အိမ်တော်ကို တုန်လှုပ်စေခြင်း
Vol. 65 Ch. 910
လှောင်ပြောင်သရော်မှုများက ဆေးဝါးအတတ်သင်များကို ရှက်ရှက်ရွံ့ရွံ့ဖြင့် တွန့်ဆုတ်သွားစေသည်။ သူတို့မှာ အောင်မြင်ရန် ယုံကြည်ချက်မရှိသော်လည်း မန်ဟိုက အလွန်တက်ကြွလေသည်။ တခြားသူသာဆိုလျှင် သူတို့ကို တမင်အရှက်ကွဲအောင်လုပ်သည်ဟု ထင်မိမှာဖြစ်သည်။
"သူတို့ကို အဖက်မလုပ်နဲ့။ ငါ့ကို ယုံကြ" မန်ဟိုက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ပြောသည်။ ဆေးဝါးအတတ်သင်လေးရာမှာ အံတင်းတင်းကြိတ်လိုက်ကြ၏။
သူတို့သည် ယုံကြည်ချက်မရှိသေးသည့်တိုင် ဆေးအိမ်တော်၏ ပထမအဆင့်ကို အောင်ရန် မည်မျှလိုသေးသလဲ သိရန် စိတ်ဝင်စားကြလေသည်။
ကြည့်နေကြသူများ၏ လှောင်ပြောင်သရော်သံများ ဆူညံနေကြစဉ် အတော်များများက ဤအဖွဲ့ ဆေးအိမ်တော်၌ စာမေးပွဲဖြေသည့်အခါ မည်သို့ဖြစ်ပျက်မည်လဲ ကြည့်ဖို့ လိုက်လာကြသည်။ အဆင့် (၁) ဆေးဝါးပညာရှင်တချို့မှာ ဖန်ချွင်ကို သတိထားမိလျှင် ခေါင်းခါရမ်းလိုက်ကြသည်။
"ဖန်ချွင်က အမြင်ကျဉ်းလွန်းတယ်။ အဲ့ဒါ တောင်ထွတ် (၇၁၉၁) က ဆေးဝါးအတတ်သင်တွေမလား"
"သူတို့တောင်ထွတ်က ဆေးဝါးအတတ်သင်တစ်ယောက် ဆေးအိမ်တော်ရဲ့ ပထမအဆင့်ကို အောင်သွားရင် စာပို့ချသူဆေးဝါးပညာရှင်အနေနဲ့ ဆုလာဘ်ချီးမြှင့်ခံရမှာဆိုပေမယ့် ဒီလူတွေက ဆေးဝါးတာအိုလိုက်စားတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်လေ။ သေချာပေါက် အောင်မြင်မှာမဟုတ်ဘူး"
"ဖန်ဟိုက ဖန်ချွင်အစား တောင်ထွတ် (၇၁၉၁) ကို စာပို့ချပေးနေတာ လပိုင်းလောက်ရှိပြီလို့ကြားတယ်။ သူက စွမ်းဆောင်ရည်ရမှတ်တွေကို ပို့ချခအဖြစ်တောင်းတယ်လေ။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ"
လှောင်ပြောင်သရော်သံများကြားတွင် ဖန်ချွင်နှင့် ဆေးဝါးအတတ်သင်လေးရာသည် အတွင်းတောင်များကို ဖြတ်၍ ဆေးအိမ်တော်၏အရှေ့တွင် ပေါ်လာကြ၏။ အတွင်းတောင်ထဲရှိ ဆေးဝါးပညာရှင်တစ်ချို့က သူတို့ကို သတိထားမိသော်လည်း စိတ်မဝင်စားကြပေ။
မှန်သည်၊ အယောက်လေးရာလုံး တစ်ပြိုင်တည်း ဖြေဆိုကြမည်ဖြစ်သော်လည်း ၎င်းမှာ တစ်ခါမှ မကြားဖူးသောအရာမဟုတ်ပေ။ ဆေးဝါးတာအိုဌာနတွင် အဖွဲ့ဝင်မြောက်မြားစွာ ရှိသည်မဟုတ်ပါလော။ ထိုမျှသာမက ဆေးအိမ်တော်သည် ပဟေဠိဆန်သောနေရာတစ်နေရာဖြစ်၏။ တစ်ယောက်တည်းသာ ဝင်ရမည်ဟု မကန့်သတ်ထားပေ။ စိတ်ရှိလျှင် အယောက်တစ်သောင်းပင် ဝင်ရောက်နိုင်သည်။
ဖြေဆိုသူများ တစ်ယောက်တည်း ဖြေဆိုနေသည့်အလား အိမ်တော်၏အတွင်းပိုင်းမှာ ဖြေဆိုသူတစ်ယောက်ချင်းစီအတွက် ဗလာကျင်းနေမည်သာဖြစ်၏။
ဆေးဝါးအတတ်သင်လေးရာ အံတင်းတင်းကြိတ်၍ သူတို့၏စွမ်းဆောင်ရည်ရမှတ်များအား ပေး၍ ဆေးအိမ်တော်ထဲ ဝင်ရောက်သွားသည့်အခါ မန်ဟိုက အော်ပြောလိုက်သည်။
"မင်းတို့အားလုံး မှတ်ထားကြ။ ပုံမှန်အတိုင်းလုပ်၊ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
ဆေးဝါးအတတ်သင်လေးရာက မန်ဟို့အား စိတ်လှုပ်ရှားရင်တုန်စွာဖြင့် အားတင်းပြုံးပြကာ လက်ယှက်အရိုအသေပေးကြသည်။ ထို့နောက် သူတို့သည် အံတင်းတင်းကြိတ်ရင်း ဆေးအိမ်တော်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ မျက်စိတစ်မှိတ်အတွင်း လူလေးရာကား ပျောက်ကွယ်သွားလေပြီ။
ဤအခိုက်အတန့်တွင် လူထောင်ဂဏန်းမျှက စောင့်ကြည့်ရန် စုဝေးလာကြပြီး လှောင်ပြောင်ရယ်မောနေကြ၏။
ဖန်ချွင်မှာ အတိုင်းထက်အလွန် စိုးရိမ်ပူပန်နေသည်။ စုဝေးလာကြသော လူအတော်များများမှာ သူနှင့်ရင်းနှီးပြီး သူတို့၏သရော်သံများအား ကြားနေရသော်လည်း သူ့မှာ ဘာမှပြန်မပြောနိုင်ပေ။
မန်ဟိုက ဆေးအိမ်တော်ကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေစဉ် တည်ငြိမ်အေးဆေးလျက်သာရှိသည်။
ထိုစဉ် အတွင်းထဲတွင် ဆေးဝါးအတတ်သင်အားလုံးမှာ ဗလာကျင်းနေသော မြူများအား ရင်ဆိုင်လိုက်ကြရသည်။ ထို့နောက် ဆေးပင်တစ်ထောင် သူတို့အရှေ့တွင် ပေါ်လာသည့်အခါ အများစုမှာ တုန်လှုပ်သွားကြတော့၏။
"ဟာ ဆေးဝါးပညာရှင် ငါတို့ကို စမ်းသပ်တဲ့ပုံစံအတိုင်းပါလားဃ
"တကယ်... ရိုးရှင်းလိုက်တာ။ ငါ ဒါတွေအကုန်လုံးကို သိတယ်"
"အသက်အရှိုက်တစ်ရာတဲ့လား။ ခဏခဏ လေ့ကျင့်ထားလို့ အသားကျနေပြီ" ဆေးဝ့းအတတ်သင်အားလုံးနီးပါးမှာ အံ့ဩပြီး စိတ်လှုပ်ရှားနေကြသည်။ စောစောက သူတို့သည် အောင်နိုင်သည်ဟု မယုံကြည်ထားသော်လည်း ယခုတော့ မျှော်လင့်ချက်ရှိလာလေပြီ။
အချိန်များ ကုန်လွန်သွားသည်.... အသက်အရှိုက်တစ်ရာ။
မှန်ပါသည်၊ စောင့်ကြည့်နေသူများမှာ ဝိုင်းဟားနေကြဆဲပင်။
"တကယ်ပဲ ဖန်ချွင် ဘာတွေးနေလဲ မသိတော့ဘူး။ ပြီးတော့ အဲဒီဆေးဝါးအတတ်သင်တွေ၊ ကောင်းကင်ကြီး ဘယ်လောက်မြင့်လဲ၊ ကမ္ဘာမြေ ဘယ်လောက်နက်လဲ မသိကြဘူးပဲ။ ဘယ်နည်းနဲ့မှ အောင်မှာမဟုတ်ဘူး"
"အချိန်ပြည့်တော့မယ်ဆိုတော့ မကြာခင် သူတို့ထွက်လာကြတော့မှာ။ တစ်ယောက် အောင်ရင် ငါ့ကိုယ်ငါ ရိုက်သတ်ပစ်လိုက်မယ်"
ဤအခိုက်အတန့်တွင် ပထမအဆင့်၌ အလင်းတန်းတစ်တန်း ပေါ်လာသည်။ ချက်ချင်းပင် ရယ်သံများ တိတ်ဆိတ်သွား၏။
"ဝိုး တကယ်ပဲ တစ်ယောက်အောင်သွားပြီဟ။ အေးပေါ့လေ အယောက်လေးရာဆိုတော့ တစ်ယောက်တော့ ကြက်ကန်းဆန်အိုးတိုးပြီး အောင်ဦးမှပေါ့..."
"အဲဒီတစ်ယောက်က ဆေးဝါးတာအိုဌာနမှာ လက်ရွေးခံဖြစ်လောက်တယ်။ အဲဒီလိုလူပဲ အခုလို အောင်နိုင်မှာ"
စကားသံဆူညံနေသည့်အချိန်မှာပင် ဒုတိယမြောက်အလင်းတန်းတစ်တန်းက ပထမအဆင့်တွင် ပေါ်လာသဖြင့် ပြန်လည်တိတ်ဆိတ်သွား၏။
ထို့နောက် သုံးတန်းမြောက်၊ လေးတန်းမြောက် ၊ ငါးတန်းမြောက် ... အလင်းတန်း (၁၁၃) တန်းက မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။ ၎င်းတို့သည် အဝေးမှပင် မြင်ရနိုင်သော အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာ၏။
စောင့်ကြည့်နေသူများမှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားကြပြီး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့၏မျက်လုံးများသည် မယုံကြည်နိုင်မှုအပြည့်ဖြင့် ဝိုင်းစက်ပြူးကျယ်နေကြပြီး နွေခေါင်ခေါင် မိုးကြိုးပစ်ခံရသည့်အလား ခံစားနေကြရလေသည်။
ဤသည်မှာ သူတို့ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေရာ ယုံကြည်ရခက်နေတော့၏။
ဤအခိုက်အတန့်တွင် လင်းလက်တောက်ပနေသော အလင်းရောင်များကြားမှ ဆေးဝါးအတတ်သင်လေးရာ ပေါ်လာသည်။ စားမေးပွဲကျသူများမှာ နည်းနည်းလေးမှ ငိုင်မနေပေ။ ထိုအစား သူတို့သည် အောင်ဖို့ အလွန် နီးကပ်နေပြီဖြစ်ကြောင်း သိသည့်အတွက် မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် စူးရဲတောက်ပနေကြလေသည်။
သူတို့အားလုံးက မန်ဟို့ထံ အပြေးအလွှား ရောက်လာကြပြီး စိတ်လှုပ်တရှား အော်ဟစ်ကြသည်။
"ရိုးရှင်းလိုက်တာ။ ကျုပ် အကုန်လုံးကို အမည်ဖော်နိုင်ခဲ့တယ်"
"လုပ်နိုင်ပြီ။ ဟားဟားဟား ကျုပ် အောင်သွားပြီ။ ဆေးဝါးဝာာအိုကို သုံးနှစ်ပဲ လေ့လာဆည်းပူးရသေးပေမယ့် ဆေးအိမ်တော်ရဲ့ ပထမအဆင့်ကို အောင်သွားပြီ"
"ကျေးဇူးတင်ပါတယ် ဆေးဝါးပညာရှင်ဖန်။ ကျေးဇူးတင်ပါတယ်"
ဖန်ချွင်မှာ ထိုနည်းတူ စိတ်လှုပ်ရှားနေသည်။
မန်ဟိုက တောက်ပစွာ ပြုံး၍ လည်ချောင်းရှင်းလိုက်၏။ သူက အံ့အားသင့်နေသော စောင့်ကြည့်နေသူများကို လှမ်းကြည့်ပြီးနောက် ဆေးဝါးအတတ်သင်များကို ကြည့်ကာ တည်ကြည်လေးနက်သောပုံစံဖမ်းလိုက်သည်။
"ဘာတွေ စိတ်လှုပ်ရှားစရာရှိလို့တုန်း။ ဘာတွေ အံ့ဩနေကြတာတုန်း
"ဒီသုံးလအတွင်း မင်းတို့က ငါ့ရဲ့ အပင်နဲ့အသီးအရွက်အတန်းအတွက် စွမ်းဆောင်ရည်ရမှတ်ရာချီ သုံးခဲ့ကြတာလေ။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ဆေးအိမ်တော်ပထမအဆင့်ကို မအောင်ရင်ဘဲ အံ့ဩရမှာ
"ကဲ အခု ပြောကြပါဦး။ ငါ့သင်ခန်းစာတွေကို နားထောင်ရတာ တကယ်ပဲ တန်လား"
ဤမေးခွန်း သူ၏နှုတ်မှ ထွက်သွားလျှင်ချင်း ဆေးဝါးအတတ်သင်လေးရာက တစ်ခဲနက် သဘောတူလိုက်ကြသည်။ စောင့်ကြည့်နေကြသူအားလုံး စိတ်နှလုံးတုန်ရီသွားရလေသည်။
ဤသတင်းသည် ဆေးဝါးတာအိုဌာနတစ်ဝန်း ရိုက်ခတ်သွားသော လှိုင်းလုံးကြီးတစ်လုံးအဖြစ် လျက်မြန်စွာ ပြောင်းလဲသွားသဖြင့် မန်ဟိုက တဟားဟား ရယ်ပြီးနောက် လှည့်ပြန်သွားသည်။
"ငါ ရက်ပိုင်းလောက် စာပို့ချတာ ရပ်ထားရမယ်" သူက တွေးသည်။ "နည်းနည်းစောင့်လိုက်ရင် လုပ်ဆောင်ရမှတ်တွေးပေးပြီး နားထောင်ချင်တဲ့လူတွေ သေချာပေါက် ပိုများလာလိမ့်မယ်"
သို့သော် မန်ဟိုသည် ထိုကိစ္စအား လျှော့တွက်ခဲ့မိ၏။ နောင်ရက်များတွင် ဆေးဝါးတာအိုဌာနမှာ လေမုန်တိုင်းကြီးဖြင့် တိုးဝှေ့ခံလိုက်ရသည်။ လူလေးရာက ဆေးအိမ်တော်စာမေးပွဲကို တစ်ပြိုင်တည်း ဖြေပြီး တစ်ရာကျော် အောင်မြင်သွားခဲ့လေသည်။
ယင်းကား သိပ်အံ့ဩစရာမဟုတ်ပေ။ သို့သော် ဤဖြေဆိုသူများ ဆေးဝါးတာအိုကို ဆည်းပူးခဲ့သောကာလကို ကြည့်လျှင်တော့ အလွန်အမင်းအံ့ဩဖွယ်ကောင်း၏။
အကြာမြင့်ဆုံးလေ့လာခဲ့သူမှာ ငါးနှစ်ဖြစ်ပြီး အတိုတောင်းဆုံးမှာတော့ သုံးနှစ်ပင်။ ဤအဖြစ်အပျက်တစ်ခုက အတွင်းတောင်များ၏ ဆေးဝါးပညာရှင်များကိုပင် တုန်လှုပ်သွားစေသည်။
နောက်ဆုံးတော့ ၎င်းသည် ဆေးဝါးတာအိုဌာန၏ လုပ်ငန်းဆောင်တာများအတွက် တာဝန်ရှိသော ဆေးဝါးပညာရှင်ကောင်စီမှ အစည်းအဝေးခေါ်ရသည့်အဆင့်အထိ ရောက်သွား၏။ ဆေးဝါးပညာရှင် ဆယ့်ကိုးဦး အစည်းအဝေးတက်ရောက်ကြသည်။ ဤလူများက ဆေးဝါးတာအိုဌာန၏ အိမ်တော်အကြီးအကဲများ ဖြစ်လေသည်။
ဤအိမ်တော်အကြီးအကဲအားလုံးကား အဆင့် (၈) ဆေးဝါးပညာရှင်များ ဖြစ်ကြ၏။
အတွင်းတောင်များထဲက တောင်မြင့်မြင့်တစ်လုံး၏ တိမ်မြူများ ရစ်ဆိုင်းနေသော တောင်ထွတ်တွင် ရှေးဟောင်းဝတ်ပြုကျောင်းတစ်ကျောင်းရှိသည်။ ဖန်မျိုးနွယ်စု၊ ဆေးဝါးတာအိုဌာန၏ အထင်ကရ ဆေးဝါးပညာရှင်များကို ကိုယ်စားပြုသည့် ဧရာမရုပ်တုကြီးဆယ်ရုပ်က ဝတ်ပြုကျောင်း၏အပြင်တွင် မားမားမတ်မတ် ရပ်လျက် စောင့်ကြပ်နေကြသည်။
ဤသည်မှာ ဆေးဝါးပညာရှင်ကောင်စီ အစည်းအဝေးကျင်းပရာနေရာဖြစ်၏။ ဝတ်ပြုကျောင်း၏ ပင်မခန်းမထဲတွင် ဧရာမခုံကြီးဆယ့်ကိုးလုံးသည် လေလယ်၌ ပျံဝဲနေပြီး ၎င်းတို့၏အလယ်တည့်တည့်၌ တဖျပ်ဖျပ် လက်နေသော ပုံရိပ်ယောင်ဆေးဒယ်အိုးကြီးတစ်လုံးရှိသည်။
ထိုင်ခုံများတွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော ဆေးဝါးတာအိုပိုင်ရှင်၊ သူမတူသော ကျင့်ကြံခြင်းအခြေခံများဖြင့် အဘိုးကြီးများက အသီးသီး နေရာယူထားကြသည်။ ဤအဘိုးကြီးများအနက် မည်သူမဆိုသည် ဆေးဝါးဂိုဏ်းတစ်ဂိုဏ်းအား တည်ထောင်နိုင်သော မဟာဆရာသခင်များဖြစ်ကြ၏။
"ဖန်ဟိုက လွန်ခဲ့တဲ့ လေးလတုန်းက တောင်ကောင်းကင်ကနေ ဒီကို ရောက်လာခဲ့တယ်" ပါးရေနားရေများတွန့်နေသော မျက်နှာပိုင်ရှင်အဘိုးကြီးတစ်ယောက်က ပြောသည်။ သူ့မှာ မျက်လုံးပင် မနည်းဖွင့်ထားရန်ဟန်တူသော်လည်း သိပ်သည်းသော ဆေးရနံ့က သူ့အား ထာဝရစွဲကပ်နေလေသည်။ "မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းနဲ့ သူက မျိုးနွယ်စုရဲ့ ရွေးချယ်ခံတစ်ယောက်ပဲ။ နောက်တော့ ပင်မမျိုးနွယ်စုရဲ့ မဟာအကြီးအကဲက သူ့ကို ဆေးဝါးတာအိုဌာနဆီ သွားဖို့ စီစဉ်ပေးခဲ့တယ်။ ဒါကြောင့် အဆင့် (၅) ဆေးဝါးပညာရှင် ဖန်ဟွေ့ကောကိုယ်တိုင် သူ့ကို ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) ဆီ လိုက်ပို့ပေးခဲ့တယ်
"ကျုပ် စုံစမ်းမှုနည်းနည်းပါးပါး လုပ်ပြီး ဖန်ဟွေ့ကောဆီကလည်း အဖြေတချို့ ရခဲ့တယ်။ ဖန်ဟွေ့ကောက ဖန်ဟိုမှာ ဆေးဖော်စပ်နိုင်တဲ့ အရည်အချင်းရှိပေမယ့် မောက်မာလွန်းတယ်တဲ့။ ထားပါတော့ သူ့အထင်နဲ့အမြင်က ခဏထား။ ဖန်ဟိုက တောင်ထွတ် (၇၁၉၁) ကို ရောက်လာတဲ့ နှစ်နာရီအတွင်းမှာ အဆင့် (၁) ဆေးဝါးပညာရှင်ဖန်ချွင် အပင်နဲ့အသီးအရွက်အကြောင်း ရှင်းပြနေတဲ့အချိန် အမှားဆယ့်နှစ်ခု တွေ့ခဲ့တယ်။ အဲ့ဒါနဲ့ ဖန်ဟိုက ထောင်သောင်းချီတဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ သင်ခန်းစာတစ်ခုကို ကိုယ်တိုင်ပို့ချခဲ့တယ်
"အဆင့် (၂) ဆေးဝါးပညာရှင်ဖန်ရှုကျုံးက ပင်မမျိုးနွယ်စုရဲ့ ဖန်ယွင်ရီတောင်းဆိုလို့ ဖန်ဟို့ကို စိန်ခေါ်ပြီး လောင်းကြေးထပ်ခဲ့တယ်။ ဖန်ဟိုက သူ့ကို အလွယ်တကူ အနိုင်ယူပြီး အဆင့် (၅) ဆေးဝါးပညာရှင်တစ်ဦးရဲ့ ထိပ်တန်းလျှို့ဝှက်ကိုင်းဆက်ကူးနည်းကို ချက်ချင်း ဖော်ပြခဲ့တယ်။ ကျုပ် ကိုယ်တိုင် သွားစစ်ဆေးပြီးပြီ။ ဖော်စပ်နည်းက တကယ် မှန်တယ်
"နောက်တော့ သူက ပရိသတ်ဆီကနေ စွမ်းဆောင်ရည်ရမှတ်တွေ စုဖို့ အပင်နဲ့အသီးအရွက်သင်တန်းပို့ချတယ်..." ဤနေရာတွင် အဘိုးကြီးက ရပ်သွားသည်။ အကြီးအကဲတချို့မှာ သဘောကျစွာ ရယ်လိုက်ကြသည်။
"သူ့ပရိသတ်က လူရာဂဏန်းလောက်ပဲရှိတော့ စွမ်းဆောင်ရည်ရမှတ်လည်း နည်းနည်းပဲ ရတယ်။ အဲဒီတော့ မကျေမနပ်နဲ့ ဆေးအိမ်တော်ကို သွားပြီး အကြိမ် (၁၄၀) ဆက်တိုက် စာမေးပွဲဖြေခဲ့တယ်
"သူ မအောင်ခဲ့ဘူး တစ်ကြိမ်မှ မအောင်ခဲ့တာ။ ဒါမဲ့ ဘာကြောင့်လဲဆိုတော့ တမင်ကျအောင် လုပ်လို့။ ပြီးတော့ စာမေးပွဲက အပင်နဲ့အသီးအရွက်အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး တောင်ထွတ် ၇၁၉၁ ရဲ့ ဆေးဝါးအတတ်သင်တွေကို ပို့ချတယ် ... ဆေးအိမ်တော်ပထမအဆင့်က အချက်အလက်တွေကို ပေါ့
"ဒီလိုနဲ့ မသမာနည်းသုံးပြီး ဆေးဝါးအတတ်သင်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတော့ လူလေးရာကို ဆေးအိမ်တော်ပထမအဆင့်ဆီ ခေါ်သွားပြီး တစ်ရာကျော် အောင်သွားတယ်
"ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့၊ ဒါ ဖန်ဟိုနဲ့ပတ်သက်ပြီး ကျုပ် စုံစမ်းထားတာတွေပါ။ ဘယ်လိုထင်ကြလဲ" အဘိုးကြီး၏အသံသည် တစ်ချိန်လုံး အေးစက်နေ၏။ သူပင်လျှင် မန်ဟိုက အတော်လေး ရယ်စရာကောင်းသည်ဟု တွေးမိလေသည်။
လူများက ထင်မြင်ချက်မျိုးစုံ ပေးလာကြသည်။
"အဲဒီကလေးက ရူးနေတာလား ဘာလား။ အပင်နဲ့အသီးအရွက်သင်ခန်းစာတွေအတွက် လုပ်ဆောင်ရမှတ်တွေ ကောက်ခံတာ ယုံတောင်မယုံနိုင်ဘူး။ သူ့ အရွယ်တုန်းက ငါ ဘာလို့ မတွေးခဲ့မိပါလိမ့်"
"အပျင်းပြေစရာကောင်းပေမယ့် အဆုံးသတ်မှာ မသမာနည်းသုံးတာက သုံးတာပဲ။ သူ့ကို တစ်နည်းနည်းနဲ့ အပြစ်ပေးသင့်တယ်။ ဆေးအညစ်အကြေးတွေ ရှင်းခိုင်းရင်ရော"
"မဖြစ်နိုင်တာ။ အဲဒီပြစ်ဒဏ်က ပြင်းထန်လွန်းတယ်။ ငါ သူ့ကို ဆေးလုံးတချို့ ဖော်ခိုင်းပြီး ပညာပေးလိုက်မယ်"
"အဲ့ဒါက တကယ်တော့ မသမာနည်းသုံးတာမဟုတ်ဘူး။ ဆေးအိမ်တော်ပထမအဆင့်ရဲ့ အပင်နဲ့အသီးအရွက်တွေအားလုံးကို အလွတ်မှတ်နိုင်ကတည်းက သူ့အပင်နဲ့အသီးအရွက်အသိက ကြောက်စရာကောင်းတဲ့အဆင့်မှာဆိုတာ သက်သေပြနေတာပဲ။ သူသာ တကယ် ကြိုးစားကြည့်ရင် ဆေးအိမ်တော်ထဲမှာ ဘယ်အဆင့်ထိ ရောက်နိုင်မလဲမသိဘူး"
ဤသည်မှာ အမြင်အမျိုးမျိုးဖြစ်ကြသည်။ တချို့က အသေးအဖွဲကိစ္စတစ်ခုဟုသာ တွေးကြပြီး မန်ဟို့ကို စိတ်ဝင်စားလာကြ၏။ အခြားသူများက သူသည် အပြစ်ခံရသင့်သည့် ဂြိုဟ်ကောင်ဖြစ်သည်ဟု မြင်လာကြ၏။
နောက်ဆုံးတော့ လူတိုင်းမှာ လိုရင်းမရောက်နိုင်ဘဲ စကားအစုံပြောပြီးသွားသည်။ ထိုင်ခုံ (၁၉) လုံး၏အလယ်တွင် ဝတ်ရုံအရှည်နှင့် ဆံပင်ဖြူဖြူအဘိုးကြီးတစ်ဦး ထိုင်နေသည်။ သူက တစ်ချိန်လုံး စကားမပြောဘဲ မျက်လုံးများပိတ်လျက် ထိုင်နေ၏။ နောက်ဆုံးတော့ သူသည် မျက်လုံးများဖွင့်လိုက်ရာ ၎င်းတို့မှာ ကြယ်နက္ခတ်တာရာများ တစ်သားတည်း ပေါင်းစည်း၍ သူ့မျက်လုံးအိမ်တွင် တည်ရှိနေသည့်အလား ကြယ်အလင်းရောင်ဖြင့် တောက်ပနေသည်။
သူက ချောင်းဟန်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်အကြီးအကဲဆေးဝါးပညာရှင်အားလုံး ငြိမ်ကျသွားပြီး လေးစားကြည်ညိုသောအမူအရာများဖြင့် အဘိုးကြီးကို ကြည့်လိုက်ကြသည်။
"သူက ဂျူနီယာမျိုးဆက်တစ်ယောာက်ထက် မပိုဘူး" အဘိုးကြီးက ဖြေးဖြေးချင်း ပြောသည်။ "သူ့စိတ်တိုင်းကျသာ လုပ်ပါစေ။ ဒါပေမဲ့ ဆေးအိမ်တော်ရဲ့ ပထမအဆင့်အတွက် စည်းကမ်းချက်တွေကိုတော့ ပြောင်းလဲဖို့ လိုမယ်"
သူ၏သဘောထားကို တုံ့ပြန်သည့်အနေဖြင့် အိမ်တော်အကြီးအကဲအားလုံး ခေါင်းညိတ်အရိုအသေပေးလိုက်ကြသည်။
အဘိုးကြီး၏မျက်လုံးများကား ထူးဆန်းစွာ တောက်ပနေလေသည်။
"ခွန်လွန်အစည်းအရုံးဆေးဖော်နည်းတွေနဲ့... မိစ္ဆာအင်မော်တယ်ဂိုဏ်းရဲ့ အငွေ့အသက်တွေ။ စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားစရာပဲ"
***