← Chapters

ကြယ်တာရာဆုံမှတ်များ

Vol. 33 Ch. 455

ကြယ်တာရာဆုံမှတ်များ

Vol. 33 Ch. 455

အခန်း (၄၅၅) : ကြယ်တာရာဆုံမှတ်များ

ကျမ်းအရ ဝမ်ဝေ့က နည်းလမ်း သို့မဟုတ် စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ရှိ ဆုံမှတ်များကို ဖွင့်လှစ်နိုင်သည်။ သို့သော်လည်း သူတို့ကို အားဖြည့်ပေးရာတွင် ကြယ်တာရာစွမ်းအားကသာ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်၏။

ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းသည် ကြယ်တာရာဆုံမှတ်အဆင့်ကို သုံးဆင့်ပြန်ခွဲထားသည်။ ဆုံမှတ် ဖွင့်လှစ်ခြင်း၊ ကြယ်တာရာ အားဖြည့်ခြင်းနှင့် ကြယ်တာရာ ဖွဲ့စည်းခြင်းတို့ ဖြစ်သည်။

ပထမဦးစွာ ဆုံမှတ်ကို ဖွင့်လှစ်ပြီး ဆုံမှတ်တစ်ခုချင်းစီက ကမ္ဘာငယ်လောက် ကြီးမားသည်အထိ ကြယ်တာရာစွမ်းအားဖြင့် အားဖြည့်ပေးရမည်။ ထို့နောက် ကြယ်တာရာစွမ်းအားကို သဏ္ဌာန်ပြ ကြယ်တာရာအဖြစ် ဖွဲ့စည်းရမည်။ သို့သော်လည်း ကျမ်းတွင် ဖော်ပြထားသည်မှာ ထူးကဲသည့် ပါရမီရှိသူများကသာ သူတို့၏ ဆုံမှတ်များအတွင်း ကြယ်တာရာကို ဖွဲ့စည်းနိုင်ကြလေသည်။ ပါရမီနှင့် လုံ့လဝီရိယအပေါ် မူတည်၍ လူတစ်ယောက်ချင်းစီသည် သူတို့၏ စွမ်းဆောင်ရည်အပေါ် ကန့်သတ်ချက်ရှိလေသည်။

သို့သော်လည်း ဝမ်ဝေ့က ထိုအရာကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က ကျမ်းကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်း သဏ္ဌာန်ပြ ကြယ်တာရာတစ်ထောင်ကျော် စွမ်းအား ရရှိလာမည်ဖြစ်သည်။

ထို့နောက် သူက စာအုပ်အဖုံးပေါ်သို့ သွေးတစ်စက်ချလိုက်သည်။ ထိုစဉ် မျက်နှာပြင်အထက်တွင် သင်္ကေတမြောက်များစွာ ပေါ်ထွက်လာလေ၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်စွမ်းအား တစ်ခုက ဝမ်ဝေ့၏ ခန္ဓာကိုယ်အား စတင်စစ်ဆေးကြည့်လာသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် စစ်ဆေးမှုက ရပ်တန့်သွားပြီး သင်္ကေတများက ပျောက်ကွယ်သွားသည်။ ထိုစာအုပ်အတွင်း နောက်ထပ် စာရွက်အသစ်များ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ဝေ့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းသည် ကမ္ဘာတွင် ကျော်ကြားသည့် ဂုဏ်သတင်းရှိရသည့် အကြောင်းအရင်း၊ ထူးကဲကာ အားကောင်းသည့် ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း ဖြစ်နေသည့် အကြောင်းအရင်းနှင့် ကျင့်ကြံဖို့ရာအတွက် လိုအပ်ချက်မြင့်မားသည့် အကြောင်းအရင်းတို့ကို နားလည်သွားသည်။

ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်သည် တာအိုကို သက်သေပြပြီးနောက် အဆုံးမဲ့လေဟာနယ်အတွင်း   သွားလာခဲ့သည်။ သူက ကမ္ဘာအသီးသီးမှ သက်ရှိများသည် မိုးမြေစည်းမျဉ်းအပေါ် မူတည်၍ သူတို့၏ ခန္ဓာကိုယ်ရှိ ဆုံမှတ်အရေအတွက်က ကွဲပြားကြောင်း သင်ယူခဲ့ရသည်။

တချို့ကမ္ဘာများတွင် လူများက ဆုံမှတ် ၃၆ ခုသာ ရှိပြီး တခြားကမ္ဘာများတွင် ၃၆၀ သို့မဟုတ် ၇၂၀ အထိ ရှိတတ်ကြသည်။ အသင်္ချေအင်ပါယာကမ္ဘာရှိ လူများအတွက်မူ ၁၉၆၂ ခုရှိ၏။ သူ သွားခဲ့ဖူးသည့် ကမ္ဘာတစ်ခုအတွင်း ထူးဆန်းသည့် မျိုးစိတ်တွင် ဆုံမှတ်ပေါင်းသန်းကျော် ရှိလေသည်။ အတိအကျဆိုရလျှင် ၁.၉၆၂သန်း ဖြစ်၏။

ထို့ကြောင့် သူက သူတို့၏ ခန္ဓာကိုယ်ကို လေ့လာကာ ခန္ဓာကိုယ်အတွင်း ဆုံမှတ်တိုးလာစေနိုင်မည့် နည်းလမ်းကို ဖန်တီးခဲ့သည်။ ထိုကျမ်း၏ အထွတ်အထိပ် အစစ်အမှန်က သူတို့ခန္ဓာကိုယ်အတွင်း ကြယ်တာရာတစ်သန်းကျော် စွမ်းအားကို ချီးမြှင့်ပေးထားသည်။

တိထျန်းရဲ့ ခန္ဓာကိုယ်က ဒီလောက်အားကောင်းနေတာ မဆန်းတော့ဘူး။ ပြီးတော့ သူက ဒီရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ချီးကျူးနေတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ခဏနေပါဦး။ ငါ သိထားသလောက် သူက သူ့အရင်ဘဝက ကျင့်ကြံဆင့်တွေကို ပြန်လည်ယူနိုင်တဲ့ စွမ်းအား ရှိတယ်ဆိုတော့ သူ့ခန္ဓာကိုယ်အတွက်ကရော အတူတူပဲလား။

ငါ တွက်ချက်ထားသလောက် ဒီနည်းလမ်းက ကိုးဘဝအထိပဲ ဖြစ်နိုင်တယ်ဆိုတော့ သူ့ခန္ဓာကိုယ်မှာ ကြယ်တာရာ ၉သန်းကျော်စွမ်းအားရှိနေတာလား

ဝမ်ဝေ့က ထိုကြယ်တာရာတစ်သန်းသည် မည်မျှအားကောင်းကြောင်း စဉ်းစားကြည့်နိုင်သောကြောင့် ကိုးဆသည် အမှန်တကယ်ကြောက်ဖို့ကောင်းကြောင်း ထည့်ပြောဖို့ရာ မလိုတော့ပေ။

မဟုတ်သေးဘူး။ ငါ့ဘာသာငါ အတွေးလွန်နေတာပဲဖြစ်ရမယ်။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ယုံကြည်မှုခေတ်ကာလအတွင်းမှာ ဒီကျမ်းကို ဖန်တီးခဲ့တာဆိုတော့ အဲဒီအချိန်မှာ တိထျန်းက ပြန်လည်ဝင်စားခြင်း ဘဝအနည်းငယ်ကို ဖြတ်ကျော်ပြီးလောက်ပြီ။

ပြီးတော့ သူ့ရဲ့အိပ်စက်သူတွေက ဘယ်အချိန်မှာ ရယူခဲ့တယ်ဆိုတာကိုလည်း မသိထားရသေးဘူး…

ထိုသို့ သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း၏ ခန္ဓာကိုယ်သည် ကြယ်တာရာတစ်သန်းကျော် စွမ်းအားရှိမည်ဟုသာ သိလိုက်သည်။ ထိုကျမ်းအရ ၁.၉၆၂သန်းက ကန့်သတ်ချက် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က တိထျန်း၏ ကြယ်တာရာများသည် ပိုမိုများပြားလိမ့်ပြီး သူ့အား အရေအတွက်ပမာဏ အတိအကျထက် ပိုမိုများပြားသည့်စွမ်းအားကို ချီးမြှင့်ပေးထားလိမ့်မည်။

ဒါက ဒီခန္ဓာကိုယ်ခွန်အားအရ သူ့ကို ကျော်နိုင်မဲ့ အခွင့်အရေး ဖြစ်လာနိုင်တယ်။ တကယ်လို့ ငါ့ရဲ့ လူဝင်စားကိုးယောက်က ကြယ်တာရာတစ်သန်းကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ငါတို့သာ ပေါင်းစပ်လိုက်ရင်…

သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် မလုံလောက်သေးကြောင်း သိ၍ ခေါင်းခါလိုက်သည်။ တိထျန်းသည် ထိုကျမ်းကို မကျင့်ကြံသေးရသည့် ယခင်ပြန်လည်ဝင်စားခြင်းများအတွက် ကွာဟချက်ကို ဖြည့်စည်းဖို့ နည်းလမ်းရှာပြီးလောက်လေပြီ။

ထို့အပြင် ဝမ်ဝေ့က ထိုသူသည် တခြားသော ခန္ဓာသန့်စင်ခြင်းများကို လေ့လာဖူးကြောင်း ကောက်ချက်ချလိုက်၏။ သူ သိထားသလောက် အစောပိုင်းဧကရာဇ် ခေတ်ကာလသည် ခန္ဓာကိုယ်လေ့ကျင့်သူများ အဓိက ဖြစ်လေသည်။ အကြောင်းမှာ အဓိက ကျင့်ကြံရေးနည်းစနစ်သည် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးထား၍ ဖြစ်သည်။

ပင်ကိုနတ်ဆိုးများနှင့် ကမ္ဘာဦးနတ်ဘုရားများရှိသည့် ခေတ်ကာလတွင် ကျင့်ကြံသူတစ်ယောက်က အားကောင်းသည့် ခန္ဓာကိုယ် မရှိထားလျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့က ထိုခေတ်ကာလမှ ခန္ဓာကိုယ်သန့်စင်ခြင်းသည် မည်မျှထူးချွန်ပြောင်မြောက်လိုက်မလဲဟု စဉ်းစားကြည့်မိနေသည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးပျင်းခဲ့ရသည့်အတွက် သူ့အနေနှင့် တိထျန်းသည် မည်သည့်အရာများကို မြင်ဖူး၊ ကြားဖူး၊ နားလည်ဖူး၊ ကျင့်ကြံဖူးသည်ကို မသိရပေ။

ကြယ်တာရာအဆီအနှစ်က ငါ့ကို နှာတစ်ဖျား ပိုသာသွားစေမှာလား…

သူက ဓာတ်ငါးပါးနန်းတော်မှ ကျန်းပိယုနှင့် ကြယ်တာရာအဆီအနှစ်ကို သူ့အတွင်းအင်္ဂါတစ်ခုအတွက် လဲလှယ်ခဲ့ဖူးသည်။ ဤသည်က ကမ္ဘာဦးကြယ်တာရာစွမ်းအားကလွဲ၍ ဒုတိယအမြင့်ဆုံး ကြယ်တာရာစွမ်းအား ဖြစ်၏။

ကမ္ဘာဦးကြယ်တာရာစွမ်းအားတောင် လုံလောက်ချင်မှ လုံလောက်မှာ…

သူက လတ်တလော သူ့မိသားစုနှင့် ဂိုဏ်းတွင် ကမ္ဘာဦးကြယ်တာရာစွမ်းအား ရှိလားဟု မေးမြန်းခဲ့သည်။ သို့သော် ကံဆိုးစွာဖြင့် သူ ရရှိခဲ့သည့်အဖြေက အဆိုးဘက်မှ ဖြစ်နေသည်။ အတိအကျဆိုရလျှင် သူတို့ဘက်တွင် တချို့ရှိခဲ့ဖူးသော်လည်း စစ်ဆေးမှုကို အောင်မြင်သွားသည့် ကောင်းကင်ရွေးချယ်ခံတချို့က ရယူသွားခဲ့ကြသည်။ ပို၍ဆိုးဝါးသွားသည်က ထိုကောင်းကင်ရွေးချယ်ခံသည် ကမ္ဘာဦးကြယ်တာရာများစွာကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်သွားဆဲ ဖြစ်၏။

ဝမ်ဝေ့က ထိုအတွေးများကို ဖယ်ရှားကာ သူ့ခန္ဓာကိုယ် ပိုမိုအားကောင်းအောင် လုပ်မည့်ကိစ္စအပေါ်သာ အာရုံစိုက်ထားလိုက်သည်။

ကြယ်တာရာဖွဲ့စည်းတာကို အာရုံစိုက်မဲ့အစား ငါ့ရဲ့ ဆုံမှတ်အတွင်းမှာ တွင်းနက်ကြီးတွေ ဖွဲ့စည်းလိုက်ရင် ဘယ်လိုလဲ…

သူက သူ့အစီအစဉ်သည် အလုပ်ဖြစ်နိုင်ကြောင်း တွေးရင်း အကြည့်များက တောက်ပလာသည်။ တွင်းနက်ကြီးသည် ကျင့်ကြံသူများ တစ်စုံတစ်ခု ရူးရူးမိုက်မိုက် ကြိုးစားပါက အထဲမှ ဝါးမျိုပစ်နိုင်သည်။ သို့သော်လည်း ထိုအရာက ဝါးမျိုခြင်းတာအိုအပေါ် နားလည်ထားနိုင်စွမ်းနှင့် သူ့ခန္ဓာကိုယ်ထဲပါဝင်သည့် ဗလာနတ္ထိအရိပ်အမြွက်တို့ဖြင့် ဖြစ်နိုင်လေသည်။

သူက ပိုမိုတွေးကြည့်လေလေ ထိုအစီအစဉ်က ဖြစ်နိုင်ချေရှိကြောင်း သဘောပေါက်လာလေလေ ဖြစ်၏။ အကယ်၍ မှန်မှန်ကန်ကန်သာ လုပ်ဆောင်နိုင်ခဲ့လျှင် ဝမ်ဝေ့က သူ့ဆုံမှတ်အတွင်း ဧရာမတွင်းနက်ကြီး ကိုးသန်းကျော်စွမ်းအားကို ရရှိလိမ့်မည်။

ကောင်းပြီ။ ငါ စိတ်ငြိမ်ငြိမ်ထားဖို့ လိုတယ်။ ကိစ္စတွေကို တစ်ဆင့်ချင်းစီ လုပ်ရမယ်။ ပြီးတော့ ငါက အနာဂတ်အကြောင်း မပြောခင် ဒီအစုတ်ပလုတ် စစ်ဆေးမှုမှာ အသက်ရှင်ဖို့လိုတယ်။ အခု အရင်ဆုံး ကျင့်ကြံကြည့်ရအောင်…

ဝမ်ဝေ့၏ အကြည့်အထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရရမည်။ အတိတ်တွင် သူက ကျရှုံးနိုင်ချေကို ထည့်စဉ်းစားခဲ့ပြီး သူ့ကိုယ်သူ စည်းပိတ်ကာ နောင်အခါမှ ပြန်နိုးထလာပြီး ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူ့တွင် အခွင့်အရေး မရှိတော့ပေ။ သူက သူ့ကိုယ်သူ မျိုးဆက်များစွာ စည်းပိတ်ခြင်းက ပြဿနာ မရှိသော်လည်း သူ့မိသားစုနှင့် မိတ်ဆွေများကမူ ထိုမျှကြာကြာ စောင့်ဆိုင်းနိုင်မည် မဟုတ်ပေ။

သူက တစ်စုံတစ်ယောက်ကို ဆုံးရှုံးဖို့ ငြင်းဆန်လေသည်။ ထို့ကြောင့် သူက စတင်ကျင့်ကြံလိုက်၏။ ပထမဦးစွာ ပင်မဆုံမှတ် ၁၉၆၂ ခုကို စတင်ဖွင့်လှစ်လိုက်သည်။ ဆုံမှတ်ဖွင့်လှစ်ခြင်း ဆေးလုံးနှင့် သူ့အိမ်အတွင်းရှိ ကြယ်တာရာစုဝေးခြင်း အစီအရင်တို့ဖြင့် ဖြစ်စဉ်က အနည်းငယ်ကြာသော်လည်း ချောမွေ့နေသည်။

ပင်မဆုံမှတ်တစ်ခုချင်းစီတွင် ဆုံမှတ်ခွဲတစ်ထောင်စီ ဖန်တီးလိုက်သည်။ သို့သော်လည်း ဖန်တီးနိုင်သော်လည်း ထိုအရာက ထိုနယ်ပယ်၏ နောက်ဆုံးအဆင့် ဖြစ်ပေသည်။

ဝမ်ဝေ့က ကြယ်တာရာအဆီအနှစ်ကို အသုံးပြုကာ ဆုံမှတ်များအား စတင်အားဖြည့်ပေးလိုက်သည်။ ထိုအဆင့်က အရေးကြီးသည့်အဆင့် ဖြစ်၏။ အကယ်၍ ဆုံမှတ်များသာ ကောင်းကောင်းမွန်မွန် အားဖြည့်မထားလျှင် သူတို့သည် ကြယ်တာရာဖွဲ့စည်းသည်နှင့် ပြိုလဲသွားလိမ့်မည်။

ဝမ်ဝေ့က ယခု ကျင့်ကြံနေစဉ်အတွင်း အဝေးတစ်နေရာမှ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးစွမ်းအားကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့အဖေသည် အောင်မြင်သွားကြောင်း သိလိုက်၏။ ထို့ကြောင့် သူက အဆောင်ဖြင့် ဂုဏ်ပြုစကား ပေးပို့လိုက်သည်။

ဆုံမှတ် ၁၃၄ ခုကို ပြီးပြည့်စုံသည့် အနေအထားသို့ အားဖြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရပ်တန့်လိုက်သည်။ သူက အချိန်ကုန်လွန်းသည်ဟု သဘောပေါက်သွား၍ ဖြစ်သည်။

သူ့ခေါင်းထဲတွင် စစ်ဆေးမှုအကြောင်းက စိုးမိုးနေသည်။ နေ့ရက်တစ်ရက် ကုန်ဆုံးလာတိုင်း သေခြင်းတရားက သူ့ဆီ ပိုမိုနီးကပ်လာလေသည်။ ထို့ကြောင့် သူက အနာဂတ်ဗုဒ္ဓကျမ်းကို စတင်ကျင့်ကြံဖို့လိုအပ်လာလေပြီ။

…………………………

ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၊ လင်းဖန်၏ စံအိမ်

လင်းဖန်နှင့် ဇနီးများက အတူတကွ စုစည်းကာ စားသောက်ရင်း စကားစမြည် ပြောနေကြသည်။

ရှုရှစ်က သူမ၏ လက်မောင်းမှ အနက်ရောင် အမှတ်အသားကို ကြည့်ကာ အနည်းငယ် အာရုံထွေပြားနေလေ၏။

“ အစ်မကြီးရှုရှစ်  .. ဒီလက်ပေါ် အမှတ်အသားက ဘာလဲဟင်” အမျိုးသမီးတစ်ဦးက မေးလိုက်သည်။

“ ဟုတ်တယ်။ ဒီဟာကို အခုလတ်တလောလေး ခဏခဏကြည့်ကြည့်နေတာ တွေ့ရတယ်”

ရှုရှစ်က ဤသို့မေးခွန်းမျိုးကို မထင်ထားမိပေ။ သို့သော် သူမက ပြုံးကာ “ ငါ ငယ်ငယ်တုန်းက ထူးဆန်းတဲ့ သူတောင်းစားအိုကြီး တစ်ယောက်နဲ့ တွေ့ဖူးတယ်။ သူက ဒီအမှတ်အသားက ကံကောင်းတဲ့ အမှတ်အသားလို့ ပြောခဲ့တယ်။ ဒီဟာက တစ်ရက်ကျရင် ငါက ကောင်းကင်ဘုံကို ဇာမဏီလိုမျိုး ဖြန့်ကျက်နိုင်မဲ့ အခွင့်အရေး ရလာလိမ့်မယ်တဲ့ ”

“ သူတောင်းစားအိုကြီးက လိမ်ညာနေတာပဲ ဖြစ်လောက်တယ်”

“ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ အစ်မကြီးရှုရှစ်က ငါတို့ယောက်ျားကို လက်ထပ်ထားတယ်ဆိုတော့ ဒါက သူမရဲ့ အကြီးဆုံး ကံကောင်းမှုဖြစ်နေနိုင်တာပဲ”

“ ဟုတ်တာပဲ။ ထာဝရဧကရာဇ်တစ်ယောက်ရဲ့ ဇနီးဖြစ်ရတာ တကယ်ကို ကံကောင်းမှုပဲ”

ရှုရှစ်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမက ထိုစကားများကို မယုံပေ။ သူတောင်းစားအိုကြီး ပြောခဲ့သလောက် ထိုအမှတ်အသားသည် ကံကောင်းမှု ရောက်ရှိလာသည်နှင့် ပျောက်ကွယ်သွားမည် ဖြစ်၏။ သို့သော်လည်း ယခုတိုင်ကျန်ရှိနေဆဲသာ ဖြစ်၏။

ထို့အပြင် သူမက လတ်တလော တစ်စုံတစ်ခု ခံစားမိနေကာ ပုံရိပ်ယောင်လား၊ အစစ်အမှန်လား မသိပေ။  သူမက ဤသည် ကံကောင်းမှု ချဉ်းကပ်လာသည့် အရိပ်အယောင်ဖြစ်ဖို့သာ မျှော်လင့်နေမိ၏။

အမျိုးသမီးများက ပျော်ပျော်ရွှင်ရွှင် စကားစမည်ပြောနေစဉ် လင်းဖန်က မျက်မှောင်ကြုတ်လျက် ဝင်ရောက်လာသည်။

All Chapters