ကျုပ် မလိုချင်ပါဘူးဗျာ
Vol. 65 Ch. 907
မန်ဟိုသည် သူ၏ကျင့်ကြံခြင်းဂူအိမ်သို့ ပြန်လာခဲ့၏။ သူသည် ဆေးဝါးတာအိုဌာနတွင် ယခုလက်ရှိ မည်သို့ဖြစ်ပျက်နေမည်လဲ တွေးထားပြီးဖြစ်ပြီး တချို့မှာ သူ လိုချင်သည်များနှင့် ကွက်တိပင်။
"ငါ့ကျင့်ကြံခြင်းအခြေခံက ဖန်မျိုးနွယ်စုမှာ ထင်ရှားကျော်ကြားလာဖို့ မလုံလောက်သေးပေမယ့် သူတို့မှာ ဆေးဝါးတာအိုဌာနရှိမှတော့ ဘာလို့အဲဒီနေရာမှာ ထင်ရှားကျော်ကြားအောင် မလုပ်ဘဲ နေတော့မလဲ
"ဆေးဝါးတာအိုဌာနမှာ အဆင့်အတန်းမြင့်မားလေလေ၊ မျိုးနွယ်စုမှာ ငါ့အဆင့်အတန်းမြင့်လေလေဖြစ်မယ်
"ဆေးဝါးတာအို.... ငါ ဖန်မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံးဆေးဝါးပညာရှင် ဖြစ်လာခဲ့ရင် သေချာပေါက် လုံးဝနာမည်ကြီးလာလိမ့်မယ်။ ဆေးဝါးတာအိုဌာနတစ်ဖွဲ့လုံးကို ထိန်းချုပ်နိုင်ရင် ငါ့နိဗ္ဗာနသစ်သီးနှစ်လုံး ဘယ်ရောက်သွားလဲ ရှာဖို့ ခက်မှာ မဟုတ်တော့ဘူး" သူ၏မျက်လုံးများ တောက်ပလာပြီး အေးစက်သောအပြုံးတစ်စ သူ၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။
တခဏကြာသော် မန်ဟိုသည် မျက်လုံးများ ပိတ်၍ ကျင့်ကြံခြင်းအခြေခံနှင့်အတူ အင်မော်တယ်အကြောကို လှည့်ပတ်လိုက်သည်။ ၎င်း၏ ပုံရိပ်ယောင်ဖြစ်နေခဲ့သော အစိတ်အပိုင်းများကား တဖြေးဖြေး အစိုင်အခဲဖြစ်လာနေလေပြီ။
"အင်မော်တယ်အကြော ပြည့်စုံမသွားခင် အချိန်လိုတယ်။ အဲ့ဒါပြီးရင်တော့ အစစ်အမှန်အင်မော်တယ်ဖြစ်ပြီ" သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အပြင်တွင် မှောင်မိုက်လာပြီး လထွက်လာခဲ့လေပြီ။ နောက်ဆုံးတော့ မန်ဟို၏မျက်လုံးများ ပွင့်လာပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်အဆီအတွက် ပါဝင်ပစ္စည်းဆယ်စုံထွက်လာ၏။
"ဒီဖော်စပ်နည်းက တော်တော့်ကို ရိုးရှင်းတယ်။" သူက တွေးသည်။ "ပြီးဝောာ့ ဒီကထုတ်ပေးတဲ့ ဝိညာဉ်အဆီကလည်း သိပ်အရည်အသွေးမြင့်မှာမဟုတ်ဘူး" သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ကျောက်စိမ်းသေတ္တာကို ဖွင့်ပြီး နိဗ္ဗာနသစ်သီးနှစ်လုံးကို ထုတ်လိုက်၏။ ၎င်းတို့ကို တခဏ လေ့လာပြီးနောက်တွင် ဝိညာဉ်အဆီကို စတင်ဖော်စပ်တော့သည်။
ပထမဆုံး သူသည် ဖော်စပ်နည်းထဲတွင် ဖော်ပြထားသောနည်းလမ်းအတိုင်း ဆေးလုံးတစ်သုတ် ဖော်ကြည့်၏။ မန်ဟို့အတွက် ထိုနည်းလမ်းမှာ အလွန်ရိုးရှင်းလွန်း၏။ ပထမဆုံးအသုတ်ကို ဖော်စပ်ပြီးနောက် သူက သူ့နည်းလမ်းသူ သုံးရန် ဆုံးဖြတ်ရင်း ဆေးဖော်နည်းကို အတန်ငယ်ပြောင်းလဲပြီးနောက် တစ်ခုနှင့်တစ်ခုအတန်ငယ် ကွဲပြားသော ဝိညာဉ်အဆီကိုးသုတ်ကို ဖော်စပ်လိုက်သည်။
ထို့နောက် သူသည် အသုတ်တစ်သုတ်စီထဲရှိ နိဗ္ဗာနသစ်သီးများအနက် တစ်လုံးစီ၏အပေါ်သို့ အစက်ချပြီး အမျိုးမျိုးသော တုံ့ပြန်မှုများကို လေ့လာလိုက်သည်။
ချက်ချင်းပင် သစ်သီးပေါ်၌ ပြန်စိုပြေလာသောလက္ခဏာများကို မြင်လိုက်ရလေသည်။ ကိုးသုတ်မြောက်ဝိညာဉ်အဆီအား စုပ်ယူပြီးသည့်အချိန်တွင် နိဗ္ဗာနသစ်သီးများမှာ အက်ကွဲရှုံ့တွခြင်းမရှိတော့ဘဲ အကောင်းပကတိအတိုင်းဖြစ်လာသယောင်ပင်။ ၎င်းက မန်ဟို့သွေးကြောများထဲရှိ သွေးများကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးနေသော အရောင်အဝါတို့ကိုပင် ထုတ်လွှတ်နေသည်။
သူ့မှာ နိဗ္ဗာနသစ်သီးများအား ကိုယ်ထဲသို့ ချက်ချင်း စုပ်ယုပစ်ချင်စိတ်တို့ ပေါက်ဖွားလာ၍ ကပျာကယာ မျက်လုံးပိတ်ပြီး ချုပ်တည်းလိုက်ရသည်။ လေးနာရီကြာသော် နိဗ္ဗာနသစ်သီးသည် ဖြေးညင်းစွာ နွမ်းခြောက်လာ၏။ ခြောက်နာရီကုန်ဆုံးသွားသည့်အခါတွင် ၎င်းကား ခြောက်ကပ်နေသော မူလအခြေအနေသို့ ပြန်ရောက်သွားလေသည်။
"ငါ တကယ် စုပ်ယူဖို့ ကြိုးစားရင်" သူက ခြောက်ကပ်နေသောအသီးများကို ကြည့်ရင်း ရေရွတ်လိုက်သည်။ "အခုပဲ အလောင်းခြောက်ဘဝရောက်သွားလိမ့်မယ်။ မထင်မှတ်ထားဘဲ ရုတ်တရက် သေဆုံးသွားသလိုမျိုး
"ဒီနိဗ္ဗာနသစ်သီးတွေကို ငါ စုပ်ယူချင်ရင် အန္တရာယ်မများအောင် ပြုပြင်ဖို့လိုတယ်။ ဒီဝိညာဉ်အဆီ ကိုးသုတ်ထဲမှာ ခုနစ်သုတ်မြောက်က အာနိသင်အပြင်းဆုံးပဲ။ ကျန်တာတွေထက် နှစ်ဆလောက် ပိုပြင်းတယ်" သူသည် နောက်ဆုံးကျန်ရှိသော ပါဝင်ပစ္စည်းအစုံကို ငုံ့ကြည့်လိုက်၏။ တခဏ တွေဝေတုံ့ဆိုင်းနေပြီးသော် ခိုင်မာပြတ်သားသောအလင်းရောင်တစ်စ သူ၏မျက်လုံးများတွင် ပေါ်လာသည်။
"ဒီဖော်စပ်နည်းက ကောင်းသင့်သလောက် မကောင်းသေးဘူး။ ဝိညာဉ်အဆီ ဖော်ဖို့ သုံးတဲ့ ဆေးပင်တွေက တကယ်တမ်း တခြားအပင်တွေနဲ့လည်း အစားထိုးလို့ရတယ်" မန်ဟိုသည် ဆေးပင်များပေါင်းစည်းမှုနှင့်ပတ်သက်၍ စဉ်းစားနေ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူက အံတင်းတင်းကြိတ်၍ အပြင်လောကတွင် မျိုးတုံးသွားပြီဖြစ်သည့် နေပန်းပွင့်နှင့် ဘဝပြန်ဝင်စားခြင်းသစ်ရွက်ကို ထုတ်လိုက်သည်။ ၎င်းတို့ကို ဖော်စပ်နည်းထဲ ထည့်ပြီးနောက်တွင် ဝိညာဉ်အဆီအား စဖော်တော့သည်။
ဤတစ်ခေါက်တွင် သူ့အတွက် ဖော်စပ်ပြီးရန် နှစ်ရက်တင်းတင်းကြာလိုက်သည်။ ဆေးပင်များအား အရည်အဖြစ် သန့်စင်ပြီးနောက်တွသ် သူသည် မြစိမ်းရောင် ပျစ်စေစေးစေးအရည်အား လက်သီးအရွယ်မျှ လုံးကာ ပုလင်းအသေးလေးတစ်ပုလင်းထဲ ထည့်လိုက်၏။
၎င်းသည် သိပ်သည်းသော အင်မော်တယ်ချီဖြင့် ပြည့်နှက်နေပြီး နေပန်းပွင့်နှင့် ဘဝပြန်ဝင်စားခြင်းသစ်ရွက်ပါရှိသည့်အတွက် ဤပုလင်းမှာ အရည်အသွေးအရသာမက၊ တန်ဖိုးအရပါ မြင့်မားသည်ဟု ဆိုလိုလေသည်။
မန်ဟိုမှာ ရင်နာနာနှင့်ပင် ကြေးမုံထုတ်ကာ ၎င်းအား ပွားပြီးနောက် အစက်ကလေးတစ်စက်အား နိဗ္ဗာနသစ်သီးတစ်လုံးအပေါ် ချလိုက်သည်။ ၎င်းက ချက်ချင်း အသက်ဝင်လာပြီး တလက်လက် တောက်ပလာသည်။
သို့သော်လည်း မန်ဟိုသည် သစ်သီးများမှာ အမှန်တကယ် မစိုပြေသေးကြောင်း သိ၏။ သူက သစ်သီးအပေါ်သို့ တစ်စက်ပြီးတစ်စက်ချရင် အစက်တစ်ရာပြည့်သွားသည်။ နိဗ္ဗာနသစ်သီးမှာ အဆီကို စုပ်ယူပြီးလျှင် တစတစ အသွင်ပြောင်းလာသည်။ အသွင်ပြောင်းခြင်းကို သိသိသာသာ မမြင်သော်လည်း မန်ဟိုသည် အတွင်းမှ အသက်စွမ်းအားတချို့ကို ခံစားရသည်ဆိုရုံ ခံစားနေရလေသည်။
"အလုပ်ဖြစ်တယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ သို့သော်လည်း သူ့မှာ ရင်နာနေဆဲပင်။ ထိုဝိညာဉ်အဆီကို ပွားခြင်းက သူ့သိုလှောင်အိတ်ထဲမှ စိတ်ဓာတ်ကျဖွယ် ဝိညာဉ်ကျောက်တုံးပမာဏအား ပြောင်သွားစေခဲ့၏။
သူက အံတင်းတင်းကြိတ်လိုက်သည်။
"ငွေနည်းနည်းလေးပဲလေ မဟုတ်လား..." သူက အံကြိတ်ထားသည့်ကြားမှ ပြောပြီးနောက် နောက်တစ်ပုလင်းထပ်ပွားလိုက်ပြန်သည်။ အချိန်များ ကုန်သွားသည်။ ငါးရက်ကြာသော် …
"သေစမ်း မင်းတို့က ဝိညာဉ်အဆီ စုပ်ယူတာလား ဝိညာဉ်ကျောက်တုံးတွေ စုပ်ယူတာလား
"ဟ ... ဝိညာဉ်အဆီကို ဆက်စုပ်ယူနေတုန်းလား
"အောက်ခြေမရှိတဲ့ ကျင်းထဲ ရောက်သွားသလိုပဲ
"အားးး ငါ့ဝိညာဉ်ကျောက်တုံးတွေ"
နိဗ္ဗာနသစ်သီးများကို စိုက်ကြည့်နေစဉ် မန်ဟို၏မျက်လုံးများသည် နီရဲတွတ်နေ၏။ ငါးရက်အတောအတွင်း သူသည် သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးတစ်ဝက်ကျော်ကို သုံးခဲ့ပြီးလေပြီ။ သူ့မှာ ဝိညာဉ်အဆီများကို ပင်လယ်ကြီးတမျှ ပွားခဲ့သော်လည်း အကုန်လုံးကို နိဗ္ဗာနသစ်သီးများမှ စုပ်ယူသွားခဲ့သည်။ ၎င်းအတွင်းရှိ အသက်စွမ်းအားမှာ အားကောင်းသထက် အာကောင်းလာသော်လည်း အဆုံးမရှိသည့်ပုံပင်။ မန်ဟိုမှာ ၎င်း၏ဝိညာဉ်အဆီများအား ထပ်မံစုပ်ယူလိုသော ဆာလောင်မှုကို အာရုံရလိုက်၏။
နိဗ္ဗာနသစ်သီးများ ဝိညာဉ်အဆီ မည်မျှစုပ်ယူခဲ့ပြီးပြီလဲ အတိအကျ တွက်ကြည့်လျှင် ဖန်မျိုးနွယ်စုရှိ မည်သူမဆို တုန်လှုပ်သွားမှာဖြစ်သည်။ ထိုမျှသာမက ထိုဝိညာဉ်အဆီကား အကောင်းဆုံးအရည်အသွေးဖြင့်ပင်။ ပုလင်းနည်းနည်းပါးပါးက ပြဿနာမရှိသော်လည်း အများစုအတွက် ဝိညာဉ်ကျောက်တုံးများက ပြဿနာမဟုတ်ပေ။ သူတို့သည် ဆေးပင်များစွာကို ဘယ်တော့မှ စုဆောင်းနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် နေပန်းပွင့်များနှင့် ဘဝပြန်ဝင်စားခြင်းသစ်ရွက်များ ဖြစ်သည်။
"ဝိညာဉ်အဆီကို မစုပ်ယူနိုင်တော့တဲ့အချိန်ရောက်မှ သူတို့ အကောင်းတိုင်းဖြစ်သွားပြီဆိုတာ ငါ သိလိမ့်မယ်" မန်ဟို့မှာ နှလုံးသွေးတို့ စက်စက်ယိုနေပြီး ဝိညာဉ်အဆီအား ပွားနေခြင်းကို ရပ်လိုက်၏။ သူက နိဗ္ဗာနသစ်သီးများကို အလျင်အမြတ်သိမ်း၍ မျက်လုံးများ ပိတ်လိုက်လေသည်။
တအောင့်ကြာသော် သူက မျက်လုံးများဖွင့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနည်းလမ်းက မမှန်သေးဘူး။ ဝိညာဉ်အဆီရဲ့စွမ်းအားကို မြှင့်ဖို့ လိုတယ်။ အဲဒီလိုလုပ်ဖို့ဆို လက်ရှိဆေးအမယ်တွေအကုန်လုံးကို အစားထိုးရမှာ။ ပိုလို့တောင် အားကောင်းတဲ့ ဝိညာဉ်အဆီကို ဖော်စပ်နိုင်ရင် အကောင်းဆုံးပဲ။ ပွားဖို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီးကုန်မှာဆိုပေမယ့် အရင်းအမြစ်အများကြီးကို ခြွေတာမိရာရောက်မယ်"
မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အရူးကြီးလိုပွားနေခြင်းနှင့် ဖော်စပ်ခြင်းကို ရပ်လိုက်သည်။ သူကား ယခုတွင် ဆေးဝါးတာအိုဌာနသို့ သွား၍ လိုအပ်သော ဆေးပင်များအား ရယူဖို့ နည်းလမ်းရှာရန် ပြင်လိုက်သည်။
"ကံဆိုးစွာနဲ့ ငါ့မှာ လိုအပ်တဲ့ စွမ်းဆောင်ရည်ရမှတ်တွေ မရှိဘူး... ဒါပေမဲ့ အဲဒီပြဿာနက အလွယ်တကူ ဖြေရှင်းလို့ရတယ်" သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဆေးဝါးတာအိုဌာနသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။
လူများသည် သူ ရောက်လျှင်ရောက်ချင်း သတိထားမိသွားကြ၏။ အဘယ်ကြောင့်ဆိုသော သူ ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) သို့ ရောက်လာသောအခါ ဆေးဝါးပညာရှင်အဘိုးကြီးဖန်ချွင်အပါအဝင် ဆေးဝါးအတတ်သင်များက စိတ်လှုပ်ရှားစွာဖြင့် ငေါက်ခနဲ ထရပ်လိုက်ကြပြီး လက်ယှက်အရိုအသေပေး၍ သူအား စင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်၍ဖြစ်သည်။
မန်ဟိုက မငြင်းဘဲ နေရာယူကာ ဆေးဝါးတာအိုအကြောင်း ပို့ချပြီး ဆေးဝါးအတတ်သင်များအား အခြားသူများကို လာနားထောင်ခိုင်းရန်ပင် တောင်းဆိုလိုက်သည်။
"ဒါတွေအားလုံးက မျိုးနွယ်စုအတွက်ပဲ" မန်ဟိုက လေးနက်သောအသံဖြင့် ကြေညာသည်။ "ငါ့ရဲ့ မဖြစ်စလောက်အသိနဲ့တောင်မှ မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်တယ်" သူ၏အသံသည် မျိုးနွယ်စုအပေါ် သစ္စာရှိမှု၊ ဖြောင့်မတ်ရိုးသားမှုတို့ ပြည့်နေသယောင်ပင်။
ဆေးဝါးအတတ်သင်များမှာ စိတ်လှုပ်ရှားနေပြီး ကျောက်စိမ်းပြားများထုတ်ရင်း မိတ်ဆွေများအား ဖိတ်ခေါ်လိုက်ရာ အကုန်လုံး မြန်မြန်ဆန်ဆန် ရောက်လာကြပြီး သတင်းများ ထပ်ဆင့်ကဲ ဖြန့်ပေးလိုက်ကြသည်။
လေးနာရီအတွင်း တောင်ထွတ်တစ်ခုလုံးသည် မန်ဟို အပင်နှင့်အသီးအရွက်အကြောင်း ပို့ချနေသည်ကို နားထောင်ဖို့ ရောက်လာကြသူများဖြင့် ပြည့်ကြပ်သွား၏။ အတော်များများမှာ တမြန်နေ့က အဖြစ်အပျက်ကို ကြားသိထားပြီး ယခုမှ မန်ဟို့ပိုချမှုကို နားထောင်ဖူးသူများ ဖြစ်ကြသည်။ သို့သော် တခဏလေးသာ နားထောင်ရသေးသည်၊ သူတို့ကား အချက်အလက်များကို မှတ်သားရင်း နစ်မြောသွားကြ၏။
မန်ဟိုမှာ တစ်နေ့လုံး ပို့ချပြီးနောက် အတန်ငယ် ပင်ပန်းနွမ်းနယ်လာသည်။
"မျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့။ ကျုပ် ဆက်မနေချင်ဝာာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အချိန်မရှိတော့လို့ပါ။ မျိုးနွယ်စုအတွက် ထမ်းဆောင်စရာတာဝန်တွေ ရှိသေးတယ်။ နောက်အားရင် ကျုပ် သေချာပေါက် ပြန်လာပါ့မယ်"
လူအုပ်ကြီးမည်မျှ သူ့အား ဆက်နေဖို့ တောင်းဆိုစေကာမူ မန်ဟိုက ငြင်းဆန်ပြီး ဆေးဝါးတာအိုဌာနမှ ချက်ချင်း ထွက်သွားလေသည်။
နောက်ပိုင်းတွင် အကြောင်းပြချက်မည်မည်ရရမရှိဘဲ ဖန်ရွှီသည် ဆေးဝါးတာအိုတွင် စိတ်ဝင်စားလာ၏။ သူက ဆေးဝါးအတတ်သင်ဖြစ်ရဖို့ အဆက်အသွယ်များကို သုံး၍ တောင်ထွတ် (၇၁၉၁) သို့ တိုက်ရိုက်သွားကာ ထိုနေရာရှိ ဆေးဝါးအတတ်သင်တချို့နှင့် ရင်းနှီးလာသည်။
နောက်ရက်များတွင် မန်ဟိုလာတိုင်း ဖန်ရွှီလည်း လူကြားထဲ၌ ရှိနေသည်။ မန်ဟိုပေါ်လာတိုင်း ညနေစောင်းနေပြီဖြစ်ပြီး သူက ထွက်မသွားခင် လေးနာရီသာ ဟောပြောလေသည် ။
မှန်ပါသည်၊ သူသည် အကြိမ်တိုင်း ဆေးဝါးအတတ်သင်များ ဆက်ကြားရဖို့ မျှော်လင့်နေသည့် အချိန်ကောင်းမှ ရပ်တတ်၏။ သူက ဆက်လက်ပို့ချပေးချင်သော်လည်း မျိုးနွယ်စုတာဝန်များကြောင်း မတတ်နိုင်ဘဲ ထွက်သွားရပုံပေါ်နေလေသည်။
တစ်ရက် သူက ထွက်မသွားခင် ခြောက်နာရီခန့် သင်ခန်းစာပို့ချသည်။ ဤအခိုက်အတန့်တွင် ဆေးဝါးပညာရှင်တစ်ယောက်က အသံကျယ်ကြီးဖြင့် ထပြော၏။
"ဖန်ဟို၊ မျိုးနွယ်စုတာဝန်ထမ်းဆောင်နေတာ စွမ်းဆောင်ရည်ရမှတ်တွေ ရဖို့မလား။ ငါ့ စွမ်းဆောင်ရည်ရမှတ်တွေ မင်းကို ပေးရင် ဘယ်လိုလဲ။ မင်း နှစ်နာရီဆက်ပြောပေးကွာ အဆင်ပြေလား" ဤဆေးဝါးအတတ်သင်ကား ဖန်ရွှီမှတစ်ပါး အခြားမဟုတ်ပေ။ သူ၏မျက်နှာထားအရ သူသည် အပင်နှင့်အသီးအရွက်အကြောင်း ထပ်သိရဖို့ ဘာမဆို ပေးဆပ်မည့်ပုံပေါ်နေ၏။
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များမှာ တခဏမျှ တွန့်ဆုတ်သွားကြသည်။ သို့သော် မန်ဟို့ကို လှမ်းခေါ်ရင်း ချက်ချင်း သဘောတူလိုက်ကြသော အခြားသူများရှိလေသည်။ မန်ဟိုက သွားနေရာမှ တုံ့ခနဲ ရပ်လိုက်သည်။
"ဟို ကောင်းပါ့မလားဗျာ..." သူက တွန့်ဆုတ်စွာ ပြောသည်။
"ဘာလို့မကောင်းဘဲ နေမှာလဲ" ဖန်ရွှီက အဆုတ်ကွဲလုမတတ် အော်သည်။ "ဖန်ဟို မင်းရဲ့ အပင်နဲ့အသီးအရွက်အသိက အဆင့် (၂) ဆေးဝါးပညာရှင်တောင် မင်းနဲ့ မယှဉ်နိုင်လောက်အောင် မြင့်မားလွန်းတယ်။ မင်းက မျိုးနွယ်စုအတွက် စွမ်းဆောင်ရည်ရမှတ်တွေ စွန့်လွှတ်ပေးရင် ငါတို့လည်း မင်းအတွက် အဲဒီလို လုပ်ပေးနိုင်တယ်။ မဟုတ်ရင် မင်းကို အားနာစရာကောင်းတယ်ကွ"
ကျန်ဆေးဝါးပညာရှင်များလည်း သဘောတူလာကြသည်။
"ဟုတ်တယ် ဖန်ဟို။ ဒီရက်တွေအတောအတွင်း မင်း ဂိုဏ်းအတွက်၊ ငါတို့အတွက် အနစ်နာခံနေတာတွေကို ငါတို့ကိုယ်တိုင် မြင်ပြီးပါပြီ။ ကျေးဇူးအများကြတင်ပါဝာယ်....
"ဖန်ဟိုက မင်းက ရွေးချယ်ခံတစ်ဦးဖြစ်တာတောင် လုံးဝမောက်မာမှုမရှိဘူး။ အပင်နဲ့အသီးအရွက်နဲ့ပတ်သက်ပြီး ဘာမေးခွန်းပဲလာလာ စိတ်ရှည်ရှည် ဖြေပေးတယ်။ မင်းက ငါတို့ဆီကနေ စွမ်းဆောင်ရည်ရမှတ် ယူဖို့ ထိုက်တန်တယ်"
"ဟုတ်တယ် ။ စွမ်းဆောင်ရည်ရမှတ်မပေးချင်တဲ့ ဘယ်သူမဆို ဒီက ထွက်သွားကြစမ်း။ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးက လူတွေကို အနိုင်ကျင့်တာမဟုတ်ဘူး။ ပညာပဲ"
ပတ်ဝန်းကျင်အခြေအနေ တက်ကြွလာသည်နှင့်အမျှ မန်ဟို၏မျက်နှာတွင် ခံစားချက်များပြည့်နှက်လာသည်။ နောက်ဆုံးတော့ သူက အသက်ပြင်းပြင်းရှူ၍ ခေါင်းညိတ်ရင်း စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။
"သိပ်ကောင်းတယ်" သူက ခိုင်မာပြတ်သားသော လေသံနှင့် ပြောသည်။ "ထောက်ပံ့ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါဝာယ်။ အကုန်လုံးက တိုက်တွန်းနေမှတော့ မျိုးနွယ်စုတာဝန်ကို ထမ်းဆောင်ပြီး ကျုပ်ရဲ့ အပင်နဲ့အသီးအရွက်အားလုံးကို ခင်ဗျားတို့ဆီ ဝေမျှပေးပါ့မယ်
"နှစ်နာရီအတန်းကို စွမ်းဆောင်ရည်ရမှတ်တစ်မှတ်ပဲ တောင်းခံပါ့မယ်။ ထပ်မပေးပါနဲ့တော့။ ထပ်ပေးရင် ကျုပ် လက်မခံတော့ဘူး"
ပတ်ဝန်းကျင်ရှိ ဆေးဝါးပညာရှင်အားလုံး၏ မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာများ ရှိကြသည်။ တချို့က မနှစ်မြို့နေသယောင်ပင်။ ဖြစ်ပျက်သွားသောအရာနှင့်ပတ်သက်ပြီး မည်သူက မရိပ်မိဘဲရှိမည်နည်း။
***