တာအိုနှင့် လက်နက်
Vol. 67 Ch. 926
မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းပြီး တောင်ထိပ်သို့ ဦးတည်သွားလိုက်သည်။ သူ ရောက်သောအခါ မြူများရစ်သိုင်းလျက်ရှိသော ၀တ်ဖြူစင်ကြယ်နှင့် အဘိုးကြီးတစ်ဦးကို မြင်လိုက်ရ၏။
အဘိုးကြီးက မန်ဟို့ကို ကျောပေး၍ တောင်ထိပ်တွင် ရပ်နေသည်။ မန်ဟို ချဉ်းကပ်လာလျှင် သူ့ဘက်ကို လှည့်၍ ပြုံးပြ၏။
မန်ဟို၏ မျက်လုံးများမှာ ထိုအဘိုးကြီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဝိုင်းစက်ပြူးကျယ်သွားလေသည်။
ဤအဘိုးကြီးကို ကြည့်နေစဉ် ရရှိလိုက်သော ခံစားချက်မှာ သူ့ဆရာထံမှ ရရှိသော ခံစားချက်နှင့် လွန်စွာ တူ၏။
တကယ်တမ်း အင်မတန်မှ ဆင်တူခြင်းဖြစ်သည်။ သူတို့၏ ရုပ်ရည်သွင်ပြင်မှာ ခြားနားနေသော်လည်း ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အရ တစ်ထပ်တည်း တူလေသည်။
အဘိုးကြီး ထိုနေရာတွင် မြူများရစ်သိုင်းလျက် ရပ်နေစဉ် မန်ဟိုမှာ သူ့ဆရာကို ကြည့်နေရသည့်အလား တွေးလိုက်မိသည်။
နှစ်ယောက်လုံးက အဖြူရောင်၀တ်ရုံများ ၀တ်တတ်ပြီး နှစ်ယောက်လုံးတွင် ရှည်လျားသော ဆံပင်ဖြူဖြူများ ရှိကြသည်။ နှစ်ယောက်လုံးသည် အသက်အရွယ်အိုမင်းနေပြီး ဆေးအနံ့အသက်များ သင်းပျံ့နေတတ်၏။ သူတို့သည် အလားတူစွာပဲ ကြင်နာတတ်ပုံရပြီး မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပုံရသည်။
အဘိုးကြီးက မန်ဟို့ကို လှမ်းကြည့်ပြီးပြော၏။ "ဖန်ဟို၊ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို အထူးသဖြင့် ဆေးဖော်စပ်နည်းနဲ့ မကိုက်ညီတဲ့ နှစ်တစ်နှစ်နဲ့ အချိန်အပိုင်းအခြားမှာ ဖော်စပ်နိုင်တာက မင်းရဲ့ဆေးဝါးတာအိုဟာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီလို့ ဆိုလိုတယ်"
ဤစကားလုံးများအရ ဆေးလုံးအကြီးအကဲသည် အထွတ်အမြတ်ဆေးသုံးလုံးကို မဖော်စပ်နိုင်ဆိုသော ကောလဟာလမှာ မမှန်ကန်ကြောင်း မန်ဟို ပြောနိုင်သွားပြီဖြစ်သည်။
မိုးနန်းတော်နေဝိညာဉ်ဆေးလုံး၏ အဓိကသော့ချက်မှာ တိကျသောအချိန်နှင့် နာရီအပိုင်းအခြားမရှိခြင်းပင်။ ဆေးလုံးအကြီးအကဲ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းက သူသည် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို နက်နက်နဲနဲ နားလည်ထားသည်ဖြစ်ကြောင်း သက်သေပြနေ၏။
မန်ဟိုက တခဏ တွေးသွားသည်။ သူ ဆေးလုံးအကြီးအကဲကို ကြည့်နေစဉ် ယူနီကွန်းအင်မော်တယ်များ၏ တဝီဝီမြည်သံများက နားထဲတွင် ဆူညံနေ၏။ တစ်ခါတစ်ရံ ၎င်းတို့အားလုံးက တစ်ပြိုင်နက် ဆူညံသံများ ပြုလုပ်တတ်ရာ အလွန်တရာ နားငြီးသွားစေတတ်သည်။ တစ်ခါတစ်ရံတွင် နည်းနည်းပါးပါးကသာ ဆူညံသံများ ပြုလုပ်တတ်၏။ မည်သို့ဆိုစေ အသံများကတော့ တရစပ် မြည်နေဆဲပင်။
"ဖန်ဟို၊ ဟိုးကို ကြည့်ပြီး မင်း ဘာမြင်လဲ ပြောပါဦး" ဆေးလုံးအကြီးအကဲက တိမ်မြူများ ရစ်ဆိုင်းနေသည့် တောင်ထွတ်များဆီသို့ လှမ်းကြည့်လိုက်သည်။
မန်ဟိုသည် ဆေးလုံးအကြီးအကဲကို ကြည့်ပြီးနောက် စိတ်နှလုံးတည်ငြိမ်သွားသည်ကို ခံစားလိုက်ရ၏။ အဘိုးကြီး၏ စကားသံကို နားထောင်ရခြင်းက သူ့အား ထူးဆန်းသော အခြေအနေတစ်ခုသို့ သက်ဆင်းသွားစေသည့်အလား လွတ်လပ်မှုနှင့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
၎င်းကို ရှင်းရှင်းလင်းလင်း မရှင်းပြတတ်သော်လည်း အကြောင်းတစ်ခုခုကြောင့် တောင်ထွတ်များနှင့် တိမ်တိုက်များကို ကြည့်နေစဉ် သူ၏ နှလုံးသားမှာ ပို၍ တည်ငြိမ်လာသည်။
မေးခွန်းကို ဖြေမည့်အစား သူက မေးခွန်းပြန်ထုတ်လိုက်သည်။ "စီနီယာဆေးလုံးအကြီးအကဲ၊ ခင်ဗျား ဘာမြင်သလဲ ကျွန်တော်မေးခွင့်ရှိမလား ခင်ဗျာ။ ဒါမှမဟုတ် ခင်ဗျား ကျုပ်ကို ဘာမြင်စေချင်တာလဲ ပြောပြနိုင်မလားခင်ဗျာ"
ဆေးလုံးအကြီးအကဲက မန်ဟို၏ သိမ်မွေ့သော စကားလုံးများကြောင့် ရယ်လိုက်သည်။ သူက စိတ်ကွက်သွားပုံမရဘဲ အသိအမှတ်ပြုပုံပေါ်သည်။ ကြည့်ရသရွေ့ သူသည် နဂိုကတည်းက အဖြေကို ကြားရဖို့ မမျှော်လင့်နေခဲ့ခြင်း ဖြစ်တန်ရာသည်။
"ငါ တောင်တွေကို မြင်တယ်။ တိမ်တိုက်တွေကို မြင်တယ်" ဆေးလုံးအကြီးအကဲက ပြောသည်။ "ဆေးဝါးတာအိုဌာနရဲ့ ကျင့်ကြံသူတွေကို မြင်တယ်။ ငါတို့ ဆေးဝါးတာအိုဌာနနဲ့ သက်ဆိုင်တဲ့ ကမ္ဘာလောကကြီးကို မြင်တယ်" သူက သက်ပြင်းချလိုက်သည်။
မန်ဟိုမှာ ဆေးလုံးအကြီးအကဲ၏ စကားများအတွင်း၌ ပါရှိနေလောက်သည့် ဖုံးကွယ်ထားသော အဓိပ္ပာယ်များကို မသိသဖြင့် ဆိတ်ဆိတ်သာ နေလိုက်သည်။
"ဒီပစ္စည်းတွေက လက်နက်တွေပဲ။ အကောင်အထည်ရှိသလို အကောင်အထည်လည်း မရှိဘူး။ မြင်လည်း မြင်ရသလို မမြင်ရတာတွေလည်းရှိတယ်။ သူတို့က ဆေးဝါးတာအိုဌာနရဲ့ လက်နက်တွေပဲ။ ဒါမှမဟုတ်ရင် ဆေးဝါးတာအိုရဲ့ ရုပ်အသွင်လို့တောင် ပြောလို့ရတယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းတုန်းက ဆေးဝါးတာအိုဌာနရဲ့ ရွှေခေတ်ဖြစ်ခဲ့တာပေါ့။ ငါတို့တာအိုနဲ့ ငါတို့ရဲ့ လက်နက်တွေဟာ စည်းလုံးညီညွတ်ခဲ့ပြီး ထာဝရတည်မြဲတော့မယ့်အတိုင်းပဲ.... ဒါပေမဲ့ ဆေးဝါးတာအိုဌာရဲ့ ခေါင်းဆောင်ကြီးတွေဟာ တရားထိုင်ရင်း ကွယ်လွန်သွားခဲ့ကြတယ်။ နောက်တော့ အဲဒီခေတ်က နောက်ဆုံးခေါင်းဆောင်ကြီးက ငါတို့ဆေးဝါးတာအိုကို ဆန့်ကျင်ပြီး ဆေးနတ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်လေ
"အဲဒီအချိန်တုန်းမှာ ငါတို့ဟာ အပြင်လောကက တခြားဆေးဝါးတာအိုတွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဆေးဝါးတာအိုအဖွဲ့ရဲ့လက်နက်တွေ .... ပျက်စီးသွားခဲ့တာပဲ
"အဲဒီနောက်ပိုင်း နှစ်ပေါင်းထောင်ချီကြာတော့ ဆေးဝါးပညာရှင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆေးဝါးပညာကို သုံးသပ်ဆင်ခြင်ပြီး နဂိုဂုဏ်ကျက်သရေကို ပြန်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ... သူတို့ရဲ့ဆေးဝါးတာအိုဟာ ငါတို့လက်နက်တွေကို မေ့သွားခဲ့ပြီး အပြင်လောကက ဆေးဝါးတာအိုတွေရဲ့ လွှမ်းမိုးမှု ခံထားရတာ ကြာပြီ
"သူတို့ရဲ့ ဆေးဝါးတာအိုဟာ ဝိညာဉ်မဲ့နေသလိုပဲ
"ဝိညာဉ်တွေ ပျံထွက်သွားတော့ အခွံကြီးသက်သက် ကျန်ခဲ့သလိုပေါ့
"ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဟာ အိပ်မက်ထဲမှာ လမ်းလျှောက်နေခဲ့တဲ့အတိုင်းပဲ။ ဝိညာဉ်ဟာ အပြင်လောကရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်ခံထားရပြီး ကြုံရာကျပန်း ဆေးဝါးပညာအတွေးဒဿနတွေရဲ့ လွှမ်းမိုးခံထားရတယ်။ ဖန်မျိုးနွယ်စုရဲ့ ခန္ဓာကိုယ်မှာ ဝိညာဉ်မရှိတော့တဲ့အတွက် မျှော်လင့်ချက်အကုန်လုံးကို အပြင်လောကရဲ့ အတွေးဒဿနတွေကြားမှာ ရှာဖွေရင်း ... ဦးတည်ချက်မဲ့နေခဲ့တယ်
"ဒီအတိုင်းသာ တက်သွားရင် ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဟာ တဖြေးဖြေး သမိုင်းမှာကျန်ခဲ့ပြီး ဘာမှမရှိတော့တဲ့အထိ တိမ်ကောပျောက်ကွယ်သွားလိမ့်မယ်
"တာအိုတွေနဲ့ လက်နက်တွေဆိုတာ ပေါင်းစည်းနေရမှာ။ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုကို ပြန်ခြေရာကောက်ပြီး အထွတ်အထိပ်ရောက်အောင် ပြန်ပြုပြင်။ အဲ့ဒါကပဲ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဌာနကို ခေါင်းပြန်ထောင်လာစေနိုင်မယ့် နည်းလမ်းအစစ်အမှန်ပဲ
"နားလည်လား" သူ့အကြည့်သည် အဝေးကို ငေးမောရာမှ မန်ဟို့အပေါ် ကျရောက်လာ၏။ သူ၏မျက်လုံးများက မန်ဟို့ကို ထိုးဖောက်၍ မန်ဟို၏ဝိညာဉ်ကို ဆန်းစစ်နေသည့်အလားပင်။
မန်ဟိုမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ဆေးလုံးအကြီးအကဲကို ခေါင်းညိတ်ပြလိုက်သည်။
"စီနီယာ ဆိုလိုချင်တာကို ကျွန်တော် နားလည်တယ်ထင်ပါတယ်" သူက ပြောသည်။ "လက်နက်တွေဟာ အကောင်အထည်ရှိနိုင်သလို၊ အကောင်အထည်မရှိနိုင်ဘူး။ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုက အဲဒီလက်နက်တွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့အတွက် နောက်ပိုင်းမှာ လက်နက်တွေဟာ ဝိညာဉ်တစ်ခုကို ဖန်တီးလိုက်တယ်။ ဆေးဝါးဌာနရဲ့တာအို တိမ်ကောပျောက်ကွယ်သွားမှာစိုးလို့ အဲဒီဝိညာဉ်တွေဟာ ခန္ဓာကိုယ်ထဲကို ပြန်ဝင်ရမယ်"
ဆေးလုံးအကြီးအကဲသည် မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်စွာ ရပ်နေ၏။
"ဒါပေမဲ့ ကျွန်ဝောာ်နားမလည်တာ တစ်ခုရှိပါတယ် စီနီယာ" မန်ဟိုက တည်ငြိမ်စွာ ဆက်ပြောသည်။ "တာအိုကို သိမြင်တဲ့လူတွေ၊ အမြင်တူတွေရဲ့ အတွေးတွေကို မှတ်သားတဲ့လူတွေဟာ နောက်ဆုံးကျ ကိုယ်ပိုင်တာအိုကို ဖော်ဆောင်ကြပါတယ်။ တာအိုနဲ့ပတ်သက်ရင် အဲဒီလိုအရာမျိုးဟာ မရှောင်ရှားနိုင်ဘူး မဟုတ်ဘူးလားခင်ဗျာ"
"ကိုယ်ပိုင်တာအိုကို ရရှိဖို့အတွက် အမြင်တူတွေရဲ့ ဆေးဝါးတာအိုအတွေးအခေါ်တွေကို မှတ်သားတယ်ဆိုတာ တာအိုကို သိမြင်စေမယ့် လမ်းကြောင်းတစ်ခုဟုတ်တယ်။ ဒါပေမဲ့ .... မင်းအနေနဲ့ ကိုယ်ပိုင်တာအိုကို အစကတည်းက ပိုင်ဆိုင်ထားမှ မှန်တယ်။ ပိုင်ဆိုင်ထားပြီးသားဆိုလိုကတော့ ဟုတ်တာပေါ့ တခြားသူတွေရဲ့ အတွေးတွေကို စုပ်ယူနိုင်တယ်။ ဒါပေမဲ့ မပိုင်ဆိုင်ထားရင်တော့ အခြားအမြင်တူအုပ်စုတွေရဲ့ လက်နက်တွေနဲ့ ရောထွေးသွားပြီး လွှမ်းမိုးခံလိုက်ရလိမ့်မယ်
"လက်နက်တွေဆိုတာ အိမ်လိုပဲ။ တာအိုကတော့ နှလုံးသားပေါ့။ တာအိုနဲ့ လက်နက်ကို ပေါင်းစည်းလိုက်တဲ့အခါ မင်းနှလုံးသားက အိမ်ဖြစ်သွားပြီ။ ဖန်ဟို ... မင်း တကယ်ပဲ နားလည်သလား" သူက မန်ဟို့ကို နောက်တစ်ကြိမ် လေးလေးနက်နက် ကြည့်ပြန်၏။
တခဏကြာသော် သူက ပေါ့ပေါ့ပါးပါး ပြောလေသည်။ "မဟာအကြီးအကဲ မင်းကို နိဗ္ဗာနသစ်သီးနှစ်လုံးပေးတယ် ကြားတယ်"
တိုက်ဆိုင်သည်လား မပြောတတ်သော်လည်း သူ ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် တောင်ပေါ်ရှိ ယူနီကွန်းအင်မော်တယ်များမှာ ရုတ်တရက် တဝီဝီ ကျယ်လောင်စွာ အော်လာကြသည်။ မန်ဟိုသာ ဆေးလုံးအကြီးအကဲနှင့် နီးနီးကပ်ကပ် ရပ်မနေလျှင် ပြတ်ပြတ်သားသား ကြားခဲ့မည်မဟုတ်ပေ။
စကားပြောပြီးသည်နှင့် ဆေးလုံးအကြီးအကဲက လက်ကို ဝှေ့ယမ်းကာ သိုလှောင်အိတ်တစ်အိတ်အား မန်ဟို့ဆီ ပျံထွက်သွားစေသည်။
"အဲဒီထဲမှာ မိုးနန်းတော်နေဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်တွေပါတယ်။ အင်မော်တယ်ရတနာတော့ မပါသေးဘူး။ ဘာရတနာလိုချင်လဲ စဉ်းစားပြီး ပြောချည်။ မင်းအတွက် ဖန်တီးပေးဖို့ စီစဉ်ခိုင်းလိုက်မယ်"
မန်ဟို တုန်ရီသွားသည်။ ဆေးလုံးအကြီးအကဲ သူ့ကို နှိုးဆော်လိုက်သော အချက်နှစ်ချက်နှင့်ပတ်သက်ပြီး ဆိုလိုရင်းကို သူ အမှန်တကယ် နားလည်သည်လား သူ့ကိုယ်သူ မေးဖို့ လိုအပ်လေသည်....
"ဆေးဝါးတာအိုနဲ့ပတ်သက်တဲ့ သူ့မေးခွန်းတွေထဲမှာ ပိုနက်ရှိုင်းတဲ့အဓိပ္ပာယ်က နိဗ္ဗာနသစ်သီးတွေက ငါ့အပိုင်မဟုတ်ဘူးလို့ သတိပေးနေတာများလား" သူက တွေးသည်။ "ဒါမှမဟုတ် နိဗ္ဗာနသစ်သီးတွေနဲ့ပတ်သက်ပြီး ငါ နားမလည်သေးတဲ့ လျှို့ဝှက်ချက်တွေ ရှိသေးတယ်လို့ ပြောနေတာများလား" မန်ဟိုသည် ထိုအကြောင်းအရာကို ထပ်စကားမဆက်တော့ဘဲ အင်မော်တယ်ရတနာအကြောင်း ကြားလျှင်ချင်း မျက်လုံးများ လင်းခနဲ လက်သွားသည်။
သူသည် တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောလိုက်၏။ "စီနီယာဆေးလုံးအကြီးအကဲ ၊ ဟို ... အင်မော်တယ်ရတနာတွေကို ကျွန်တော်မလိုပါဘူး။ တခြားဟာနဲ့ လဲလို့ရလား"
ဆေးလုံးအကြီးအကဲက မန်ဟို့ကို တခဏ ကြည့်ပြီးနောက် ရယ်သည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် အမှန်တကယ် ပြုံးမိခြင်းဖြစ်၏။ "ဘာနဲ့လဲချင်တာလဲ"
"ဟို..." မန်ဟိုက လည်ချောင်းရှင်းပြီး တည့်တိုးပြောရန်သာ ဆုံးဖြတ်လိုက်သည်။ "စီနီယာဆေးလုံးအကြီးအကဲ၊ အဲဒီယူနီကွန်းအင်မော်တယ်တွေက အင်မတန် အံ့ဖွယ်ကောင်းတယ်လို့ ကျွန်တော် ထင်တယ်ဗျ။ အဲ့ဒါကြောင့် ပိုးမွှားတာအိုအကြောင်း နည်းနည်းပါးပါး သင်ပေးလို့ရမလားခင်ဗျာ"
"ဟေ" ဆေးလုံးအကြီးအကဲက အပြုံးလေးဖြင့် ပြန်ဖြေသည်။ "ဒီယူနီကွန်းအင်မော်တယ်တွေရဲ့ သွေးဆက်မှာ ဘိုးဘေးနိုးထခြင်းစွမ်းအားတွေ ရှိတယ်။ ငါ ဒီကောင်တွေကို ထိန်းကျောင်းနိုင်တဲ့အဆင့်မရောက်ခင် နှစ်နဲ့ချီ မွေးခဲ့ရတာ။ ပိုးမွှားတာအိုက ထိပ်တန်းလျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ။ မင်းက မျိုးနွယ်ဝင်တစ်ဦးဆိုရင်တောင်မှ ဒီဟာကို မကျင့်ကြံခင် ဆင်ခြင်သုံးသပ်ဖို့ လိုသေးတယ်"
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။ ဆေးလုံးအကြီးအကဲက သူ့ကို တန်းပြီးမငြင်းခဲ့ရာ မျှော်လင့်ချက်အနည်းငယ်ရှိသည်ဟု ဆိုလို၏။ ဤတောင်အနား ရောက်လာခဲ့လျှင်ချင်း ယူနီကွန်းအင်မော်တယ်များကို သူ မျက်စိကျခဲ့လေသည်။ အင်မော်တယ်အပျက်အစီးများနယ်မှ ပြန်လာကတည်းက သူ့ရင်ထဲတွင် တနုံ့နုံ့ဖြစ်နေခဲ့သော အတွေးတစ်ခု ရှိခဲ့သည်။
အင်မော်တယ်အပျက်အစီးများနယ်တွင် မြင်ခဲ့ရသော ချေးပိုးထိုးအုပ်ကြီးကို သူ့မှာ အတော်လေးမနာလို ဖြစ်နေခဲ့၏။ ထိုကတည်းက သူသာ လက်လေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် အနက်ရောင်ချေးပိုးထိုးအုပ်လိုက်ကြီးအား ကောင်းကင်ထက်တွင် ပြည့်နှက်သွားစေနိုင်လျှင် သူ့ကို ရင်ဆိုင်နေရသော မည်သည့်ပြိုင်ဘက်မဆို ထိုနှစ်တုန်းက သူ့အတိုင်း ဖင်တုန်အောင် ကြောက်သွားမှာ ဖြစ်သည်။ သူ့အတွေးတစ်ချက်လေးနှင့် ရန်သူများအား ပြာချပစ်နိုင်မည်။
တစ်နေ့ ထိုသို့လုပ်နိုင်မည့်အတွေးလေးတစ်ချက်က မန်ဟို့အား လွန်စွာ စိတ်လှုပ်ရှားသွားစေသည်။
အထူးသဖြင့် လောလောဆယ် သူ့သိုလှောင်အိတ်ထဲ၌ ချေးပိုးထိုးအနည်းငယ် ရှိနေသည်ကို ထည့်တွက်လျှင်ပင်။ ၎င်းတို့၏အသက်စွမ်းအားမှာ မယုံနိုင်လောက်အောင် အားကောင်း၍ မသေသွားခဲ့ကြဘဲ သူ၏သိုလှောင်အိတ်ထဲတွင် ချိတ်ပိတ်ခံထားရလျက် ငြိမ်နေကြလေသည်။
"စီနီယာ ဒီလိုဗျာ ... ကျွန်တော်က လက်နက်တွေကို အားမကိုးတတ်တဲ့ ကျင့်ကြံသူမျိုးဗျ" စကားပြောနေစဉ် သူ၏အသံသည် တည်ကြည်လေးနက်လာသည်။ "မှော်ပစ္စည်းတွေကို စသုံးမိရင် နောက်ပိုင်းကျ သူတို့ကိုပဲ အားကိုးမိတော့မှာလေ။ ပိုးမွှားတာအိုကတော့ မတူဘူး။ နတ်ဘုရားစွမ်းရည်၊ ဒါမှမဟုတ် ပညာရပ်လိုပဲ
"စီနီယာ ကျွန်တော် မှော်လက်နက်တွေ မလိုချင်ဘူး။ ကျွန်တော်က တာအိုကိုပဲ ရှာဖွေနေရုံပါ" နောက်ဆုံးစကားအား ပြောပြီးသောအခါ သူက လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
စိတ်ထဲတွင် သူသည် သူ၏အပြောကောင်းပုံအား အလွန်ကျေနပ်နေ၏။ အထူးသဖြင့် နောက်ဆုံးစကားနှင့်ပတ်သက်၍ပင်။
ဆေးလုံးအကြီးအကဲက မန်ဟို့ကို အကြာကြီး ကြည့်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပြားတစ်ပြားက မန်ဟို့ထံ ပျံသန်းလာသည်။ ၎င်းသည် မြစိမ်းရောင်ဖြစ်ပြီး တစ်ဖက်တွင် ယူနီကွန်းအင်မော်တယ်တစ်ကောင်၏ ပုံစံရေးဆွဲထားသည်။ ထိုသတ္တဝါမှာ ကြီးမားသောအသတ်အဖြတ်အရှိန်အဝါနှင့် ပြိုင်ဘက်ကင်းရက်စက်ပုံရသည်။
အခြားတစ်ဖက်တွင်မူ ယူနီကွန်းအင်မော်တယ်နောက်တစ်ကောင်၏ ပုံစံရှိသည်။ သို့သော် ဤတစ်ကောင်သည် တည်ငြိမ်အေးဆေးပြီး ယင်တစ်ကောင်ကိုပင် နာကျင်အောင် လုပ်မည့်ပုံမပေါ်ပေ။
"ပိုးမွှားတာအိုရဲ့ အတွဲသုံးတွဲထဲက ပထမအတွဲကို တစ်ချက်ကြည့်လိုက်။ မင်းမှာ ပါရမီပါရင် ငါ သင်ပေးမယ်
"အဲဒီသိုလှောင်အိတ်ထဲမှာ အမိန့်တံဆိပ်ပြားတစ်ပြားကိုလည်း မင်း တွေ့လိမ့်မယ်။ ဆေးဝါးတာအိုဌာနရဲ့ စည်းကမ်းတွေအရ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို အဆင့် (၈) ဆေးဝါးပညာရှင် အလိုလိုဖြစ်သွားပြီ။ အခုဆို မျိုးနွယ်စုမှာ မင်းရဲ့ အဆင့်အတန်းက မျိုးနွယ်အကြီးအကဲတစ်ဦးနဲ့ ညီမျှသွားပြီ။ မင်းအတွက် ကျင့်ကြံခြင်းဂူအဖြစ် သုံးဖို့ အတွင်းတောင်တွေထဲက ဘယ်တောင်ကိုမဆို ရွေးချယ်လို့ရတယ်"
ထိုသို့ပြောပြီး သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ကာ ညင်သာသောလေတစ်ချက်ကို ဖြစ်တည်လာစေသည်။ ၎င်းက မန်ဟို့ကို လှည့်ပတ်ရစ်သိုင်းရင်း သူ၏အမြင်အာရုံများကို ဝေဝါးလာစေသည်။ ပြန်လည်ကြည်လင်လာသောအခါ သူကား တောင်၏အဝေးသို့ ရောက်နေချေပြီ။
သူက အခြားတောင်အားလုံး၏ အလယ်ရှိ တောင်ထွတ်ကို ပြန်ကြည့်လိုက်သည်။ တခဏလေးအတွင်း သူသည် တောင်ထွတ်အပေါ်ရှိ ဂူအားလုံးကို ကြည့်ပြီးသွား၏။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် အသက်ပြင်းပြင်းရှူသွင်းပြီး လက်ယှက်အရိုအသေပေးလိုက်သည်။
ထို့နောက် သူ ထွက်လာခဲ့သည်။
သူသည် အတွင်းတောင်များမှ ပျံထွက်လာခဲ့ပြီး ထိုအတောအတွင်း ဆေးဝါးပညာရှင်အတော်များများနှင့် ဆုံတွေ့ခဲ့၏။ မန်ဟို့ကို မြင်လျှင် သူတို့၏အမူအရာများသည် အံ့ဩလေးစားမှုတို့ဖြင့် ပြည့်နှက်သွားပြီး သူတို့က ချက်ချင်း လက်ယှက်အရိုအသေပေးကြလေသည်။ မန်ဟို မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သောအကြောင်းသည် ဖန်မျိုးနွယ်စုအတွင်း ပျံ့နှံ့နေခဲ့ပြီဖြစ်၍ လူတိုင်းသိကြ၏။
မန်ဟို ဆေးအိမ်တော်တွင် သတ္တမအဆင့်အထိ တောက်လျှောက်တက်သွားနိုင်ခဲ့သည်ကို မယုံခဲ့သော လူတချို့ရှိခဲ့သော်လည်း ... မန်ဟိုက ဒဏ္ဍာရီလာဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့ပြီးလေပြီ။ ဆေးဝါးတာအိုဌာနတွင် သူသည် ဧဝရတ်တောင်ပမာ တည်မြဲနေပြီဖြစ်ပြီး သူနှင့်ပတ်သက်၍ သံသယစကားများအား မကြားရတော့ပေ။
ကျင့်ကြံခြင်းလောကတွင် လေးစားမှုသည် အားကြီးသူကို ဦးခိုက်၏။ ဆေးဝါးတာအိုဌာနတွင်လည်း ထိုနည်းမခြားပင်။
မန်ဟိုသည် အတွင်းတောင်များမှ ထွက်တော့မည့်အချိန်မှာပင် တုံ့ခနဲ ရပ်၍ လှပသောတောင်ထွတ်တစ်ခုကို ခေါင်းလှည့်ကြည့်လိုက်၏။ တောင်တစ်တောင်လုံးသည် မြစိမ်းရောင်သိမ်းနေပြီး ၎င်း၏ နှင်းဖုံးနေသော တောင်ထွတ်ကို မြူတိမ်များ ရစ်သိုင်းနေ၏။
သူ ခေါင်းလှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ထိုမြူလွှမ်းတောင်ထံမှ ပဲ့တင်ထပ်လာသော မချိတင်ကဲ အော်သံတစ်သံကို ကြားလိုက်ရသည်။
ထိုအော်သံကား ကျင့်ကြံသူတစ်ယောက်၏အော်သံမဟုတ်ဘဲ .... ဒေါင်းလှလှလေးတစ်ကောင်ထံမှ လာခြင်းဖြစ်သည်။
တစ်ဆက်တည်းမှာပင် အဘွာအိုတစ်ဦးထံမှ လာကြောင်း သိသာသည့် ဒေါသတကြီး ဟိန်းဟောက်သံတစ်သံအား ကြားလိုက်ရသည်။
"မိမဆုံးမ ဖမဆုံးမ ငှက်။ နင့်ကို ဆေးလုံးအဖြစ် ပြောင်းပစ်မယ်"
ထို့နောက် ကြက်တူရွေးတစ်ကောင်၏ မောက်မာတင်စီးသော အသံတစ်သံက ခပ်စူးစူး ထွက်လာသည်။ "သခင်ငါး၊ ကျန်းဟူကို နှစ်ပေါင်းဘယ်လောက်ကြာ စိုးမိုးနေခဲ့လဲ သိလား ဟမ်။ ဒီမှာ ဘွားတော်ကြီး သခင်ငါးက နင် မမွေးကတည်းက မိုးကောင်းကင်ကို စမုံတုံးလာခဲ့တာကွ
"သခင်ငါးရဲ့ သခင်က ဘယ်သူလဲသိလား။ အေး ငါ ပြောလိုက်ရင် နင် ဖင်တုန်အောင် ကြောက်သွားမှာ။ သခင်ငါးရဲ့ သခင်က ဖန်ဟိုပဲ"
***