အပိုင်း (၃၈၇)
Vol. 26 Ch. 387
အက်စ်ခေ၏ အမှောင်အလင်းက ဖျက်ခနဲဆိုသလိုရောက်ရှိလာသည်။
ဤအချိန်အတောအတွင်း ရှစ်ဖုန့်က သူ၏လက်ကိုနောက်တွင်ပစ်ထားဆဲဖြစ်ပြီး လှုပ်ရှားခြင်းမရှိပေ။အမှောင်အလင်းကသူ့အား ထိမှန်တော့မည်အချိန်တွင် ရှစ်ဖုန့်၏ရှေ့၌ သွေးနီရောင်မီးတောက်တစ်ခု တောက်လောင်လာပြီး သူ၏ရှေ့၌ လူသားအရွယ်အစားရှိသော
သွေးနီရောင်မီးတောက်ဒိုင်း
တစ်ခုအဖြစ်လျှင်မြန်စွာဖွဲ့စည်းသွားသည်။
အမှောင်အလင်းလှိုင်းက ချက်ချင်းပဲ ရှစ်ဖုန့်ရှေ့ရှိ သွေးနီရောင်မီးတောက်ဒိုင်းအား
ထိမှန်သွားသည်။သွေးနီရောင်မီး
တောက်တို့က အမှောင်အလင်းလှိုင်းအားလုံး
ဝတားဆီးလိုက်သည်။
သွေးနီရောင်မီးတောက်၏
အလင်းရောင်အောက်တွင်ရှစ်ဖုန့်၏ မျက်နှာက အနီရောင်အဖြစ်ပြောင်းနေသည်။ သူကလက်သီး၌ အားကောင်းသော အမှောင်အလင်းလှိုင်းတို့ကိုထုတ်လွှတ်နေဆဲဖြစ်သည့် တစ်ဟုန်ထိုးချဉ်းကပ်လာသော အက်စ်ခေအား ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“အရူး မင်းကများ ဒီသခင်လေးကို ရင်ဆိုင်တိုက်ရဲသေးတယ်လား”
“အား”
သူ၏တိုက်ခိုက်မှုတားဆီးခံလိုက်ရပြီး
ရှစ်ဖုန့်၏ စော်ကားသောစကားတို့အား
ကြားလိုက်ရသောအခါတွင် အစကတည်းကကြမ်းကြုတ်ခက်ထန်နေသော အက်စ်ခေမှာ ရုတ်တရက် ပို၍ပင်ကြမ်းကြုတ်ခက်ထန်လာသည်။
“အရူး”
ဤနိမ့်ကျသောလူသားက ကလေးဘဝထဲကပါရမီရှင်
တစ်ယောက်အဖြစ်လူများ၏ပ
စားပေးမှုကိုခံရပြီး အမှောင်နတ်သူငယ်မျိုးနွယ်စု၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဖြစ် အခေါ်ခံရသော သူကဲ့သို့ မြင့်မြတ်သောသူအား အရူးဟုခေါ်ရဲသည်။
ရုတ်တရက် အက်စ်ခေမှာ ထပ်မံ၍ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူကသူ၏လက်သီးအားရုတ်သိမ်းလိုက်ပြီး အမှောင်အလင်းလှိုင်းအား ရပ်တန့်လိုက်သည်။ ထို့နောက်သူ၏ညာလက်သီးအားရှိသမျှအားအကုန်ထည့်၍ ရှေ့သို့ပြင်းထန်စွာလက်သီး
တစ်လုံးပစ်သွင်းလိုက်သည်။
သေးငယ်သော တောင်တစ်လုံးအရွယ်အစားရှိသော နက်မှောင်သည့်လက်သီးရိပ်တစ်ခုက ရှစ်ဖုန့်အား အပိုင်းပိုင်းခြေမွပစ်ချင်သော ရည်ရွယ်ချက်တို့ဖြင့် ပြင်းထန်စွာပေါက်ကွဲဝင်ရောက်လာသည်။
“အမှိုက်..မင်းတက်နိုင်တာဒါအကုန်ပဲလား..အဲ့လိုဆိုရင်တော့ မင်းငရဲကိုသွားလို့ရပြီ”
ရှစ်ဖုန့်က ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏ညာလက်အားဓားအသွင်ပြုလုပ်လိုက်ပြီး ရှေ့သို့ထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်၏ရှေ့တွင်ရှိနေသော သွေးနီရောင်မီးတောက်ဒိုင်းက ရုတ်တရက်အပေါ်သို့ထိုးတက်သွားပြီး သွေးနီရောင်မီးတောက်ဓား
တစ်လက်အဖြစ်ပုံစံပြောင်းသွားသည်။ ထို့နောက်ရှစ်ဖုန့်၏ ဓားလက်ချောင်းထိန်းချုပ်မှုအောက်တွင် ၎င်းကသူ့ထံသို့ခုတ်ပိုင်းကျဆင်းလာသော ဧရာမနက်မှောင်သောလက်သီးကြီးထံသို့ ပျံသန်းဝင်ရောက်သွားသည်။
စွမ်းအင်နှစ်ခုကလျှင်မြန်စွာ
တစ်ခုနှင့်တစ်ခုပစ်ဆောင့်မိကြသည်။ ဤအချိန်တွင် ရှစ်ဖုန့်ကသူ၏ဂရုမထားသည့် မျက်နှာထားကိုထိန်းထားဆဲဖြစ်သော်လည်း အမှောင်နတ်သူငယ်မင်းသားအက်စ်ခေ၏ မျက်နှထားကတော့ ကြီးမားစွာပြောင်းလဲသွားသည်။
သူ၏မျက်လုံးများကပြူးကျယ်နေပြီး သွေးနီရောင်မီးတောက်ဓားရှည်၏သက်ရောက်မှုအောက်တွင်ပျောက်ကွယ်သွားသော သူ၏အစွမ်းရှိသမျှအသုံးပြု၍
ထုတ်ဖော်ခဲ့သည့် နက်မှောင်သောလက်သီးရိပ်အား ကြက်သေသေစွာစိုက်ကြည့်နေမိသည်။
သွေးနီရောင်မီးတောက်ဓားက ဟင်းလင်းပြင်အားတစ်ဟုန်ထိုးထိုးခွင်းပျံသန်းလာနေဆဲဖြစ်ပြီး အက်စ်ခေထံသို့ခုတ်ပိုင်းကျဆင်းလာသည်။
“မဟုတ်ဖူး..မဟုတ်ဖူး..ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..
ငါဒါကိုမယုံဘူး.. ငါမယုံကြည်ချင်ဘူး..နိမ့်ကျတဲ့လူသား..
မင်းကငါ့လိုသက်တူရွယ်တူ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်… ဘယ်လိုဖြစ်ပြီး ငါ့ထက်ပိုအစွမ်းထက်သန်မာနိုင်ရတာလဲ..
ငါက စွမ်းအားကြီး အမှောင်နတ်သူငယ်တွေရဲ့ပြိုင်
ဘက်ကင်းပါရမီရှင်ပဲ… ငါက အမှောင်နတ်သူငယ်တွေရဲ့ပြိုင်ဘက်ကင်းပါရမီရှင်ပဲကွ..ဘယ်လိုလုပ်ငါကရှုံးနိုင်မှာလဲ..ငါကဘယ်လိုလုပ်ပြီးတော့ရှုံးနိုင်မှာလဲ”
အက်စ်ခေမှာပို၍ပို၍ ကြမ်းကြုတ်ခက်ထန်လာသည်။ သူ၏မူလကနုနယ်ပြီး ချောမောသော မျက်နှာမှာ ယခုအခါ၌ အမှောင်သားရဲတစ်ကောင်ကဲ့သို့ ရှုံ့မဲ့တွန့်လိမ်နေ၏။သူ၏ညာလက်သီးအား တင်းကျပ်စွာဆုပ်ထားပြီး အားကောင်းသော အမှောင်အလင်းတစ်ခုကိုထုတ်လွှတ်နေသည်။သူ၏ကိုယ်ကအဆက်မပြတ်တုန်ယင်နေပြီး သွေးနီရောင်မီးတောက်ဓားထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“ငါဒါကို မယုံဘူးကွ”
အက်စ်ခေမှာ ဒေါသတကြီးအော်ဟစ်နေဆဲဖြစ်သည်။
“မင်းကမင်းကိုယ်မင်းပိုတွက်နေတာပဲ”
ရူးသွပ်လုနီးပါးဖြစ်နေသော အက်စ်ခေအားကြည့်ပြီး သွေးနီရောင်မီးတောက်ဓားနှင့် လက်သီးတို့ ပစ်ဆောင့်သည်အားစောင့်ကြည့်လျက် ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
“အား..”
ထို့နောက်တွင် ဝမ်းနည်းကြေကွဲဖွယ် နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သောအသံက အက်စ်ခေ၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှာမှထွက်ပေါ်လာသည်။
သွေးနီရောင်မီးတောက်ဓားက အားကောင်းသောအမှောင်
အလင်းတို့တောက်ပေနေသော အက်စ်ခေ၏ ညာလက်သီးနှင့်ပစ်ဆောင့်ထိမှန်သွားသည်။
သွေးနီရောင်မီးတောက် ဓား၏ စွမ်းအားအောက်တွင် အက်စ်ခေ၏ ညာလက်သီးမှာရုတ်တရက်ပေါက်ကွဲသွားသည်။ အက်စ်ခေ၏ညာလက်သီးနေရာမှာ ခရမ်းနက်ရောင်သွေးတို့က ရေပန်းကဲ့သို့ပန်းထွက်လာသည်။
သို့သော်ဤအချိန်တွင် သွေးနီရောင်မီးတောက်ဓားက
အက်စ်ခေညာလက်သီးအား
ထွင်းဖောက်သွားပြီး ထိုမှတစ်ဆင့်နှလုံးဆီသို့တိုက်ရိုက်
ထိုးဝင်သွားကာ ခန္ဓာကိုယ်အား ပြင်းထန်စွာထိုးဖောက်ဖြန်သန်း၍ နောက်ကျောဘက်မှပြန်လည်၍ထွက်လာသည်။
“အား..အား..အား..”
အက်စ်ခေမှာ လက်သင့်မခံနိုင်မှု၊
နာကျင်မှုတို့နှင့် အတူ ဝမ်းနည်းကြေကွဲဖွယ်အော်ဟစ်လိုက်သည်။ သို့သော် ဘယ်လိုပဲလက်သင့်မခံနိုင်ပါစေ၊ဘယ်လိုပဲ နာကျင်မှုတို့နှင့်ပြည့်နှက်ပြီး စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေပါစေ ယင်းသူ၏ကံတရားအားပြောင်းလဲမပေးနိုင်ပေ။ သွေးနီရောင်မီးတောက်ဓားက သူ၏ကိုယ်အားဖောက်ထွင်းဝင်သွားပြီး ရုတ်ခြည်းဆိုသလို ပြင်းထန်သောသွေးနီရောင်မီး
တောက်များအဖြစ်ပြောင်းကာ သူ၏တစ်ကိုယ်လုံးအား
စတင်၍ပျံ့နှံ့သွာသးသည်။
မကြာခင်တွင် အစောပိုင်းက အမှောင်နတ်သူငယ်မိန်းကလေးကဲ့သို့ အက်စ်ခေ၏ တစ်ကိုယ်လုံးသည်လည်း သွေးနီရောင်မီးတောက်တို့ရစ်ပတ်လွှမ်းခြုံခြင်းကိုခံလိုက်ရသည်။ သူသည်သွေးနီရောင်လူသားမီးတောက်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
“ဟစ်..ဟစ်..ဟစ်..ဟစ်”
ရုတ်တရက် မြွေလူသားများဖြစ်စေ အမှောင်နတ်သူငယ်များဖြစ်စေ အေးစက်သောလေအေးများကို ရှူသွင်းမိလိုက်ကြသည်။ အက်စ်ခေမှာ အမှောင်နတ်သူငယ်မင်းသားတစ်ပါးဖြစ်ပြီး အမှောင််နတ်သူငယ်တို့၏ ပါရမီရှင်တစ်ယောက်ဖြစ်သည်။
သူ၏စွမ်းအားနှင့် ပါရမီစွမ်းရည်တို့အား ကန္တာရထဲရှိ မျိုးနွယ်စုအားလုံး သိထားသည်မှာကြာပြီဖြစ်၏။
သို့သော ထိုကဲ့သို့ စွမ်းအားကြီးမားသော အက်စ်ခေမှာ လူသားတစ်ယောက်၏လက်အတွင်း၌ ရှုံးနိမ့်သွားပြီး ခြွေမွခံရလိမ့်မည်ဟုမည်သူက
များထင်မှတ်ထားပါမည်နည်း။
သူတို့အားလုံးအစမှအဆုံးအ
ထိမြင်တွေ့ခဲ့ကြရပြီး လူသားက အက်စ်ခေအားရင်ဆိုင်သောအခါတွင် သူ၏စွမ်းအားအားလုံးကိုပင်အသုံးမပြုခဲ့ပေ။ သူက ကလေးတစ်ယောက်အား ကစားသကဲ့သို့ဆော့ကစား
သွားခြင်းသာဖြစ်သည်။
“ဒီလူသားက ဘယ်လောက်တောင်များစွမ်းအားကြီးမားတာလဲ”
“ဒီလူသားမှာ ဒီလောက်အသက်အရွယ်လေးနဲ့ ဒီလိုမျိုးစွမ်းအားမျိုးရှိနေတယ်..
သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက စိတ်ကူးကြည့်လို့မရနိုင်လောက်အောင်ပဲ… ကျုပ်တို့သာသူ့ကိုမသတ်ဖူးဆိုရင် ကျုပ်တို့အမှောင်နတ်သူငယ်မျိုးနွယ်စုတွေဘယ်တော့မှ အေးချမ်းတဲ့နေ့ရက်တစ်ခုကို ပိုင်ဆိုင်ရမှာမဟုတ်ဖူး”
အမှောင်နတ်သူငယ်များကြားထဲတွင် အရေးအကြောင်းများဖြင်ပြည့်
နှက်နေသောခရမ်းနက်ရောင်မျက်နှာကို ပိုင်ဆိုင်ထားသည့် လူအိုကြီးက သူ၏ဘေးတွင်ရှိနေသော ဘုရင်မ အက်ရှလေအား ထပ်မံ၍ပြောဆိုလိုက်သည်။
လူအိုကြီး၏စကားအားကြားပြီး
သည့်နောက်တွင် အက်ရှလေက သဘောတူထောက်ခံသည့်အနေဖြင့်ခေါင်းညိမ့်လိုက်သည်။
“ဒီအရှင်မမှန်တယ်..ဒီလူသားမှာ တကယ်ပဲ ဒီအရှင်မကိုခြိမ်းခြောက်နိုင်တဲ့ စွမ်းအားမျိုးရှိတယ်…ဒီအချိန်အတောအတွင်း တို့မျိုးနွယ်စုက ဘိုးဘွားပိုင် လက်နက်ကို အချိန်အကြာကြီး အသံးမပြုခဲ့တာဖြစ်ကောင်းဖြစ်နေနိုင်တယ်…အခုကအဲ့တာကိုအသုံးပြုရမဲ့အချိန်ပဲ”
“ဟုတ်တယ်…ဒီနေ့ကျုပ်တို့တွေ ဒီငယ်ရွယ်တဲ့လူသားကိုသတ်ရမယ်”
……………………………….
“စွမ်းအားကြီးတယ်..အရမ်းကိုစွမ်းအားကြီးတယ်.. အရှင်တမာန်တော်က တကယ်ကြီး ဒီလောက်စွမ်းအားကြီးတာပဲ …အရှင်တမာန်တော်သာ ဒီမှာရှိနေရင် အမှောင်နတ်သူငယ်တွေကို ဘာမှကြောက်နေစရာမလိုဘူး”
ထိုညက ကန္တာရအတွင်း သတင်းများကိုဖြန့်ခဲ့သည့် တုတ်ခိုင်သောမြွေလူသား အောင်းပါက ဤအချိန်၌ရှစ်ဖုန့်၏စွမ်းအား
ကိုမြင်တွေ့လိုက်ရပြီး ချက်ချင်းပဲ မြင့်မားသော ပြင်းပြင်းထန်ထန်ရယ်မောလိုက်သည်။
ထို့နောက်တွင် နတ်ဆရာမကြီးခါလဲ့က ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အောက်တွင်ရှိနေသော မြွေလူသားစစ်သည်တော်များအား အော်ပြောလိုက်သည်။
“ငါ့ရဲ့မျိုးနွယ်ဝင်တို့ ..မင်းတို့ဒါကိုမြင်ကြလား..
ဒီစွမ်းအားကြီးလူသားဟာ တစ်ခြားသူမဟုတ်ဖူး..သူက ငါတို့ကျိလီမြွေနတ်ဘုရား ဒီနေရာကိုလမ်းညွှန်ပြသပေးဖို့စေလွှတ်လိုက်တဲ့ တမာန်တော်ပဲဖြစ်တယ်..ရှေးကျတဲ့အချိန်ကာလကတည်းက တို့ရဲ့ဘိုးဘေးတွေဟာ တို့မျိုးနွယ်စုဆီ တမာန်တော်တစ်ပါး သက်ဆင်းလာလိမ့်မယ်ဆိုတဲ့ ဟောကိန်းတစ်ခုကိုဟောခဲ့တယ်..မြွေနတ်ဘုရားပြန်လည်ပေါ်ထွန်းလာမဲ့နေ့ရက်က နီးကပ်လာခဲ့ပြီဖြစ်တယ်”
“ဘာ..ဒီတော့ ဒီအရှင် မြွေနတ်ဘုရားကဒီနေရာကိုလမ်းညွှန်ပေးလိုက်တဲ့တမာန်တော်ပေါ့”
“ဒီတော့သူက မြွေနတ်ဘုရားရဲ့တမာန်တော်ပေါ့ .. သူကအရမ်းစွမ်းအားကြီးနေတာကို မအံ့ဩတော့ပါဘူး”
“ငါတို့မျိုးနွယ်စုမှာ တမာန်တော်ပေါ်ထွန်းလာခဲ့ပြီ.. မြွေနတ်ဘုရားပြန်လည်ပေါ်ထွန်းလာမဲ့နေ့ရက်က နီးကပ်လာပြီ.. “
“တမန်တော် သက်တော်ရှည်လျားပါစေ”
“တမန်တော် သက်တော်ရှည်လျားပါစေ”
“တမန်တော် သက်တော်ရှည်လျားပါစေ”
ခါလဲ့မှာ မြွေလူသားမျိုးနွယ်စု၏ နတ်ဆရာမဖြစ်သည်။ မြွေလူသားမျိုးနွယ်စုအတွင်းမြင့်မားသော အဆင့်အတန်းကိုပိုင်ဆိုင်ထားသည်ဖြစ်၏။သူမ၏ စကားလုံးများက မြွေလူသားများအတွက်အရမ်းအရေးပါသည်ဖြစ်သည်။ပင်ကိုယ်အားဖြင့်သူမ၏ စကားတို့အား မည်သူကမျှ သံသယမဝင်ကြချေ။ထိုထက်ပိုသည်ကား ဤလူသားမှာ အရမ်းစွမ်းအားကြီးသောကြောင့် သူသည်ကြီးမြတ်သော မြွေနတ်ဘုရား၏ လမ်းညွှန်ပြသမှုဖြင့် ဤနေရာသို့ရောက်ရှိလာသော တမာန်တော်ဖြစ်သည်ဟု အရမ်းကို ယုံကြည်လိုကြသည်ဖြစ်သည်။
ဤအချိန်တွင်မြွေလူသားစစ်သည်တော်များမှာ ရှစ်ဖုန့်၏စွမ်းအားအားမြင်တွေ့ရပြီး ခါလဲ့၏ စကားများအားနားထောင်ပြီးသည့်နောက်တွင် သူတို့၏စိတ်ဓာတ်များက သူတို့မြို့ထဲမှာထွက်ခွာလာရ
စဉ်ကထက်ပိုမို၍ မြင့်မားလာသည်။ အားလုံးပိုမို၍ စိတ်လှုပ်ရှားလာကြသည်။
ဆက်ရန်………….
ဘာသာပြန်သူ-ARISE