← Chapters

နောက်ဆုံးတော့ ရောက်လာပြီပဲ

Vol. 158 Ch. 2212

နောက်ဆုံးတော့ ရောက်လာပြီပဲ

Vol. 158 Ch. 2212

မရဏာလောကတွင် ဟေးဒီးစ်သည် ကလေးနှစ်ယောက်ကို အေးခဲနေ သည့် ကန်ထဲသို့ ပစ်ထည့်ထားသည်။ ကလေးနှစ်ယောက်သည် အော်ငိုပြီး မိခင် ကိုခေါ်နေကြသည်။

ဟေးဒီးစ်သည် ကန်ဘေးတွင်ရပ်ပြီး ပြောလိုက်သည် “အခုထွက်ဖို့က မဖြစ်နိုင်ဘူး ဒါပေမဲ့ ဒီမှာ ၁၅ မိနစ်လောက် လိမ်လိမ်မာမာနဲ့နေမယ်ဆိုရင် မင်း တို့အမေ အခုဘာလုပ်နေလဲဆိုတာ ပြပေးမယ် ဘယ်လိုလဲ”

သူနှင့် နှစ်တစ်ဝက်မျှအတူနေပြီနောက် သူသည် ပြောရင်ပြောသလို လုပ် တတ်ကြောင်းကို ဝူရှောင်းသောင့်တို့သည် သိလာကြသည်။ ယနေ့သူတို့ ပြဿ နာရှာလျှင်တောင် ပို၍ကြာရှည်စွာ ထားထားလိမ့်မည်။ သူတို့သာ ပါးစပ်ပိတ်ပြီး နေလိုက်လျှင် အနည်းဆုံးတော့ မိခင်ဖြစ်သူ ဘာလုပ်နေသည်ကို မြင်ရမည်ဖြစ် သည်။

ထိုအကြောင်းကိုတွေးမိပြီး ကလေးနှစ်ယောက်သည် ပြဿနာရှာခြင်းကို ရပ်လိုက်သည်။

“ဦးလေးပြောတာပဲ.. ဒီမှာကြာကြာနေရင် အမေ့ကိုတွေ့ခွင့်ပေးမယ်ဆို” ယခုအခါတွင် ရှောင်းယောင်ယောင်သည် စကားပြောတတ်နေပြီဖြစ်သည်။

“ယောက်ျားစကားပဲ”

“ဦးလေးက ယောက်ျားမှမဟုတ်တာ” ဝူရှောင်းသောင့်သည် နှုတ်ခမ်းဆူ ပြီး ရန်လုပ်လေသည်။

ဟေးဒီးစ်မှာ “…”

သူတို့နားမှ လူများသည် ခေါင်းငုံ့ထားကြသည်။ သခင်မလေးသည် ၂ နှစ် ပင်မပြည့်သေးသော်လည်း ရန်လုပ်နိုင်သည့်စွမ်းရည်ရှိသည်။ ကြည့်ရသည်မှာ သူမ နာမည်နှင့် တစ်နည်းတစ်ဖုံပတ်သက်နေလိမ့်မည်။

ဟေးဒီးစ်သည် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ နဖူးကိုပုတ်ပြီး ပြောလိုက် ၏ “မင်း ဒီမှာလိမ်လိမ်မာမာနေတာတောင် ငါက မင်းအမေဘာလုပ်နေလဲဆို တာကို ပြမပေးဘူးလို့ ဆိုလိုတာလား”

ဝူရှောင်းသောင့်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အထင်သေး သည့်အကြည့်အဖြစ် ပြောင်းသွားသည်။ သူမသည် ဟေးဒီးစ်အား ချိုမြိန်စွာ ပြုံးပြပြီး ရုတ်တရက် ပြောလိုက်သည် “ဦးလေးဟေးဒီးစ်က အကောင်းဆုံး ဦးလေးပဲ.. ယောက်ျားပီသသ မပီသသကိစ္စမရှိဘူးလေ ဟုတ်တယ်မလား”

ဟေးဒီးစ်သည် သူမကို စိုက်ကြည့်လေသည် “မင်းကို ဒါဘယ်သူသင်ပေး တာလဲ”

ဝူရှောင်းသောင့်သည် မျက်တောင်ခတ်ကာ အပြစ်ကင်းသည့်မျက်နှာမျိုး လုပ်လေသည်။ အဲဒါ သူမကို ဘယ်သူသင်ပေးတာလဲ။

ဟေးဒီးစ်သည် မတ်တတ်ရပ်ပြီး သူ့ဘေးမှ တပ်သားဆီသို့ ပုံရိပ်ဖမ်း ကျောက်တုံးကို ပစ်ပေးကာ ပြောလိုက်သည် “နောက် ၁၅ မိနစ်နေရင် သူတို့ကို ခေါ်ထုတ်ပြီး ဒါပြပေးလိုက်.. အထဲမှာအဲလောက်ကြာကြာမနေနိုင်ရင် မကြည့် စေနဲ့”

“ဟုတ်ကဲ့ပါ အရှင်” တပ်သားသည် တလေးတစားပြန်ဖြေလေသည်။

ဟေးဒီးစ်ထွက်သွားပြီးနောက် အားလုံးသည် ထိုနေရာတွင် သူတို့ကို စောင့်ကြပ်နေခဲ့သည်။ ကလေးနှစ်ယောက်သည် ရေအေးကန်ထဲတွင်နေရင်း တစ်ခါတလေတွင် အပူဒဏ်ကိုခံစားမိပြီး တစ်ခါတရံ အအေးဒဏ်ကိုခံစားရ လေသည်။ သို့သော် မိခင်ဖြစ်သူကိုတွေ့ရန်အတွက် ပြဿနာမရှာရဲဘဲ ၁၅ မိနစ် ကြာအောင်နေရသည်။

ဘေးမှတပ်သားသည် ထိုကလေးနှစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် သန်မာပုံကြောင့် အလွန်ပင်စိတ်လှုပ်ရှားမိသည်။ ဤကန်သည် သူတို့အတွက် ဆိုလျှင် သက်ရောက်မှုမရှိသော်လည်း ကျင့်ကြံမှုမစသေးသည့် ကလေးနှစ် ယောက်အတွက် အလွန်ပင် မသက်မသာဖြစ်စေမည်။

သို့သော် ယခုအချိန်တွင် ထိုသို့စတင်လုပ်ဆောင်ပါက အနည်းငယ်ကြီး လာသည့်အချိန် ကျင့်ကြံပါက လမ်းကြောင်းသည် အလွန်ပင်ချောမွေ့သွားလိမ့် မည်။

အချိန်ပြည့်သောအခါ အစောင့်သည် သူတို့ကိုရေကန်ထဲမှ ထုတ်ပေး သည်။ သူတို့သည် အဝတ်စိုများကိုချွတ်ပြီးနောက် ခန္ဓာကိုယ်လေးကို ရေ ခြောက်အောင်လုပ်ပြီး သန့်ရှင်းသောအဝတ်များဝတ်ပေးလို်ကသည်။

“လာမနှောင့်ယှက်နဲ့တော့ မြန်မြန်ဝတ်ပေး” ဝူချီယောင် ပြောလေသည်

“အမေ့ကို အခုပဲပြတော့”

ဝူရှောင်းသောင့်သည် ပို၍ပွင့်လင်းသည်။ ချက်ချင်းပင် ပုံရိပ်ဖမ်း ကျောက် တုံးကို ဆွဲယူလိုက်သည်။ သူမသည် အလွန်ပင်စိတ်လှုပ်ရှားနေသဖြင့် အဝတ်ကို နင်းမိကာ မြေပေါ်သို့လဲကျသွားလေသည်။

တပ်သားသည် သူမကိုထူပြီး နှစ်သိမ့်ပေးလေသည် “သခင်မလေးနဲ့ သခင်လေး စိတ်မပူပါနဲ့ အင်္ကျီဝတ်ပြီးတာနဲ့ ပြပေးမှာပါ ဒီလိုဆိုရင် နေမကောင်းဖြစ်လိမ့်မယ်.. နေမကောင်းဖြစ်တာကို သခင်မသိသွားရင် သူမ အရမ်းစိတ်ပူမှာပေါ့”

“ဟုတ်တယ် အခုသခင်မက အောက်မှာ အရမ်းအလုပ်များနေတာ.. သူမ က သခင်လေးတို့ကိုမတွေ့ရတာတောင် စိတ်ပူနေပြီ.. ဒါဆိုရင် အရမ်းညှဉ်းပန်း တာပဲမဟုတ်ဘူးလား”

ထိုစကားကြားပြီးနောက် ကလေးနှစ်ယောက်သည် တိတ်သွားကြသည်။

“ဟုတ်ပြီလေ ဒါဆိုလည်းအင်္ကျီဝတ်ပေးကြ ပြီးမှအမေ့ကိုတွေ့မယ်” ဝူချီယောင် ပြောလေသည်။

“လိမ္မာတယ် ဒီလက်အောက်ငယ်သားက အခုပဲပြပေးပါမယ်”

တပ်သားနှစ်ယောက်မှာ သူတို့ကိုအင်္ကျီဝတ်ပေးနေချိန်တွင် တစ်ယောက် သည် ပုံရိပ်ဖမ်းကျောက်တုံးမှ မှတ်တမ်းကိုထုတ်လိုက်သည်။ ထိုပုံရိပ်မှာ လူသားလောကမှ သူမကိစ္စများကိုင်တွယ်ပုံဖြစ်ကာ ကလေးနှစ်ယောက်သည် အင်္ကျီဝတ်ရင်းနှင့် အာရုံစူးစိုက်နေကြသည်။

ရှီမာယူယူသည် သူမကို တိတ်တဆိတ်မှတ်တမ်းတင်ထားသည်ကို မသိ ပေ။ ကလေးနှစ်ယောက်သည် သူမ၏မှတ်တမ်းကိုကြည့်ပြီးမှ လိမ္မာလိုသည့် အခြေအနေကိုလည်း မသိပေ။ ထိုအချိန်တွင် သူမသည် ကမ္ဘာအနှံ့ပြေးလွှားပြီး ဧကရာဇ်ချင်းဒေါင်ချန်ထားခဲ့သည့် စွမ်းအားများအားလုံးကို စုပ်ယူနေသည်။ သူမ စွမ်းအားများစုပ်ယူသည့်အချိန်တိုင်းတွင် ဧကရာဇ်ချင်းဒေါင်သည် သူ့ အသက်၏အင်အားကို ချန်ထားခဲ့သည်လားဟု ထင်မိသည်။ မဟုတ်လျှင် သူမ စုပ်ယူရန် စွမ်းအား ဘာကြောင့် ဤမျှများပြားမည်နည်း။

ဤတိုင်းပြည်မှ နောက်ဆုံးစွမ်းအားကို စုပ်ယူပြီးနောက် ရက်ပေါင်း ၃၅၀ ပြည့်ရန် နှစ်ရက်လိုသေးသည်။ ထိုအချိန်တွင် သူမသည် အိပ်မက်ကမ္ဘာထဲသို့ ကျတုန်းပင်ဖြစ်သည်။ သို့သော် ပြေးနေသည့်မိန်းကလေးများကို မမြင်ရတော့ ဘဲ ဝတ်ရုံအနက်ဝတ်ထားသည့်ရွှမ်ချုံးဟော်ကိုသာ တွေ့ရလေသည်။

ရွှမ်ချုံးဟော်သည် ခေါင်းဆောင်းမဆောင်းဘဲ မျက်နှာကိုဖော်ထားသည်။ သူ့မျက်နှာသည် ပိန်ပါးပြီး ဖြူဖျော့နေသည်။ သူ့နှုတ်ခမ်းသည် အသာလှုပ်လေ သည် “ယူယူ ငါ မင်းရောက်တဲ့အထိ စောင့်နေမယ်”

ထို့နောက်တွင် သူ့ဘေးမှ ပတ်ဝန်းကျင်သည် အလွန်ကြည်လင်လာ သည်။ အလွန်မှောင်မည်းနေသော်လည်း သူ၏တည်နေရာကို သူမ ရှင်းလင်းစွာ မြင်ရတုန်းပင်ဖြစ်သည်။

“ဒီနေရာကို မှတ်မိလား” ရွှမ်ချုံးဟော် ရယ်မောလေသည် “ငါ မင်းကို ဒီမှာစောင့်နေတာ ငါ့ကိုဆက်မစောင့်ခိုင်းနဲ့တော့ ဟား ဟား…”

ရှီမာယူယူ နိုးလာသည်။ သူမသည် အိပ်မက်ထဲမှ နေရာကို တွေးကြည့် လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ဒေါသကိုကြာရှည်စွာ ချုပ်တည်း လိုက်သည်။

တိမ်ပင်လယ်မြို့တော်.. သူက တိမ်ပင်လယ်မြို့မှာကိုး.. ပြီးတော့ သူက တိမ်ပင်လယ်မြို့က အဲဒီခြံဝန်းထဲမှာပဲ။ သူ့ကိုပထမဆုံးတွေ့ခဲ့တဲ့ ခြံဝန်း။ ဒါ ဘာအဓိပ္ပာယ်လဲ။ အတိတ်ကိုလွမ်းတာလား၊ ဒေါသထွက်အောင်ဆွပေးတာ လား၊ မဟုတ်ရင် တခြားတစ်ခုလား။

သူ၏ရည်ရွယ်ချက်ကို သူမ မမှန်းနိုင်ပေ။ သူမသည် အဆုံးမရှိသော ဒေါသကိုသာ ခံစားရသည်။ သို့သော် ယခုအချိန်တွင်သွားရန်အချိန်မရှိတော့ သည်ကို သူမ သိသည်။ ဒေါသသည် သူမ၏သတိကို လျော့ပါးစေပြီး ဆုံးဖြတ် ချက်ကို ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် စိတ်ငြိမ်သည်အထိ စောင့်ရမည်။

ဟုတ်သည်။ သူ ပေါ်လာသည့်အကြောင်းအရင်းမှာ သူမကို ဒေါသထွက် စေရန်ဖြစ်သည်။ သူ၏ထောင်ချောက်အတွင်း သူမ ကျသွား၍မဖြစ်ပေ။

သူမသည် ကမ္ဘာဦးနယ်မြေရှိ နောက်ဆုံးဂူသင်္ချိုင်းထဲရှိ အခေါင်းထဲမှထွက် လာသည်။  ဂူသင်္ချိုင်းတံခါး အလိုအလျောက်ပိတ်သွားချိန်တွင် သူမ၏ နှလုံးများ တုန်ခါမိသည်။

သူ၏စွမ်းအားနှင့် အာဏာကို လွှဲပြောင်းပေးရန် သူမကိုရွေးချယ်ခဲ့သဖြင့် သူမသည် သူ၏တာဝန်ကိုပြီးမြောက်အောင်လုပ်ရမည်။

သူမသည် ဂူသင်္ချိုင်း၏တံခါးအပြင်တွင်ရပ်ပြီး ညဘက်ကောင်းကင်ရှိ ကြယ်များကိုကြည့်နေသည်။ သူမသည် မရဏာလောကမှ ကလေးနှစ်ယောက် ကို တွေးလိုက်သည်နှင့် စိတ်မှာတဖြည်းဖြည်းငြိမ်သွားတော့သည်။

၁ နှစ်နီးပါးကြာသွားပြီဖြစ်သဖြင့် ကလေးနှစ်ယောက်သည် ဒုတိယ မြောက်မွေးနေ့ကိုပင် ကျင်းပနေပြီဖြစ်သည်။ သူမ၏ ၂ နှစ်သားအရွယ် ကလေး နှစ်ယောက် ထိုနေရာတွင် မည်သို့ရှိနေသည်ကို သူမသိချင်သည်။ သူတို့ အဆင် ပြေနေမလား၊ ဆိုးသွမ်းနေကြမလား၊ ဝူရှောင်းသောင့်က သူမကိုယ်သူမ ထိခိုက် အောင်လုပ်မိနေမလား။

“အမေ”

“အမေ”

သူမသည် ကလေးနှစ်ယောက်၏ စူးရှသောအသံများကို ကြားသည့်ပုံပင် လှည့်ပတ်ကြည့်‌သော်လည်း မည်သည့်လက္ခဏာမှမတွေ့ရပေ။ သူမသည် အဆက်အစပ်မရှိသလိုခံစားလိုက်ရသည်။ သူမသည် ကလေးနှစ်ယောက်ကို အလွန်လွမ်းနေသဖြင့် ထင်ယောင်ထင်မှားမြင်နေရသည်ဟု ထင်မိလိုက်သည်။

သို့သော် သူမ၏ဒေါသမှာလည်း တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွား သည်။ သူမသည် ရွှမ်ချုံးဟော်ကိုကယ်တင်ပြီး ထိုညစ်ပတ်သည့်အရာကို သူမ လက်နှင့်ကိုယ်တိုင်ဖျက်ဆီးချင်သည်။

သူမ၏ ခံစားချက်များတည်ငြိမ်သွားသောအခါ သတင်းဖြန့်လိုက်သည်။ သတင်းရပြီးနောက် အသင်းမဟာမိတ်မှအဖွဲ့ဝင်များသည် အနက်ဝတ်လူကို မည်သည့်နေရာတွင်ရှာရမည်ကို သိသွားသည်။ ထို့နောက် သူမသည် ပုလ္လင် လေးကိုထုတ်ပြီး ထိုင်လိုက်သည်နှင့် ထိုနေရာမှပျောက်ကွယ်သွားလေသည်။

သနားစရာဝူလင်းယူကိုတော့ ကလေးနှစ်ယောက်သည် မလွမ်းကြပေ။ အရင်ကသူ့ကို လွမ်းခဲ့သောယူယူပင်လျှင် သူ့ကိုစဉ်းစားချိန်မရတော့ပေ။ ရက်စက်လိုက်ကြတာ…

နှစ်ရက်ကြာပြီးနောက် ရှီမာယူယူသည် တိမ်ပင်လယ်မြို့၏အပေါ်တွင် ပေါ်လာသည်။ သူမသည် မိုးပေါ်မှ အတားအဆီးကိုမြင်သောအခါ တိုက်ရိုက် ပင် ဖြတ်သွားလိုက်သည်။

သူမသည် ဆေးဥယျာဉ်သို့သွားလိုက်ရာ ထိုနေရာတွင် အဖိုးတန်ဆေးပင် များအကုန်တူးထားကာ တန်ဖိုးနည်းသည့်ဆေးပင်တချို့သာကျန်နေခဲ့လေ သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ”

ရှီမာယူယူ လှည့်ကြည့်လိုက်သည်။ တူညီသောနေရာ၊ တူညီသော ဘီးတပ်ကုလားထိုင်နှင့်.. တစ်ခုကွာခြားသွားသည်မှာ ထိုင်နေသည့်လူမတူ တော့ခြင်းပင်…

***

All Chapters