← Chapters

အပိုင်း(၃၉၀)

Vol. 26 Ch. 390

အပိုင်း(၃၉၀)

Vol. 26 Ch. 390

ပျံ့နှံ့လာသော နက်မှောင်သည့်လှိုင်းတွန့်များအား သွေးနီရောင်အလင်းကတားဆီးလိုက်ပြီး ပို၍စွမ်းအားကြိီးမား၊ဆန်းကြယ်ပြီး

မိစ္ဆာဆန်သောစွမ်းအားက သူ့အထက်၌ပေါ်လာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ရှစ်ဖုန့်ခေါင်းမော့ကြည့်လိုက်သောအခါတွင်  ဧရာမ  နက်မှောင်သော အလင်းတိုင်လုံးကြီးကကောင်း

ကင်ထဲတွင်ပေါ်လာပြီးသူ့ထံသို့

တစ်ဟုန်ထိုး ပိတ်ကွယ်ကာဆီးကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

နက်မှောင်သော အလင်းတိုင်ထံမှထွက်ပေါ်လာသည့် ကြမ်းကြုတ်သောသားရဲတို့၏ ဟိန်းဟော်ကသံများကို ရှစ်ဖုန့်ခပ်ယဲ့ယဲ့ကြားနိုင်သည်ဖြစ်သည်။

ကြီးမားသော  ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့  ပုံရိပ်တစ်ခုအား နက်မှောင်သော အလင်းတိုင်အတွင်း ခပ်ရေးရေးမြင်တွေ့ရသည်။

သိပ်မဝေးလှသော နေရာတွင်ရှိနေသည့် မြွေလူသားများသည်လည်း  ကောင်းကင်ထဲမှ  နက်မှောင်သော အလင်းတိုင်ကိုအာရုံခံမိသည်ဖြစ်သည်။

နက်မှောင်သော အလင်းတန်းကြီးပေါ်လာသောအခါတွင်  ကမ္ဘာတစ်ခုလုံးမှာ မှောင်ကျသွားသည့်ပုံပေါ်သည်။

“စွမ်းအားကြီးမားလိုက်တဲ့ စွမ်းအင်တွေ”

“အရှင်တမာန်တော်က ငါတို့မျိုးနွယ်စုအတွက်တိုက်ခိုက်နေတာ.. သူတကယ်ပဲ ဒီလိုမျိုးစွမ်းအားကြီးမားတဲ့ စွမ်းအင်တွေကို  ရင်ဆိုင်နေတယ်”

“ငါအရှင်တမာန်တော်ကို ယုံကြည်တယ်..သူက ငါတို့မြွေနတ်ဘုရားရဲ့ကြီးမြတ်တဲ့တမာန်တော်ပဲ.. အရှင်တမာန်တော်သေချာ

ပေါက်နိုင်လိမ့်မယ်”

“ဟုတ်တယ်..သူသေချာပေါက်နိုင်လိမ့်မယ်.စွမ်းအားကြီးမားတဲ့ အမှောင်နတ်သူငယ်ဘုရင်မ အက်ရှလေတောင်မှ အရှင်တမာန်တော်ကို မယှဉ်နိုင်ဘူး..အရှင်တမာန်တော်ကို ရင်ဆိုင်ဖို့အတွက် အမှောင်နတ်သူငယ်မျိုးနွယ်က ကျွမ်းကျင်သူသုံးယောက်တောင်

ထွက်လာရတယ်”

“အရှင်တမာန်တော်သေချာပေါက်ကိုနိုင်မှာ..ငါတို့မြွေလူသားမျိုးနွယ်က အမှောင်နတ်သူငယ်မျိုးနွယ်ကို အနိုင်ယူလိမ့်မယ်..ကျိလီမြွေနတ်ဘုရားက ကမ္ဘာပေါ်မှာပြန်လည်ပေါ်ပေါက်လာပြီး ငါတို့မျိုးနွယ်စုကို ရှေးယခင်ကာလက လိုဂုဏ်ကျတ်သရေထွန်းပြောင်မှုတွေကိုဦးဆောင်ရယူပေးလိမ့်မယ်ဆိုတဲ့ ရှေးခေတ်ကတည်းက ဟောကိန်းတစ်ခုလည်းရှိသေးတယ်”

“ဟုတ်တယ်…မြွေလူသားမျိုးနွယ်က ကမ္ဘာပေါ်မှာထာဝရတည်ရှိပြီး  ဂုဏ်ကျတ်သေရဝင့်ထည်မှုဆီကိုလျှောက်လှမ်းမှာ.. ကျိလီမြွေနတ်ဘုရား သတ်တော်ရှည်လျားပါစေ..

အရှင်တမာန်တော် သေချာပေါက်အနိုင်ရလိမ့်မယ်”

“အရှင်တမာန်တော် သေချာပေါက်အနိုင်ရလိမ့်မယ်”

“အရှင်တမာန်တော် သေချာပေါက်အနိုင်ရလိမ့်မယ်”

“အရှင်တမာန်တော် သေချာပေါက်အနိုင်ရလိမ့်မယ်”

ဧရာမအနက်ရောင်အလင်းတိုင်လုံးကြီးအား  စိုက်ကြည့်နေရင်း သိပ်မဝေးလှသော သူ၏ နောက်ကျောဘက်ဆီမှ  မြွေလူသားမျိုးနွယ်စုတို့၏ တိုက်ပွဲ စိတ်ဆန္ဒတို့ကို ရှစဖုန့် ဖြည်းဖြည်းချင်းအာရုံခံမိလိုက်သည်။

သူ၏ဘယ်လက်က ဆီးလ်သင်္ကေတတစ်ခုကိုပုံဖော်လိုက်ပြီး တောက်ပသော အလင်းတစ်ခုဖျက်ခနဲဖြစ်ပေါ်လာသည်။ ထို့နောက်ရှစ်ဖုန့်ကအသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်”

ရုတ်ခြည်းဆိုသလို သောင်းနှင့်ချီသော  မြွေလူသားစစ်သည်တော်များ၏ တိုက်ပွဲစိတ်ဆန္ဒများက ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်လာသည်။ရှစ်ဖုန့်ဘယ်လက်ရှိဆီးလ်မှ  အဖြူရောင်အလင်းက ပို၍ သိပ်သည်းလာပြီး တောက်ပလာသည်။ ထို့နောက် ရှစ်ဖုန့်၏ဘယ်လက်မှဆီးလ်အား သွေးနီရောင်မီးတောက်တို့

တောက်လောင်နေသော   သွေးဓားပေါ်သို့ ရိုက်ချလိုက်သည်။

“ဝုန်း”

ရှစ်ဖုန့်၏လက်ဖဝါးအောက်တွင်  သွေးဓားက ပြင်းထန်စွာတုန်ယင်သွားပြီး  သွေးနီရောင်မီးတောက်တို့က ပို၍ပြင်းထန်စွာတောက်လောင်လာသည်။ သွေးဓားထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ရုတ်တရက်မြင့်တက်လာ၏။ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု  ဓား ဆဋ္ဌမမြောက် လှုပ်ရှားမှု  ကောင်းကင်ခွဲဓား..”

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က သူ၏ဓားအား ကောင်းကင်ထဲသို့ လွှဲယမ်းလိုက်သည်။

သူ၏အသံပျောက်ကွယ်မသွားခင်  ဧရာမအဖြူရောင်ဓားကြီးက ရှစ်ဖုန့်၏ခေါင်းထက်၌ရုတ်တရက်ပေါ်လာသည်။ ၎င်းမှာဧရာမ ဒေါင်လိုက်အနေအထား  တောင်တစ်လုံးကဲ့သို့ပင်ဖြစ်သည်။ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်၏အကူအညီဖြင့်  ဧရာမဓားကြီးမှ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ထို့နောက်တွင် ဧရာမအဖြူရောင်ဓားကြီးနှင့် ကောင်းကင်ထဲမှကျဆင်းလာသောဧရာမ  နက်မှောင်သည့်အလင်းတိုင်ကြီးတို့က အပြင်းအထန်တွေ့ဆုံသွားသည်။

“အုန်း”

“အုန်း”

“ဝုန်း”

စွမ်းအားကြီးစွမ်းအင်နှစ်ခုတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့်  ကမ္ဘာတစ်ခုလုံး  ပြင်တန်စွာတုန်ခါလာသည်။

ဟင်းလင်းပြင်ကတုန်ခါနေသလို မြေပြင်ကလည်းလှုပ်ခါနေပြီး ပြင်းထန်သောမြည်ဟိန်းသံများက ထွက်ပေါ်နေသည်။

“တားလိုက်တယ်.ငါတို့သုံးယောက်ရယ် ဘိုးဘေးလက်နက်နဲ့ နတ်ဆိုးနတ်ဘုရားရဲ့စွမ်းအားရယ်ဆိုရင် ငါတို့တွေကြယ်လေးပွင့်သ

ူတော်စင်နယ်ပယ်ရဲ့စွမ်းအားမျိုးရရှိသင့်တယ်.. ဒီလူသားက ဘယ်လိုဖြစ်ပြီးတော့ တားဆီးနိုင်တာလဲ..

ဒီလူသားကဒီလောက်တောင်

စွမ်းအားကြီးတယ်လား”

အမှောင်နတ်သူငယ်ဘုရင်မ၏ နောက်တွင်ရှိနေသော လူအိုကြီး၏ ကိုယ်က ကောင်းကင်နှင့်မြေပြင်တို့၏လှုပ်ခါမှုနှင့်အတူ ယိမ်းထိုးနေသည်။သို့သော်သူ၏ခရမ်းနက်ရောင်အိုးမင်းသောမျက်နှာက ကောင်းကင်ထက်သို့ အတော်လေးတုန်လှုပ်၊ထိတ်လန့်မှုနှင့်

မယုံကြည်နိုင်မှုတို့ပြည့်နှက်စွာ

ဖြင့်ကြည့်နေသည်။

တုန်လှုပ်မှုများဖြစ်ပေါ်နေသော မျက်နှာများကြားထဲတွင်  မြေလူသားများရော အမှောင်နတ်သူငယ်များပါ  ကောင်းကင်ထဲမှကျဆင်းလာသည့်  ဧရာမ နက်မှောင်သောအလင်းတိုင်ကြီးကို

တွေ့ခဲ့ကြသည်ဖြစ်သည်။ ၎င်းက ဧရာမအဖြူရောင်ဓားနှင့် အပြင်းအထန် ပစ်ဆောင့်ပြီးနောက် စွမ်းအားနှစ်ခုကဖြည်းဖြည်းချင်း

မှေးမှိန်လာကာ ပျောက်ကွယ်တော့မည်လက္ခဏာ

များပြသလာသည်။

ထို့နောက် မြွေလူသားများအားလုံး စိတ်လှုပ်ရှားလာကြသည်။ ယင်းမှာ   အမှောင်နတ်သူငယ်ကျွမ်းကျင်

သူသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအား အရှင်တမာန်တော်က တစ်ယောက်တည်းတားဆီးခဲ့

သောကြောင့်ဖြစ်သည်။

အမှောင်နတ်သူငယ်များမှာမူ မျက်နှာများထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သူတို့ကိုယ်သူတို့ သူတို့၏သွေးများထဲတွင်   မြင့်မြတ်ပြီးစွမ်းအားကြီးသော အမှောင်နတ်သူငယ်သွေးများ

စီးဆင်းနေသည်ဟု အမြဲဂုဏ်ယူခဲ့ကြသည်ဖြစ်သည်။

သူတို့၏နှလုံးသားထဲတွင်

စွမ်းအားကြီးမားသော ကြီးမြတ်သည့်တမာန်တော်သုံးယောက်က ကျော်လွှား၍မရနိုင်သော   ဒဏ္ဍာရီလိုလူစားများဖြစ်ကြသည်။

ဧကရီ၏လက်ထဲတွင်ကိုင်ဆောင်ထားသော ဘိုးဘေးလက်နက်က အမှောင်နတ်သူငယ်မျိုးနွယ်ရှိ အရာအားလုံးထက်ပို၍ စွမ်းအားကြီးမားသည်ဖြစ်သည်။ ဘိုးဘေးလက်နက်၏တိုက်ခိုက်မှု

အားခံရသည့် မည်သည့်သက်ရှိမဆို ရှင်သန်နိုင်စွမ်းရှိသည်ဟူ၍သူတို့မကြားဖူးခဲ့ချေ။

သို့သော် ဤကဲ့သသို့ ဘိုးဘေးလက်နက်အား  စွမ်းအားအကြီးဆုံးသော တမာန်တော်သုံးယောက်က အသက်သွင်းခဲ့ပြီး  သူတို့၏စွမ်းအားအပြည့်တိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့သည်ဖြစ်သည်။အခုတော့၎င်းအား  နိမ့်ကျသောလူသားတစ်ယောက်က တားဆီးသွားခဲ့သည်။သူတို့မျက်လုံးရှေ့တွင်ဖြစ်ပျက်နေမှုများအား အမှောင်နတ်သူငယ်များအနေဖြင့် မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။ သို့သော အမှန်တရားကသူတို့၏ မျက်လုံးများရှေ့တွင်ပင်ရှိသည်ဖြစ်သည်။

“မဟုတ်ဖူး.မဖြစ်နိုင်ဘူး..ဒါတစ်ခုမှ အစစ်အမှန်မဟုတ်ဖူး”

အချို့သော အမှောင်နတ်သူငယ်စစ်

သည်များမှာ သူတို့မြင်တွေ့ခဲ့ရသည်အား ယုံကြည်ရန်လက်သင့်မခံနိုင်ဖြစ်နေသေးကာ အဆုပ်ကွဲအောင်အော်ဟစ်လိုက်သည်။

“ဘိုးဘေးလက်နက်..ငါတို့မျိုးနွယ်ရဲ့ စွမ်းအားကြီးဘိုးဘေးလက်နက်..

ဒီနိမ့်ကျတဲ့လူသားက ငါတို့ရဲ့ စွမ်းအားကြီးဧကရီနဲ့တမာန်တော်နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုဖြစ်ပြီးတော့တားဆီးနိုင်ရတာလဲ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..စက်ဆုပ်စရာ

လူသားမျိုးနွယ်.. ငရဲကိုသွား..   ဘိုးဘေးလက်နက်ရဲ့အောက်မှာသေလိုက်”

အမှောင်နတ်သူငယ်များ ဘယ်လိုပင်အော်ပါစေ၊ သူတို့၏အသံများက ဘယ်လိုပင် ဝမ်းနည်းကြေကွဲနေပါစေ၊ ယုံကြည်လက်ခံနိုင်ရန် ဘယ်လိုပင်လက်သင့်မခံနိုင်ပါစေ ဧရာမ အနက်ရောင်အလင်းတိုင်နှင့် ကောင်းကင်ထဲရှိ ဧရာမအဖြူရောင်ဓားချီတို့က   ဟင်းလင်းပြင်ထဲတွင်ပျောက်ကွယ်သွားသည်။

စွမ်းအားကြီးစွမ်းအင်နှစ်ခုတို့ပျောက်

ကွယ်သွားခြင်းကြောင့်  ကမ္ဘာကြီးမှာ တည်ငြိမ်သော အခြေအနေပြန်ဖြစ်သွားပြီး မြည်ဟိန်းမှုနှင့် လှုပ်ခါမှုတို့က  ရပ်တန့်သွားသည်။သို့‌သော် လှုပ်ခါမှုတို့ကြောင့်  ဤဧရိယာတစ်ဝိုက်ရှိ ကန္တာပြင်၌ ချိုင့်များခွက်များဖြင့်ပြည့်နှက်နေပြီး ဤအခိုက်အတန့်၌  လုံးဝရှုပ်ပွနေသည်။

ကမ္ဘာကြီးကပြန်လည်တည်ငြိမ်သွားသကဲ့သို့   ရှစ်ဖုန့်ကသူ့ရှေ့ရှိ အမှောင်နတ်သူငယ်သုံးယောက်အား အထင်သေးစွာကြည့်လိုက်ပြီး  နှာခေါင်းရှုံ့၍ပြောလိုက်သည်။

“ဟမ့်…ကြယ်လေးပွင့်သူတော်စင်နယ်ပယ်လောက်လေးက အရမ်းအစွမ်းထက်နေလို့လား”

“ငါတို့မျိုးနွယ်မှာ  ကြယ်လေးပွင့် သူတော်စင်နယ်ပယ် လူအိုကြီးတစ်ယောက်ရှိခဲ့တယ်..

သိပ်မကြာခင်ကမှ သူက ဒီသခင်လေးရှေ့မှ ခပ်ကြမ်းကြမ်းတွေပြုမူခဲ့သေးတယ်.. ဒါပေမဲ့  ဒီသခင်လေးရဲ့လက်ထဲမှာ  သေသွားရတာပဲ. မင်းတို့ငတုံးတွေက ဘာတွေများ အဲ့ထက်သာနေလို့လဲ”

ရှစ်ဖုန့်က အရမ်း ညင်သာစွာပြောလိုက်သော်လည်း   သူ၏အေးစက်သောအသံက  ကန္တာရထဲတွင်ပဲ့တင်ထပ်သွားသည်။ ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏အသံက နတ်ဆိုး၏အသံကဲ့သို့တူညီစေပြိီး အလန့်တကြားအော်သံများ

အစီအရီထွက်ပေါ်လာစေသည်။

“ဘာ”

“ဘာ”

“ဘာ”

“ဘာ”

အဝေးမှတိုက်ပွဲအားစောင့်ကြည့်နေကြသော မြွေလူသားများဖြစ်စေ အခြားသော မျိုးနွယ်စုဝင်များဖြစ်စေ  ရှစ်ဖုန့်၏အသံအားကြား

လိုက်ရသောအခါတွင် သူတို့ထဲမှ အများအပြားမှာ အလန့်တကြားအော်လိုက်မိကြသည်။

သူတို့က ကန္တာရအတွင်းမှဖြစ်သော်လည်း  ထျန်းမြောင်အင်ပါယာအတွင်း

ဖြစ်ပျက်ခဲ့သည်များအား သူတို့တော်တော်များများကြား

ဖူးသည်ဖြစ်သည်။ထျန်းတန့်ဘိုးဘိုးဟုခေါ်သော   ကြယ်လေးပွင့်သူတော်စင်နယ်

ပယ်ကျွမ်းကျင်သူအား ရှစ်ဖုန့်ဟုခေါ်သောလူငယ်လေး

ကသတ်ပစ်ခဲ့သည်။ထိုတင်မကသေးဘဲ ထျန်းမြောင်အင်ပါယာ၏ တော်ဝင်မိသားစုသည်လည်း လူငယ်လေး၏ အမြစ်ဖျက်ချေမှုန်းသုတ်သင်ခြင်း

ကိုခံလိုက်ရသည်။

ထိုလူငယ်လေးအားစော်ကားမိသော

လူတိုင်းက  သူတို့မည်မျှပင်စွမ်းအားကြီးမားပါစေ သူတို့၏လုပ်ဆောင်ချက်များက မည်မျှပင်မွန်မြတ်ခဲ့ပါစေ  အားလုံး ဤလူငယ်လေး၏ သုတ်သင်မှုကို ခံရသည်ဖြစ်သည်။

ဤလူငယ်လေးအား အရူးနတ်ဆိုးရှစ်ဖုန့်၏  ခေါ်သည်ဖြစ်သည်။

ရှစ်ဖုန့်မှာ မကောင်းမှုအားလုံးအားကျူးလွန်ပြီး  အကောင်းအဆိုး အမှားအမှန်းကျိုးကြောင်းဆင်ခြင်မှုတို့ကို ရှောင်ပယ်သည့်   လူမဆန်သာ သတ်ဖြတ်ခြင်း အရူးတစ်ယောက်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters