← Chapters

ဆဋ္ဌမ မိစ္ဆာချုပ်နှောင်မန္တန်

Vol. 63 Ch. 881

ဆဋ္ဌမ မိစ္ဆာချုပ်နှောင်မန္တန်

Vol. 63 Ch. 881

" သေစမ်း " မန်ဟို၏ မျက်နှာပျက်ယွင်းသွားသည်။ စောစောက ဖြစ်သွားခဲ့သော အရာအားလုံးမှာ အိပ်မက်တစ်ခုအလားပင်။ ချင်းသွော်သွော် သူ၏ နတ်ဆိုးစိတ်ဆန္ဒကို လွှတ်ပေးခဲ့စဉ်တုန်းက ၎င်းသည် မန်ဟို၏ စိတ်အခြေအနေအပေါ် လွှမ်းမိုးသွားစေခဲ့ပြီး သူ၏ ပင်ကိုယ်စရိုက်ကိုလည်း ပြောင်းလဲပစ်ခဲ့၏။ သူသည် တည်ငြိမ်ပြီး သွေးအေးပုံ ရခဲ့သော်လည်း တကယ်တမ်း ၎င်းမှာ အပြင်ပန်းအရသာ ဖြစ်ခဲ့၏။ သူ့မှာ သူ့ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသမျှနှင့် ပက်သက်ပြီး ဘာဆိုဘာမှ မသိခဲ့ချေ။

အခြေအနေကို သိခြင်းဆိုသည်မှာ နတ်ဆိုးစိတ်ဆန္ဒနှင့် သွေဖယ်နေသော အရာတစ်ခုဖြစ်၏။

ယခုတွင် သူ့မှာ ပြိုင်ကွင်းမှ အပြင်သို့ ထုတ်ဖယ်ခံနေရလေပြီ။ စောစောလေးက သူ ထုတ်လွှတ်ခဲ့သော ပြင်းထန်သည့် စွမ်းအားကြောင့် နတ်ဆိုးစိတ်ဆန္ဒမှာ ဆူပွက်သွားခဲ့ပြီး သူ့ကို ပြိုင်ကွင်း၏ အပြင်သို့ နှင်ထုတ်လိုက်သော အားကြောင့် ၎င်းမှာ တစ်၀က်ကျော် လွင့်ပျယ်သွားခဲ့သည်။ ထို့ကြောင့် မန်ဟို၏ အသိစိတ်မှာ လွှမ်းမိုးခြင်းမခံရတော့ချေ။ သူ့မှာ အိပ်မက်မှ နိုးထလာသည့် အလားပင်။

ကျန်နတ်ဆိုးစိတ်ဆန္ဒကို ဖယ်ထုတ်ဖို့ စိုးရိမ်နေရန် အချိန်မရှိ။ မန်ဟိုမှာ ယခုတွင် အန္တရာယ်ဝဲကြီး၏ အလယ်သို့ ရောက်ရှိနေလေပြီ။ သူ ပြိုင်ကွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းတစ်ပိုင်းပြတ်လူက အနားကပ်လာပြီး သူ့ကို လှမ်းဆွဲလိုက်သည်။

ထိုလူ၏ လက်မှာ ရေခဲတမျှ အေးစက်နေပြီး ၎င်း မန်ဟို့ကို ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟို့တစ်ကိုယ်လုံး အေးခဲသွား၏။ သူက ရုန်းကန်ရန် ပြင်တော့မည်အချိန် မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ခေါင်းတစ်ပိုင်းပြတ်လူ လုပ်ခဲ့သော အရာ၏ ရလဒ်ကား မန်ဟို့အတွက် အလွန်ရင်းနှီးနေသော မှော်ပညာရပ်တစ်ခု ဖြစ်သည်။

၎င်းကား အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပင်။

တခဏအတွင်း မန်ဟိုမှာ တုပ်တုပ်မှ မလှုပ်နိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် သူ၏ အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံ၊ အရာအားလုံးမှာ စုပ်ယူခံနေသည့်အလား ခေါင်းတစ်ပိုင်းပြတ်လူထံသို့ ချက်ချင်း စီးမျောသွားနေသည်။ မန်ဟို ချာချာလည် မူးဝေနေစဉ် ခေါင်းတစ်ပိုင်းပြတ်လူက မန်ဟို့ကို ဆုပ်ကိုင်ရင်း မြူထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

၎င်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး မန်ဟိုကား တာအိုသစ်ပင်ပေါ်ရှိ မည်သူမျှ မတုံ့ပြန်နိုင်ခင် ပျောက်ကွယ်သွားခဲ့လေပြီ။

လင်းယွင်ကျစ်၏ မျက်နှာပျက်သွားပြီး သူက လေပေါ် ပျံတက်လိုက်၏။ သို့သော် သူသည် အနန္တဟင်းလင်းပြင်ကြီးကို လှမ်းကြည့်လိုက်လျှင် စိတ်ပူနေသည့်တိုင် မြူထဲသို့ လိုက်သွားရန် မဖြစ်နိုင်ကြောင်း သိလေသည်။

ကျန်အဘိုးကြီးနှစ်ယောက်မှာလည်း မျက်နှာများသုန်မှုန်နေလျက် မန်ဟိုပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်နေကြ၏။

တာအိုသစ်ပင်ပေါ်ရှိ လူတိုင်းမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်သွားခဲ့ပြီး ဘယ်သူမှ မထင်ထားခဲ့သော အရာဖြစ်လေသည်။ ကျောက်ရီဖန်းမှာမူ တာအိုသစ်ပင်အောက်တွင် သတိလစ်မေ့မြောလျက် သေအံ့မူးမူး ဖြစ်နေ၏။

န၀မတောင်နှင့် ပင်လယ်၏ အပြင်မှ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော ကျင့်ကြံသူအားလုံးမှာ စိတ်နှလုံးတုန်ရီနေကြသည်။ ခေါင်းတစ်ပိုင်းပြတ်လူ မန်ဟို့ကို  ဆွဲခေါ်သွားသည်ကို ကြည့်နေစဉ် မယုံကြည်နိုင်သော အမူအရာများက သူတို့၏ မျက်နှာများအပေါ်တွင် ပေါ်လာသည်။

" သူ ပထမနေရာ ရသွားတယ်လေ ဒါပေမယ့်….."

" ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ဒါမျိုး ဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး "

" သေစမ်း သူက ပထမနေရာ ရသွားတာလေ။ သူက ကျောက်ရီဖန်းကို အနိုင်ယူခဲ့တာ။ နတ်မီးလျှံစမ်းသပ်ပွဲမှာ ပထမနေရာရခဲ့ပြီး ပြိုင်ကွင်းတိုက်ပွဲတွေမှာလည်း ပထမနေရာရခဲ့တယ်။ သူက န၀မတောင်နဲ့ ပင်လယ်မှာ ထင်ရှားကျော်ကြားလာရမှာလေ။ ဘယ်လိုလုပ်ပြီး ဒါမျိုး အဆုံးသတ်သွားရတာတုန်း "

"အင်မော်တယ်အပျက်အစီးများနယ်က ဒီလောက်တောင် အန္တရာယ်များလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။ အဲဒါတောင် ဘယ်လိုဖြစ်ပြီး ဒီလိုနေရာမျိုးမှာ ပြိုင်ကွင်းတိုက်ပွဲတွေကို ကျင်းပနေသေးတာတုန်း "

န၀မတောင်နှင့် ပင်လယ်ရှိ လူအုပ်ကြီးမှာ စိတ်တိုနေကြ၏။ သူတို့သည် ဖန်မု ထွန်းတောက်ကျော်ကြားလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အတော်များများက သူ့ကို အနာဂတ်၏ ပါရာဂွန်အလောင်းအလျာအဖြစ် မြင်ခဲ့ကြသော်လည်း ၎င်းကား တခဏအတွင်း ပျောက်ကွယ်သွားခဲ့ချေပြီ။

တစ်ချို့လူများကတော့ စိတ်သက်သာရာ ရနေကြ၏။ ဖန်မုမှာ သူနှင့် မျိုးဆက်တူ ကျင့်ကြံသူများအား စိတ်ဖိစီးစေသည်အထိ အစွမ်းထက်ပေသည်။ သူတို့အတွက်တော့ သူ ယခုလို ပျောက်ကွယ်သွားခြင်းက အကောင်းဆုံးရလဒ်ပင်။

" ဖန်မု သေချာပေါက် သေပြီ။ အဲဒီခေါင်းတစ်ပိုင်းပြတ်လူက သူ့ကို သေအောင်သတ်ဖို့ ခေါ်သွားတာ "

"ဘယ်လောက်တောင် ကံမကောင်းလိုက်တဲ့ ရွေးချယ်ခံလဲ။ ကဲ အခုတော့ ငါ့အတွက် အနာဂတ်မှာ ပြိုင်စရာလူတစ်ယောက် လျော့သွားပြီပေါ့ "

န၀မတောင်နှင့် ပင်လယ်ရှိ လူအုပ်ကြီးများ ဆူညံပွက်လောရိုက်နေစဉ် ကြယ်တာရာကောင်းကင်ထက်ရှိ ခေါင်းဆောင်ကြီးများမှာ အံ့ဩလျက် ကြည့်နေကြသည်။ တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများလည်း တင်းမာခက်ထန်သော အမူအရာများကို ဆင်မြန်းလျက် ဖြည်းဖြည်းချင်း ထရပ်လိုက်ကြသည်။ စစချင်း သူတို့သည် မန်ဟို ပျောက်ကွယ်သွားခဲ့သော နေရာကို ကြည့်ပြီးနော် တာအိုသစ်ပင်၏ အပေါ်တွင် ပျံဝဲနေသော အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ကြသည်။

အမျိုးသမီးက ကျောက်ရီဖန်းကို ငုံ့ကြည့်ပြီး ဟင်းလင်းပြင်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူမသည် တစ်ယောက်တည်း ပွစိပွစိပြောနေပုံ ရပြီးနောက် ရုတ်တရက် မန်ဟို ထွက်သွားခဲ့သော နေရာသို့ လှည့်၍ ပျောက်ကွယ်သွားတော့သည်။

ဤအခြင်းအရာကို မြင်သောအခါ တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများက အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားတော့၏။

" ဖန်မု မသေလောက်ဘူး "

" ငါတို့ ဒီတစ်ခေါက်တော့ အောင်မြင်ကောင်း အောင်မြင်လောက်တယ် "

"အက်ရှလွန်။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ န၀မတောင်နဲ့ ပင်လယ်က လူတစ်ယောက်ကို အက်ရှလွန်ထဲ ပို့လိုက်နိုင်ပြီ "

အရှေ့အောင်ပွဲဂြိုလ်တွင် မှီခိုရာဂိုဏ်းချုပ်သည် ကြယ်များကြား၌ ပျံဝဲနေ၏။ သူ၏ မျက်လုံးများမှာ အံ့ဩမှင်သက်စွာ ပြူးကျယ်နေပြီး ဝဲမှန်သားပြင်ကို ကြည့်ကာ အသက်ပြင်းပြင်းရှုနေ၏။

" အဲ့ ခွေးသူတောင်းစားလေး အခုလိုပဲ သေသွားမှာလား။ မဖြစ်နိုင်ဘူး။ အဲ့ခွေးသူတောင်းစားလေးကို ဒီလို အလွယ်တကူ ဖယ်ရှားလိုက်ရင် ဘယ်လိုလုပ်ပြီး တရားမျှတတော့မှာတုန်း။ နေပါဦး။ ဒါပေမယ့် အဲ့ခေါင်းတစ်ပိုင်းပြတ်လူက ရင်းနှီးနေသလိုပဲ "

ဒသမ၀မ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားနေသော ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ခေါင်းအထက်ရှိ ဝဲမှန်သားပြင်ပေါ်၌ ဖြစ်ပျက်နေသော မြင်ကွင်းများကို တိတ်ဆိတ်စွာ ကြည့်နေ၏။

ခွန်လွန်အစည်းအရုံးတွင် ဆေးလုံးမိစ္ဆာမှာ တုန်ရီနေပြီး စူးရှသော အလင်းရောင်တစ်ခု  သူ၏ မျက်လုံးများမှ ဖြာထွက်လာသည်။ သူသည် မန်ဟို အလွယ်တကူ အသတ်ခံရလိမ့်မည်ဟု မယုံကြည်သော်လည်း ၎င်းက အင်မော်တယ်အပျက်အစီးများနယ်မြေဖြစ်နေသည် မဟုတ်ပါလော။

ချူယွီယန်မှာလည်း တုန်ရီနေသည်။ သူမ၏ အသက်ရှုသံများမှာ ကပေါက်ကချောက် ဖြစ်လာပြီး သူမမျက်နှာလေးမှာ  စက္ကူရွက်လို ဖြူဖတ်လာသည်။ သူမမှာ မန်ဟို အမှန်တကယ် သေဆုံးသွားသည်ဟု မယုံကြည်ရဲပေ။ သူမသည် စွမ်းအင်အကုန်လုံး ကုန်ခမ်းသွားသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ မျက်ရည်များမှာ သူမ၏ ပါးပြင်တလျှောက် စီးကျလာသည်။

" သူ သေမှာ မဟုတ်ဘူး "

တောင်ကောင်းကင်ဂြိုလ်အရှေ့ဘက်နယ်မြေတွင် မန်ဟို့မိဘနှစ်ပါးသည် လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း မျက်နှာ ဖြူဖတ်ဖြူရော်နှင့်ထိုင်နေကြ၏။ ဖန်ရှုံ့ဖန်း၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်တို့က ဖြစ်တည်လာခဲ့လေပြီ။

အသက်အနည်းငယ် ရှိုက်သွင်းပြီးနောက် သူက ဟိန်းဟောက်လိုက်သည်။ "ဟိုအာက ငယ်ငယ်ရွယ်ရွယ်နဲ့ သေမယ့်လူစားမျိုးမဟုတ်ဘူး။ သူ အသတ်ခံရမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ တကယ် သေသွားခဲ့ရင် ငါကျိန်တယ်။ ဒီဂြိုလ်ကို ငါ ဆက်လက်ပြီး စောင့်ရှောက်ပေးမယ်။ ဒါပေမယ့် နှစ်ပေါင်းတစ်သိန်းကုန်ဆုံးသွားခဲ့ရင် ငါကိုယ်တိုင်ဂိတ်တံခါးကို ဖွင့်ပြီး နတ်ဆိုးတွေကို လွှတ်ပြီးတော့ တာအိုဆရာအစည်းအရုံးသုံးခုကို ငါ့သားနဲ့အတူ မြေမြုပ်သင်္ဂြိုလ်ပစ်မယ်

ဒါ့အပြင် အင်မော်တယ်အပျက်အစီးနယ်က သဂြိုဟ်ပစ္စည်းတွေ ဖြစ်စေရမယ် "

ချန်ဖန်း၊ ဖက်တီးနှင့် လီရှိချီတို့မှာ ဖြစ်ပျက်သွားခဲ့သည့်အရာကို မြင်သောအခါ မယုံကြည်နိုင်စွာ တုန်ရီလာကြသည်။

န၀မတောင်နှင့်ပင်လယ်တွင် အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်နေ၏။ မန်ဟိုကား ယခုလေးတင် ပထမနေရာကို ရခဲ့သော်လည်း မည်သည့်နေရာကိုမှန်းမသိ ပျောက်ကွယ်သွားခဲ့လေပြီ။

**

အမှန်အတိုင်း ပြောရလျှင် မန်ဟိုကား မသေပေ။

ခေါင်းတစ်ပိုင်းပြတ်လူက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း မြူကို ထိုးခွဲသွားနေ၏။ အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံနှင့် အရှိန်အဝါတို့ကို ထိုလူက စုပ်ယူနေ၍ မန်ဟို့တစ်ကိုယ်လုံး တုန်ရီနေလေသည်။

တဖြည်းဖြည်း ထိုလူ့ခေါင်း၏ အသွေးအသားတို့မှာ ပြည့်လာသည်။ သူ၏ အရှိန်အဝါသည် သေခြင်းအငွေ့အသက်တို့ တစတစ လျော့နည်းလာပြီး အသက်စွမ်းအားအနည်းငယ်အား ခံစားလာရ၏။ သို့သော် သူကား အသိစိတ်မရှိသေးဘဲ အလိုအလျောက် ပြုမူနေသည့်အလားပင်။

မန်ဟိုမှာ လှုပ်ရှား၍ မရသည့်အပြင် သူ၏ အတွေးများမှာ တောင်စဉ်ရေမရ ဖြစ်နေသည်။ ရေခဲတမျှ အေးစက်မှုက သူ၏ ခန္ဓာကိုယ်တွင် အပြည့်နေရာယူထား၏။ သို့သော်လည်း သူ၏ အသက်စွမ်းအားများ စုပ်ယူခံနေရစဉ် သူ့ကိုယ်တွင်း၌ ကျန်ရှိနေသော နတ်ဆိုးစိတ်ဆန္ဒမှာလည်း စုပ်ယူခံနေရလေသည်။

ခေါင်းတစ်ပိုင်းပြတ်လူသည် နတ်ဆိုးစိတ်ဆန္ဒကို စုပ်ယူနေစဉ် ရုတ်တရက် တုံ့ခနဲ ရပ်လိုက်ပြီးနောက် အနက်ရောင်အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်တွင် ကခုန်လာ၏။

ထိုလူသည် ယခင်က နတ်ဆိုးစိတ်ဆန္ဒ၏ မီးတောက်များကို ကြောက်လန့်ခဲ့ပြီး ယခုတွင် မန်ဟို့ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားကို စုပ်ယူနေသည့်အတွက် သူကိုယ်တိုင်မှာ လောင်ကျွမ်းစပြုရာ သူ၏ မျက်နှာပေါ်တွင် ဝေဒနာကြီးစွာ ခံစားနေရသောအမူအရာတစ်ခု ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် လှုပ်ရှားနိုင်သွား၏။ သူလည်း စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ချက်ချင်း အံ့အားသင့်သွားတော့သည်။

"သူ…သူက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို သုံးနိုင်တယ်လား " သူကတွေးသည်။ " မဟုတ်မှ ဒီလူလည်း မိစ္ဆာချုပ်နှောင်သူအဖွဲ့ကလား

"အဲ့ဓားမှာ ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ပါရှိပြီးတော့ သူ့ဘေးကို စိုက်၀င်နေတယ်။ မိစ္ဆာချုပ်နှောင်သူတွေအချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် သူကိုယ်တိုင် ချုပ်နှောင်တဲ့အနေနဲ့ ဓားကို သူ့ကိုယ်သူ ထိုးခဲ့တာ ဖြစ်မယ် " မရေမတွက်နိုင်သော ခန့်မှန်းချက်များက မန်ဟို့ခေါင်းထဲတွင် ပြည့်နှက်သွားတော့သည်။ ဤအခိုက်အတန့်တွင် သူ့မှာ တွေးတောနေရန် အချိန်မရှိပေ။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။ သူ၏ အင်မော်တယ်အကြောမှ အင်မော်တယ်ချီကို ထုတ်လွှတ်လာပြီး သူသည် ၎င်းကို အသုံးပြု၍ ခေါင်းတစ်ပိုင်းပြတ်လူထံမှ ရုန်းထွက်လိုက်သည်။ ကံဆိုးစွာဖြင့် ထိုလူမှာ အလွန်တရာအစွမ်းထက်သဖြင့် မန်ဟို့၏ အားထုတ်မှုများမှာ အချည်းနှီးဖြစ်သွားလေသည်။

သို့သော် မန်ဟိုကား ထိုလူနှင့် တိုက်ခိုက်ရန် စိတ်မ၀င်စား။ သူသည် လှုပ်ရှားနိုင်လိုက်သော အခိုက်အတန့်လေးကို အခွင့်ကောင်းယူ၍ ထိုလူ၏ခါးတွင် စိုက်၀င်နေသော ဓားကို ဆွဲထုတ်လိုက်၏။

ဓားကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ သိုလှောင်အိတ်ထဲတွင် ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းသည် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် ခေါင်းတစ်ပိုင်းပြတ်လူက မချိတင်ကဲ အော်ဟစ်လိုက်သည်။ ဤသို့ ဖြစ်ပျက်နေစဉ် မန်ဟိုက စွမ်းအားအလုံးစုံကို အသုံးပြုရင်း ဓားကို ထိုလူ၏ ခါးမှ ဆွဲထုတ်လိုက်၏။

သူ ဓားကို ထုတ်လိုက်သည့်အခါ အနက်ရောင်သွေးများ ပန်းထွက်လာသည်။ ထိုလူမှာ တုန်ခါသွားပြီး မန်ဟို့ကို လွှတ်ပြီးနောက် မျက်နှာဖြူဖတ်ဖြူရော်နှင့် ပါးစပ်မှ သွေးများအန်ရင်း နောက်သို့ ဆုတ်သွားသည်။

မန်ဟိုမှာ အသက်စွမ်းအားများစွာ ဆုံးရှုံးခဲ့ရသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံလည်း ပရမ်းပတာ ဖြစ်နေသေးလေသည်။ သူ့မှာ အလွန် ကျဉ်းထဲကြပ်ထဲ ရောက်နေသည့်တိုင် တခဏလေးပင် မရပ်နားဘဲ လွှတ်မြောက်ဖို့အတွက် အရှိန်အသားကုန် တင်လိုက်သည်။

ခေါင်းတစ်ပိုင်းပြတ်လူမှာ တုန်ရီသွားပြီး သူ၏ လက်ကို ဒဏ်ရာပေါ် ဖိလိုက်၏။ သို့သော်လည်း သူ မည်သို့ပင် လုပ်စေကာမူ သွေးများက ဒဏ်ရာမှ ဆက်လက်စီးကျနေဆဲဖြစ်သည်။

" ငါ ဘယ်သူလဲ…. ငါက… ဘယ်သူလဲ " ထိုလူက တွေဝေနေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သူ၏ စကားလုံးများ ပဲ့တင်ထပ်နေစဉ် သူ၏ စိတ်မှာ ပရမ်းပတာ ဖြစ်နေသယောင်ပင်။

" ငါ့ဓား … ငါ့ဓား " သူ၏ စကားလုံးများ ဟိန်းထွက်နေစဉ် သူ့ခန္ဓာကိုယ်မှ စီးကျလာနေသော သွေးများက ရုတ်တရက် သွေးမြွေများအဖြစ် စုခဲလာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဦးမျှင်ရှည်များ ဖုံးလွှမ်းနေပြီး အတိုင်းထက်အလွန် အဆိပ်ရှိပုံရသည်။ မြွေများက ပတ်၀န်းကျင်တစ်ခုလုံး ပြည့်သည်အထိ ထိုလူ၏ ဒဏ်ရာမှ ‌‌တရဟော ထွက်လာ၏။ အရေအတွက်ကား တစ်ထောင်နီးပါး ရှိလေသည်။

မန်ဟို့မှာ ခေါင်းနပန်းကြီးလာသည်။

ဤအခိုက်အတန့်တွင် အဝေးမှ ရွှီးခနဲ လေတိုးသံတစ်သံ ကြားလိုက်ရ၏။ အနက်ရောင်လေက ပျက်စီးပုပ်သိုးနေသော သိမ်းငှက်ကြီး၊ မန်ဟို တာအိုသစ်ပင်၏အပြင်တွင် မြင်တွေ့ခဲ့‌သောအရာများနှင့်အတူ ချဉ်းကပ်လာသည်။ သိမ်းငှက်ကြီးက ခေါင်းတစ်ပိုင်းပြတ်လူထံသို့ တန်းတန်းမတ်မတ် ဦးတည်ရင်း လောဘတကြီး ချဉ်းကပ်လာနေ၏။

၎င်းနီးကပ်လာသည့်အခါ ထိုလူက တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီးနောက် မျက်လုံးများ တောက်ပလာပြီး ညာလက်ကို မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သိမ်းငှက်ကြီးကို လက်ညှိုးထိုးလိုက်သည်။

‌အဋ္ဌမ မိစ္ဆာချုပ်နှောင်မန္တန်။

ထိုလက်ချောင်းလေး‌အဝှေ့က ဧရာမသိမ်းငှက်ကြီးကို တုံ့ခနဲ ရပ်သွားစေပြီး‌နောက်  အောက်သို့ ပြုတ်ကျသွားစေ၏။

မန်ဟို စိတ်နှလုံးတုန်ရီသွား၏။

ထို့နောက် ပုံရိပ်များစွာ ပေါ်လာသဖြင့် မြူများ တထောင်းထောင်းထလာသည်။ သူတို့ထဲမှ တစ်ယောက်က လူတစ်ပိုင်း၊ မြွေတစ်ပိုင်းကျင့်ကြံသူဖြစ်ပြီး အားလုံးက ထိုလူ၏ ဒဏ်ရာမှ ထိုးထွက်လာနေသော အဆိပ်ပြင်းသွေးမြွေများကို အငမ်းမရ ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများအရ ရတနာများကို စိုက်ကြည့်နေသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က မိုက်မိုက်ကန်းကန်း ရှေ့တက်လာကြသည်။

" ငါက ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူ " သူသည် လာနေသော ပုံရိပ်များကို တွေတွေဝေဝေကြည့်နေ၏။ သူ၏လက်က ခါးရှိဒဏ်ရာကို ဖိထားပြီး သွေးမြွေများ ထွက်မသွားအောင် ဟန့်တားဖို့ ကြိုးစားလိုက်သည်။ သူ၏ မျက်လုံးများတွင် ကြည်လင်ပြတ်သားသော အရိပ်အယောင် ရုတ်တရက် ပေါ်လာသည်။

" ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ရှင်ခြင်း‌သေခြင်းမန္တန် "

ထို့နောက် သူက လက်ချောင်းကို‌ ဝှေ့ယမ်းလိုက်၏။

***

All Chapters