← Chapters

သူမသာ ကိုယ်မသာ

Vol. 67 Ch. 934

သူမသာ ကိုယ်မသာ

Vol. 67 Ch. 934

ဖန်ဝေ မီတာ (၃၀၀၀၀) အမှတ်သို့ ဝင်ရောက်လိုက်သည့်အခါ ဖန်မျိုးနွယ်များမှာ စိတ်လှုပ်ရှားစပြုလာကြသည်။

"မီတာ ၃၀၀၀၀ ။ မင်းသားဝေက ဒီတစ်ခေါက် မီတာ ၃၀၀၀၀ ကို ပထမဆုံးရောက်တဲ့သူပဲ"

"ဒါက အံ့ဩစရာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မင်းသားဝေဟာ အင်မော်တယ်နယ်ပယ်နဲ့ နီးကပ်သွားပြီး အဆုံးသတ်မှာ မီတာ ၆၉၀၀၀ ရောက်ခဲ့တယ်လေ"

"အခု နှစ်တစ်ရာကျင့်ကြံပြီးပြီဆိုတော့ မင်းသားဝေက သေချာပေါက် မီတာ ၁၅၀၀၀၀ အမှတ်ထက် ကျော်လိမ့်မယ်"

ဆွေးနွေးသံများ အရှိန်အဟုန်မြင့်တက်နေသည်။ ဖန်ဝေသည် မွေးဖွားလာခဲ့တုန်းက အများ၏အာရုံစိုက်ခြင်း မခံခဲ့ရပေ။ ထိုနေရာကို မန်ဟိုက သိမ်းပိုက်သွားခဲ့သည်။

သို့သော် မန်ဟို၏မိဘများ မန်ဟိုအား အရှေ့အောင်ပွဲဂြိုဟ်သို့ ခေါ်သွားပြီးနောက် နှစ်ပေါင်းများစွာ ကြာသော် ဖန်ဝေသည် တဖြေးဖြေး အာရုံစိုက်ခံလာရပြီးနောက်ဆုံးတွင် မျိုးနွယ်စုအတွင်း လက်ရှိမျိုးဆက်၏ ခေါင်းဆောင်ဖြစ်လာသည်။

ထိုကဲ့သို့ ရာထူးနှင့် အဆင့်အတန်းအပြင်သွေး‌ဆက်အာဏာရအောင် ဦးဆောင်နေသော အဖေနှင့်အဘိုးတို့ကြောင့် ဖန်ဝေသည် လက်ရှိမျိုးဆက်တွင် အထင်ရှားဆုံးဖြစ်လာခဲ့၏။

မီတာ (၃၀၀၀၀) အမှတ်သို့ ရောက်သော် ဖန်ဝေက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ‌အကန့်အသတ်မရှိသော နေရောင်တို့ သူ့ကို လွှမ်းခြုံနေစဉ် သူ၏ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့အောက်ရှိ လူတိုင်းကို မြင်လိုက်ရပြီး သူ၏အမူအရာမှာ မပြောင်းလဲသော်လည်း သူ့နှလုံးသားထဲတွင်မူ တစ်‌လောကလုံးကို နင်းခြေ၍ လူတိုင်းအား သူ့ခြေထောက်အောက်တွင် ဝပ်စင်းနေစေသည့်အလား ဂုဏ်ယူမာန်တက်နေသည်။

"ဒီအပေါ်ကနေ ကြည့်ရင် သူတို့က ပုရွက်ဆိတ်တွေသာသာပဲ

"ဒါဟာ ကံတရားပဲ။ ငါက မီတာ (၃၀၀၀၀) အမှတ်ကို ပထမဆုံးရောက်တဲ့သူဖြစ်တဲ့အတွက် တစ်လျှောက်လုံး အရှေ့ကနေ ဦးဆောင်ရမယ့် ကံပါပြီးသားပဲ။ ငါ လူတိုင်းကို ... ငါ့အရိပ်အောက်မှာပဲ နေရအောင် ထားမယ်

"ဘာကြောင့်လဲဆိုတော့ ငါဟာ ဒီ မီတာ (၃၀၀၀၀) အမှတ်ကို ရောက်ဖို့ ကျင့်ကြံခြင်းအခြေခံရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ သုံးရသေးတာကြောင့်ပဲ" ဖန်ဝေသည် ပြုံးပြီး မျက်လုံးများ ပိတ်လိုက်၏။ အသက်ရှူချိန်အနည်းငယ်ကြာသော် သူသည် ၎င်းတို့ကို ပြန်ဖွင့်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ တဟုန်းဟုန်း တောက်လာလေသည်။ လူတိုင်းကို တုန်လှုပ်သွားစေသော လေဆင်နှာမောင်းတစ်ချက်က သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။

လေဆင်နှာမောင်းသည် အားကောင်းသထက် အားကောင်းလာ၏။ အသက်သုံးရှိုက်ကြာသော် ဖန်ဝေသည် ထစ်ချုန်းသံများကို ပဲ့တင်ထပ်သွားစေရင်း တဟုန်ထိုး တက်သွားသည်။ သူက ကောင်းကင်ထက်သို့ ပျံတက်နေစဉ် အရှိန်တင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား မီတာသုံးထောင် ထပ်မြင့်သွားလေပြီ။ ထို့နောက် ခြောက်ထောင်။ အသက်ရှူသွင်းပြီး ရှူထုတ်လိုက်သော အချိန်လေးအတွင်း သူသည် မီတာ (၄၅၀၀၀) အမြင့်သို့ ရောက်ရှိသွား၏။

သူက ထိုနေရာ၌သာ ရပ်မနေ။ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ဟုန်းဟုန်းတောက်နေလျက် ဆက်တက်သွားသည်။ ရွှေရောင်အလင်းက သူ့ကို ဝန်းရံသွားပြီး သူကား ရွှေရောင်အလင်းတန်းအသွင်ပြောင်းကာ မီတာ (၅၄၀၀၀) အမြင့်အထိ တက်သွားလေပြီ။

ထိုနေရာမှနေ၍ သူသည် မြေပြင်အားလုံးကို ရှုစားနိုင်သွားပြီး သူ့ရင်ထဲရှိ မာန်မာနမှာ ပို၍ကြီးမားလာသည်။

အောက်ရှိ ဖန်မျိုးနွယ်ဝင်အားလုံးက မျက်လုံးများပြူးလျက် မော့ကြည့်နေကြသည်။ ထိုက်ယန်ကျစ်က မီတာ (၃၀၀၀၀) သို့ ဒုတိယမြောက် ရောက်ရှိသွားသူ ဖြစ်သည်။ သူ့နောက်တွင် ဖန်းတုံးအာနှင့် ကျိုးရှင်းသည် မီတာ (၃၀၀၀၀) သို့ တစ်ပြိုင်တည်းဆိုသလို ရောက်လာကြ၏။

နေရောင်တို့ သူ့ကို လွှမ်းခြုံနေစဉ် ထိုက်ယန်ကျစ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူကိုယ်တိုင်၌အား ကောင်းကင်ထက်ရှိ နေမင်းကြီးကို အံတုဖက်ပြိုင်နေသော နေတစ်စင်းနှင့်တူလေသည်။ ရုပ်လုံးမပီပြင်သေးသော မီးတောက်များက သူ့ကို လွှမ်းခြုံနေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ... သူကား ဖန်ဝေနည်းတူ မီတာ (၄၅၀၀၀) အထိ ထိုးတက်သွားရာ အများ၏အာရုံစိုက် ဆွဲဆောင်လိုက်သည်။

သို့သော် အချိန်အနည်းငယ်ကြာသော် ဖန်းတုံးအာနှင့် ကျိုးရှင်းတို့လည်း ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့ကဲ့သို့ ရွေးချယ်ခံများအတွက် မီတာ (၃၀၀၀၀) သို့ တက်လာခြင်းမှာ သွေးပူလေ့ကျင့်ခန်းသာသာပင်။ ပတ်ဝန်းကျင်နှင့် ကျင့်သားရသွားသည့်အခါမှ စစ်မှန်သောကံကြမ္မာကောင်းကို ရယူနိုင်ကြမှာဖြစ်သည်။

မြင့်မြင့်တက်နိုင်လေလေ၊ ကံကြမ္မာကောင်းက ပို၍ခမ်းနားလေလေ ဖြစ်လိမ့်မည်။

ဖန်းတုံးအာသည် သူမကို ၎င်းနှင့်အတူ သယ်ဆောင်သွားနေပုံရသော မှော်ပင်လယ်တစ်စင်းဖြင့် ဝန်းရံခံလိုက်ရ၏။ ၎င်းက မီတာ (၄၈၀၀၀) ရောက်သည်အထိ တက်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုက်ယန်ကျစ်မှာ အထူးကျင့်စဉ်ကျင့်ထားသည့်တိုင် နောက်ကျခဲ့လေပြီ။

မြင့်မြတ်သော‌ ရေစီးဓားဂူမှ ကျိုးရှင်းသည် ဓားအလင်းရောင်ဖြင့် ခြုံရံလျက် ဖန်းတုံးအားနှင့် ထိုက်ယန်ကျစ်အကြား တစ်နေရာရောက်သည့်တိုင်အောင် ထိုးတက်သွားသည်။

ထို့နောက် မီတာ (၃၀၀၀၀) သို့ ရောက်ရှိလာခဲ့ကြသော လီလင်းအာ၊ ဝမ်မု ၊ စုန့်လော့တန်နှင့် စွန်းဟိုက်တို့အားလုံး ကျင့်ကြံခြင်းအခြေခံများအား ထုတ်လွှတ်ကာ မြင့်မြင့် တက်သွားကြ၏။

ရွေးချယ်ခံများ၏ တဟုန်ထိုး ထိုးတက်သွားမှုက အောက်ရှိ ဖန်မျိုးနွယ်ဝင်များကို လုံးလုံးလျားလျား အံ့ဩသွားစေသည်။ နောင်တစ်ချိန်တွင် ဤရွေးချယ်ခံများသည် နဝမတောင်ပင်လယ်၌ အစွမ်းထက်ဆုံးပညာရှင်များ ဖြစ်လာလိမ့်မည်ဟု သူတို့ သိကြသည်။

အင်မော်တယ်ကံတရားအား စောင့်နေကြသည့်အတွက်ကြောင့်သာ မဟုတ်လျှင် မည်သူမဆို အင်မော်တယ်နယ်ပယ်အား ဝင်ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် အရင်းအမြစ်များအား စုဆောင်း၍ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ကြ၍ အင်မော်တယ်လမ်းပြနွယ်နှင့် ပေါင်းစည်းလိုက်လျှင်ချင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြလိမ့်မည်။

"မီတာ (၃၀၀၀၀) က သူတို့အတွက် ပထမအဆင့်ပဲ ရှိသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျင့်ကြံခြင်းအခြေခံတွေကို ထုတ်ဖော်ရင်း စွမ်းအားတွေကို အသုံးချတော့မှာ"

"ကံကောင်းစွာနဲ့ ငါတို့ဖန်မျိုးနွယ်စုရဲ့ မင်းသားဝေက ပထမနေရာမှာ"

"မင်းသားဝေ ဒီမှာရှိရင် နဝမတောင်ပင်လယ်က ရွေးချယ်ခံတွေအကုန်လုံး ဖန်မျိုးနွယ်စုကို လေးစားရလိမ့်မယ်"

ရွေးချယ်ခံများ တဟုန်ထိုး မြင့်တက်သွားကြစဉ် မန်ဟိုသည် ရှစ်ကြိမ်မြောက် ၊ ကိုးကြိမ်မြောက်၊ ဆယ်ကြိမ်မြောက် တက်လာ၏။

မီတာ (၂၄၀၀၀) ၊ မီတာ (၂၇၀၀၀) ၊ မီတာ (၃၀၀၀၀) ။

သူသည် လက်ဖျားခါဖွယ် အမြန်နှုန်းဖြင့် တစ်ကြိမ်လျှင် မီတာ (၃၀၀၀) ရွေ့လျားရင်း မီတာ (၃၀၀၀၀) သို့ ရောက်နေကြသော အဖွဲ့ကို မှီလာသည်။ ထိုနေရာတွင် သူသည် အသက်ပြင်းပြင်း ရှူသွင်း၍ သူ့ခြေထောက်အောက်ရှိ ကျုံ့လာသော မြေပြင်ကို ငုံ့ကြည့်လိုက်၏။ ဘိုးဘေးစံအိမ်နှင့် ဆေးဝါးတာအိုဌာနအား ကာရံထားသော တောင်တန်းအပါအဝင် မြေပြင်ကျယ်များကို မြင်လိုက်ရသည်။

ဤနေရာ၌ နေရောင်သည် စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို အရည်ပျော်သွားစေနိုင်သည်အထိ မယုံနိုင်လောက်အောင် ပြင်းထန်ပြီး ခြစ်ခြစ်တောက် ပူ၏။ မှန်ပါသည်၊ မန်ဟို့အတွက်တော့ ... ထိုအပူရှိန်က သူ့အား ထပ်မတက်နိုင်အောင် မဟန့်တားနိုင်ပေ။

သူ ရှူသွင်းလိုက်သည့်အခါ အပူဓာတ်က သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားသည်။ ချွေးစက်များ ထွက်လာပြီး တစ်စက်စီတွင် သူ့ကိုယ်ထဲမှ ဖယ်ရှားခံလိုက်ရသော အညစ်အကြေးများ ပါဝင်၏။

သူသည် ဖြေးဖြေးချင်း ကြည်လင်လာပြီး သူ၏အပြင်အားကိုယ်မှာ သန်မာသထက် သန်မာလာသည်။

သူက လက်သီးဆုပ်၍ လက်ဆစ်များ ချိုးရင်း သန်မာလာသည်ကို ခံစားလိုက်ရသည်။

"သွေးပူလေ့ကျင့်ခန်း ပြီးပြီ။ အခု ... အစွမ်းပြဖို့ အချိန်ပဲ" သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် အသက်ပြင်းပြင်းရှူလိုက်ရာ ကျင့်ကြံခြင်းအခြေခံသည် တပွက်ပွက် ဆူလာပြီး ရုတ်တရက် စွမ်းအားတို့ဖြင့် ပေါက်ကွဲလာ၏။ မျက်စိတစ်မှိတ်အတွင်း ဝဲတစ်ခုက သူ၏ပတ်ပတ်လည်တွင် ပေါ်လာလေသည်။

ဝဲသည် အရပ်လေးမျက်နှာသို့ ပြန့်ကားရင်း အလင်းရောင်အားလုံးကို စုပ်ယူနေသော တွင်းနက်ကြီးအသွင်ပြောင်းကာ မန်ဟို၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် သူကား ရုတ်တရက် အမြန်ဆုံးနှုန်းဖြင့် တက်သွားလေသည်။

ထိုမြင်ကွင်းက အောက်ရှိ မရေမတွက်နိုင်သော ဖန်မျိုးနွယ်ဝင်အားလုံးအား ပင့်သက်ရှိုက်မိသွားစေသည်။

သူတို့သည် လေးညို့မှ လွှတ်လိုက်သော မြားသဖွယ် မန်ဟို တဟုန်ထိုးတက်သွားသည်ကို ကြည့်နေ၏။ မည်သူမှ သူ့လမ်းတွင် မရပ်နိုင်ကြပေ။ မည်သည့်အတားအဆီးမှ သူ့ကို မဟန့်တားနိုင်ကြပေ။ ထစ်ချုန်းသံများ မြည်ဟည်းနေစဉ် သူသည် မီတာ (၃၉၀၀၀) ၊ မီတာ (၄၅၀၀၀) ၊ မီတာ (၅၄၀၀၀) သို့ ရောက်ရှိသွား၏...

သူက လီလင်းအာနှင့် အခြားသူများကို ကျော်သွားသည်။ ထိုက်ယန်ကျစ်ကို ကျော်သွားသည်။ ဖန်းတုံးအာနှင့် ကျိုးရှင်းကိုလည်း ကျော်သည်။ သူ ထိုသို့ ကျော်သွားစဉ် သူတို့မှု မျက်လုံးပြူးကုန်ကြ၏။ ထို့နောက် သူက ပို၍ပင်မြင့်တက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သူသည် မီတာ (၆၀၀၀၀) အထိ ရောက်ရှိသွား၏။

ဤအဖြစ်အပျက်က အောက်ရှိ ဖန်မျိုးနွယ်များအကြား အံ့ဩပြီးရင်း အံ့ဩသွားစေသည်။ သူတို့၏မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်နေကြပြီး အက်ကွဲကွဲ ကောက်ချက်ချသံကြီးများ ထွက်လာသည်။

"မဖြစ်နိုင်ဘူး"

"သူက မျက်စိတစ်မှိတ်အတွင်း မီတာ ၃၀၀၀၀ ခုန်တက်သွားတယ်။ ပြီးတော့လည်း နောက်ထပ်မီတာ ၃၀၀၀၀။ ဖန်ဟိုက တကယ် အံ့ဩစရာကြီးဟ"

"သူက တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး။ ဖန်ဟို။ သူ အခု ဒီမျိုးနွယ်စုကို ပြန်ရောက်လာပြီဆိုတော့ ဖန်ဝေက ဘာမှမဟုတ်တော့ဘူး။ ဖန်ဟိုက ဖန်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ရွေးချယ်ခံပဲ"

လူအုပ်ကြီးထံမှ ဆူညံသံများကြားတွင် မန်ဟိုသည် မီတာ (၆၀၀၀၀) အမှတ်အား ဖြတ်ကာ ဖန်ဝေနှင့် တန်းတူဖြစ်သွားသည်။

ဖန်ဝေမှာ လုံးလုံးလျားလျား အံ့အားသင့်သွားသော်လည်း မကြာမီ သူ၏အမူအရာတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ သူက တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ မန်ဟိုနှင့် သူမသာကိုယ်မသာ ပျံတက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ‌ဖန်းတုံးအာနှင့် သူမအနားရှိ လူများမှာ တအံ့တဩ မော့ကြည့်နေကြလေသည်။ ထို့နောက် သူတို့သည် ပို၍မြင့်မြင့်သို့ ရောက်အောင် ကျင့်ကြံခြင်းအခြေခံများဖြင့် အားကုန်တွန်းပို့လိုက်ကြသည်။ လီလင်းအာနှင့် ကျန်ရွေးချယ်ခံများလည်း ထိုနည်းတူပင်။ မန်ဟို့ထံမှ လှုံ့ဆော်မှု၏ ကျေးဇူးကြောင့် သူတို့အားလုံး ပို၍မြင့်မြင့်သို့ ရောက်ရှိသွားကြသည်။

ဂျိန်း

မြေပြင်ထက်မှကြည့်လျှင် မရေမတွက်နိုင်သောအလင်းတန်းများသည်ကို လေကိုခွင်းနေကြ၏။ အားလုံးအထဲ အမြင့်ဆုံးမှာ မန်ဟိုနှင့်ဖန်ဝေ ဖြစ်သော အလင်းတန်းနှစ်တန်းဖြစ်ပြီး မည်သူက ရှေ့တွင်လဲ၊ မည်သူက နောက်တွင်လဲ ပြောရခက်လေသည်။

ဟိုးအောက်တွင်ဝောာ့ ဖန်တုံးအာနှင့် ကျိုးရှင်းက တဟုန်ထိုး တက်လာနေသည်။ လီလင်းအာက သူတို့နောက်နားလေးတွင် ဖြစ်ပြီး ထိုက်ယန်ကျစ်လည်း သူ၏အထူးကျင့်စဉ်ဖြင့် ထိုနည်းတူပင်။

အခြားသူအားလုံးလည်း ပြတ်ကျမကျန်ခဲ့ဘဲ လိုက်မှီအောင် အစွမ်းကုန် အားထုတ်နေကြသည်။

"နှစ်နာရီလောက်ပဲ ကြာသေးတယ်လေ။ အရှေ့တက်လှမ်းခြင်းနေက ၃၆ ရက်တိုင် ခံမှာကို"

"ဒီလူတွေ ရူးနေတာလား ဘာလား။ ကြည့်စမ်း ဖန်ဟိုက ဖန်ဝေနဲ့ သူမသာ ကိုယ်မသာပဲ"

"ရူးနေတာမဟုတ်ဘူး။ ပြိုင်ဆိုင်မှုပြင်းထန်တာလို့ ခေါ်တယ်"

အောက်ရှိ လူအုပ်ကြီးမှာ စိတ်နှလုံးလှုပ်ရှားနေသည်ကို ခံစားနေရ၏။ ဖန်ရွှီက မီတာထောင်ချီ ကွာဝေးနေသောနေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး ထို‌နေရာကပင် သူ့အတွက် အပူနှင့်အလင်းကို စုပ်ယူရန် ခက်ခဲနေလေပြီ။ သို့ပင်ငြား သူ့မှာ အလွန်စိတ်လှုပ်ရှားနေသည်။

သူက မန်ဟို မြင့်သထက် မြင့်မြင့်သို့ တက်သွားသည်ကို မော့ကြည့်ပြီး အလွန်စိတ်အားတက်ကြွနေသောပုံစံ ရှိသည်။

"အစ်ကိုကြီး၊ ဖန်ဝေထက် သာရမယ်နော်"

ဘိုးဘေးစံအိမ်ထဲတွင် ဖန်မျိုးနွယ်အကြီးအကဲအားလုံး ရွေးချယ်ခံများ ပြိုင်ဆိုင်နေသည်ကို မော့ကြည့်နေကြသည်။ မဟာအကြီးအကဲ၏မျက်နှာမှာ ခံစားချက်မဲ့နေပြီး အခြားတစ်ဖက်တွင် မဟာအကြီးအကဲထံမှ မလှမ်းမကမ်းရှိ ဖန်ဝေ့အဖေနှင့် အဘိုးမှာ အလွန်အမင်း တင်းမာခက်ထန်နေကြ၏။

တိုက်ရိုက်သွေးဆက်အားလုံးမှာတော့ စိတ်လှုပ်ရှားနေကြသည်။

ဆေးဝါးတာအိုဌာန၏ အဖွဲ့ဝင်များမှာတော့ အများတကာထက် ပို၍ စိတ်လှုပ်ရှားနေကြပြီး မမှိတ်မသုန် စောင့်ကြည့်နေကြလေသည်။

"အဲ့ဒါ ဆေးဝါးပညာရှင် ဖန်ဟိုပဲ" လူများ အော်ဟစ်လိုက်ကြ၏။ ယခုတွင် အတွင်းတောင်များထဲရှိ အဆင့် (၈) ဆေးဝါးပညာရှင်များလည်း ဖြစ်ပျက်နေသောအရာများကို သေသေချာချာ အာရုံစိုက်နေကြသည်။ သူတို့သည် ကြည့်ရင်း ပြုံးနေကြသော်လည်း တစ်ပြိုင်တည်းမှာပင် ဆေးဖော်နေသော သူတို့၏လက်များက ရပ်သွားခြင်းမရှိပေ။

ဆေးဝါးတာအိုဌာနအတွက် ‌အရှေ့တက်လှမ်းခြင်းနေနေ့သည် ဆေးလုံးများဖော်ဖို့ အပြီးပြည့်စုံဆုံး အခါသမယဖြစ်၏ ။

ဆေးလုံးအကြီးအကဲ ဖန်တယွမ်က ယူနီကွန်းအင်မော်တယ်များဖြင့် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ခုနစ်ရောင်ခြယ်မီးတောက်အား သူ့လက်ဖဝါးထက်တွင် မြင်ရနိုင်ပြီး ထိုအတွင်း၌ ဆေးလုံးတစ်လုံးသည် စတင်ဖြစ်ပေါ်လာ၏။

မန်ဟိုသာ ထိုနေရာတွင် ရှိလျှင် ဖော်စပ်ခံနေရသော ဆေးလုံးကို ချက်ချင်း သိလိမ့်မည်။ ၎င်းကား မိုး‌နန်းတော်နေဝိညာဉ်ဆေးလုံးမှတစ်ပါး အခြားမဟုတ်ပေ။

ကောင်းကင်ထက်တွင် နေရောင်မှာ ခြစ်ခြစ်တောက် ပူရှိန်းနေသည်။ အမြင့်ရောက်လေလေ၊ မည်သည့်အရာကိုမဆို လောင်ကျွမ်းပစ်နိုင်အားပြင်းလာလေလေဖြစ်သည်။ ဖန်ဝေက မျက်နှာထားတင်းမာခက်ထန်စွာဖြင့် အစွမ်းကုန် ထုတ်လိုက်သည်။ သို့သော် သူ့မှာ မန်ဟို့အား မကျော်နိုင်သေးပေ။ လောလောဆယ်တွင် တစ်ယောက်မှ အမြင့်ဆုံးနေရာအား မသိမ်းပိုက်‌နိုင်သေးခြင်းဖြစ်သည်။

မီတာ (၆၆၀၀၀) ၊ မီတာ (၇၂၀၀၀) ၊ မီဆာ (၇၈၀၀၀) ၊ မီတာ (၈၄၀၀၀)...

ထိုအခိုက်အတန့်တွင် ဖန်ဝေက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တခဏ တုန်ရီသွားပြီးနောက် ရုတ်တရက် ရွှေအလင်းရောင်တို့ဖြင့် တောက်ပလာသည်။ ထိုရွှေအလင်းရောင်ထဲတွင် သူကား ရွှေအတိပြီးသွားသယောင်ပင်။ တစ်ဆက်တည်းဆိုသလို သူ၏ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာပြီး သူက ရုတ်တရက် အံ့ဖွယ်အမြန်နှုန်းဖြင့် ထိုးတက်သွားတော့သည်။

"ငါက မင်းကျော်တက်ဖို့ မျှော်ကြည့်နေရတဲ့လူ အမြဲဖြစ်နေလိမ့်မယ်" သူက ပြောသည်။ မန်ဟို သူ၏စကားလုံးများကို ကြားလိုက်သည့်အချိန်မှာပင် ဖန်ဝေက သူ့ဘေးမှ ဖြတ်သွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်း ဖန်ဝေကား မီတာ (၉၀၀၀၀) အမှတ်သို့ ရောက်သွားခဲ့လေပြီ။

သို့သော် မန်ဟို၏ဓမ္မဆင်းတုသည်လည်း မန်ဟို၏အနောက်တွင် ပေါ်လာပြီး သူ၏အမြန်နှုန်းမှာလည်း ရင်သပ်ရှုမောလောက်အောင် မြင့်တက်သွားသည်။ သူလည်း စောစောက ဖန်ဝေနည်းတူ မီတာ (၉၀၀၀၀) အမှတ်အထိ ထိုးတက်သွား၏။

"မင်း ကိုယ့်ကိုယ်ကို နည်းနည်း အထင်ကြီးနေတယ်" သူက အေးစက်စွာ ပြောလိုက်သည်။

ဖန်ဝေက မီတာ (၉၀၀၀၀) အမှတ်သို့ ရောက်လျှင်ချင်း ရပ်လိုက်၏။ သူက မန်ဟို့ကို လေးလေးနက်နက် ခေတ္တကြည့်ပြီးနောက် လျစ်လျူရှုကာ တရားထိုင်ရန် တင်ပျဉ်ခွေလိုက်လေသည်။

မီတာ (၉၀၀၀၀) အမှတ်ရှိ ကောင်းကင်မှာ အပြာမဟုတ်ဘဲ ခရမ်းရောင်နီးပါးဖြစ်နေကြောင်း မြင်လိုက်ရ၍ မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ထိုမျှသာမက‌ နေရောင်မှာလည်း ခရမ်းရောင်ပင်။

ကြည့်ရသရွေ့ မီတာ (၉၀၀၀၀) သည် ပိုင်းခြားစည်းဖြစ်ပုံရ၏။ မန်ဟိုက တခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူ ဖော်ပြ၍မတတ်နိုင်လောက်အောင် ပူပြင်းသော ခရမ်းရောင်နေအလင်းကို စတင်စုပ်ယူနေစဉ် ဝဲတစ်ခုက သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။

သူ၏အပြင်အားကိုယ်မှာ ပို၍ပင် အစွမ်းထက်လာနေလေပြီ။

မကြာမီ သူသည် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်၏ ကနဦးအဆင့်သို့ ရောက်ရှိ‌ပေတော့မည်။

***

All Chapters