အပိုင်း(၃၈၈)
Vol. 26 Ch. 388
မြွေလူသားမျိုးနွယ်စုဝင်များမှာ လေထဲ၌ လက်ကိုနောက်ပစ်၍ ဝင့်ကြွား
စွာရပ်နေသော အနက်ရောင်ပုံရိပ်အားကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှု ကြည်ညိုမှုများဖြင့်ပြည့်နှက်နေသည်။
“မြွေနတ်ဘုရားရဲ့ အရှင်တမာန်တော်”
ခါလဲ့ကလည်းရှစ်ဖုန့်၏ ပုံရိပ်ထံသို့ကြည့်လိုက်သည်။ ဤနည်းလမ်းဖြင့်မြွေလူသားမျိုးနွယ်တို့၏ စိတ်ဓာတ်အားထပ်မံ၍မြှင့်တင်
နိုင်လိမ့်မည်ဖြစ်သည်။ ထိုထက်ပိုသည်ကား အကယ်၍ ရှစ်ဖုန့်က ကျိလီမြွေနတ်ဘုရား၏ကိုယ်ပွားဖြစ်သော ခရမ်းရောင်မြွေခန္ဓာကိုသာ ထုတ်ဖော်လိုက်လျှင် မြွေလူသားမျိုးနွယ်စုဝင်တို့အား ရှင်းပြရန်ပိုမို၍လွယ်ကူသွားလိမ့်မည်ဖြစ်သည်။
မြွေလူသားမျိုးနွယ်စုက အမှောင်နတ်သူငယ်မျိုးနွယ်စုအား စစ်ကြေညာခဲ့သည်။ ဤကဲ့သို့ကြီးမားသောသတင်းက ကန္တာရအတွင်းရှိ မျိုးနွယ်စုအားလုံးထံသို့ ပျံ့နှံ့သွားပြီးဖြစ်သည်။ဤအချိန်တွင် များစွာသောပုံရိပ်များက မြွေလူသားနယ်မြေအတွင်းပေါ်လာပြီး စစ်မြေပြင်သို့ကြည့်နေကြသည်။
ဖွတ်လူသားမျိုးနွယ်၊ သမန်းဝံပုလွေမျိုးနွယ် ၊ကြွက်လူသားမျိုးနွယ်၊သဲကင်းမြှီးကောက်မျိုးနွယ်၊ပင့်ကူမျိုးနွယ်နှင့် ကန္တာရအတွင်းရှိ မျိုးနွယ်စုအားလုံးတို့မှာ အမှောင်နတ်သူငယ်မင်းသား အက်စ်ခေရှုံးနိမ့်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့အားလုံးလေအေးများကို စုပ်ယူရှူသွင်းမိလိုက်ကြပြီး သူတို့၏တုန်လှုပ်အံ့အားသင့်
သောအမူအယာက ဖြည်းဖြည်းချင်းလှစ်ဟာထွက်ပေါ်လာသည်။
…………………………..
မြွေလူသားနယ်မြေရှေ့ရှိ ကန္တာပြင်စစ်မြေပြင်ထက်တွင် ရှစ်ဖုန့်ကသူ၏ရှေ့တွင်ရှိနေသော မီးလောင်ကျွမ်းနေသည့် လူသားပုံစံအား အေးအေးဆေးဆေးပင်ကြည့်နေသည်။
ရုတ်ခြည်းဆိုသလို မီးတောက်အတွင်း ထူးဆန်းသော စွမ်းအားတစ်ခု စုစည်းလာသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။ ထိုစွမ်းအားပေါ်လာခဲ့ပြီးသောအခါတွင် အက်စ်ခေ၏ အော်ဟစ်နေသံမှာ
ရပ်တန့်သွားပြီး သူ၏အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။
“ဘာဖြစ်သွားတာလဲ”
ရှစ်ဖုန့်၏ တည်ငြိမ်သောမျက်နှာကရုတ်ခြည်း နက်ရှိုင်းစွာမျက်မှောင်ကြုတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် တောက်လောင်နေသောလူသား
ပုံစံမီးတောက်မှာ ရုတ်တရက်ပျောက်ကွယ်သွားသည်။ အမည်မသိသတ္ထုတစ်မျိုးဖြင့်ပြုလုပ်ထားသည့် ပိန်းပေါက်အောင်နက်မှောင်သော လက်ဖဝါးအရွယ် ရုပ်သေးရုပ်လေးက ပျောက်ကွယ်သွားသော မီးတောက်ထံမှပေါ်လာသည်။
ရှစ်ဖုန့်က လက်ဆန့်ထုတ်လိုက်ပြီး ပိန်းပေါက်အောင်နက်မှောင်သော ရုပ်သေးရုပ်လေးက ချက်ချင်းပဲပျံသန်းလာကာ ရှစ်ဖုန့်၏ ဖမ်းယူခြင်းခံလိုက်ရသည်။
ရှစ်ဖုန့်က ခေါင်းငုံ့လိုက်ပြီး သူ့လက်အတွင်းရှိ ပိန်းပေါက်အောင်နက်မှောင်သော ရုပ်သေးရုပ်လေးအားကြည်လိုက်သည်။ ဤအချိန်တွင်ရုပ်သေးရုပ်၌ အစောပိုင်းကကဲ့သို့ထူးဆန်း
သောစွမ်းအားမျိုးမရှိတော့သော်လည်း
၎င်း၌ ရှေးဟောင်းအရှိန်အဝါတို့ရှိနေဆဲဖြစ်သည်။ အစောပိုင်းကထူးဆန်းသော စွမ်းအားမှာ ဤရုပ်သေးရုပ်ထံမှလာပြီး အက်စ်ခေရုတ်တရက်
ပျောက်ကွယ်သွားခြင်းက ဤရုပ်သေးရုပ်ဖြင့် တစ်နည်းနည်းဆက်နွယ်နေရမည်ဟု ရှစ်ဖုန့်ကောက်ချက်ချလိုက်သည်။
သူ့လက်အတွင်းရှိ ရုပ်သေးရုပ်လေးအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ဒါက ရှေးခေတ်အချိန်ကာလကတည်းက လျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်ရမယ်..
ရှေးဟောင်းစာအုပ်တွေမှာခပ်ရေးရေးမှတ်တမ်းတင်ထားတာရှိတယ်.
.ရှေးခေတ်အချိန်ကာကတည်းက အမှောင်မှော်သန့်စင်သူ မှော်ဆရာတွေရှိတယ်တဲ့..
သူတို့ကထူးဆန်းပြီးဆန်းကြယ်တဲ့အရာဝတ္ထုတွေကို သန့်စင်ရာမှာ အထူး ကျွမ်းကျင်ကြတယ်…ဒါက သခင်ဖြစ်သူရဲ့သွေးနဲ့ဝိညာဉ်စွမ်း
အားအမျှင်တန်းအနည်းငယ်ကို ထည့်သွင်းနိုင်တဲ့ အရာဝတ္ထုအမျိုးအစားပဲ..ဒီပစ္စည်းကိုသခင်ဖြစ်သူက သယ်ဆောင်ထားချိန်မှာ ပစ္စည်းရဲ့ဆန်းကြယ်တဲ့စွမ်းအားကိုအသက်သွင်းနိုင်ပြီး အဲ့တာကသခင်ဖြစ်သူရဲ့အ
သက်ကိုကယ်တင်နိုင်တယ်”
ဤကဲ့သို့ ထူးဆန်းသော အရာဝတ္ထုမျိုးက ထျန်းဟန်တိုက်ကြီး၏ သက်ရှိများ ရိုးရှင်းစွာပင်စိတ်ကူးကြည့်၍ရနိုင်သော အရာမဟုတ်ပေ။ယင်းက ဖြစ်နိုင်ချေမရှိဘဲ သဘာဝယုတ္တိနှင့်မညီသည်ဖြစ်သည်။ ဤကဲ့သိုသော် အရာဝတ္တုမျိုးက တကယ်တည်ရှိပြီး လူတိုင်း က ဖြစ်နိုင်ချေမရှိယဲ သဘာဝယုတ္တိနှင့်မညီသည်ဟုတွေးထားသောဤအရာဝတ္ထုက တကယ်ကြီးသူ၏ မျက်လုံးတို့ရှေ့၌ ဖြစ်ပေါ်နေသည်ကို ရှစ်ဖုန့် မမျှော်လင့်ထားခဲ့ပေ။
ဆန်းကြယ်သောစွမ်းအင်များ
ပျောက်ဆုံးသွားသည့် ရုပ်သေးရုပ်အား ရှစ်ဖုန့်က သိုလှောင်လက်စွပ်အတွင်း
ပစ်ထည့်လိုက်သည်။မိုယန် သို့မဟုတ်သူ၏ အ ဆင့်ရှစ်တပည့်ဖြစ်သူ ရှောင်းထျန်းယီအား အကယ်၍များ ၎င်းဆီမှ ရှေးခေတ်အချိန်ကာလက သန့်စင်ခြင်းနည်းလမ်းအချို့ရှာဖွေနိုင်မည်လားဆိုသည်အား လေ့လာကြည့်စေချင်သည်။
ထို့နောက် ရှစ်ဖုန့်က သူ၏အကြည့်တို့အား ရှေ့တွင်ရှိနေသော အမှောင်နတ်သူငယ် အုပ်စုထံသို့ ပြောင်းရွှေ့လိုက်သည်။ အက်စ်ခေပျောက်ကွယ်သွား
ပြီးသည့်နောက်တွင် ၎င်းက အမှောင်နတ်သူငယ်များကြား၌ ပေါ်မလာသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။ ရုပ်သေးရုပ်က အက်စ်ခေ၏ အသက်အားမည်သည့်နေရာသို့ ကယ်တင်သွားမှန်းသူမသိချေ။
အဆုံးသတ်တွင် ရှစ်ဖုန့်ကသူ၏ အကြည့်အား အမှောင်နတ်သူငယ်ဘုရင်မဖြစ်သူနှင့်သူမဘေးရှိလူနှစ်ယောက်ထံသို့ စူးစိုက်လိုက်သည်။
သူတို့ထဲမှတစ်ယောက်မှာ တွန့်ကြေသောစက္ကူကဲ့သို့ ခရမ်းနက်ရောင်မျက်နှာနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ ၎င်းက ကြယ်နှစ်ပွင့်သူတောင်စင်
နယ်ပယ်ဖြစ်သည်ကို ရှစ်ဖုန့်မြင်နိုင်၏။
အခြားတစ်ယောက်က ခေါင်းဆောင်းပါသော အနက်ရောင်ဝတ်ရုံနှင့် လူဖြစ်သည်။သူ၏တစ်ကိုယ်လုံးအား အနက်ရောင်ဝတ်ရုံကရစ်ပတ်လွှမ်းခြုံထားပြီး သူ၏မျက်နှာအားရှင်းလင်းစွာမမြင်တွေ့ရပေ။သို့သော် သူ၏ကျင့်ကြံမှုက အမှောင်နတ်သူငယ်မင်းသားဖြစ်သူ ကဲ့သို့ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်ကိုရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။
အမှောင်နတ်သူငယ်မင်းသား ပျောက်ကွယ်သွားခြင်းက သူကလက်ရှိရှိနေသော အမှောင်နတ်ငယ်များကြားထဲတွင် အသန်မာဆုံးဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။
ရှစ်ဖုန့်၏ အကြည့်က သူတို့သုံးဦး ပေါ်သို့ကျရောက်သောအချိန်တွင် သူတို့သုံးဦး၏အကြည့်ကလည်း
ရှစ်ဖုန့်ပေါ်သို့ရောက်ရှိလာသည်။အစတုံးက မြွေလူသားမျိုးနွယ်စမှာ ငပျော့အုပ်စုတစ်ခုဟုသာထင်ခဲ့ကြသည်။
ဤကဲ့သို့စွမ်းအားကြီးမားသောပုဂ္ဂိုလ်ပေါ်လာလိမ့်မည်ဟုသူတို့မထင်ထားခဲ့ကြ ချေ။
အမှောင်နတ်သူငယ်ဘုရင်မ အက်ရှလေက သူမ၏ခြေထောက်တို့အား အနည်းငယ်လှုပ်ရှားလိုက်ပြီး ရှေ့သို့ဖြည်းဖြည်းချင်း
လျှောက်လှမ်းထွက်လာသည်။
“အရှင်မ”
အက်ရှလေတစ်ယောက်တည်းထွက်လာသည်ကိုတွေ့လိုက်ရသောအခါတွင် အမှောင်နတ်သူငယ်တို့၏ အသံများထွက်ပေါ်လာသည်။
“ရတယ်”
အက်ရှလေကသူမ၏လက်အား အသာယမ်းပြလိုက်ပြီးပြောလိုက်သည်။ စကားပြောပြီးသည့်နောက်သူမ
ကရှစ်ဖုန့်ထံသို့ ဆက်လက်၍ဖြည်းညှင်းစွာ
လျှောက်လှမ်းလာသည်။
ရှစ်ဖုန့်က လက်ကို နောက်ပစ်ထားဆဲဖြစ်ပြီ သူ့ထံသို့လျှောက်လှမ်းလာနေသော အက်ရှလေအား အေးအေးဆေးဆေးပင်ကြည့်နေသည်။
အက်ရှလေကသူနှင့်နီးကပ်
လာသောအခါတွင် လှပသော တော်ဝင်အမှောင်နတ်သူငယ်
မိန်းကလေးဖြစ်သည့်သူမ၏ပါးစပ်ကိုဖွင့်ဟပြီး ပြောလိုက်သည်။
“မင်းကအရမ်းကိုအစွမ်းထက်တဲ့လူသားပဲ”
“အိုး”
ရှစ်ဖုန့်က “အိုး” ဟုသာပြန်တုံ့ပြန်ခဲ့သည်။ဤအမျိုးသမီး၌ ပြောစရာတစ်ခုခုရှိနေသည်ကို
သူသိသည်ဖြစ်သည်။
တကယ့်ကို အက်ရှလေကဆက်ပြောလိုက်သည်။
“ဒီအရှင်မက ငယ်ရွယ်ပြီး စွမ်းအားကြီးတဲ့ယောက်ျားတွေ
ကိုသဘောကျတယ်..လူသား မင်းဒီအရှင်မရဲ့ခန္ဓာကိုယ်ကိုလိုချင်လား”
ရှစ်ဖုန့်မှာ အက်ရှလေတစ်စုံတစ်ခုပြော
မည့်ပုံရသည်ကိုမြင်ခဲ့သည်။ အရမ်းတဲ့တိုးဆန်စွာဖြင့်ပွင့်ပွင့်လင်းလင်းပြောဆိုလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။
ထို့နောက် အက်ရှလေက ဆက်ပြောသည်။
“သန်မာတဲ့လူသား..မင်းသာ ဒီအရှင်မကို အညံ့ခံတာနဲ့.. ဒီအရှင်မရဲ့ လှပပြီးတော့ လက်ရာမြောက်တဲ့ ခန္ဓာကိုယ်ကိုရလိမ့်မယ်..
မင်းအညံ့မခံဘူးဆိုရင် ဒီကမ္ဘာပေါ်ကနေ မင်းပျောက်ကွယ်သွားရမယ်..ကောင်းကင်ဘုံ နဲ့ငရဲ..ပျော်ရွှင်မှုနဲ့ နာကျင်မှု မင်းကိုယ်တိုင်ကြိုက်ရာကိုရွေးပေါ့”
အက်ရှလေ၏စကားအားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံးပြီး
ပြောလိုက်သည်။
“ဒီသခင်လေးက လှပပြီး လက်ရာမြောက်တဲ့ အရာတွေကို သဘောကျပါတယ်…အဲ့ထဲမှာ အမျိုးသမီးတွေလဲ ခြွင်းချက်မရှိဘူး.. မင်းကတကယ့်ကိုလှပပြီးတော့ ကွဲပြားတဲ့ ဆွဲဆောင်မှုအမျိုးအစားတစ်ခုရှိတယ်..ဒါပေမဲ့ ဒီသခင်လေးမှာလည်း သူစည်းမျဉ်းနဲ့သူရှိပြီး ပျက်စီးယိုယွင်းနေတဲ့ ဖိနပ်ကို ဘယ်တော့မှကြိုက်နှစ်သက်တဲ့သူမျိုးမဟုတ်ဖူး (ပြဲနေတဲ့စာအုပ်ရှစ်ဖုန့်မဖတ်ပါ ဟဲဟဲ)..ခွေးမ မင်းအနေနဲ့ ဒီအကြံကို လက်လျော့လိုက်တာပိုကောင်းမယ်”
“နင်..နင်တော့ သေချင်နေတာပဲ”
အက်ရှလေမှာ ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင်
သူမ၏အေးစက်လှပသော ခရမ်းနက်ရောင်မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။သို့သော် နောက်ဆုံးစကားအားကြားရသောအခါတွင် သူမ၏အပြုံးနေရာ၌ ချက်ချင်းပဲ ဒေါသတတို့အစားထိုးသွားသည်။သူမကရှစ်ဖုန့်အားလက်ညိုးထိုးညွှန်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“သေစမ်း”
အက်ရှလေက အော်လိုက်သကဲ့သို့ နက်မှောင်သောဓားချီကရုတ်တရက်
အက်ရှလေ၏လက်ချောင်းထိပ်မှ ထွက်လာပြီး ရှစ်ဖုန့်ထံသို့ထိုးသွင်းရန်ဦးတည်လာသည်။
နက်မှောင်သောဓားချီက သာမန်ဆန်သော်လည်း ရှစ်ဖုန့်အနေဖြင့်၎င်းထံမှ အားကောင်းသော စွမ်းအားကိုခံစားမိသည်ဖြစ်သည်။ဤဓားချီတွင် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားအပြည့်အဝပါရှိ၏။ ၎င်းမှာဒေါသတကြီးတိုက်ခိုက်မှုတစ်ခုဖြစ်သည်။
“ဟမ့်…ကြယ်သုံးပွင့်သူတော်စင်
နယ်ပယ်တစ်ယောက်က အရမ်းကိုအစွမ်းထက်နေလို့လား..”
အက်ရှလေ၏တိုက်ခိုက်မှုအား တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကနှာခေါင်းရှုံ့လိုက်သည်။ သူ့ညာလက်၏လက်ခလယ်ထိပ်ရှိ သွေးနီရောင်ဓားအမှတ်အသားက ဖျက်ခနဲဖြစ်သွားပြီး သွေးနီရောင်ဓားရှည်က ရှစ်ဖုန့်၏လက်အတွင်းပေါ်လာသည်။ ၎င်းမှာသွေးဓားဖြစ်သည်။
ရှစ်ဖုန့်၏လက်အတွင်းသွေးဓားမှာ ရုတ်ခြည်း အဖြူရောင်တို့စွန်းထင်းသွားပြီး ၎င်းအားရှေ့သို့ထိုးသွင်းလိုက်သည်။ သွေးဓားထံမှ အဖြူရောင်ဓားချီတစ်ခုထွက်လာပြီး သူ့ထံသို့ပစ်ဝင်လာသော နက်မှောင်သောဓားချီနှင့်တွေ့ဆုံရန် ရှေ့သို့ရွှတ်ခနဲဦးတည်သွားသည်။
တစ်ခုကအဖြူရောင် တစ်ခုကအနက်ရောင်ဖြစ်သောစွမ်းအင်နှစ်ခုတို့ကဟင်းလင်းပြင်ထဲတွင်ရုတ်ခြည်း
တွေ့ဆုံသွားသည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE