← Chapters

ပြီးပြည့်စုံခြင်း၏ထိပ်ဆုံးအထိ တက်လှမ်းခြင်း

Vol. 66 Ch. 915

ပြီးပြည့်စုံခြင်း၏ထိပ်ဆုံးအထိ တက်လှမ်းခြင်း

Vol. 66 Ch. 915

ပဉ္စမအဆင့်သို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်တွင် မန်ဟိုသည် တုံ့ခနဲ ရပ်၍ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများမှာ စူးရှတောက်ပလာတော့သည်။

သူ့မှာ တုန်ရီလာသည်။ အဆိုပါတုန်ရီမှုသည် သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုမှာ အရင်းခံပြီး အလွန်ထိန်းချုပ်ရခက်ခဲသယောင်ပင်။ မန်ဟိုသည် သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲတွင် ယခုလို ဘယ်တော့မှ ပြုမူမည်မဟုတ်သော်လည်း ဤသည်ကား သူ၏အပင်နှင့်အသီးအရွက်အသိကို စမ်းသပ်နေသော စာမေးပွဲတစ်ပွဲဖြစ်သည်။

သူသည် သူ့အသိ၏အတိုင်းအတာကို အမှန်တကယ် သိချင်သည့်အတွက် စာမေးပွဲအား ပို၍ခက်စေချင်ပြီး ဆေးပင်များစွာ ပါဝင်လာစေချင်သည်။

ဤအခိုက်အတန့်တွင် သူမြင်လိုက်ရသည့်အရာမှာ ... အရောင်အဝါများ ပြိုးပြိုးပြက်လက်နေပြီး အဆုံးမဲ့ဆေးအမယ်များဖြင့် ပြည့်နေသော ပဉ္စမအဆင့်ကိုပင်။ ဆေးပင်အမျိုးအစားအစုံ၊ အရွယ်အစားအစုံရှိပြီး တချို့ဆိုလျှင် တောရိုင်းတိရိစ္ဆာန်များ၏အသွင်သဏ္ဌာန်ကိုပင် ‌ဆောင်နေချေသည်။

ကြည့်ရသရွေ့ ဤအဆင့်တွင် အရှေ့အဆင့်ထက် ဆယ်ဆပိုများသော ပစ္စည်းများ ပါဝင်လေသည်။

"သိန်းတစ်သောင်း .... " မန်ဟိုက မျက်လုံးများ တလက်လက် ဝောာက်ပနေလျက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ဖန်မျိုးနွယ်စု၏ဆေးဝါးတာအိုကို ပို၍နက်ရှိုင်းစွာ နားလည်သွား၏။ ဤဆေးအမယ် သိန်းတစ်သောင်းမှာ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာသော သမိုင်းတစ်လျှောက် နဝမတောင်ပင်လယ်၌ ‌ပေါ်ပေါက်လာခဲ့သည့် ဆေးဖက်ဝင်သောအရာများဖြစ်ကြသည်။

ဤပစ္စည်းများမှာ အပင်နှင့်အသီးအရွက်များတင်မဟုတ်သလို ကိုင်းဆက်ထားသော အပင်များလည်း မဟုတ်ပေ။ အကုန်လုံးက သီးခြားဖြစ်တည်မှုများ ဖြစ်လေ၏။ မန်ဟိုက ၎င်းတို့ကို လှမ်းကြည့်လိုက်ပြီး အမည်မဖော်နိုင်သော ပစ္စည်း‌သောင်းချီကို မြင်လိုက်ရသည်။

သူ့မှာ အသက်ရှူသံများ မြန်လာသည် ။ ဤဆေးအရင်းအမြစ်သိန်းတစ်သောင်းသည် ရုတ်တရက် တစ်ခုအပေါ်တစ်ခု ထပ်ကာ လူတစ်ရပ်မျှ မြင့်မားသော ရှေးဟောင်းစာအုပ်ကြီးတစ်အုပ်အသွင်ပြောင်းသွား၏။

ထပ်မံ၍ ၎င်းလည်း အပင်နှင့်အသီးအရွက်ကျမ်းပင်။

သို့သော် စာအုပ်၏‌ ခေါင်းစီးအောက်တွင် 'အတွဲတစ်'ဆိုသော စကားလုံးများ ရှိသည်။

"ဒါက အပင်နဲ့အသီးအရွက်ကျမ်းရဲ့ အတွဲတစ်အပြည့်အစုံဖြစ်ရမယ်" မန်ဟိုက ရင်တဒိန်းဒိန်း ခုန်နေလျက် တွေးသည်။ "ဆေးပင်သိန်းတစ်သောင်း။ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုက အကန့်အသတ်မဲ့ပြီး နက်ရှိုင်းပါပေတယ်"

အပြင်လောကရှိ လူအုပ်ကြီးလည်း ထိုနည်းတူ အံ့အားသင့်နေသည်။

တဖြေးဖြေး ရောက်လာကြသူများ များပြားလာပြီး မှန်သားပြင်ပေါ်ရှိ ပုံရိပ်ကို မြင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

"အဲ့ဒါ... ပဉ္စမအဆင့်လား"

"ဆေးပင်သိန်းတစ်သောင်း... အဆင့် (၅) ဆေးဝါးပညာရှင်အဖြစ် ရာထူးတိုးဖို့ နည်းလမ်းက ဒီအဆင့်ကို အောင်ဖို့ပဲ။ ဆေးဝါးတာအိုဌာနထဲက ဘယ်အဆင့် (၅) ဆေးဝါးပညာရှင်မဆို အပြင်လောကမှာ မယုံနိုင်လောက်အောင် နာမည်ကြီးပြီး ဩဇာရှိတယ်"

စကားသံများ အပြင်၌ ဆူညံနေစဉ် ရှေး‌ဆန်သောအသံကြီးတစ်သံအား ပဉ္စမအဆင့်တွင် ကြားလိုက်ရသည်။

"ဆေးပင်သိန်းတစ်သောင်း။ ဒီအဆင့်ကို အောင်ဖို့ အပင်နဲ့အသီးအရွက်ကျမ်းထဲက ပထမဆုံး ဆေးပင်သိန်တစ်ထောင်ကို ဖော်ပြပါ။ တစ်ခါမှားတာနဲ့ စာမေးပွဲကျမယ်"

မန်ဟို၏မျက်လုံးများက ဝင်းလက်သွားသည်။ သူသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ဖြေးဖြေးချင်း‌ ရှေ့လျှောက်သွား၏။ သူ စဉ်းစားရသရွေ့ ဤသည်မှာ ခက်ခဲမည့်ပုံပေါ်သော ပထမဆုံးစာမေးပွဲဖြစ်သည်။ သာမန်ကာလျှံကာ ပထမဆုံးတစ်ချက် ကြည့်လိုက်တုန်းကပင် သူနှင့်မရင်းနှီးသော ပစ္စည်းများထောင်သောင်းချီ၏။

ထို ပထမဆုံးသိန်းတစ်ထောင်အတွင်း မှားမိလျှင် စာမေးပွဲကျရလိမ့်မည်။

"ငါ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုကို လျှော့တွက်ခဲ့မိပုံပဲ" သူက တွေးပြီး လေးနက်‌သောမျက်နှာထားဖြင့် လက်နှစ်ဖက်ကို စာအုပ်အပေါ်တင်ကာ နတ်ဘုရားအာရုံအား ပို့လွှတ်လိုက်သည်။

ချက်ချင်းပင် မရေမတွက်နိုင်သော ဆေးပင်များ နတ်ဘုရားအာရုံထဲတွင် ပေါ်လာပြီး သူက ထိုဆေးပင်များအကြောင်း ချက်ချင်း ဖြေလိုက်သည်။ ရှေးဟောင်းစာအုပ်၏ စာမျက်နှာများမှာ လျင်မြန်စွာ တဖတ်ဖတ် လှန်စပြုလာသည်။ မျက်စိတစ်မှိတ်အတွင်း စာမျက်နှာပေါင်းထောင်ချီကား လှန်သွားပြီးလေပြီ။

စောင့်ကြည့်နေကြသူတစ်ယောက်မှ ဤကဲ့သို့အရာမျိုးအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သို့သော် ယခုတော့ မှန်သားပြင်မှတစ်ဆင့် မျက်မြင်ဒိဋ္ဌမြင်တွေ့နေရရာ အပြင်ရှိ ပရိသတ်သောင်းပေါင်းများစွာမှာ အံ့အားသင့်လျက် ကြည့်နေကြသည်။ သုဿာန်စပြင်ပမာ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို မင်းမူနေပြီး အကုန်လုံးမှာ မန်ဟိုနှင့် ရှေးဟောင်းစာအုပ်ကြီးကို ကြည့်ရင်း ချာချာလည်မူးလာသည်။

ဆေးဝါးအတတ်သင်များမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေကြပြီး ဆေးဝါးပညာရှင်များမှာမူ အသက်ရှူမြန်လာကြသည်။ အဆင့် (၅) ၊ (၆) နှင့် (၇) ဆေးဝါးပညာရှင်များပင်လျှင် အမှန်တကယ် အံ့ဩနေကြ၏။

အဆင့် (၈) အကြီးအကဲသုံးဦးမှာ ပင့်သက်ရှိုက်မိလိုက်ကြသည်။ ဖြစ်ပေါ်နေသော မြင်ကွင်းက သူတို့အား ပို၍ပင် အံ့အားသင့်သွားစေလေသည်။

သူတို့မှာ သူတို့ပင် ရှေးဟောင်းစာအုပ်၏စာမျက်နှာများအား ထိုမျှမြန်မြန် လှန်နိုင်မည်လား သိချင်လာကြ၏။ ကြည့်ရသရွေ့ မန်ဟိုကား အပင်နှင့်အသီးအရွက်နှင့်ပတ်သက်လျှင် မွေးကတည်းက ဉာဏ်ကြီးရှင်ဖြစ်ခဲ့သည့်အလားပင်။

"သူက ဘယ်လိုလုပ် အပင်တွေ၊ အသီးအရွက်တွေနဲ့ ဒီလောက်ရင်းနှီးနေရဝာာလဲ။ စဉ်းစားစရာဝောာင်မလိုဘူး။ ကြည့်လိုက်တာနဲ့ တန်းဖြေနိုင်နေတာ"

"သူ့ရဲ့ အပင်နဲ့အသီးအရွက်အခြေခံက တကယ် ကြောက်စရာပဲ။ ဒီလိုအခြေခံတစ်ခု တည်ဆောက်ဖို့ ဘယ်သူ့ဆီကနေ ဆေးဝါးတာအိုကို သင်ယူခဲ့တာပါလိမ့်"

"မယုံနိုင်စရာပဲ"

ပရိသတ်ထု၏ တုံ့ပြန်မှုများ ဆူညံ့နေစဉ် အတွင်းထဲ၌ မန်ဟိုသည် အပင်နှင့်အသီးအရွက်ကျန်း၏အကြောင်းအရာများအပေါ်တွင် အာရုံစူးစိုက်ထား၏။ အချိန်များ ကုန်လွန်သွားပြီး စာအုပ်၏အကြောင်းအရာများ မြန်သထက် မြန်မြန် ဖော်ပြလာနိုင်သည်။

သိန်းတစ်ထောင်၊ သိန်းသုံးထောင်၊ သိန်းငါးထောင်...

သူ ဆေးပင်သိန်းကိုးထောင်အား အမည်ဖော်ပြပြီးရန် သိပ်မကြာလိုက်ပေ။ စောင့်ကြည့်နေသူများသည် မမှိတ်မသုန် စောင့်ကြည့်နေကြ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် မန်ဟိုက ရှေးဟောင်းစာအုပ်၏စာမျက်နှာများအား လှန်နေသည်ကို တုံ့ခနဲ ရပ်လိုက်သည်။ သူ့အရှေ့ရှိ စာမျက်နှာတွင် နှလုံးသားတစ်ခု ပေါ်ပေါ်လာခဲ့၏။

၎င်းသည် ခြောက်ကပ်၍ အက်ကွဲနေသော သစ်သားနှလုံးသားတစ်ခုဖြစ်သည်။ ပန်းပွင့်သေးသေးလေးများအား ၎င်း၏အပေါ်တွင် မြင်ရပြီး မန်ဟိုက ၎င်းကို မြင်သောအခါ တိတ်ဆိတ်စွာ ရပ်နေ၏

‌အပြင်ရှိ ‌ဆေးဝါးပညာရှင်များက မှန်သားပြင်ကို အနီးကပ်ကြည့်နေကြသည်။ အဆင့် (၅) ဆေးဝါးပညာရှင်တချို့က သစ်သားနှလုံးသားကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ရင်း ၎င်းကို အမည်ဖော်နိုင်ရန် ဖြစ်ညစ်စဉ်းစားကြည့်ကြ၏။ အဆင့် (၆) ဆေးဝါးပညာရှင်တချို့မှာ တွန့်ဆုတ်သွားကြပြီး မည်သည့်အရာမှန်း မဆုံးဖြတ်နိုင်ကြဝောာ့ပေ။

မန်ဟို၏စီးပွားရေးကို တုတ်နှင့်ထိုးခဲ့သော အဘွားအိုပင်လျှင် လေး‌လေးနက်နက် တွေးရင်း ကြည့်နေသည်။

အဆင့် (၈) ဆေးဝါးပညာရှင်သုံးယောက်သာလျှင် အံ့ဩသွားပုံမပေါ်ခြင်းဖြစ်သည်။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စကားများ ပေး‌ပို့လိုက်ကြ၏။

"ဖန်ဟိုဝောာ့ တကယ် ကံဆိုးတာပဲ။ ပဉ္စမအဆင့်မှာ မျိုးသုန်းပျောက်ကွယ်သွားခဲ့ပြီဖြစ်တဲ့ ဆေးပင်အမျိုးအစားဆယ်မျိုးရှိတယ်။ အဲ့ဒါတွေက အပင်လူတွေ သိမှာမဟုတ်တဲ့ ဆေးပင်တွေပဲ။ ငါတို့တောင်မှ အဆင့် (၈) မရောက်ခင်တုန်းက မသိခဲ့ကြဘူး"

"သူ သစ်ဝက်ဝံနှလုံးသားကို အမည်ဖော်နိုင်မှာမဟုတ်ဘူး"

"စာမေးပွဲပြီးပြီ။ နှမြောစရာကောင်းလိုက်တာ။ ဒါပေမဲ့ နောက်တစ်လကြာရင် သူ ထပ်ဖြေလို့ ရသေးတယ်။ အခု အရှိန်ကို ထည့်တွက်ရင် သူ့အနေနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ ဆေးပင်တစ်ပင်နဲ့ မဆုံသရွေ့ ပဉ္စမအဆင့်အောင်ဖို့ အခက်အခဲမရှိသင့်ဘူး"

"ဒါပေမဲ့ ဒီဆေးပင် ပထမဆုံးသိန်းတစ်ထောင်ထဲမှာ ပေါ်လာတာနဲ့ပတ်သက်ပြီး ထူးဆန်းသလိုပဲ။ ဒါတောင် အခု ပေါ်လာတယ်"

အဘိုးကြီးသုံးယောက်မှာ အတွေးထဲ နစ်မြောသွားပြီး ဆက်လက်ပြောဆိုခြင်းမရှိတော့ပေ။

ပဉ္စမအဆင့်တွင် မန်ဟိုသည် သူ့အရှေ့ရှိ ပုံရိပ်ကို ကြည့်ရင်း ရေရွတ်နေ၏။ သူ့မှာ ဤပစ္စည်းကို အမည်မဖော်နိုင်သလို၊ တစ်ခါမှလည်း မမြင်ဖူးပေ။ ပထမဆုံးကြည့်လျှင် သစ်သားဟုမထင်ဘဲ နှလုံးသားအစစ်ဟု တွေးမိလောက်သည်။

မန်ဟိုက ညာလက်ကို ဆန့်ထုတ်၍ စာရွက်ကို လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် တောက်ပသော အလင်းရောင် ဖြစ်ပေါ်လာပြီး သစ်သားနှလုံးသား၏ပုံရိပ်ယောင်က သူ့အရှေ့တွင် ပေါ်ပေါက်လာကာ လျင်မြန်စွာ ရှင်းလင်းပြတ်သားလာ၏။

မန်ဟိုမှာ ‌ဆေးရနံ့အနည်းငယ် ပျံ့လွင့်လာသည်ကိုပင် အာရုံရလိုက်သည်။ ၎င်းကို ရှူသွင်းပြီးနောက် သူက မျက်လုံးပိတ်၍ စိတ်အာရုံဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်၏။ ဤသစ်သားနှလုံးသားကို သူ အမည်မဖော်နိုင်သော်လည်း အပင်နှင့်အသီးအရွက်အသိကို အသုံးပြု၍ ‌၎င်း၏ဆေးဂုဏ်သတ္တိများကို သုံးသပ်နိုင်သေးလေသည်။

အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသော် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး နတ်ဘုရားအာရုံဖြင့် စတင် ရေးသားတော့သည်။

"‌ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ အ‌အေးဓာတ်တွေနဲ့ပတ်သက်ပြီး အာနိသင်ရှိတယ်။ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး မီးနဲ့ သစ်သားစွမ်းအားတွေ ပြည့်နှက်နေတယ်။ မျိုးကွဲ (၉၁၃၇) ပါဝင်တယ်။ ဝိညာဉ်အဆီသုံးပေးခြင်းဖြင့် ကြီးထွားလာနိုင်ပြီး အရွယ်ရောက်လာတဲ့အခါ အင်မော်တယ်ချီကို ဖော်ဆောင်ပေးနိုင်တဲ့ အလားအလာရှိတယ်။ အင်မော်တယ်နယ်ပယ်အတွက် ဆေးလုံးဖော်ဖို့ အသုံးပြုတဲ့အချိန်မှာ ဘယ်မျိုးကွဲကို အသုံးပြုတာလဲ၊ ဘယ်ဟာကို အဓိကအမယ်အဖြစ် အသုံးပြုတာလဲအပေါ် မူတည်ပြီး ‌ဘယ်‌ဆေးလုံးပဲ ‌ဖန်တီးသည်ဖြစ်စေ၊ မျောက်အဖျားပန်းပွင့်ကို ထည့်လိုက်တာနဲ့ ဆေးစွမ်းအားက ဆယ်ရာခိုင်နှုန်း တိုးသွားလိမ့်မယ်" မန်ဟိုက အချက်အလက်များကို လျင်မြန်စွာ ရေးသားဖြေဆိုပြီးသွားသည်။ ဆေးပစ္စည်း၏ အမည်အတိအကျကို သူ မသိသော်လည်း ... နာမည်က တကယ်တမ်း အရေးမကြီးပေ။

အဖြေကို ဖြေဆိုပြီးနောက် ‌သစ်သားနှလုံးသားက စာရွက်မှ ပျောက်ကွယ်သွားပြီး အပင်၏ဂုဏ်သတ္တိများ၊ ဝိသေသလက္ခဏာများအကြောင်း အသေးစိတ် ဖော်ပြထားသော စာပိုဒ်တစ်ပိုဒ်ဖြင့် အစားထိုးခံလိုက်ရသည်။ ဖော်ပြချက်မှာ မယုံနိုင်လောက်အောင် အသေးစိတ်၏။ ဆေးအာနိသင်များအပြင် ဆေးလုံးများဖော်ရာတွင် အသုံးပြုသော အမယ်များအထိ အသေးစိတ်ကာ မည်သို့ခူးဆွတ်ရမည် ဖော်ပြထားသည်သာမက တခြားအချက်အလက်များလည်း ပါရှိသည်။

မန်ဟိုသည် စာပိုဒ်ကို မြင်လျှင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သစ်သားနှလုံးသားနှင့်ပတ်သက်၍ သူ၏အဖြေတွင် မှန်ကန်သောအကြောင်းအရာများစွာ ရှိသော်လည်း ‌နောက်ဆုံးဖော်ပြချက်ကဲ့သို့ အသေးမစိတ်ခဲ့ပေ။ သူက ၎င်းကို မှတ်ဉာဏ်ထဲ၌ အလျင်အမြန် မှတ်သားလိုက်သည်။

ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြီး စာမျက်နှာများကို ဆက်လှန်လိုက်သည်။

စောင့်ကြည့်နေသူများမှာ ဖြစ်ပျက်သွားခဲ့သည်ကို မြင်လျှင် အံ့ဩတုန်လှုပ်သွားကြသည်။ အဆင့် (၈) အကြီးအကဲသုံးဦးပင်လျှင် ပင့်သက်ရှိုက်သွားကြပြီး မျက်လုံးများပြူးလျက် ကြည့်နေကြသည်။

"သူ ကြည့်ရတာ သစ်ဝက်ဝံနှလုံးသားက မြင်ခဲ့ဖူးပုံပေါ်လည်း မပေါ်ပါဘူး။ ဒါတောင် အနံ့နည်းနည်းရှုပြီး ဆေးဂုဏ်သတ္တိတွေကို ရှင်းပြနိုင်သွားတယ်တဲ့လား"

"ဘယ်လောက် အံ့ဖွယ်ကောင်းလိုက်တဲ့ ဆေးဝါးတာအိုလဲ။ ဘယ်လောက်နက်နဲလိုက်တဲ့ အပင်နဲ့အသီးအရွက်အသိလဲ"

ဆေးဝါးတာအိုဌာနအတွင်းပိုင်းထဲတွင် အလေးအမြတ်ထားရာနေရာအဖြစ် သတ်မှတ်ထားသော တောင်တစ်လုံးရှိသည်။ ဤသည်မှာ ဆေးဝါးဝာာအိုဌာန၏ တစ်ယောက်တည်းသော အဆင့် (၉) ဆေးဝါးပညာရှင် ဖန်တယွမ် နေထိုင်ရာနေရာဖြစ်၏။

သူ့တစ်ခေါင်းလုံးမှာ ဖြူဖွေးနေပြီး တောင်ထွတ်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေစဉ် သူ၏မျက်လုံးများက ဖြေးညင်းစွာ ပွင့်လာသည်။ ထို့နောက် သူက သိချင်စိတ်ပြင်းပြနေသော မျက်လုံးများဖြင့် ဆေးအိမ်တော်ကို လှမ်းကြည့်၏။

"ဘယ်ဆေးဝါးတာအိုအကြီးအကဲက ‌ဒီလိုတပည့်မျိုးကို ပျိုးထောင်ပေးခဲ့တာပါလိမ့်... သူ့ရဲ့ အပင်နဲ့အသီးအရွက်အသိက မယုံနိုင်စရာအမြင့်အထိ ရောက်နေပြီ။ သူက ‌တောင်ကောင်းကင်က လာတာ .... ဒီလို ပါရမီရင့်သန်တဲ့ တပည့်တစ်ယောက်ကို ‌မေးဖွားပေးနိုင်တဲ့ မဟာအကြီးအကဲမျိုး တောင်ကောင်းကင်ဂြိုဟ်မှာ ရှိတယ်လို့ မကြားဖူးပါဘူး" အဘိုးကြီးက သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ တောင်ကောင်းကင်က လျှို့ဝှက်ဆန်းကြယ်‌မှုတွေ ပြည့်နေတဲ့ နေရာတစ်နေရာပဲ။ ဒီကလေး ... သူမတူတဲ့အခွင့်အလမ်းတွေကို ပိုင်ဆိုင်ခဲ့ရတာပဲဖြစ်မယ်" သူက ဆေးအိမ်တော်ကို တိတ်ဆိတ်စွာ ဆက်ကြည့်နေသည်။

ပဉ္စမအဆင့်တွင် မန်ဟိုသည် စာအုပ်၏စာမျက်နှာများကို မြန်မြန်ဆန်ဆန် ဆက်လှန်နေ၏။ ၎င်းတို့မှာ အလွန်လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် စာအုပ်တစ်အုပ်လုံးမှာ တစ်ဆက်တည်းဖြစ်နေသည့်အလား ထင်လာရသည်။ မကြာမီ သူသည် ဆေးပစ္စည်းသိန်းတစ်သောင်း၏ ဆယ်ရာခိုင်နှုန်းအား ဖြေဆိုပြီးသွားသော်လည်း ထိုနေရာတင် ရပ်မနေပေ။

သူ့မှာ ‌လူတိုင်း၏အာရုံကို ဆွဲဆောင်ရန် ဤနေရာသို့ လာခဲ့သည့် မူလအကြောင်းရင်းကိုပင် မေ့လျော့သွားသော အတိုင်းအတာအထိ စာအုပ်ထဲတွင် နစ်မြောသွားတော့၏။ တဖြေးဖြေး ဆယ်ရာခိုင်နှုန်းက နှစ်ဆယ်ဖြစ်လာသည်။ ထို့နောက် သုံးဆယ် ....

ငါးဆယ်ရာခိုင်နှုန်းပြည့်သော် သူ့အရှိန်မှာ တစတစ နှေးလာ၏။ အမည်မဖော်နိုင်သော ပစ္စည်းများအား ရံဖန်ရံခါ တွေးလာရသော်လည်း ထိုအခါမျိုးတွင် သူ့မှာ အမှန်တကယ် စိတ်လှုပ်ရှားလာလေသည်။

သူသည် တစ်ခါမှ မမြင်ဖူးခဲ့သော ဆေးပင်များကို မြင်ဖူးချင်လာ၏။ ယင်းက အဖြေမှန်ကို စမ်းဝါးဝါး ခံစားရစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။ ထိုအခါမှသာလျှင် သူ့အနေဖြင့် သူ၏အပင်နှင့်အသီးအရွက်အသိကို အမှန်တကယ် ထုတ်ဖော်၍ ပစ္စည်းအား ရှုထောင့်မျိုးစုံမှ ခွဲခြမ်းစိတ်ဖြာရင်း နာမည်အစား၊ နတ်ဘုရားအာရုံဖြင့် ဖြေဆိုရန် လုံလောက်သောအချက်အလက်များကို အကောင်းဆုံးအကဲဖြတ်နိုင်ခြင်းဖြစ်သည်။ ဖော်ပြချက်အပြည့်အစုံပေါ်လာလျှင် သူသည် ၎င်းကို မှတ်ဉာဏ်ထဲ၌ ခတ်နှိပ်လိုက်မည်ဖြစ်၏။ နောက်ဆုံးတွင် ဆေးအိမ်တော်၌ စာမေးပွဲအောင်ဖို့ ကြိုးစားခြင်းက အပင်နှင့်အသီးအရွက်အကြောင်းများစွာ သိရှိဖို့အတွက် အထောက်အကူဖြစ်ကြောင်း သဘောပေါက်လာဝောာ့သည်။

မန်ဟို၏အပင်နှင့်အသီးအရွက်အသိကား မယုံနိုင်ဖွယ်အဆင့်သို့ ရောက်နေခဲ့ချေပြီ။ ယခုတွင် သူ မသိသော နဝမတောင်ပင်လယ် အပင်နှင့်အသီးအရွက်အမျိုးအစား အနည်းအငယ်ရှိနေသည်။ တွေ့လိုက်ရသည့် အသစ်တစ်ခုတိုင်း သူ၏အသိကို ပို၍သန့်စင်လာစေသည်။

ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်း .....

မန်ဟိုမှာ အချိန်မည်မျှကုန်သွားခဲ့ပြီလဲ မသိတော့ပေ။ သို့သော် စာအုပ်၏အဆုံးနှင့် နီးကပ်လာလေလေ၊ မရင်းနှီး‌သော အပင်များနှင့် တွေ့ရလေလေ ဖြစ်ရာ အချိန်ပိုကြာစေသည်။ သို့ထိတိုင် သူ့မှာ ပို၍ပင် စိတ်လှုပ်ရှားလာ၏။

ဆေးအိမ်တော်၏အပြင်တွင် ကျင့်ကြံသူနှစ်သိန်းနီးပါး စုဝေးနေကြလေပြီ။ သူတို့သည် မှန်သားပြင်အား ငေးမောကြည့်နေကြ၏။ မန်ဟို့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုမှာ ပို၍ထင်ရှားလာပြီး သူ ဆေးပင်များအကြောင်း‌ ဖြေလေလေ၊ လူတိုင်းမှာ ချာချာလည်မူးလာလေလေ ဖြစ်နေတော့သည်။

"လူမဟုတ်ဘူး ... အပင်နဲ့အသီးအရွက်နဲ့ပတ်သက်ရင် ဒီဖန်ဟိုက တကယ့်အကောင်ကြီးပဲ"

"အတိတ်ဘဝတုန်းက ‌ဒီကောင်ဆေးပင်များ ဖြစ်ခဲ့သလားဟေ။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် လူမဟုတ်နိုင်မှာတုန်း"

"ပဉ္စမအဆင့်မှာ ဆေးပင်သိန်းတစ်သောင်းရှိဝာယ်။ အခု ‌သူဖြေနေတဲ့ပုံစံအရ အကုန်လုံးကို ဖြေတော့မယ့်အတိုင်းပဲ...."

"ငါ အခုလေးတင်မှ သဘောပေါက်တယ်။ သူ့ သင်ခန်းစာနားထောင်ဖို့ စွမ်းဆောင်ရည်ရမှတ်တွေ ပေးခဲ့ရတာ တကယ်တန်တယ်ဟ။ တကယ်တန်တယ်"

***

All Chapters