← Chapters

အမြဲပြောင်းလဲ တာအိုနှလုံးသား

Vol. 33 Ch. 450

အမြဲပြောင်းလဲ တာအိုနှလုံးသား

Vol. 33 Ch. 450

အခန်း (၄၅၀) : အမြဲပြောင်းလဲ တာအိုနှလုံးသား

ရွှမ်ကျန့်က ဤဖရိုဖရဲ ခေတ်ကာလတွင် အားအကောင်းဆုံး စစ်တပ်ဖွဲ့ရှိရာ တိုက်ပွဲနယ်မြေဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။ သူက တောင်ကုန်းတစ်ခုပေါ်မှာ ရပ်ကာ မနီးမဝေးမှ တိုက်ပွဲအား ကြည့်နေလေ၏။

တစ်ချိန်က စိမ်းစိုခဲ့သည့် လွင်ပြင်က ယခုအခါ အလောင်းများ၊ သွေးများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တွင် မရဏအငွေ့အသက် လွှမ်းခြုံထားလေသည်။ ချပ်ဝတ်များ ဝတ်ဆင်ထားသည့် တပ်သားများစွာက တစ်ယောက်ပြီး တစ်ယောက် ရင်ဆိုင်နေကြသည်။ သိုင်းပညာရှင်များက စစ်သူကြီးအဖြစ် ထမ်းဆောင်ကာ တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

ရွှမ်ကျန့်က ထိုအရာကို လေ့လာပြီးသည့်နောက်တွင် တိုက်ပွဲကွင်းပြင်သို့ ဦးတည်လိုက်၏။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင် ဘုန်းကြီးငါးပါးက သူ့ရှေ့တွင် ပေါ်ထွက်လာကာ ဦးညွှတ်လိုက်ပြီး “ ဆရာတော် ဒါက အန္တရာယ်များပါတယ်။ ဝင်ပြီးတော့ မပါပါနဲ့”

ရွှမ်ကျန့်က ထိုလူများကို ကြည့်လိုက်သည်။ သူတို့ကို လန့်သွားစေသည်က သူတို့သည် မလှုပ်ရှားနိုင်တော့ပေ။ သူတို့၏ အတွင်းအားကို လှုံ့ဆော်လျှင်ပင် မစွမ်းသာပေ။ ထို့နောက် ရွှမ်ကျန့်က သူ့ဦးတည်ရာဆီ ဆက်လက်သွားလိုက်သည်။

သူ တိုက်ပွဲကွင်းပြင် ရောက်ရှိသည်နှင့် ထိုဘုန်းကြီးငါးပါးအား အံ့အားသင့်သွားစေသည့် အရာတစ်ခုကို ပြုလုပ်ခဲ့သည်။

သူက ကောင်းကင်သို့ တောင်ပံပါသည့် ငှက်တစ်ကောင်အလား ပျံသန်းသွားလေသည်။

လူများစွာ၏ ယုံကြည်မှုနှင့် ကွဲလွဲစွာ ထိုရွှေရောင်အလင်းသည် ဘယ်သူ့ကိုမှ ထိခိုက်နာကျင်စေခြင်း မရှိပေ။ ထိုအစား သူတို့၏ စိတ်နှင့် စိတ်ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးသွား၏။ ထိုအရာက ယခင်နှစ်ပိုင်းအတွင်း သူတို့၏ အပြုအမူများအား ပြန်လည်သုံးသပ်လာစေကာ အမှားလား၊ အမှန်လား၊ အကောင်းလား၊ အဆိုးလား ခွဲခြားလာစေနိုင်သည်။ ထိုစစ်ပွဲအတွင်း ပါဝင်သည့်လူအားလုံးက သူတို့၏ မွန်မြတ်သော ကံနှင့် ကံအပြစ်ကြွေးအားလုံးကို ပြန်လည်သုံးသပ်မိကြသည်။

ရွှမ်ကျန့်က မြေပြင်ပေါ် ဆင်းသက်လာပြီးနောက် လျှောက်လှမ်းသွားလိုက်သည်။ လူတချို့က သူ ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်နေရင်း စစ်သားတစ်ယောက်က သူ့လက်နက်နှင့် ချပ်ဝတ်များအား ဖယ်ရှားကာ နောက်မှ လိုက်ပါသွားသည်။ တစ်ဆက်တည်းဆိုသလို လူတစ်ယောက်က လုပ်ဆောင်ပြီးသည်နှင့် တခြားလူများကလည်း လိုက်လံ လုပ်ဆောင်ကြသည်။ စစ်သူကြီးတချို့က သူတို့အား တားဆီးဖို့ ကြိုးစားကြသော်လည်း စစ်သားများက သူတို့ကို လျစ်လျူရှုထားလေသည်။

ထို့နောက် နှစ်ဖက်လုံးရှိ စစ်သူကြီးများက သူတို့၏ လက်နက်များကို ချကာ နောက်မှလိုက်ပါသွားကြသည်။

ထိုသတင်းက ကမ္ဘာတစ်ဝှမ်း အလျင်အမြန် ပျံ့နှံ့သွားလေသည်။ သို့သော်လည်း လူများစွာက မယုံကြည်ကြပေ။ ဤကမ္ဘာက သိုင်းပညာ ကြီးစိုးသည့်ကမ္ဘာ ဖြစ်လေရာ ဗုဒ္ဓ၏စွမ်အားဖြင့် ကမ္ဘာအား မည်သို့ကယ်တင်နိုင်မည်နည်း။

ထို့ကြောင့် ထိုသတင်းက အခြေအမြစ် မရှိပေ။

သို့သော်လည်း ရွှမ်ကျန့်က နောက်တိုက်ပွဲကွင်းပြင်ဆီ ရောက်ရှိသွားပြီး လူတစ်သိန်းနှင့်အထက်က လိုက်ပါလာသည့်အခါ ထိုသတင်းက ပြောင်းလဲသွားသည်။ သူက တပ်သားများအား ဖိနှိပ်ထားဖို့ ရွှေရောင်ဗုဒ္ဓကို ပုံဖော်လိုက်သည်။ ယခင်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်လိုက်သည်။

ထို့နောက် လူများစွာက သူ့နောက်မှ လိုက်ပါလာကြသည်။

ဤခရီးစဉ် သတင်းက လူများစွာ၏ အာရုံကို ဖမ်းစားသွားလေသည်။ ကျန်းဟူလောကမှ သိုင်းပညာရှင်များသည်လည်း ရွှမ်ကျန့်အား ဂုဏ်သတင်းသို့မဟုတ် ကျော်ကြားမှုအတွက် လာရောက် စိန်ခေါ်ကြလေသည်။

သို့သော်လည်း သူတို့က သူ့ဆီမှ အကြည့်တစ်ချက်ဖြင့် မလှုပ်ရှားနိုင်ကြတော့ပေ။ ထို့နောက် တချို့က သူ့နောက်မှ လိုက်ပါကာ တချို့ကမူ ထွက်ပြေးသွားကြသည်။

တချို့လူများက သူတို့၏ မိတ်ဆွေများနှင့် မိသားစုများအား ကယ်တင်ဖို့ လာရောက်တောင်းဆိုကြသည်။ ရွှမ်ကျန့်က လူအများစုအား ကယ်တင်ပေးခဲ့၏။ လက်တစ်ချက်အဝှေ့တွင် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး ဒဏ်ရာများနှင့် ရောဂါအားလုံးကို ကုသပေးခဲ့သည်။ ကံဆိုးစွာဖြင့် သူက တချို့သူများကို ငြင်းဆန်ခဲ့သည်။

အကြောင်းအရင်းအတွက် မေးခွန်းထုတ်လာသည့်အခါ သူက ထိုလူများ၏ မျက်ဝန်းထဲ စိုက်ကြည့်လိုက်၏။ ထို့နောက် သူတို့က ခေါင်းငုံ့ကာ ထွက်သွားကြခြင်း သို့မဟုတ် သူ့နောက်မှ လိုက်ပါလာခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ရွှမ်ကျန့်၏ ကောင်းသတင်းက အလွှမ်းမိုးနိုင်ဆုံး စစ်အရှင်ငါးယောက်နှင့် တော်ဝင်မိသားစု၏ အာရုံကိုပါ ဖမ်းစားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့က အရှက်မရှိသည့် နည်းလမ်းများဖြင့် သူ့အား သုတ်သင်ဖို့ အသုံးပြုခဲ့ကြသည်။

လုပ်ကြံမှုဖြစ်စေ၊ သူ့နောက်လိုက်များကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ ဖြစ်စေ…

ကံဆိုးစွာဖြင့် သူ့အား တိုက်ခိုက်သည့် ထိုလူအားလုံး၏ ကံကြမ္မာက အတူတူသာဖြစ်ပြီး ထွက်ပြေးသွားကြခြင်း သို့မဟုတ် သူ့နောက်လိုက် ဖြစ်လာကြခြင်းနှင့်သာ အဆုံးသတ်သွားလေသည်။

ထို့ကြောင့် ရွှမ်ကျန့်၏ ခရီးစဉ်က ပိုမိုချောမွေ့လာသည်။ သူက အားကောင်းသည့် အံ့ဖွယ်စွမ်းရည်ဖြင့် စစ်အရှင် ငါးယောက်လုံး၏ တပ်မဟာကို အုပ်စိုးခဲ့ပြီး အားနည်းသည့် ပုန်ကန်သူများကိုမူ ရှင်းလင်းခဲ့သည်။

ထို့နောက် သူ့နာမည်သတင်း သို့မဟုတ် ကောင်းသတင်းများက တစ်ကမ္ဘာလုံးအထိ ပျံ့နှံ့သွားလေသည်။ အထူးသဖြင့် လူတချို့က သူ့နောက်လိုက်များသည် ဘယ်သောအခါမှ မဆာလောင်ခြင်း၊ နာမကျန်းမဖြစ်ခြင်း သို့မဟုတ် မရပ်မနား လျှောက်လှမ်းနေရသော်လည်း နာကျင်မှုမျိုး မခံစားရခြင်း အစရှိသဖြင့် သတိထားမိလိုက်ကြသည်။

ရွှမ်ကျန့်က သက်ရှိအားလုံး၏ စိတ်ထဲတွင် သက်ရှိဗုဒ္ဓတစ်ပါးလို ဖြစ်လာခဲ့၏။

ပုန်ကန်သူများကို နှိမ်နင်းပြီးသည့်နောက်တွင် ရွှမ်ကျန့်က မဟာကျိုးတိုင်းပြည်၏ မြို့တော်သို့ ဦးတည်လိုက်သည်။ သူ့နောက်တွင် လူသန်းချီ လိုက်ပါလာသောကြောင့် မြို့ဂိတ်ပေါက်ကို ရောက်ရှိသည်နှင့် အစောင့်တပ်က ခုခံခြင်းမရှိ တံခါးဖွင့်ပေးလေသည်။

နန်းတော်ကို ကာကွယ်ပေးထားသည့် တပ်မဟာလည်း အညံ့ခံလိုက်ကြ၏။ နောက်တစ်ရက်တွင် တော်ဝင်အမိန့်တော် ထွက်ပေါ်လာကာ ထိုလက်ရှိလူများသည် ပလ္လင်ကို စွန့်ခွာကာ ဧကရာဇ်အသစ်တစ်ပါးက အုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကိုယ်တော် ရွှမ်ကျန့်ကမူ မဟာကျိုးတိုင်းပြည်၏ အမတ်ချုပ် ဖြစ်လာခဲ့သည်။

ရွှမ်ကျန့်က မဟာကျိုးတိုင်းပြည်နှင့် တစ်ကမ္ဘာလုံးအား ပိုမိုကောင်းမွန်သည့် နေရာဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ သူက လူများအား ကာကွယ်ပေးပြီး သူတို့တွင်  အစားအစာ လုံလောက်မှုရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး အကျင့်ပျက်ခြစားနေသည့် အရာရှိများလည်း ဖယ်ထုတ်ကာ သူ့တစ်ယောက်တည်းဖြင့် မဟာကျိုးအတွက် ရွှေရောင်ခေတ်ကာလကို ဖန်တီးပေးခဲ့သည်။

ရွှမ်ကျန့်က ထိုကမ္ဘာကြီးထံ ကြွယ်ဝချမ်းသာမှုနှင့် ငြိမ်းချမ်းမှုတို့ကို အနှစ်နှစ်ဆယ်ကြာ ယူဆောင်လာပေးပြီး သူ့တာဝန်ပြီးမြောက်သွားသည်နှင့် သူက အမတ်ချုပ်ရာထူးမှ နှုတ်ထွက်ကာ လိန်ယင်ဘုန်းကြီးကျောင်းသို့ ပြန်လာခဲ့လိုက်သည်။

ထိုကျမ်းခန်းမဆောင်အတွင်း လူအိုကြီးနှစ်ယောက်က တင်ပျဉ်ခွေထိုင်နေကြသည်။

“ စီနီယာအစ်ကိုကြီး ဘာလို့ပြန်လာတာလဲ” ကျောင်းထိုင်ဘုန်းကြီးက မေးလိုက်သည်။

“ ဒီကျောင်းတော်ကို ကံကြွေးပြန်ဆပ်ဖို့” ရွှမ်ကျန့်က လက်ဟန်ပြကာ ပြောလိုက်သည်။

ကျောင်းထိုင်က မျက်မှောင်အနည်းငယ်ကြုံ့ကာ “ ဘယ်လိုမျိုးပြောတာလဲ”

“ ငါ ဒီလို ဘယ်လိုတွေ အားကောင်းနေလဲဆိုတာ မင်းတို့တွေ သိချင်နေတယ်မလား။ မင်းတို့ကို ပြောပြမယ်”

ကျောင်းထိုင်က အနည်းငယ် မျက်နှာပူမိသွားသည်။ သို့သော် သူက အလျင်အမြန် ဖုံးကွယ်ထားလိုက်၏။

ယခင်နှစ်အနည်းငယ်က ကျောင်းဆောင်တစ်ခုလုံး ရွှမ်ကျန့်၏ စွမ်းအားအရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြသည်။ လူများစွာက သူသည် ကျမ်းခန်းမဆောင်အတွင်းမှ အထွတ်အထိပ် ကျမ်းတချို့ကို တွေ့ရှိသွားသည်ဟု ယုံကြည်ကြသောကြောင့် အပြန်ပြန်အလှန်လှန် ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဘာမှမတွေ့ရပေ။

သူ့ညီငယ်၏ စိတ်အခြေအနေကို လျစ်လျူရှုကာ ရွှမ်ကျန့်က သူ့စွမ်းအားအရင်းအမြစ်ကို ယှဉ်ပြလိုက်သည်။

“ ဝိညာဉ်ရဲ့ စွမ်းအားတဲ့လား။ ကျမ်းတွေကို ဉာဏ်အလင်းပွင့်တာကနေ ဝိညာဉ်က မိုးမြေစွမ်းအားကို အသုံးပြုနိုင်လောက်အောင် ဖြစ်သွားတယ်ပေါ့။” ကျောင်းထိုင်က ရေရွတ်လိုက်သည်။

ဤအရာက ရိုးရှင်းသော်လည်း လူများစွာက သူတို့ဘဝ၏ အချိန်အများစုကို တရားထိုင်ခြင်း၊ ကျမ်း ဖတ်ရွတ်ခြင်းနှင့်သာ မည်သို့ အချိန်ကုန်ဆုံးနိုင်မည်နည်း။ ထို့အပြင် ထိုအရာများကို သဘောပေါက်ဖို့အတွက် နားလည်နိုင်စွမ်းတစ်ခုလည်း လိုအပ်နေသေးသည်။

ရွှမ်ကျန့်က သူ့သင်္ကန်းထဲမှ ကျမ်းစာအုပ်တစ်အုပ်အား ထုတ်ပေးလာသည်။ ထိုစာအုပ်ထဲတွင် ဝိညာဉ်ကျင့်ကြံရေးအကြောင်း ပါဝင်နေပြီး အတွင်းအား လေ့ကျင့်ရေးနည်းစနစ်နှင့် အတူတူ ဖြစ်သည်။

ထို့နောက် သူက မတ်တပ်ရပ်ကာ တုံ့ဆိုင်းခြင်းမရှိ ထွက်သွားလေသည်။ သူက ဘုန်းကြီးကျောင်းအပေါ် ဘာအကြွေးမှ မရှိတော့ပေ။ ယခင်ဆယ်စုနှစ်အတွင်း သူတို့က သူ့မြင့်တက်လာမှုကို အသုံးပြုကာ ကျမ်းဟူအတွင်း အားအကောင်းဆုံးအင်အားစု ဖြစ်လာခဲ့သည်။ ကံကောင်းသည်က ကျောင်းထိုင်သည် သူ့နာမည်အောက်တွင် ဆိုးဆိုးရွားရွား မလုပ်ဆောင်ခဲ့ပေ။

ရွှမ်ကျန့်က ကျောင်းတော်မှ ထွက်လာပြီးနောက် ကမ္ဘာတစ်ဝှမ်း နောက်ထပ်ခရီးတစ်ခုကို စတင်လိုက်သည်။ ဤတစ်ကြိမ် သူက သူ့ဘဝအကြောင်း ပိုမိုနားလည်ဖို့နှင့် ဗုဒ္ဓဘာသာအတွင်း ပိုမိုမြင့်မားသည့် အဆင့်တစ်ခု နားလည်အောင် လေ့လာသုံးသပ်ခဲ့သည်။

ရွှမ်ကျန့်က သူသည် ထူးခြားကြောင်း သိထားသည်။ သူက ဤကမ္ဘာတွင် ပြန်လည်ဝင်စားသူ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက အတိတ်ဘဝမှ မှတ်ဉာဏ်များ မရှိပေ။

သူက တိတ်ဆိတ်ခြင်း ကျမ်းသစ္စာကို ကျိန်ဆိုထားသူဖြစ်သည့်အတွက် ယခု ပြန်လည်ဝင်စားမှုတွင်ပင် ထိုအရာကို စောင့်ထိန်းခဲ့သည်။ ဒုတိယအနေဖြင့် ဤကမ္ဘာသို့ရောက်ရှိလာသည့် သူ့ရည်ရွယ်ချက်က ဗုဒ္ဓဘာသာကို လေ့လာပြီး အနှစ်သာရကို ရှာဖွေဖို့ ဖြစ်၏။

ထို့ကြောင့် သူက တစ်နေ့တွင် အတိတ်ဘဝကို အမှတ်ရနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကြာ ခရီးသွားလာပြီး ကျမ်းများစွာအပေါ် ဉာဏ်အလင်းပွင့်လာပြီးသည့်နောက် ရွှမ်ကျန့်က ဘဝ၏ အဆုံးသတ်အချိန်သို့ ရောက်ရှိသွားသည်။

သူက တောင်ထိပ်တစ်ခုတွင် တင်ပျဉ်ခွေကာ နေထွက်လာသည်ကို ကြည့်နေလေ၏။ သူ၏ အသက်အရွယ် ကြီးရင့်နေသည့် ခန္ဓာကိုယ်က မည်မျှပင် ကျိုးပဲ့ဟန်ပေါ်နေစေကာမူ ကျန်းမာနေသည်။ သူ့ဘဝရှိ အဖြစ်အပျက်အားလုံးက ရွှမ်ကျန့်၏ စိတ်ထဲတွင် ပေါ်ထွက်လာကာ တွေးလိုက်မိသည်။

ငါက ဗုဒ္ဓရဲ့စကားကို နားလည်ပြီးတော့ ဉာဏ်အလင်းပွင့်ခဲ့ပြီ။ ငါက ဒုက္ခပင်လယ်ကိုလည်း နားလည်ပြီးတော့ ဒါက သမာရိုးကျ ကမ္ဘာဆိုတာကိုလည်း သိခဲ့တယ်။ ဒီလူတွေအတွက်ကိုလည်း ငြိမ်းချမ်းမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ယူဆောင်သွားပြီးတော့ သူတို့ရဲ့ ကပ်ဘေးဒုက္ခတွေကနေ လွတ်မြောက်စေခဲ့တယ်…

ငါက လောကီဆန္ဒတွေကနေ လွတ်မြောက်ခဲ့ပြီးတော့ ငါ့ကိုယ်ငါ ငြိမ်းချမ်းမှုကို ရှာတွေ့ခဲ့ပြီ။ ငါ့ရဲ့ နှလုံးသားမှာ ဗုဒ္ဓရှိတယ်။ အဲဒါကြောင့် ငါက ဗုဒ္ဓပဲ …

ရွှမ်ကျန့်၏ အပေါ်တွင် ရွှေရောင်ပဒုမ္မာကြာတစ်ခု ရုတ်ချည်းပေါ်ထွက်လာပြီး သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်ဝန်းအတွင်း ဉာဏ်ပညာအရိပ်အယောင် ပေါ်ထွက်လာလေ၏။

နောက်ဆုံးတော့ အောင်မြင်သွားပြီလား…

ဝမ်ဝေ့က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဝေ့ပတ်နေသည့် ရွှေရောင်ပဒုမ္မာကြာကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ဒါပေမဲ့ ငါ ဒီတာအိုနှလုံးသားမျိုးစေ့ကို ချက်ချင်းစုပ်ယူလို့ မဖြစ်သေးဘူး။ မဟုတ်ရင် ဒါက အရှုပ်အထွေးတွေ ဖြစ်သွားနိုင်တယ်။ ငါ ပေါင်းကူးအနေနဲ့ တစ်ခုခုသုံးဖို့ လိုတယ်…

ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် သူက လက်ဝှေ့လိုက်သည်။ တစ်ကမ္ဘာလုံးက ကျိုးပျက်သွားပြီး သူ့မျက်စိရှေ့တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာလေ၏။ သူက စစ်ဆေးကြည့်ပြီးသည့်အခါ ထိုပဒုမ္မာ မျိုးစေ့က အထဲတွင် ရှိနေသေးသည်ကို မြင်လိုက်ရသည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ အစီအရင်အတွင်း ထပ်မံ ဝင်ရောက်လိုက်သည်။

………….

မဟာရှားတိုင်းပြည်၊ မီးတောက်နီ စီရင်စု၊ သွေးအဇူရာဂိုဏ်း

ယနေ့က အစေခံတပည့်များအတွက် ကျင့်စဉ်ကို လေ့လာနိုင်သောကြောင့် ထူးကဲသည့် နေ့ရက် ဖြစ်ပေသည်။ သူတို့က အောင်မြင်မှုတချို့ ရယူနိုင်သရွေ့ အပြင်စည်းတပည့် ဖြစ်လာမည်ဖြစ်ကာ ဂိုဏ်းအတွင်း သူတို့၏ အဆင့်အတန်းကို တိုးမြှင့်နိုင်လိမ့်မည်။

ပြောရလျှင် မိစ္ဆာဂိုဏ်း၏ ရက်စက်ကာ ငရဲလိုနေရာမျိုး၌ အသက်ရှင်ကျန်ဖို့ ခွန်အားကသာ အဓိက ဖြစ်၏။

All Chapters