အစစ်အမှန်သူတော်စင်အပြင်အားကိုယ်
Vol. 67 Ch. 939
"သူ အင်မော်တယ်အလင်း ဖော်ဆောင်နေတာ ယုံတောင် မယုံနိုင်ဘူး" ဘိုးဘေးစံအိမ်၏အောက်ရှိ ကျောက်လိုက်ဂူထဲတွင် ကြက်သွေးရောင်ဝတ်ရုံနှင့် ခြောက်ကပ်နေသော အဘိုးကြီးက မီးကဲ့သို ဝင်းဝင်းတောက်နေသော အကြည့်ဖြင့် စောင့်ကြည့်နေသည်။
"ဖန်မျိုးနွယ်စုက တစ်ယောက်က ... နောက်ဆုံးကျရင် နဝမတောင်ပင်လယ်တစ်ခုလုံးကို အထင်သေးနိုင်တော့မှာလား။ ဒီလောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ ... မြင်ရခဲ့တဲ့ အစစ်အမှန်သူတော်စင်အပြင်အားကိုယ်ကို နောက်တစ်ခါ မြင်ရတော့မှာလား"
အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ် ပိုင်ဆိုင်ထားသော အင်မော်တယ်နယ်ပယ်ရှိ ကျင့်ကြံသူများအား သူတော်စင်ဟု ခေါ်လေသည်။
သူတော်စင်များသည် အောင်နိုင်မှုဖြင့် ထင်ရှားသည့်အတွက် ထိုအသုံးကိုယ်တိုင်က သူတို့သည် အင်မော်တယ်နယ်ပယ်တွင် ပြိုင်ဘက်ကင်းကြောင်း သွယ်ဝိုက်ညွှန်းဆိုနေ၏။ အစစ်အမှန်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းအခြေခံပါ ရှိလျှင် ထိုသူသည် တစ်ပြိုင်တည်းမှာပင် အစစ်အမှန်အင်မော်တယ်လည်းဖြစ်၊ အစစ်အမှန်သူတော်စင်လည်း ဖြစ်လိမ့်မည်။ ယင်းကို ပါရာဂွန်ဟု ခေါ်သည်။
ယင်းက ... အင်မော်တယ်နယ်ပယ်တွင် အနိုင်ယူ၍မရနိုင်သော ပြိုင်စံရှားပါရာဂွန်ပင်။
ထိုအရာအားလုံးကို အလင်းဖြင့် နိမိတ်ပြသည်။
အင်မော်တယ်အလင်း
အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်အဆင့် မရောက်မီ အဖြူရောင်အလင်း တောက်ပလာမည်ဖြစ်သည်။ အင်မော်တယ်ချီသည် ပြိုင်ဘက်ကင်းအင်မော်တယ်အလင်းမှတစ်ပါး အခြားမဟုတ်သော ပြိုင်ဘက်ကင်းအရောင်ကို ဖန်တီးရင်း ထိုအလင်းရောင်ထဲမှ ထွက်လာမည်။
အစစ်အမှန်သူတော်စင်အပြင်အားကိုယ် ပေါ်လာသည့်အခါမှသာ ... ထိုအလင်းရောင်ကို မြင်ရပေလိမ့်မည်။
အလင်းထဲတွင် မန်ဟိုမှာ အတန်ငယ် တုန်ရီသွားသည်။ သူ၏ပတ်ပတ်လည်တွင် အပြင်လောကမှ လာနေခြင်းမဟုတ်ဘဲ သူ၏ခန္ဓာကိုယ်ထဲ၌ ကြီးထွားလာနေသာ သိပ်သိပ်သည်းသည်း အင်မော်တယ်ချီကို ခံစားလိုက်ရ၏။
၎င်းသည် သူ၏သွေးကြောများထဲတွင် ပုန်းအောင်းနေခဲ့သည့်အလား၊ သူ၏ဝိညာဉ်ထဲတွင် ငုပ်လျှိုးနေခဲ့သည့်အလား၊ သူ၏အသက်စွမ်းအားထဲတွင် တိမ်မြုပ်နေခဲ့သည့်အလားပင်။
အင်မော်တယ်အလင်း ပေါ်လာသောအခါ ၎င်းသည် သိပ်သည်းသော အင်မော်တယ်ချီနှင့်အတူ လာ၏။ မန်ဟို၏အပြင်အားကိုယ်မှာ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်အဆင့်သို့ အသည်းအသန် တက်နေသဖြင့် ထစ်ချုန်းသံများ ထုတ်လွှတ်နေသည်။
မယုံကြည်နိုင်ဖွယ်စွမ်းအားကြီး သူ့ကိုယ်တွင်း၌ မြင့်တက်လာစဉ် မန်ဟို့မျက်လုံးများ၏ အနက်ပိုင်းထဲ၌ မီးတောက်တစ်စသည် တောက်လောင်နေ၏။ ထိုအခိုက်အတန့်တွင် မန်ဟိုက စပျံတော့သည်။ သူသည် အချိန်ကို အာရုံမရှိသည်မှာ ကြာခဲ့လေပြီ။ အိမ်တော်ထဲမှ ပျံထွက်လာသည့်အခိုက်အတန့်မှစ၍ ယခုအချိန်အထိ အရှေ့တက်လှမ်းခြင်းနေ၏ ၃၆ရက်အနက် တစ်ဝက်ကျော်မှာ ကုန်ဆုံးသွားခဲ့လေပြီ။ ယခုတွင် ၁၅ ရက်သာ ကျန်တော့သည်။ သို့ထိတိုင် မန်ဟိုက လှုပ်ရှားနေခြင်းအား မရပ်တန့်ပေ။
မီတာ ၃၁၈၀၀၀ ၊ မီတာ ၃၂၄၀၀၀ ....
မီတာ ၃၃၀၀၀၀ ။
သူ့ပတ်ပတ်လည်ရှိ အလင်းရောင်မှာ ပြင်းထန်ပြီး အားကောင်းလာသည်။
အင်မော်တယ်ချီများစွာ ရှိပြီး ဟင်းလင်းပြင်၏အမှောင်ထုထဲ၌ တည်ရှိသော ရောင်ခြည်နှင့် အပူရှိန်သည် မန်ဟို့ကို ရစ်ပတ်လိုက်ရင်း ဘဝအသစ်ကို ဖွင့်လှစ်ဖော်ပြရန် စောင့်ဆိုင်းနေသော ပိုးအိမ်ကြီးသဖွယ်ဖြစ်လာသည်။
ပိုးအိမ်သည် သူ့ကိုလည်း အားဖြည့်ပေးနေရာ မန်ဟို၏ အသက်စွမ်းအားအသစ်အား ပို၍အားကောင်းလာစေသည်။
သူ၏မျက်လုံးများသည် အစွမ်းပိုထက်လာလိုသော အစွဲနှင့်အတူ တောက်ပလာသည်။ ထို့ကြောင့် သူသည် မရပ်ဘဲ ရှေ့ဆက်တက်သွား၏။ သူ့ဝိညာဉ်စိတ်ဆန္ဒ၏ဖန်ဆင်းမှုဖြစ်သော ဖီးနစ်တစ်ကောင်က သူ့ကို ပတ်၍ ပျံဝဲနေသည်။ သူက သူ့ကိုယ်ထဲတွင် ခွေနေသော မိုးကောင်းကင်ရှင်ဘုရင်၏ စိတ်ဆန္ဒအတိုင်း မိုးနဂါးပျံကြီးတစ်ကောင်သဖွယ် အော်လိုက်၏။
ဝုန်း
မီတာ ၃၃၃၀၀၀
"မလုံလောက်သေးဘူး" မန်ဟိုသည် ပတ်ပတ်လည်ရှိ မျက်စိကျိန်းနေသော အလင်းရောင်ကြောင့် မျက်လုံးများကို မှေးရင်း တွေးလိုက်၏။ ယခုတွင် သူ့ကိုယ်ထဲရှိ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးမှာ တစ်စက်မကျန် စုပ်ယူခံရပြီးလေပြီ။ ဤအမြင့်တွင် အင်မော်တယ်အလင်းဖြင့် ဝန်းရံခံထားရသည့်တိုင် သူ၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေသေးသည်။ ၎င်းကား သူ့အတွက် ရင်ဆိုင်ရခက်သော အရာတစ်ခုပင်။ သူ၏ထာဝရအလွှာပင်လျှင် သူ့အား ဆက်သွားစေနိုင်ခြင်းငှာ မစွမ်းနိုင်ပေ။ သူ မရပ်လျှင်တော့ သူ့ပတ်ပတ်လည်ရှိ ပိုးအိမ်ပျက်စီးသွားသည်နှင့် သူ သေရလိမ့်မည်။
"နောက်တစ်နည်းရှိသေးတယ်...." သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ သူက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မီးတောက်တစ်ခုအား သူ၏လက်ဖဝါးထက်တွင် ပေါ်လာစေသည်။
"ငါ ဒီနေရာ ဒီအချိန်မှာ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်တယ်။ ငါ့မှာ ဆေးပင်တွေ မရှိတဲ့အတွက် နတ္ထိကနေ အတ္ထိဖန်ဆင်းခြင်း မဟာဆေးဝါးတာအိုကို သုံးရလိမ့်မယ်"
သူသည် မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ တောက်ပနေလျက် တုံ့ခနဲ ရပ်လိုက်၏။ ခြစ်ခြစ်တောက် ပူနေသော အပူရှိန်ကို သည်းခံရင်း သူကား လက်ကို ဆန့်ထုတ်ကာ မီးတောက်အား ကြီးထွားလာစေသည်။ တစ်ချိန်တည်းမှာပင် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးဖော်စပ်နည်းသည် ရုတ်တရက် သူ့ခေါင်းထဲတွင် ပေါ်လာ၏။
အတ္ထိမှ နတ္ထိဖန်ဆင်းခြင်းသည် အစစ်အမှန်ဆေးလုံးအကောင်အထည် ဖြစ်ပေါ်လာအောင် လူတစ်ယောက်၏ အတွေးစိတ်ကူးကို အသုံးချခြင်းဖြစ်သည်။ ထိုဆေးလုံးအား အခြားမည်သူမှ စား၍မရနိုင်သလို၊ ခံစား၍လည်း မရနိုင်ပေ။ ၎င်းကို ဖော်စပ်သူတစ်ယောက်တည်းသာ မြင်နိုင်ပြီး စားနိုင်သည်။
"ဒီမီတာ ၃၃၃၀၀၀ အမြင့်မှာ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ နေရောင်ခြည်နဲ့ အပူရှိန် ရှိတယ်။ ဒါတွေက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးဖော်စပ်ဖို့အတွက် အသင့်တော်ဆုံးအခြေအနေတွေပဲ" သူသည် မျက်လုံးများပိတ်၍ ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ရင်း တစ်ဆက်တည်းမှာပင် သူ လိုအပ်သော ဆေးအမယ်များကို စိတ်ကူးလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ပတ်ပတ်လည်ရှိ အလင်းနှင့်အပူကို ဆေးပင်ပုံရိပ်များအဖြစ် လည်သွားစေပြီးနောက် ညာလက်ဖြင့် လှမ်းယူလိုက်သည်။
သူ၏ညာလက်မှာ ခြစ်ခြစ်တောက် ပူ၍ တောက်လောင်နေသော ကောင်းကင်နှင့်မြေကြီး၏ မဟာဆေးပေါင်းဖိုကြီးအလားပင်။
သူ၏စွမ်းအားအလုံးစုံကား ဆေးလုံးအပေါ်သို့ စုဆုံနေသည်။ သူသည် သူ့ကိုပတ်၍ လွင့်မျောနေသော အင်မော်တယ်ချီ၊ သူ့စိတ်၊ သူ့ဝိညာဉ်၊ သူ့စိတ်ဆန္ဒတို့အပေါ်တွင် အားပြုထားလေသည်။ သူကား အတ္ထိမှ နတ္ထိဖန်တီးရာတွင် တစိုက်မတ်မတ် အားစိုက်ရင်း ခန္ဓာ၏အပြင်ထွက်သွားသော အတွေ့အကြုံမျိုး ရရှိနေပုံပေါ်သည်။
သူ့အနေဖြင့် ကျရှုံး၍မဖြစ်ပေ။ အခွင့်အရေးလည်း တစ်ခုသာ ရှိလိမ့်မည်။ သူသည် ဤနေရာတွင် အလွန်ဆုံး နှစ်နာရီအပိုင်းအခြား(၁၂)ကြိမ်အထိ နေနိုင်သည်။ ဆေးဖော်ခြင်း ကျရှုံးလျှင် ပိုးအိမ်အားခွဲ၍ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်အဆင့်သို့ တက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် ယင်းက သူ လက်မခံနိုင်သော ရလဒ်ပင်။ သည့်ထက်ပို၍ မြင့်မားသော အမြင့်သို့ တက်လှမ်းနိုင်လျှင် သူ၏အပြင်အားကိုယ်သည် ပို၍ပင် မယုံကြည်နိုင်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သူ သိ၏။
ဤသည်မှာ သူ တိုက်ခိုက်ရယူလိုသော ကံကြမ္မာကောင်း၊ အခွင့်အရေးဖြစ်သည်။
ဤအမြင့်တွင် သူ လုပ်ဆောင်မှုများအား အောက်ရှိ လူအများစုအတွက် မမြင်ရပေ။ သို့သော် ရှင်းရှင်းလင်းလင်း မြင်ရသူများမှာတော့ သူ ဘာလုပ်နေသလဲ သေသေချာချာ မသိ၍ တအံ့တဩ စိုက်ကြည့်နေကြလေသည်။
အစွမ်းထက်ပညာရှင်အများစုသာ အပိုင်းအစများကို ဆက်စပ်၍ ဖြစ်ပျက်နေသောအရာကို ခန့်မှန်းလာနိုင်သည်။ သူတို့၏ခန့်မှန်းချက်များက မယုံကြည်နိုင်မှုကို ဦးတည်သွားစေပြီး ၎င်းမှာ မည်သူမျှ မယုံကြည်ရဲသည့်အရာပင် ဖြစ်ချေသည်။
"သူက တကယ်ကြီး ...."
"ဆေးဖော်နေတာလား"
"ဆေးပင်တွေလည်း မတွေ့ပါဘူး။ ဒါတောင် ဆေးဖော်နေတာတဲ့လား"
"ဆေးလုံးအကြီးအကဲ ဒဏ္ဍာရီလာဆေးဝါးတာအိုနယ်ပယ်နဲ့ပတ်သက်ပြီး ပြောတာ တစ်ခါ ကြားဖူးတယ် ... အဲ့ဒါကို နတ္ထိမှ အတ္ထိဖန်တီးခြင်းလို့ ခေါ်တယ်တဲ့"
ဖန်မျိုးနွယ်အကြီးအကဲအားလုံး၏ မျက်နှာများတွင် အံ့ဩထိတ်လန့်မှုတို့ ဖြတ်ပြေးသွားကြသည်။
မဟာအကြီးအကဲသည် ကောင်းကင်ကို မော့ကြည့်ရင်း အသက်ရှူမြန်နေ၏။ သူ့အမူအရာမှာ ကြောက်လန့်နေသော ပုံစံဖြစ်သည်။ မန်ဟိုက သူ၏လုပ်ဆောင်ချက်များနှင့် အောင်မြင်မှုများဖြင့် သူ့အား ထပ်တလဲလဲ အံ့အားသင့်စေခဲ့လေပြီ။
ထိုစဉ် ဆေးဝါးတာအိုဌာနတွင် အဆင့် (၈) ဆေးဝါးပညာရှင်တစ်ဒါဇင်ကျော်သည် မန်ဟို၏ဆေးဝါးပညာကို ခံစားနေကြရသည့်အလား ရုတ်တရက် ဆေးဖော်စပ်နေသည်ကို ရပ်၍ ဖြေးဖြေးချင်း မော့ကြည့်လိုက်ကြသည်။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း သူတို့၏အမူအရာများသည် လုံးလုံးလျားလျား ပြောင်းလဲသွားကြ၏။
"အဲ့ဒီအရှိန်အဝါ ..."
"အဲ့ဒါက ..."
"နတ္ထိမှ အတ္ထိဖန်တီးခြင်းပဲ"
ဆေးဝါးတာအိုဌာန၏ အတွင်းတောင်များထဲရှိ ယူနီကွန်းအင်မော်တယ်များ ပြည့်နေသော တောင်ထိပ်အပေါ်တွင် ဆေးလုံးအကြီးအကဲသည် ကောင်းကင်ကို မော့ကြည့်ရင်း ရပ်နေ၏။ တဖြေးဖြေး အပြုံးတစ်ခု သူ့မျက်နှာတွင် ဖြစ်ထွန်းလာပြီး အပြုံးသည် တောက်ပသထက် တောက်ပလာကာ သူကား စရယ်တော့သည်။
ဂိုဏ်းအသီးသီး၏ ရွေးချယ်ခံများမှာ မှင်သက်နေကြသည်။ မန်ဟိုက ... ဆေးဖော်စပ်နိုင်လိမ့်မည်ဟု သူတို့ မည်သို့ထင်ထားခဲ့မည်နည်း။ သူသည် ကြောက်ခမန်းလိလိ အပူရှိန်နှင့် အလင်းရောင်တို့ဖြင့် ဝန်းရံလျက် ချောက်ချားဖွယ်အမြင့်သို့ ရောက်နေပြီဖြစ်သည့်တိုင် ... ဆေးလုံးများကို ဖော်စပ်နေနိုင်သေး၏။
ဤရွေးချယ်ခံများသည် နှစ်ပေါင်းများစွာတိုင်အောင် သူတို့၏ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ လေ့ကျင့်သင်ကြားပေးခံထားရသူများဖြစ်၍ များစွာအရာများကို မြင်ဖူးကြလေသည်။ သူတို့ထဲမှ တချို့သည် ဆေးဖော်စပ်ခြင်း၏ ဒဏ္ဍာရီလာနယ်ပယ်တစ်ခုအကြောင်း ရုတ်တရက် တွေးမိလိုက်ကြ၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီလင်းအာမှာ မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်ရင်း တွေးလိုက်သည်။ သူမ ကြားရသည့် တစ်ခုတည်းသော အရာမှာ သူမ၏ တဒိန်းဒိန်း ခုန်နေသော ရင်ခုန်သံသာ ဖြစ်သည်။
ဖန်းတုံးအာ ၊ ကျိုးရှင်း ၊ စွန်းဟိုက် ၊ ထိုက်ယန်ကျစ်တို့အားလုံး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် အံ့ဩမှင်သက်နေကြသည်။
"သူ မလုပ်နိုင်တာ ရှိသေးရဲ့လား" ဝမ်မုမှာ အပြတ်အသတ်ရှုံးသွားသည်ကို ခံစားနေရရင်း တွေးလိုက်သည်။
ထို့နောက် ဖန်ဝေ။ သူ၏အမူအရာထဲတွင် ကြက်သေသေနေသော အရိပ်အယောင်အစအနအား မြင်ရနိုင်သည်။
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ နှစ်ရာရီအပိုင်းအခြား (၁၂) ကုန်ဆုံးသွားလေပြီ။ မန်ဟိုမှာ တုန်ရီနေပြီး သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်လာနေသည်။ သူ၏စွမ်းအင်ကား လျင်မြန်စွာ ကုန်ခမ်းနေလေသည်။
သူသည် ယခုတွင် ဆေးဖော်ခြင်း၌ စိတ်ရောကိုယ်ပါ နစ်မြုပ်နေ၏။ (၃၆) ရက် တိုင်တိုင် မွန်းတည့်ချိန်သာရှိသော အရှေ့တက်လှမ်းခြင်းနေအတောအတွင်း ဖြစ်သော်ငြား ဆေးဝါးပညာရှင်များသည် ခန္ဓာကိုယ်အတွေ့အထိအလျောက် အချိန်ကို တိုင်းတာနိုင်၏ယ
အရေးအကြီးဆုံးကား သူသည် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးနှင့် ရင်းနှီးပြီးဖြစ်ရာ ပတ်ဝန်းကျင်အပေါ် မူတည်၍ ဆေးဖော်နည်းကို ထိန်းညှိုနိုင်သောကြောင့် ဆယ့်သုံးကြိမ်မြောက် နှစ်နာရီအပိုင်းအခြားသို့ ရောက်သောအခါ စူးရှတောက်ပသောအလင်းရောင်သည် သူ့လက်ဝါးထက်မှ ပတ်ဝန်းကျင်အမှောင်ထုထဲသို့ ဖြာထွက်သွားလေဝောာ့၏။
စောင့်ကြည့်နေသူများ မြင်ရနိုင်သည့် တစ်ခုတည်းသောအရာမှာ စူးရှတောက်ပနေသော အလင်းကိုသာ ဖြစ်လေသည်။ သို့သော် မန်ဟို မြင်ရသည်ကဝောာ့ သူ၏လက်ဝါးပြင်ထက်တွင် ရှိသော ဆေးလုံးတစ်လုံးပင်။
၎င်းသည် ဘာမှမရှိသည့်အရာမှာ ဖန်တီးလိုက်သော မိုးနန်းတော် နေဝိညာဉ်ဆေးလုံးဖြစ်၏။
ဤအလွန် လွန်ကဲသောအခြေအနေများတွင် မန်ဟိုသည် ဆေးလုံးတစ်လုံးဖော်စပ်ရန် နတ္ထိမှ အတ္ထိအား ဖန်တီးနည်းကို အသုံးပြုခဲ့၏။ ရလဒ်အနေဖြင့် သူ့မှာ ပြိုလဲတော့မတတ် ဖြစ်သွားသည်။ ဤသည်မှာ သူ့အတွက် နတ္ထိမှ အတ္ထိအား ပထမဆုံးအကြိမ် ဖန်တီးခြင်းမဟုတ်ပါသော်လည်း အပင်ပန်းရဆုံးဖြစ်၏။
အမှန်တွင် သူသည် ဤရလဒ်ကို ပွားဖို့ ကြိုးစားလျှင် ကျရှုံးလိမ့်မည်ဟု အာရုံရနေလေသည်။
နတ္ထိမှ အတ္ထိဖန်တီးခြင်းက သူ၏နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားစေသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ ခံ့ညားထည်ဝါသော မှော်ရတနာတစ်ပါးပမာ အရောင်အဝါတို့ ကွန့်မြူးလျက် လက်ဝါးပြင်ထက်၌ တည်ရှိနေသော ဆေးလုံးကို ကြည့်လိုက်၏။ သူက နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ မည်သူမှ မမြင်နိုင်သော မိုးနန်းတော်နေဝိညာဥ်ဆေးလုံးကို မြှောက်၍ ပါးစပ်ထဲ ထည့်လိုက်လေသည်။
ဆေးလုံးသည် သူ၏ပါးစပ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မရှိသော အလင်းရောင်နှင့်အပူရှိန်တို့ကို ထုတ်လွှတ်နေသော နေတစ်စင်းအသွင်ပြောင်းရင်း ပေါက်ကွဲသွား၏။ ၎င်းက တစ်ဖန် အသက်စွမ်းအားအသွင်ပြောင်းကာ သူ၏ပတ်ပတ်လည်ရှိ အင်မော်တယ်အလင်းကို ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းသွားစေသည်။
"သူ ... အောင်မြင်သွားပြီ" ဆေးဝါးတာအိုဌာနရှိ အဆင့် (၈) ဆေးဝါးပညာရှင်တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ ဆေးလုံးအကြီးအကဲ၏ ရယ်သံသည် အတွင်းတောင်များထံမှ နောက်တစ်ဖန် ပဲ့တင်ထပ်လာ၏။
ဘိုးဘေးစံအိမ်ထဲရှိ မဟာအကြီးအကဲ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ကြီးစိုးနေသည်။ ကျန်အကြီးအကဲများမှာမူ တခဏ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးများ ထူးဆန်းစွာ တောက်ပလာကြ၏။
မန်ဟိုကြောင့် အလွန်အမင်း တုန်လှုပ်နေခဲ့ကြပြီးဖြစ်သော ရွေးချယ်ခံများအား ဖော်ပြရန်ပင် မလိုအပ်တော့ပေ။
ဤတစ်ခေါက်တွင် မန်ဟိုကား ... သူ၏နာမည်အစစ်ဖြင့် ထင်ရှားကျော်ကြားလာခဲ့လေပြီ။ သူသည် နဝမတောင်ပင်လယ်၏ ကျင့်ကြံခြင်းလောကသို့ အမှန်တယ် ဝင်ရောက်နေပြီဖြစ်၏။
ဆေးလုံးမှ အားဖြည့်ပေးထားသော စွမ်းအားဖြင့် မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများသည် ပြတ်သားမှုတို့ဖြင့် တောက်ပလျက်ရှိသည်။
"အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်" သူက ပြောသည်။ သူ ကောင်းကင်ထက်သို့ ထိုးတက်သွားစဉ် သူ၏ခန္ဓာကိုယ်သည် ထစ်ချုန်းသွားပြီး မျက်စိကျိန်းစေသော အလင်းရောင်က သူ့ထံမှ ဖြာထွက်လာသည်။ သူ မြင့်သထက် မြင့်မြင့်ရောက်အောင် တက်သွားနေစဉ် ရက်များ ကုန်ဆုံးလာ၏။ မီတာ ၃၄၈၀၀၀ ၊ မီတာ ၃၅၄၀၀၀ ...
မီတာ ၃၆၀၀၀၀ ။
မီတာ ၃၆၉၀၀၀ ၊ မီတာ ၃၇၈၀၀၀ ... မီတာ ၃၈၇၀၀၀။
သူ ထိုအံမခန်းလိလိ အမြင့်သို့ ရောက်သောအခါ သူ့ပတ်ပတ်လည်ရှိ အင်မော်တယ်အလင်းသည် အရပ်လေးမျက်နှာသို့ ဖြာထွက်ရင်း ပတ်ဝန်းကျင်တစ်ခွင် လွှမ်းခြုံသွား၏။
ထိုအခိုက်အတန့်တွင် မန်ဟို၏အပြင်အားကိုယ်က အတားအဆီးကို ချိုးဖျက်ပစ်လိုက်သည်။ ရှင်းလင်းပြတ်သားသော ကျိုးအက်သံကြီးက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်ကို ကြားရနိုင်သည်။
ဝဲကဲ့သို့ လည်နေသော အင်မော်တယ်ချီသည် သူ့ခန္ဓာကိုယ်ကို အဖိုးထိုက်ရတနာတစ်ပါးအသွင်ပြောင်းပေးလိုက်၏။ သူ၏အသွေးအသားတစ်စစီတိုင်းက အစစ်အမှန်အင်မော်တယ်ပစ္စည်းများသဖွယ် ဖြစ်လာသည်။ သူ၏အရိုးများသည် ကြောက်မက်ဖွယ်ရာ အတိုင်းအတာအထိ မာကြောလာပြီး သူ၏ချီစီးဆင်းမှုလမ်းမ်းကြောင်များက ကျယ်သွားကာ ချောက်ချားဖွယ်စွမ်းအားကြီးအား ၎င်းတို့ကို ဖြတ်၍ စီးဆင်းသွားစေသည်။
သူ၏ဆံငင်များ ရှည်ထွက်လာပြီး သူ့ခန္ဓာကိုယ်သည် အတန်ငယ် အရပ်ပိုမြင့်၍ ကျစ်လစ်လာ၏။ သူ့မျက်နှာမှာ တင့်တယ်ချောမောလာပြီး သူ၏အရှိန်အဝါကား အင်မော်တယ်အားလုံး၏နှလုံးသားထဲသို့ အကြောက်တရားများအား ရိုက်သွင်းနိုင်သည်အထိ ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှာ အဖိုးတန်သော ပတ္တမြားသဖွယ် လေလယ်တွင် ပျံဝဲနေရာ သူ့ကို မြင်နေရသူတိုင်းအား လုံးလုံးလျားလျား တုန်လှုပ်သွားစေတော့သည်။
အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်။
အစစ်အမှန်သူတော်စင်။
***