← Chapters

နည်းလမ်းအမျိုးမျိုး

Vol. 33 Ch. 461

နည်းလမ်းအမျိုးမျိုး

Vol. 33 Ch. 461

အခန်း (၄၆၁) : နည်းလမ်းအမျိုးမျိုး

ဝမ်ဝေ့က သွေးမြေတားမြစ်နယ်မြေဆီ သူတောင်းစားအိုကြီးနှင့် တွေ့ဆုံဖို့ သွားရောက်လိုက်သည်။ သူ့အိမ်ငယ်လေးအတွင်း ဝင်ရောက်ပြီးနောက် သူက ကျန့်ဝူရွှမ်း၏ စစ်ဆေးမှုအကြောင်းနှင့် ပင်ကိုစည်းမျဉ်းအကြောင်း တွေ့ရှိချက်အား ပြောပြလိုက်သည်။

ထို့နောက် သူက သူ နားမလည်သည့် အရာများအား မေးမြန်းလိုက်၏။

သူတောင်းစားအိုကြီး၏ မျက်ဝန်းက ချက်ချင်းဆိုသလို ရွှေရောင်ပြောင်းလဲသွားကာ တစ်စုံတစ်ခုကို တွက်ချက်နေဟန်ပေါ်သည်။ တည်ရှိသည့် ဗဟုသုတအားလုံးက သူ့မျက်ဝန်းအတွင်း ထင်ဟပ်သွားသလိုမျိုး ဖြစ်၏။

“ မင်းမေးခွန်းရဲ့ အဖြေတွေက အတူတူပဲ။ ကျန့်ဝူရွှမ်းရဲ့ အခြေအနေက ပဲ့တင်ထပ်မှု စည်းမျဉ်းသဘောတရား ပါဝင်နေတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့အဖေသည် သူ့ငယ်စဉ်အခါက ထိုအခေါ်အဝေါ်ကို သုံးစွဲခဲ့ဖူးကြောင်း အမှတ်ရလိုက်သည်။ သို့သော် သူ့အဖေက တစ်ခါမှ ရှင်းမပြခဲ့ဖူးပေ။

“ ဓားသမားတွေအတွက် စည်းမျဉ်းနဲ့ ပတ်သက်ပြီးတော့ လိုက်နာနိုင်တဲ့ လမ်းစဉ်သုံးခု ရှိတယ်” သူတောင်းစားအိုကြီးက ဆက်ပြောလိုက်သည် “ ပထမတစ်ခုက သန့်စင်တဲ့ ဓားစည်းမျဉ်းကို နားလည်ထားဖို့ပဲ။ ဒုတိယတစ်ခုက ဓားစည်းမျဉ်းကို တခြားစည်းမျဉ်းနဲ့ ပေါင်းစပ်ဖို့။ နောက်ဆုံးလမ်းစဉ်က ဓားစည်းမျဉ်းကို နားလည်ဖို့ ပဲ့တင်ထပ်မှု စည်းမျဉ်းကို အသုံးပြုတာပဲ။

မင်းအဖေလိုမျိုး သန့်စင်တဲ့ ဓားစည်းမျဉ်းကျင့်ကြံသူတွေက  သူတို့က ဓားကို ယုံကြည်ထားပြီးတော့ အကြွင်းမဲ့တိုက်ခိုက်ရေးတာအိုအဖြစ် သတ်မှတ်ထားကြတယ်။ သူတို့က ဓားတစ်ချောင်းနဲ့ အသင်္ချေစည်းမျဉ်းကို ချိုးဖျက်နိုင်တယ်ဆိုတဲ့ အခြေအနေနောက်ကို လိုက်တာမလို့ အားအကောင်းဆုံး ဓားသမားတွေပဲ …

သူတို့က ဖြတ်တောက်ခြင်း၊ ပိုင်းဖြတ်ခြင်း ဒါမှမဟုတ် ထိုးဖောက်ခြင်းစတဲ့ အခြေခံကျတဲ့ ဓားရေးနည်းစနစ်တွေကို နားလည်ပြီးတော့ အထွတ်အထိပ်စည်းမျဉ်းအဖြစ် ပြောင်းလဲနိုင်ကြတယ်။

ဒုတိယလမ်းစဉ်က ကျန့်ဝူရွှမ်းလိုမျိုး သူတို့ရဲ့ဓားနဲ့ တခြားစည်းမျဉ်းကို ကျင့်ကြံတဲ့ ဓားသမားတွေပေါ့။ ဒီလမ်းစဉ်က တားမြစ်ခံဖြစ်လာနိုင်တဲ့ ဓားသမားတွေ ပါဝင်တယ်။

နောက်ဆုံးလမ်းစဉ်က သန့်စင်တဲ့ ဓားစည်းမျဉ်းကို ကျင့်ကြံတဲ့သူတွေပဲ။ ဒါပေမဲ့ သူတို့ရဲ့ ပါရမီ၊ စိတ်ဓာတ်ခိုင်မာမှု ဒါမှမဟုတ် ဓားဆန္ဒက ပထမလမ်းစဉ်ကို ရောက်ဖို့ မလုံလောက်ဘူး။ အဲဒါကြောင့် သူတို့က တိုက်ခိုက်ရေး စွမ်းအားရဲ့ ဟာကွက်ကို ဖြေဖို့ နောက်ထပ် နည်းလမ်းကို ရွေးချယ်ခဲ့ကြတယ်။

သူတို့က သူတို့ရဲ့ ဓားနှလုံးသားကို ဖျက်ဆီးပြီး အားနည်းသွားစေမဲ့ တခြားစည်းမျဉ်းကို နားမလည်ချင်ကြဘူး။ အဲဒါကြောင့် သူတို့က ပဲ့တင်ထပ်မှု စည်းမျဉ်းနည်းလမ်းကို ဖန်တီးခဲ့ကြတယ်။ သူတို့က တခြားအရာနဲ့ စည်းမျဉ်းပဲ့တင်ထပ်မှုကို အသုံးချပြီးတော့ သူတို့ရဲ့ စွမ်းအားကို ငှားယူနိုင်တယ်။

ကျန့်ဝူရွှမ်းရဲ့ အခြေအနေမှာတော့ သူက အဆုံးမဲ့တာအို ကျင့်ကြံတာကို စွန့်ပယ်ပြီးတော့ ပဲ့တင်ထပ်မှု စည်းမျဉ်းကို ကျင့်ကြံခဲ့တာ။ အတိအကျဆိုရရင်တော့ သူက တားမြစ်ခံတစ်ယောက် ဖြစ်မလာသေးခင်တုန်းက တတိယလမ်းစဉ် ရှိခဲ့ဖူးတဲ့ အခြေအနေကို ပြန်ရောက်သွားတာမျိုးပဲ”

ထိုသတင်းအချက်အလက်ကို စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုအရာသည် အတွေးအခေါ်ပိုင်း တိုက်ပွဲဖြစ်ကြောင်း နားလည်လိုက်၏။ ဓားသမားများသည် သူတို့၏ ဓားနှလုံးသားနှင့် ဓားဆန္ဒ၏ သန့်စင်မှုအပေါ် အာရုံစိုက်ထားကြသည်။

နမူနာကောင်းက သူ့အဖေ ဖြစ်၏။

သူက သူ့အသက်နှင့် နှလုံးသားကို ဓားဆီ ပုံအပ်ထားပြီး ဓားအပေါ် သက်ရောက်မှု မရှိအောင် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ပင် လက်လျှော့ခဲ့သည်။

ဝမ်ဝေ့က တချို့ဓားသမားများသည် သူ့ထက်ပင် အစွန်းရောက်ပြီး ဓားအပေါ် ချစ်မြတ်နိုးမှုကြောင့် မိသားစု ရှိခြင်း သို့မဟုတ် လက်ထပ်ဖို့ရာအတွက် ငြင်းဆန်ကြသည်။

အများစုကမူ သူ့အဖေလို မဟုတ်ကြပေ။ အကြောင်းမှာ ဝမ်ထျန်းက သူတို့လိုမျိုး ဓားအပေါ် အကုန်ပုံအပ်မထားသော်လည်း အလွန်အားကောင်းနေ၍ ဖြစ်သည်။

ဓားတာအိုတွင် သန့်စင်နှုန်းက ဓားသမားတစ်ယောက် မည်မျှအားကောင်းသည်ကို ဆုံးဖြတ်ပေးနိုင်၏။ ဒုတိယလမ်းစဉ် သို့မဟုတ် တတိယလမ်းစဉ်ဖြစ်စေကာမူ သူတို့က ဒုတိယတစ်ခုထက် ပိုမိုအားကောင်းလေ့ရှိသည်။

ခြွင်းချက်ကမူ ဒုတိယလမ်းစဉ်က တားမြစ်ခံတစ်ယောက် ဖြစ်လာသည့်အခါတွင်သာ ဖြစ်၏။ အချိန်၊ ဖျက်ဆီးခြင်းကို ကျင့်ကြံသည့် ဒုတိယလမ်းစဉ်သမားများကသာ ပထမလမ်းစဉ်နှင့် ယှဉ်နိုင်လေသည်။ အကယ်၍ သူတို့က ပိုအားမကောင်းလျှင်ပင် သူတို့၏ ဓားစည်းမျဉ်းဖြင့် အတော်လေး ပါရမီထူးလာကြသည်။

“ အဲဒါဆိုတော့ ခင်ဗျား ပြောချင်တာက ကျုပ်က ဓားတာအိုရဲ့ တတိယလမ်းစဉ်လိုမျိုး ပြောင်းလဲလိုက်လျှင် ဒီစစ်ဆေးမှုအောင်မြင်မယ်လို့ ပြောချင်တာလား” ဝမ်ဝေ့က လေထဲတွင် ရေးကာ မေးလိုက်သည်။

“ ဖြစ်နိုင်တယ်။ မင်းရဲ့ သတင်းအချက်အလက်နဲ့ဆိုရင် ကောင်းကင်တာအိုက တားမြစ်ခံတွေကို သူတို့ရဲ့ တာအိုကို အားလျှော့ချလိုက်တာနဲ့ အောင်မြင်ဖို့ ခွင့်ပြုပေးထားတယ်ဆိုတာ သိသာတယ်။ တကယ်လို့ မင်း အဲ့လိုလုပ်မယ်ဆိုရင် မင်း အသုံးပြုနိုင်မဲ့ ကံကြမ္မာစွမ်းအားက မှေးမှိန်သွားလိမ့်မယ်။

မင်းက အဲဒီလမ်းစဉ်ထဲကို ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ဒါက ငါတို့လို အထွတ်အထိပ် တားမြစ်ခံတွေအတွက် အသုံးဝင်ရဲ့လားတော့ မသိဘူး။ နောက်ဆုံးတော့ မင်းရဲ့ တာအိုနှလုံးသားက ဒီအကြွင်းမဲ့ လွတ်လပ်ခွင့်နောက်လိုက်နေတဲ့အချိန်မှာ ဒီလိုအရာမျိုးကို ဘယ်တော့မှ မလုပ်ဘူးဆိုတော့ ဒီမေးခွန်းက မေးနေလို့ အကျိုးမရှိဘူး”

ဝမ်ဝေ့က သူတောင်းစားအိုကြီးသည် မှန်ကန်ကြောင်း သိလိုက်သည်။ သူက ထိုစစ်ဆေးမှုကို အောင်မြင်ကာ ကံကြမ္မာတာအိုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းကိုသာ ရှာဖွေလိုသည်။ အကယ်၍ သူ့အပေါ် မူတည်နေပါက သူသည် ကောင်းကင်တာအိုအား ရိုက်နှက်ကာ သူ့ကို စမ်းသပ်ဖို့ မည်သူက ခွင့်ပေးထားလဲဟု မေးမြန်းချင်မိသည်။

ကံဆိုးစွာဖြင့် သူ့အနေနှင့် ထိုသို့မတတ်နိုင်ပေ။

“ အဲဒါဆို ပင်ကို စည်းမျဉ်းကရော ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ ကမ္ဘာဦးနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးတွေက ပင်ကိုစည်းမျဉ်းတွေကို အသုံးပြုနိုင်ကြတယ်။ အကယ်၍ လူသား ဒါမှမဟုတ် ဟော်သဲ့သက်ရှိတွေက အဲဒါကို အသုံးပြုချင်ရင် သူတို့က ပင်ကိုရတနာတွေအပေါ်မှာ မှီခိုရမယ်။ အဲဒါကြောင့် ကန့်သတ်ချက်တော့ ရှိပေမဲ့ အလုပ်ဖြစ်နိုင်တယ်”

ဝမ်ဝေ့က ထိုစစ်ဆေးမှုကို အောင်မြင်ဖို့ နည်းလမ်းတစ်ခုသည် ကျင့်ကြံမည့် စည်းမျဉ်း၏စွမ်းအားကို ကန့်သတ်လိုက်ခြင်း သို့မဟုတ် ပင်ကိုရတနာများ၏ အကူအညီကို ရယူခြင်း သို့မဟုတ် ပဲ့တင်ထပ်မှုကဲ့သို့သော စည်းမျဉ်းနည်းစနစ်ကို အသုံးပြုခြင်းတို့ ဖြစ်ကြောင်း သိလိုက်သည်။

သို့သော်လည်း သူက ထိုသို့သော နည်းလမ်းမျိုးကို အသုံးမပြုလိုပေ။ စကားဝိုင်းအပြီးတွင် သူက အတွေးတစ်ခုပေါ်လာကာ သတင်းအချက်အလက် ထပ်မံရယူလိုသည်။

“ အဲဒါဆို ပင်ကိုစည်းမျဉ်းတွေနဲ့ ထူးခြားနေတာက ဘာလဲ။ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေက ဘာလို့ တားမြစ်ခံ ဖြစ်မလာကြတာလဲ”

“ ပင်ကိုနတ်ဆိုးနတ်ဘုရားအများစုက သူတို့မွေးဖွားလာကတည်းက စည်းမျဉ်းရဲ့ ကန့်သတ်ချက်ကို ခံထားရတယ်။ အဲဒါကြောင့် မီးဓာတ်ကမ္ဘာဦးနတ်ဘုရားက မီးဓာတ် ပင်ကိုစည်းမျဉ်းကိုပဲ ကျင့်ကြံနိုင်တယ်”

အော် ဒါဆိုတော့ ကန့်သတ်ချက်ပဲကိုး…

ဤစစ်ဆေးမှု၏ ရည်ရွယ်ချက်တစ်ခုလုံးက လူတစ်ယောက်သည် ထိုအားကောင်းသည့် စည်းမျဉ်းများကို ကျင့်ကြံဖို့ ထိုက်တန်လားဟု သက်သေပြဖို့ရာ ဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက ကျင့်ကြံသူများသည် သေဆုံးသွားနိုင်သလို၊ တားမြစ်ချက်များ ထားရှိခြင်း သို့မဟုတ် သူတို့ကိုယ်သူတို့ အားနည်းခြင်းများ ဖြစ်သွားနိုင်သည်။

“ အဲဒါဆို ပင်ကိုစည်းမျဉ်းတွေက ထူးဆန်းနေတာ ဘာလဲဆိုတော့” သူတောင်းစားအိုကြီးက ဆက်ပြောလိုက်သည် “ ဘယ်ကမ္ဘာကမှ ပင်ကိုစည်းမျဉ်းကို မတားဆီးနိုင်ဘူးလို့ သိထားတယ်”

ဝမ်ဝေ့က ထိုစကား၏ နောက်ကွယ်မှ ဆိုလိုရင်းအား နားလည်လိုက်သည်။

ကမ္ဘာ့အသိုက်အဝန်းရှိ ကမ္ဘာအသီးသီးတွင် စည်းမျဉ်းများ ကွဲပြားလေသည်။ ကျင့်ကြံသူများသည် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် မိုးမြေစည်းမျဉ်းအား နားလည်ထားရမည်။

သို့သော်လည်း သူတို့နားလည်ထားသည့် စည်းမျဉ်းများက အသင်္ချေအင်ပါယာကမ္ဘာ၏ စည်းမျဉ်းသာ ဖြစ်၏။ အကယ်၍ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက အဆုံးမဲ့လေဟာနယ်အတွင်း သွားလာစဉ် တခြားကမ္ဘာ၏ စည်းမျဉ်းများအား အသားကျဖို့ အချိန်ယူရမည်။

ထို့ကြောင့် ဝမ်ဝေ့က ကောင်းကင်နက်နဲ ကုန်းမြေ၏ နေမင်းအပေါ်တွင် အစီအရင် ခင်းကျင်းဖို့ အံ့ဖွယ်အစီအရင်တချို့ကို ဆင့်ကဲပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။

ဤသည်က စည်းမျဉ်းအသားကျမှု ပြဿနာသည် အရေးကြီးကာ ကျင့်ကြံရေးနည်းစနစ်သည် မည်မျှကြီးမြတ်ကြောင်း ဆုံးဖြတ်ပေးနိုင်သည်။ နမူနာအားဖြင့် မူလနည်းစနစ်တွင် ထိုပြဿနာက သူတော်စင်အဆင့်တွင်သာ တည်ရှိ၏။

ကျင့်ကြံသူများက သူတို့၏ ပိုင်နက်ဖြင့် မိုးမြေစည်းမျဉ်းကို အတင်းအကြပ် ပြောင်းလဲနိုင်ကြသည်။ သူတို့က အသားကျအောင်လုပ်ဖို့ မလိုအပ်ပေ။ အထွတ်အထိပ် နယ်ပယ်အဆင့်တွင် သူတို့၏ ဓမ္မခန္ဓာကိုယ်က သူတို့၏ စည်းမျဉ်းပြယုဂ် ဖြစ်သည့်အတွက် အသုံးပြုဖို့ရာအတွက် အသားကျနေဖို့ မလိုအပ်တော့ပေ။

ထို့အပြင် သူတို့၏ စည်းမျဉ်းများက ထိုအဆင့်တွင် တာအိုအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။

ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ကျင့်ကြံသူများသည် သူတို့၏ ဓမ္မခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ တာအိုခန္ဓာ ဖြစ်လာကြသည်။ သူတို့၏ စည်းမျဉ်း၏ အရင်းအမြစ်ဖြစ်စေသည့် တာအိုသစ်သီး ရှိလာပြီး မိုးမြေမှ ကန့်သတ်ခြင်း မခံရတော့ပေ။

တခြားသော ကျင့်ကြံရေး နည်းစနစ်များက ပိုင်နက်၊ လေဟာနယ်ချိုင့်ဝှမ်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း စကြဝဠာတို့ကို အသုံးပြုကြသည်။

သို့သော်လည်း နက်နဲစွမ်းအား နည်းစနစ်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် တူညီသည့်အဆင့်မျိုးကို ကျင့်ကြံရာတွင် ထိုသို့သော ပြဿနာကို ရင်ဆိုင်ရဆဲ ဖြစ်၏။

သူတောင်းစားအိုကြီး၏ စကားအပေါ် မူတည်၍ ပင်ကိုနတ်ဆိုး နတ်ဘုရားအားလုံးသည် ထိုစွမ်းရည်ဖြင့် မွေးဖွားလာကြလေသည်။

ဒီပင်ကိုသက်ရှိတွေက ကောင်းကင်ဘုံရဲ့ မျက်နှာသာအပေးခံရတဲ့သူတွေပဲ။ သူတို့မှာ တားမြစ်ချက်တွေ ရှိနေပေမဲ့ပေါ့…။ အဲဒါကြောင့် ငါကသာ ကံကြမ္မာပင်ကိုစည်းမျဉ်းနဲ့ ကမ္ဘာဦးနတ်ဘုရားအဖြစ် ပြောင်းလဲနိုင်ရင် ငါက ဒီစစ်ဆေးမှုကို အောင်မြင်မှာလား

သူက မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲခြင်း ၁၂ မျိုးနှင့် နဂါးရိုး ရှိထားလေရာ ထိုသို့သော နည်းလမ်းကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ ထိုနည်းလမ်းသည် အလုပ်ဖြစ်ရဲ့လားဟု စမ်းကြည့်လိုက်သည်။ သူက သူတောင်းစားအိုကြီးအား အခန်းငယ်တစ်ခုတောင်းကာ သူ့အစီအရင်များအား ခင်းကျင်းလိုက်ပြီး ထိုအစီအစဉ်၏ ဖြစ်နိုင်ချေရှိ၊ မရှိကို တွက်ချက်ချလိုက်သည်။

အနာဂတ်ဗုဒ္ဓကိုယ်ဖြင့် သူက သူ့လက်ရှိဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်အပေါ် မူတည်၍ အချိန်စက်ဝန်းအမျိုးမျိုးကို မြင်တွေ့ရသည်။ ဝမ်ဝေ့က ကောက်ချက်ချဖို့ရာအတွက် သူ့ဝိညာဉ်ကို အနည်းငယ် သုံးစွဲခဲ့ရသည်။

တစ်လကြာမြင့်ပြီးနောက်တွင် သူက ပင်ပန်းနေသည့် အကြည့်ဖြင့် မျက်လုံးဖွင့်လာသည်။

ငါက အနာဂတ်ဗုဒ္ဓကျမ်းကို တွက်ချက်ချမှုကို တိုးမြှင့်ဖို့ နည်းလမ်းရှာရမယ် …

ဝမ်ဝေ့က အချိန်စက်ဝန်းတချို့ကို မြင်လိုက်ရသော်လည်း တူညီသည့်ပြဿနာ ကြုံတွေ့နေရဆဲ ဖြစ်၏။ ထိုနည်းလမ်းက အချိန်များစွာ လိုအပ်လိမ့်မည်။ ဆင့်ကဲခြင်း ၁၀ ဆင့်အထိ ရောက်ပြီးသည့်နောက်မှသာ ဝမ်ဝေ့က ပင်ကိုသက်ရှိအဖြစ် ပြောင်းလဲနိုင်ပြီး မကောင်းဆိုးဝါး နတ်ဘုရား ဖြစ်လာလိမ့်မည်။

သို့သော်လည်း ထိုသို့သော အဆင့်မျိုးက မဟာဧကရာဇ်၏ ပိုင်နက် သို့မဟုတ် တူညီသည့်အဆင့်မျိုး ပါဝင်နေလေသည်။ သူနှင့် မသေမျိုးသက်ရှိများကြားမှ ကွာဟချက်ကို အမှီလိုက်နိုင်ဖို့အတွက် အချိန်များစွာ လိုအပ်ပေသည်။ သူ့တွင် အချိန်က မရှိပေ။

သူ မြင်ခဲ့သည့် အချိန်စက်ဝန်းတိုင်း တစ်စုံတစ်ခုက သူ့အား တာအိုအခွင့်အလမ်းဂိုဏ်းမှ ထွက်သွားဖို့ အတင်းအကြပ် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သူက သူ ဂိုဏ်းမှ ထွက်သွားဖို့ ငြင်းဆန်သည့် အချိန်စက်ဝန်းတစ်ခုကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ရလဒ်က သူသည် သူ့စမ်းသပ်မှုအတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားကာ လေဟာနယ် အက်ကြောင်းပေါ်လာပြီး သူ့အား ဝါးမျိုသွားပြီး တခြားနေရာသို့ ကူးသန်းပို့ဆောင်ပေးလိုက်လေသည်။

ထို့နောက် သူက သေဆုံးသွားလေ၏။

တခြားစက်ဝန်းတစ်ခုတွင် တစ်စုံတစ်ယောက်က ဂိုဏ်းအတွင်း ခိုးကြောင်ခိုးဝှက်ဝင်လာကာ သူ့အား သတ်ဖြတ်ခဲ့သည်။ နောက်ထပ်အချိန်စက်ဝန်းတစ်ခုတွင် သူက ဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွင်း ပုန်းအောင်းနေသော်လည်း ကြုံရာကျပန်း သဘာဝမဆန်သည့် ဖြစ်ရပ်မျိုး ပေါ်ထွက်လာကာ တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံး၏ လုပ်ဆောင်မှုကို နှောင့်ယှက်ခဲ့သည်။

ထို့နောက် တစ်စုံတစ်ယောက်က လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ကာ သူ့အား သတ်ဖြတ်ခဲ့၏။ သူ့အား သတ်ဖြတ်သူမှာ အမြဲတမ်း ဓားမော့နှင့် အရိပ်တစ်ခု ဖြစ်ပေသည်။

သူက မိစ္ဆာနတ်ဘုရားအစား ကမ္ဘာဦးနတ်ဘုရား ဖြစ်သည့် အခြေအနေကို ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ ချီပန်းပွင့်က ပင်ကိုချီကို ထုတ်လွှတ်ပေးပြီး နဂါးရိုးနှင့် မကောင်းဆိုးဝါးနတ်ဘုရားကျမ်းတို့ဖြင့် သူက နောက်ဆုံးအချိန်အတွက် လိုအပ်သည့်အချိန်ကို လျှော့ချနိုင်ခဲ့သည်။

သို့သော် ထိုအရာက မလုံလောက်သေးပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့တွက်ချက်မှုများအား အကြောင်းအရင်းသုံးခုကြောင့် ရပ်တန့်လိုက်သည်။

ပထမဦးစွာ သူ့အနာဂတ်ဗုဒ္ဓကိုယ်သည် အချိန်စက်ဝန်းအမျိုးမျိုးတွင် ကောက်ချက်ချရာ၌ အလွန်နှေးကွေးကြောင်း သိရှိလိုက်ရသည်။ ဤသည်က သူသည် အချိန်စက်ဝန်းကို တိုတောင်းလိုလျှင် သူ့ကိုယ်သူ အရမ်းဖိအားပေးသလို ဖြစ်နေသည့်အတွက် ထိုအရာကို ပြင်ဆင်ဖို့လိုအပ်သည်။

ဒုတိယအနေဖြင့် သူ့အလိုလိုသိစိတ်က ထိုအရာသည် သူ့အတွက် အကောင်းဆုံးမဟုတ်ကြောင်း ပြောနေလေသည်။ အနည်းဆုံးတော့ အကယ်၍ အောင်မြင်လျှင်ပင် အကျိုးဆက်များ ရှိနေလိမ့်မည်။ ပြောရလျှင် သူသည် လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းသည့်လမ်းစဉ်မှ အခွင့်အရေးကြီးတစ်ခုနှင့် လွဲချော်သွားသလိုမျိုး ဖြစ်လိမ့်မည်။

ဝမ်ဝေ့က ထိုဓားမော့ကိုင်ဆောင်သူအား ရှောင်လွဲမည့်အစား အနိုင်ပိုင်းမှသာ သူ့ ကျင့်ကြံရေးလမ်းစဉ်သည် အကျိုးအမြတ် ရရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ အနိုင်ရရှိသူကသာ သူ့စိတ်အခြေအနေကို သိမ်မွေ့စေနိုင်ပြီး လူသတ်သမား ရရှိထားသည့် ရတနာ သို့မဟုတ် ကျင့်စဉ်များက သူ့အတွက် အကျိုးရှိလာစေလိမ့်မည်။

ဒီဓားမော့ မကောင်းဆိုးဝါးက အရမ်းကို အားကောင်းလွန်းတာလား။ သူက အားကောင်းလွန်းတာ မဟုတ်ဘဲနဲ့ အရမ်းဉာဏ်ကောင်းလွန်းတာများလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။

သူ ရပ်တန့်လိုက်ရသည့် တကယ့်အကြောင်းအရင်းက သူ့တွင် နောက်ထပ် အတွေးတစ်ခု ရှိလာ၍ ဖြစ်သည်။ ထို့ကြောင့် သူက သူတောင်းစားအိုကြီးကို သွားရောက်တွေ့ဆုံမေးမြန်းလိုက်၏။

ဟွင်သွမ်းရုပ်ခန္ဓာနှင့် လူများသည် တားမြစ်တာအိုများကို ကျင့်ကြံရင်းဖြင့် အောင်မြင်နိုင်ကြသည်။ အကယ်၍ သူတို့က အထွတ်အထိပ်တာအိုကို ကျင့်ကြံနိုင်လျှင် မည်သို့ဖြစ်သွားမည်နည်း။ သူတို့က အထွတ်အထိပ် တားမြစ်ခံဖြစ်မည်လား။ သို့မဟုတ် ပုံမှန်တားမြစ်ခံ ဖြစ်လာမည်လား။

သူတောင်းစားအိုကြီးက ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် သူ့မျက်လုံးများက ရွှေရောင်ပြောင်းလဲသွားသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ပြန်ဖြေလိုက်၏။

“ သူတို့က အထွတ်အထိပ် တာအိုကို အကျိုးဆက် မခံစားရဘဲ ကျင့်ကြံနိုင်တယ်။”

ထင်ထားတဲ့အတိုင်းပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ကောင်းကင်တာအိုက ကောင်းကင်ရုပ်ခန္ဓာကို ကောင်းချီးပေးထားတာပဲ။ အဲဒါဆိုတော့ ပြီးတော့ ပထမဆုံးနဲ့ အလားအလာအကောင်းဆုံး ရုပ်ခန္ဓာအဖြစ် မျက်နှာသာပေးခံရတာလည်းရှိမှာပဲ…

ထိုအရာက မမျှတသော်လည်း စကြဝဠာတွင် မျှတသည့် အရာဟူ၍ မရှိပေ။ အထူးသဖြင့် ကျင့်ကြံရေးလောကတွင် ဖြစ်၏။

“ မင်းက လင်းဖန်ရဲ့ ရုပ်ခန္ဓာကို ရယူပြီးတော့ စမ်းသပ်မှုကို အောင်မြင်ချင်တာလား” သူတောင်းစားအိုကြီးက မေးလိုက်စဉ် ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ ပြောရရင်တော့ ကောင်းကင်ရုပ်ခန္ဓာ နှစ်ခုရှိဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဓာတ်ငါးပါးနန်းတော်ရဲ့ ဒုတိယဧကရာဇ်က ကမ္ဘာဦးမွန်မြတ် ဧကရာဇ်သည် ဓာတ်ငါးပါးမျှခြေညီခန္ဓာနဲ့ ယင်ယန်မျက်ဝန်းရှိတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ အဲဒါကြောင့် အဲဒါက ဖြစ်နေနိုင်တယ်”

ဓားမော့ မကောင်းဆိုးဝါးသည် သူ့အား အလျင်အမြန် သတ်ဖြတ်နိုင်ရသည့် အကြောင်းအရင်းမှာ ကောင်းကင်တာအို၏ အကူအညီကြောင့်ဖြစ်မှန်း ယုံကြည်ထားသည်။ နမူနာကောင်းက သူသည် ထိုသူတို့အကြောင်းကို သတင်းအချက်အလက် အနည်းငယ်ပင် ရှာမတွေ့၍ ဖြစ်သည်။

ကောင်းကင်တာအိုသည် သူနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်အားလုံးကို ဖုံးကွယ်ထားဟန်ပေါ်၏။

အကယ်၍ သူသာ စစ်ဆေးမှုကို အောင်မြင်ပြီး ဓားမော့ကိုင်ဆောင်သူအပေါ် ကောင်းကင်တာအို၏ ကာကွယ်မှုကို ဖယ်ရှားနိုင်လျှင် သူသည် ထိုသူ့အား ရှာဖွေကာ သတ်နိုင်လိမ့်မည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူတောင်းစားအိုကြီးအား စာချုပ်တစ်ခု ပေးလိုက်သည်။ ထို့နောက် သူက လေထဲတွင် ရေးသားလိုက်၏။

“ လက်မှတ်ထိုးလိုက်။ ပြီးရင် ခင်ဗျားရဲ့ ကံကြမ္မာကြိုးမျှင်ကို ဖတ်မယ်”

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့ထွက်ပေါ်လာသည်။

သူတောင်းစားအိုကြီးက အကြောင်းအရင်းကို နားလည်ကာ လက်မှတ်ထိုးလိုက်၏။ သူက အများကြီးသိထားလေရာ စစ်ဆေးမှုတွင် ထိုအရာဖြင့် သူ့အား ဆန့်ကျင်နိုင်လေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်း မရှိ လက်မှတ်ထိုးလိုက်သည်။

သူတောင်းစားအိုကြီးက သူ့ဝန်းကျင်တွင် အစီအရင်များ ရှိထားသော်လည်း ထိုမကောင်းဆိုးဝါးသာ သူ့အား သတ်လိုလျှင် ရပ်တန့်နိုင်မည် မဟုတ်ကြောင်း သိထားလေသည်။ သူ့အစီအရင်အများစုက ပုန်းအောင်းဖို့ ရည်ရွယ်ချက်ဖြင့်သာ ဖြစ်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။

စာချုပ်ကို လက်မှတ်ထိုးပြီးသည့်နောက်တွင် သူတောင်းစားအိုကြီး၏ ကံကြိုးမျှင်ကို ဖတ်ရှုပြီးနောက် ဝမ်ဝေ့က ခေါင်းညိတ်လိုက်ကာ သံသယအများစုကို ဖယ်ရှားလိုက်သည်။ ထို့အပြင် သူက သူ့အား အကျိုးအမြတ် ရရှိနိုင်မည့် လျှို့ဝှက်ချက်တချို့ကို သင်ယူလိုက်ရ၏။

သူက သူတောင်းစားအိုကြီးသည် သူ့တာအိုအတွက် စမ်းသပ်မှုကို အောင်မြင်ရန် ပင်ကိုရတနာရှာဖွေနေဖို့ စီစဉ်နေကြောင်း သိလိုက်ရသည်။

ထို့နောက် သူက ထွက်လာလိုက်၏။ သူက အနာဂတ်ဗုဒ္ဓကိုယ် စွမ်းဆောင်ရည်အပေါ် မည်သို့တိုးမြှင့်နိုင်ကြောင်း အတွေးတစ်ခုရှိလာသည့်အတွက် လုပ်ဆောင်ဖို့ အကောင်အထည် ဖော်လိုက်သည်။

All Chapters