← Chapters

အလိုလိုသိစိတ်

Vol. 33 Ch. 456

အလိုလိုသိစိတ်

Vol. 33 Ch. 456

အခန်း (၄၅၆) : အလိုလိုသိစိတ်

“ ယောက်ျား ဘာဖြစ်လို့လဲ” ကိုယ်လုပ်တော် တစ်ယောက်က မေးလိုက်သည်။

“ ငါ တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်တော့မယ်လို့ ခံစားချက်ရနေတယ်” လင်းဖန်က ပြန်ဖြေလိုက်သည်။

“ ဟုတ်ရဲ့လား။ ရှင့်ရဲ့ ခွန်အားနဲ့ဆိုရင် ဘယ်သူကများ ရှင့်အတွက် ခြိမ်းခြောက်မှုဖြစ်စေမှာလဲ”

“ ဟုတ်တယ်။ ရှင် အတွေးလွန်နေတာ ဖြစ်နိုင်တယ်”

ကိုယ်လုပ်တော် အများစုက ထိုစကားကို သဘောတူကြလေသည်။ သူတို့၏ ခင်ပွန်းက ကမ္ဘာတွင် လက်ရှိ အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်၏။ ထို့အပြင် သူက ကျောင်းတော်အတွင်း သူ့အဆင့်အတန်းကို တိုးမြှင့်ပေးနိုင်သည့် တာအိုအရင်းအမြစ် မျိုးစေ့ သုံးခုကို ယူဆောင်လာခဲ့သည်။

ပို၍အရေးကြီးသည်က သူ့အပြုအမူများသည် ထိုအလွှာနိမ့်မှ ကိုယ်လုပ်တော်များ၏ အဆင့်အတန်းကို တိုးမြှင့်ပေးခဲ့လေသည်။ အကြီးအကဲတစ်ယောက်ကမူ တာအိုဘိုးဘေး ဖြစ်လာတော့မည် ဖြစ်၏။

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် တစ်ခုခုဖြစ်သွားခဲ့လျှင်ပင် သူတို့က ကမ္ဘာတွင် အဆင့်အတန်းတချို့ ရှိနေနိုင်သေးသည်။

“ အဲလိုတော့ မဖြစ်နိုင်ဘူး။ အားကောင်းတဲ့ကျင့်ကြံသူတွေက အန္တရာယ်အတွက် အလိုလိုသိစိတ် ရှိတတ်ကြတယ်။ အဲဒါကြောင့် ဒါကို အလေးအနက် ထားသင့်တယ်” လေးလံရေစင်ဂိုဏ်း၏ သူတော်စင်မ ဖြစ်ခဲ့ဖူးသူ မူချွမ်းဟွာက ပြောလိုက်သည်။

“ ညီမချွမ်းဟွာ ပြောတာ မှန်တယ်” ရှုရှစ်က ထပ်ပြောလိုက်သည် “ ရှင် အကြောင်းအရင်းကို ရှာပြီးသွားပြီလား”

“ ရှာပြီးသွားပြီ။ ဂမ္ဘီရနဲ့ ယင်ယန်တွက်ချက်မှုအထိ လုပ်ပြီးသွားပေမဲ့ ဘာမှမတွေ့ရဘူး” လင်းဖန်က ပြန်ဖြေလိုက်သည်။ ဤသည်က သူ ပျာယာခတ်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

“ ဂိုဏ်းအကြီးအကဲတွေကိုရော ပြောပြပြီးသွားပြီလား” မူချွမ်းဟွာက ပြောလိုက်သည်။

“ ဒီဟာက သူတို့အာရုံစိုက်ဖို့ လိုမယ် မထင်လို့ မပြောရသေးဘူး”

မူချွမ်းဟွာက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက သူ့အား ဖျောင်းဖျလိုသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူက မည်မျှခေါင်းကြောမာကြောင်း တွေးလိုက်မိသည့်အခါ မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။

“ ရှင်က ဒီအခြေအနေကို တစ်ယောက်တည်း ဖြေရှင်းချင်တာ နားလည်ပေမဲ့ သူတို့ကို သတိပေးလိုက်တာ အကောင်းဆုံးပဲ။ ပြီးတော့ ရှင့်ရဲ့ ဘေးကင်းမှုလည်း ပါနေတယ်လေ” ရှုရှစ်က သူ့ဆံပင်ကို သပ်ရင်း ပြောလိုက်သည်။

“ ပြီးတော့ ရှင် လျှို့ဝှက်ကောင်းကင်မျှော်နန်းကို သွားလို့ရတယ်။ သူတို့က ဒီလိုအရာမျိုးမှာ ကျွမ်းကျင်တယ် မဟုတ်ဘူးလား။”

လင်းဖန်၏ အကြည့်များက လင်းလက်တောက်ပလာသည် “ ဒါက အကြံကောင်းပဲ။ ဒါပေမဲ့ မျှော်နန်းက သီးသန့်ပိတ်နေတာ နှစ်ထောင်ချီ ရှိနေပြီ မဟုတ်ဘူးလား”

“ သူတို့က ရှင့်ဇစ်မြစ်နဲ့ဆိုရင် ခြွင်းချက် လုပ်ပေးဖို့ သဘောတူမှာပါ”

“ ရှစ်အာက အမြဲတမ်းလိုလို အတွေးကောင်းတွေ ရှိတာပဲ။ ကိုယ်မင်းကို အမြဲတမ်းအားကိုးလို့ရတယ်”

ရှုရှစ်က ပြုံးလိုက်သော်လည်း ထိုချီးကျူးမှုကို စိတ်ထဲမထားပေ။ သူမ ခင်ပွန်းသည် စစ်ဆေးမှုတွင် အသက်ရှင်ပြီးသည့်နောက်တွင် သိသိသာသာ ပြောင်းလဲသွားကြောင်း နားလည်ထားသည်။

သူက သူမအား တောက်ပလိုစေတဲ့ အကြောင်းအရင်းအတွက်လား

ဤမောင်းမဆောင်အတွင်း သူမ၏ လွှမ်းမိုးမှုကို မြှင့်တင်ပေးဖို့ ဖြစ်ကာ ဒုတိယအချက်အနေနှင့် သူမ၏ ယုံကြည်ချက်ကို တိုးမြှင့်ပေးဖို့ ဖြစ်သည်။

ထိုအရာကို စဉ်းစားကြည့်ပြီးနောက် ရှုရှစ်က လွန်ခဲ့သည့် နှစ်ထောင်ချီခန့်က ထိုလူသည် သူမအား အလှပန်းအိုးဟု ခေါ်ဆိုခဲ့သည့် ကိစ္စကို အမှတ်ရလာမိသည်။

သူမ မျက်နှာအထက်တွင် အမုန်းတရားအချို့ ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူမက လင်းဖန်အား ချစ်မြတ်နိုးစွာ ကြည့်လိုက်၏။

ငါ ငါ့ယောက်ျားကို အကြီးမြတ်ဆုံး ထာဝရဧကရာဇ်ဖြစ်လာအောင် ပံ့ပိုးပေးမယ်။ အဲဒီအခါကျရင် ဘယ်သူက အလှပန်းအိုးလည်း ဆိုတာ ကြည့်ကြသေးတာပေါ့…

လင်းဖန်က အလျင်အမြန် ထွက်ခွာသွားသည်။ သူက လျှို့ဝှက်ကောင်းကင်မျှော်နန်းသို့ သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်ထားခဲ့သည်။ သူက ကျောင်းတော်အား သူ့အလိုလိုသိစိတ်အကြောင်း မပြောပြလိုပေ။ သတ်ဖြတ်ရေးစစ်ဆေးမှုက သူ့အား တစ်ယောက်ထဲ လုပ်ကိုင်ရသည်ကို အသားကျအောင် လုပ်ဆောင်ထားခဲ့သည်။

သူက သူ့တာအိုကာကွယ်သူ ချိုးကျင့်ကို ဆက်သွယ်လိုက်ပြီးနောက် နှစ်ဦးသားက လျှို့ဝှက်ကောင်းကင်မျှော်နန်းဆီ ထွက်လာလိုက်ကြသည်။

ဝမ်းနည်းမှု၊ စိတ်ပျက်မှုများ ဖုံးကွယ်ထားရသည့် မျှော်နန်းသခင်က အစီအရင်ကို ဖွင့်ကာ လင်းဖန်တို့အား လောင်ချူးနှင့် တွေ့ဖို့ ခေါ်ဆောင်သွားသည်။

ထိုလူအိုကြီးက လင်းဖန်၏ စကားများကို ကြားကာ အနည်းငယ် အံ့အားသင့်မိသွားသည်။ သို့သော်လည်း သူ့မှတ်ဉာဏ်များက မရှိတော့သည့်အတွက် ဝမ်ဝေ့နှင့် ပတ်သက်သည့်ကိစ္စများကို မမှတ်မိပေ။

မည်သို့ပင်ဆိုစေကာမူ သူက ထိပ်တန်းကောင်းကင်ရွေးချယ်ခံ သုံးယောက်သည် သူ့အား နှစ်တစ်ထောင်အတွင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံရသည့်အတွက် အနည်းငယ် အံ့အားသင့်မိနေ၏။

“ သခင်လေး လင်းဖန် … ဒီဂမ္ဘီရက အကြွင်းမဲ့မဟုတ်ဘူးဆိုတာကို နားလည်သင့်တယ်။ ကျုပ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို အလွယ်တကူ ကောက်ချက်ချလို့လည်း မရသလို ထုတ်ဖော်လို့လည်း မရဘူး။ အဲဒါကြောင့် မင်းရဲ့ ပြဿနာအရင်းအမြစ်ကို ရှာတွေ့ချင်မှ ရှာတွေ့လိမ့်မယ်”

“ ခင်ဗျား ကြိုးစားကြည့်သရွေ့ နားလည်နိုင်ပါတယ်။ နောက်ဆုံးရလဒ်ကို ကျုပ် လက်ခံနိုင်တယ်” လင်းဖန်က ပြောလိုက်သည်။

ထိုစကားများက လောင်ချူး ကြားလိုသော စကားများသာ ဖြစ်၏။ ဤတစ်ကြိမ်တွင် သူက တိထျန်းဆီမှ ရထားသည့် ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို ထုတ်မသုံးခဲ့ပေ။ ထိုအစား သူက ခေါင်းညိတ်လိုက်ပြီးနောက် စတင်လိုက်သည်။

လူတချို့ကသာ ထိုအရာ၏ တည်ရှိမှုကို သိထားကြသည်။ လောင်ချူးက ကမ္ဘာကြီးအား ထိုသတင်းအား မသိသွားစေလိုပေ။ သူတို့ဂိုဏ်းက မသေမျိုး မျိုးဆက်ဖြစ်သော်လည်း ထိုသို့သော မျိုးဆက်မျိုး သို့မဟုတ် တာအိုမျိုးဆက်မျိုးအတွက် ဤထိုအရာအတွက် စစ်ပွဲကို စတင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း သိထားလေသည်။

သူက အမွေခံသားတော်ဝမ်ဝေ့သည် သတ်ဖြတ်ငွေ့အပြည့်နှင့် လာရောက်ခဲ့စဉ်အခါက တိထျန်း လာရောက်ခဲ့သည့်အကြောင်းကို သိထားပြီးသား ဖြစ်၍ ထုတ်သုံးရုံအပြင် ရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော်လည်း လင်းဖန်အတွက်မူ အတူတူ မဟုတ်ပေ။

သူက အရေးကြီးသည့် သတင်းအချက်အလက်တချို့ လစ်ဟာနေ၏။

မည်သို့ပင်ဆိုစေကာမူ လောင်ချူးက ဧကရာဇ်ကျမ်းအသစ်ကို အသုံးပြုလိုက်သေးသည်။ သူ အသုံးပြုလျှင်ပင် သူက ဘာမှရှာမတွေ့ပေ။

အကြောင်းမှာ‌ ကောင်းကင်တာအိုက တားမြစ်ခံစစ်ဆေးမှုနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထား၍ မဟုတ်ဘဲ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ထဲ တားမြစ်ခံနှင့် ပတ်သက်သည့် အချက်အလက်များအား တားဆီးဖို့ တစ်စုံတစ်ခု ထားရှိခဲ့လေသည်။

သူက လင်းဖန်သည် သူ့လိုမျိုး အထွတ်အထိပ် တားမြစ်ခံတစ်ယောက်ဖြစ်ကြောင်း သိပြီးသည့်နောက်တွင် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။

သူ့နောက်တွင် ပါကွားသင်္ကေတ ပေါ်ထွက်လာပြီး သူ့မျက်ဝန်းက အနက်ရောင် ပြောင်းလဲသွားသည်။

မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် လောင်ချူးက သာမန်ပြန်ဖြစ်သွားပြီး ခေါင်းခါကာ “ ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ကောက်ချက်မချနိုင်ဘူး။ သခင်လေး လင်းဖန်ရဲ့ စိတ်ပူနေရတဲ့ အရင်းအမြစ်ကိုရှာမတွေ့ခဲ့ဘူး။”

လင်းဖန်က မျက်မှောင်ကြုတ်လိုက်စဉ် ချိုးကျင့်က သရော်လိုက်သည် “ မင်းက ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား။ ပါကွားလိပ်ခွံကို ဘာလို့ မသုံးရတာလဲ”

“ ငါ မသုံးချင်တာ မဟုတ်ဘူး။ ငါ မသုံးနိုင်တာ”

“ ဘာပြောချင်တာလဲ”

လောင်ချူးက ဖြေဖို့ရာအတွက် တုံ့ဆိုင်းနေသည်။ သူက တိုက်တန်နှစ်ယောက်ကို သွေးထိုးလှုံ့ဆော်သလိုမျိုး မဖြစ်စေချင်ပေ။

“ ပြောစမ်းပါ”

“ လွန်ခဲ့တဲ့ နှစ်ထောင်ပိုင်းခန့်က တာအိုအခွင့်အလမ်းဂိုဏ်းက ရောက်လာပြီးတော့ လိပ်ခွံကို ငှားသွားခဲ့တယ်။ အခုထိ သူတို့ရဲ့ လက်ထဲမှာပဲ” လောင်ချူးက သူ့စကားလုံးများကို သေသေချာချာ ရွေးချယ်သုံးနှုန်းလိုက်သည်။

ချိုးကျင့်က ထိုခေတ်ကာလက သတင်းပါသည့် အချက်အလက်ကို သတိရသွားသည်။ တာအိုအခွင့်အလမ်းဂိုဏ်းသည် လျှို့ဝှက်ကောင်းကင်မျှော်နန်းသို့ သွားရောက်ခဲ့ပြီး ဧကရာဇ်မျိုးနွယ်အများစုအတွက် သတင်းထူး ဖြစ်ခဲ့သည်။

အကြောင်းမှာ ဂိုဏ်းက မသေမျိုးလမ်းစဉ်စာချုပ်ကို အနည်းငယ် ဖောက်ဖျက်ခဲ့ပြီး ထာဝရအရှင်တစ်ယောက်က ကမ္ဘာတွင်ပေါ်ထွက်လာပြီး ထာဝရမျှော်နန်းသို့ သွားရောက်ခဲ့သည်။

ထိုအရာကို သတိပြုမိပြီးနောက် ချိုးကျင့်က လင်းဖန်အား ကြည့်ကာ အံ့ဖွယ်အသိစိတ်မှ တဆင့်မေးလိုက်သည် “ မင်း အခု ဘာလုပ်မှာလဲ”

လင်းဖန်က အတွေးနက်နေသည်။ သူက ယင်ယန်စည်းမျဉ်းနှင့် ကံကြမ္မာစည်းမျဉ်းကို နားလည်ထား၏။ သို့သော်လည်း သူက ယင်ယန်စည်းမျဉ်းကိုသာ တိုက်ပွဲတွင် အသုံးပြုလေ့ရှိသည်။

ကံကြမ္မာစည်းမျဉ်းအတွက်ကိုမူ အတူတူသာ ဖြစ်၏။ သူက အခြေခံဂမ္ဘီရအစွမ်းကို လုပ်ဆောင်နိုင်သော်လည်း ဆန့်ကျင်ဂမ္ဘီရနှင့် ပတ်သက်လာသည့်အခါ ကျွမ်းကျင်လေသည်။ သူက တစ်ဖက်လူကို သူ့သတင်းအချက်အလက် မရရှိစေဖို့ တားဆီးနိုင်၏။

ထို့အပြင် သူက ဝမ်ဝေ့နှင့် တိုက်ခိုက်သည့်အခါ ဝမ်ဝေ့၏ စွမ်းအားကို လျှော့ချဖို့ ကံကြမ္မာစည်းမျဉ်းအား အသုံးပြုဖို့ရာ ကြံစည်ထားခဲ့သည်။ နောက်ပိုင်းတွင် သူက သူ ကျွမ်းကျင်ရာနယ်ပယ်တွင် ထိုလူအား ဖိနှိပ်ထားနိုင်လောက်အောင် အဆင့်အထိ ကျင့်ကြံဖို့ဖြစ်၏။

ဤနည်းဖြင့် သူက တစ်ဖက်လူအား ဖိနှိပ်နိုင်သလို အရှက်ခွဲနိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် လင်းဖန်က ကံကြမ္မာတာအိုသည် အစောပိုင်းအဆင့်များတွင် တိုက်ပွဲခွန်အား သိသိသာသာ မရှိကြောင်း သဘောပေါက်ခဲ့၏။ ကံကြမ္မာစည်းမျဉ်းကို ထုတ်သုံးဖို့ရာ တိုက်ပွဲအတွင်း ဖန်တီးနိုင်စွမ်းအား အမြောက်အများ လိုအပ်ပေသည်။ ထိုစစ်ဆေးမှုတွင် အသက်လုယှဉ်ပြိုင်နေရသည့်အတွက် သူက ထိုတာအိုကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အချိန်မရှိခဲ့ပေ။

သူက သူ့အား တိုက်ပွဲခွန်အား ပိုပေးနိုင်သည့် စည်းမျဉ်းအပေါ်ကိုသာ အာရုံစိုက်ထားခဲ့၏။

ငါ့အလိုလိုသိစိတ်က အန္တရာယ်ကို သတိပေးနေတယ်ဆိုမှတော့ သေခြင်းတရားကို ရှောင်ရှားရမဲ့ နည်းလမ်းရှိဖို့ လိုတယ်။

လင်းဖန်က ချိုးကျင့်အား ပြောလိုက်သည် “ ကျွန်တော် မရဏအစားထိုးအဆောင် လိုတယ်”

“ စစ်ဆေးပွဲအပြီး မင်းရဲ့ စိတ်အနေအထားအရဆိုရင်  ဒီအဆောင်အပေါ်  အားကိုးနေမှာ မဟုတ်သလို မင်းက သေခြင်းတရားကို လွတ်မြောက်ခွင့် ရှိတယ်ဆိုပြီးတော့ ယုံကြည်ချက်လွန်ကဲနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ကျောင်းအုပ်ရဲ့ သဘောတူညီချက် လိုတယ်”

သူတို့၏ လျှို့ဝှက်စစ်ဆေးမှုအပြီးတွင် နှစ်ယောက်သားက လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ ထွက်လာလိုက်ကြသည်။ လောင်ချူးက သူတို့အား မျှော်နန်းသခင်နှင့်အတူတူ လိုက်လံပို့ဆောင်၏။

“ ဆရာ ကျွန်တော်တို့ ဒီ ဧကရာဇ်မျိုးနွယ်တွေရဲ့ အရှက်ခွဲတာကို ဘယ်တော့များမှ ရပ်တန့်နိုင်မှာလဲ”

အသင်္ချေအင်ပါယာကမ္ဘာတွင် သူတို့၏ မျှော်နန်းက ဂမ္ဘီရအစွမ်းနှင့် သတင်းအချက်အလက် စုဆောင်းစွမ်းရည်ကြောင့် ကျော်ကြားလေသည်။ ထိုဂုဏ်သတင်းအား အသုံးပြုကာ မျိုးဆက်တစ်ခုချင်းစီရှိ ကောင်းကင်ရွေးချယ်ခံ အပါအဝင် ကိစ္စများစွာတွင် အဆင့်ကို ဖော်ထုတ်နိုင်သည်။

ရလဒ်အနေဖြင့် မျှော်နန်းဆောင်ကို ကမ္ဘာတစ်လွှမ်းမှ ကျင့်ကြံသူများက အလေးထားကြ၏။ လူများစွာက သူတို့အား အားကျကျသည်။ သို့သော်လည်း သူတို့ကသာ ကိစ္စများသည် အပြင်ဘက်နှင့် ကွဲလွဲပြီး ထိုအားကောင်းသည့် ဧကရာဇ်မျိုးနွယ်များရှေ့တွင် ခေါင်းငုံ့ထားရသည်ကို သူတို့သာလျှင် သိသည်။ မဟုတ်ပါက သူတို့သည် ကပ်ဘေးကို ကြုံတွေ့ရလိမ့်မည်။

“ အဖြေက သိသာနေတယ် မဟုတ်ဘူးလား” လောင်ချူးက သက်ပြင်းချကာ ပြောလိုက်သည် “ ငါတို့က ငါတို့ဘာသာ ဧကရာဇ် မွေးထုတ်နိုင်မှပဲ ကိစ္စတွေက ပြောင်းလဲသွားလိမ့်မယ်”

ထိုအဖြေကို ကြားပြီးသည့်နောက်တွင် မျှော်နန်းသခင်က စိတ်ပျက်လက်ပျက် အမူအရာမျိုး ဖြစ်သွားလေသည်။ သူက ထိုသို့ဖြစ်လာဖို့ မျှော်လင့်ချက် မရှိပေ။ သို့သော်လည်း လောင်ချူးကမူ အကောင်းမြင်ပေသည်။

အဆင့် ၄ ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာကြောင့် ဖြစ်၏။ ကောင်းကင်တာအိုက ထိုရုပ်ခန္ဓာကို အသိအမှတ်ပြုလိုက်သည့်အတွက် နောင်အနာဂတ်တွင် တခြားသူများက ထိုရုပ်ခန္ဓာဖြင့် မွေးဖွားလာနိုင်ကြလိမ့်မည်။

အကယ်၍ သူတို့ဂိုဏ်းကသာ လက်ဝယ်ရရှိလျှင် ကံကြမ္မာစွမ်းအား နားလည်နိုင်စွမ်းနှင့် ထိုရုပ်ခန္ဓာ၏ လက်ရှိပိုင်ရှင်ကို စံနမူနာအဖြစ် အသုံးပြုကာ မဟာဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။

တစ်ခုတည်းသော ပြဿနာက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တခြားသော ဂိုဏ်းများကလည်း ထိုနည်းလမ်းကို ကြိုးစားကြလိမ့်မည်။ ထိုအောင်မြင်မှုအတွက် ကံကောင်းမှု လိုအပ်နေ၏။

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အတွင်း ချိုးကျင့်က လင်းဖန်အား တစ်ပတ်အတွင်း အဆောင်တစ်ခု ယူဆောင်လာပေးသည်။ ကျောင်းအုပ်က ကျောင်းတော်၏ ချီကံကောင်းမှုများကို စတေး၍ သူ့အတွက် အဆောင်တစ်ခုလုပ်ပေးဖို့ သဘောတူခဲ့သည်။

နောက်ဆုံးတွင် သူတို့က ၉ယောက်မြောက် ဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်မည့် အခွင့်အရေးရလာပြီဖြစ်ကာ အကုန်လုံး ရင်းနှီးမြှုပ်နှံထားသည်။

အဆောင်ကို ရရှိပြီးသည့်နောက်တွင် လင်းဖန်က စိတ်အေးသွားမိ၏။ သူသာ သူ့အသက်ကို ကယ်တင်နိုင်သရွေ့ အရာအားလုံးအဆင်ပြေသည်။

“ ယောက်ျား ကျွန်မတို့ နှစ်ယောက်တည်း ခရီးထွက်ကြရင် ဘယ်လိုလဲ” ရှုရှစ်က မေးလိုက်သည်။

“ ရုတ်တရက်ကြီး ဘာလို့လဲ”

“ ရှင် ထွက်သွားတာ နှစ်အများကြီး ကြာနေပြီလေ။ ရှင် ပြန်ရောက်လာပြီးကတည်းက ကျင့်ကြံရေးပဲ အာရုံစိုက်နေတာ။ ကျွန်မတို့ အတူတူ အချိန်ကုန်ဆုံးသင့်တယ်လို့ တွေးမိလိုက်လို့ပါ”

လင်းဖန်က သူ အမြတ်နိုးရဆုံးသောဇနီးအား ကြည့်ကာ ပြုံးလိုက်၏။ သူမ ပြောသည်က မှန်ကန်ကြောင်း သဘောပေါက်လိုက်သည်။ သူက အချိန်အတော်ကြာ အလုပ်ရှုပ်နေသည် ဖြစ်ရာ သူမနှင့် အချိန်အနည်းငယ် အတူကုန်ဆုံးပေးသင့်ပေသည်။

သူတို့နှစ်ဦးတည်းရှိသည့် အချိန်က လွန်ခဲ့သည့် နှစ်ရာချီခန့်က ထူးထူးခြားခြား ကမ်းခြေပွဲတွင်သာ ဖြစ်၏။

“ မင်း ပြောတာမှန်တယ်။ မင်း သွားချင်တဲ့နေရာ ရှိလား”

“ ရှိတယ်။ အဖေက ကမ်းခြေတစ်ခုနဲ့ စံအိမ်ကို ဆောက်ပေးထားတယ်။ ကျွန်မတို့တွေ အဲဒီမှာ ပျော်လို့ ရတယ်။ ပြီးတော့ ကျွန်မ ဖန်တီးထားတဲ့ ရေကူးဝတ်စုံအသစ်တွေလည်း ပြမယ်လေ”

လင်းဖန်က ထိုသို့သော ပုံရိပ်ကို တွေးကြည့်ရင်း အကြည့်များ တောက်ပလာသည်။ သူက စိတ်လှုပ်ရှားလာမိ၏။

“ ကောင်းပြီ။ အချိန်မဖြုန်းဘဲ အခုချက်ချင်းသွားလိုက်ကြစို့”

All Chapters