အကျိုးအမြတ် အမြဲတမ်း ရယူခြင်း
Vol. 33 Ch. 460
အခန်း (၄၆၀) : အကျိုးအမြတ် အမြဲတမ်း ရယူခြင်း
ဝမ်ဝေ့က ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုးများသာ ပင်ကိုစည်းမျဉ်းကို ကျင့်ကြံသည့်အတွက် ထိုအရာနှင့် ပတ်သက်၍ အနည်းငယ်သာ သိထားလေသည်။ အများစုက သူတို့၏ ခန္ဓာကိုယ်တွင် ပင်ကိုစည်းမျဉ်းရှိကြပြီး သူတို့လုပ်ဖို့ လိုအပ်သည်က ကျင့်ကြံရန် ထိုအရာကို နားလည်သဘောပေါက်ဖို့ ဖြစ်သည်။
နောက်ထပ် ပင်ကိုစည်းမျဉ်းပုံစံက ပင်ကိုရတနာများဆီမှ ဖြစ်သည်။ ထိုနှစ်ခုကြားမှ တစ်ခုတည်းသော ကွဲပြားမှုမှာ ပင်ကိုစည်းမျဉ်းများသည် သာမန်စည်းမျဉ်းများထက် ပိုမို နားလည်ဖို လွယ်ကူလေ၏။ ထိုအရာကို လေ့လာသူများသည် သာမန်စည်းမျဉ်းကို နားလည်နိုင်လေသည်။
ကျင့်ကြံသူများက ပင်ကိုစည်းမျဉ်းကို မိုးမြေ၏ လက်ဦးဆရာအဖြစ် သတ်မှတ်နိုင်သည်။ ဝမ်ဝေ့က အစောပိုင်းဧကရာဇ်ခေတ်ကာလအတွင်း အကောင်းဆုံးဖြစ်ခဲ့သည့် အကြောင်းအရင်းတစ်ချက်မှာ လူသား သို့မဟုတ် ဟော်သဲ့သက်ရှိများက ကမ္ဘာဦးနတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများ၏ အလောင်းများဆီမှ ပင်ကိုစည်းမျဉ်းကို လေ့လာနိုင်ခဲ့၍ ဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။
ထိုခေတ်ရှိ ပင်ကိုရတနာအများအပြားအပြင် အမှန်တကယ် ထူးခြားလှသည့် အချိန်တစ်ခု ဖြစ်ခဲ့၏။
ပင်ကိုစည်းမျဉ်းနှင့် သာမန်အရာအတွင်း အနည်းဆုံးတော့ အပေါ်ယံအတွင်း ကွဲပြားချက်ဟူ၍ မရှိပေ။
သို့သော်လည်း သူ့ဗဟုသုတက ကန့်သတ်ချက်ရှိကြောင်း နားလည်ထား၏။ ထို့ကြောင့် ဝမ်ဝေ့က ပိုမိုရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။ အမြန်ဆုံးနည်းလမ်းက ထိုသူတောင်းစားအိုကြီးကို ထပ်မံ သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။
…………..
ဟွမ်ယွမ်က နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ကာ မတ်တပ်ရပ်လာသည်။ သူ့မျက်နှာအထက် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားကာ သူ့ကိုယ်သူ ချက်ချင်းထိန်းချုပ်လိုက်သည်။
သူက သူ့ကျင့်ကြံရေး ခရီးစဉ်တစ်လျှောက် အငယ်ဆီမှ ဤသို့သော မလေးမစား အပြုအမူမျိုးကို တစ်ခါမှ မခံစားဖူးပေ။ သူ့အသက် သေခြင်းတရားနှင့် နီးကပ်လာသည့်အချိန်အခါ ထိုကောင်မ သူ့ကို သစ္စာဖောက်ခဲ့သည့်အခါကသာ ဖြစ်၏။
သူက ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်၏ “ ကျုပ်က အဆင့် ၁၂ ကောင်းကင်မိုးကြိုး ရုပ်ခန္ဓာကို သတ်ပြီးတော့ ဝါးမျိုဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ သူ့ရဲ့ ဂျူနီယာညီလေးက သူ့ကိုလုပ်ကြံပြီး သတ်သွားတယ်ဆိုတော့ အံ့ဩမိသား”
ဒီလူက ငါ့စိတ်ကို လွှမ်းမိုးဖို့ ကြိုးစားနေတာလား။ တော်တော်ကို တုံးတုံးအအ နည်းလမ်းပဲ…
အကယ်၍ မမေ့မလျော့ သူ့မှတ်ဉာဏ်ကြောင့်သာ မဟုတ်လျှင် ဝမ်ဝေ့က ဟန်လီကို မေ့သွားလောက်လေပြီ။ သူက ခေါင်းခါလိုက်ပြီးနောက် လက်သီးဆုပ်ကာ ထိုးခွင်းလိုက်သည်။
ဟွမ်ယွမ်က ပေါ့ပေါ့ပါးပါးတုံ့ပြန်ကာ ပင်ကို စွမ်းရည်ဖြစ်သည့် မိုးကြိုးကမ္ဘာကို အသုံးပြုလာသည်။ ဤသည်က မိုးကြိုးနှင့် သက်ဆိုင်သည့် နည်းစနစ်အားလုံးကို အားဖြည့်ပေးသည့် ပိုင်နက်တစ်ပိုင်းစွမ်းရည် ဖြစ်၏။
ထို့ကြောင့် နေရာတစ်ခုလုံးကို မိုးကြိုးနှင့် လျှပ်စီးများက ဝန်းရံသွားသည်။ ထို့နောက် ဟွမ်ယွမ်က လျှပ်စီး တစ်ချက် ပစ်ခွင်းလာသည်။
[မရဏလျှပ်စီးအား]
ထိုတိုက်ကွက်က ယခင်ထက် ပိုမိုမြန်ဆန်ကာ ထွက်ပေါ်လာနေစဉ်အတွင်း ဘေးပတ်ဝန်းကျင်မှ လျှပ်စီးများကို စုပ်ယူ၍ အင်အားကို တိုးမြှင့်ခဲ့သည်။ ထိုလျှပ်စီးချက်တွင် အလယ်အလတ် ကမ္ဘာဒါဇင်ချီကိုပင် ချက်ချင်းပျက်သုဉ်းသွားစေနိုင်သည့် သေခြင်းတရား စွမ်းရည် ပါဝင်နေသည်။
ကံဆိုးစွာဖြင့် ဟွမ်ယွမ်အား လန့်သွားစေသည်က သူ့အလားအလာ အကောင်းဆုံးတိုက်ကွက်က ဝမ်ဝေ့၏ ခန္ဓာကိုယ်အပေါ် ခြစ်ရာပင် မထင်ခဲ့ပေ။ သူ့အဝတ်များပင် အကောင်းအတိုင်း ရှိနေလေ၏။
ထိုတိုက်ကွက်က အားပြင်းသော်လည်း နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး သို့မဟုတ် တိထျန်း၏ မရဏ စွမ်းအားတို့ဖြင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် ထိုအရာက ဝမ်ဝေ့အပေါ် အကျိုးသက်ရောက်မှု မရှိပေ။
ငါ ဒီလူရဲ့အင်အားကို လျှော့မတွက်သင့်ဘူး။ သူက ဟို့ဖုန်းဟွမ်နဲ့ လက်ရည်တူလောက်တယ်…
ဝမ်ဝေ့၏ စိတ်ထဲ သူ့ကို ခြိမ်းခြောက်နိုင်သည့်လူများကို စဉ်ထားသည့် အမည်စာရင်း ပေါ်ထွက်လာသည်။
၁။ တိထျန်း
၂။ လင်းဖန်
၃။ ဖုန်းဟွမ်နှင့် ဟို့ဖုန်းဟွမ်
၄။ စုယာနှင့် ကျန့်ဝူရွှမ်း ( စာရင်းမှ ပယ်ထုတ်ထားသော)
၅။ တခြားသူအားလုံး
ထိုအရာအတွက် တစ်ခုတည်းသော ခြွင်းချက်မှာ ကျန်းပိယု ဖြစ်၏။ အကြောင်းမှာ သူမ၏ အပြုအမူ သို့မဟုတ် တိုက်ခိုက်မှုကို မမြင်ဖူးသေးပေ။ ထို့ကြောင့် သူမ၏ စွမ်းရည်ကို ကောက်ချက်မချနိုင်သေးပေ။ ယခု သူက ဟွမ်ယွမ်ကို အဆင့် ၃ တွင် ထည့်ပေါင်းဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူက အံ့အားသင့်နေစဉ်အတွင်း ဝမ်ဝေ့က တိုက်ခိုက်လာသည်။
[ကံကြမ္မာသုတ်သင်ရေး လက်သီး]
နေရာတစ်ခုလုံးက ခေတ္တမျှ အဖြူနှင့် အနက်ရောင် ပြောင်းလဲသွားကာ ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုအချိန်အတွင်း ကံကြမ္မာ၏ ဖျက်ဆီးနိုင်စွမ်း သဘာဝနှင့် ဝမ်ဝေ့၏ ခွန်အားက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ဟွမ်ယွမ်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်၊ နေရာတစ်ခုလုံးကို ဝန်းရံထားသည့် မိုးကြိုးကမ္ဘာနှင့် သူတို့၏ တိုက်ကွက်ကို အပြင်သို့ လွင့်မလာစေရန် ကာကွယ်ထားသည့် အစီအရင်များအပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။
ဝမ်ဝေ့က သူ့စွမ်းအားကိုသာ အတိအကျ ထိန်းချုပ်နိုင်ခြင်း မရှိလျှင် သူတို့က တောင့်ခံနိုင်မည် မဟုတ်ပေ။
ထို့နောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းမှာ အနက်နှင့် အဖြူစာအုပ်က သူ့တိုက်ကွက်အတွင်း အကောင်းအတိုင်း ကျန်ရှိနေ၍ ဖြစ်သည်။ ထို့အပြင် ထိုစာအုပ်၏ စာရွက်များက လှန်သွားကာ စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုစက်ဝန်းက နာရီလက်တံ ပြောင်းပြန်အတိုင်း ပြန်လှည့်လိုက်သည်နှင့် ဟွမ်ယွမ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။
သေခြင်းရှင်ခြင်း ပြန်လည်ပြောင်းလဲခြင်းလား
သူ ဒါကို ဘယ်နှကြိမ် လုပ်နိုင်မလဲ သိချင်မိသား။
သူက လက်သီးဆုပ်ကာ ထပ်မံတိုက်ခိုက်ဖို့ ပြင်လိုက်သည်။
သို့သော်လည်း အပြာဝတ်ရုံနှင့် လူအိုကြီးတစ်ဦးက စင်ပေါ်တွင် ထွက်ပေါ်လာကာ သူ့အား တားဆီးလာသည်။ ထိုလူအိုကြီးတွင် ဆံပင်အဖြူရှိသော်လည်း မုတ်ဆိတ်အဖြူမရှိပေ။ သူ့လက်ချောင်းများက သေးသွယ်နေပြီး သူ့မျက်ဝန်းများက မြွေတစ်ကောင်နှင့်တူကာ သူ့အရှိန်အဝါများက ကောက်ကျစ်ရက်စက်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေ၏။
“ အမွေခံသားတော် ကျုပ်တို့ ရှုံးတာ ဝန်ခံပါတယ်” မဟာမိတ်ခေါင်းဆောင် ရန်ချန်က ပြောလိုက်သည်။
ဝမ်ဝေ့က သူ့အား ကြည့်လိုက်ပြီးနောက် ဟွမ်ယွမ်အား ကြည့်လိုက်သည်။ သူက ဘာမှမပြောသည့်အတွက် ဝမ်ဝေ့က အရှုံးပေးလိုက်သည့် လက္ခဏာဟုသာ ယူဆလိုက်သည်။
သူက ဤတိုက်ပွဲမှ သူ ရရှိလိုက်သည့် ကံကြမ္မာစွမ်းအားကို ခံစားမိလိုက်၏။
ဖုန်းဟွမ်အပေါ် အနိုင်ရရှိမှုကြောင့် ကံကြမ္မာစွမ်းအားရရှိမှုကိုပါ ထည့်ပေါင်းလိုက်လျှင် သူသည် တိထျန်းဆီ ဆုံးရှုံးခဲ့သည့် ပမာဏကို ကာမိလုနီးပါး ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က စာအုပ်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။
ဒီဟာက ငါ့အစီအစဉ်အတွက် အသုံးဝင်လိမ့်မယ် …
ထို့နောက် သူက ဘာမှမပြောဘဲ ထွက်သွားသည်။
တခြားသော မဟာမိတ်ခေါင်းဆောင်များက သူထွက်သွားသည်ကို အေးအေးဆေးဆေးသာ ကြည့်နေကြသည်။ သူ အဝေးသို့ ရောက်သည်နှင့် သူတို့က စတင်ဆွေးနွေးလာကြ၏။
“ ငါတို့က ဒီမျိုးဆက်မှာ ကောင်းကင်ရွေးချယ်ခံကို ပြုစုပျိုးထောင်ဖို့ မဖြုန်းတီးသင့်ဘူးလို့ ပြောသားပဲ” တစ်ယောက်က ပြောလာသည်။
“ ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့ ဆွဲဆောင်မှုကို ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ”
“ ဒီလိုဆိုရင် ငါတို့မှာ အခွင့်အရေးရှိတယ်လို့ ထင်လား”
“ အဲလိုတော့ မဟုတ်ဘူး။ ဟွမ်ယွမ်က အင်အားကုန် မသုံးဘူးဆိုတာ ငါတို့လည်း သိတာပဲ”
“ အဲဒါဆိုတော့ အမွေခံသားတော်က သုံးခဲ့တယ်လို့များ ထင်နေလို့လား”
အဖွဲ့က ငြိမ်သွားပြီးနောက် မဟာမိတ်ခေါင်းဆောင်က ပြောလိုက်သည် “ အမွေခံသားတော်က သူ့အဖေလိုမျိုး ခေတ်ဖိနှိပ် ပါရမီရှင်ဆိုတာ သိတာပဲ။ သူ အနိုင်ရရှိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ငါတို့မှာ အချိန်ရှိသေးတယ်။ ပြီးတော့ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်က ကောင်းကင်ရွေးချယ်ခံတွေ ဒီလိုမျိုး မကောင်းဆိုးဝါးနဲ့ ကွာဟချက်ကို လိုက်မှီနိုင်မဲ့ အချိန်ပဲ”
တခြားလူများက မဟာမိတ်ခေါင်းဆောင် ပြောသည်မှာ အမှန်ဖြစ်ကြောင်း သိကြလေသည်။ စည်းမျဉ်းနားလည်ခြင်းအဆင့်တွင် အမည်မသိ ပါရမီရှင်များသည် ရုတ်ချည်းပေါ်ထွက်လာပြီး ယခင်ကွာဟချက်ကို လိုက်မှီနိုင်သည့် အချိန်ကာလ ဖြစ်၏။ သူတို့က ယခင် အားကောင်းသည့်သူများအား ကျော်တက်နိုင်ကြသည်။
သို့သော်လည်း ထိုခေတ်ဖိနှိပ် ပါရမီရှင်များက ပိုမိုကြောက်မက်ကောင်းလာနိုင်ဖွယ် အခွင့်အရေးလည်း ရှိထားသည်။ နမူနာကောင်းက ယခင်မျိုးဆက်မှ ဝမ်ထျန်း ဖြစ်သည်။
သူတို့က ဝမ်ဝေ့သည် သူ့အဖေနှင့် မတူဖို့ မျှော်လင့်နေကြသော်လည်း ထိုသို့သော အခွင့်အရေးက နည်းပါးကြောင်း သိထားလေသည်။
ရန်ချန်က ဟွမ်ယွမ်အား ကြည့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည် “ ရှုံးနိမ့်မှုတစ်ခုက ဘာမှမဟုတ်ဘူး။ ငါ မင်းကို ပြောခဲ့သလိုပဲ အပြင်မှာ သေခြင်းရှင်ခြင်း စာအုပ်အကူအညီနဲ့ အခွင့်အရေးရှိသေးတယ်”
ဟွမ်ယွမ်က လက်သီးဆုပ်လိုက်ပြီးနောက် အားလုံးကို ဦးညွှတ်ပြီး ထွက်သွားလေသည်။ သူ စဉ်းစားမိသည်က အားပိုကောင်းလာပြီး ဤရှုံးနိမ့်မှုအတွက် လက်စားချေဖို့ရာ ဖြစ်၏။ သူက မည်သို့လုပ်ဆောင်ရမည်ကို အတွေးတစ်ခုရလာသည်။
လက်ရှိ သူက သေခြင်းရှင်ခြင်းစာအုပ်ကို ပဏာမ သန့်စင်ထားခဲ့သောကြောင့် သူ သုံးစွဲနိုင်သည့်စွမ်းအားသည် ကန့်သတ်ချက် ရှိ၏။ သို့သော် ယခုတွင် သူက ထိုစာအုပ်ကို တာအိုသက်သေပြပစ္စည်းအဖြစ် သန့်စင်ဖို့ ဆုံးဖြတ်လိုက်လေပြီ။
ထိုအရာက ကောင်းကင်တာအို၏ မသေနိုင်စွမ်း အကာအကွယ် မရှိဘဲ စွန့်စားရမည်ဖြစ်သော်လည်း သူက အသက်ကို စတေးလျက် စမ်းကြည့်ဖို့ ဆုံးဖြတ်ထားသည်။
“ ခေတ်ဖိနှိပ် ပါရမီရှင်တဲ့လား” ဒုခေါင်းဆောင်တစ်ယောက်က ရေရွတ်လိုက်သည် “ အဲဒါမှ တိမျိုးနွယ်ရဲ့ သခင်လေးက ဘာဖြစ်သွားတာလဲ။ လျို့ဝှက်ကောင်းကင်မျှော်နန်း ပြောတာကတော့ သူက အမွေခံသားတော်ထက် အားကောင်းတဲ့ တစ်ဦးတည်းသောသူဆို။ သူက ကောလဟာလတွေအတိုင်း သေသွားပြီလို့ ထင်လား”
“ အဲလိုမဖြစ်နိုင်ဘူး။ အဲလိုကတော့ မရှိဘူး။ သေဆုံးသွားတယ်ဆိုရင် မိုးမြေက တစ်ကမ္ဘာလုံးကို အသိပေးဖို့ ဖြစ်ရပ်တွေ ထွက်ပေါ်လာမှာပဲ။ ကြည့်ရတာ သူ့ကျင့်ကြံရေးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတဲ့ပုံပဲ။”
“ အဲလိုဆိုရင်တော့ သူ ဒီနှစ်ထောင်ပိုင်းအတွင်းမှာ ပေါ်မလာတာ ရှင်းပြပြီးသားဖြစ်သွားပြီ”
“ သူက ယုံကြည်ချက်လွန်ကဲပြီးတော့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမရောက်ခင် ကျင့်ကြံနေဖို့ ဆုံးဖြတ်ထားတာ ထင်တယ်”
ထိုမတိုင်ခင် ဒုခေါင်းဆောင်များက တိထျန်း၏ ပျောက်ကွယ်သွားမှုနှင့် ပတ်သက်ပြီး မိနစ်ပိုင်းအကြာ ဆွေးနွေးခဲ့ကြသည်။ သူတို့က တစ်ယောက်ယောက်သည် သူ့အား စည်းပိတ်ခဲ့သည်ဟု တွေးပင် မတွေးကြည့်မိခဲ့ပေ။
အနောက်ပိုင်းကုန်းမြေတွင် ပေါ်ထွက်လာသည့် ထူးဆန်းသည့် တောင်တစ်လုံးကို တိမျိုးနွယ်က အပိုင်သိမ်းသွားသောကြောင့် လူများစွာက ထိုအသိက မျိုးနွယ် ပိုင်ဆိုင်ထားသည့် ရှားပါးအရင်းအမြစ်ဖြစ်ကြောင်း ယုံကြည်ထားကြသည်။
ဝမ်ဝေ့က ထွက်လာပြီးသည့်နောက်တွင် နောက်ထပ် နယ်မြေတစ်ခုသို့ ရောက်သည်နှင့် ရပ်တန့်လိုက်သည်။ သူက ကောင်းကင်ထဲတွင် ဝဲပျံနေရင်း သူ ဟွမ်ယွမ်၏ ကံကြမ္မာကြိုးမျှင်မှ တိတ်တဆိတ်ရယူထားသည့် သတင်းအချက်အလက်များကို ပြန်လည်ဖတ်ရှုလိုက်သည်။
သူ့ကံကာကွယ်ရေးစွမ်းအင်က ကံဝဋ်ကြွေးဆေးကြောရေးရေမှာ ရေချိုးခဲ့လို့တဲ့လား။ အတော်လေးကံကောင်းတာပဲ
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ အဝါရောင် သတ္တုလုံးတစ်ခု ပေါ်ထွက်လာသည်။ ဝမ်ဝေ့ ထိုသူ့အား သတ်လိုက်စဉ်အခါက တိတ်တဆိတ် စည်းပိတ်ကာ ယူဆောင်ခဲ့ခြင်းဖြစ်၏။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ စုပ်ယူလိုက်သည်။ သူက ချက်ချင်းဆိုသလို သူ၏ ကံအနှောင်အဖွဲ့ကင်း ခန္ဓာတစ်ပိုင်းက ပိုမိုအားကောင်းလာသည်ဟု ခံစားမိလိုက်ပြီး သေမျိုးကံကြမ္မာအားလုံးမှ လွတ်မြောက်ဖို့ ခြေတစ်လှမ်း နီးကပ်လာပြီဖြစ်၏။
နှမြောစရာပဲ။ ငါ့ဆီမှာ အဲဒီရေသာရှိထားရင် အစစ်အမှန် အနှောင်အဖွဲ့ကင်းခန္ဓာကိုယ်ကို ကျင့်ကြံနိုင်လိမ့်မယ်
သူက ခေါင်းခါလိုက်ပြီးနောက် သူ ရရှိထားသည့် မှတ်ဉာဏ်များအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ဟွမ်ယွမ်သည် သူ့အား သစ္စာဖောက်ခဲ့သည့် အမျိုးသမီးကို လုပ်ခဲ့သည့်ကိစ္စများကို အနည်းငယ် စဉ်းစားကြည့်မိသည်။
ငါ ဒီစာအုပ်ကို လက်ထဲရဖို့ ဖန်ချင်းဟန်ကို အသုံးချလိုက်ရမလား…
နောက်ဆုံးတွင် သူက သူတောင်းစားအိုကြီးကို တွေ့ဖို့ ထွက်သွားလေသည်။