အကြိမ်များစွာ
Vol. 33 Ch. 462
အခန်း (၄၆၂) : အကြိမ်များစွာ
ဝမ်ဝေ့က အလယ်ပိုင်းကုန်းမြေရှိ ရွာငယ်လေးဆီ ပြန်ရောက်လာသည်။ သူက လေထဲတွင် မြောလွင့်နေရင်း အစိမ်းရောင်ဆံပင်ရှိသည့် မိန်းမလှတစ်ဦးအား ကြည့်နေလေ၏။ ကောင်းကင်မှ အလင်းပျောက်မြောက်များစွာက သူမ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမနှင့်တူသည့် ကိုယ်ပွားတစ်ခုက ပေါ်ထွက်လာ၏။ ထိုကိုယ်ပွားတွင် ဆံပင်အနက်ရောင် ရှိလေသည်။
ထိုကိုယ်ပွား ပေါ်ထွက်လာသည်နှင့် သူမက ရွာငယ်လေးအတွင်း မဝင်ရောက်ခင် သူမ၏ မျက်နှာကို သာမန်ပုံစံအမျိုးသမီးအဖြစ် ပြောင်းလိုက်၏။
သူမရဲ့ ကျမ်းက ငါ့လက်ရှိပြဿနာကို ကူညီပေးနိုင်လောက်တယ် …
ထို့နောက် ဝမ်ဝေ့၏ စိတ်ထဲတွင် အနာဂတ် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက စုယာနှင့် အလဲအလှယ်လုပ်ဖို့ ကြိုးစားသော်လည်း သူမက ငြင်းပယ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့က တိုက်ခိုက်ခဲ့၏။ ဝမ်ဝေ့က နောက်ထပ် အနာဂတ်ကို မြင်ရဖို့ အချိန်စွမ်းအားကို ထိန်းချုပ်လိုက်သည်။
သူက သူမအား ခိုးကြောင်ခိုးဝှက်တိုက်ကာ သူမ၏ မှတ်ဉာဏ်များကို ဖတ်ရှုဖို့ ကြိုးစားရင်း သူမ၏ ဝိညာဉ်မှ သူ အလိုရှိသည့်အရာကို ရယူဖို့ ကြိုးစားနေစဉ် သူမက သူမဘာသာသူမ ဖောက်ခွဲပစ်ခဲ့သည်။
ထို့ကြောင့် သူက တတိယမြောက် အနာဂတ်ကို စတင်သုံးသပ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ မစတင်ခင် ကြည်လင်ပြတ်သားသည့် အသံတစ်သံကို ကြားလိုက်ရ၏။
“ ရှင် ဒီမှာ ရှိတာသိတယ်။ ထွက်ခဲ့”
ဝမ်ဝေ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူမက မည်သို့အာရုံခံမိကြောင်း စဉ်းစားနေသည်။ သူက ဘေးပတ်လည်ကို ကြည့်ကာ သူမက တခြားတစ်ယောက်ကို ပြောနေတာလားဟု စစ်ဆေးကြည့်လိုက်သော်လည်း သူ့အာရုံတွင် မည်သည်မှ မခံစားမိပေ။
ထို့ကြောင့် သူက ပုန်းအောင်းမနေတော့ဘဲ ထွက်လာ၏။
“ ငါ့ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ” သူက လေထဲတွင် ရေးသားလိုက်သည်။ သူက အရိပ်ဧကရာဇ်၏ ကျမ်းကို လေ့လာထားသည့်အတွက် ပုန်းအောင်းရာတွင် ယုံကြည်ချက်အပြည့် ရှိလေသည်။
သူက စကားမပြောဘူးလား။ အကြောင်းအရင်းကို သိချင်မိသား…
“ ရှင်က ရှင့်အရှိန်အဝါ၊ ဝိညာဉ်နဲ့ စွမ်းအားအတက်အကျကို ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်တယ်ဆိုပေမဲ့ ရှင့်အနားမှာ အားကောင်းတဲ့ ခံစားချက်တွေကို မြင်နေရတယ်” စုယာက ပြန်ပြောလိုက်သည်။
“ ဒေါသ၊ ဝမ်းနည်းမှုနဲ့ စိတ်ပူပန်မှု။ တကယ်ကို ထူးဆန်းတဲ့ ပေါင်းစပ်မှုပဲ”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်နှင့် စိတ်ခံစားချက်များကို ခံစားဖို့ မျက်လုံးပိတ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်မှ လိုအင်ဆန္ဒနှင့် စိတ်ခံစားချက်အပေါ် မူတည်၍ စိတ်ခံစားချက်များအပေါ် မမြင်ရသည့် အငွေ့အသက်တစ်ခု ရှိနေကြောင်း ခံစားမိလိုက်သည်။
ထို့နောက် သူက ထိုအရာကို ခန္ဓာကိုယ်အတွင်း ရှိနေဖို့ ထိန်းချုပ်လိုက်သည်။ ဤသို့သော တုံ့ပြန်မှုမျိုးက သူ့အား တခြားလူများအား အာရုံခံစားဖို့ ကူညီပေးနိုင်သည်။
စုယာက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ့ နားလည်နိုင်စွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ…
“ ကဲ အဲဒါဆိုတော့ ရှင်က ဘာလို့ လာတွေ့တာလဲ”
“ မင်းနဲ့ အလဲအလှယ် လုပ်ချင်လို့” ဝမ်ဝေ့က သူ့အောင်မြင်နိုင်ချေသည် မမြင့်မားကြောင်း သိသော်လည်း ရေးသားလိုက်သည်။
“ နောက်တစ်ကြိမ်လား။ အရင်တစ်ကြိမ်တုန်းက ကျွန်မ ရှုံးခဲ့တယ်နော်”
“ အဲလိုဟုတ်ပါ့မလား”
“ အဲဒါဆိုတော့ ရှင်က ဒီတစ်ကြိမ် ဘာလိုချင်တာလဲ”
“ မင်းရဲ့ တာအိုကျမ်း။ မရဏရှင်သန်ရေးကျမ်း”
“ တကယ်ကြီးလား” စုယာက လှောင်ပြောင်ဟန်ဖြင့် မေးလိုက်သည်။
“ ငါ အများကြီး တောင်းဆိုတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါ ကျမ်းတစ်ခုလုံးကို မလိုဘူး။ စိတ်ခံစားချက်ကို သုံးပြီး ကိုယ်ပွားလုပ်တဲ့ အပိုင်းပဲ လိုတာ။ ဈေးနှုန်းကို ညှိနှိုင်းလို့ရတယ်”
ထို့သို့ပြောနေရင်း ဝမ်ဝေ့က အနာဂတ်ကို တွက်ချက်နေသည်။ သို့သော်လည်း သူက တစ်ဖက်လူအား အနိုင်မယူခင် သူမက သေခြင်းတရားကို မကြောက်ဘဲ ထွက်ပြေးနိုင်သည့် နည်းလမ်းများစွာ ရှိကြောင်း တွေ့ရှိသွားသည်။
“ ကျွန်မ ငြင်းတယ်” စုယာက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် လက်ချောင်းဖြင့် ဓားသဏ္ဌာန်လုပ်ကာ လေထဲရှိ အဝါရောင်ကြိုးမျှင် မြောက်များစွာကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို စုယာ၏ မျက်နှာထားက ပြောင်းလဲသွားလေသည်။ အကြောင်းမှာ သူမ၏ ကိုယ်ပွားတစ်သိန်းက ချက်ချင်းဆိုသလို သေဆုံးသွား၍ ဖြစ်သည်။
“ ကံစွမ်းအား” သူမက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သေဆုံးမှုက သူမ၏ ရန်သူ ဖြစ်၏။ အကယ်၍ သူမ၏ ကိုယ်ပွားအားလုံးက သေဆုံးသွားလျှင် မည်သူမဆို သူမအား သတ်နိုင်သွားလိမ့်မည်။ ဝမ်ဝေ့၏ တိုက်ခိုက်မှုတွင် အားစိုက်ထုတ်မှု မရှိသည့်အပေါ် မူတည်၍ သူသည် ကိုယ်ပွားတစ်သိန်းကျော်ထက် သတ်နိုင်ကြောင်း သိလိုက်သည်။
“ ငါ မင်းကို သတ်ချင်ရင် ဘာမှခက်ခက်ခဲခဲ လုပ်နေစရာ မလိုဘူး”
ထိုစကားကို ရေးသားပြီးသည့်နောက်တွင် ဝမ်ဝေ့က လက်ဟန်ဖြင့် ထူးဆန်းသည့် စွမ်းအားတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဤသည်က တုယီနယ်ပယ် ဖြစ်၏။ စုယာက ထိုစွမ်းအားကို ဘာမှန်းမသိသော်လည်း ထိုအရာက သူမ၏ ကိုယ်ပွားအားလုံးကို မဖျက်ဆီးပဲ သူမအား သတ်နိုင်လိမ့်မည်ဟု ခံစားချက်ရနေသည်။
အကယ်၍ သူမသာ သေဆုံးသွားလျှင် သူမ၏ ကိုယ်ပွားများ လိုက်လံသေဆုံးကြလိမ့်မည်။ သူမ၏ မျက်နှာထားက ပြောင်းလဲသွားပြီး သူမက အသက်ပြင်းပြင်းရှူကာ အခြေအနေကို စဉ်းစားလိုက်သည်။
သူမ၏ မျက်နှာက တည်ငြိမ်လာပြီး အတွေးများစွာ ဖြတ်ပြေးသွားသည်။
“ အလဲအလှယ်ကို သဘောတူတယ်”
“ အဲဒါဆိုတော့ မင်း ဘာလိုချင်လဲ”
“ ကျွန်မ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်နိုင်တဲ့ အဆောင်ကို လိုချင်တယ်”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အကြည့်များက တောက်ပလာသည်။ သူမသည် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများအား စုစည်းဖို့ ရယူလိုမှ သဘောပေါက်လိုက်၏။ ကံကြမ္မာမြစ်ကြောင်းသည် တည်ရှိခဲ့ဖူးသည့်၊ လက်ရှိတည်ရှိနေဆဲနှင့် တည်ရှိလိမ့်မည်ဖြစ်သော သက်ရှိအားလုံး ပါဝင်နေသည်။
ထို့ကြောင့် စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများကို စုစည်းဖို့ အကောင်းဆုံးနေရာ ဖြစ်ပေသည်။ ထို့ကြောင့် ထိုအရာက စုယာ၏ ကျင့်ကြံဆင့်နှင့် အင်အားအား သိသိသာသာ တိုးမြင့်လာစေလိမ့်မည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည် “ ပြဿနာမရှိဘူး။ ဒါပေမဲ့ ငါ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကံကြမ္မာမြစ်ကြောင်း ပုံရိပ်ယောင်ခေါ်နိုင်အောင်ပဲ လုပ်ပေးနိုင်မယ်။ ဒါပေမဲ့ အလွှာနိမ့်မှာတော့ ပြဿနာမရှိဘူး”
ဝမ်ဝေ့က ထိုအပေးအယူတွင် မရှုံးပေ။ ထို့အပြင် သူ့အကျိုးအမြတ်အတွက် သူမ၏ အတွေးကို အသုံးပြုနိုင်စေ၏။ စုယာအတွက်မူ ထိုပုံရိပ်ယောင်မှ သူမ၏ အောင်မြင်မှုကို ရရှိနိုင်သည့်အတွက် စိတ်ထဲမထားပေ။
ထို့အပြင် သူမက လိုအပ်လာပါက အလွှာနိမ့်သို့ သွားနိုင်လေသည်။
ထို့နောက် နှစ်ဦးသားက အမြင့်ဆုံးတားဆီးချက် ဖြစ်သည့် စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် အကွက်ချစီစဉ်မှု မရှိရန် စစ်ဆေးလိုက်ကြသည်။
ဝမ်ဝေ့က သူ့လက်ချောင်းဖြင့် ဝေဟင်ထဲတွင် သင်္ကေတမြောက်များစွာကို ရေးထွင်းလိုက်သည်။ သူက မိုးမြေစွမ်းအားကို အသုံးပြုကာ အဆောင်အဖြစ် ဖွဲ့စည်းလိုက်၏။
ကောင်းကင်စမ်းသပ်ချက် တစ်ခု ပေါ်ထွက်လာပြီး အဆောင်က စည်းမျဉ်းဆေးကြောခြင်းကို ကျော်ဖြတ်ရသည်။
နောက်ဆုံးတွင် သူတို့က အလဲအလှယ် ပြီးဆုံးသွားလေပြီ။
စုယာက အဆောင်ရရှိသည်နှင့် လက်ဟန် ပြုလုပ်လိုက်သည့်အခါ သူမ အနောက်ဘက်တွင် စာအုပ် ၈အုပ် ပေါ်ထွက်လာပြီး ရောင်စုံဘောလုံးများ ဖန်တီးကာ ဝမ်ဝေ့ဆီ ပြေးဝင်သွားသည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတစ်ခု ဖြစ်၏။
သူက သူမ လုပ်လိုသည့်အရာကို သိလိုက်သည်။ ထိုဘောလုံးတွင် စိတ်ခံစားချက် ၇ မျိုးနှင့် လိုအင်ဆန္ဒ ၆ မျိုးတို့ ပါဝင်နေသည်။ အကယ်၍ ထိုအရာ သူ့ကို ထိမှန်သည်နှင့် သူတွေ့ကြုံရမည့် အတွေ့အကြုံက မယုံကြည်နိုင်လောက်ဖွယ် နှလုံးသားနတ်ဆိုး စမ်းသပ်ချက် ဖြစ်လိမ့်မည်။
ဤသို့သော နတ်ဆိုးနှလုံးသားက သူ့အား ရူးသွပ်သွားစေနိုင်သလို တာအိုနှလုံးသားလည်း ကွဲကြေသွားနိုင်သည်။
ဝမ်ဝေ့က လက်သီးဆုပ်ကာ ဒေါသဖြင့် ပစ်ခွင်းလိုက်သည်။
နေရာတစ်ခုလုံးက တုန်ခါသွားပြီး သူ့ယခင်နေရာရှိ စကြဝဠာ အစုအဝေးထက်ပင် ကြီးမားသည့် နယ်မြေတစ်ခုလုံးက တုန်ခါသွားသည်။ သူက နဂါး ၄၇ ကောင် ခွန်အားကို အသုံးပြုလိုက်၏။ ထိုအင်အားက ထိုရောင်စုံဘောလုံးများအား ဆက်လက် မရွေ့လျားနိုင်အောင် သုတ်သင်ပစ်လိုက်သည်။
စုယာ၏ မျက်လုံးအထက်တွင် အကြောက်တရား ပေါ်ထွက်လာ၏။ သူမက ထိုတိုက်ကွက်သည် သူမအား သတ်နိုင်လိမ့်မည်ဖြစ်ကြောင်း သိထားလေသည်။ သူမက ဤအမွေခံသားတော်နှင့် ရင်ဆိုင်နေစဉ်အတွင်း သူမဘက်က ရှုံးနိမ့်သည်ဟု ခံစားခဲ့ရ၍ ထိုအခွင့်အရေးအား အသုံးချကာ ထိခိုက်မှုတစ်ခု ပေးလိုခြင်း ဖြစ်၏။
သို့သော်လည်း သိပ်မကြာခင် သူမက အမှားလုပ်ခဲ့ကြောင်း သဘောပေါက်သွားသည်။ သူမက ကျန့်ဝူရွှမ်းကို အနိုင်ရပြီးသည့်နောက်တွင် အနည်းငယ် ဘဝင်မြင့်လာခဲ့သည်။ သူမက သူ့ရှေ့မှလူသည် အများက သူ့ကို ခေတ်ဖိနှိပ် ပါရမီရှင်ဟု ခေါ်ဆိုရသည့်သူဖြစ်ကြောင်း မေ့လျော့သွားခဲ့၏။
သူမက စိတ်ခံစားချက်များကို ထိန်းချုပ်ကာ စာအုပ် ၈ ခုလုံးကို အသက်သွင်းပြီး သူမကို ကာကွယ်ဖို့ ဒိုင်းကာတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် လေဟာနယ်အက်ကြောင်း တစ်ခုက ပေါ်ထွက်လာပြီး သူမအား ဝါးမျိုသွားသည်။ သူမက ထွက်ပြေးသွားလေသည်။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူက အချစ်စွမ်းအားကို ခံစားမိလိုက်သည်။ တစ်ကမ္ဘာလုံးက စုယာအား ချစ်မြတ်နိုးသကဲ့သို့ သူမသည် ထိုချစ်ခြင်းမေတ္တာအား အကြွင်းမဲ့ကာကွယ်မှုအဖြစ် ဖွဲ့စည်းခဲ့သည်။
ဒါက ဧကရာဇ်အသုံးအဆောင်ပစ္စည်းရဲ့ စွမ်းအားလား …
ကောင်းကင်ရွေးချယ်ခံအများစုသည် အထွတ်အထိပ်နယ်ပယ်အဆင့် မရောက်မချင်း သူတို့ဂိုဏ်း၏ ဧကရာဇ်အသုံးအဆောင်များကို ရယူခွင့် မရှိပေ။
ထိုအားကောင်းသည့် အရာများကြောင့် လူတစ်ယောက်၏ ခွန်အား မလောက်ပါက ထိုအသုံးအဆောင်ပစ္စည်းသည် သူတို့၏ ကျင့်ကြံဆင့်၊ ဝိညာဉ်စွမ်းအားနှင့် အသက်ဓာတ်ကို စုပ်ယူသွားလိမ့်မည်။
ဤစည်းမျဉ်းအတွက် ခြွင်းချက်မှာ စုယာ ဖြစ်ပုံပေါ်သည်။ ယင်စန္ဒာနန်းဆောင်၏ မဟာဧကရာဇ်များက ချီယွီလျှိုချင် ရုပ်ခန္ဓာ ရှိကြသူများဖြစ်သောကြောင့် သူတို့၏ အသုံးအဆောင်ပစ္စည်းနှင့် ကျမ်းများအား စာရွက် ၇ရွက် ပါရှိသည့် စာအုပ်တစ်အုပ်အဖြစ် ပေါင်းစပ်ခဲ့သည်။
စာရွက်တစ်ခုချင်းစီတွင် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒပါဝင်နေသည့် ကျမ်းတစ်ခု ပါဝင်နေပြီး ဧကရာဇ်အသုံးအဆောင် ပစ္စည်းအဖြစ် ဆောင်ရွက်ပေးသည်။ ထိုတူညီသည့် ရုပ်ခန္ဓာရှိသည့် စုယာအတွက် ထိုပစ္စည်းကို တန်ကြေးကြီးကြီးမားမား မပေးရဘဲ အသုံးပြုနိုင်လေသည်။ သူမက စွမ်းအားအကုန်တော့ ထုတ်မသုံးနိုင်သေးပေ။
ဝမ်ဝေ့က စုယာ ထွက်သွားသည်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူက လျှို့ဝှက်ကံကြိုးမျှင်အား အသုံးပြုကာ သူမအပေါ် ဆိုးရွားသော ကံကြမ္မာကို ချပေးခဲ့သည်။
မင်းရဲ့ ကံဆိုးတာလေးကို ခံစားကြည့်လိုက်ဦး…
ထို့နောက် သူက အိမ်သို့ ပြန်သွားပြီး သီးသန့်လေ့ကျင့်ဖို့ ပြန်လိုက်သည်။
သူက စိတ်ခံစားချက်များစွာဖြင့် အနာဂတ်ဗုဒ္ဓကိုယ်များစွာကို ဖန်တီးလိုသည်။ ပထမဦးစွာ စိတ်ခံစားချက်စွမ်းအားသည် ဗုဒ္ဓကျမ်းနှင့် သင့်တော်နေသည့်အတွက် အရာအားလုံး အဆင်ပြေနေသည်။
သို့သော်လည်း ဝမ်ဝေ့က ဒုတိယ ဗုဒ္ဓခန္ဓာကိုယ်သည် စက္ကန့်ပိုင်းမျှ ဖွဲ့စည်းပြီးသည့်နောက် ပျောက်ကွယ်သွားကြောင်း သဘောပေါက်လိုက်သည်။ ထိုအရာက သူ စိတ်ခံစားချက် မည်မျှအသုံးပြုစေကာမူ အရေးမပါပေ။
အဆုံးသတ်တွင် သူက တခြားအနာဂတ်ဗုဒ္ဓကိုယ်ကို ဖွဲ့စည်းနိုင်ဖို့ အချိန်စွမ်းအား လိုအပ်ကြောင်း တွေ့ရှိသွားသည်။ သူက ရွေးချယ်စရာမရှိဘဲ သူ့ဂိုဏ်းမှ အချိန်အစီအရင်နှင့် အချိန်နှင့် ဆိုင်သည့် အရင်းအမြစ်များမှ တချို့ကို ရယူခဲ့ရသည်။
ကံဆိုးစွာဖြင့် သူသည် သူ့တွင် ရှိထားသည့်တစ်ခုအပြင် အနာဂတ်ဗုဒ္ဓကိုယ် ၃၂ ခုအတွက်သာ အရင်းအမြစ် လုံလောက်လေသည်။ ထိုအရာက အနည်းငယ် စိတ်ပျက်ဖို့ ကောင်းသော်လည်း ဝမ်ဝေ့က ဤကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်ထားသည့်အတွက် တားမြစ်ချက်ကို နားလည်လေသည်။
နမူနာအနေဖြင့် စည်းမျဉ်းကို နားလည်သဘောပေါက်ဖို့ ကြိုးစားသည့်အခါ သူသည်လည်း အနာဂတ်ဗုဒ္ဓကိုယ်အား အသုံးပြုကာ အနာဂတ်မှ စည်းမျဉ်းအား နားလည်မှုကို လက်ရှိခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်လေသည်။
ထို့နောက် ဒုတိယခန္ဓာကိုယ်သည်လည်း ပထမခန္ဓာကိုယ်၏ အနာဂတ်ကို နားလည်လိမ့်မည်။ ဤသို့ဖြင့် ၃၃ ခုလုံးက တူညီသည့်စက်ဝန်းကို ဖြတ်ကျော်နေရလိမ့်မည်။ တခြားနည်းဖြင့်ဆိုရလျှင် ဝမ်ဝေ့၏ တစ်နှစ်တာ ကျင့်ကြံဆင့်က တခြားသူများ၏ ၃၃ နှစ် ကျင့်ကြံမှုနှင့် တူညီနေလေသည်။
အနာဂတ်ဗုဒ္ဓကိုယ် များများရှိလေလေ သူ့တွင် အချိန်ပိုများလေလေ ဖြစ်၏။ သူ့တွင် ကောင်းကင်ဘုံ သွေဖယ်လောက်သည့် နားလည်နိုင်စွမ်း ရှိထားသည့်အကြောင်းကို ထည့်မပြောရသေးပေ။
ဝမ်ဝေ့က ထိုတွေ့ရှိမှုကြောင့် စိတ်သက်သာရာရသွားမိသည်။ အကြောင်းမှာ သူက သူ့ကံကြမ္မာပြန်လည်ဝင်စားခြင်း အစီအစဉ်အတွက် ပြဿနာသည် အချိန်ဖြစ်ကြောင်း သိထား၍ ဖြစ်သည်။
သူ့တွက်ချက်မှုအရ ထိုအရာသည် ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ကာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စတင်ဖို့အတွက် နှစ်တစ်သိန်း ကြာမြင့်လိမ့်မည်။ သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် အပြီးတွင် ပြန်လည်ဝင်စားမှု ကိုးကြိမ်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံဖို့ အချိန်အနည်းငယ်မျှသာ လိုအပ်လိမ့်မည်။
ထိုစဉ် တိထျန်းက ၉ ဘဝကြာ နေထိုင်ခဲ့ပြီး သူ့သက်တမ်းအရ သူ့တွင် အထွတ်အထိပ် သာမန်ကျင့်ကြံသူများ၏ သက်တမ်းပေါ်မူတည်၍ တာအိုကို နားလည်ပြီး ကျင့်ကြံဖို့ နှစ်ကိုးသန်းအချိန်ရလေသည်။
ပို၍ဆိုးရွားသည်က ဧကရာဇ်တစ်ပိုင်းအဆင့်သည် အနည်းဆုံး နှစ်ငါးသန်း သက်တမ်း ရှိ၏။ တိထျန်း၏ ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သည့်အခါ နောက်ထပ် နှစ်ငါးသန်းက အနည်းဆုံး ဖြစ်လိမ့်မည်။
အကယ်၍ သူသာ မြင့်တက်လာစဉ်အတွင်း ထိုသို့သော ရုပ်ခန္ဓာမျိုးရှိထားလျှင် နောက်ထပ် သုံးသန်း ရှိလာလိမ့်မည်။ ထို့အပြင် အသက်ဆွဲဆန့်ရေး ဆေးလုံးနှင့် အရင်းအမြစ်များဖြင့် ပြန်လည်ဝင်စားခြင်း တစ်ခုချင်းစီတွင် ၁၅ သန်းမှ သန်း၂၀ အထိ ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က သူ့စံပြအရည်အသွေး ဝိညာဉ်အပေါ် ယုံကြည်ချက် ရှိထားသော်လည်း ပြန်လည်ဝင်စားခြင်း ကိုးဘဝမျှဖြင့် ကွာခြားချက်ကို လိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ သို့သော် ယခုတွင် ကိစ္စများက ကွဲပြားသွားလေပြီ။ ယခုမူ သူ့မှာ အချိန်ကို ဖြည့်စည်းပေးနိုင်ဖို့ ယုံကြည်ချက်အပြည့် ရှိနေလေပြီ။