နောက်နည်းလမ်း
Vol. 33 Ch. 459
အခန်း (၄၅၉) : နောက်နည်းလမ်း
ဝမ်ဝေ့က အရှေ့ပိုင်းကုန်းမြေ၏ အရှေ့တောင်ဘက်ဆီ ပျံသန်းသွားလိုက်သည်။ ထိုနေရာကို တာအိုလဲလှယ်ရေးနယ်မြေဟု သိကြ၏။ နေရာတစ်ခုလုံးက မြို့ကြီးတစ်ခု ဖြစ်၏။
ထိုမြို့ကို ကျင့်ကြံသူအများစုက လူချမ်းသာမြို့ဟု ရည်ညွှန်းကြလေသည်။ အကြောင်းမှာ ထိုနေရာတွင် ပိုက်ဆံကသာ အရေးပါလေသည်။
ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက ဦးတည်ရာသို့ ချက်ချင်း မသွားသေးဘဲ လှည့်ပတ်ကြည့်ရှုကာ ခံစားလိုက်သည်။ မြို့ထဲတွင် နေရာများစွာ ရှိနေလေ၏။ အိမ်နေရာအများစုတွင် ဆင်းရဲသည့် ကျင့်ကြံသူများနေထိုင်ကြ၏။ အထက်တန်းလွှာနယ်ပယ်ကမူ လူချမ်းသာများ နေထိုင်ကြလေသည်။
ထိုမြို့ထဲ ကုန်သွယ်ရေးနေရာသည် အကြီးဆုံး ဖြစ်၏။ လေလွင့်ကျင့်ကြံသူအများစုက ပစ္စည်းများကို စုစည်းပြီး အရင်းအမြစ်များကို အလဲအလှယ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းများ လုပ်တတ်ကြသည်။ ထို့အပြင် ဂိုဏ်းများနှင့် အင်အားစုများက ထိုနေရာတွင် ဈေးဆိုင်များ ရှိတတ်ကြသည်။ အထူးသဖြင့် ကုန်သွယ်ရေးအဖွဲ့အစည်းက ဆိုင်အများဆုံး ရှိ၏။
တစ်ခါက ကုန်သွယ်ရေးအဖွဲ့အစည်းသည် ဈေးတစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ထိုရွှေအရုဏ်ဦးမြို့၏ အစစ်အမှန် ခေါင်းဆောင်ဖြစ်သည့် လေလွင့်ကျင့်ကြံသူ မဟာမိတ်က သူတို့အား ငြင်းပယ်ကာ မြို့သို့ မဝင်နိုင်အောင် တားဆီးလုနီးပါး ဖြစ်ခဲ့သည်။
ဝမ်ဝေ့က ထိုမဟာမိတ်အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။ သူ လေ့လာကြည့်ထားသလောက် သူတို့သည် ကမ္ဘာတွင် အလားအလာအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်၏။
ရတနာစုဆောင်းသူ ဧကရာဇ်က ထိုလေလွင့်ကျင့်ကြံသူအဖွဲ့အစည်းကို ရှေးဟောင်းဧကရာဇ်အလယ်ပိုင်းတွင် ဖန်တီးခဲ့သည်။ သူမ၏ အဓိကရည်ရွယ်ချက်က လေလွင့်ကျင့်ကြံသူ အားလုံးအတွက် ဂိုဏ်းများ၊ မိသားစုများ၏ လက်ဝါးကြီးအုပ်စိုးမှုအောက်မှ လွတ်မြောက်ကာ သူတို့၏ အရင်းအမြစ်များအား ဘေးကင်းကင်း လဲလှယ်နိုင်စေရန် ဖြစ်၏။
မဟာမိတ်က ချီကံကောင်းမှု ကောင်းချီးမရှိဘဲ တာအိုအခွင့်အလမ်းဂိုဏ်း သို့မဟုတ် မူလဆေးလုံးတာအိုဂိုဏ်းကဲ့သို့မျိုး ရှင်သန်လာခဲ့သည်။ ဧကရာဇ်အရေအတွက်အရ သူတို့သည် အများဆုံး ရှိသင့်သည်။
အသင်္ချေအင်ပါယာကမ္ဘာသည် ဂိုဏ်းများ၊ မိသားစုများနှင့် အင်အားစုများကို ပျက်သုန်းသွားစေသည့် ကပ်ဘေးကို အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီး ဧကရာဇ်မျိုးနွယ်အများစုပင် သူတို့၏ အမွေအနှစ်များ ပျက်စီးခဲ့ကြသည်။
သို့သော်လည်း လေလွင့်ကျင့်ကြံသူများ၏ ဧကရာဇ်များအတွက်မူ အတူတူမဟုတ်ပေ။ အများစုက သူတို့ ဂရုစိုက်ရမည့် မိသားစု မရှိသလို ဂိုဏ်းလည်း မရှိကြပေ။ သူတို့က အချုပ်အနှောင် မရှိပေ။ သူတို့ထဲက ၉၀ရာခိုင်နှုန်းလောက်က သူတို့မြင့်တက်လာချိန်အတွင်း တူညီသည့် အပြုအမူမျိုး ရှိတတ်ကြသည်။
သူတို့သည် စည်းမျဉ်းများ၊ ဥပဒေများနှင့် ချုပ်နှောင်ခံရမည့် ဂိုဏ်းထဲဝင်ဖို့ ငြင်းဆန်ခဲ့ကြသည်။ သူတို့သည် တပည့်များဖြစ်လာကာ ပစ္စည်းများလဲလှယ်ရမည့်အစား အန္တရာယ်များသည့်နေရာသို့ သွားကာ အရင်းအမြစ်များအား ရှာဖွေလိုသည်။
သူတို့၏ တွေးခေါ်ပုံက သူတို့၏ အပြုအမူများကို လွှမ်းမိုးထား၏။ ယုံကြည်မှုခေတ်ကာလနှင့် မိစ္ဆာခေတ်ကာလအတွင်း လေလွင့်ကျင့်ကြံသူ ဧကရာဇ်အများစုက တိုက်ပွဲတွင် ဝင်ရောက် မတိုက်ခိုက်ခဲ့ကြပေ။
ထိုအစား သူတို့က တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထွက်သွားကြလေ၏။ အများစုက လေလွင့်ကျင့်ကြံသူမဟာမိတ်မှ အကျိုးအမြတ် ရထားသော်လည်း အမွေအနှစ် ချန်ထားခဲ့ခြင်းမရှိကြပေ။
ထိုခေတ်ကာလတွင် မဟာမိတ်ထံ ကျမ်း၊ လက်နက်နှင့် အစီအရင် ထားရှိခဲ့သည့် မဟာဧကရာဇ်လေးပါးသာ ရှိခဲ့သည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သည့် ပြဿနာက အချိန်ကြာလာသော်လည်း မပြောင်းလဲသေးပေ။
သမိုင်းကြောင်းတစ်လျှောက် မဟာမိတ်ခေါင်းဆောင် တချို့က မဟာမိတ်အား လေလွင့်ကျင့်ကြံသူ မဟာမိတ်ထက် အင်အားစုတစ်ခုနှင့် တူအောင် ပြောင်းလဲဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ကြရသည်။
လေလွင့်ကျင့်ကြံသူအများစုက ပါရမီ မရှိသော်လည်း ကျင့်ကြံရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းလိုသူများဖြင့် ဖွဲ့စည်းထားသည်။ ကျန်လူများကမူ စည်းကမ်းမဲ့လူများ ဖြစ်ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ ပါရမီ မရှိသူများကလည်း စည်းကမ်းမဲ့သူများကဲ့သို့ တူညီသည့် စိတ်သဘောထားများ ဖြစ်လာကြသည်။
နောက်ထပ် အကြောင်းအရင်းတစ်ချက်မှာ ဧကရာဇ်မျိုးနွယ်များက သူတို့၏ ဖွံ့ဖြိုးမှုကို ဝင်ရောက်စွက်ဖက်နေ၍ ဖြစ်သည်။ သူတို့သည် မဟာမိတ်သာ အောင်မြင်သွားပါက ကြောက်ခမန်းလိလိ အင်အားစု ဖြစ်လာမည်ဖြစ်ကြောင်း သိထားလေသည်။
ထိုအရာကို တွေးမိရင်း ဝမ်ဝေ့က အနီးဆုံးကူးသန်းရေး အစီအရင်ဆီ ဦးတည်လိုက်သည်။
ငါ အပျော်ဂေဟာကို သွားရမလား။ ဒါမှမဟုတ် လောင်းကစားဝိုင်းကို သွားရမလား။ ငါက လက်ထပ်ပြီးသားဆိုတော့ လောင်းကစားဝိုင်းကိုပဲ သွားကြတာပေါ့။
ထို့ကြောင့် သူက နောက်နာရီပိုင်းကြာသည်အထိ လောင်းကစားဝိုင်းတွင် ကစားခဲ့သည်။ သူက ထိုအခွင့်အရေးအား အသုံးချကာ သူ၏ စိုးရိမ်မှုများအား ဖျောက်ဖျက်ခဲ့၏။ ပထမဦးစွာ သူ့ကံက ဆိုးရွားလွန်းလှသည့်အတွက် ပိုက်ဆံများစွာ ရှုံးခဲ့သည်။
သို့သော် သူက သူ့ဘက်အရေးသာနိုင်မည့် ဖြစ်နိုင်ချေအား တိတ်တဆိတ် လှုံ့ဆော်လိုက်သည့်အခါ ပိုက်ဆံများ ပြန်လည်ရရှိလာသည်။
ဝမ်ဝေ့က လက်ထဲတွင် အံစာတုံးငါးခုကို ကိုင်ကာ စားပွဲရှေ့တွင်ရပ်နေသည်။ လူများစွာက သူ့အား ဝိုင်းထားကြပြီး သူ ပစ်သည်ကို စောင့်ကြည့်နေကြသည်။ သို့သော်လည်း သူက ခေတ်ဆန်ဆန် ပုံစံရှိသည့် လူတစ်ယောက်က အစောင့်နှစ်ယောက်နှင့် ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
“ အမွေခံသားတော် … ဒီလိုမျိုး ဖျော်ဖြေခွင့်ရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ” လူငယ်လေးက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။
“ ဒါပေမဲ့ ရောက်ရှိလာတာကို ကျုပ်တို့ဆီ အသိပေးရင်တော့ အကောင်းဆုံးပေါ့။ အဲဒါမှ ကျုပ်တို့က ကိုယ်တိုင် ဧည့်ခံနိုင်မှာလေ”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက လူငယ်၏ အဆင့်အတန်းကို သိသွားကြသည့်အခါ အနည်းငယ် လန့်ဖျပ်သွားကြသည်။ သို့သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ပေ။ ထိုလူများ ရောက်ရှိလာပြီဖြစ်၍ သူသည် အလုပ်ကိစ္စကိုသာ အာရုံစိုက်ထားဖို့ အချိန်ကျရောက်မည်မှန်း သိလိုက်သည်။
သူက ဘာမှမပြောဘဲ လူငယ်လေးထံ စာတစ်စောင်ပေးလိုက်သည်။ ထိုလူက ဖိတ်ကြားလွှာပေါ်မှ စာလုံးများကို မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ စာအိတ်ပေါ်တွင် ရေးထားသည်က တိုက်ပွဲဖိတ်ကြားလွှာဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူက အမြန်အဆန် ဦးညွှတ်ပြီးနောက် ထွက်သွားလေသည်။ သို့သော်လည်း သူ့အစောင့်နှစ်ယောက်က ဝမ်ဝေ့အနားတွင် ကျန်ရှိခဲ့လေသည်။
……………
အလယ်ပိုင်းနေရာ၊ လေလွင့်ကျင့်ကြံသူ မဟာမိတ်၏ ဌာနချုပ်
ဟွမ်ယွမ်က သူ အကြံပေးသည့်စာကို ကြည့်လိုက်သည်။
“ သခင်လေး ဘာလုပ်မှာလဲ။ ဒါကို လက်ခံမှာလား။ ငြင်းပယ်မှာလား”
“ ကျုပ်ဆီမှာ ရွေးချယ်စရာ ရှိလို့လား” သူက အကြံပေးအား တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဟွမ်ယွမ်က မဟာမိတ်ထဲရှိ သူ့လက်ရှိအခြေအနေသည် သိပ်မကောင်းကြောင်း သိထားလေသည်။ သူက ပြိုင်ဘက်အားလုံးကို အနိုင်ယူကာ စစ်ဆေးမှုများစွာကို ဖြတ်ကျော်ပြီး မဟာမိတ်ခေါင်းဆောင်ငယ် ဖြစ်လာခဲ့သည်။
သို့သော်လည်း ဒုခေါင်းဆောင်တချို့က သူသည် တခြားရလဒ်ကို မပြသသည့်အတွက် အနည်းငယ် မကျေမနပ်ဖြစ်လာကြသည်။ သူတို့က သူ့အား တခြားကောင်းကင်ရွေးချယ်ခံများကို အနိုင်ယူခိုင်းလိုကြသည်။ ဟွမ်ယွမ်၏ နဂိုအစီအစဉ်က ကျောင်းတော်၏ စစ်ဆေးမှုမှ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက်သုံးဆယ်အား အနိုင်ယူပစ်ဖို့ ဖြစ်၏။
သို့သော်လည်း ထိုစာရင်းပေါ်ရှိ ပထမဆုံး သတ်နိုင်သည့်သူက သူ့အား စိန်ခေါ်ဖို့ ရောက်ရှိလာပြီဖြစ်ရာ ထိုလူကို ခြေနင်းကျောက်အဖြစ် အသုံးပြုပြီး သူ့အဆင့်အတန်းကို မြှင့်တင်လိုက်သည်က အကောင်းဆုံး ဖြစ်၏။
သူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြိုင်ပွဲကွင်းပြင်ဆီ ဦးတည်လိုက်သည်။ ထိုနေရာက လေလွင့်ကျင့်ကြံသူများ သူတို့၏ အငြိုးတရားများကို ဖြေရှင်းဖို့ ရင်ဆိုင်တိုက်ခိုက်နိုင်သည့်နေရာ ဖြစ်၏။ မြို့၏ စည်းမျဉ်းအရ ထိုနေရာမှအပ တိုက်ခိုက်ခြင်းကို ခွင့်ပြုမထားပေ။
ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် ဟွမ်ယွမ်က ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းရှိသည့် လူငယ်လေးကို မြင်လိုက်ရသည်။ သီးသန့်အခန်းငယ်အတွင်း သူက မဟာမိတ်၏ အထက်ပိုင်းများ၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။
သို့သော်လည်း ထိုတိုက်ပွဲကို စောင့်ကြည့်နေသည့်သူ မရှိပေ။
ဟွမ်ယွမ်က စင်ပေါ်ပျံသန်းသွားကာ သူ့ပြိုင်ဘက်နှင့် မီတာငါးဆယ်အကွာတွင် ဆင်းသက်လိုက်သည်။ အရှိန်အဝါတစ်ခုတည်းဖြင့် ဟွမ်ယွမ်သည် ထိုသူက သူရင်ဆိုင်ဖူးသည့်လူများအထဲ အားအကောင်းဆုံးရန်သူဖြစ်ကြောင်း ပြောနိုင်လေ၏။
ထိုစဉ် ဝမ်ဝေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ဖက်လူကို ကြည့်လိုက်သည်နှင့် လွန်ခဲ့သည့် နှစ်ရာချီခန့်က ထားခဲ့သည့် ကံကြိုးမျှင်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို ခံစားမိလိုက်သည်။
သူက အစစ်အမှန် အမြင်စွမ်းရည်ကို အသုံးပြုကာ သေချာစစ်ဆေးကြည့်လိုက်၏။ ထိုအခါ ဟွမ်ယွမ်၏ ခန္ဓာကိုယ်တွင် ထိုကြိုးမျှင်ကို ဖြည်းဖြည်းချင်း ဖယ်ရှားနေသည့် ခုခံမှုတချို့ရှိနေကြောင်း သဘောပေါက်သွားသည်။ ထိုအရှိန်အဝါက သူ့အနှောင်အဖွဲ့ကင်းခန္ဓာကိုယ်၏ အားနည်းသည့် ပုံစံမျိုး ဖြစ်၏။
ထို့အပြင် သူ့ကျောက်ကပ်က ထိုအငွေ့အသက်ကို ခံစားမိပြီး ဆက်တိုက် တဒုတ်ဒုတ်မြည်လာသည်။
ဒါက ကံကြမ္မာဝဋ်ကြွေး ဆေးကြောရေနဲ့ သက်ဆိုင်နေတာလား…
သူက ထိုတိုက်ပွဲကို အသုံးပြုကာ ဟွမ်ယွမ်၏ ကံကြိုးမျှင်ကို ဖတ်ရှုပြီး ကံတရားကို ကြည့်ဖို့ ဆုံးဖြတ်ထားသည်။ ထို့အပြင် သူ့ တွက်ချက်မှုများက ထိုသူ့အား ရည်ညွှန်းနေသည့်အတွက် သူသည် အကြောင်းအရင်းကို သိချင်မိသည်။
တစ်ယောက်ယောက်က တိုက်ပွဲကွင်းပြင်ကို ကာကွယ်ဖို့ အစီအရင်အား အသက်သွင်းလိုက်သည်။ ထိုအခါ တိုက်ပွဲစတင်လာ၏။
ဝမ်ဝေ့က ဟွမ်ယွမ်၏ ခန္ဓာကိုယ်တစ်လျှောက် ခရမ်းရောင်လျှပ်စီးလက်နေပြီး လက်သီးဖြင့် ထိုးခွင်းလာသည်။
မိုးကောင်းကင် နဂါးလျှပ်စီး
ဧရာမ ခရမ်းရောင် လျှပ်စီးနဂါးက ဝမ်ဝေ့ဆီ သုတ်သင်လိုသည့်အလား ပြေးဝင်လာသည်။ သို့သော် သူက ပါးစပ်ဖွင့်ကာ ဝါးမျိုပစ်လိုက်၏။
ဒီလျှပ်စီးက နည်းနည်းထူးဆန်းတယ်။ ဒါပေမဲ့ ဒီဟွမ်ယွမ်ရဲ့ စွမ်းအားက သိပ်မဆိုးဘူး။ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကို ရောက်လုနီးပါးတောင် ဖြစ်နေပြီ။
ထို့နောက် ဝမ်ဝေ့က တစ်ဖက်လူသည် မျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ်အထက် အနီရောင်မိုးကြိုးချပ် ဝတ်ပေါ်ထွက်လာပြီး သူ့ဆီပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ဝုန်း
လက်သီးတစ်ချက်ဖြင့် ဝမ်ဝေ့က သူ့အား လွင့်စင်သွားစေခဲ့သည်။
သူ့ချပ်ဝတ်က မပျက်စီးသွားဘူး။ သူ့ခန္ဓာကိုယ်က တော်တော်လေး အားကောင်းတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ရဲ့တွက်ချက်မှုက ဘာကို ရည်ညွှန်းနေတာလဲ။ ပင်ကိုလက်နက်ကို ပြောချင်တာလား…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ထိုသူက ရတနာကို ထုတ်သုံးလိုက်သည်နှင့် သူက အမှန်တရားကို သိလာလိမ့်မည်။
ထိုစဉ် ဟွမ်ယွမ်က တစ်ဖက်လူသည် သူ့အား အလွယ်တကူ လွှမ်းမိုးသွားနိုင်ကြောင်း သိသည့်အခါ အံ့အားသင့်သွားလေသည်။ သူ့အားအကောင်းဆုံး တိုက်ကွက်များက အသုံးမဝင်ဖြစ်နေသည့်အကြောင်း ထည့်မပြောရသေးပေ။
သူ့တွင် ထူးကဲသည့် ရုပ်ခန္ဓာရှိထားသည့်အတွက် ထိုလျှပ်စီးသည် သာမန်လျှပ်စီး မဟုတ်ကြောင်း သိထားသည်။
သူက သူ့ကျင့်ကြံရေးခရီးစဉ်ကို အမြန်အဆန် မြင့်တက်လာနိုင်သည့် အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် ကံအပြောင်းအလဲ အခွင့်အရေးနှင့် တွေ့ခဲ့၍ ဖြစ်သည်။ တစ်ရက်တွင် သူက တောအုပ်အတွင်း သူ့ပါရမီလစ်ဟာမှုကို အမှီလိုက်နိုင်မည့် ရတနာတချို့ကို သွားရှာနေစဉ် တောင်စွန်းမှ ပြုတ်ကျကာ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့သွားသည်။
သူက တခြားကမ္ဘာ့အသိုက်အဝန်းမှ ဤနေရာသို့ မတော်တဆ ရောက်ရှိလာသည့် ကျင့်ကြံသူတစ်ယောက်၏ အလောင်းကို မြင်လိုက်ရသည်။ ထိုလူက အဆင့် ၆ ကောင်းကင်ကိုးဘုံ မိုးကြိုးခန္ဓာကို အမွေအနှစ်ချန်ထားခဲ့ပြီး အမွေဆက်ခံသူက သူ့အတွက် လက်စားချေပေးဖို့ရာ တောင်းဆိုချက်ရှိခဲ့သည်။
ဟွမ်ယွမ်က တုံ့ဆိုင်းမနေဘဲ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိုရုပ်ခန္ဓာနှင့်အတူ စုပ်ယူပစ်လိုက်သည်။ နှစ်ကြာလာသည့်အခါ သူက သူ့ခန္ဓာကိုယ်ကို မယုံကြည်နိုင်လောက်သည့်အဆင့်အထိ လေ့ကျင့်ထားနိုင်ခဲ့သည်။
ထို့ကြောင့် သူက ဝမ်ဝေ့တွင် အားကောင်းသည့်ခန္ဓာကိုယ်ရှိထားမှန်း သိထားသော်လည်း သူသည် လူငယ်မျိုးဆက်အတွင်း မည်သူ့ကိုမှ ရှုံးနိမ့်မည်ဟု မထင်ပေ။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ သူက တစ်ဖက်လူအပေါ် နဂါးဆယ်ကောင်ခွန်အားကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ့အကြွင်းမဲ့အရှိန်ကို အသုံးပြုကာ ဟွမ်ယွမ်ရှေ့ ချက်ချင်းရောက်သွားပြီး လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
ပုံမှန်အားဖြင့် ဝမ်ဝေ့သည် တစ်ဖက်လူအကြောင်းကို သိဖို့အတွက် အချိန်ကြာကြာ တိုက်ခိုက်ဖို့ရာ စိတ်ထဲမထားပေ။ သို့သော်လည်း သူက အလောင်းအစားလုပ်ရင်း အချိန်ဖြုန်းခဲ့ပြီးပြီဖြစ်ရာ ဆက်လက် အချိန်မဖြုန်းလိုတော့ပေ။
ဟွမ်ယွမ်က လက်သီး ချဉ်းကပ်လာသည်ကို ကြည့်နေရင်း သူ့စိတ်ထဲ တစ်စုံတစ်ခု ပေါ်ထွက်လာသည်။
ငါ သေတော့မယ်…
ထို့နောက် သူ့ခေါင်းအထက်တွင် စာအုပ်တစ်အုပ် ပေါ်ထွက်လာပြီး ဟွမ်ယွမ်အား ကာကွယ်ပေးမည့် အလွှာတစ်ခု ပေါ်ထွက်လာသည်။ ထိုအကာအရံပေါ်တွင် အက်ကြောင်းများပေါ်ထွက်လာပြီး သူက လွှင့်စင်ကာ ကွင်းပြင်ကို ကာရံထားသည့် အစီအရင်အား ဝင်တိုက်မိသွားသည်။
ဝမ်ဝေ့က စာအုပ်အားကြည့်ကာ သေခြင်းရှင်ခြင်းစွမ်းအားကို ခံစားမိလိုက်သည်။
ဒါက ဒီလိုကိုး။ ဒီစစ်ဆေးမှုကို နောက်ထပ်အောင်မြင်နိုင်မဲ့ နည်းလမ်းက ပင်မတာအိုကို သယ်ဆောင်နိုင်မဲ့ ပင်ကိုရတနာ ရှိနေဖို့ပဲ။ ဒါပေမဲ့ ဒါက ပြင်ပအကူအညီကို သုံးလိုက်တဲ့ပုံစံပဲ။ တကယ်လို့ ဒီအကူအညီပစ္စည်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် ငါက တန်ပြန်သက်ရောက်မှုကြောင့် မသေရင်တောင် ငါ့ကျင့်ကြံရေးလမ်းစဉ်က အဆုံးသတ်သွားလိမ့်မယ်…
ဝမ်ဝေ့က ထိုသို့သော နည်းလမ်းကို ဘယ်တော့မှ အသုံးပြုလိမ့်မည် မဟုတ်ပေ။ သူက ကံကြမ္မာပင်ကိုရတနာကို မည်သည့်နေရာမှာ ရှာရမည်ကို မသိသည့်အကြောင်း ထည့်မပြောရသေးပေ။
မေးခွန်းက ဘာလို့အဲ့လိုဖြစ်ရတာလဲ။ ဒါက ပင်ကိုစည်းမျဉ်းနဲ့ ပတ်သက်နေတာလား …