← Chapters

မီးအိမ်တစ်လုံး

Vol. 69 Ch. 959

မီးအိမ်တစ်လုံး

Vol. 69 Ch. 959

ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့၏ အရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းက သူတို့အား စိတ်နှလုံး တုန်လှုပ်သွားစေသည်။ သူတို့သည် မန်ဟို့ဘေးရှိ ကျောက်စစ်သည်တော်ကြီးကို စိုက်ကြည့်ရင်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြ၏။ ရုပ်တုကြီးနှင့် ပက်သက်လျှင် ဖန်တောက်ဟုန်မှာ သိပ်မအံ့အားသင့်တော့သော်လည်း ဖန်လင်းဟဲ့မှာတော့ လုံးလုံးလျားလျား အံ့အားသင့်နေလေသည်။

လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးက အချိန်ကုန်လွန်လာသည့်နှင့်အမျှ ပို၍လေးနက်လာသော မျက်နှာထားဖြင့် မန်ဟို့ကို သေသေချာချာ ကြည့်လေသည်။ လမ်းတစ်လျှောက်လုံး မန်ဟိုလုပ်ခဲ့သမျှ အရာအားလုံးနှင့် သူ၏ တစ်ခါမှမမြင်ဖူးသော အောင်မြင်မှုများအပေါ် အခြေခံ၍ သူသာ အသက်မဆုံးရှုံးခဲ့လျှင် တစ်နေ့ရောက်ပါက န၀မတောင်နှင့် ပင်လယ်တစ်လုံးကို သေချာပေါက် ကိုင်လှုပ်နိုင်လိမ့်မည်ဖြစ်သည်။

"အနာဂတ်မှာ သူက ဖန်မျိုးနွယ်စုရဲ့ ပင်မကျောရိုးဖြစ်လာလိမ့်မယ်"

ထိုစဉ် ဖန်းတုံးအာသည် အင်မော်တယ်တံခါးကို ထုရိုက်ဖွင့်ရင်း အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားနေဆဲဖြစ်သည်။ ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်တွင်တော့ ဖန်ရှုံ့ရှန်းသည် သက်စောင့်ခန်းမထဲတွင် ဖြစ်ပျက်နေသောအရာကို ဖော်ပြနေသည့် သလင်းကျောက်ကို မျက်နှာဖြူဖတ်ဖြူရော်ဖြင့် စိုက်ကြည့်နေ၏။

အမွှေးတိုင်၀က်ထွန်းစာပင် မကြာသေးဘဲနှင့် ရှေးဟောင်းနယ်ပယ်အကြီးအကဲနှစ်ယောက်နှင့် သက်ဆိုင်သော သက်စောင့်ပြားများက ခွမ်းခနဲ အစိတ်စိတ်အမွှာမွှာ တစ်ခုပြီးတစ်ခု ကြေမွသွားခဲ့လေသည်။

သူ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော  ကျောက်စိမ်းပြားမှာတော့ နည်းနည်းလေးမှ ပြောင်းလဲခြင်းမရှိပေ။

"မဖြစ်နိုင်ဘူး။ အရှေ့နှစ်ယောက်ရဲ့ သေဆုံးမှုက အန္တရာယ်တစ်ခုခုနဲ့ မတော်တဆ‌ တွေ့မိလို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် တစ်လကြာသွားတာတောင်မှ ဖန်ဟိုက အသက်ရှင်နေသေးတဲ့အပြင် ရှေးဟောင်းနယ်ပယ်အကြီးအကဲနှစ်ယောက် ထပ်သေသွားပြီ

“ဘိုးဘေးမြေမှာ ဘာတွေ ဖြစ်နေတာတုန်း။ ဘာတွေများ ဖြစ်‌နိုင်မလဲ။ ဘာတွေဖြစ်နေလောက်မလဲ" ဖန်ရှုံ့ရှန်း၏ မျက်လုံးများမှာ လုံး၀ သွေးချင်းနီနေပြီး သူ့ဆံပင်များမှာ စုတ်ဖွာနေသည်။ သူသည် သူ၏ ကိုယ်ပိုင်နေအိမ်မှ လျှို့ဝှက်အခန်းတစ်ခန်းသို့ ပြောင်း၍ နေနေခဲ့သည်မှာ ကြာလေပြီ။ သူက ထိုနေရာတွင် တဆတ်ဆတ် တုန်ရီလျက် ထိုင်နေ၏။

ဤလျှို့ဝှက်ခန်းသည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သော သူ့သား ဖန်ဝေ့နေရာနှင့် အလွန်နီး၏။ လောလောဆယ်တွင် ဖန်ရှုံ့ရှန်းမှာ ခြေတစ်ဖဝါးလေးပင် မထွက်ရဲပင်။ လောလောဆယ်တွင် သူ့မှာ အခြေအနေကို ရှင်းပြရန် နည်းလမ်းမရှိသဖြင့် ဤနေရာတွင် ပုန်းနေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

"ဖန်ဝေ အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာတာနဲ့ မဟာအကြီးအကဲက မျိုးနွယ်စုစည်းမျဉ်းတွေအတိုင်း အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပေလိမ့်မယ်။ မျိုးနွယ်စုက အရေးအကြီးဆုံးဆိုတော့ သူက ငါ့အတွက် ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် ငါ့မှာ ပြဿနာရှင်းပေးမယ့် အဖေလဲရှိတယ်။ ဒီကိစ္စက မကြာခင် အတိတ်အကြောင်းအရာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်

“ဖန်ဟို မင်းက သေရမယ့်ကောင်။ ဘိုးဘေးမြေမှာ မသေရင် ဝေအာရဲ့လက်ချက်နဲ့ သေရလိမ့်မယ်" ဖန်ရှုံ့ဖုန်း၏ အမူအရာမှာ ရှုံ့မဲ့နေပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ ထိုရလဒ်ကသာ သူ့နှလုံးသားထဲရှိ အံ့ဩတုန်လှုပ်မှုနှင့် စိုးရိမ်သောကတို့ကို ပ‌ပျောက်သွားစေမည့် တစ်ခုတည်းသောအရာဖြစ်ဟန်တူသည်။ သို့သော်လည်း သူ့မှာ သူငှားခဲ့သည့် ရှေးဟောင်းနယ်ပယ်အကြီးအကဲကိုးယောက်က အဘယ်ကြောင့် ဖန်ဟို့ကို မသတ်နိုင်သေးသည်လဲ နားမလည်နိုင်ချေ။ အမှန်တွင် တစ်လအတောအတွင်း လေးယောက်သေသွားခဲ့ပြီး မန်ဟိုက အသက်ရှင်နေသေး၏။

ထိုနေရာတွင် ဖြစ်ပျက်ခဲ့သောအရာက အမှန်တကယ်ပဲ မတော်တဆမှုတစ်ခုပေလော။ ဤသည်က လောလောဆယ်တွင် သူ ဇဝေဇဝါ ဖြစ်နေရသည့်အကြောင်းအရင်း ဖြစ်သည်။

ဖန်ရှုံ့ရှန်း ထိုင်၍ တွေးနေသည့်အချိန်မှာပင် မဟာအကြီးအကဲသည် ဖန်မျိုးနွယ်စု  ဘိုးဘေးစံအိမ်၏ အခြား‌တစ်နေရာတွင် ရှိနေသည်။ သူက သက်စောင့်ခန်းမထဲတွင် ဖြစ်ပျက်နေသည့်အရာနှင့် ပက်သက်၍ လွန်စွာဒေါသထွက်နေ၏။ မှန်ပါသည်။ သူသည် ထိုအကြီးအကဲအားလုံး ဘာကြောင့် သေဆုံးခဲ့ရသည်လဲ ကောင်းကောင်းသိ၏။

သူက ဖန်ရှုံ့ရှန်းကို ဆင့်ခေါ်လိုက်သော်လည်း ဖန်ရှုံ့ရှန်းက ဖန်ဝေအနားတွင် တံခါးပိတ်ကျင့်ကြံနေသည်ဟုသာ ပြန်စာရသဖြင့် သူ့မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ ထိုအခြင်းအရာက မဟာအကြီးအကဲကို တခဏ တွန့်ဆုတ်သွားစေသည်။

ယခုအချိန်တွင် ဖန်ဝေ၏ အင်မော်တယ်အဆင့်တက်ခြင်းသည် မျိုးနွယ်စုတစ်ခုလုံးတွင် အရေးအကြီးဆုံး ကိစ္စရပ်တစ်ခုဖြစ်၏။ တခြားကိစ္စအားလုံးမှာ ဒုတိယသာ ဖြစ်လေသည်။

"ဖန်ဝေ၊ ဖန်ဟို မင်းတို့ထဲက ဘယ်တစ်ယောက်က အစစ်အမှန်ရွေးချယ်ခံ ဖြစ်မလဲ ကြည့်ကြသေးတာပေါ့" တခဏတွေးပြီးနောက် မဟာအကြီးအကဲက အင်္ကျီလက်စကို ခါကာ ထွက်သွားလေသည်။

ဘိုးဘေးမြေထဲတွင် မန်ဟိုကား တရိပ်ရိပ် သွားနေ၏။ သူ သွားသည့်နေရာတိုင်းတွင် အက်ကွဲကြောင်းများက ပိတ်သွားပြီး နောက်ဆုံးတွင် သူသည် ရှေးဟောင်းသုသာန်မြေအဆုံးသို့ ရောက်ရှိသွား၏။ အက်ကွဲကြောင်းတစ်သိန်းကို ဖြတ်ပြီး‌နောက်တွင် သူကား သိပ်သည်းထူထဲသော မြူများ၏ ၀န်းရံခြင်း ခံလိုက်ရလေသည်။

ထိုမြူများမှာ ဤနေရာတွင်သာ တည်ရှိ‌ခြင်းမဟုတ်။ ဘိုးဘေးမြေတစ်ခုလုံးမှာ တစ်ခါမှမဖြစ်စဖူး ၎င်းတို့နှင့် ပြည့်နှက်နေသည်။ သတ္တမခေါင်းဆောင်ကြီးပင်လျှင် အံ့အားသင့်နေ၏။

မန်ဟိုကား အရှေ့ရှိ ပိတ်ပိန်းနေသော မြူများကို ကြည့်ရင်း ရှေးဟောင်းသုသာန်မြေ၏ အစပ်နားတွင် ရပ်နေသည်။ သူ၏ နေရာရှိ မြူများနှင့်ယှဉ်လျှင် အရှေ့ရှိ မြူများမှာ အရာအားလုံးကိုသာမက ကောင်းကင်ကြီးကိုပင် ဖုံးကွယ်ထားရင်း အဆုံးအစမဲ့သယောင်ရှိ၏။

အရာအားလုံးမှာ အဆုံးမရှိသော ဧရာမမြူထုကြီးထဲတွင် ဖုံးလွှမ်းခံထားရလေသည်။

ဘေးတွင် နောက်ထပ် ဧရာမကျောက်တိုင်ကြီးတစ်တိုင်ရှိပြီး ‌အပေါ်၌ အံ့ဖွယ်စာလုံးများအား ရေးသားထား၏။

မြူလွှမ်းကောင်းကင်အမိုးခုံး။

စာလုံးသုံးလုံးအောက်တွင် စာကြောင်းများရှိသည်။ တစ်ကြောင်းစီက လူတစ်ယောက်စီ၏ နာမည်ဖြစ်၏။

ထိုနာမည်တစ်ခုစီ၏ ဘေးတွင် ဂဏန်းတစ်ခုရှိသည်။

စာရင်းပေါ်ရှိ ပထမဆုံးနာမည်မှာ ဖန်ရှုတောက်ဖြစ်ပြီး ၎င်းဘေးတွင်တော့ ၃၉ ဟု ရေးသားထားသည်။

စုစုပေါင်းနာမည် ၁၉ ခုရှိပြီး စာရင်း၏ နောက်ဆုံးနားရှိ နာမည်အနည်းစုဘေး၌ ၁ ဟူ၍ ရှိကြသည်။

နာမည်များက  ကျောက်တိုင်ကြီးပေါ်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အလား ရှေးကျသော ခံစားချက်ကို ထုတ်လွှတ်နေသည်။ မန်ဟို၏မျက်လုံးများက စာရင်းပေါ်ရှိ ၉ ခုမြောက်နာမည်ကို ရောက်သောအခါ ဝိုင်းစက်ပြူးကျယ်သွားသည်။

ထိုနာမည်ကား ဖန်တယွမ်။

သူသည် ဆေးဝါးတာအိုဌာ၏ လက်ရှိ ဆေးလုံးအကြီးအကဲဖြစ်သည်။

ဖန်တောက်ဟုန်က မန်ဟို့ဘေးတွင်ရပ်ကာ ဤနေရာ‌အကြောင်း အသံတိုးတိုးဖြင့် ရှင်းပြ၏။ "မြူလွှမ်းကောင်းကင်အမိုးခုံးမှာ လမ်းမရှိဘူး။ ဒါက ဘိုးဘေးမြေရဲ့ နောက်ဆုံးအပိုင်း။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ ရှေးဂူသင်္ချိုင်းက ဒီအတွင်းဘက်တစ်နေရာမှာ ရှိပေမယ့် နေရာအတိအကျကို ဘယ်သူမှ မသိဘူး

“ဒီနေရာက ဖန်ဆင်းခံခဲ့ရတဲ့ အခိုက်အတန့်ကစပြီး ဝင်လာခဲ့တဲ့ မျိုးနွယ်စုတွေအတွက် နောက်ဆုံးအဆုံးသတ်နေရာဖြစ်ခဲ့တယ်။ ကောလဟာလတွေအရ ဘယ်သူမှ မြူထဲမှာရှိတဲ့ ရှေးဂူသင်္ချိုင်းကြီးကို ရှာမတွေ့ခဲ့ဖူးဘူးတဲ့။ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ အထဲမှာ လမ်းမရှိလို့တဲ့လေ

“ရှေးခေတ်ကနေ အခုထက်ထိ စီနီယာမျိုးနွယ်ဝင် ၁၉ ယောက်ပဲ မြူလွှမ်းကောင်းကင်အမိုးခုံးထဲ ၀င်ရောက်ခဲ့ဖူးတယ်။ သူတို့ဘေးက ဂဏန်းတွေက သူတို့အထဲကို ဘယ်နှလှမ်းဝင်နိုင်တယ်ဆိုတာကို ဖော်ပြနေတာ"

မန်ဟို၏ မျက်လုံးများက ‌ကျောက်တိုင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"ဘယ်သူမှ ရှေးဂူသင်္ချိုင်းထဲ မဝင်နိုင်ခဲ့ဘူးတဲ့လား" သူက မေးသည်။ သူသည် ကျောက်တိုင်ပေါ်ရှိ နာမည်များနှင့် ဂဏန်းများကို ကြည့်နေရင်း နတ်ဘုရားအာရုံကို မြူထဲသို့ ပို့လွှတ်လိုက်သည်။ ၎င်းအား အထဲသို့ ပို့လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ပြန်ကန်အားတစ်ရပ်ကို ချက်ချင်း ခံစားရပြီး နှင်ထုတ်ခံလိုက်ရသည်။ ဤမြူများက မည်သူ့ကိုမှ ၀င်ရောက်ခွင့်မပေးသည့် ခံတပ်ကြီးအလားပင်။

"မင်းသား" ဖန်တောက်ဟုန်က ကပျာကယာ ပြောသည်။ "မင်းသား ဒီနေရာကို မ၀င်သင့်ဘူးနော်။ ဒီနေရာက အင်မော်တယ်နယ်ပယ်အောက်လူတွေ မ၀င်နိုင်တဲ့နေရာပဲ။ တာအိုစောင့်ရှောက်သူကြီးတောင် မ၀င်နိုင်ဘူး

“မြူလွှမ်းကောင်းကင်အမိုးခုံးထဲကို ဝင်ရင် အချက်နှစ်ချက်နဲ့ ကိုက်ညီရမယ်။ ပထမအချက်က ကျင့်ကြံခြင်းအခြေခံက ရှေးဟောင်းနယ်ပယ် ဒါမှမဟုတ် အဲဒီ့ထက်မြင့်ရတယ်။ အဲ့ဒါမှ လမ်းပြဖို့အတွက် ဝိညာဉ်မီးအိမ်ကို သုံးနိုင်မှာ။ ဒုတိယအချက်ကတော့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဖို့လိုတယ်"

မန်ဟိုက ပြန်မတုံ့ပြန်ပေ။ သူသည်  ကျောက်စစ်သည်တော်ကြီးထဲသို့ နတ်ဘုရားစိတ်ဆန္ဒတစ်ချို့ ထုတ်လွှတ်ကာ မြူထဲသို့ သွားစေလိုက်သည်။ သို့သော် နယ်စပ်ကို ထိသည်နှင့်တစ်ပြိုင်နက် တူညီသောအားက ပြန်ကန်သက်ရောက်လေရာ ကျောက်စစ်သည်တော်ကြီးအား ရှေ့ဆက်မသွားနိုင်ဖြစ်စေသည်။ သူ ၎င်းကို အတင်းအဓမ္မခိုင်းစေရန် ကြိုးစားလိုက်သောအခါ ကြောက်မက်ဖွယ်ဖိအားက မြူများအတွင်းမှ ထွက်ပေါ်လာ၏။

မန်ဟိုသည် အံ့ဩတုန်လှုပ်သွားပြီး ကျောက်စစ်သည်တော်ကြီးကို ချက်ချင်း နောက်သို့ ပြန်ခေါ်လိုက်သည်။

"မင်းသား မင်းသားရဲ့ ကျင့်ကြံခြင်းအခြေခံက ရှေးဟောင်းနယ်ပယ်မှာ မဟုတ်ဘူး။ ဝိညာဉ်မီးအိမ်လဲ မရှိဘူး။ ဆက်မသွားနိုင်ဘူးနော်" ဖန်တောက်ဟုန်က မန်ဟို့ကို လှမ်းကြည့်ပြီး မြူထဲ၀င်လိုက်သည်။

သူက ထိုသို့လုပ်လိုက်စဉ် အသက်ပြင်းပြင်းရှုသွင်းလိုက်ရာ ဝိညာဉ်မီးအိမ် ၉ လုံးက သူ့ကို လှည့်ပတ်ရင်း ‌ဖြည်းဖြည်းချင်း အတူတကွ ပေါင်းစည်းသွား၏။ နောက်ဆုံးတွင် ၎င်းတို့သည် မီးအိမ်တစ်အိမ်တည်း ဖြစ်သွားခဲ့ပြီး မြူများနှင့် ဆက်သွယ်ရန် ပျံဝဲနေသည်။ မီးအိမ် မြူထုကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက တစ်စင်တီမီတာ နစ်ဝင်သွား၏။

"ကြည့် မင်းသား" ဖန်တောက်ဟုန်က သက်ပြင်းဖွဖွချပြီး မန်ဟို့ဘေးတွင် ပြန်လာရပ်ရင်း ပြောသည်။ "ဒါက ကျွန်တော့်ရဲ့အတိုင်းအတာအကုန်ပဲ တစ်စင်တီမီတာပဲ သွားနိုင်တာ။ မင်းသားမှာ အစွမ်းထက်တဲ့ မီးအိမ်ရှိရင်တော့ မြူတွေကို ခုခံပြီး ဝေးဝေးဆက်သွားလို့ရတယ်"

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ဤနေရာအထိ ရောက်လာမှတော့ သူ့အနေဖြင့် ဒီတိုင်းထွက်မသွားနိုင်ပေ။ ဤနေရာက ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ရှေဂူသင်္ချိုင်းဆိုလျှင် ဖန်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး မှော်ကျင့်စဉ် - အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း တည်ရှိမည်ဟု ဆိုလိုသည်။

၎င်းကား ရတနာတောင်ကြီး၏ အရှေ့တွင် ရပ်၍ ၎င်းကို လက်မလှမ်းနိုင်သည်နှင့် တူသည်။ မန်ဟို့အတွက် ၎င်းမှာ သည်းမခံနိုင်သော ခံစားချက်တစ်ခု ဖြစ်၏။

သို့သော်လည်း သူသည် ကြားဖူးနား၀ အချက်အလက်များကို အလွယ်တကူ ယုံကြည်မည့် လူစားမျိုးမဟုတ်ပေ။ သူက ရှေ့တက်လှမ်းလိုက်ပြီး မြူများ၏အရှေ့၌ ရပ်ရင်း ညာလက်ကို ဆန့်ကာ အထဲသို့ တွန်းလိုက်သည်။ ချက်ချင်းပင် မမြင်ရသော အတားအဆီးတစ်ခုက သူ့လက်ကို အထဲမ၀င်လာအောင် ဟန့်တားလိုက်သည့်အလား ကြီးမားသော အားတစ်ရပ်က ပြန်ကန်ထွက်လာ၏။

မန်ဟိုက အကြိမ်အနည်းငယ် တွန်းကြည့်ပြီးနောက်တွင် သက်ပြင်းချလိုက်သည်။ သူ လက်ကို ပြန်ရုတ်တော့မည့်အချိန် ရုတ်တရက် သူ့ကိုယ်ထဲရှိ သူ့အင်မော်တယ်အကြောက တစ်ခါမှ မဖြစ်ခဲ့ဖူးသော ပုံစံမျိုးဖြင့် အလွန်တရာ တက်ကြွလာသည်ကို ခံစားလိုက်ရသဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။ မြူအတွင်းရှိ တစ်စုံတစ်ရာက ၎င်းကို စွဲဆောင်နေသဖြင့် တုံ့ပြန်နေသည့်အလားပင်။

မန်ဟိုသည် ယခင်က ထိုကဲ့သို့ ခံစားချက်မျိုးကို ကြုံတွေ့ခဲ့ဖူး၏။ ၎င်းသည် တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ကျောက်တိုင်များမှ စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အင်မော်တယ်အကြောအား သန်မာစေခဲ့သည့်အချိန်တုန်းက ရရှိခဲ့သော ခံစားချက်နှင့်တူသည်။

မန်ဟိုက အသက်ပြင်းပြင်းရှုရင်း ရပ်နေပြီး သူ၏ မျက်လုံးများ တလက်လက် တောက်ပလာ၏။ သူသာ မြူလွှမ်းကောင်းကင်အမိုးခုံးထဲသို့ ၀င်နိုင်လျှင် ဤဘိုးဘေးမြေမှာတင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်နိုင်လိမ့်မည်ဟု ခံစားလိုက်ရလေသည်။

မန်ဟိုက ဝင်နိုင်ဖို့အ‌ရေးအတွက် မရေမတွက်နိုင်သော နည်းလမ်းများအား စတင်ကြိုးစားတော့သည်။ နှစ်နာရီကြာသောအခါ ဤနေရာက သူ အမှန်တကယ်၀င်၍မရသော နေရာဖြစ်ကြောင်း ၀န်ခံလိုက်ရ၏။

"မင်းသား" ဖန်တောက်ဟုန်က ပြောသည်။ "ဆက်ကြိုးစားနေစရာ အကြောင်းမရှိပါဘူး။ ဘိုးဘေးမြေပြန်ဖွင့်ဖို့က တစ်လတောင်မရှိတော့ဘူး။ တာအိုစောင့်ရှောက်သူကြီးတွေနဲ့အတူ ၀င်သွားနိုင်တဲ့ ကံကြမ္မာကောင်းနေရာတွေ ရှိသေးတယ်။ ဒီနေရာကတော့ ဝိညာဉ်မီးအိမ်မရှိရင်တော့ လက်လျှော့လိုက်တာပဲကောင်းမယ်"

မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။

လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးသည် ဖြစ်ပျက်နေသောအရာများကို သေချာအာရုံစိုက်နေ၏။ သူက မန်ဟိုက ထပ်တလဲလဲ အားထုတ်မှုများကိုကြည့်ရင်း သက်ပြင်းချကာ စိတ်ပျက်သွားသယောင်ပင်။ "ငါ့ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်သွားတယ်ထင်တယ်" သူက ခေါင်းတခါခါနှင့် တွေးလိုက်သည်။ "မြူလွှမ်းကောင်းကင်အမိုးခုံးက ရှေးဟောင်းနယ်ပယ်ဝိညာဉ်မီးအိမ်တစ်လုံး လိုအပ်တယ်။ အဲဒါက တာအိုစောင့်ရှောက်သူကြီး မကူညီနိုင်တဲ့အရာပဲ။ ဝိညာဉ်မီးအိမ် အားကောင်းလေလေ မြူလွှမ်းကောင်းကင်အမိုးခုံးထဲကို ဝေးဝေးသွားနိုင်လေပဲ။ ဒါပေမယ့် အစ်ကိုအကြီးဆုံး မြေခေါင်းဆောင်ကြီးတောင် ခြေလှမ်း ၃၉လှမ်းထက်ပိုပြီး မသွားနိုင်ခဲ့ဘူး"

ရုတ်တရက် မန်ဟိုက မြူလွှမ်းကောင်းကင်အမိုးခုံးသို့ လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် သိချင်စိတ်တို့ဖြင့် တောက်ပလာသည်။

"ဝိညာဉ်မီးအိမ်ကို လိုအပ်တယ်။ ဝိညာဉ်မီးအိမ်က လမ်းပြတယ်။ မီးအိမ်တစ်လုံး။ ငါ့မှာ မီးအိမ်ရှိတယ်" မန်ဟိုသည် ဖန်တောက်ဟုန်၏ ပတ်ပတ်လည်တွင် လည်နေသော ဝိညာဉ်မီးအိမ်များကို ပြန်ကြည့်ပြီး အသက်ရှုမြန်လာ၏။ ယခုလေးတင် လုံး၀ ရယ်စရာကောင်းသော အကြံက သူ့စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။

၎င်းသည် လုံးလုံးလျားလျား အဓိပ္ပာယ်မရှိသော အကြံအစည်တစ်ခုဖြစ်ပြီး ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများ၏ ဝိညာဉ်မီးအိမ်များကို မသိခင်တုန်းက တစ်ခါမှ မတွေ့ခဲ့ရ‌ဘူးသော အရာတစ်ခုဖြစ်သည်။

ယခုအချိန်တွင် ၎င်းကား မဖြစ်နိုင်သော အကြံတစ်ခုဖြစ်နေသေး၏။

သို့သော် နောက်ဆုံးတွင် မန်ဟိုမှာ မချုပ်တည်းနိုင်တော့သော အခြေအနေသို့ရောက်သွားတော့သည်။ ကြိုးစားကြည့်ဖို့သာ လိုအပ်သဖြင့် သူသည် သိုလှောင်အိတ်ကို ပုတ်ကာ ကြေးမီးအိမ်တစ်လုံးအား ရုတ်တရက် ပျံထွက်လာတော့သည်။

ဤကြေးမီးအိမ်သည် အင်မော်တယ်ရှေးဟောင်းတာအိုဆရာ၀တ်ပြုကျောင်း၏ ခန်းမထဲမှ ရရှိခဲ့သော မီးအိမ်မှတစ်ပါး အခြားမဟုတ်ပေ။ ဤမီးအိမ်ကပင် သူ့ကို အင်မော်တယ်အကြော ရရှိစေခဲ့ပြီး ယခုတွင် နတ်မီးတောက်မှ မီးပွားလေး ရှိနေပြီဖြစ်သည်။

မန်ဟိုက ကြေးမီးအိမ်ကို လက်တွင် ကိုင်ရင်း အသက်ပြင်းပြင်းရှုသွင်းပြီး အရှေ့ရှိ မြူများအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ဖန်တောက်ဟုန်နှင့် ဖန်လင်းဟန်မှာ ကြေးမီးအိမ်ကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ မန်ဟိုသာ သူတို့၏အသက်ကို ထိန်းချုပ်ထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူတို့မှာ မန်ဟို၏ ရူးမိုက်မှုအား မလှောင်ပြောင်မိဘဲ နေနိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူတို့၏ အမူအရာများက ချက်ချင်းပင် ပါးစပ်အဟောင်းသားပွင့်လျက် အံ့အားသင့်သွားသော အမူအရာသို့ ပြောင်းလဲသွားပြီး ထိန်းမနိုင်သိမ်းမရအောင် တုန်ရီလာတော့သည်။

မန်ဟို မြူများအနား ရောက်သွားသောအခါ တဂျိန်းဂျိန်း ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။ ထူးဆန်းသော အရောင်များက ပြိုးပြိုးပျက်ပျက် လက်လာကာ အရာအားလုံးတုန်ခါလာသည်။ မြူများက တစ်ခါမှ မဖြစ်ဖူးသော အသွင်ဖြင့် ဖွေးဖွေးလှုပ်ရင်း ဘေးသို့ ရှဲလာ၏။ ချက်ချင်းပင် ပို၍များပြားသော မြူများက ချောင်ကြိုချောင်ကြားမှ စီးမျောထွက်လာရာ ဘိုးဘေးမြေတစ်မြေလုံးအား မြူလွှမ်းကောင်းကင်အမိုးခုံးအလား ဖြစ်သွားစေ၏။ မြူများကား တုန်ရီနေ၏။

ကြောက်လန့်တကြား တုန်ရီနေသည့်အလားပင်။

မန်ဟို၏ ကြေးမီးအိမ်မှာ ဘိုး‌ဘေးမြေတစ်ခုလုံးအား ကြောက်ရွံ့ရိုသေသွားစေသည့်အလားပင်။ မြူများမှာ ဒူးထောက်၀ပ်တွားရင်း အရိုအသေပေးနေသလို ခံစားနေရ၏။

မန်ဟို့အရှေ့ရှိ မြူများမှာ ကြေးမီးအိမ် ၎င်းတို့အနား နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ဩဇာကြီးမားသော အားတစ်ရပ်ဖြင့် စုတ်ဖြဲခံလိုက်ရပုံပေါ်သည်။ ဤနေရာမှာ မည်သူ့အပိုင်ဖြစ်ပါစေ။ မည်သူ ဤနေရာတွင် နေထိုင်ခဲ့ပါစေ။ ဤအခိုက်အတန့်တွင် အရာအားလုံးမှာ ကြေးမီးအိမ်ကို နာခံကြရလေပြီ။

ထစ်ချုန်းသံကြီး မြည်ဟည်းပြီးနောက်တွင် မြူများကား ဘေးသို့ ရှဲသွားပြီး လမ်းတစ်လမ်း အလယ်တွင် ပေါ်လာ၏။

လမ်းက ဖြောင့်ဖြောင့်‌တန်းနေလေသည်။

၎င်းသည် ဧရာမလမ်းကြီးဖြစ်ပြီး အဆုံးသတ်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် ပိတ်ပိတ်ပိန်း နက်မှောင်နေသော ၀တ်ပြုကျောင်းခန်းမကြီးတစ်ခု ရှိသည်။

ဤမြင်ကွင်းက ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့တို့၏ ကမ္ဘာကြီးကို ချာချာလည်သွားစေပြီး သူတို့၏ နှလုံးများမှာ ကြီးမားလှသော အံ့ဩခြင်းတို့ကြောင့် ရပ်သွားတော့မည့်အလား ထင်ရ၏။ သူတို့မှာ စကားပင် မပြောနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် တုန်ရီလာကြသည်။ မန်ဟို တာအိုစောင့်ရှောက်သူကြီးကို ထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည့်အချိန်တုန်းကပင် သူတို့ကမ္ဘာကြီးမှာ ပြောင်းပြန်လန်မသွားခဲ့သော်လည်း ယခု မျက်စိရှေ့ရှိ မြင်ကွင်းကြီးကြောင့် ပြောင်းပြန်လန်သွားခဲ့လေပြီ။

သတ္တမခေါင်းဆောင်ကြီးမှာ လှည့်ပြန်ရန် ပြင်နေခဲ့၏။

"မဖြစ်နိုင်ဘူး” သူက တုန်ရီနေသော အသံဖြင့် ပြောသည်။

သူ့မှာ ပြင်းပြင်းထန်ထန် တုန်ခါလာ၍ ကောင်းကင်မှပင် ပြုတ်ကျတော့မလို ဖြစ်သွား၏။ သူ၏ ကျင့်ကြံခြင်းအခြေခံပင်လျှင် ယခုတွင် အတော်လေး မငြိမ်မသက် ဖြစ်သွားလေ၏။

***

All Chapters