← Chapters

ဆေးလုံးအိမ်တော်မှ ဗုံသံ

Vol. 66 Ch. 922

ဆေးလုံးအိမ်တော်မှ ဗုံသံ

Vol. 66 Ch. 922

"ဝိညာဉ်ကျောက်တုံးတွေ ... ဝိညာဉ်ကျောက်တုံးတွေ" မန်ဟို၏မျက်နှာ ဝင်းပသွားပြီး သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

"ဖန်ချွင်ပြောဖူးတယ်။ ဆေးဝါးတာအိုဌာနမှာ ဘယ်‌သူမှ မဖော်စပ်နိုင်ခဲ့တဲ့ ဆေးလုံးအမျိုးအစားသုံးမျိုး ရှိတယ်တဲ့။ ဖော်စပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို မျိုးနွယ်စုက ထိုက်ထိုက်တန်တန် ဆုချတယ်ပြောတယ်။ ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ မရှိမှတော့ တစ်လုံးလောက်ဖော်ပြီး အဲဒီဆုလာဘ်ကို ရနိုင်မလား သွားကြည့်ရမယ်" ဤသည်မှာ သူ တွေးနိုင်သည့် အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပြီး သွားကြည့်တော့မည့်အချိန် ဖန်ရွှီ၏ စိတ်လှုပ်ရှားနေသောအသံအား သူ၏အိမ်အပြင်မှ ကြားလိုက်ရသည်။

"အစ်ကိုကြီး ရှိလားဗျိုး"

မန်ဟို တုံ့ပင် မတုံ့ပြန်နိုင်ခင် ဖန်ရွှီက အရှေ့တံခါးကို တွန်း၍ အလွန်စိတ်လှုပ်ရှားနေပြီး မိန်းမောသောပုံစံဖြင့် ခပ်သုတ်သုတ် ဝင်လာသည်။ မန်ဟိုသည် အပြင်‌ဘက်ရှိ ကောင်းကင်မှာ ပုံမှန်နှင့် အတော်လေးကွဲပြားနေကြောင်း သတိထားမိလိုက်၏။

မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

လက်ရှိအချိန်မှာ နေ့လည်ဖြစ်သော်လည်း ကောင်းကင်မှာ မီးရဲရဲတောက်နေသည့်အလားပင်။ ကောင်းကင်တစ်ခုလုံး နီရဲနေသော်လည်း မည်သည့်နေကိုမှ မမြင်ရပေ။

မဟာတာအိုတစ်ပါး၏ သဘာဝနိယာမများ ကောင်းကင်ထက်တွင် စိုးမိုးနေသည်အား မြင်သည်ဆိုရုံကလေး မြင်ရသည်။

"အစ်ကိုကြီး ၊ ငါ အခုလေး‌တင်ပဲ နဝမပင်လယ်‌နတ်လောကက နတ်ဘုရားမလေးဖန်တုံးအာကို မြင်ခဲ့ရတယ်

"ပြီးတော့ လီမျိုးနွယ်စုက လီလင်းအာရောပဲ။ သွေးသစ်ခွဘုရားကျောင်းက တပည့်အသစ်တွေကိုရောပဲ" ဖန်ရွှီမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ ဖန်တုံးအာ၏ နာမည်ကို ပြောသောအခါ သူ၏မျက်လုံးများတွင် ချစ်မြတ်နိုးမှုများ ပြည့်နှက်သွားပြီး လီလင်းအာအကြောင်းပြောသောအခါ အထူးသဖြင့် တက်ကြွနေပုံရသည်။

"ရွေးချယ်ခံတွေအများကြီး ရောက်လာကြတယ်။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းရဲ့ ထိုက်ယန်ကျစ်၊ စွန်းဟိုက်၊ ဝမ်မျိုးနွယ်စုက ဝမ်မုနဲ့ စုန့်မျိုးနွယ်စုက စုန့်လော့တန်။ မြင့်မြတ်သောရေစီးဓားဂူက တ တစ်ယောက်‌တောင် ပါတယ်။ ကျိုးရှင်းတဲ့" ဖန်ရွှီ စကားပြောနေစဉ် မန်ဟိုက ထရပ်လိုက်သည်။ သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် ဖန်ရွှီ၏ပခုံးနှစ်ဖက်ကို လှမ်းဆုပ်ကိုင်လိုက်၏။

"ထိုက်ယန်ကျစ် ဒီမှာပေါ့။ စုန့်လောတန့် ၊ လီလင်းအာရောလား၊ စွန်းဟိုက်ရောလား ..." မန်ဟိုက တဟားဟား အော်ရယ်လိုက်သည်။ သူ့မှာ ဝိညာဉ်ကျောက်တုံးများနှင့်ပတ်သက်၍ စိတ်ပူနေရုံရှိသေးသည်၊ သူ့ကို အကြွေးတင်နေသော လူအုပ်ကြီးပေါ်လာခဲ့လေပြီ။

"နောက်ရက်ပိုင်းလောက်ကြာရင် ပိုလို့တောင် များပြားတဲ့ ရွေးချယ်ခံတွေ ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအသီးသီးက ရောက်လာကြမှာ။ သူတို့က အရှေ့တက်လှမ်းခြင်းအိမ်တော်ရဲ့ အရှေ့တက်လှမ်းခြင်းနေကို ကြည့်ဖို့ လာကြတာလေ" ဖန်ရွှီက စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။ မန်ဟို့အပြုအမူများက အတန်ငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း သူ့မှာ သိပ်တွေးမနေပေ။

"အရှေ့တက်လှမ်းခြင်းနေ" ဤသည်မှာ အရှေ့တက်လှမ်းခြင်းအကြောင်း ပြောသည်ကို ဒုတိယအကြိမ် ကြားရခြင်းဖြစ်သည်။ ပထမအကြိမ်က ဖန်ဟုန်၏အပေါင်းအပေါင်များ ပြောခဲ့တုန်းကပင်။

"နှစ်တစ်ရာကြာတိုင်း တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အပြင်က နေက ဝင်ရိုးအတိုင်း လည်ရင်း အရှေ့အောင်ပွဲဂြိုဟ်နဲ့ အနီးဆုံးကို ရောက်လာတတ်တယ်။ အဲဒီအချိန်မှာ အရှေ့အောင်ပွဲဂြိုဟ်ဟာ နေအသစ်တစ်စင်း ထွန်းတောက်လာတာကို ကြုံတွေ့ရလိမ့်မယ်

"ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုမှော်သိုင်းတွေ၊ သဘာဝနိယာ‌မတွေ ပေါ်လာမယ်။ နေက နီးကပ်လွန်းတဲ့အတွက် အလိုလိုသိစိတ်နဲ့ အသိအမြင်ရှိရင် အရှေ့တက်လှမ်းခြင်းနေ ထွက်လာတာနဲ့ ဖြစ်ပေါ်လာတဲ့ အနန္တနေအလင်းရောင်ထဲမှာ ဆေးကြောသန့်စင်‌နိုင်တယ်။ အဲဒီနေအလင်းရောင်ထဲမှာ အပြင်အားကိုယ်ကို သန်မာစေတဲ့ မဟာတာအိုတစ်ပါးပါရှိနေတာကြောင့်ပဲ

"အစ်ကိုကြီး သွားကြည့်ဖြစ်အောင် ကြည့်ရမယ်နော်။ အရှေ့တက်လှမ်းခြင်းနေ ထွက်လာရင် သက်တမ်းနှစ်တစ်ထောင်အောက် မျိုးနွယ်ဝင်အကုန်လုံး နေရောင်ထဲမှာ ဆေးကြောသန့်စင်ဖို့ ပျံတက်သွားရလိမ့်မယ်။ မြင့်မြင့် ပျံတက်နိုင်လေလေ၊ နေနဲ့ နီးလေလေဖြစ်ပြီး အကျိုးပိုများလေလေပဲ

"လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက" ဖန်ရွှီက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။ "အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့က ဝူတောက်ဇီဆို အဆင့်တက်သွားပြီး သူ့အပြင်အားကိုယ်က အစစ်အမှန်အင်မော်တယ်နဲ့ ယှဉ်နိုင်လောက်အောင် သန်မာသွားတာ"

မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။ သူ၏အပြင်အားကိုယ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်‌နေပြီဖြစ်သော်လည်း ယခု သူ့တွင် အင်မော်တယ်အကြောပေါ်လာခဲ့ရာ အပြင်အားကိုယ်မှာ သူ၏ကျင့်ကြံခြင်းအခြေခံထက် အတန်ငယ် အားနည်းသွားလေသည်။ ထိုမျှသာမက ၎င်းကို မည်သို့အဆင့်မြှင့်ရမလဲ သူ မသိပေ။ ဤအခွင့်အရေးကို အသုံးပြုလျှင် ၎င်းက ကံကြမ္မာကောင်းတစ်ခု ဖြစ်လိမ့်မည်။

"ဘယ်တော့ စမှာလဲ" မန်ဟိုက မေးလိုက်သည်။

"ခုနစ်ရက်အတွင်း" ဖန်ရွှီက ပြန်ဖြေသည်။

မန်ဟိုသည် သိုလှောင်အိတ်ကို ပွတ်ပြီးနောက် နှုတ်ခမ်းသပ်လိုက်၏။ "ထိုက်ယန်ကျစ်နဲ့ ကျန်တဲ့လူတွေ ဘယ်မှာလဲ" သူက မေးသည်။ "ငါ့ကို သူတို့ဆီ ခေါ်သွားပေး"

"‌ဗျာ" ဖန်ရွှီမှာ တခဏ ချီတုံချတုံ ဖြစ်သွားသည်။ စောစောလေးကတင် အထက်ပါပုဂ္ဂိုလ်များကို ဘိုးဘေးစံအိမ်ထဲ၌ သူ တွေ့ခဲ့ရခြင်းဖြစ်လေသည်။ "ဟို ဖန်ဝေက သူတို့ကို အရှေ့ဒေသမှာရှိတဲ့ အရှေ့တက်လှမ်းခြင်းအိမ်တော်ကို ဖိတ်ထားတာ။ အဲဒီနေရာက .... သူတို့သွေးဆက်ပိုင်တာဆိုတော့ အရှေ့တက်လှမ်းနေနေ့မှ သွားတာ သင့်တော်တယ်။ အခုအနေနဲ့က ..."

"ဪ ဟုတ်လား...." မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ပြုံးလိုက်သည်။ "ကဲပါလေ ထားလိုက်တော့။ ခုနစ်ရက်နေမှပဲ သွားတွေ့တော့မယ်။ ပထမဆုံး ဆေးဝါးတာအိုဌာနကို သွားဖို့လိုတယ်။ လိုက်ဦးမလား"

ဖန်ရွှီက ခေါင်းခါသည်။

"အဖေက သူ့ကို လာတွေ့ခိုင်းနေတယ်။ အစ်ကိုကြီးကို အရှေ့တက်လှမ်းခြင်းနေအကြောင်းပြောဖို့ပဲ ဒီကိုလာတာ။ ငါ မပါဘဲ သွားနှင့်လိုက် အစ်ကိုကြီး"

မန်ဟိုက ခေါင်းညိတ်လိုက်ပြီး သူနှင့်ဖန်ရွှီသည် အိမ်ပြင်သို့ လမ်းလျှောက်ကာ ကိုယ့်လမ်းကိုယ် ထွက်သွားကြတော့သည်။

မန်ဟိုသည် ဘိုးဘေးစံအိမ်၏အပြင်သို့ ထွက်၍ ဆေးဝါးတာအိုဌာနသို့ ဦးတည်သွားသော အလင်းတစ်တန်းအသွင်ပြောင်းသွားသည်။ မကြာမီ ဆေးဝါးတာအိုဌာနသို့ သူ ရောက်သွား၏။ ဆေးဝါးအတတ်သင်များမှာ အရှေ့တက်လှမ်းခြင်းနေအကြောင်း ဆွေးနွေးနေကြပြီး ဆေးဝါးပညာရှင်များက ထိုကာလအတွင်း ဆေးလုံးများ ဖော်စပ်ရန် အထူးပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။ နေစွမ်းအားကို မီးဓာတ်ဆေးလုံးများအတွင်း၌ စုစည်းခြင်းက ဆေးအာနိသင်ကို များစွာတိုးစေ၏။

ထိုမျှသာမက အရှေ့တက်လှမ်းခြင်းဆေးလုံးများ ဖော်ရန်အတွက် နေရောင်ခြည်ကို ငွေ့ရည်ဖွဲ့ရန် နေစွမ်းအားကို အသုံးပြုနိုင်သည်။ ထိုကဲ့သို့ဆေးလုံးများသည် နှစ်ပေါင်းရာချီကြာမှ အရှေ့တက်လှမ်းခြင်းနေနေ့အတွင်း တစ်ကြိမ်သာ ဖော်စပ်နိုင်သော ဆေးလုံးများဖြစ်၏။

ထို့အပြင် အဆင့် (၇) နှင့် ထို့ထက်မြင့်သော ဆေးဝါးပညာရှင်များသာ ထိုကဲ့သို့ဆေးလုံးများကို ဖော်နိုင်လေသည်။

မန်ဟိုက တောင်ထွတ် (၇၁၉၁) သို့ မသွားဘဲ ဖန်ချွင်ကို သွားရှာသည်။ သူ လုပ်ချင်သည့်အရာကို ရှင်းပြပြီးနောက်တွင် ဖန်ချွင်က မန်ဟို့ကို ကြောင်ပြီးကြည့်၏။ သူ့မှာ မန်ဟို ဆေးဖော်စပ်သည်ကို တစ်ခါမှ မြင်ခဲ့ဖူးပေ။ တကယ်တော့ သူတင်မဟုတ်၊ ဆေးဝါးတာအိုဌာနရှိ မည်သူမှ မန်ဟို ဆေးဖော်စပ်သည်ကို မမြင်ဖူးခြင်းဖြစ်၏။

ထို့ကြောင့် အတော်များများသည် မန်ဟိုသည် အပင်နှင့်အသီးအရွက်များကိုသာ နားလည်သည် ၊ ဆေးဖော်ခြင်းကို နားမလည်ဟု ထင်ထားကြလေသည်။

ဖန်ချွင်သည် ဘယ်သူမှ မဖော်စပ်နိုင်ခဲ့သော ဒဏ္ဍာရီလာဆေးလုံးသုံးလုံးအနက် တစ်လုံးကို သူ ဖော်စပ်ဖို့ ကြိုးစားတော့မည်ဟု ကြားလျှင် ကြက်သေသေသွားသည်။ သို့သော် တခဏကြာသော် သူ့မှာ စိတ်လှုပ်ရှားလာ၏။ သူက ခေါင်းညိတ်ရင်း မန်ဟို့ကို ခေါ်သွားသည်။

သူတို့နှစ်ယောက်သည် အတွင်းတောင်များထံသို့ ဦးတည်ရင်း ဆေးဝါးတာအိုဌာနကို ဖြတ်သွားကြ၏။ ဆေးဝါးအတတ်သင်များစွာမှာ သူတို့ကို မြင်သောအခါ မျက်လုံးများ တောက်ပစပြုလာလေသည်။

"ဖန်ဟိုက အတွင်းတောင်တွေဆီ သွားနေတာပဲ။ ဆေးအိမ်တော်ကို ထပ်ဝင်တော့မှာများလား"

"ဒီတစ်ခေါက် စောစောသွားမှပဲ၊ မဟုတ်ရင် နေရာမရဘဲ နေမယ်"

"လာကြ။ သူ့နောက်လိုက်စို့" ဆေးဝါးအတတ်သင်အမြောက်အမြားသည် မန်ဟို့နောက်မှ လိုက်လာကြပြီး မကြာမီ အရေအတွက်ကား ထောင်နှင့်ချီလာတော့သည်။ တောက်ပသောအလင်းတန်းများသည် လေကိုခွင်းလျက် အတွင်းတောင်များထဲ ဝင်ရောက်သွားကြ၏။ ထိုနေရာရှိ ဆေးဝါးပညာရှင်များမှာ ဖြစ်ပျက်နေသည်ကို အာရုံရလိုက်ကြပြီး ချက်ချင်း လိုက်လာကြလေသည်။

သူ ဦးတည်နေသည်က ဆေးအိမ်တော်မဟုတ်ကြောင်း သဘောပေါက်လျှင် အတော်များများမှာ စိတ်ပျက်သွားကြ၏။ သို့သော် ဤအခိုက်အတန့်တွင် သူသည် တကယ်တမ်း ....

ဆေးလုံးအိမ်တော်သို့ သွားနေကြောင်း သတိထားမိလိုက်သူများလည်း ရှိသည်။

ဆေးဝါးတာအိုဌာနတွင် ဆေးအိမ်တော်အပြင်‌ ဆေးလုံးအိမ်တော်လည်း ရှိသည်။

ဆေးလုံးအိမ်တော်ထဲ၌ ဆေးလုံးအမြောက်အမြားကို ရို‌သေမြတ်နိုးစွာ ထိန်းသိမ်းထားလေသည်။ ဆေးဝါးပညာရှင်များအနေဖြင့် ဆေးဖော်ပြီးတိုင်း လိုအပ်သောပစ္စည်းအား လဲလှယ်ရန် ဆေးလုံးများအား ဤနေရာတွင် လာရောက်ရောင်းချနိုင်၏။

၎င်းသည် အဆိုပါအထွတ်အမြတ်ဆေးလုံးသုံးလုံးအတွက် ဆုလာဘ်များ ကမ်းလှမ်းထားသော နေရာလည်းဖြစ်သည်။

"သူက ဆေးလုံးအိမ်တော်ကို သွားနေတာပဲ။ ဆေးလုံးတချို့ ဝယ်မလို့နဲ့ တူတယ်"

"‌မဖြစ်နိုင်ဘူး ... ဆေးလုံအိမ်တော်က ဆေးလုံးတွေ ရောင်းတာမှမဟုတ်တာ ဝယ်တာလေ.... မဟုတ်မှ သူ ဆေးဘယ်လိုဖော်ရလဲ သိတာများလား"

မန်ဟို့နောက်လိုက်နေကြများမှာ အလွန်သိချင်နေကြသည်။ အနည်းစုသာ နောက်၌ကျန်ခဲ့၏။ အများစုက သူ့နောက်မှ ဆေးလုံးအိမ်တော်အထိ လိုက်လာကြသည်။

ဤအိမ်တော်သည် ဆေးအိမ်ဝောာ်နှင့် သိပ်မခြားနားပေ။ အပြင်၌ အဘိုးကြီးနှစ်ယောက် စောင့်နေသည့်အပြင် အမျိုးမျိုးသော ဆေးလုံးနာမည်များဖြင့် ပြည့်သိပ်နေသည့် ကျောက်တိုင်ကြီးတစ်တိုင်လည်းရှိသည်။

နှစ်ခုအကြား ကွာခြားမှုမှာ ဆေးအိမ်တော်သည် သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသဖြင့် လေပေါ်ပျံဝဲနေပြီး ဆေးဝါးတာအိုဌာန၏အပြင်သို့ ပျံထွက်သွားချင်ပုံပေါ်သည်။

ဆေးလုံးအိမ်တော်မှာတော့ ပျံဝဲနေခြင်းမရှိ။ ၎င်းအား ဧရာမကျောက်လက်ကြီးက ဆုပ်ကိုင်ထားပြီး လက်ချောင်းများက အိမ်တော်ထဲ ထိုးဖောက်ဝင်ရောက်နေသည်။ ၎င်းလည်း ပျံထွက်သွားချင်သော်လည်း ဧရာမလက်ကြီးချုပ်နှောင်ခြင်းအား ခံထားရသည့်အလားပင်။

"‌‌ဆေးအိမ်တော်ကို ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက တစ်နေရာရာကနေ ဖမ်းပြီး ဆေးဝါးတာအိုဌာနဆီ သယ်လာခဲ့တာ သိသာတယ်" မန်ဟိုက တွေးသည်။ "အဲဒါကြောင့်မလို့ မူလသခင်ဆီ ပြန်မသွားနိုင်‌အောင် သံကြိုးတွေနဲ့ ချုပ်ထားတာပဲ။ ဆေးလုံးအိမ်တော်လည်း တစ်ချက်ကြည့်တာနဲ့ တစ်နေရာကနေ ဖမ်းခံလာရပြီး သခင်အစစ်ဆီ ပြန်မသွားလို့မရအောင် ချုပ်ခံထားရတာ သိသာတယ်" ဆေးလုံးအိမ်တော်ကို ကြည့်နေစဉ် ထူးဆန်းသောအမူအရာတစ်ခုအား မန်ဟို၏မျက်နှာအပေါ်တွင် မြင်ရနိုင်လေသည်။ ဤအိမ်တော်နှစ်ခု၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် မည်မျှဩဇာအာဏာကြီးမားခဲ့သည်လဲ မြင်ရနိုင်၏။

ဆေးလုံးအိမ်တော်၏အရှေ့တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိ‌ခဲ့သည့်အလား ရှေးဟောင်းဗုံသုံးလုံးရှိသည်။ ဗုံခေါင်းတစ်ခေါင်းစီအပေါ်တွင် တလက်လက် တောက်ပနေသော ရှေးစာလုံးများအား မြင်ရနိုင်သည်။

နတ် အတွေးတစ်ချက် ဆေးလုံး

ပင်လယ်ပိုင်းဖြတ်ခြင်း အံ့ဖွယ်‌ ဆေးလုံး

မိုးနန်းတော် နေဝိညာဉ် ဆေးလုံး

ဗုံသုံးလုံး၊ ရှေးဟောင်းစာလုံးသုံးစု။ ဤဆေးလုံးသုံးလုံးသည် ဖန်မျိုးနွယ်စု၏ ယခင်ခေါင်းဆောင်ကြီးသုံးဦး တစ်ဘဝလုံးမြှုပ်နှံ၍ ဖန်တီးခဲ့သောအရာများ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဖန်မျိုးနွယ်စုရှိ မည်သူမှ ၎င်းတို့ကို မဖော်စပ်နိုင်ခဲ့ပေ။

ဤမျိုးဆက်၏ အစွမ်းထက်ဆုံးဆေးဝါးပညာရှင် ဖန်တယွမ်ပင်လျှင် မဖော်စပ်နိုင်ဟု လူသိထင်ရှားကြေညာထားလေသည်။ သို့သော် ဆေးလုံးအကြီးအကဲအနေဖြင့် ‌နတ်အတွေးတစ်ချက်ဆေးလုံးနှင့် ပင်လယ်ပိုင်းဖြတ်ခြင်းဆေးလုံးကို မဖော်စပ်နိုင်သည့်တိုင် ဆေးလုံးသုံးလုံးထဲမှ အလွယ်ဆုံးဖြစ်သော မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကိုတော့ ဖော်နိုင်လိမ့်မည်ဟု တချို့လူများက ထင်ကြေးပေးကြသည်။

မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။ ဗုံသုံးလုံးကို ထိလိုက်လျှင်ချင်း‌ ရှေးကျသောအသံကြီးတစ်သံက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။

"မိုးနန်းတော်နေဝိညာဉ်ဆေးလုံး။ ဒီဆေးလုံးကို ဖော်နိုင်တဲ့ ဘယ်သူမဆို ဝိညာဉ်ကျောက်တုံး သိန်းတစ်ထောင်၊ အင်မော်တယ်ကျောက်စိမ်း တစ်သိန်း၊ စွမ်းဆောင်ရည်မှတ် သိန်းငါးဆယ်၊ ဆေးဝါးတာအိုဌာနမှ ကြိုက်တဲ့ ဆေးပင်တစ်သောင်း၊ မျိုးနွယ်စုတာအိုမှော်သိုင်းသုံးခုနဲ့ အင်မော်တယ်ရတနာတစ်ခု ရမယ်။ ဒါ့အပြင် တာအိုခေါင်းလောင်းကိုးချက် မြည်မယ်။ ဒီဆေးလုံးကို ဖော်ဖို့ ကြိုးစားမယ့်သူ ဘယ်သူမဆို ဒီဗုံကို တီးပြီး ပါဝင်ပစ္စည်းတစ်စုံရရှိဖို့ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်း ထုတ်ပါ

"ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး။ ဒီဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို ဝိညာဉ်ကျောက်တုံး သိန်းတစ်‌သောင်း၊ အင်မော်တယ်ကျောက်စိမ်း သိန်းတစ်ရာ၊ စွမ်းဆောင်ရည်ရမှတ် သိန်းနှစ်ရာ၊ ဆေးဝါးတာအိုဌာနမှ ကြိုက်တဲ့ ဆေးပင်တစ်သိန်း၊ မျိုးနွယ်စုတာအိုမှော်သိုင်းခြောက်ခုနဲ့ ရှေးဟောင်းရတနာတစ်ပါးရမယ်။ တာအိုခေါင်းလောင်း ဆယ့်ရှစ်ချက် မြည်မယ်။ ပါဝင်ပစ္စည်းထုတ်ခက စွမ်းဆောင်ရည်ရမှတ်သိန်းတစ်သောင်း"

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး အသက်ရှူမြန်လာသည်။ သူက ဗုံများကို မျက်လုံးကြီးပြူးလျက် ကြည့်လိုက်သည်။

မန်ဟို့စိတ်မှာ ချာချာလည်နေသည်။ ရရှိနိုင်သော ဆုလာဘ်များနှင့် နှစ်သောင်းပေါင်းများစွာအတွင်း မည်သူမှ မဖော်နိုင်ခဲ့သည်ကို ထည့်တွက်လျှင် ... နတ်အတွေးတစ်ချက်ဆေးလုံးမှာ အလွန်ခက်ခဲကြောင်း သူ သိသည်။

"ငါ နတ်အတွေးတစ်ချက်ဆေးလုံးကိုလည်း ဖော်ဖို့ မလိုပါဘူး" သူက စဉ်းစားသည်။ "မိုးနန်းတော်နေဝိညာဉ်ဆေးလုံး ဖော်စပ်ပြီး ဆုလာဘ်အနေနဲ့ ဝိညာဉ်ကျောက်တုံး သိန်းတစ်ထောင်ရရင် လုံလောက်ပြီ" သူက နှုတ်ခမ်းသပ်ရင်း ဆုလာဘ်များကို တွေးကာ မျက်လုံးများကို နီရဲလာတော့သည်။

"ဝိညာဉ်ကျောက်တုံးတွေအတွက်။ ပြီးတော့ အင်မော်တယ်ရတနာအတွက်" သူက ရှေ့သို့ ပျံသန်းသွားသည်။

"ငါ အစွမ်းကုန်ထုတ်မယ်" သူသည် အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ ဆေးလုံးအိမ်တော်ထံ ဦးတည်သွားသည်။ လူများကြည့်နေစဉ် သူက အိမ်တော်ထဲ မဝင်ဘဲ ဗုံသုံးလုံးထံ ဦးတည်သွား၏။ ပရိသတ်များ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သူသည် ဗုံများ၏အရှေ့တည့်တည့်သို့ ရောက်သွားလေပြီ။ ထို့နောက် သူက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးဗုံထံသို့ ညာလက်အား လှမ်း၍ လက်ဝါးဖြင့် ရိုက်လိုက်သည်။

ဗုံ

ဗုံသံကြီးသည် ဆေးဝါးတာအိုဌာနတစ်လျှောက်လုံး ပဲ့တင်ထပ်သွား၏။ လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး ဆေးဝါးပညာရှင်အားလုံး ၊ ဆေးဝါးအတတ်သင်အားလုံး ကြားလိုက်ကြရသည်

"အဲ့ဒါ.... ဆေးလုံးအိမ်တော်က ဗုံတစ်လုံးကို တီးလိုက်သံမလား"

"တစ်ယောက်ယောက် မဖြစ်နိုင်တဲ့ဆေးလုံးသုံးလုံးထဲက တစ်လုံးကို ဖော်စပ်ဖို့ ကြိုးစားနေပြီ။ အရိုးရှင်းဆုံးတောင်မှ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းပေးဖို့ လိုတာ။ ဘယ်သူက အဲဒီလောက်ချမ်းသာနိုင်မှာလဲ။ အဲဒီဆေးလုံးတွေက ဖော်စပ်လို့လည်း မရဘူးလေ။ အမှတ်ဆယ်သိန်းကို ဖြုန်းတီးရာပဲ ကျမှာ"

"အဲ့ဒါက ... အမှတ်ဆယ်သိန်းတောင် ပေးရတာဟ"

ဆေးဝါးတာအိုဌာနမှာ ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။

***

All Chapters