် ဘာကြောင့်ကွဲသွားသည်ကို သူမမသိပေ။

ရှီမာယူယူလျှောက်သွားပြီး လေဟာပြင်ပိတ်ထားခြင်းကို ဖွင့်ပြီး ရှောင်းသောင့်ကို ကောက်ချီလိုက်သည်။

“ဒီလိုတွေက ခဏခဏဖြစ်တတ်တယ်.. သူမ လေးဘက်သွားတတ် ကတည်းက အရမ်းသတိထားရတယ်” ရှီမာယူယူသည် ဝူရှောင်းသောင့်ကို ချီ ရင်းပြန်ထိုင်လိုက်သည် “သူမ ၁ နှစ်ပြည့်တုန်းက ဟေးဒီးစ်က သူမအတွက် ဒီ ကျောက်စိမ်းဆွဲပြားကို ပေးခဲ့တယ်.. အဲဒါမှပိုကောင်းသွားတာ”

အားလုံးသည် ပန်းအိုးတင်သည့်စင်ကို ကြည့်လိုက်ကြသည်။ အပေါ်တွင် ရှိနေသည့် ပန်းအိုးကြောင့်သာမဟုတ်လျှင် အစောက ဘာဖြစ်သွားသည်ကို သူတို့သိလိုက်မည်ပင်မဟုတ်ပေ။

“ဖြေရှင်းဖို့နည်းလမ်းရှိလား” ယွိခဲ့လော့ မေးလိုက်သည်။

“သူနဲ့ ကံပါတဲ့လူနဲ့တွေ့ရင်တော့ ဖြေရှင်းလို့ရမယ်လို့ ပြောတယ်” ရှီမာယူ ယူပြောလိုက်သည် “သမီးနဲ့ရှိရင် သမီးရဲ့ကံကြမ္မာက နည်းနည်းတော့ ဖိနှိပ်နိုင် မယ်.. လောကတစ်ပါးရဲ့ ဘုရင်အနေနဲ့ ဟေးဒီးစ်ရဲ့ကံကြမ္မာကလည်း ကောင်း တယ်.. သူနဲ့အတူနေတာလည်း ကောင်းပါတယ်”

တခြားသူများနှင့်သာရှိလျှင် တခြားသူများပင် လိုက်ကံဆိုးနိုင်သည်။

သူတို့ မျက်မှောင်ကြုတ်သွားသည်ကို ကြည့်ပြီး ရှီမာယူယူ ပြုံးကာ ပြော လိုက်သည် “အရမ်းကြီးစိတ်ပူဖို့မလိုပါဘူး.. အဆိုးနဲ့အကောင်းဆိုတာရှိတတ် တာပဲ.. ရှောင်းသောင့် ဒီလိုဖြစ်နေတာက သူမအတွက် ကံကောင်းမှုကြီးတစ်ခု ကစောင့်နေလို့ပဲဖြစ်မယ်”

“အဲလိုပဲ မျှော်လင့်ပါတယ်”

ထိုအကြောင်းကိုသိပြီးနောက် မရဏာဘုရင်မှ ကလေးများကို ခေါ်သွား မည့်ကိစ္စကို သူတို့မကန့်ကွက်တော့ပေ။ ကလေးများ၏အသက်နှင့် အနာဂတ် သည် ကလေးနှစ်ယောက်အပေါ်ထားရှိသည့် သူတို့၏အချစ်ထက်ပင် အရေး ကြီးသည်။

ထိုကလေးနှစ်ယောက်မှာ အိမ်တွင် အချိန်တစ်ခဏမျှသာနေမည်ဟု သိ သွားခြင်းကြောင့် ပြီးခဲ့သည့်နှစ်ရက်တွင် အဘိုးကြီးအဘွားကြီးများသည် ကလေးနှစ်ယောက်အနားတွင် ဝဲလည်လည်လုပ်နေကြသည်။ ရှောင်းယောင် ယောင်သည် အားလုံးဝိုင်းချီလျှင် ငြိမ်နေတတ်ပြီး ဝူရှောင်းသောင့်သည် ဆိုး သည်။ သူမသည် ခဏလောက်ချီလိုက်သည်နှင့် အော်ဟစ်သောင်းကြမ်းပြီး မြေကြီးနှင့် ခြေထောက်ထိလိုက်သည်နှင့် တစ်ခဏအတွင်းတွင် အကြောင်း အမျိုးမျိုးကြောင့် လဲကျသွားတတ်သည်။ သူမဘာသာမလဲလျှင် တခြားသူကို တိုက်ပြီးလဲသည်။ ထိုအခါမှပင် သူမ၏ ကံကြမ္မာဆိုသည့်အရာကို အားလုံး နားလည်သွားကြသည်။

သို့သော် ပိုအံ့ဩရသည်မှာ ဝူရှောင်းသောင့်သည် ရှီမာယူယူ၊ သို့မဟုတ် ရှောင်းယောင်ယောင်တို့ တစ်ယောက်ယောက်နှင့်ရှိလျှင် ဘေးကင်းသည်။ ရှောင်းယောင်ယောင်သာ သူမလက်ကိုတွဲပေးလျှင် သူမသည် ဘေးကင်းသည်။ ဆိုလိုသည်မှာ ရှောင်းယောင်ယောင်သည် အလွန်ပင်ကံကြမ္မာကောင်းမွန်၏။

နှစ်ရက်ကြာပြီးနောက် ဟေးဒီးစ်သည် အချိန်ကိုက်ရောက်လာသည်။ အရိပ်မည်းနှင့် ဟွမ်တို့ကိုထားခဲ့ပြီးနောက် ကလေးနှစ်ယောက်ကို ခေါ်သွား၏။

ကလေးနှစ်ယောက်ထွက်မသွားခင်တွင် ငိုယိုပြီး သူမ၏လည်တိုင်ကိုပင် ဖက်ထားပြီး လွှတ်မပေးပေ။ တစ်ချိန်လုံး တိတ်ဆိတ်နေတတ်သည့် ရှောင်း ယောင်ယောင်ပင်လျှင် မနေနိုင်တော့ပေ။ ရှီမာယူယူ၏ မျက်လုံးများမှာ နီရဲလာ သည်။

“အမေပြောခဲ့တာမှတ်မိလား.. ဒီနေ့ ဦးလေးဟေးဒီးစ်နဲ့အတူထွက်သွားရ မယ်.. အမေ့ကိစ္စတွေရှင်းပြီးသွားရှင် သားနဲ့သမီးကိုလာရှာမယ်.. လိမ္မာရမယ် နော် ဟုတ်ပြီလား” ရှီမာယူယူသည် သူတို့ကိုအနမ်းပေးပြီး နှစ်သိမ့်ပေးသည်။

“မရဘူး မရဘူး အမေနဲ့ပဲနေမယ်” ဝူရှောင်းသောင့်၏ မျက်ရည်များသည် မြစ်စီးဆင်းသကဲ့သို့ကျလာသည်။ သူမသည် တင်းကြပ်စွာဖက်ထားပြီး လွှတ် မပေးပေ။

“အမေနဲ့ပဲနေမယ်” ရှောင်းယောင်ယောင် သဘောတူလေသည်။

“ရှောင်းယောင်ယောင် သားကယောက်ျားလေ… အစ်မကိုဂရုစိုက်ရမယ် ဟုတ်ပြီလား”

“အမေနဲ့ပဲနေမယ်” သည်တစ်ကြိမ်တွင် ရှောင်းယောင်ယောင်သည် စကားနားမထောင်ဘဲ သူမ၏စကားများကို ပြန်မဖြေပေ။

နောက်ဆုံးတွင် သူတို့၏မိခင်ကို မကြာမကြာတွေ့အောင်ခေါ်လာပေး မည်ဟု ဟေးဒီးစ် ကတိပေးမှပင် စိတ်မပါလက်မပါဖြင့် ထွက်သွားကြလေ၏။

ကလေးနှစ်ယောက် ထွက်သွားသည်နှင့် ရှီမာယူယူသည် အိပ်မက်ဆိုးများ စတင်မက်လာသည်။ အရင်ကမက်ဖူးသည့် အိပ်မက်ဆိုးနှင့်အတူတူပင်။

မှောင်မိုက်သည့်နေရာတစ်ခုတွင် သူမသည် ကူကယ်ရာမဲ့စွာပြေးနေကာ သူမ၏နှလုံးအတွင်းထဲမှ နက်ရှိုင်းသည့်စိတ်ပျက်အားငယ်မှုကို ခံစားရသည်။ နောက်ဆုံးသူမနိုးလာသည့်အချိန်မှာ သူမ၏နှလုံးကိုထိုးဖောက်လိုက်သည့် အချိန်ဖြစ်သည်။

သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းပြီး မျက်လုံးများမှာလည်း ပြူး ကျယ်နေကာ သေခြင်းတရားကို ထိတ်လန့်နေမိသည်။ သူမ၏ နှလုံးကို ထိုးဖောက်ထားသည့် အက်ကွဲနေသည့်စကားများသည် နိုးလာသည်အထိ စိတ် ထဲတွင် ပဲ့တင်ထပ်နေသည် “နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ”

ဟုတ်သည်.. နောက်ဆုံးတွင် သူမ ပြန်လာချေပြီ။ ၂ နှစ်ကြာဝေးကွာပြီး နောက် သူမ ပြန်လာပြီ။

သူမသည် သက်ပြင်းရှည်ကြီးကို ရှိုက်ထုတ်လိုက်သည်။ သူတို့သည် ၂ နှစ် ကြာမှ မျက်နှာချင်းဆိုင်ရမည့်အချိန်ရောက်လာပြီဖြစ်သည်။

တစ်ဖက်တွင် ရွှမ်ချုံးဟော်သည် ဝတ်ရုံအနက်ကိုချွတ်ပြီး သူ၏ အမတ မျက်နှာကို ဖော်လိုက်သည်။

သူ၏နှုတ်ခမ်းထောင့်တွင် နိမိတ်မကောင်းသည့်အပြုံးရှိနေကာ ပါးစပ်မှ လာသောရယ်သံသည် လူများကိုထိတ်လန့်စေသည် “ယူယူ နောက်ဆုံးတော့ ပြန်လာပြီပဲ.. ငါ မင်းကိုအရမ်းလွမ်းနေတာ မင်းသိရဲ့လား”

အနက်ဝတ်လူနှစ်ယောက် ပျံလာပြီး သူ့အနောက်တွင် ဒူးထောက်ပြီး ပြောလိုက်သည် “သခင် ကျွန်တော်တို့အသင့်ဖြစ်ပါပြီ ဆက်လုပ်ချင်လား”

“ဒီနေ့တော့ တော်လောက်ပြီ မနက်ဖြန်ညမှဆက်လုပ်မယ် လူတွေကို သန့်ရှင်းရေးလုပ်ဖို့ပြောလိုက်”

“ဟုတ်ကဲ့ပါ သခင်”

“ထွက်သွားကြတော့”

သူတို့နှစ်ယောက် ထွက်သွားချိန်တွင် ရွှမ်ချုံးဟော်သည် လက်ဆန့်ထုတ် လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် ခုန်နေသေးသော နှလုံးတစ်ခုရှိနေလေသည်။

“မိန်းကလေးပေါင်း ၇၀၀ ရဲ့နှလုံးတွေနဲ့ ရက်ပေါင်း ၃၅၀ ကျန်သေးတယ်.. ယူယူ ရက်ပေါင်း ၃၅၀ ပြည့်ပြီးရင် ငါလိုချင်တဲ့စံနှုန်းကို မင်းရောက်နိုင်ပါ့မလား”

ရှီမာမျိုးနွယ်တွင်.. နောက်တစ်ရက်၌ ရှီမာယူယူသည် ယွိခဲ့လော့၏ ခြံဝန်းသို့သွားလိုက်သည်။ ရှီမာကျိဟောက်သည် ထမင်းစားနေသည်။ သူ သူမ ကိုမြင်သောအခါ လက်ဆန့်ထုတ်ပြီး အော်လေသည် “မမကြီး ဖက်ပေး”

ရှီမာယူယူသည် လျှောက်သွားပြီး သူ့ကိုကောက်ချီကာ ကုလားထိုင်ပေါ် တွင်ထိုင်လိုက်သည်။ ပြီးနောက် ကျိဟောက်ကို ပေါင်ပေါ်ထိုင်ခိုင်းပြီး ယွိခဲ့လော့လက်ထဲမှ ဇွန်းကိုယူကာ သူ့ကိုခွံ့ကျွေးလေသည်။ ကျွေးပြီးနောက် သူမ ပြောလေသည် “အဖေ အမေ သမီးထွက်သွားတော့မယ်”

“ထပ်သွားတော့မလို့လား ဒီလောက်မြန်တာလား ဘယ်သွားမှာလဲ”

***

All Chapters