← Chapters

နတ်မီးတောက်၏ အဆီအနှစ်

Vol. 64 Ch. 887

နတ်မီးတောက်၏ အဆီအနှစ်

Vol. 64 Ch. 887

ရွှေရောင်သားရဲကြီးက မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် အဆင့် (၁) အထပ်ရှိ ကျန်သားရဲအကုန်လုံးသည် မန်ဟို တံခါးကြီးထံ လျှောက်သွားနိုင်အောင် လမ်းဖယ်ပေးကြ၏။

မန်ဟိုက တံခါးကိုသာ မမှိတ်မသုန်ကြည့်ရင်း သားရဲများအကြား ဖြတ်လျှောက်လာလေသည်။ ရုတ်တရက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အရှိန်အဝါအား ပိုင်ဆိုင်ထားသော ညာဘက်ရှိ ဧရာမသားရဲကြီးတစ်ကောင်က မာန်ဖီ၍ မန်ဟို့အပေါ် ခုပ်အုပ်လိုက်သည်။

မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းသာဖြစ်ပြီး သားရဲကို ကြည့်ပင်မကြည့်ပေ။ သူသည် ညာလက်ကိုသာ မြှောက်ပြီး ၎င်း၏နဖူးထံသို့ ဖမ်းဆုပ်လိုက်သည့်လှုပ်ရှားမှုတစ်ခု လုပ်လိုက်၏။

ဧရာမသားရဲကြီး၏အရွယ်အစားနှင့်ယှဉ်လျှင် မန်ဟို၏လက်မှာှာ လွန်စွာသေးငယ်လေသည်။ သို့သော် သူက သားရဲကြီး၏ခေါင်းအား ရက်ရက်စက်စက် ဖြစ်ညစ်ဆုပ်ကိုင်လိုက်ရာ ၎င်းမှာ မချိတင်ကဲ အော်ဟစ်လာရတော့သည်။ တုံ့ပြန်သည့်အနေဖြင့် ပတ်ဝန်းကျင်ရှိ သားရဲများသည် ဒေါသတကြီး ထလာကြ၏။

မန်ဟိုကတော့ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဆက်လျှောက်သွားနေသည်။ သူသည် ညာလက်ကို မလျှော့ပေးဘဲ ဧရာမသားရဲကြီးအား သူနှင့်အတူ တရွတ်တိုက်ဆွဲရင်း လျှောက်သွားနေခြင်းဖြစ်လေသည်။

တံခါး၏အောက်တွင် လဲလျောင်းနေသော ရွှေရောင်ကြီးမှာ မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။ သို့သော် ၎င်းကား နှောင့်ယှက်ခြင်းမရှိဘဲ မန်ဟို့အား တံခါးထံ ချဉ်းကပ်လာခွင့်ပေးထား၏။ မန်ဟိုက တံခါးအနားရောက်မှ လက်ထဲမှ သားရဲကို လွှတ်ချလိုက်ပြီးနောက် ရွှေရောင်သားရဲကို ကြည့်ကာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် တံခါးကို ဖြတ်၍ လျှောက်သွား၏။

ပြန်ပေါ်လာသောအခါ သူကား အဆင့် (၂) တွင်ဖြစ်ကာ နောက်ဆုံးတစ်ခေါက်က မြင်ခဲ့ရသော ကြီးကြပ်ရေးမှူးသားရဲအဖြူကြီးကို မြင်လိုက်ရသည်။ ‌နောက်ဆုံးအဆင့်မှ ‌ခြေလှမ်းတစ်လှမ်းမျှအကွာလေးတွင် တင်ပျဉ်ခွေထိုင်နေသော လုပိုင်ကိုလည်း မြင်လိုက်ရသည်။

မုတ်ဆိတ်မွှေးငုတ်စများအား လုပိုင်၏မျက်နှာအပေါ်တွင် မြင်ရပြီး သူ၏အဝတ်အစားမှာ စုတ်ပြဲနေသည်။ သို့သော် သူ၏မျက်နှာကား ဝင်းပလျက်ရှိပြီး မန်ဟို ပေါ်လာလျှင်လျင်း သူက လှမ်းကြည့်သည်။ အံ့အားသင့်သွားသော အရိပ်အယောင်က သူ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။

မန်ဟိုက အောက်တွင်ရပ်၍ ရှေးသားရဲကြီးကို မော့ကြည့်သည်။ "စီနီယာ၊ ကျုပ် အဆင့် (၃) ကို ကြိုးစားကြည့်ချင်ပါတယ်"

သားရဲကြီးက မန်ဟို့ကို ငုံ့ကြည့်ပြီး အတန်ကြာသော် ခေါင်းညိတ်လိုက်သည်။ မန်ဟိုသည် ထိပ်ဆုံးသို့ ချက်ချင်း ပျံတက်သွား၏။

သားရဲကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ၎င်း၏မျက်နှာအပေါ်တွင် အာရုံစူးစိုက်လိုက်သော အရိပ်အယောင်တစ်ခုပေါ်လာသည်။

"မင်း ပြောင်းလဲသွားပြီပဲ" သားရဲက ပြောသည်။ "အရင်တစ်ခေါက်ကထက် အဆများစွာ အစွမ်းထက်နေပြီ .... ဒါပေမဲ့ မင်းကို ငါ အကြံနည်းနည်းပါးပါး ပေးချင်တယ်။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်ရင် ဒီအဆင့် (၃) ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး

"အရင်တစ်ခေါက်က အဆင့် (၂) ကို ‌ကျော်ဖြတ်နိုင်တဲ့အတွက် မင်းအနေနဲ့ အဆင့် (၃) ကို တခဏကြည့်ခွင့်ရခဲ့တယ်။ အဲ့ဒီလိုနဲ့ မင်း သေဘေးက လွတ်သွားခဲ့တာပဲ။ ဒီတစ်ခေါက် .... မင်း မအောင်မြင်ရင် အဆင့် (၃) ကနေ ထွက်မသွားနိုင်ဘဲ အထဲမှာ သေရလိမ့်မယ်

"အဆင့် (၃) ရဲ့ စမ်းသပ်ချက်က နတ်မီးတောက်ရဲ့ အဆီအနှစ်ကို မင်းရဲ့ကိုယ်ထဲ စုပ်ယူဖို့ပဲ"

မန်ဟိုက ကြီးကြပ်ရေးမှူးကို တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သော်လည်း သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေ၏။ သူက ခေါင်းညိတ်လိုက်သည်။

သားရဲကြီးသည် ‌တဒင်္ဂ တွေးသွားသော်လည်း မန်ဟို့လမ်းကို မပိတ်ပေ။ ၎င်းက လက်ကို ဝှေ့ယမ်းလိုက်ရာ တရိပ်ရိပ်လှုပ်နေသော မီးတောက်များအား မြင်ရနိုင်သည့် ဧရာမဝဲကြီးတစ်ခုပေါ်လာသည်။ ဤမီးပင်လယ်မှာ အဆင့် (၃) သို့ ဝင်ပေါက်မှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟို အထဲသို့ ဝင်တော့မည့်အချိန် ....

လုပိုင်မှာ လှမ်းမခေါ်မိဘဲ မနေပေ။

"မန်ဟို.... ဟိုလေ ... အပြင်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ" သူသည် မြောက်ပိုင်းသဲကန္တာရ၏ ကျူးကျော်ခြင်းအစီအစဉ်များနှင့်ပတ်သက်၍ အတွင်းသိပုဂ္ဂိုလ်ဖြစ်ခဲ့၍ တောင်ပိုင်းဒေသမှာ မြောက်ပိုင်း‌သဲကန္တာရ၏လက်အောက်သို့ ကျရောက်သင့်နေပြီဖြစ်ကြောင်း သိလေသည်။ သို့သော် ယခုတော့ ယခင်ထက်ပို၍ ကြောက်စရာကောင်းသော ကျင့်ကြံခြင်းအခြေခံနှင့် မန်ဟို့ကို မြင်လိုက်ရလေပြီ။ သူကိုယ်တိုင်မှာ တတိယခွဲထွက်ခြင်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ တာအိုရှာဖွေခြင်းအဆင့်သို့ အောင်အောင်မြင်မြင် ဝင်ရောက်ခဲ့သည်။ သို့သော် သူ၏ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံနှင့်ပင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ့မှာ အလွန့်အလွန် မကောင်းသောခံစားချက်ကို ရနေ၍ မျက်နှာဖြူဖျော့လာသည်။

မန်ဟိုက တုံ့ခနဲ ရပ်ပြီး ပြန်မဖြေခင် လုပိုင်ကို တိတ်ဆိတ်စွာ တခဏ ပြန်ကြည့်သည်။

"မြောက်ပိုင်းသဲကန္တာရရဲ့ ကျူးကျော်မှု မအောင်မြင်ခဲ့ဘူး။ မင်းတို့ရဲ့ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်အများစု အသတ်ခံခဲ့ရတယ်"

"မဖြစ်နိုင်ဘူး" လုပိုင်က ယူကျူးမရသောအသံဖြင့် ပြန်ဖြေသည်။ "မဟာအကြီးအကဲ၊ နတ်ဆရာချုပ်ကြီးနဲ့ တခြားသူတွေအားလုံးက တာအိုရှာဖွေခြင်းအဆင့်အထွတ်အထိပ်မှာတင် မဟုတ်ဘူး။ တချို့က အတုအယောင်အင်မော်တယ်နဲ့ ယှဉ်လို့ရတယ်။ ဒါ့အပြင် အစွမ်းထက်မှော်ပစ္စည်းတွေလည်း ရှိထားတယ်။ ‌အတုအယောင်အင်မော်တယ်တစ်ယောက် မြောက်ပိုင်းသဲကန္တာရကို ကလန်ကဆန်လုပ်ရင်တောင် သေသွားရမှာ။ ဘယ်လိုလုပ် သူတို့အားလုံး သေသွားနိုင်မှာတုန်း

"မြောက်ပိုင်း‌သဲကန္တာရမှာ မကုန်မခမ်းနိုင်တဲ့ အရင်းအမြစ်တွေ ရှိတယ်။ ကျင့်ကြံသူသန်းပေါင်းများစွာပါတဲ့ စစ်တပ်ကြီးတစ်တပ်က ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ"

မန်ဟို ပြန်ဖြေသည့်အခါ သူ၏အသံသည် တည်ငြိမ်အေးဆေးနေ၏။ "မင်းပြောတဲ့ မဟာအကြီးအကဲ၊ နတ်ဆရာချုပ်ကြီးအပါအဝင် တခြားအစွမ်းထက်ဆုံးတာအိုရှာဖွေခြင်းအဆင့်ပညာရှင်တွေအကုန်လုံး မြောက်ပိုင်း၏အပြစ်ကြွေးတောင်အောက်မှာ ဖိနှိပ်ချုပ်နှောင်ခံထားရတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအခြေခံတွေဟာ တောင်ပိုင်းဒေသရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးဖို့ အသုံးပြုခံနေရတယ်

"မင်းပြောတဲ့ စစ်တပ်ကတော့ သန်းနဲ့ချီတဲ့ ကျင့်ကြံသူအများစု သေသွားကြပြီ။ အသက်ရှင်ကျန်ခဲ့တဲ့ ကျင့်ကြံသူရာဂဏန်း၊ သောင်းဂဏန်းလောက်ကတော့ ကျင့်ကြံခြင်းအခြေခံတွေ ဖျက်စီးခံရပြီး အပြစ်သားပြည်သူတွေအဖြစ် ဒဏ်ခတ်ခံခဲ့ရတယ်။ လာမယ့်မျိုးဆက်တွေကနေစပြီး မြောက်ပိုင်းသဲကန္တာရရဲ့ ကျင့်ကြံသူမျိုးဆက်တွေအနေနဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတွေကို ဘယ်တော့မှ‌ မွေးထုတ်နိုင်မှာ မဟုတ်တော့ဘူး

"ပြီးတော့ မင်း။ ဒီနေရာကနေ ထွက်ရင် မြောက်ပိုင်း၏အပြစ်ကြွေးတောင်ကို သွားပြီး အတည်ပြုနိုင်တယ်။ အကယ်လို့ ဒီနေ့ကစပြီး အေးအေးဆေးဆေး ကျင့်ကြံပါ့မယ်လို့ မင်း သဘောတူရင် ငါ မင်းကို အခုရပ်နေတဲ့နေရာမှာ မသတ်ဘူး။ ဒါပေမဲ့ ပြဿနာရှာရင်တော့ ... မင်းကို သတ်ပစ်မယ့်လူတွေ အပြင်လောကမှာ ရှိတယ်" ထိုသို့ပြောရင်း သူသည် လုပိုင်ကို လျစ်လျူရှုပြီး ဝဲထဲ ဝင်ရောက်သွား၏။

လုပိုင်၏မျက်နှာမှာ ဖြူဆုပ်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ မန်ဟိုပြောနေသောပုံစံအရ လိမ်ညာနေဟန်မတူပေ။ သူပြောသမျှအားလုံးက အမှန်ဖြစ်သည်။

သူက တခဏ တိတ်ဆိတ်သွားပြီးနောက် ခါးခါးသီးသီး ရယ်သည်။ သူ၏မွေးရပ်မြေမှ မိတ်ဆွေများ၊ သူ့ဆရာ၊ သူ၏ခေါင်းဆောင်ကြီးတို့ကို တွေးလိုက်မိ၏။ သူ ဤနေရာတွင် ပိတ်မိနေစဉ် ... အပြင်တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

ဝဲထဲ ဝင်လိုက်သည့်အခိုက်အတန့်တွင် မန်ဟိုသည် အဆုံးမရှိသော မီးပင်လယ်ကြီးတစ်စင်းကို ဖြတ်သွားနေရသည့်အလား ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကြိမ်းဝါးသံကြီးတစ်သံကို ကြားလိုက်ရ၏။

မန်ဟို အဆင့် (၃) ကမ္ဘာထဲသို့ တစ်ကိုယ်လုံး ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ကြိမ်းဝါးသံကြီးမှာ အလွန်ရှင်းလင်းပြတ်သားလာသည်။ သူ့အရှေ့တွင်ကား မီးပင်လယ်မဟုတ်၊ သွေးရောင်လွင်ပြင်ကြီးပင်။

မြေပြင်တွင် မြက်ဖြူဖြူများလည်း ပြည့်နှက်နေသည်။

‌အရပ်လေးမျက်နှာပတ်ပတ်လည်မှ ဝန်းရံထားသော စေတီပေါင်းကိုးသိန်းကိုးသောင်းကို မြင်ရနိုင်ပြီး အလယ်ဗဟိုတွင်တော့ မဟူရာမြို့ကြီးတစ်မြို့ရှိသည်။ မြင့်မားသော မြက်ဖြူဖြူများက မြို့တစ်မြို့လုံးကို လွှမ်းခြုံနေပြီး မီးပွားတစ်စက ၎င်း၏အထက် လေလယ်တွင် ပျံဝဲနေသည်။ မီးပွားမှာ ထာဝရစဉ်တစ်လျှောက်လုံး လောင်ကျွမ်းနေမည့်ပုံရပြီး တစ်လောကလုံးဆီသို့ တဖျပ်ဖျပ် လှုပ်နေသော အလင်းရောင်အား ဖြန့်ကျက်လျက်ရှိ၏။

ထို့နောက် ယခင်တစ်ခေါက် ဤနေရာတွင် ရှိခဲ့စဉ်တုန်းက ကြားခဲ့ရသော အသံက ပဲ့တင်ထပ်လာသည်။

"တောက်ဖန် မင်း သေရမယ်"

"မင်း ငါ့ကို သတ်ခဲ့တာ တောက်ဖန်။ ငါ အသက်ပြန်ရှင်လာရင် မင်း သေချာပေါက် အသတ်ခံရမယ်

"အင်မော်တယ်တွေရဲ့ ကမ္ဘာက ဒဏ်ခတ်ခံရဖို့ ကံပါပြီးသား။ အင်မော်တယ်မြေတွေဟာ အိုမင်းလာပြီး အင်မော်တယ်တွေ သေရလိမ့်မယ်။ ဒါမဲ့ ငါ လက်မလျှော့ဘူး

"အမှန်တရားကို ငါ သိတယ်။ မင်း ငါ့ကို ဘယ်လောက်ဖိနှိပ်ထား၊ ဖိနှိပ်ထား အရှုံးကို ငါ ဝန်မခံဘူး

"ငါ-ိုးမမျောက်။ ငါ လွတ်လာလို့ကတော့ မင်းကို အရေခွံစုတ်ပစ်မယ်

"ငါ ဝိညာဉ်ကူးပြောင်းပြီးရင် ဒီနေရာကနေ ထွက်ရဖို့ ငါ့ကိုယ်ငါ သတ်မယ်။ ငါ့ ဝိညာဉ်ကူးပြောင်းမှုမအောင်မြင်ရင် ဘဝပြန်ဝင်စားခြင်းသံသရာတွေ လည်ပြီးတဲ့နောက်မှာတောင်မှ နိုးထလာဖို့ မျှော်လင့်ချက်တော့ဘဲ ကျန်သက်ရှိသတ္တဝါတွေလို မေ့ပျောက်သွားရလိမ့်မယ်။ ဒါကြောင့် ငါ ဒီနေရာအတွက် ကောင်းကင်အမိန့် ထားရစ်ခဲ့မယ်

"ငါ့အမိန့်တော်မှာ ငါ့မီးတောက်ဖြစ်တည်မှုရဲ့ အကြွင်းအကျန်၊ ငါ့တာအိုမီးတောက်ရဲ့ အနှစ်သာရ ပါရှိတယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့အထိ အဲဒီအကြွင်းအကျန် တည်ရှိနေပါစေလို့ ငါ ဟော်ရန်စစ် မျှော်လင့်တယ်"

အသံသည် ချွန်ထက်သောဓားတစ်လက်ပမာ သူ၏စိတ်အား ထိုးကျင့်နေ၏။ သူ့ခေါင်းမှာ ချာချာလည်နေပြီး သူ့ခန္ဓာကိုယ်မှာ တစစီပျက်စီးတော့မည့်အလား ခံစားနေရလေသည်။

သို့သော် ဤတစ်ကြိမ်တွင် မန်ဟိုသည် ပြင်ဆင်လာခဲ့ရုံသာမက သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ယခင်နှင့် မိုးနှင့်မြေပမာ ကွဲပြားနေလေပြီ။ ယခုတွင် ဖြစ်ပျက်သွားသည့်အရာဆို၍ သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျလာရုံသာရှိသည်။ သူ၏ခန္ဓာကိုယ်လည်း နောက်ဆုံးတစ်ခေါက်ကဲ့သို့ ယိုယွင်းပျက်စီးလာခြင်းမရှိပေ။ အသံကြီး ပဲ့တင်ထပ်နေစဉ် မန်ဟိုသည် အရှေ့ရှိ ဧရာမနတ်မီးတောက်အဆီအနှစ်ကို ကြည့်လိုက်၏။

အဆီအနှစ်သည် ရုတ်တရက် တစ်လောကလုံးတွင် ထစ်ချုန်းသွားသည့်အထိ စွမ်းအားများဖြင့် ‌ပေါက်ကွဲထွက်လာ၏။ မူလက ဤနေရာတွင် မီးတောက်များ မရှိခဲ့သော်လည်း ယခုတွင် အရာအားလုံးကား မီးတောက်များဖြင့် ဟုန်းဟုန်းတောက်နေချေပြီ။ ‌မြေပြင်၊ ကောင်းကင်၊ အရာအားလုံး မီးတောက်များအသွင်ပြောင်းသွားသည်။ တစ်လောကလုံးမှာ အလျှံတညီးညီး ရဲရဲတောက်လျက်ရှိ၏။

မီးတောက်များမှာ အံ့ဩစရာကောင်းပြီး မန်ဟိုက ၎င်းတို့ ဖြာထွက်လာလျှင်ချင်း သေစေနိုင်သောအန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ ဤမီးတောက်များကား သူ့ကို သတ်ပစ်နိုင်လောက်အောင် သေချာပေါက် အစွမ်းထက်လေသည်။

သေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟိုသည် သိုလှောင်အိတ်ထဲမှ အဖြူရောင်သလင်းကျောက်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိ ထုတ်လိုက်၏။ ၎င်းကို ဆုပ်ကိုင်လိုက်လျှင်ချင်း အေးစိမ့်သော အအေးဓာတ်က မီးတောက်များကို ဟန့်တားရင်း သူ့ကို လွှမ်းခြုံရန် ပျံ့နှံ့လာသည်။

ထိုအခါမှ မန်ဟိုမှာ သက်ပြင်းချနိုင်တော့သည်။ သူ ဤနေရာသို့ လာရဲခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သလင်းကျောက်ကြောင့်ဖြစ်သည်။ အစက ရှစ်ဆယ်ရာခိုင်နှုန်းသာ အောင်မြင်နိုင်ချေရှိခဲ့၍ တွန့်ဆုတ်ဝန်လေးခဲ့၏။ သို့သော် ယခု သလင်းကျောက်က အမှန်တကယ် ထိရောက်ကြောင်း မြင်လျှင် မန်ဟို၏မျက်လုံးများမှာ တောက်ပလင်းလက်လာတော့သည်။

သူက နတ်မီးတောက်အဆီအနှစ်ကို မော့ကြည့်ပြီး မျှော်လင့်ချက်များဖြင့် ပြုံးလိုက်သည်။

ဧရာမမီးပွားကြီးတစ်စက မီးတောက်အားလုံး၏ အရင်းအမြစ်အလား မီးပင်လယ်တစ်စင်းကို ဖြန့်ကျက်ရင်း လေလယ်တွင် ပျံဝဲနေသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူသည် သလင်းကျောက်ကို မြှောက်ရင်း တရွေ့ရွေ့ ရှေ့လျှောက်သွား၏။ သူ၏ပတ်ပတ်လည်ရှိ မီးတောက်များက လှိုင်းလုံးကြီးများပမာ သူ့ကို တိုးဝှေ့ရင်း ဒေါကြီးမောကြီး တောက်လောင်နေသည်။ မီးပြင်းအားကား ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ပြီး ထိုမီးတောက်မှ အသေးငယ်ဆုံးမီးစလေးတစ်စ သူ့ကို ထိလိုက်လျှင်၊ သူ၏ထာဝရအလွှာပင်လျှင် သူ အပြီးတိုင် လောင်ကျွမ်းပြာချခြင်းမခံရခင် သူ့ကို အသက်ရှင်ဖို့အတွက် အချိန်တိုလေးသာ ထိန်းပေးထားနိုင်လိမ့်မည်။

အချိန်များကုန်လွန်သွားပြီး မန်ဟိုသည် ဧရာမနတ်မီးတောက်အဆီအနှစ်နှင့် နီးကပ်သထက် နီးကပ်လာခဲ့လေပြီ။ အတန်ကြာသော် သူသည် မီးတောက်ထံမှ မီတာထောင်ဂဏန်းမျှအကွာတွင် ရပ်လိုက်၏။ သူ့မှာ ရှေးဆက်တိုးသွားဖို့ လွန်စွာခက်ခဲကြောင်း တွေ့လိုက်ရသည်။ သလင်းကျောက်မှ မီးတောက်စွမ်းအားကို ထပ်မံစုပ်ယူပေးနိုင်စွမ်း မရှိတော့သည့်အတွက်ကြောင့် မဟုတ်။ ကျင့်ကြံခြင်းအခြေခံကို အမြင့်ဆုံးစွမ်းအားအထိ ထုတ်လွှတ်‌ထားသည့်တိုင် မီးတောက်၏စွမ်းအားအနားသို့ တိုးကပ်သွားနိုင်ခြင်းမရှိတော့၍ပင်။ ပတ်ဝန်းကျင်ရှိ ဖိအားမှာ အလွန်ပြင်းထန်လွန်းလှသည်။

သူ့တွင် သလင်းကျောက်မရှိလျှင်တော့ အလွန်ဆုံး မီးတောက်ထံမှ မီတာတစ်သောင်းဝန်းကျင်လောက်သာ ရောက်ရှိနိုင်သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး မီးပင်လယ်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် မီးတောက်များအထဲ၌ သားရဲများ၊ မှော်ပစ္စည်းများနှင့် အပင်မျိုးစုံအပါအဝင် ပုံရိပ်များကို မြင်လိုက်ရသည်။

ပုံရိပ်တစ်ခုစီမှာ အင်မော်တယ်နယ်ပယ်အဆင့်၏ အထွတ်အထိပ်ရှိ တစ်စုံတစ်ယောက်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် အလွန်အမင်း အစွမ်းထက်သည်။ နတ်မီးတောက်အဆီအနှစ်အနား တိုးကပ်သွားလေလေ၊ မီးဝိညာဉ်များမှာ ပိုမိုကြောက်စရာကောင်းလေလေလေပင်။

"ငါ နတ်မီးတောက်အဆီအနှစ်တစ်ခုလုံးကို ယူမသွားချင်ဘူး" သူက တွေးသည်။ "နောက်တစ်ချိန် ဝှက်ဖဲအဖြစ် သုံးဖို့ မီးနည်းနည်းလေးပဲ လိုချင်တာ" သူသည် နတ်ဘုရားအာရုံကို သတိကြီးကြီး ဖြန့်ကျက်၍ သလင်းကျောက်မှ ဖန်တီးထားသော အကာအကွယ်၌ အပေါက်တစ်ပေါက်ဖွင့်ကာ လိပ်ပြာပုံစံမီးဝိညာဉ်တစ်ခုကို ဆွဲယူလိုက်သည်။ ၎င်း အထဲ ရောက်သည်နှင့် သူသည် အမြန်ဆုံး နောက်ဆုတ်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သုံးရင်း သလင်းကျောက်၏စွမ်းအားကို မီးလိပ်ပြာအား လွှမ်းခြုံစေလိုက်သည်။

အကွာအဝေးတစ်ခုအထိ ‌ဆုတ်ပြီးနောက် မီးပင်လယ်၏ပြင်းအား အတန်ငယ် လျော့ကျသွားသည်အခါ မန်ဟိုက ရပ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူရင်း သလင်းကျောက်၏စွမ်းအားအတွင်း၌ တဖျပ်ဖျပ် ပျံနေသော လိပ်ပြာကို ကြည့်လိုက်၏။ ထို့နောက် သူက နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းကို မီးလိပ်ပြာထဲသို့ ဂရုတစိုက် ပို့လွှတ်လိုက်သည်။ ထိတွေ့သွားသည့်အခါ သူ၏နတ်ဘုရားအာရုံမှာ မီးထတောက်သွားသဖြင့် သူ့မှာ ဆက်သွယ်မှုကို ကပျာကယာ ဖြတ်တောက်လိုက်ရ၏။

သူသည် ခိုင်မာပြတ်သားမှုတို့ သူ၏မျက်လုံးများတွင် ပြည့်‌နှက်နေလျက် သိုလှောင်အိတ်ထဲမှ ရှေးဟောင်းကြေးမီးအိမ်ကို ထုတ်၏။ ထို့နောက် သတိကြီးကြီးထားရင်း ၎င်းကို မီးလိပ်ပြာဆီသို့ ဆန့်ထုတ်လိုက်သည်။

"အလုပ်ဖြစ်တာနဲ့ နောက်ကျ သုံးနိုင်မယ့် အံ့ဖွယ်ဝှက်ဖဲတစ်ချပ်ရပြီ။ မအောင်မြင်ရင်တော့ .... ဘာမှဆုံးရှုံးစရာမရှိဘူး" သူက အံတင်းတင်းကြိတ်ရင်း ကြေးမီးအိမ်ကို မီးလိပ်ပြာအား ထိစေလိုက်သည်။

ထိုအခိုက်အတန့်တွင် ကြေးမီးအိမ်သည် ဖျတ်ခနဲ မီးပွင့်လာ၏။ မီးလိပ်ပြာက မီးအိမ်၏ မီးအိမ်အပေါ် ကျလာပြီး ဖောက်ခနဲ မီးထတောက်လာသည်။

၎င်းက တခဏသာ တောက်ပြီး ပြန်မှေးမှိန်သွားသည်။ သို့သော် မီးအိမ်ထဲ၌ ခပ်မှိန်မှိန် လင်းလက်နေသော မီးပွားတစ်စ ရှိနေလေပြီ။

မန်ဟိုမှာ မီးအိမ်ကို သိုလှောင်အိတ်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ထည့်ကြည့်ရာ အောင်မြင်သွား၏။ ထို့နောက် ပြန်ထုတ်ပြီး မှုတ်ကြည့်လိုက်သည်။ ချက်ချင်းပင် မီးတောက်ပင်လယ်တစ်စင်း ဟုန်းခနဲ တောက်လာပြီး အသက်ရှူသွင်းလိုက်သည်။ တခဏကြာသော် မီးငြိမ်းသွားပြီး မီးပွားလေးတစ်စသာ မီးအိမ်ထဲ၌ ကျန်ခဲ့လေသည်။

"အောင်မြင်ပြီ" သူသည် အကျယ်ကြီးအော်ရင်း ပြော၏။ ထို့နောက် နှုတ်ခမ်းပါးနားသပ်ရင်း မီးတောက်တချို့ ထပ်မံစုဆောင်းဖို့ ကြံလိုက်သော်လည်း လေလယ်တွင် ပျံဝဲနေသော နတ်မီးတောက်အဆီအနှစ်ကို ကြည့်၍ ဤနေရာ၏ ဆန်းပြားသောသဘာဝကို စဉ်းစားကြည့်လိုက်သည်။ အဆုံးသတ်တွင် သူသည် အလောတကြီးပြုမူရန် မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်၏။ သူ့မှာ လောဘများကို ချုပ်တည်းရင်း အတန်ငယ် နောက်ဆုတ်ပြီးနောက် သလင်းကျောက်ကို သိမ်းလိုက်သည်။ သူသည် မီးတောက်များကို သူအား အနည်းငယ် လောင်ကျွမ်းစေပြီးနောက် မျက်လုံးများ တလက်လက် တောက်ပနေလျက် ထွက်ပေါက်ထဲ ဝင်ကာ ပျောက်ကွယ်သွားတော့၏။

သူ‌ ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် နတ်မီးတောက်အဆီအနှစ်၏အတွင်း၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ရုတ်တရက် ပေါ်လာသည်။ ၎င်းက မန်ဟို မှေးမှိန်ပျောက်ကွယ်သွားသည်ကို အေးစက်စက် စိုက်ကြည့်နေပြီးနောက် တခဏကြာသော် သက်ပြင်းချသံအရှည်ကြီးအား ကြားလိုက်ရသည်။

"ဒီလောက်ကြာပြီးတဲ့နောက်မှာ သူက ‌ပထမဆုံးအောင်မြင်သွားတဲ့သူပဲ။ သူ .... သေချာပေါက် ပြန်လာလိမ့်မယ်"

All Chapters