အမြဲပြောင်းလဲ တာအိုနှလုံးသား
Vol. 33 Ch. 452
အခန်း (၄၅၂) : အမြဲပြောင်းလဲ တာအိုနှလုံးသား
လျှို့ဝှက်နယ်မြေအတွင်း ဝမ်ဝေ့က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဝေ့ပတ်နေသည့် နောက်ထပ် မျိုးစေ့နှင့်အတူ မျက်လုံးပွင့်လာသည်။ ထိုတာအိုနှလုံးသားမျိုးစေ့က ဆက်တိုက်ပြောင်းလဲနေသည့် မျက်နှာများစွာနှင့် တူညီလေသည်။ တစ်ခါတစ်ရံ ပျော်ရွှင်နေသည့် မျက်နှာထားမျိုး ပြကာ နောက်တစ်ခေါက်တွင် ကြမ်းတမ်းသည့် အမူအရာမျိုး ဖြစ်သွားပြီး ထို့နောက်တွင် ရက်ရောသည့် အမူအရာမျိုး ဖြစ်သွားတတ်သည်။
အစစ်အမှန် မိစ္ဆာတဲ့လား။ မိစ္ဆာကျင့်ကြံသူနဲ့ မိစ္ဆာမျိုးနွယ်တွေရဲ့ ဆက်နွယ်မှုကြားက ဘယ်လိုများပါလိမ့်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ မှတ်တမ်းများအရ မိစ္ဆာကျင့်ကြံသူများသည် မိစ္ဆာခေတ်ကာလမှ အစပြုလာပြီး ကျင့်ကြံသူတချို့က သူတို့အား ခုခံဖို့ မိစ္ဆာမျိုးနွယ်၏ စွမ်းအားတချို့ကို ရယူလိုကြသည်။
သို့သော်လည်း ဝမ်ဝေ့ နားလည်ထားသလောက် မိစ္ဆာကျင့်ကြံသူများသည် ယခင်ကတည်းက တည်ရှိခဲ့တာ ဖြစ်၏။ တစ်စုံတစ်ယောက်က သူတို့၏ လိုအပ်ချက်ကို ကာမိပြီးသားဖြစ်စေဖို့ အဆုံးအစွန် နည်းလမ်းတချို့ကို ထုတ်သုံးလိုခဲ့လိမ့်မည်။ ထိုအရာက ကောင်းကင်မိစ္ဆာ၏ လမ်းစဉ် ဖြစ်၏။
ယခင်က မိစ္ဆာကျင့်ကြံသူများ၏ မှတ်တမ်းများ မရှိသည်မှာ ယုံကြည်မှုခေတ်ကာလအတွင်း ဗုဒ္ဓဘာသာက သူတို့အားလုံးကို သုတ်သင်ပစ်ခဲ့၍ ဖြစ်နိုင်လေသည်။
မိစ္ဆာမျိုးနွယ်တဲ့လား…
ဝမ်ဝေ့က ထိုအရာသည် အစစ်အမှန် မိစ္ဆာသည်လည်း ထိုမျိုးနွယ်ကြား ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။ ပြောရလျှင် ကျူးကျော်မှုတစ်ခုလုံး၏ နောက်ကွယ်တွင် ရှိနေနိုင်သည်။ ကံကြမ္မာဆိုးများကို ဝါးမျိုသည့် မျိုးနွယ်အနေဖြင့် သူတို့ကို ကံဖြင့် ချည်နှောင်ထားလိမ့်မည်။ ထို့ကြောင့် တချို့လူများက ကံကို ပုန်ကန်လိုသည်မှာ မှန်းရမခက်ပေ။
ထိုအရာကို တွေးမိပြီးနောက် ဝမ်ဝေ့က သူ သင်ယူထားသည့် သမိုင်းကြောင်း၏ ဖြစ်ရပ်များစွာသည် အတိအကျ မှန်ကန်မှု မရှိကြောင်း သဘောပေါက်သွားသည်။
နမူနာအားဖြင့် ရွှေရောင်လူဝံဧကရာဇ် အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးလုနီးပါး မည်သို့ဖြစ်သွားခဲ့သနည်း။ မှတ်တမ်းများအရ သူ့ဧကရာဇ် အဆင့်တန်းစားကို အတိအကျဖော်ပြထားသည့် အဖြေများ မရှိသော်လည်း သူသည် အလွန်တရာ အင်အားကြီးမားလေသည်။ ကြည့်ရသည်မှာ ထည့်ရေးမထားသည့် ကိစ္စတချို့ ရှိနေဟန်ပေါ်သည်။
မှတ်တမ်းများထဲတွင် သူက တာအိုကို သက်သေပြပြီးသည့်နောက် လူသားဧကရာဇ်က ရွှေရောင်လူဝံဧကရာဇ်နှင့် ဒဏ္ဍာရီလာ တိုက်ပွဲကို ရင်ဆိုင်ခဲ့သည်။ သို့သော် လူသားဧကရာဇ်က ထာဝရဧကရာဇ်ဖြစ်သည့်အတွက် ရွှေရောင်လူဝံက မည်မျှအားကြီးနေမည်နည်း။
သူက အတုအယောင် ထာဝရဧကရာဇ်လား။
တကယ်လို့ အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေလျှင် ရှေးဟောင်းဧကရာဇ် ခေတ်ကာလမှ ကျင့်ကြံသူများသည် ရွှေရောင်လူဝံဧကရာဇ်ကို ကြာကြာခုခံနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က ထိုခေတ်ကာလတွင် ယခုလောက် ဘိုးဘေးများ၊ ထာဝရအရှင်များနှင့် ဧကရာဇ်မျိုးနွယ်များ ပေါများသည်ဟု မထင်ပေ။ ထို့အပြင် ကမ္ဘာ၏ ကျင့်ကြံရေးအစောပိုင်း အခြေအနေတွင် ရှိနေသေးသည့်အတွက် ဆန့်ကျင့်ကောင်းကင်ရွေးချယ်ခံလည်း ရှိမည်ဟု မထင်ပေ။
ထို့ကြောင့် ရွှေရောင်လူဝံ ဧကရာဇ်သည် အရေးသာနေသော်လည်း မလုံလောက်သေးပေ။
အကြီးမားဆုံးပြဿနာက လူသားဧကရာဇ် ဖြစ်၏။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်ဖြင့် မဟာဧကရာဇ်တစ်ပါးကို တိုက်ခိုက်နိုင်စေဖို့ အစီအရင်ကို ဖန်တီးခဲ့သည်။
ဝမ်ဝေ့က ထိုအချက်ကို အတိတ်က ယုံကြည်ထားသော်လည်း ယခုလက်ရှိအနေအထားကမူ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် အနိမ့်ဆုံး တတိယတန်းစား ဧကရာဇ်ကြားမှ ကွာခြားချက်ကို သိလာခဲ့သည်။
လူသားဧကရာဇ်က ရွှေရောင်လူဝံလိုမျိုး ပထမတန်းစား ဧကရာဇ်မျိုးနှင့် ကွာခြားချက်ကို မည်သို့ လိုက်မှီမည်နည်း။ ကိစ္စများက မရိုးရှင်းလှပေ။
ဤသို့သော အစီအရင်မျိုးက အသင်္ချေအင်ပါယာကမ္ဘာတွင် မရှိပေ။ အနည်းဆုံးတော့ သူ့နားလည်နိုင်စွမ်းအရ ဖြစ်၏။ အကယ်၍ ရှိခဲ့လျှင်ပင် ထိုသို့သော မြောက်များလှသည့် စွမ်းအားကို ခုခံနိုင်ပြီး ကောင်းကောင်းထိန်းချုပ်နိုင်သည့် သေမျိုးဟူ၍ မရှိပေ။
ထို့အပြင် အကယ်၍ ထိုအရာက ရှိခဲ့လျှင်ပင် ဧကရာဇ်တစ်ပိုင်းအဆင့်အစား တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင်က အသုံးပြုလျှင် ပို၍ကောင်းမည် မဟုတ်ပါလော။ ထိုအရာက ပိုမိုအဓိပ္ပာယ် ရှိပေသည်။
ဤသည်က သူ သင်ယူထားသည့် သမိုင်းကြောင်းတွင် တစ်ခုတည်းသော ပြဿနာ မဟုတ်သေးပေ။ မှတ်တမ်းများအရ မိစ္ဆာမျိုးနွယ်သည် ဒိုင်မေးရှင်း အနိမ့်ပိုင်းအများစုကို လွှမ်းမိုးခဲ့သည်။
အရှင်းဆုံးပြောရလျှင် ဝမ်ဝေ့အနေနှင့် ယုံကြည်ဖို့ အနည်းငယ် ခက်လာ၏။
အရိုးသားဆုံးပြောရလျှင် ထာဝရဧကရာဇ်သည် ထိုသို့သော အရာမျိုးကို စနစ်တကျ စီစဉ်ကာ ပြီးမြောက်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသော်လည်း သူတို့နေထိုင်သည့် ခေတ်ကာလတွင် ကိစ္စများက ပုံမှန်အတိုင်း ပြောင်းလဲနေသည်။
သို့သော် မိစ္ဆာနတ်ဘုရားကိုးပါးဖြင့် မိစ္ဆာမျိုးနွယ်သည် ထိုသို့သောအရာကို အောင်မြင်ခဲ့သည်။ ထို့အပြင် ဝူဟုန်က မိစ္ဆာနတ်ဘုရားကိုးပါးသည် သူမ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ကြောင်း ပြောပြခဲ့ဖူးသည်။ ဝမ်ဝေ့ နားလည်ထားသလောက် ထိုအရာက မဖြစ်နိုင်ပေ။ အတိအကျဆိုရရင် ထိုသို့သော အပြုအမူမျိုးကို ခွင့်မပြုသင့်ပေ။
ဝမ်ဝေ့က ကမ္ဘာ၏ အစီအစဉ်ကျမှုအပေါ် အနည်းငယ်သိထားလေသည်။ ထို့ကြောင့် သူက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲသည် မည်မျှ အရေးပါကြောင်း နားလည်ထား၏။ အကယ်၍ မဟာဧကရာဇ်က ထိုတိုက်ပွဲကို ဝင်စွက်ဖက်နိုင်လျှင် ဒိုင်မေးရှင်းအနိမ့်ရှိရာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဆိုးဆိုးဝါးဝါး အခြေအနေများ ဖြစ်ပေါ်လာလိမ့်မည်။
စကြဝဠာကြီး၏ အခြေခံအုတ်မြစ်ကို ပျက်စီးသွားစေလိမ့်မည်။
ကောင်းကင်တာအိုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ဖို့ မည်သူ့ကိုမှ ခွင့်ပြုမည် မဟုတ်ပေ။ ကောင်းကင်တာအိုကိုယ်တိုင်က အားကောင်းသည့် မဟာဧကရာဇ်များကို မတားဆီးကောင်း မတားဆီးနိုင်လျှင်ပင် အစစ်အမှန် ကောင်းကင်တာအိုက တားဆီးနိုင်သည်။
ဝူဟုန်က သူ့အား ထိုအခေါ်အဝေါ်နှင့် ပတ်သက်ပြီး တစ်ခါပြောပြဖူးသည်။ သူမက အတိအကျ ပြောမပြခဲ့သော်လည်း သူက ခန့်မှန်းမိလေ၏။ အစစ်အမှန် ကောင်းကင်တာအိုသည် စံပြများ၊ ကောင်းကင်ဘုံများ၊ မဟာဧကရာဇ်များရှိရာ အထက်ပိုင်း ဒိုင်မေးရှင်း၏ စည်းမျဉ်းဥပဒေသများကို အုပ်ချုပ်သည်။ ဒိုင်မေးရှင်းအနိမ့်ရှိ ကမ္ဘာအသီးသီးမှ ကောင်းကင်တာအိုများကမူ ထိုအရာ၏ အစွယ်ပွားမျှသာ ဖြစ်သည်။
ဝမ်ဝေ့က ထိုသို့သော တည်ရှိမှုက မည်မျှအားကောင်းမည်မှန်း စိတ်ကူးကြည့်နိုင်လေသည်။ ထိုအရာက မဟာဧကရာဇ်နှင့် ကောင်းကင်ဘုံ၊ စံပြအဆင့်များကိုပင် တားမြစ်ချက်များ ထားနိုင်လေသည်။
ထိုသို့သော အားကောင်းသည့်သူက မိစ္ဆာနတ်ဘုရား တချို့ကို ဖြေရှင်းဖို့ ပြဿနာရှိမည် မဟုတ်ပေ။ သို့သော် ထိုအရာက မလုပ်ဆောင်ခဲ့ပေ။ ထိုစဉ်အချိန်အခါက တစ်စုံတစ်ခု မှားယွင်းခြင်း သို့မဟုတ် ဝမ်ဝေ့က အတွေးလွန်ခြင်းသာ ဖြစ်နိုင်သည်။
ငါ အတွေးလွန်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူသားဧကရာဇ်က ငါ့လိုမျိုး ကူးပြောင်းသူ ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကိုတော့ သံသယထားလို့ မမှားဘူး။
ထိုဖြစ်နိုင်ချေများကို တွေးပြီးသည့်နောက်တွင် သူက အဓိက ကိစ္စကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက အောင်မြင်သူကသာ သမိုင်းကြောင်းကို ရေးသားသည်ဆိုသော သဘောကို နားလည်သဘောပေါက်၏။ ထို့ကြောင့် သူ့မေးခွန်းအတွက် အဖြေများက ရိုးရှင်းလှသည်။
အစစ်အမှန် တာအိုနှလုံးသားမျိုးစေ့ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က အစီအရင်အတွင်း ထပ်မံ ဝင်ရောက်လိုက်သည်။
တတိယဘဝတွင် သူက သူ့ဘဝကို ကျမ်းများအပေါ် မြှုပ်နှံထား၏။ သူက ဉာဏ်အလင်းပွင့်လာသည့်အခါ သူ့ဗဟုသုတများနှင့် ဉာဏ်ပညာအား ကမ္ဘာဆီ ဖြန့်ဝေပေးသည်။
လေးဘဝမြောက်တွင် သူက ဓားသမားတစ်ယောက် ဖြစ်ခဲ့သည်။ သုံးနှစ်သားအရွယ်ဖြင့် သူက အခြေခံဓားရေးကို လေ့ကျင့်ခဲ့ပြီး နှစ် ၂၀ ကြာသည့်အထိ မရပ်တန့်ခဲ့ပေ။ သူက တခြားသော ဓားရေးကို မလေ့ကျင့်သလို သူ့ဘဝတွင် စကားတစ်လုံးမှလည်း မပြောခဲ့ပေ။
အသက် ၂၃ နှစ်အရွယ်တွင် သူက အိမ်မှ ထွက်လာပြီး ကမ္ဘာတစ်ဝှမ်းမှ ဓားသမားများကို လိုက်လံစိန်ခေါ်ခဲ့သည်။ သူ့ခရီးစဉ်အတွင်း သူက သူ မြင်ခဲ့သည့် ဓားနည်းစနစ်အမျိုးမျိုးကို သင်ယူခဲ့ပြီး ဘယ်သောအခါမှ မရှုံးနိမ့်ခဲ့ပေ။
၃၅ နှစ်အရွယ်တွင် သူက ကမ္ဘာရှိ အားအကောင်းဆုံး ဓားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ့ဓားတာအိုက အဟန့်အတားနှင့် တွေ့သောကြောင့် သူက သီးသန့်လေ့ကျင့်ဖို့ ဝင်ရောက်လိုက်သည်။ ၅နှစ်တာကြာမြင့်ပြီးသည့်နောက်တွင် သူ့ဓားရေးက တစ်စက်လေးမှ တိုးတက်လာခြင်း မရှိဘဲ ကျန်းဟူသို့ ပြန်လည်ရောက်ရှိလာသည်။
ထိုအခါ သူက ကမ္ဘာတစ်ဝှမ်းမှ နည်းစနစ်အမျိုးမျိုးနှင့် သိုင်းပညာရပ်အမျိုးမျိုးကို စုဝေးခဲ့သည်။ လူများစွာက ထိုအရာကို သဘောမကျကျပေ။ ကံဆိုးစွာဖြင့် မည်သူကမှ ထိုနှုတ်ဆိတ်ဓားနတ်ဘုရားကို မတားဆီးနိုင်ကြပေ။
နောက်နှစ် ၂၀ ကြာမြင့်ပြီးသည့်နောက်တွင် ကျန့်ဝေက ကမ္ဘာရှိ သိုင်းပညာရပ်အမျိုးမျိုးကို နားလည်သဘောပေါက်ပြီး သူတို့အတွက် ရင်ဆိုင်ဖို့ ဓားရေးကို ဖန်တီးခဲ့သည်။ ထို့နောက် တောင်တစ်လုံးပေါ်တွင် သူက သူ့ဘဝ၏ အလားအလာ အကောင်းဆုံးတိုက်ကွက်ကို ထုတ်သုံးခဲ့သည်။
ထို့နောက် ဝမ်ဝေ့က တာအိုမျိုးစေ့ အသီးသီးဖြစ်သည့် ဆေးလုံးတာအို၊ အစီအရင်တာအို၊ အဆောင်တာအို၊ ရုပ်သေးရုပ်တာအိုနှင့် အဆိပ်တာအိုအထိ တခြားသော အရာများပါ အပါအဝင် တာအိုနှလုံးသားမျိုးစေ့ အမျိုးမျိုးကို ဖွဲ့စည်းခဲ့သည်။
နောက်ဆုံးတွင် အစစ်အမှန် မိစ္ဆာတာအိုမျိုးစေ့အား ဗဟိုချက်အဖြစ် အသုံးပြုကာ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သည်။
ဝမ်ဝေ့က သူ အောင်မြင်သွားသည်နှင့် လတ်ဆတ်ကာ အသစ်ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီးကို ဖယ်ရှားလိုက်သလို ဖြစ်၏။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရင်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မမြင်နိုင်သည့် တာအိုစည်းချက်များကို မြင်လိုက်ရသည်။ သူက တာအိုနှင့် ပြီးပြည့်စုံစွာ တစ်သားတည်း ဖြစ်နေလေ၏။
ဒါက တာအိုနဲ့ လမ်းစဉ် ပြီးပြည့်စုံစွာ ပေါင်းစပ်မှုလား…
လမ်းစဉ်က ကျင့်ကြံသူတစ်ယောက်အတွက် ရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက်ကို ရည်ညွှန်းပေသည်။
အဓိကအကြောင်းအရင်းက ဘာလဲ
မသေမျိုးကို ရရှိဖို့လား။ ချစ်မြတ်နိုးရသူတွေကို ကာကွယ်ဖို့လား…
ကျင့်ကြံသူတစ်ယောက်၏ ရည်ရွယ်ချက် သို့မဟုတ် အိပ်မက်တိုင်းက သူတို့၏ လမ်းစဉ်အဖြစ် သတ်မှတ်နိုင်လေသည်။
တာအို ငါးပါးကမူ ဓာတ်ငါးပါး၊ ယင်ယန်နှင့် တခြားကဲ့သို့သော သူတို့ကျင့်ကြံသည့် စည်းမျဉ်းများကို ရည်ညွှန်းလေသည်။ နမူနာအားဖြင့် ဝမ်ဝေ့၏ လမ်းစဉ်သည် လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းဖို့ ဖြစ်ပြီး သူ့တာအိုကမူ ကံကြမ္မာ ဖြစ်၏။
ဤသည်က ကျင့်ကြံသူများ၏ တာအိုသည် သူတို့၏ လမ်းစဉ်နှင့် လိုက်ဖက်ညီနေဖို့ လိုအပ်ချက် ရှိသည်။ အတိအကျဆိုရလျှင် သူတို့၏တာအိုသည် သူတို့၏ လမ်းစဉ်ကို ပြီးမြောက်စေဖို့ ကူညီပေးနိုင်စွမ်း ရှိရမည်။ ထိုသို့ မဟုတ်ပါက ပြင်းထန်သည့်အကျိုးဆက်ကို ခံစားရလိမ့်မည်။
ထိုတာအိုနှလုံးသား အသစ်ဖြင့် ဝမ်ဝေ့၏ လမ်းစဉ်နှင့် တာအိုက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး သူ့အား အကျိုးအမြတ် မြောက်များစွာ ထောက်ပံ့ပေးနေသည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး အနီးနားရှိ တောင်တစ်လုံးအပေါ် သေဆုံးမှုကံကြမ္မာကို အသုံးပြုလိုက်သည်။ ထို့နောက် ထိုအရာက ချက်ချင်းဆိုသလို ခြောက်သွေ့ကာ သေဆုံးသွားလေ၏။ ထို့နောက် သူက အမျိုးမျိုးသော နည်းစနစ်များကို ထုတ်သုံးခဲ့သည်။
အခု ငါက ကျင့်ကြံရေးကျမ်းတွေကို အလားအလာအပြည့် ထုတ်သုံးနိုင်ရုံတင်မကဘူး။ ငါ့ကံကြမ္မာဆက်နွယ်တဲ့ နည်းစနစ်တွေကလည်း အရင်ထက် နှစ်ဆ၊ သုံးဆ ပိုအားကောင်းလာပြီ…
သူက သူ့စွမ်းအားတိုးလာမှုကို စစ်ဆေးလိုသည့်အတွက် တိုက်ပွဲမျှော်စင်အတွင်း သွားကာ တိထျန်းနှင့် ယှဉ်ပြိုင်လိုက်သည်။
သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသော်လည်း ယခင်ရှုံးနိမ့်မှုထက် မိနစ်သုံးဆယ်ကြာ ကြာမြင့်ခဲ့သည်။
ယခင် သူ့ ကြယ်တာရာဆုံမှတ်များ ဖွင့်လှစ်ပြီးသည့်နောက်တွင် သူက မျှော်စင်သို့ တစ်ခေါက်သွားကာ ယခင်တိုက်ပွဲထက် ငါးမိနစ်ပိုကြာခဲ့ရုံမျှ ဖြစ်၏။ သို့သော် ယခုတွင် သူက ၂၅မိနစ် တိုးမြင့်လာခဲ့သည်မှာ တိုးတက်မှုကြီးတစ်ခု ဖြစ်၏။ အကြောင်းမှာ သူ့ကံကြမ္မာ ဆက်နွယ်မှုများကို မဖန်တီးရသေးပေ။
ဝမ်ဝေ့က လျှို့ဝှက်နယ်မြေအတွင်း ပြန်လည်ရောက်ရှိလာပြီးနောက် သူ့အဆီအနှစ်နှင့် ချီသရဖူကို စစ်ဆေးကြည့်လိုက်သည်။ သူတို့က ယခင်ထက် ပိုမိုတောက်ပကာ အသက်ဝင်နေလေ၏။ သူက ထိုအကြောင်းအရင်းကို သိလေသည်။ ချီသရဖူ သုံးခုနှင့် ကျင့်ကြံသူ၏ တာအိုနှလုံးသားကြားမှာ ဆက်နွယ်မှုရှိပြီး မည်သည့်အပြောင်းအလဲတိုင်းကမဆို ပန်းအပေါ် သက်ရောက်မှုရှိလာစေလိမ့်မည်။
နမူနာအားဖြင့် သူ့အဘိုး၏ တာအိုနှလုံးသား ကျိုးပျက်သွားစဉ်အခါက ပန်းသည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သူက သူ့စိတ်ဆန္ဒနှင့် အရင်းအမြစ်မြောက်များစွာကို အသုံးပြုကာ ထိန်းသိမ်းထားရသည်။ သို့သော် သူက ထိုအရာမှ ချီးမြှင့်ထားသည့်စွမ်းရည်များကိုမူ ထုတ်မသုံးနိုင်ပေ။
ဝမ်ဝေ့က သူ့အား တာအိုနှလုံးသားပြန်လည်ပြုပြင်ဖို့ ပြောသည့်အခါက အခြေကျလာခါစမျှဖြစ်သော်လည်း ထိုစွမ်းအားများကို ထုတ်မသုံးနိုင်သေးပေ။
ဝမ်ဝေ့က ထိုပန်းများကို ကြည့်ကာ စဉ်းစားသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက ပွင့်ချပ် ၁၂လွှာအစား ၁၃လွှာ လိုချင်မိသည်။ သို့သော် ဝူဟုန်က သူ့အား သူ့လက်ရှိအနေအထားဖြင့် မဖြစ်နိုင်သေးကြောင်း ပြောပြထား၏။
ထို့ကြောင့် သူက အတွေးများကို ခေါင်းခါကာ ဖယ်ရှားလိုက်သည်။ ယခုသူက အနာဂတ်ဗုဒ္ဓကျမ်းကို ကျင့်ကြံနိုင်သည့် တာအိုနှလုံးသား ရှိနေပြီဖြစ်ကာ အချိန်မဖြုန်းလိုတော့ပေ။
ထို့နောက် သူက ဂိုဏ်း၏ အချိန်အစီအရင်အတွင်း သီးသန့်ကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်။