အိပ်မက်လောက
Vol. 158 Ch. 2211
“ယူယူ ဘာလို့ဒီလောက်မြန်မြန်ကြီး ထွက်သွားတာလဲ” ရှီမာလျူရွှမ် သည် အပြင်မှဝင်လာရာ ယွိခဲ့လော့၏ စကားကိုကြားပြီး ရှီမာယူယူကို မေး လေသည်။
“ဒီနေ့ နောက်ထပ်အိပ်မက်ဆိုးမက်တယ်” ရှီမာယူယူသည် ကျိဟောက် ကို ထပ်ခွံ့လိုက်ပြီး ဆက်ပြောလေသည် “အိပ်မက်ထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး သူ့အားက အများကြီးတိုးတက်လာခဲ့တယ်.. သမီး အဲလိုအိပ်မက်တွေမက်တတ် တာကို သူသိတဲ့ပုံပဲ”
“သမီး ရွှမ်ချုံးဟော်ကို သွားရှာမလို့လား” ယွိခဲ့လော့ မေးလိုက်၏။
“အရင်ဆုံးတော့ ဧကရာဇ်ချင်းဒေါင့်ချန်ထားခဲ့တဲ့ စွမ်းအားကိုသွားရှာရ မယ်” ရှီမာယူယူ ပြောလိုက်သည် “ထပ်ပြီးအမွေပစ္စည်းတွေယူပြီးမှ သူ့ကိုရှင်းဖို့ နည်းလမ်းရှာနိုင်မလားကြည့်ရမှာ.. အဲဒါမှ သူဘယ်မှာရှိမလဲလို့ သိရမှာ”
ပြီးခဲ့သည့်နှစ်ရက်တွင် သူမသည် ရှင်းလင်းစွာနားလည်သွားသည်။ သူတို့ သည် ရွှမ်ချုံးမိသားစုဝင်တချို့ကို ရှာတွေ့ခဲ့သော်လည်း ပြီးခဲ့သည့် ၂ နှစ်အတွင်း တွင် မည်သူမှ ရွှမ်ချုံးဟော်ကို မမြင်ခဲ့ကြပေ။ အသင်းမဟာမိတ်၊ ရွှမ်းယွမ်ဆိုင် သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကိုစုံစမ်းခဲ့သော်လည်း သူ၏ ခြေရာလက် ရာကိုရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ့ကိုရှာရန်အတွက် သူမနှင့်သူ့အကြားမှ ဆက်သွယ်ချက်ကနေ စလျှင်စရလိမ့်မည်။
“ကြည့်ရတာ သမီးက စိတ်ပိုင်းဖြတ်ပြီးပြီနဲ့တူတယ်” ယွိခဲ့လော့သည် သားဖြစ်သူ သူမကို လက်ယမ်းပြနေသည်ကိုမြင်သည်နှင့် သူ့ကိုချီလိုက်သည်။
“ဟုတ်တယ် သူ့ကို မြန်မြန်ရှာမတွေ့ခင် ပြဿနာကြီးလိမ့်မယ်လို့ အလို လိုသိစိတ်ကနေ ပြောနေတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် စောစောသွားလိုက်တာ ကောင်းမယ်လို့ထင်တယ်”
“သမီးက ဆုံးဖြတ်ပြီးမှတော့ အဖေတို့ကမတားပါဘူး.. လူတွေကိုပါ ခေါ် သွားလိုက်ပါ” ရှီမာလျူရွှမ်သည် သူမကိုအကြံပေးလေသည်။
“ခေါ်သွားမှာပါ” ရှီမာယူယူသည် သူမကိုချစ်သည့် ဆွေမျိုးများရှိသည့် အပြင် ကလေးများပါရှိလာသည့်အတွက် သူမ၏အသက်ကို အရင်ကထက် တန်ဖိုးထားတတ်လာသည်။ ထို့ကြောင့် သူမ ဒုက္ခမဖြစ်ချင်ပေ။ မဟုတ်လျှင် ရှောင်းသောင့်နှင့် ရှောင်းယောင်ယောင်တို့တွင် မိခင်ရှိတော့မည်မဟုတ်ပေ။
ရှီမာမိသားစုသည် သူမ အလျင်စလို သွားသွားလာလာလုပ်သည်ကို အသားကျနေသော်လည်း ရုတ်တရက် ထွက်သွားမည်ကို တွန့်ဆုတ်နေမိသေး သည်။
သူမ ထွက်သွားပြီးနောက် ဟွမ်ရင်ရင်၏ မျက်လုံးများမှာ နီရဲလာသည် “ဒီကလေးကတော့လေ ဘယ်တော့များမှ အရှိန်လျော့တော့မှာလဲ”
“တစ်ချိန်မှာတော့ အလုပ်တွေပါးသွားမှာပါ” ရှီမာလျူရွှမ်သည် သူမ၏ ပခုံးကိုဖက်လိုက်သည် “သူမက ဒီကိစ္စမှာ ထဲထဲဝင်ဝင်ပါနေတာဆိုတော့ သူမပဲ ရင်ဆိုင်နိုင်လိမ့်မယ်.. ဒီကိစ္စဖြေရှင်းပြီးရင်တော့ အားလပ်ချိန်ရလာမှာပါ”
“အဲဒါက ဘယ်လိုလုပ် အဲလောက်လွယ်မလဲ.. သူမ နတ်ဆိုးလောကကို သွားမယ်လို့လည်း ပြောနေတာကြားလိုက်သေးတယ်” ဟွမ်ရင်ရင်သည် သူမ အတွက် စိတ်မကောင်းပေ။
“ဒီကလေးကတော့လေ…”
အလွန်ပင် ပူပင်သောကရောက်ရသည်။
ရှီမာယူယူ ရှီမာမိသားစုမှ ထွက်လာပြီးနောက် ဧကရာဇ်ချင်းဒေါင်ချန် ထားခဲ့သည့်အရာကို သွားမရှာပေ။ ထိုအစား ထိပ်တန်းတောင်ကြား၏ အတွင်း ဒေသမှ တခြားအင်အားစုမျာကို သွားတွေ့သည်။ သူတို့ သူမကိုမြင်သောအခါ ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် စိတ်များပင်မလှုပ်ရှားနိုင်တော့ပေ။
“ပြန်လာတာတောင် လာနှုတ်ဆက်ဖော်မရဘူး” ကုန်ရှန်ယိသည် သူမ လုပ်လက်စကိုရပ်ပြီး သူမဆီသို့လာကာ ပွေ့ဖက်လေသည်။
“ဘာလို့ ဒီမှာတစ်ယောက်တည်းဖြစ်နေတာလဲ.. ကျွန်တော့်တူလေးနဲ့ တူမလေး ရော” ရှီမန်ဖန်သည် သူမတစ်ယောက်တည်းဖြစ်နေသည်ကို မြင်သောအခါ လှည့်ပတ်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလေသည်။
“သူတို့ကိုဟေးဒီးစ်က မရဏာလောကို ခေါ်သွားတယ်” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ကျွင်းကျွင်းလေးရော”
“ခန္ဓာကိုယ်ပုံသွင်းနေတယ် အခုက အရမ်းအရေးကြီးနေတဲ့အချိန်လေ” ကုန်ရှန်ယိ မေးလိုက်သည် “ဘာတွေဖြစ်လို့လဲ.. သူတို့တွေကို ဘာလို့မရဏာ လောကမှာ ထားတာလဲ”
ရှီမာယူယူသည် အကြောင်းအရင်းကို ရှင်းပြလေသည်။ တူလေးနှင့် တူမလေးတို့ကို မတွေ့ရသဖြင့် နှမြောမိသော်လည်း ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ သည် နားလည်ကြသည်။
“တစ်နေ့နေ့တော့ တွေ့ရမှာပါ” ရှီမာယူယူသည်လည်း သူတို့ကိုသတိရ သည်။ သို့သော် လွမ်းနေလည်း အသုံးမဝင်ပေ။ ဤအရာမှာ သူတို့ဖြတ်ကျော်ရ မည့်လမ်းဖြစ်သည်။ သူမ လက်ထဲမှကိစ္စကို ဖြေရှင်းပြီးမှပင် ကလေးများကို ဖြစ်နိုင်သလောက် မြန်မြန်သွားတွေ့ရမည်။
ထို့ကြောင့် သူမ တောင်ကြားကို ပတ်လျှောက်သွားသည်။ တောင်ကြား ထဲမှလူများနှင့်တွေ့ပြီးနောက် သူမ ထွက်သွားသည်။ သူမထွက်သွားသည်မှာ နှစ်ရက်ပင်မကြာလိုက်ပေ။ ဘေဂုံ၊ကျိရွှီနှင့် တခြားသူများသည် တာဝန်ထွက် လုပ်နေရသဖြင့် တောင်ကြားတွင်မရှိသည်မှာတော့ နှမြောဖွယ်ကောင်းသည်။
ထို့နောက်တွင် သူမသည် အသည်းကွဲတောင်ကြားသို့သွားသည်။ သူမ သည် လျန်ဝူမင်နှင့် အဘိုးနတ်ဆိုးတို့ကိုတွေ့သည်။ ထို့နောက်လောင်ဘိုင်၊ ရှီချုံးရှန့်နှင့် တခြားသူများကိုတွေ့သည်။
သူတို့သည် သူမ၏မွေးနေ့ပွဲကို မတက်ရောက်ခဲ့ကြပေ။ သူမသည် ကြာ ရှည်စွာအိပ်ပျော်နေခဲ့သည်။ သူမ နိုးလာကတည်းကပင် ကိစ္စများစွာဖြစ်ပျက်ခဲ့ သည်။ ထို့ကြောင့် သူတို့နှင့် စကားကောင်းကောင်းပြောရန် အခွင့်အရေးမရခဲ့ ပေ။
သူမ ထိပ်တန်းတောင်ကြားမှထွက်လာပြီးနောက် ခေါင်းထဲမှမြေပုံ အတိုင်းလိုက်ကာ ဧကရာဇ်ချင်းဒေါင်ချန်ထားခဲ့သည့် ရှေးဟောင်းဂူသင်္ချိုင်းကို စတင်ရှာတော့သည်။
သူမသည် မြေပုံကိုအသေးစိတ်လေ့လာရာ အလယ်ပိုင်းဒေသ၊ အတွင်း ပိုင်းနှင့် အပြင်ပိုင်းဒေသပတ်ပတ်လည်တွင် ပြန့်ကျဲနေသည့် ဒါဇင်ကျော်မျှရှိ သော နေရာများကိုတွေ့ရသည်။ ထိုအထဲမှနှစ်ခုမှာ နတ်ဘုံတွင်ရှိသည်။ ဤ အချိန်တွင် သူမ သက်ပြင်းချမိသည်။ ကံကောင်းစွာပင် သူမတွင် ပုလ္လင်ငယ်ရှိ နေသည်။ မဟုတ်လျှင် ဤခရီးသည်နှစ်ပေါင်းများစွာကြာနိုင်သည်။
ပထမဆုံးဂူသင်္ချိုင်းမှာ ထိပ်တန်းတောင်ကြားနှင့် သိပ်မဝေးလှပေ။ သို့သော် အလွန်မကြီးပေ။ ထိုနေရာတွင် ချန်ထားခဲ့သည့်စွမ်းအားသည် မများ ပေ။ သူ စုပ်ယူရန် အချိန်တစ်လသာကြာခဲ့သည်။
သူမ စုပ်ယူပြီးနောက် မသိလိုက်ခင်မှာပင် အိပ်မက်ကမ္ဘာသို့ ဝင်သွား ပြန်သည်။ သည်တစ်ချိန်တွင် သူမ ဆက်တိုက်ပြေးနေခဲ့သည်။ သို့သော် ပျာယာ ခတ်ခြင်းမရှိသလို ကြောက်လန့်ခြင်းလည်း နည်းသွားသည်။ တကယ်တော့ သူမသည် ပွဲကြည့်ပရိသတ်နှင့်ပိုတူသည်။ သို့သော် သူမ၏နှလုံးအား လက်မှ အရှင်လတ်လတ်ဆွဲထုတ်လိုက်ချိန်တွင် စူးရှသောနာကျင်မှုကိုခံစားလိုက်ရကာ မျှော်လင့်ချက်ကင်းမဲ့သွားသည်။
သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် မျက်လုံးထဲမှ အကြောက်တရားများ ကျန် ခဲ့တုန်းပင်။ သို့သော် ပြန်နလန်ထူချိန်မှာ အရင်ကထက် ပိုတိုလာသည်။
ဒုတိယမြောက်ဂူသင်္ချိုင်းမှ စွမ်းအားများ စုပ်ယူပြီးနောက် အိပ်မက်ကမ္ဘာ ထဲကို ထပ်မံကျသွားပြန်သည်။ သည်တစ်ကြိမ်တွင် ခံစားရသက်သာလာသည်။ ထိုမျက်လုံးများကို ဒဲ့တိုးကြည့်နိုင်လာသည်။
ထိုမျက်လုံးများသည် လှပနေတုန်းပင်။ မျက်တောင်များသည် ကော့နေ ပြီး ဆွဲဆောင်မှုရှိလှသည်။ သို့သော် အရင်ကမျက်လုံးကဲ့သို့ နူးညံ့ခြင်းနှင့် နွေးထွေးခြင်းတော့မရှိတော့ပေ။
သည်တစ်ကြိမ်တွင် သူမ နှလုံးကိုဆွဲထုတ်လိုက်သည့်အချိန်တွင် အကြည့် များရပ်သွားသည်။
ရွှမ်ချုံးသော်သည် လက်ထဲမှ နွေးနေသည့်နှလုံးကို ကြည့်ပြီး ဆိုးယုတ်စွာ ပြုံးလိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲသို့ထည့်ပြီး နည်းနည်းစီစားလေသည်။ သူ ရယ်မောလိုက်သည်။ သူ့ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်သွားသည်။
“ဒီတစ်ခါက မဆိုးဘူး မင်း ငါ့ကိုကြည့်နိုင်နေပြီ.. ပြီးခဲ့တဲ့လမှာ မင်း အများကြီး အရွယ်ရောက်လာတာပဲ ဟား ဟား ဟား…”
ရှီမာယူယူသည် မျက်လုံးများကို ပိတ်လိုက်သည်။ သူမ ကြည့်ခဲ့သော မျက်လုံးတစ်စုံကိုပြန်တွေးလိုက်လျှင် ရွှမ်ချုံးဟော်နှင့်သူမတို့၏ အမှတ်တရ များ စိတ်ထဲတွင်ပေါ်လာသည်။ သူမသည် လက်သီးဆုပ်လိုက်ကာ မျက်လုံးထဲ တွင်လည်း အမုန်းတရားများ ပေါက်ကွဲထွက်သွားတော့သည်။
ရွှမ်ချုံးဟော်… အရင်က နူးညံ့ပြီးကြင်နာတတ်သည့် ရွှမ်ချုံးဟော်သည် ယခုအချိန်တွင် ဤကဲ့သို့ဖြစ်သွားလေပြီ။ သူမသည် သူ့ခန္ဓာကိုယ်မှ ထိုအရာကို သေချာပေါက် ဆွဲထုတ်ရမည်။ သူ့ခန္ဓာကိုယ်ထဲတွင် နည်းနည်းမှမကျန်ခဲ့စေရ ပေ။
တတိယမြောက်ဂူသင်္ချိုင်း၊ စတုတ္ထမြောက်ဂူသင်္ချိုင်း၊ ပဉ္စမမြောက်ဂူ သင်္ချိုင်း၊ ဆဌမမြောက်ဂူသင်္ချိုင်း.. သူမသည် စွမ်းအားများကိုစုပ်ယူပြီးနောက် အိပ်မက်ထဲမှ ထိုလူများ၏ ခံစားချက်များကို မခံစားရတော့ပေ။ သူမသည် အိပ်မက်ထဲတွင် ထိုမိန်းကလေးများ ရွှမ်ချုံးဟော်အလိုက်ခံနေရသည်ကို ကြည့် ရသည့် ပွဲကြည့်ပရိသတ်သက်သက်သာဖြစ်သည်။ မိန်းကလေးများသည် အမြန် ပြေးကြပြီး သူ့လက်ထဲတွင်မိသွားကာ နှလုံးများဆွဲထုတ်ခံရသည်ကို သူမ ကြည့်နေရသည်။ သူသည် သူတို့၏နှလုံးကို နည်းနည်းစီစားကာ ရယ်သွမ်းမှု များနှင့် ရန်စမှုများကို ကြားနေရသည်။
“ရှီမာယူယူ မင်း ကြားတယ်ဆိုတာ ငါသိတယ်.. အခု ငါ့ကိုရှာပြီး သတ်ချင် နေပြီလား”
ရှီမာယူယူသည် ဒေါသထွက်လွန်းသဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ဟန်ပြင်သည်။ သို့သော် သူမသည် နည်းနည်းမှလှုပ်မရတော့သည်ကို သိ လိုက်ရသည်။ သူမသည် အသိစိတ်ဖြင့်သာ နားထောင်နေပုံပေါက်သည်။
“မင်းက ထက်တာပဲ.. ငါတို့ကြားက ဆက်သွယ်မှုကို ဒါကအားကောင်း စေတယ်ဆိုတာ မင်းသိနေပြီ.. အဲဒါကြောင့် မင်းငါ့ကိုရှာချင်ရင် ဆက်ကြိုးစား ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်လိုက်ဦး.. ဒီကဟာတွေကို ရှင်းရှင်း လင်းလင်းမြင်ရပြီဆိုရင် ငါ့ဆီလာခဲ့လိုက်.. ရှီမာယူယူ.. ငါ မင်းကိုစောင့်နေမယ် စောင့်တောင်မစောင့်နိုင်တော့ဘူး ဟားဟားဟား”
***