← Chapters

အပိုင်း(၃၈၉)

Vol. 26 Ch. 389

အပိုင်း(၃၈၉)

Vol. 26 Ch. 389

“ဝုန်း”

သမရိုးကျဆန်ပုံရသော ဓားချီနှစ်ခုက ၎င်းတို့ ပစ်ဆောင့်မိသော အခါတွင်

ရုတ်ခြည်းဆိုသလို အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးကိုဖြစ်ပေါ်စေသည်။

အလွန်သိပ်သည်းသော အဖြူရောင်အလင်း၊နက်မှောင်သောအလင်းနှင့် အရိုင်းဆန်ပြီးပြင်းထန်သောစွမ်းအင်တို့ကချက်ချင်းပဲ ဦးတည်ချက်ဘက်ပေါင်းစုံအား အကြီးအကျယ်ထိခိုက်ကာ ကသောင်းကနင်းဗြောင်းဆန်သွားစေသည်။ ကြမ်းတမ်းသောလေပြင်းများက ဧရိယာတစ်ခုလုံးအားဖြတ်သန်း

၍တဝှီဝှီတိုက်ခတ်သွားသည်။စစ်မြေပြင်ထက်တွင်ရှိနေသောလူနှစ်ယောက်မှာ သိပ်သည်းသောအလင်းနှင့် ကြမ်းတမ်းပြင်းထန်သော လွင့်ပျံနေသည့်သဲမှုန်များ၏  ဝါးမျိုမှုကိုခံလိုက်ရသည်။

မြွေလူသားမျိုးနွယ်စုမှာ ရုတ်တရက်ပြင်းထန်မှုအဖြစ်

ပြောင်းလဲသွားသော စစ်မြေပြင်အားကြည့်လိုက်ပြီး တစ်ယောက်ချင်းစီတိုင်းက ထိတ်လန့်သော အမှုအယာများသိသိသာသာဖြစ်ပေါ်နေသည်။ဤကဲသို့ရိုးရှင်းသော  တိုက်ခိုက်မှုတစ်ခုက  ဧရိယာတစ်ခုလုံးအား ဤကဲ့သို့ ကပ်ဘေးဆိုက်သည့် မြင်ကွင်းမျိုး ပြောင်းလဲစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။ ဤအရာသည်အစစ်အမှန်ကျွမ်း

ကျင်သူများကြားထဲက ဒဏ္ဍာရီကဲ့သို့တိုက်ပွဲမျိုးဖြစ်သလော။

“သခင်က …အရမ်းအစွမ်းထက်တာပဲ”

မြွေလူသားမျိုးနွယ်စု၏  ကောင်းကင်ထက်တွင် မြေဓာတ်အခြေပြုယင်အ

လောင်းကောင်ဖြစ်သောထူရှာမှာ စစ်မြေပြင်အား တွေဝေစွာစိုက်ကြည့်နေသည်။ အကယ်၍သူသာ ပြင်းထန်သောစွမ်းအင်များ အကြီးအကျယ်ထိခိုက်ကာ ကသောင်းကန်းဖြစ်စေသော စစ်မြေပြင်အတွင်းရှိနေခဲ့လျှင်  သူ့အနေဖြင့် ပျက်စီးရာပျက်စီးကြောင်းကိုသာ ရင်ဆိုင်ရလိမ့်မည်ကို သူအာရုံခံနိုင်သည်ဖြစ်သည်။

“အရင်ကသခင်ကပိုပြီးတော့တောင် အစွမ်ထက်သေးတယ်”

ထူရှာ၏ဘေးတွင်ရှိနေသော ယင်ရှာက ထူရှာ၏စကားအားကြား

လိုက်ရသောအခါတွင်ပြောလိုက်သည်။

ယင်ရှာမှာ ယခင်တုံးက ရှစ်ဖုန့်၏ သရုပ်မှန်အားသိခဲ့သည်။ ယင်ရှာအသက်ရှင်စဉ်ကာကတုံးက  ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးသောပုဂ္ဂိုလ်မှာ  နမည်ကျော်ကြားသော ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သည်။

“အရင်ကသခင်ဟုတ်လား”

ထူရှာက ယင်ရှာ၏စကားအားကြား

လိုက်ရပြီးနောက်မျက်မှောင်ကြုတ်လိုက်သည်။ သူကယင်ရှာအားပဟေဠိဆန်

သောအမူအယာဖြင့်ကြည့်လိုက်သည်။

“မင်းသခင့်နောက်ကိုလိုက်ရင်

သိလာပါလိမ့်မယ်”

ယင်ရှာကထူရှာအားပြောလိုက်သည်။

“အိုး”

ထူရှာက ခေါင်းညိမ့်လိုက်သည်။

…………………………………………………………

စစ်မြေပြင်ထက်တွင် ပြင်းထန်သောစွမ်းအင်တို့က ပိုမို၍ပင်ပြင်းထန်လာသည်။ လွင့်ပျံနေသော  သဲနှင့်ကျောက်တုံးများက ဧရိယာတစ်ခုလုံးအား  လွှမ်းခြုံလုနီးပါးဖြစ်နေသည်။ ၎င်းတို့က မြွေလူသားမျိုးနွယ်စုနှင့် အ မှောင်နတ်သူငယ်မျိုးနွယ်စုတို့ထံသို့ လည်း  တစ်ဟုန်ထိုးဦးတည်လာ၏။

ပြင်းထန်သော စစ်မြေပြင်၏ အလယ်တွင် ရှစ်ဖုန့်က  အဖြူရောင်စွန်းထင်းနေသော  ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။

သူကရှေ့သို့ထိုးသွင်းလိုက်သည်။အဖြူရောင်ဓားချီအလင်းတန်းတစ်ခုက ဖျက်ခနဲဖြစ်သွားပြီး အက်ရှလေထံသို့ ဦးတည်ဝင်သွားသည်။

အက်ရှလေက သူ၏ညာလက်ထဲတွင် အရိုးခေါင်းတစ်ခုအရွယ်အစားရှိသော  အနက်ရောင်အလင်းလုံးကို  ဖွဲ့စည်းလိုက်သည်။သူကရှေ့သို့ လွှတ်လိုက်သည်။ အနက်ရောင်အလင်းလုံးက  အရှိန်အဟုန်ဖြင့်  အိမ်တစ်လုံးစာအရွယ်အစား

ထိပြန့်ကားလာပြီး  အဖြူရောင်ဓားချီအလင်းတန်းများကို ဝါးမျိုလိုက်သည်။ ထို့နောက်အက်ရှလေက ရှေ့သို့တွန်းထုတ်လိုက်ပြီး ဧရာမအနက်ရောင်အလင်းလုံးကြီးက ရှစ်ဖုန့်ထံသို့တရစပ်ဝင်ရောက်လာသည်။

“ငရဲဘုံကိုးခု ဓား”

ရှစ်ဖုန့်က အော်ပြောလိုက်သည်။ နောက်သို့ဆုတ်ခွာရမည့်အစား   သူကရှေ့သို့တိုးလိုက်သည်။ သူ့လက်ထဲတွင်ရှိနေသော သွေးဓားအား  ဧရာမအနက်ရောင်အလင်း

လုံးကြီးရှိရာရှေ့သို့ထိုးသွင်းလိုက်သည်။ ဧရာမ အနက်ရောင်အလင်းလုံးကြီးမှာ သွေးဓားကြောင့် ရုတ်ခြည်းပျက်စီးသွားသည်။

ရှစ်ဖုန့်၏ကိုယ်နှင့်သွေးဓားတို့က ရှေ့သို့ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်သွားသည်။ ရှစ်ဖုန့်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အံ့ဖွယ်ကောင်းပြီး  အက်ရှလေ၏ နှလုံးထံသို့ ထိုးသွင်းလိုက်သည်။

ရှစ်ဖုန့်၏ လက်ရှိကျင့်ကြံမှုနယ်ပယ်မှာ ကြယ်တစ်ပွင့်သူတောင်စင်နယ်ပယ်ဖြစ်သည်။ သူ၏အဆင့်ခြောက်လက်နက်ဖြစ်

သောသွေးဓားအားထပ်ပေါင်းလိုက်လျှင် သူ၏တိုက်ခိုက်ရေးစွမ်းအားက အံ့ဖွယ်ကောင်းသော ကြယ်သုံးပွင့်သူတောင်စင်နယ်ပယ်

အက်ရှလေနှင့် တူညီသယောင်ရှိသည်ဖြစ်သည်။

ရှစ်ဖုန့်၏ ဓားအားရင်ဆိုင်ပြီး   အက်ရှလေ၏  ညာလက်၌  နှိုင်းယှဉ်၍မရနိုင်အောင် အရောင်အဝါတောက်ပသော နက်မှောင်သည့်အလင်းက နောက်တစ်ကြိမ်ထပ်မံ၍ ထွန်းလင်းတောက်ပလာသည်။ သူ၏လက်ဖဝါးအားရှေ့သို့ရိုက်ထုတ်လိုက်ပြီး သွေးဓားနှင့် အပြင်းအထန်ထိခတ်သွားသည်။

“ဝုန်း”

နောက်ထပ်စွမ်းအားကြီးသော ပေါက်ကွွဲမှုအသံလှိုင်းက ကောင်းကင်နှင့်မြေကြီးကြားထဲ၌ မြည်ဟိန်းလာပြန်သည်။ထို့နောက်ချက်ချင်းစွမ်းအားကြီးမားသော စွမ်းအင်တို့အောက်တွင် အပြင်းအထန်ထိခတ်မိကြသော ပုံရိပ်နှစ်ခုမှာချက်ချင်းပဲ နောက်သို့ လွင့်ပျံသွားသည်။တစ်ယောက်ပြီး

တစ်ယောက်မရပ်တန့်ခင်အချိန်အထိ တော်တော်ဝေးဝေးသို့ သူတို့ လွင့်ပျံသွားသည်။အဝေးမှနေ၍ တစ်ယောက်ကိုယ်တစ်ယောက်နောက်တစ်ကြိမ်ကြည့်လိုက်ကြသည်။

သူတို့နှစ်ဦးကြားတိုက်ပွဲအားအချိန်ခဏရပ်တန့်လိုက်သောကြောင့် ပြင်းထန်သောစွမ်းအင်များနှင့်ကြမ်းတမ်းစွာလွင့်ပျံနေသော သဲနှင့်ကျောက်တုံးများမှာမကြာခင်တွင်ငြိမ်ကျသွားသည်။

“အဆုံးသတ်ရမဲ့အချိန်ပဲ”

အမှောင်နတ်သူငယ်ဘုရင်မက သူမရှေ့တွင်ရှိသော ငယ်ရွယ်သည့်လူသားကိုကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“စောဒါနဲ့စောဂါ  ငါနဲ့အတူ တိုက်ပြီးတော့ ဒီလူကိုသတ်”

“ဟုတ်ကဲ့”

အမှောင်နတ်သူငယ်များထံမှ လူနှစ်ယောက်၏ အော်သံချက်ချင်းပဲထွက်ပေါ်လာသည်။

အနက်ရောင်ပုံရိပ်နှစ်ခုက ရုတ်ခြည်းရွှတ်ခနဲထွက်လာ၏။ ဤလူနှစ်ယောက်က အစောပိုင်းကရှစ်ဖုန့်အာရုံစိုက်ခဲ့သော ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

နှစ်ယောက်ဖြစ်သည်။တစ်ယောက်မှာ အနက်ရောင်  ဝတ်ရုံဖြင့်ဖုံးကာထားသော သူဖြစ်သည်။

ကြယ်နှစ်ပွင့်သူတောင်နယ်ပယ်

အမြန်နှုန်းဖြင့် အက်ရှလေ၏ နောက်ဘက်သို့နှစ်ယောက်သားလျှင်မြန်စွာရောက်ရှိလာသည်။

“အကူအညီတောင်ရှာနေပီလား”

ရှစ်ဖုန့်က သူ့ရှေ့တွင်ရှိနေသော အမှောင်နတ်သူငယ်မျိုးနွယ်မှ

သူတော်စင်နယ်ပယ်သုံးယောက်အား အေးစက်စွာကြည့်လိုက်သည်။

“ဒီသခင်လေးလဲ အားလုံးကို ထုတ်သုံးရတော့မဲ့ပုံပဲ”

ရှစ်ဖုန့်ကစကားပြောနေသကဲ့သို့ နဖူးထက်ရှိ သူ၏တတိယမျက်လုံးဖြစ်သော အနက်ရောင်နတ်ဆိုးမျက်လုံးက ရုတ်တရက်ပွင့်လာသည်။

အဖြူရောင်ဖြစ်နေသောသွေး

ဓားအားချက်ချင်းပဲ သွေးနီရောင်မီးတောက်တို့ လောင်ကျွမ်းသွားသည်။သွေးနီရောင်အလင်းတစ်ခုဖျက်ခနဲလင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်ကသူ၏ကိုယ်ပေါ်တွင်‌ ပေါ်လာသည်။

“တိုက်”

ရှစ်ဖုန့်က သွေးနီရောင်မီးတောက်တို့

တောက်လောင်နေသော သူ၏သွေးဓားဖြင့်ရှေ့သို့ထိုးညွှန်လိုက်သည်။

ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ  နောက်တစ်ကြိမ်ထပ်မံ၍

ရှေ့သို့တစ်ဟုန်ထိုးတက်လိုက်သည်။

“ခါဘာဒါ ဝါဆန်နာ…”

“မိုလီယန်ညို  ဆာဂျီယာ”

“ခယ့်လုံ  ယွဲ့ရှန့်ဟွာ”

အမှောင်နတ်သူငယ်ဧကရီနှင့်  သူတော်စင်နယ်ပယ်နှစ်ယောက်တို့မှာ ရှစ်ဖုန့်ကတရကြမ်းတိုးဝင်လာပြီးလျှင်မြန်စွာချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သုံးဦးသား တစ်ပြိုင်နက်တည်း သူတို့၏လက်များဖြင့် ဆီးလ်များကိုပုံဖော်လိုက်ကြပြီး အမှောင်နတ်သူငယ်မျိုးနွယ်စု၏ရှေးကျသော  မန္တရားအား သံပြိုင်ရွတ်ဆိုလိုက်ကြသည်။ရုတ်တရက် အက်ရှလေ၏ရှေ့တွင် အနက်

ရောင်အရိပ်တစ်ခု ပေါ်လာသည်။ ဖြည်းဖြည်းချင်းအနက်ရောင်ပုံရိပ်က ရှင်းလင်းသည်ထက်ရှင်းလင်းလာပြီး ကျစ်လစ်သောခန္ဓာကိုယ်တစ်ခု

အဖြစ်ပြောင်းလဲသွားသည်။ နက်မှောင်သောမှင်ကဲ့သို့ပိန်း

ပေါက်အောင်နက်သော အရိုးခေါင်းတစ်ခုပေါ်လာသည်။

ဤအရိုးခေါင်းက အမည်မသိ မျိုးနွယ်စုတစ်ခုနှင့်ဆက်နွယ်သည်ဖြစ်သည်။၎င်း၏အသွင်အပြင်ကို အကဲခတ်ရသလောက် ၎င်းမှာ လူသားမျိုးနွယ် သို့မဟုတ် အမှောင်နတ်သူငယ်မျိုးနွယ်မှ မဟုတ်သည်မှာသိသာသည်ဖြစ်သည်။၎င်းက သားရဲရိုင်းတစ်ကောင်၏ အရိုးခေါင်းနှင့်ပို၍တူညီသည်။

အနက်ရောင်အရိုးစုပေါ်ပေါ်လာခြင်းတွင်  ၎င်းထံမှဦးတည်ချက်အနှံ့သို့ အနက်ရောင်အလင်းတန်းများ

အားချက်ချင်းပစ်လွှတ်လိုက်သည်။အမှောင်ထု၏  စွမ်းအားကြီးပြီး ဆန်းကြယ်သော စွမ်းအားတစ်ခုလည်း ပျံ့နှံ့ဖြစ်ပေါ်လာသည်။အနက်ရောင်

လှိုင်းတွန့်များကဲ့သို့  ၎င်းက တစ်ဟုန်ထိုးချဉ်းကပ်လာနေသော ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဦးတည်သွားသည်။

ရှစ်ဖုန့်က ရှေ့သို့တစ်ဟုန်ထိုးဦးတည်လာသကဲ့သို့ သူ၏နဖူးအလယ်တွင်ရှိနေသော တတိယနတ်ဆိုးမျက်လုံးထံမှ တလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများ ထွက်လာသည်။၎င်းမှာ အနက်ရောင်မြူပင်လယ်တစ်ခုကဲ့သို့ဖြစ်ပြီး အမှောင်နတ်သူငယ်မျိုးနွယ်စု၏  သူတော်စင်နယ်ပယ်သုံးယောက်ထံသို့ တလိပ်လိပ်ဖြင့်ဦးတည်သွားသည်။သို့သော် အနက်ရောင်လှိုင်းတွန့်များ၏ အောက်တွင် တလိပ်လိပ်ထနေသော  အနက်ရောင်မြူများမှာ   ရုတ်ခြည်းအဝေးသို့လွင့်ပျယ်သွားသည်။

ထို့နောက်တွင် အနက်ရောင်လှိုင်းတွန့်များက ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုး

ဆက်လက်၍ဦးတည်လာသည်။

“ဒါကဘယ်လိုစွမ်းအားမျိုးလဲ”

အနက်ရောင်အရိုးခေါင်းထံမှ တလိပ်လိပ်ဦးတည်လာနေသော နက်မှောင်သည့်စွမ်းအင်များအားကြည့်ကာ ရှစ်ဖုန့်၏ မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။သူက ခံ့ညားသော အသွင်အပြင်တစ်ခုကို လှစ်ဟာပြပြီး သူ၏တစ်ဟုန်ထိုးရွေ့လျား

မှုအားရပ်တန့်လိုက်သည်။ နောက်ထပ်အတွေးတစ်ချက်ဖြင့်  သူ၏ကိုယ်ပေါ်ရှိ သွေးနီရောင်ချပ်ဝတ်ထံမျှ အားကောင်းသောသွေးနီရောင်

အလင်းတို့ရုတ်တရက်ထုတ်လွှတ်လာသည်။ ၎င်းကလည်းရှေ့သို့ပျံ့နှံ့သွားပြီး  နက်မှောင်သော စွမ်းအင်လှိုင်းတွန့်များအား ခုခံလိုက်သည်။

“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ”

ဤတစ်ကြိမ်တွင်  အမှောင်နတ်သူငယ်သုံးယောက်မှာ သွေးနီရောင်ချပ်ဝတ်မှ သွေးနီရောင်အလင်းအား အာရုံခံမိသော အခါတွင် တုန်လှုပ်အံ့အားသင့်မှုအဖြစ်ပြောင်းလဲသွား၏။ ထို့နောက် အက်ရှလေကသူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီးသူမရှေ့တွင်ရှိနေသော အနက်ရောင်အရိုးခေါင်းအား ဆုပ်ကိုင်လိုက်သည်။ သူ၏ညာလက်အားကောင်းကင်ထဲသို့ ထိုးညွှတ်လိုက်ပြီး ကြွေးကြော်ရွတ်ဆိုလိုက်သည်။

“အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့ ဧကရီမတစ်ပါးအနေနဲ့  ကျွန်မတို့မျိုးနွယ်စုကို ဖျက်ဆီးဖို့လုပ်နေတဲ့ ကျွန်မတို့ရှေ့မှာရှိနေတဲ့ရန်သူကို ချေမှုန်း ဖျက်ဆီးဖို့အတွက် နတ်ဆိုးနတ်ဘုရားကို စွမ်းအားတွေချေးငှားပေးဖို့ကျွန်မ တောင်းပန်ပါတယ်”

အက်ရှလေက နောက်ဆုံးစကားအားရွတ်ဆို

သောအခါတွင် သူမ၏ ဓားအားသွေးနီရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသည့် ရှစ်ဖုန့်ထံသို့ထိုးညွှန်လိုက်သည်။

သွေးနီရောင်ချပ်ဝတ်မှ အလင်းတန်းက နက်မှောင်သောလှိုင်းတွန့်များဖြင့် ပစ်ဆောင့်မိသောအခါတွင်  နက်မှောင်သောလှိုင်းတွန့်များမှာ  ရုတ်ခြည်း သွေးနီရောင် အလင်းတို့၏ တားဆီးခြင်းကိုခံလိုက်ရပြီး  အခိုးငွေ့များပင် ထွက်လာနိုင်ခြင်းမရှိချေ။ သို့သော် ဤအခိုက်အတန့်တွင် ကြီးမားသောအလင်းတန်းကြီးတစ်ခုက ရှစ်ဖုန့်၏ခေါင်းထက်မှ တိတ်တဆိတ် ကျဆင်းလာသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters