← Chapters

သူပြန်လာပြီ

Vol. 64 Ch. 895

သူပြန်လာပြီ

Vol. 64 Ch. 895

" မီတာ (၂၁၀၀၀) ။ ဖန်မျိုးနွယ်စုရဲ့ လက်ရှိမျိုးဆက်မှာ မီတာ (၂၁၀၀၀) အလင်းတန်းကို ပေါ်လာစေနိုင်တဲ့လူ ဆယ်ယောက်တောင် မရှိဘူး။ ဒီနေ့တော့ တစ်ယောက်တိုးလာပြီ။ ဒီလူက ဘယ်လူလဲ "

" သေချာပေါက် အရန်သွေးဆက်က တစ်ယောက်ဖြစ်ရမယ်။ တောက်အာဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ် "

အရှေ့ကောင်းကင်ဂိတ်၏ အပြင်ဘက်ရှိ ဖန်မျိုးနွယ်၀င်များမှာ အလွန်တရာ အံ့အားသင့်နေကြသည်။ ထိုစဉ် အရှေ့အောင်ပွဲဂြိုလ်တွင် ခုနစ်ချက်မြောက်ခေါင်းလောင်းသံက ဖန်မျိုးနွယ်၀င်အားလုံး၏ နားထဲတွင် မြည်ဟည်းလာခဲ့၏။ ဤအခိုက်အတန့်တွင် ကန်ဘေး၌ အရက်သောက်နေသော မန်ဟို၏ ဦးလေးဆယ့်ကိုးမှာ ရုတ်တရက် တုန်ရီသွားလေသည်။ သူသည် အရက်ပုလင်းကို ချပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။

" ခေါင်းလောင်းသံ ခုနစ်ချက် " သူက တွေးသည်။ " ဘယ်သူက ဖန်မျိုးနွယ်စုရဲ့ဂိတ်ကို ပထမဦးဆုံးအကြိမ် ဖြတ်သွားနေတာလဲ။ မဟုတ်မှ … ဟိုအာများလား " ဦးလေးဆယ့်ကိုးက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ကာ ကင်းမြီးကောက်ထောင်နေရသော ကောင်လေးကို လှမ်းဆွဲ၍ လေပေါ်ပျံတက်လိုက်၏။ ကောင်လေးက အသံပြဲကြီးဖြင့် အော်သည်။

" အဖေ သားမှားပါတယ်။ သား အမှား လုပ်မိသွားပါတယ် " ဦးလေးဆယ့်ကိုးက ကောင်လေး၏ အော်သံများကို လျစ်လျူရှုပြီး သူ့ကို သယ်ကာ အရှေ့ကောင်းကင်ဂိတ်သို့ ထွက်သွားလေသည်။ တကယ်ပဲ မန်ဟိုဖြစ်သည်လား သူ သွားကြည့်ဖို့ လိုအပ်၏။

ထိုစဉ် ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်တွင် လူနှစ်ယောက်ထိုင်နေသော နောက်ထပ် ၀တ်ပြုခန်းမတစ်ခုရှိ၏။ ထိုလူနှစ်ယောက်အနက် တစ်ယောက်က အဘိုးကြီးဖြစ်ပြီး တစ်ယောက်က အတန်ငယ် ငယ်ရွယ်လေသည်။ သူတို့သည် ခေါင်းလောင်းသံကို နားထောင်ရင်း တင်ပျဉ်ခွေထိုင်နေကြ၏။

အဘိုးကြီး၏ မျက်လုံးများ ပွင့်လာပြီး သူက အေးတိအေးစက်ပြောသည်။ " သူ ဘယ်သွေးဆက်က ဆင်းသက်လာတာလဲ သွားကြည့်ချေ။ ငါတို့သွေးဆက်က ဆိုရင် ကိစ္စမရှိဘူး။ မဟုတ်ရင်တော့ အဲ့ဒီ့လူကို ဒီကို လာဖို့ခေါ်လိုက်။ ငါ့အတွက် မြေးတစ်ယောက် ထပ်မွေးစားဖို့ ဆိုတာ အပန်းမကြီးဘူး "

သတ်လတ်ပိုင်းလူ၏ အမူအရာမှာ တည်ကြည်လေးနက်နေပြီး သူက ဖန်ရှုံ့ဖုန်းနှင့် အတော်လေး ရုပ်ချင်းဆင်နေသည်။ သူသည် ခေါင်းညိတ်ပြီးနောက် လျှောက်ထွက်ကာ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ ကောင်းကင်တွင် ဖြစ်နေလေသည်။

သူ၏ မျက်လုံးများက တလက်လက် တောက်ပလျက်ရှိ၏။

" မီတာ (၂၁၀၀၀) ဂိတ်အလင်းတန်းနဲ့ ပင်ကိုယ်စွမ်းရည်က ငါ့သားလေးနဲ့ နည်းနည်းပဲ ကွာတယ်။ ဒီတော့ သူ့ရဲ့ညီ ဖြစ်လာဖို့အတွက် ထိုက်တန်တယ် "

တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်အောက်ရှိ မြေကြီးအနက်ပိုင်းတွင် ကျင့်ကြံခြင်းဂူတစ်ဂူရှိ၏။ ၎င်းသည် သိပ်သည်းသော အင်မော်တယ်ချီတို့ဖြင့် ပြည့်နှက်နေပြီး အကြောင်းရင်းကား ကျင့်ကြံခြင်းဂူတစ်ခုလုံးကို အင်မော်တယ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် ဖြစ်သည်။

အပေါ်ပိုင်းအ၀တ်ဗလာနှင့် လူငယ်လေးတစ်ယောက်သည် ပိန်ချုံးနေသော အဘိုးကြီးရှစ်ယောက်ဖြင့် ခြံရံလျက် ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ အဘိုးကြီးများမှာ မန္တန်အစီအရင်များနှင့် ချိတ်ဆက်ထားသော သံကြိုးများဖြင့် ချည်နှောင်ခံထားရ၏။ အင်မော်တယ်ချီတို့က သူတို့ထံမှ စီးထွက်၍ မန္တန်အစီအရင်များသို့ ၀င်ရောက်ကာ လူငယ်၏ စုပ်ယူခြင်းခံနေရသဖြင့် အဘိုးကြီးများမှာ စူးစူးဝါးဝါး အော်ဟစ်နေကြရလေသည်။

ဂူထဲတွင် ရပ်လျက် ဖြစ်စဉ်ကို ပြုံးရင်း ကြည့်နေသော အဘိုးကြီးသုံးယောက် ရှိသေး၏။

" မင်းသား ကျင့်ကြံခြင်း အခြေခံက ဆက်ပြီး တိုးတက်လာနေပြီ "

" မင်းသားရဲ့ ပင်ကိုယ်စွမ်းရည်ကို ထည့်တွက်ရင် သေချာပေါက် န၀မပင်လယ်ထဲက  အတော်တကာ့ အတော်ဆုံးတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ မကြာခင် တာအိုဆရာအစည်းအရုံးသုံးခုက ရွေးချယ်ခံတွေတောင်မှ ခေါင်းငုံ့အရိုအသေပေးဖို့ကလွဲပြီး ရွေးချယ်စရာရှိမှာ မဟုတ်ဘူး။ မင်းသားမှာ ပြင်းပြတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ မကြာခင် အစစ်အမှန်အင်မော်တယ်အဆင့်ကိုလည်း တက်လှမ်းတော့မှာ။ ဒါကြောင့် န၀မတောင်နဲ့ပင်လယ်မှာရှိတဲ့ ရွေးချယ်ခံတွေအကုန်လုံးကို လွှမ်းမိုးနိုင်မှာ သေချာတယ် "

ဤအခိုက်အတန့်တွင် ခေါင်းလောင်းသံများက သူတို့နားထဲ ရောက်လာပြီး အဘိုးကြီးသုံးယောက်၏ မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြသည်။ လူငယ်ကတော့ ဆက်လက် တရားထိုင်နေ၏။

အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ဖန်မျိုးနွယ်မဟုတ်သော လူတစ်ယောက်မှ ခေါင်းလောင်းသံများကို မကြားရပေ။ သို့သော် ဖန်မျိုးနွယ်၀င် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြပြီး အရှေ့ကောင်းကင်ဂိတ်သို့ ဦးတည်ကာ ဂိတ်အလင်းတန်းကို ကြည့်ဖို့ စုဝေးလာကြလေသည်။

" အဲ့တာ ဘယ်သူတုန်း "

" စိတ်လှုပ်ရှားစရာ မလိုဘူး။ ငါတို့ မကြာခင် တွေ့ရတော့မှာပဲ။ မျိုးနွယ်စုမှာ ဒီလူရဲ့ အဆင့်အတန်းက သေချာပေါက် တခြားလူတွေထက် သာတော့မှာ "

လူအုပ်ထဲတွင် မန်ဟို၏ ဦးလေးဆယ့်ကိုးသည် တဆတ်ဆတ် တုန်ရီချက် ဖန်မျိုးနွယ်စု၏ ဂိတ်ထဲရှိ အရိပ်ကို လှမ်းကြည့်နေ၏။ ဘယ်သူမှ မန်ဟို့ကို အရင်က မမြင်ဖူးသည့်အတွက် သူ့ကို မသိကြပေ။ သို့သော် ဦးလေးဆယ့်ကိုး မှာတော့ ထိုအရိပ်နှင့် ပတ်သက်ပြီး ရင်းနှီးသည်ကို ခံစားနေရ၏။

" သူက ဘယ်သူလဲ " ဦးလေးဆယ့်ကိုး၏ ဘေးရှိ ကောင်လေးက မျက်လုံးဝိုင်းဝိုင်းများဖြင့် စိုက်ကြည့်ရင်း မေးသည်။ "ဘယ်သူ့မှာ မီတာ (၂၁၀၀၀) ဂိတ်အလင်းတန်း ရှိတာလဲ " သူ့အဖေက သူ့ခေါင်းကို ဖြတ်ခနဲ ချလိုက်၏။

" အဖေကလဲဗျာ " လူငယ်က မြည်တွန်တောက်တီးလိုက်၏။ သူ တစ်ခုခု ပြောတော့မည့်အချိန်တွင် ရုတ်တရက် ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး ဖန်မျိုးနွယ်စု၏ ဂိတ်ပေါက်မှ ဆန့်တန်းနေသော အလင်းတန်းကား ထပ်မံ၍ မြင့်တက်သွားပြန်သည်။

ဂျိန်း

၎င်းသည် မီတာ (၂၁၀၀၀)မှ မီတာ (၂၄၀၀၀) အထိ မြင့်တက်သွား၏။ ထိုမြင်ကွင်းက အရှေ့ကောင်းကင်ဂိတ်အပြင်ရှိ ဖန်မျိုးနွယ်၀င်အကုန်လုံးကို ကြောင်သွားစေလေသည်။

" ဘုရားရေ ဘာတွေဖြစ်နေတာတုန်း"

" မီတာ (၂၄၀၀၀) မယုံနိုင်ဘူး။ တကယ်ပဲ မီတာ (၂၄၀၀၀) ရောက်သွားတာလား။ မင်းသားဝေရဲ့ ဂိတ်အလင်းတန်းကလည်း မီတာ (၂၄၀၀၀)ပဲ။ ဒါဆိုရင် ဒီလူရဲ့ သွေးဆက်ကလည်း မင်းသားဝေရဲ့ သွေးဆက်လို သန်မာလောက်တယ် "

" မျိုးနွယ်စုထဲမှာ အဲ့လိုမျိုး လုပ်နိုင်တဲ့လူ ဘယ်သူရှိသေးတုန်းဟေ။ မဖြစ်နိုင်ဘူး။ ငါမှတ်မိတာ မှန်ရင် ဘယ်သူ့မှာမှ အဲ့လိုသွေးဆက်မျိုး မရှိနိုင်ဘူးလေ "

အုတ်အော်သောင်းသင်းဖြစ်နေစဉ် ဖန်မျိုးနွယ်စုအတွင်း၌ အမူအရာများ တင်းမာခက်ထန်ပြီး ခါးသီးနေသော်လည်း ဘာမှမပြောသော အဘိုးကြီး အနည်းစု ရှိကြသည်။ ထိုကဲ့သို့လူများ များများစားစား မရှိသော်လည်း သူတို့အားလုံးက ဖန်မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်များ ဖြစ်ကြလေသည်။

သူတို့၏ ဂုဏ်ကျက်သရေမှာ ယခုတော့ အတိတ်က အရာသာဖြစ်ခဲ့လေပြီ။ ပထမဦးဆုံး မန်ဟို၏ အဘိုးပျောက်သွားခဲ့ပြီးနောက် သူ့အဖေက တောင်ကောင်းကင်ဂြိုလ်သို့ သွားခဲ့သည်။ ထို့နောက်တွင် တိုက်ရိုက်သွေးဆက် ခေါင်းဆောင်ကြီးအားလုံးမှာ တံခါးပိတ်ကျင့်ကြံပြီး ထွက်မလာကြပေ။ တိုက်ရိုက်သွေးဆက်များ၏အာဏာမှာ ယုတ်လျော့လာပြီး အခြေအနေများ ဆက်လက်၍ ဆိုးဝါးလာခဲ့၏။

သူတို့သည် သူတို့အရှေ့ရှိ အလင်းတန်းကို မြင်သောအခါ သက်ပြင်းသာ ချနိုင်တော့လေသည်။

" ငါတို့ သွေးဆက်မှာ အစစ်အမှန်ရွေးချယ်ခံတစ်ယောက်လို့ သတ်မှတ်နိုင်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆိုးလွန်းတယ် … မနှစ်က သူပြန်ရောက်လာခဲ့သင့်‌တာလေ။ အခုတော့ သေလား ရှင်လားတောင် မသိရဘူး "

လူအုပ်ထဲတွင် ယခုလေးတင် ရောက်လာသော လူတစ်ယောက်ရှိ၏။ သူသည် မန်ဟို့ကို သူ့သွေးဆက်အဖြစ် ထည့်သွင်းရန် ရည်ရွယ်ထားသော သတ်လတ်ပိုင်းလူဖြစ်လေသည်။ မူလက အခြားရွေးချယ်ခံများနှင့်အတူ သူသည် တောက်ပစွာ ပြုံးရင်း ရပ်နေခဲ့၏။

ယခုတော့ ဂိတ်အလင်းတန်း မီတာ (၂၄၀၀၀) ရောက်သွားသည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒအား မြင်ရနိုင်၏။ ဂိတ်ထဲရှိ လူက မည်သူဖြစ်စေ မီတာ (၂၄၀၀၀) ဂိတ်အလင်းတန်းကို ပေါ်လာစေခဲ့ပြီဖြစ်ရာ သူ့သားအတွက် စိုးရိမ်စရာဖြစ်နေလေပြီ။

မဟာ အကြီးအကဲ ဖန်သုံ့တျန်း၏ သူငယ်အိမ်များက အတန်ငယ် ကျဉ်းမြောင်းသွား၏။ သို့သော် သူ၏ မျက်မှာအမူအရာသည် နူးညံ့ကြင်နာနေပြီး စိတ်လှုပ်ရှားနေ၏။

" သိပ်ကောင်းတယ်။ မကြာခင် ဖန်မျိုးနွယ်စုမှာ ဖန်ဝေလိုမျိုး အင်အားကြီးမားတဲ့ ရွေးချယ်ခံတစ်ယောက် ရှိလာတော့မယ် "

ဖန်မျိုးနွယ်စုမှာ အုတ်အော်သောင်းနင်းဖြစ်နေလေသည်။ အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် ခေါင်းလောင်းကား ရှစ်ချက်မြောက် မြည်သွားခဲ့ပြီး လေထဲသို့ ပျံထွက်မလာခဲ့သော မျိုးနွယ်၀င်အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ သွေးရောင်သဲကန္တာရထဲက လူငယ်ဖြစ်စေ၊ ‌မီးတောင်ထဲ၌ ကျင့်ကြံအားထုတ်နေသော သတ်လတ်ပိုင်းလူဖြစ်စေ အကုန်လုံး ပျံတက်လာကြလေသည်။

ဘိုးဘေးစံအိမ်ထဲတွင် အရှေ့ကောင်းကင်းဂိတ်သို့ သူ့သားအား လွှတ်ခဲ့သော အဘိုးကြီး၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာပြီး ၎င်းတို့က ကြောက်စရာကောင်းစွာ တောက်ပလျက်ရှိ၏။

" မီတာ (၂၄၀၀၀) ။ လက်ရှိ ငါ့မြေးကလွဲပြီး ဖန်မျိုးဆက်မှာ အဲ့လိုမျိုး သန်မာတဲ့ မျိုးဆက်မရှိဘူး။ ဒီလူက အရှေ့အောင်ပွဲဂြိုလ်က ဘယ်လိုမှ မဟုတ်နိုင်ဘူး

"သူပဲ။ ဟိုခွေးသားရဲ့ သားဖြစ်မယ်။ ဒီကောင် မသေဘူးပဲ "

ပထမတွင် အသတ်အဖြတ်စိတ်ဆန္ဒကား သူ၏ မျက်လုံးများတွင် တောက်ပလာသော်လည်း သူက မျက်မှောင်ကြုတ်သွားပြီး နှလုံးသားထဲ၌ ဖြစ်တည်လာသော အကြောက်တရားကို ခံစားလိုက်ရသည်။ ဤသည်မှာ အရှေ့အောင်ပွဲဂြိုလ်ဖြစ်ပြီး ဖန်မျိုးနွယ်စု၏ တာအိုစောင့်ရှောက်သူများကြောင့် သူ၏ အဆင့်အတန်းက မျိုးနွယ်စုတွင် မည်မျှ မြင့်မားစေကာမူ မျိုးနွယ်စုစည်းမျဥ်းများကို ပေါ်တင်ဖောက်ဖျက်၍ မဖြစ်ပေ။

" သေစမ်း။ သူက အခုလိုမျိုး အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်နေပြီ။ သေချာပေါက် ဉာဏ်များတဲ့ကောင် ဖြစ်ရမယ် "

ယခုတွင် ဖန်မျိုးနွယ်စုရှိ လူတိုင်းမှာ တုန်လှုပ်နေကြလေသည်။ မန်ဟို၏ ဂိတ်အလင်းတန်းက သူ့အား ဖန်မျိုးနွယ်စုတွင် နံပါတ် (၁) ရွေးချယ်ခံ ဖြစ်သွားစေခဲ့လေသည်။ ထို့ကဲ့သို့ သွေးဆက်တစ်ဆက်၏ အင်အားမှာ အင်မတန် ကြောက်စရာကောင်း၏။

သာမန်ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေကြသေည်လည်း နက်နဲသော ကျင့်ကြံခြင်းအခြေခံနှင့်မျိုးနွယ်၀င်များ၊ ဩဇာအာဏာ အထိုက်အလျောက်‌ရှိသူများတွင်တော့ အမူအရာများတော့ မတူပေ။ သူတို့သည် ရွေးချယ်ခံတစ်ဦး ပေါ်လာသည်ကိုတော့‌ ၀မ်းသာ၏။ သို့သော် ထိုရွေးချယ်ခံ၏ စွမ်းအားက ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိခဲ့လျှင်တော့ ၀မ်းသာစရာ မဟုတ်နိုင်တော့ပေ။

ဤလူကား ဖန်ဝေ၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်လျှင် နဂါးနှင့်ကျား၏ တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး ရလဒ်အနေဖြင့် မျိုးနွယ်၀င်တစ်ဦး သေနိုင်၍ မျိုးနွယ်စု၏ အမျိုးမျိုးသော အဖွဲ့များ၏ ဩဇာအာဏာအပေါ် သက်ရောက်မှုရှိလာလိမ့်မည်။ ဤကဲ့သို့ အတွင်းတိုက်ပွဲများကား အလွန်ရှုပ်ထွေးသောအရာဖြစ်၏။

မန်ဟိုက မျက်လုံးများ ပိတ်လျက်၊ သွေးတို့ ဆူပွက်လျက် ဖန်မျိုးနွယ်၏ ဂိတ်ထဲတွင် ရပ်နေသည်။ သွေးတို့ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေစဉ် သူ့ခန္ဓာကိုယ်ထဲ၌ ချိတ်ပိတ်ခံထားရသော စွမ်းအားရှိနေသေးကြောင်း သူခံစားလိုက်ရ၏။

သူက အသက်ပြင်းပြင်း ရှုသွင်းပြီးနောက် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

" အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်မယ်ဆိုရင်လည်း အစွမ်းကုန် အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ပစ်လိုက်မယ် " သူ၏ ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများဖြင့် ပေါက်ကွဲလာပြီး သူ၏သွေးတို့ စီးဆင်းလာကာ ဂိတ်တစ်ခုလုံး တုန်ခါလာသည်။ အပြင်ရှိ ဂိတ်အလင်းတန်းမှာ ‌ထပ်မဲ၍ ကောင်းကင်သို့ ထိုးတက်သွားပြန်၏။

မီတာ ၂၅၀၀၀၊ မီတာ ၂၆၀၀၀၊ မီတာ ၂၇၀၀၀။

စကားသံများမှာ ဆူညံပွက်လောရိုက်နေသော်လည်း အလင်းတန်း ဆက်လက် မြင့်တက်သွားသောအခါ ချက်ချင်း ငြိမ်ကျသွားလေသည်။

မီတာ ၂၈၀၀၀၊ မီတာ ၂၈၅၀၀၊ မီတာ ၂၉၀၀၀၊

မီတာ ၂၉၉၀၀အထိ။

ထို့နောက် မီတာ ၃၀၀၀၀။

ဖန်မျိုးနွယ်၀င်အားလုံးမှာ တုန်လှုပ်နေကြတော့သည်။ မဟာအကြီးအကဲဖန်သုံ့တျန်း၏ သူငယ်အိမ်များမှာ အံ့ဩခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ‌ကြီးမားသော အပြုံးကြီးက သူ၏မျက်နှာတွင် ခိုတွဲနေ၏။ မျိုးနွယ်စု၏ သက်ကြီးပိုင်းအဖွဲ့၀င်များမှာ မျက်မှောင်ကြုတ်နေသော်လည်း သာမန်မျိုးနွယ်၀င်များက ၀မ်းသာအားရ အော်ဟစ်နေကြလေသည်။

" မီတာ ၃၀၀၀၀။ မင်းသားဝေထက်တောင် သာသေးတယ်။ ဒီလူ့သွေးဆက်ရဲ့ သန့်စင်မှုက မယုံနိုင်လောက်အောင်ပဲ "

" မီတာ ၃၀၀၀ ဂိတ်အလင်းတန်း။ မျိုးနွယ်စုသမိုင်းမှာ အဲ့လိုမျိုးအရာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး "

" ဒဏ္ဍာရီတွေအရ မျိုးနွယ်စုရဲ့ အစောပိုင်းဘိုးဘေးတွေပဲ မီတာ ၃၀၀၀၀အလင်းတန်း ရှိခဲ့တာ။ ဒါဆိုရင် ဒီလူရဲ့ သွေးဆက်က ဘိုးဘေးနိုးထခြင်းကိုတောင် လှုံ့ဆော်နိုင်တာလား "

မန်ဟို၏ ဦးလေးဆယ့်ကိုးမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး သူ၏ မျက်လုံးများသည် တောက်ပနေ၏။

" သေချာပေါက် ဟိုအာပဲ။ တိုက်ရိုက်သွေးဆက်ရဲ့ တစ်ဦးတည်းသောမြေးမှာပဲ အဲ့လိုသွေးမျိုးရှိနိုင်တယ် "

အရှေ့အောင်ပွဲဂြိုလ်ပေါ်တွင် ကိုးချက်မြောက်ခေါင်းလောင်းသံ မြည်လာပြီးနောက် ဆယ်ချက်မြောက် မြည်လာသည်။ ၎င်းတြို ပဲ့တင်ထပ်နေစဉ် ဘိုးဘေးစံအိမ်ထဲရှိ အဘိုးကြီးက မယုံနိုင်သော မျက်နှာထားဖြင့် ရုတ်တရက် ထရပ်လိုက်သည်။ မြေကြီးအောက်က အဘိုးကြီးကိုးဦး၏ အင်မော်တယ်ချီများကို စုပ်ယူနေသော လူငယ်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ မျက်ဆံများမှာ ခရမ်းရောင်ဖြစ်ပြီး ထူးဆန်းစွာ တောက်ပနေ၏။

" ဆိုတော့ သူ ပြန်လာခဲ့ပြီပေါ့ " လူငယ်က ရေရွတ်လိုက်သည်။

ယနေ့တွင် ဖန်မျိုးနွယ်၀င်အကုန်လုံး တစ်ခါမှမဖြစ်ဖူးသော အံ့ဩခြင်းတို့ ဖြစ်ကြရ၏။

ယနေ့တွင် အရှေ့ကောင်းကင်ဂိတ်၌ လူများ စုပြုံတိုးနေသည်။

ယနေ့တွင် မျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်အားလုံး အရှေ့ကောင်းကင်ဂိတ်သို့ ပျံထွက်လာကြသည်။

ယနေ့တွင် အရှေ့ကောင်းကင်ဂိတ်အပြင်၌ တန်းစီနေသော ကျင့်ကြံသူများမှာ ဘယ်တော့မှ မေ့မရနိုင်သည့် အရာတစ်ခုကို မြင်တွေ့ခဲ့ရလေသည်။

ယနေ့တွင် ဖုန်းရွှမ်သည် သူ့ဘ၀လုံး မှတ်မိနေမည်ဖြစ်သည့် အိပ်မက်ကဲ့သို့ အရာတစ်ခုကို မြင်တွေ့ခဲ့ရလေသည်။ ကျင့်ကြံသူတစ်ယောက်အဖြစ်သာ သူသိထားသော မန်ဟိုသည်ဖန်မျိုးနွယ်စု၏ ဂိတ်ထဲ၀င်ရောက်ပြီး မီတာ ၃၀၀၀၀ သွေးဆက်ဂိတ်အလင်းတန်းအား ထိုးတက်သွားစေခဲ့၏။ ဤသည်မှာ ဒဏ္ဍာရီကဲ့သို့အရာဖြစ်လေသည်။

ထစ်ချုန်းသံများ ပဲ့တင်ထပ်နေစဉ် အလင်းတန်းမှ တောက်ပသော အလင်းရောင်သည် တစ်စတစ်စ ပျောက်ကွယ်လာ၏။ စောင့်ကြည့်နေသူများ၏ မျက်လုံးအားလုံး၊ ဖန်မျိုးနွယ်၀င်များ၏ မျက်လုံးအားလုံးက ဂိတ်ထံသို့ ကျရောက်လာကြလေသည်။ သူတို့သည် လူတိုင်း၏ ရှေ့တွင် ရပ်နေသော သူစိမ်းလူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။

ထိုလူက အရပ်ရှည်ရှည် ၊ ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး အပြာရောင်၀တ်ရုံကို ၀တ်ဆင်ထား၏။ သူ၏ အနက်ရောင်ဆံပင်များက လေတွင် ပျံ့လွင့်နေပြီး သူ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်နှင့် ချောင်ကျနေလေသည်။ သို့သော် သူသည် နေတစ်စင်း၏အပေါ်တွင် ရပ်နေသည့်အလား မားမားမတ်မတ် ရပ်နေ၏။

သူ၏ မျက်လုံးများက ကြယ်စင်များသဖွယ် တလက်လက် တောက်ပနေပြီး သူက လူတိုင်းကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်လေသည်။

" ကျုပ်အဖေက ဖန်ရှုံ့ဖုန်း၊ ကျုပ်အမေက မန်လီ၊ ကျုပ်အစ်မကြီးက ဖန်ယု၊ ကျုပ်က အမေ့ရဲ့ မျိုးရိုးကို ယူထားတဲ့အတွက် ကျုပ်နာမည်က မန်ဟို။ ဘိုးဘွားတို့၊ ဦးလေးတို့ ညီအစ်ကိုမောင်နှမတို့ … ဂါ၀ရပြုပါတယ် "

မန်ဟိုက လက်ယှက်ပြီး အရိုအသေပေးလိုက်သည်။

***

All Chapters