← Chapters

အနိုင်ယူ၍မရသော စွမ်းအား

Vol. 63 Ch. 871

အနိုင်ယူ၍မရသော စွမ်းအား

Vol. 63 Ch. 871

ထိပ်ဆုံး (၃၂) ယောက်အတွင်း ဝင်ရောက်ဖို့ ပြိုင်ကွင်းတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေသည်။ အပြင်လောက၏ အန္တရာယ်များမှာလည်း ယခုတွင် တရစ်ရစ် ဝဲလျက် စောင့်စားလျက် ရှိချေသည်။

ငါးရောင်စဉ်ဂိုဏ်း၏ မိန်းကလေး အရှုံးပေးလိုက်သဖြင့် မန်ဟိုက ဤအကြော့တွင် ပထမဆုံးအနိုင်ရရှိသူ ဖြစ်လာသည်။ သူသည် ပြိုင်ကွင်းထဲတွင် တင်ပျဉ်ခွေထိုင်၍ အပြင်ရှိ ခေါင်းတစ်ပိုင်းပြတ်လူကို ငေးကြည့်နေ၏။ ထိုလူက သူ့ကို ပြန်ကြည့်သည်။

သူတို့နှစ်ယောက်အကြား၌ ကြီးမားသောကွက်လပ်ကြီး ရှိသော်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်နေစဉ် မန်ဟိုသည် ဆင့်ခေါ်နေသံများကို ခံစားနေရ၏။

"အခွင့်အရေးရရင် အဲဒီဓားကို ငါ ယူဖြစ်အောင်ယူမယ်" မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ ဓားက အခြားသူများအတွက် ထူးထူးခြားခြား မဖြစ်သော်လည်း မန်ဟို့အတွက်မူ ၎င်း၌ ဆဋ္ဌမိစ္ဆာချုပ်နှောင်မန္တန် ရှိလေသည်။

မိစ္ဆာချုပ်နှောင်မန္တန်တစ်ခုစီတိုင်းသည် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်၏။ ခန္ဓာကိုယ်ချုပ်နှောင်ခြင်းနှင့် ကံကြွေးညှို့ခြင်းက တိုက်ခိုက်ရာတွင် လွယ်ကူချောမွေ့စေပြီး မည်သည့်ပြိုင်ဘက်မှ သူ၏တိုက်ကွက်များကို မတွန်းလှန်နိုင်အောင် ကာကွယ်ပေးနိုင်သည်။

လေးနာရီကြာသော် ပြိုင်ကွင်းတိုက်ပွဲများ ပြီးဆုံးသွားသည်။ ယခုအခါ ထိပ်ဆုံး (၁၆) ယောက်ကား ရွေးချယ်ပြီးသွားလေပြီ။ ကျင့်ကြံသူတစ်ထောင်ကျော်အနက်မှ ဆက်တိုက်အောင်ပွဲများက ဤလူများအား ထိပ်ဆုံး (၁၆) ယောက်ထဲ ဝင်စေခဲ့သည်။ တစ်ဦးတစ်ယောက်ချင်းစီသည် စိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ပညာအဖြစ် သတ်မှတ်၍ရပေ၏။

ဤကဲ့သို့ပညာရှင်များသည် အတုအယောင်အင်မော်တယ်များကို နင်းခြေနိုင်ပြီး အစစ်အမှန်အင်မော်တယ်များနှင့် အတိုင်းအတာတစ်ခုအထိ ယှဉ်နိုင်၏။ အမှန်တွင် အများစုကား လာမည့်အနာဂတ်တွင် အင်မော်တယ်လမ်းပြနွယ်ပင်တစ်ပင်ကို သေချာပေါက် အသုံးပြုကြမည်ဖြစ်၍ အစစ်အမှန်အင်မော်တယ်များ ဖြစ်လာရဖို့ ကြာတော့မည်မဟုတ်ပေ။

သူတို့၏ အင်မော်တယ်ဘဝခရီးလမ်းသည် ဆူးငြောင့်ခလုတ်ကင်းရှင်းပြီး ရရှိထားသော အထောက်အပံ့များအရ နှစ်အနည်းငယ်‌မျှဖြင့် အင်မော်တယ်နယ်ပယ်၏အထွတ်အထိပ်သို့ ရောက်ရှိသွားကြလိမ့်မည်။

ဤနောက်ဆက်တွဲအဖြစ်အပျက်များက နှစ်တစ်သောင်းကြာတိုင်း တစ်ကြိမ် ဖြစ်ပွားတတ်ခြင်းဖြစ်သည်။ အစစ်အမှန်အင်မော်တယ်တိုင်းသည် အတုအယောင်အင်မော်တယ်ထက် ပို၍ လျင်မြန်သောနှုန်းဖြင့် ကျင့်ကြံနိုင်သည့်အတွက် တောင်ပင်လယ်အားလုံး၌ အစစ်အမှန်အင်မော်တယ်များကား အမြဲတမ်း ထွန်းပြောင်ကျော်ကြားလာစမြဲပင်။

ပြိုင်ကွင်းတိုက်ပွဲများအတောအတွင်း ကမ်းလှမ်းထားသော မယုံကြည်နိုင်ဖွယ် ဆုလာဘ်များကြောင့်သာမဟုတ်လျှင် အဖွဲ့အစည်းများအနေဖြင့် သူတို့၏ရွေးချယ်ခံများကို ဤနေရာသို့မလွှတ်ဘဲ အစစ်အမှန်အင်မော်တယ်အဆင့်တက်ရောက်ဖို့ တံခါးပိတ်၍ ပြင်ဆင်ခိုင်းထားမည်သာ။

တကယ်တမ်း ဤပြိုင်ကွင်းတိုက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးချယ်ခံအရေအတွက် ထင်သလောက်မများသည်မှာ အများစုက တံခါးပိတ်ကျင့်‌ကြံနေဆဲဖြစ်၍ပင်။ သူတို့က ထွက်လာသည်နှင့်တစ်ပြိုင်နက် မကျရှုံးသရွေ့ အစစ်အမှန်အင်မော်တယ်များ ဖြစ်လာလိမ့်မည်။

မန်ဟိုက အသက်ပြင်းပြင်းရှူရင်း ထရပ်ပြီးနောက် ပြိုင်ကွင်းများအတွင်းရှိ ထိပ်ဆုံးပြိုင်ပွဲဝင် (၁၆) ယောက်ကို ကြည့်လိုက်သည်။

ကျောက်ရီဖန်းအပြင် ဖန်းတုံးအာသည် သူတို့အကြားတွင် ဖြစ်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် စွန်းဟိုက်လည်း ရှိနေသည်။ မန်ဟို သတိထားမိခဲ့သော ကျန်ရွေးချယ်ခံများလည်း ရှိသည်။ နတ်မီးလျှံစမ်းသပ်ပွဲမှ တက်လာခဲ့သူများအနက်မူ လီရန်သည် ရှုံးနိမ့်သွားခဲ့သလို၊ ခြင်အုပ်နှင့်လူငယ်၊ ဂျူနီယာသွေးအင်မော်တယ်တို့လည်း ထိုနည်းတူပင်။ မန်ဟိုမှအပ တစ်ယောက်တည်းသော နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်မှာတော့ ပွစိပွစိ ရေရွတ်နေတတ်သော အဘိုးကြီးဖြစ်၏။

ထိပ်ဆုံး (၁၆) ယောက်။

"တစ်ရက် အနားယူပြီး အားပြန်ဖြည့်ချည်။ ပြီးရင် ထိပ်ဆုံး (၈) ယောက်အတွက် တိုက်ပွဲစမယ်"

နောက်တစ်နေ့တွင် ထိပ်ဆုံး (၈) ယောက်အတွက် တိုက်ပွဲစသည်။

တာအိုသစ်ပင်၏ ပင်မပင်စည်တွင် ထိပ်ဆုံး၌ ရွှေရောင်သစ်ရွက်တစ်ရွက်ရှိသည်။ ထို့အောက်တွင် ငွေရောင်သစ်ရွက်နှစ်ရွက်၊ ပြီးလျှင် ‌ကြေးသစ်ရွက်လေးရွက်ရှိ၍ ကြေးသစ်ရွက်များ၏အောက်၌ကား ‌စိမ်းနုရောင်သစ်ရွက်ရှစ်ရွက်။

ထိပ်ဆုံး (၈) ယောက်နေရာအတွက် တိုက်ပွဲများမှာ အဆိုပါစိမ်းနုရောင်သစ်ရွက်များအပေါ်တွင် တိုက်ခိုက်ရမှာဖြစ်သည်။

တိုက်ပွဲရှစ်ပွဲသည် တစ်ပြိုင်တည်း ဖြစ်ပွားနေ၏။ နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများအားလုံး မမှိတ်မသုန် အာရုံစိုက်နေကြသည်။

"ထိပ်ဆုံးရှစ်ယောက်ကို အဲဒီဆယ့်ခြောက်ယောက်ထဲကနေ ရွေးချယ်ကြမှာ။ တစ်ယောက်စီတိုင်းက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရဲ့ ထိပ်တန်းပညာရှင်တွေပဲ။ ဒီအကြော့ကတော့ တယ်ကြီးကျယ်ခမ်းနားတော့မှာပဲဟေး"

"ဘယ်သူ နိုင်မလဲ၊ ဘယ်သူ အထုတ်ခံရမလဲ သိချင်လိုက်တာ။ ထိပ်ဆုံး (၁၆) ယောက်တောင်မှ ဘယ်နည်းနဲ့မှ သိမှာမဟုတ်ဘူး"

"ငါ အသိချင်ဆုံးကတော့ ဖန်မု ထိပ်ဆုံး (၈) ယောက်ထဲ ဝင်ရောက်နိုင်မလားဆိုတာပဲ"

ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများလည်း အာရုံစိုက်နေကြသည်။

ဤအခိုက်အတန့်တွင် လူတော်တော်များများသည် နတ်မီးလျှံစမ်းသပ်ပွဲ၏ ပြိုင်ကွင်းတိုက်ပွဲများအား စတင်ကျင်းပခဲ့ရသော အဓိကအကြောင်းရင်း၊ ပထမနေရာရသော မည်သူမဆို တာအိုဆရာအစည်းအရုံးသုံးခု၏ ဂိုဏ်းသားအဖြစ် ရွေးချယ်ခံရမည်ဆိုသောအကြောင်းကို မေ့နေကြလေပြီ။ တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးသည်လည်း မည်သူ့ကိုမှ ဤအကြောင်း သတိပေးခြင်းမရှိပေ။

ဂိုဏ်းသားများ လက်ခံဖို့ ကိစ္စကား စိုးစဉ်းမျှ အရေးမပါသယောင်ယောင်။

မန်ဟို့အရှေ့တွင် အလင်းရောင်တောက်ပလာပြီးနောက် သူကား စိမ်းနုရောင်သစ်ရွက်တစ်ရွက်အပေါ်တွင် ရပ်နေလေပြီ။ သူ့အရှေ့၌ ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုပေါ်လာသည်။

ထိုလူသည် ပိန်ညှောင်နေသော်လည်း ‌အရှေ့လျှောက်လှမ်းလာစဉ် မီးတောက်မီးညွှန့်များက သူ၏ပတ်ပတ်လည်တွင် ကခုန်နေသည်။ ၎င်းတို့အား မမြင်ရသော်လည်း မန်ဟိုမှာ သူ့ဆီ လျှောက်လာနေသောလူကား ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ မီးနတ်ဆိုးတစ်ကောင်အလား ခံစားနေရ၏။

သူ၏မျက်လုံးထဲတွင် မီးတောက်များ တဖျပ်ဖျပ် လှုပ်နေသည်ကို မြင်ရနိုင်သည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်များက ပျံ့လွင့်လျက်ရှိ၏။ သူက အားကောင်းသထက် အားကောင်းလာသော စွမ်းအင်များ တဖွေးဖွေး လှုပ်နေသည့်ကြား၌ ရပ်နေသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာလေပြီ။

ဤသည်မှာ အထွတ်အမြတ်မြေငါးမြေထဲမှ မီးနတ်ဆိုးအရိုးများမြေ၏ ရွေးချယ်ခံ၊ ချန်ဟိုပင်။

ညာလက်ကို ဆုပ်လိုက်စဉ် မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းသာ။ သူ လက်သီးထိုးသွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဝဲတစ်ခုပေါ်လာကာ လှိုင်းများ ဖြာထွက်သွားသည်။ ၎င်းသည် မီးတောက်များအား ဝုန်းခနဲ ဝင်တိုက်ပြီးနောက် ၎င်းတို့ထဲ စုန်းစုန်းမြုပ်သွားလေ၏။

"ဟမ်" မန်ဟိုက ပထမဆုံးအကြိမ် နောက်ဆုတ်ရင်း ပြောလိုက်သည်။ ချန်ဟို၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်သျှံနေပြီး မန်ဟို နောက်ဆုတ်သွားသည့်အခါ သူက မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း ရှေ့တက်လာကာ သူ၏ပတ်ပတ်လည်တွင် မီးများ ပိုမိုတောက်သွားစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့သည် မန်ဟို့ကို လှမ်းဟပ်လိုက်သော ဧရာမပါးစပ်ပေါက်ကြီးပုံသဏ္ဌာန် ပြောင်းသွား၏။

မန်ဟို နောက်ဆုတ်သွားသော မြင်ကွင်းက အပြင်လောကတွင် အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ဤသည်မှာ သူ တိုက်ပွဲတစ်ပွဲတွင် နောက်ဆုတ်သွားသည်ကို ပထမဆုံးမြင်ရခြင်း ဖြစ်ပေသည်။

သို့သော် မီးပါးစပ်ကြီး သူ့‌အနားရောက်လာစဉ် မန်ဟိုက တုံ့ခနဲ ရပ်၍ အံတင်းတင်းကြိတ်လိုက်သည်။ မျှော်လင့်ထားပြီးဖြစ်သောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပလာကာ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၏။ ထို့နောက် ကောင်းကင်ဘုံကိုးဆင့်ပျက်စီးခြင်းကို ထပ်မံအသုံးပြုရင်း ဆက်တိုက်ထိုးချလိုက်သည်။

တအုန်းအုန်း ပေါက်ကွဲသံများ အရပ်မျက်နှာတစ်ခွင် ဟိန်းထွက်သွားစဉ် မန်ဟိုက ချန်ဟိုထံသို့ အနက်ရောင်လျှပ်စီးတန်းကြီးသဖွယ် ပြေးဝင်သွားသော လင်းတကြီးတစ်ကောင်အသွင်ပြောင်းသွား၏။ ချန်ဟိုမှာ မျက်နှာပျက်သွားပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်း မီးတဟုန်းဟုန်း တောက်နေသော သံချပ်ကာတစ်စုံ ပေါ်လာသည်။ သူက ဖမ်းဆုပ်လိုက်သောပုံစံဖြင့် ညာလက်ကို ဆန့်ထုတ်ကာ ဧရာမမီးလှံကြီးအား ပေါ်လာစေသည်။ သူသည် ၎င်းကို ကိုင်စွဲရင်း လာနေသော မန်ဟို့ထံသို့ စိုက်ချလိုက်၏ ။

လှံက နားကွဲလုအောင် တရွှီးရွှီး မြည်ရင်း ရွေ့လျားလာပြီး မရေမတွက်နိုင်သော မီးတောင်များ ၎င်း၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ ၎င်းကား ခမ်းနားကြီးကျယ်စွာဖြင့် မန်ဟို့ထံ ပြေးဝင်သွားလေသည်။

မန်ဟိုက အေးစက်စက် နှာမှုတ်၍ သူ၏ကိုယ်ပိုင်တောင်များကို ဆင့်ခေါ်ကာ ထိုနည်းတူ ရင်သပ်ရှုမောဖွယ်ကောင်းသော ဧရာမ‌တောင်တန်းကြီးတစ်တန်းအား ဖော်ဆောင်လိုက်သည်။ သို့သော် ၎င်းကား ငှက်မွှေး၏အသွင်ပြောင်းစွမ်းအားကြောင့် ကြည့်ရှုနေသူများ၏အမြင်တွင်တော့ မြစ်ကြီးတစ်စင်းပင်။ ၎င်းက မီးတောင်များကို အုန်းခနဲ ဝင်တိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် မန်ဟို၏ဓမ္မဆင်းတုက သူ၏အနောက်တွင် ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် ချန်ဟိုက ခေါင်းနောက်လှန်ကာ မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် ကိုယ်ပိုင်ဓမ္မဆင်းတုကြီးပေါ်လာသည်။ ၎င်းသည် အကြေးခွံမျာ ဖုံးနေသော အလောင်းကြီးတစ်လောင်းဖြစ်ပြီး အနက်ရောင်မီးတောက်များ ဟုန်းဟုန်းတောက်နေ၏။ ၎င်းက မန်ဟို၏ဓမ္မဆင်းတုကို ချက်ချင်း ရင်ဆိုင်လိုက်သည်။

ဓမ္မဆင်းတုနှစ်‌ခု ဝင်တိုက်သွားသောအခါ မန်ဟိုက ကြယ်ခူးသိုင်းကို သုံးလိုက်သည်။ ချန်ဟိုမှာ တွန်းမလှန်နိုင်သော ကြောက်စရာအားကြီးတစ်ရပ်က သူ့ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သဖြင့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ချန်ဟိုသည် ဒေါသတကြီး ဟိန်းဟောက်ရင်း သူ၏မီးသံချပ်ကာကို ဖောက်ခွဲလိုက်ကာ ပေါက်ကွဲအားကို အသုံးပြု၍ မန်ဟို၏ ကြယ်ခူးသိုင်းကို တိုက်ခိုက်လိုက်သည်။

ချန်ဟို၏မျက်နှာပျက်သွားပြီး သွေးများ သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ ဤအခိုက်အတန့်တွင် သူသည် မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရသည့်တိုင် မည်သို့ဆိုစေ ဆက်လက်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သေး၏။

သို့သော် သူ၏မီးသံချပ်ကာ ပေါက်ကွဲသွားသည့်အခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများသည် ပြင်းပြသော တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာ၏။ သူက ရှေ့သို့ဆက်လှမ်းလာသည်။ တဟုန်းဟုန်း တောက်နေသော မီးတောက်များပင်လျှင် သူ ရှေ့တက်‌လာနေသည်ကို မဟန့်တားနိုင်ပေ။ သူက မီးပင်လယ်ကို ဖြတ်လျှောက်လာရင်း မာန်သွင်းဟိန်းဟောက်လိုက်၏။

ဟိန်းဟောက်သံက သစ်ရွက်တစ်ရွက်လုံးကို တုန်ခါသွားစေပြီး တာအိုသစ်ပင်၏အပြင်သို့ပင် ဟိန်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ဟိန်းဟောက်သံသည် ကြီးမားသောလေပြင်းကြီးအား ဖြစ်တည်လာစေကာ မီးပင်လယ်ကို ခွင်း၍ ချန်ဟိုထံ တန်းတန်းမတ်မတ် ဦးတည်နေသော လမ်းတစ်လမ်းအား ဖော်လိုက်သည်။

ချန်ဟိုမှာ ဤဖန်မု မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာပျက်သွားသည်။ ဤတိုက်ပွဲအခိုက်အတန့်မှာမှ သူ၏ပြိုင်ဘက်မှာ လက်ဖျားခါလောက်အောင် ကြောက်စရာကောင်းကြောင်း သူ နားလည်လိုက်လေသည်။ မှော်သိုင်းများ၊ နတ်ဘုရားစွမ်းရည်များကား ဒုတိယသာ။ အဓိကအချက်က သူ၏မယုံကြည်နိုင်ဖွယ် စွမ်းအင်ပင်။

"သူ့အရှိန်အဝါက အနိုင်ယူလို့မရတဲ့အရှိန်အဝါပဲ" ချန်ဟိုက ရူးသွပ်မှုတို့ မျက်ဝန်းများတွင် တောက်ပလာရင်း ပြောသည်။ သူသည် လျှာကို ကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်၏။ သွေးများက ချော်ရည်အသွင်ပြောင်းကာ ‌မန်ဟို့ထံ ပြေးဝင်သွားသော ချော်ကျောက်ခဲများအဖြစ် ပေါက်ကွဲသွားသည်။

မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ညာလက်ချောင်းတစ်ချောင်းကို ဆန့်တန်းကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား မီးတောက်များနှင့် လာနေသော ချော်ကျောက်ခဲများဆီသို့ ထုတ်လွှတ်လိုက်သည်။ အပြင်လူတစ်ယောက်မှ ဘာဖြစ်သွားသည်လဲ မပြောနိုင်သည့်တိုင် ချန်ဖန်းမှာ ကျင့်ကြံခြင်းအခြေခံလည်ပတ်မှု ရပ်သွားသည်ကို ခံစားလိုက်ရသဖြင့် မျက်စိမျက်နှာပျက်သွားသည်။

ထိုရပ်သွားမှုအတွက် တန်ကြေးကား ...

မန်ဟိုက ချော်ကျောက်ခဲများနှင့် မီးပင်လယ်တစ်စင်းလုံးကို အဝေးသို့ လိမ့်ထွက်သွားစေရင်း အနားကပ်လာသည်။ ထို့နောက် ချန်ဖန်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ အုန်းခနဲ အသံကြီး မြည်ဟည်းသွားစဉ် ချန်ဖန်း၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူ့အတွက် သက်သာလာရန် တခဏသာ ကြာလိုက်ပြီးနောက် မီးတောက်တစ်စက သူ၏မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ သူသည် သူ၏ကျောခိုင်းထားသော ကိုယ်ဟန်အနေအထားကို အခွင့်ကောင်းယူရင်း ညာခြေကို မန်ဟို၏ခေါင်းထံသို့ လွှဲကန်လိုက်၏။

တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဖြတ်လိုက်သော အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် ပေါ်လာသည်။

"မီးနတ်ဆိုး အသွင်ကူးပြောင်းခြင်း" သူက အော်ဟစ်လိုက်သည်။

ဤတိုက်ပွဲသည် နဝမတောင်ပင်လယ်ရှိ မျက်လုံးအားလုံး၏ အာရုံစိုက်ရာ ဖြစ်လေ၏။ ယခုတွင် မန်ဟို့စွမ်းအားက အနိုင်ယူဖို့ မည်မျှခက်ခဲကြောင်း သူတို့ မြင်လာနေရလေပြီ။ ချန်ဟိုလည်း တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ တိုက်ခိုက်နေစဉ်အတောအတွင်း သူတို့နှစ်ယောက်သည် ခုခံဖို့ အချိန်မဖြုန်းဘဲ အဆက်မပြတ်သာ တိုက်ခိုက်‌ကြ၏။

မန်ဟိုက ချန်ဟို၏ နောက်ပြန်ကန်ချက်ကို မရှောင်။ သူက ဘယ်လက်ကို မြှောက်၍ ချန်ဟို၏ ခြေကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ တုန်ခါလှိုင်းတို့အား ၎င်းအတွင်း ပို့လွှတ်လိုက်သည်။ ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး ချန်ဟိုမှာ ‌သွေးတချို့ အန်လိုက်ရ၏။ သို့သော် ဤတစ်ခေါက်တွင် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးကား အနီရောင်ပြောင်းနေလေပြီ။

ဤအနီရောင်သည် သွေးနီရောင်မဟုတ်၊ မီးအနီရောင်ပင်။

သူ၏ခန္ဓာကိုယ်ထဲရှိ သွေးအားလုံး ချော်ရည်အဖြစ်ပြောင်းသွားသည့်အလား၊ မီးတောက်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံရင်း သူ၏ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လာသည်။ သူ၏အရေပြားမှာ မီးဒဏ်ကို မခံနိုင်တော့၍ အက်ကွဲစပြုလာ၏။ မကြာမီ အကွဲကြောင်းများ၊ စုတ်ပြဲဒဏ်ရာများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေပြီ။

သို့သော် သူ၏စွမ်းအင်မှာ ‌မြင့်တက်လာပြီး မန်ဟို သူ့ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်တိုင် သူက ကြုံးဝါးပြီး မန်ဟို့ထံသို့ မီးတောက်များအား ပို့လွှတ်လိုက်၏။

မန်ဟိုက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ‌ကိုင်ထားသည်ကို လွှတ်ကာ ခြေထောက်ဖြင့် ‌ပြင်းပြင်းကန်ထည့်လိုက်သည်။ အုန်းခနဲ အသံကြားလိုက်ရပြီး ချန်ဟိုမှာ နောက်သို့ မီတာဒါဇင်အနည်းငယ် လွင့်ထွက်သွားတော့သည်။

"ခန္ဓာကိုယ်အသွင်ပြောင်းခြင်းမှော်ကျင့်စဉ် ဟုတ်လား" မန်ဟိုက အေးစက်စက် ပြောသည်။ "အေး ဒါဆိုလဲ မင်း မူလပုံစံ‌ပြန်ပြောင်းသွားအောင် ရိုက်ရုံပဲရှိတာပေါ့" သူသည် လင်းတကြီးအသွင် ရုတ်တရက် ပြောင်းကာ အံ့ဖွယ်အမြန်နှုန်းဖြင့် ရှေ့တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ချန်ဟို၏အရှေ့တည့်တည့်တွင် ပေါ်လာပြီး ခြေသည်းများဖြင့် ကုတ်ချလိုက်သည်။ ထို့နောက် မန်ဟိုသည် လူပုံစံပြန်ပြောင်း၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။

ဝုန်းးးးးးးးး အသွင်ပြောင်းပြီးနောက်တွင် ချန်ဟိုသည် မန်ဟို့ကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်သွားပြီဟု ထင်ခဲ့၏။ သို့သော် မန်ဟိုထံမှ လက်သီးချက်အနည်းငယ်က သူ့ကို လေဆင်နှာမောင်းကြီးများသဖွယ် ဝင်ဆောင့်လိမ့်မည်ဟု မတွေးထားခဲ့ပေ။ အင်အားနှင့် အမြန်နှုန်းမှာ မယုံနိုင်ဖွယ်‌ကောင်းလှသဖြင့် သူ့မှာ တောင့်မခံနိုင်လုနီးပါး ဖြစ်သွား၏။ သူ ခုခံဖို့ ကြိုးစားလိုက်သည့်အခိုက်အတန့်မှာပင် မန်ဟို၏နတ်ဘုရားအာရုံသည် သူ့အပေါ် ဖိချလိုက်သော ကြောက်ခမန်းလိလိ နင်းခြေခြင်းအားကြီးတစ်ရပ် အသွင်ပြောင်းသွားတော့သည်။

***

All Chapters