← Chapters

အခန်း(၄၅၈)

Vol. 33 Ch. 458

အခန်း(၄၅၈)

Vol. 33 Ch. 458

အခန်း (၄၅၈)

ဝမ်ဝေ့က သူ့ဦးတည်ရာအတိုင်း ပျံသန်းနေစဉ်အတွင်း တစ်စုံတစ်ခုကို ခံစားမိ၍ ရပ်တန့်လိုက်သည်။ ထို့နောက် သူက သူ့ပြိုင်ဘက်များအပေါ် ထားခဲ့သည့် ကံကြိုးမျှင်အား အသုံးပြုလိုက်သည့်အခါ သူ့စိတ်ထဲ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

သူက မိန်းမငယ်လေးသည် လက်နှစ်ဖက်အား ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသည်။ သူမက စုတ်စုတ်ပြတ်ပြတ်ဖြစ်နေပြီး သူမ၏ ဆံပင်များက ရှုပ်ပွနေကာ ဖိနပ်ပင် မပါပေ။ သူမ၏ အရေပြားအထက် ပိုးကောင်များစွာ တွားသွားနေသည့်ဟန်ပေါ်သည်။

အရေပြားက ချက်ချင်းပြန်လည်ကောင်းမွန်လာသော်လည်း ထိုခရမ်းရောင် ပိုးကောင်များက အရသာအရှိဆုံး အစားအစာကို စားသောက်နေသလိုမျိုး ဆက်လက် ဝါးမျိုနေကြသည်။

ဟို့ဖုန်းဟွမ်လား။ သူမက ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုး ဖြစ်သွားပါလိမ့်…

ဝမ်ဝေ့၏ စိတ်ထဲတွင် တစ်ချက်ဖြတ်ပြေးသွားသည်။ သူက ကမ်းခြေပွဲအပြီး၌ သူမ၏ အဖော်ပေါ်တွင် ထားရှိခဲ့သည့် ကံကြိုးမျှင်သည် အနည်းငယ် တုန်ခါသွားပြီး အချိန်မရွေး ပြိုလဲလုနီးပါး ဖြစ်နေဟန်ပေါ်သည်။

အဲဒါနဲ့များ သက်ဆိုင်နေမလား…

ဝမ်ဝေ့က ယီပုသည် ကံကို နှောင့်ယှက်နေသည့် သီးသန့်နေရာတစ်ခုသို့ ဝင်ရောက်သွားသည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း ဤသို့ဖြစ်ဟန်မပေါ်ပေ။

အခု သူမက အရေးမကြီးသေးဘူး။ အရင်ဆုံး ဒီကိစ္စကိုပဲ အာရုံစိုက်ရအောင်…

ထို့နောက် သူက သူ့အမေနှင့် တွေ့ဆုံဖို့ ပျံသန်းသွားလိုက်ပြီး ညစာစားခဲ့သည်။ သူမသည် အခြေအနေ မကောင်းဘဲ ယခင်နှစ်ရာချီအတွင်း သူ့ဘေးကင်းမှုကိုသာ စိုးရိမ်နေခဲ့ဟန်ပေါ်၏။

ထို့ကြောင့် ဝမ်ဝေ့က အနာဂတ်ဗုဒ္ဓကျမ်းအပါအဝင် အသက်ရှင်နိုင်မည့် နည်းလမ်း တွေ့သွားကြောင်း လိမ်ညာကာ ပြောဆိုခဲ့သည်။ ထိုသတင်းက ယုယန်အား စိတ်သက်သာရာရသွားစေ၏။ သူမက သူ့သား၏ ဉာဏ်ရည်ကို သိထားသောကြောင့် သံသယ မဖြစ်မိပေ။ ပြောရလျှင် သူမက ထိုအလိမ်အညာကို ယုံကြည်ချင်နေဟန်ပေါ်သည်။

ထိုညတွင် သူမက နှစ်ရာချီအတွင်း ပထမဆုံးအကြိမ်အဖြစ် အေးအေးချမ်းချမ်း အိပ်စက်ခဲ့သည်။ ဝမ်ထျန်းက သူ့သားကို ကျေးဇူးတင်နေလေ၏။ ထိုသို့သော အခြေအနေနှင့် ပတ်သက်လာသည့်အခါ သူ့အနေနှင့် ကူကယ်ရာမဲ့လှသည်။

“ မင်း တကယ် နည်းလမ်းရှာတွေ့သွားပြီလား” သူက သူ့ဇနီးကို ကုတင်ပေါ် သိပ်ပြီးနောက် မေးလိုက်သည်။

“ အတိအကျတော့ မဟုတ်သေးဘူး” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည် “ ဒါပေမဲ့ ကျွန်တော် ဦးတည်ချက် မှန်နေပြီ။ အခု ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သတင်းအချက်အလက်တွေရနေပြီ”

ဝမ်ထျန်းက သက်ပြင်းချလိုက်ပြီး သူက ဘူးသီးခြောက်ခွံမှ သေရည်အား တစ်ငုံသောက်ကာ သက်ပြင်းချလိုက်သည် “ ငါက အဖေတစ်ယောက်အနေနဲ့ ပျက်ကွက်တယ်လို့ ခံစားနေရတယ်။ ငါ မင်းကို ကူညီပေးချင်တယ်”

“ အဖေ့ဘာသာ အဖေ အပြစ်တင်နေဖို့ မလိုပါဘူး။ ပြီးတော့ အဖေတတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့တာပဲလေ”

“ မင်း နားမလည်ပါဘူး။ ပထမဆုံး မင်းကို မြင်မြင်ချင်းကတည်းက မင်းကို ဒီရက်စက်တဲ့ကမ္ဘာကြီးမှာ ကာကွယ်ပေးဖို့ ဘာမဆိုလုပ်ပေးမယ်လို့ ကတိပေးခဲ့တာ။ ငါက မင်းဘဝတစ်လျှောက်မှာ တာဝန်ကျေခဲ့မိတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုနှစ်ပိုင်းအတွင်းမှာ ကိစ္စတော်တော်များများက ငါ့ကို ကူကယ်ရာမဲ့စေတယ်။ အဖေတစ်ယောက်အနေနဲ့ ကိုယ့်ကလေး ခံစားရတာကို ကြည့်နေရတာလောက် ဘယ်အရာမှ နာကျင်စရာမကောင်းဘူး။ ပြီးတော့ လုပ်ပေးနိုင်တဲ့အရာလည်း ဘာမှမရှိဘူး”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး သူ့အဖေ ပခုံးအား ပုတ်လိုက်သည်။ ထို့နောက် သူက တစ်ညလုံး သူနှင့် အတူတူသောက်ပေးခဲ့သည်။

သူတို့က တစ်ညလုံး ကိစ္စအမျိုးမျိုးပြောခဲ့ကာ ဝမ်ဝေ့ ကလေးဘဝတုန်းက ရှက်ရွံ့ဖွယ် ဇာတ်ကြောင်းများကိုလည်း ပြောပြခဲ့သည်။ ဝမ်ဝေ့ကမူ သူ့အဘိုးဆီမှ ကြားထားသည့် သူ့အဖေ၏ မျက်နှာပူစရာ ကိစ္စများကို ပြန်ပြောခဲ့၏။

နောက်တစ်ရက်တွင် ဝမ်ဝေ့က ဝမ်ကျူအား ခေါ်လိုက်သည်။

“ လီကျွင်းက ဘယ်မှာလဲ” သူက သူမကို မြင်တွေ့ပြီးနောက် မေးလိုက်သည် “ သူက စစ်ဆေးမှုထဲမှာပဲလား”

“ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက သခင်လေးလီကျွင်းက စစ်ဆေးမှုအောင်မြင်သွားပြီးတော့ တိုက်ပွဲရူးဧကရာဇ်ရဲ့ တိုက်ပွဲဆန္ဒကို အမွေဆက်ခံရရှိသွားပြီ။ ဒါပေမဲ့ ပြန်လာပြီး သိပ်မကြာဘူး … သူက သီးသန့်လေ့ကျင့်မယ်ဆိုပြီးတော့ ပြန်လည်ဝင်ရောက်သွားတယ်။”

ထူးဆန်းလိုက်တာ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း သူက ထိုအပေါ် အာရုံမစိုက်ပေ။ လီကျွင်းသည် ရုတ်ချည်းဉာဏ်အလင်းပွင့်လာသည်ဟု ခန့်မှန်းမိလိုက်သည်။ သူသည် ဤစစ်ဆေးမှုအတွက် အသုံးချခံရလိမ့်မည်ဟု သံသယမရှိပေ။ လီကျွင်းကို နဂိုမှ သွေဖယ်ပျက်ပြားသွားစေပြီး သူ့အား ဆန့်ကျင်လာနိုင်မည့် ဆိုးဆိုးဝါးဝါး တစ်စုံတစ်ခု ဖြစ်ပျက်လာနိုင်သည်။

ထို့အပြင် တကယ့်တရားခံက ဓားမော့အား သူ့အဓိက လက်နက်အဖြစ် အသုံးပြုကြောင်း သိထားလေသည်။ လီကျွင်းက ဓားမော့ကို အသုံးပြုနိုင်သော်လည်း သူ့ ပင်မလက်နက်များက အမြဲတမ်းလိုလို လှံနှင့် ပုဆိန်လှံရှည်သာ ဖြစ်လေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က လီကျွင်းသည် ဤစစ်ဆေးမှုအတွင်း ပြောင်းလဲသွားနိုင်ကြောင်း သံသယ ထားထားသည်။

“ ယန်းလီလင်းက ဘယ်လိုလဲ”

“ သူမကလည်း သီးသန့်လေ့ကျင့်နေတုန်းပါပဲ”

“ သူမက အဆင့် ၆ ဧကရာဇ်တစ်ပိုင်းဆေးဝါးပညာရှင် ဖြစ်လာပြီ မဟုတ်ဘူးလား”

“ သူမက သခင်လေး သီးသန့်ကျင့်ကြံနေတုန်း သိပ်မကြာခင်မှာ အောင်မြင်သွားပါတယ်။ သူမက သခင်လေးထွက်လာတာနဲ့ ဒါကို ပေးခိုင်းခဲ့တယ်”

ဝမ်ဝေ့က သူ့လက်ထဲမှ အနက်ရောင် ဆေးပြင်းမီးဖိုအား ကြည့်လိုက်ကာ အထဲရှိ အစီအရင်များကို လေ့လာပြီး အနည်းငယ် အံ့အားသင့်သွားသည်။

သူမက ဒီလောက်တောင် မြန်မြန်ဆန်ဆန် အောင်မြင်တယ်လား…

သူက နက်နဲအဆင့် ဝိညာဉ်ဆေးပင်တချို့ကို ထုတ်ကာ အထဲသို့ ထည့်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် နိမ့်ကျအရည်အသွေး ခန္ဓာလေ့ကျင့်ရေးဆေးလုံးက ဆေးပြင်းမီးဖိုအတွင်း ပေါ်ထွက်လာသည်။ ဝမ်ဝေ့က ဘာမှမလုပ်ဆောင်လိုက်ရပေ။

ဒါက ဒီလိုအလုပ်လုပ်တာကိုး။ သူမက ဆေးလုံးကို အလိုအလျောက် အံ့ဖွယ်သင်္ကေတ ရေးထိုးပေးနိုင်တဲ့ နည်းလမ်းကိုတော့ ရှာမတွေ့ခဲ့ဖူးပဲ။

“ ဒါက ရှေ့ပြေးပုံစံပဲ ရှိသေးတယ်မလား။”

“ ဟုတ်ပါတယ်။ သခင်မလေး ယန်းလီလင်း ပြောစကားအရတော့ ဒီရှေ့ပြေးပုံစံက အလယ်အလတ် မြေကမ္ဘာအဆင့်ဆေးလုံးကို အနှစ်သာရဆေးဝါးပညာရပ်ကနေ ဖော်စပ်ထားတာမျိုးလို့ ပြောတယ်။ ဒါပေမဲ့ သူမက ဆက်လက်တိုးတက်အောင် လုပ်နေတုန်းပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူမက အလိုအလျောက် ဆေးပြင်းမီးဖို၏ အောင်မြင်မှုများသည် သူ့အနာဂတ်အစီအစဉ်အတွက် အသုံးဝင်လိမ့်မည်ဖြစ်၍ မျှော်လင့်မိနေသည်။

“ ထျဲ့ကန်ကရော ဘယ်လိုလဲ”

“ သူက စစ်သားတွေကို လေ့ကျင့်ပေးနေပါတယ်။ ဒါပေမဲ့ သူက ဒီနှစ်ပိုင်းအတွင်း ဆက်သွယ်မခံရတော့ မသက်မသာဖြစ်နေတဲ့ပုံပဲ”

“ အခုထိ သူက အသုံးဝင်နေသေးတယ်ဆိုတော့ သူ့ကို ဖျောင်းဖျလိုက်ပါဦး” ဝမ်ဝေ့က သူ့ကို အမိန့်ပေးလိုက်သည်။

“ အဲဒါဆိုတော့ ကျူးကျော်နေတဲ့ ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ”

“ ကိစ္စတွေက အဆင်ပြေပါတယ်။ အထူးသဖြင့် သခင်လေး ပေးထားတဲ့ ပင်ကိုလက်နက်နဲ့ အတော်လေးအဆင်ပြေနေပါတယ်။ ဒါပေမဲ့ သခင်လေး ညွှန်ကြားထားတဲ့အတိုင်း ကျွန်မတို့တွေ ဖြည်းဖြည်းချင်းစီပဲ တစ်ဆင့်ချင်းစီ လုပ်နေပါတယ်”

“ ကောင်းပြီ။ စိတ်ရှည်ရှည်ထား။ မင်းတို့တွေ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် အောင်မြင်သရွေ့ အားလုံးအဆင်ပြေတယ်။ ငါ အာရုံစိုက်ရမဲ့ သတင်းအချက်အလက် ရှိသေးလား”

“ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ လင်းဖန်က အရှေ့ပင်လယ်ပိုင်နက်မှာ ခရီးထွက်နေပုံပဲ။ ဒုတိယအချက်ကတော့ သခင်လေးဘာသာ သခင်လေး ကြည့်သင့်ပါတယ်”

ဝမ်ကျူက ပုံရိပ်ပါသည့် အဆောင်တစ်ခုအား ပေးလာသည်။

“ ဂိုဏ်းချုပ်ရဲ့ အရိပ်က ဓားရေးစံအိမ်ထဲမှာ ဒီပုံရိပ်ကို ရယူခဲ့တာပါ”

ဝမ်ဝေ့က ထိုပုံရိပ်အား အာရုံစူးစိုက်ကြည့်လိုက်သည်။ ဤသည်က သစ်သားဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လူငယ်လေးတစ်ဦး၏ ပုံရိပ် ဖြစ်၏။ သူ့ဆံပင်ရှည်များကို ဆံထုံးပုံစံ ထုံးမထားဘဲ သူ့တွင် မုတ်ဆိတ်ရှည်ရှိနေပြီး သူ့မျက်ဝန်းအထက် မျှော်လင့်ချက် ကုန်ခမ်းနေသည့် အရိပ်အယောင်မျိုးကို မြင်တွေ့နေရသည်။ ထိုလူက ကျန့်ဝူရွှမ်း ဖြစ်၏။

ယခင် သူ ခန့်ညားသည့် ရုပ်ရည်နှင့် ယှဉ်လိုက်လျှင် ယခုမူ အလွန်ကွဲပြားနေသည်။

ဒါက တားမြစ်ခံရဲ့ ကံကြမ္မာလား…

ကျောင်းတော်အတွင်း ဝမ်ဝေ့က စုယာ၏ ကံကြိုးမျှင်ကို ဖတ်ရှုခဲ့ပြီး သူမသည် ကျန့်ဝူရွှမ်းနှင့် ရင်ဆိုင်ဖို့ မည်သို့ ပြင်ဆင်နေကြောင်း သိလိုက်ရသည်။ ထိုအစီအစဉ်သည် တည့်တိုးဆန်ကာ အသေးစိတ်ကျလှသည်။

သူမ၏ တိုက်ပွဲအတွင်း သူမက ကိုယ်ပွားများစွာကို အသုံးပြုကာ သူ့အား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ ထို့နောက် လှပသည့် သေမျိုးမိန်းမငယ်လေးက ကျန့်ဝူရွှမ်းအား ကယ်တင်ခဲ့၏။ သူ့အား ကုသနေရင်း သူတို့နှစ်ဦးက ချစ်ကြိုက်သွားကြသည်။

တစ်ခုတည်းသော ပြဿနာက စုယာသည် ထိုအမျိုးသမီးကို ပြုစုပျိုးထောင်လာသည်မှာ နှစ်ထောင်ချီ ကြာမြင့်နေပြီဖြစ်၏။ ပြောရလျှင် သူမက သဘာဝလွန်အဆင့် သူမ၏ ဘိုးဘေးထဲ လျှို့ဝှက်နည်းစနစ်တချို့ထားကာ သွေးမျိုးဆက်မှတဆင့် လက်ဆင့်ကမ်းလာခဲ့သည်။ ဤနည်းဖြင့် နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် မည်သူကမှ သူမကို ရွာငယ်လေးမှ သေမျိုးမိန်းကလေးနှင့် မဆက်နွယ်မိကြတော့ပေ။

သူမ၏ အစီအစဉ်က တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့၏။

တာ့ကျီ အမည်ရှိ သေမျိုးမိန်းကလေးက ကျန့်ဝူရွှမ်းနှင့် ချစ်မြတ်နိုးကာ သူကလည်း သူမ၏ ခံစားချက်များကို ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော်လည်း သူမကိုယ်တိုင် မသိဘဲ သူမက သူ့အား တိတ်တဆိတ် အဆိပ်ခတ်နေခဲ့၏။

စုယာ၏ အဆိပ်က သတိမထားမိစေနိုင်ဘဲ အသက်ဝင်လာဖို့ အချိန်တချို့ လိုလေသည်။ ထိုစဉ် သူမက လျှို့ဝှက်နည်းစနစ် အသုံးပြုကာ စုယာက သူမအား သတ်ခိုင်းခဲ့သည်။ အဆုံးသတ်၌ အဆိပ်က ကျန့်ဝူရွှမ်းကို အားနည်းသွားစေလျှင်ပင် သူ့တွင် ရွေးချယ်မှု နှစ်မျိုးသာ ရှိ၏။

တစ်ခု သူ ချစ်မြတ်နိုးသူ၏ လက်ဖြင့် သေဆုံးသွားဖို့ဖြစ်ပြီး ဒုတိယကမူ သူကိုယ်တိုင် သူ့လက်ဖြင့် သူမအား သတ်လိုက်ဖို့ ဖြစ်သည်။

ကြည့်ရတာ သူမကို သတ်ပြီးတော့ သူ့တာအိုနှလုံးသားက ကွဲကြေသွားတဲ့ပုံပဲ။

ဝမ်ဝေ့က တွေးလိုက်မိသည်။

စုယာသည် အေးစက်ကာ ရက်စက်သည့် ဆရာဖြစ်သူကို ကျေနပ်အောင် လုပ်ဆောင်ခဲ့ကြောင်း နားလည်လေသည်။ လစန္ဒာနန်းဆောင်၏ ထိပ်တန်းတပည့်က ဓားရေးစံအိမ်၏ ယခင်မျိုးဆက်နှင့် လက်ထပ်သွားခဲ့ပြီး ဂိုဏ်းစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။

ယင်စန္ဒာသူတော်စင်မက ထိုသို့သော အပြုအမူမျိုးကို လက်မခံနိုင်ပေ။ အထူးသဖြင့် ထိုတပည့်က သူမ၏ ညီမ ဖြစ်နေသည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် ဤမျိုးဆက်တွင် စုယာက သူ့ဆရာ၏ အချစ်နှင့် အလေးထားမှုကို ရယူဖို့ ထိုအစီအစဉ်ကို ကြံစည်ခဲ့ခြင်းဖြစ်၏။

သူမက ဆရာ့ဆီမှ ပထမဆုံးအကြိမ်အဖြစ် အချစ်ကို ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ထိုခံစားချက်များအပြင် ဝမ်ဝေ့က ကိစ္စများကို ကွဲပြားစွာ မြင်လေသည်။

သူတောင်းစားအိုကြီး၏ အချက်အလက်မှ သူသည် ကျန့်ဝူရွှမ်းသည် အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်တွင် တားမြစ်ခံ တစ်ယောက်ဖြစ်လာကြောင်း သိထား၏။ ထိုစဉ် စုယာက သဘာဝလွန်အဆင့် ရောက်ပြီးသည့်နောက်မှသာ အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် ကောင်းကင်တာအိုက သူ့အား မည်သို့ အကွက်ချထားသနည်း။ အချိန်စည်းမျဉ်းဖြင့် အသုံးပြုကာ မည်သူက တားမြစ်ခံဖြစ်လာသည်ကို ကြိုတင်သိထားပြီလား။ သို့မဟုတ် စုယာ၏ တည်ရှိပြီးသား အစီအစဉ်ကို အသုံးပြုကာ ပြဿနာ မဖြစ်လာဖို့ သေချာစေခဲ့သည်လား။

အကယ်၍ ယခင်အရာသာ ဖြစ်နေခဲ့လျှင် ကိစ္စများက ပိုမိုရှုပ်ထွေးသွားလိမ့်မည်။

ဝမ်ဝေ့က ကျန့်ဝူရွှမ်းအား နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။ သူ့လက်ရှိအခြေအနေဖြင့် သူသည် တိုက်ပွဲမှ ထွက်ရနိုင်ချေများသည်။ သူက သူ့တာအိုနှလုံးသားကို ပြန်လည်မပြုပြင်နိုင်သရွေ့ အလကားဖြစ်သွားလေပြီ။

ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးနောက် အရှေ့ပိုင်းကုန်းမြေဆီ ပျံသန်းသွားလိုက်သည်။ သူက ကျန့်ဝူရွှမ်း စမ်းသပ်မှု ဖြတ်ကျော်ခဲ့သည့်နေရာ သို့ ဦးတည်လိုက်၏။ တားမြစ်ခံတစ်ယောက်အနေနှင့် သူက သေဆုံးသင့်သော်လည်း အသက်ရှင်သန်ခဲ့လေသည်။

သူက မည်သို့လုပ်ဆောင်ခဲ့သည်ကို သိချင်မိ၏။

နာရီအနည်းငယ်ကြာ ပျံသန်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဦးတည်ချက်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကီလိုမီတာထောင်ချီ ကျယ်ဝန်းသည့် မြေချိုင့်ကြီးတစ်ခု ဖြစ်နေလေ၏။ သူက အချိန်မဖြုန်းဘဲ သူ အသစ်ဖန်တီးထားသည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

သူက ပတ်ဝန်းကျင်၏ ကံကြမ္မာကို ဖတ်ရှုလိုက်၏။ ချက်ချင်းဆိုသလို ထိုချိုင့်ဝှမ်းကြီးက ပျောက်ကွယ်သွားပြီး ရွာငယ်လေးတစ်ခု ဖြစ်တည်လာသည်။ ဝမ်ဝေ့က တာ့ကျီ အမည်ရှိ မိန်းကလေးငယ်လေးသည် လူနာများအား သူမ၏ ဆေးဝါးပညာနှင့် ကျင့်ကြံဆင့်တို့ဖြင့် ကုသပေးနေသည်။

ထိုစဉ် ကျန့်ဝူရွှမ်းသည် သူမအား ဘေးနားမှ အမြဲလိုလို အဖော်ပြုပေးနေလေ၏။ မနက်ခင်းစောစော သူ ဓားရေးလေ့ကျင့်ပြီးသည့်အခါတွင် သူမက အဖော်ပြုလေ့ရှိသည်။

ထို့နောက် ကိစ္စများက ပြောင်းလဲသွားသည်။

တစ်ရက်တွင် အတွဲက အနီးအနား တောအုပ်ဆီသွားနေစဉ် ကျန့်ဝူရွှမ်းက ရုတ်ချည်းဆိုသလို ဖြူဖျော့သွားပြီး မြေပေါ်သို့ လဲကျသွားလေသည်။ ထို့နောက် တာ့ကျီက အေးစက်စက် မထူးမခြားနားအကြည့်ဖြင့် သူ့နှလုံးသားကို ထိုးစိုက်လိုက်၏။

သူ့မျက်ဝန်းအတွင်း စိတ်ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားပြီး သွေးများက အဝတ်ကို စွန်းထင်သွားကာ သူမအား အကြောင်းအရင်းကို ထုတ်မေးခဲ့သည်။ သို့သော် သူ လက်ခံရရှိလိုက်သည်က မထူးမခြားနား အကြည့်တစ်ခုသာဖြစ်၏။

တာ့ကျီက သူ့ဝိညာဉ်ကို မဖျက်ဆီးခင် ကျန့်ဝူရွှမ်း၏ ခန္ဓာကိုယ်မှ အားကောင်းသည့် ဓားဆန္ဒထွက်ပေါ်လာကာ သူမအား လွင့်စင်သွားစေခဲ့သည်။

သူက ခက်ခက်ခဲခဲ ထလိုက်ပြီးနောက် အလောင်းဆီ လျှောက်သွားလိုက်သည်။ ထို့နောက် သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေ၏။ သူက သူမ၏ ခန္ဓာကိုယ်အား ပွေ့ကာ ကောင်းကင်သို့ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဓားချီအမြောက်အများ ထွက်ပေါ်လာပြီး ရွာသားအားလုံးအား ချက်ချင်းဆိုသလို သုတ်သင်သွားသည်။

နောက်ဆုံးတွင် ကျန့်ဝူရွှမ်းက သတိမေ့သွားလေသည်။ သိပ်မကြာခင် ဓားရေးစံအိမ်မှ တစ်ယောက်က ထွက်ပေါ်လာကာ သူတို့နှစ်ယောက်လုံးကို ခေါ်ဆောင်သွားလေသည်။

ဝမ်ဝေ့က ထိုအဖြစ်အပျက်များအား ကြည့်ကာ ကျန့်ဝူရွှမ်း၏ ဓားဆန္ဒသည် သူ့အသက်ကို ကယ်တင်လိုက်သည့်ကိစ္စအပေါ် အာရုံစိုက်ထားလေသည်။ သူက သူ့အဖေသည် ကမ်းခြေပွဲအပြီး ပြောဖူးသည့်စကားကို အမှတ်ရသွား၏။

သူက နောက်ဆုံးမိနစ်မှာ အသက်ရှင်ခဲ့တာက သူ့တာအိုကို ပြောင်းလဲလိုက်လို့ပဲ။ သူက အဆုံးမဲ့တာအိုကို ကျင့်ကြံမဲ့အစား အဆုံးမဲ့ကို ထိန်းချုပ်ဖို့ ဓားရေးကို ယူခဲ့တယ်။ ဒါပေမဲ့ အဲဒါက အတူတူပဲ မဟုတ်ဘူးလား

ဓားကို အသုံးပြုပြီး တာအိုကို ထိန်းချုပ်တာက တကယ့်တာအိုကို ထိန်းချုပ်တာထက် ဘာလို့ ပိုကောင်းနေတာလဲ…

ဝမ်ဝေ့က ထိုမေးခွန်းကို စဉ်းစားမိကာ အဖြေတချို့ ရရှိလာခဲ့သည်။

ဓားတာအိုကို ကျင့်ကြံသည့်သူများက တခြားတာအိုကို ထိန်းချုပ်ဖို့ အဘယ်ကြောင့် အဆင်ပြေသနည်း။ နမူနာအားဖြင့် တစ်စုံတစ်ယောက်က အသင်္ချေအရာများကို ဖန်တီးနိုင်သည့် ဖန်ဆင်းခြင်းဓားကို   အသုံးပြုခဲ့လျှင် တိထျန်း အသုံးပြုခဲ့သည့်အရာနှင့် အတူတူပင် မဟုတ်ပေဘူးလား။ တစ်ယောက်က တားမြစ်ခံဖြစ်ကာ တစ်ယောက်က အဘယ်ကြောင့်အောင်မြင်သွားရသနည်း။

ဒါကို ထားလိုက်ပါတော့…

သူက တွေးလိုက်မိသည်။

ကျန့်ဝူရွှမ်းရဲ့ စစ်ဆေးမှု သတင်းအချက်အလက်ကို ရယူဖို့က ဘာလို့ လွယ်နေရတာလဲ…

ကောင်းကင်တာအိုက တားမြစ်ခံနှင့် ပတ်သက်သည့် သတင်းအချက်အလက်အများစုကို ပိတ်ပင်ထားသော်လည်း ထိုအရာကိုတော့ မပိတ်ပင်ထားပေ။ သူ့နည်းစနစ်က အပြည့်အဝ အလုပ်လုပ်နေလေ၏။

ဝမ်ဝေ့က ကောင်းကင်အား မော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

ငါသာ ငါ့တာအိုကို စွန့်ပစ်ရင် အသက်ကယ်နိုင်တယ်လို့ ပြောနေတာလား…

သူက သူ့တာအိုကို ပြောင်းမည့်အစား အသေပင်ခံလိုက်မည်။ ကံကြမ္မာက လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းသည့် သူ့လမ်းစဉ် ပါဝင်နေလေ၏။ ထို့ကြောင့် သူသာ အသက်ရှင်သန်ဖို့ရာအတွက် လက်လျှော့ပြီး ပြောင်းလဲလိုက်လျှင် သူ့တာအိုနှလုံးသားသည် ဟာကွက်ဖြစ်နေပြီးနောက်ပိုင်း ကျင့်ကြံရေးလမ်းစဉ်အပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မည်။

ဤသို့သော ပြစ်ချက်မျိုးဖြင့် သူသည် စစ်မှန်သည့် လွတ်လပ်ခွင့်ကို ဘယ်တော့မှ ရရှိမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာက သူ့အတွက် ရွေးချယ်စရာ မဟုတ်ပေ။

ဝမ်ဝေ့က အကျိုးအကြောင်းကို တွက်ချက်ကြည့်လိုက်ပြီး ကျန့်ဝူရွှမ်း အသုံးပြုသည့် တူညီသည့် နည်းလမ်းအား ရှာနိုင်လားဟု စစ်ဆေးကြည့်လိုက်သည်။ သူက သတင်းအချက်အလက်များကို တတ်နိုင်သမျှ များများ စုစည်းလို၏။

ထို့နောက် သူက တိတ်တဆိတ် ထားထားသည့် ကံကြိုးမျှင်တစ်ခုပေါ်တွင် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက သူတောင်းစားအိုကြီးကို ထပ်မံ မတွေ့ဆုံခင် ထိုလူအား တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters