← Chapters

ဘယ်သူ့ ဝိညာဉ်မီးအိမ်လဲ

Vol. 69 Ch. 960

ဘယ်သူ့ ဝိညာဉ်မီးအိမ်လဲ

Vol. 69 Ch. 960

သတ္တမခေါင်းဆောင်ကြီးမှာ မန်ဟို့လက်ထဲရှိ ကြေးမီးအိမ်ကို မမှိတ်မသုန် ကြည့်ရင်း အသက်ရှူမှားနေသည်။ မီးအိမ်က သူ့ဦးရေပြားကို ထုံကျင်သွားစေပြီး အလွန်တုန်လှုပ်ချောက်ချားဖွယ် မေးခွန်းတစ်ခုက သူ၏စိတ်ကို စိုးမိုးသွားသဖြင့် ကြောက်ရွံထိတ်လန့်မှုတို့ဖြစ်ပေါ်လာသည်။

"အဲဒီမီးအိမ်က ... ဘယ်သူ့ဟာလဲ"

မြူလွှမ်းကောင်းကင်အမိုးခုံးရှိ မြူများက ဘိုးဘေးမြေတစ်မြေလုံးအပြည့် နေရာယူရင်း တအိအိလှုပ်နေသည်။ ရှေးဟောင်းသုဿန်မြေ၊ ငရဲတောင်ကိုးလုံး၊ တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများ သင်္ချိုင်းနှင့် ဉာဏ်အလင်းပွင့်မှော်ကွင်းပြင်တို့ပင်လျှင် အဆုံးမရှိသောမြူများထဲ နစ်မြုပ်သွား၏။

မြေများမှာ မြူပင်လယ်ဖြစ်လာသည့်အလား အရာအားလုံး အမှောင်ရိပ်ထဲ ကျရောက်သွားကြသည်။ မန်ဟို့ပတ်ဝန်းကျင်သာလျှင် နတ်မီးတောက်အဆီအနှစ်၏အလင်းရောင်ကြောင့် ကွက်လင်းနေသည်။

မန်ဟိုမှာ ‌အသက်‌ပင်ကောင်းကောင်းမရှူနိုင်တော့သည့်အပြင် သူ့နှလုံးခုန်သံတို့မှ ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့ သို့မဟုတ် အံ့အားသင့်နေသော သတ္တမခေါင်းဆောင်ကြီးထက်ပင်ပို၍ ပြင်းထန်နေသေးသည်။

ကြေးမီးအိမ်ထုတ်လိုက်ခြင်းက စမ်းကြည့်ရုံသာ ဖြစ်ခဲ့ပြီး မန်ဟိုပင် ထိုအကြံအား ရယ်စရာကောင်း၍ မဖြစ်နိုင်လောက်ဟု ‌တွေးခဲ့၏။

၎င်းက အိုမင်းနေသောကြေးအိမ်တစ်လုံးထက် မပိုဟူ၍ သူ အမြဲတွေးထားခဲ့လေသည်.... ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်မီးအိမ်တစ်လုံးနှင့် ယှဉ်နိုင်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

သို့သော် ယခုတွင် သူသည် ပတ်ပတ်လည်၌ အုံ့ကြွနေသော မြူများ၊ သူ့အရှေ့၌ ဖြစ်ပေါ်လာသော လမ်းနှင့် အရှေ့ရှိ မည်းနက်နေသော ဝတ်ပြုကျောင်းထံသို့ ဦးတည်နေသော ဥမင်အား ကြည့်ရင်း ရင်ခုန်သံတို့‌ ဗြောင်းဆန်လာ၏။

"‌ဒီဝိညာဉ်မီးအိမ်က ... ဘယ်သူ့ဟာလဲ" ယင်းက သူ ထိုနှစ်တုန်းက ဝတ်ပြုကျောင်းခန်းမတွင် ကြေးမီးအိမ်ကို ရရှိခဲ့သည့်အချိန်ကို တွေးကြည့်လိုက်စဉ် သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသော တုန်လှုပ်ချောက်ဖျားဖွယ် မေးခွန်းဖြစ်သည်။

၎င်း ထိုနေရာတွင် နှစ်ပေါင်း မည်မျှ တည်ရှိနေခဲ့သနည်း....

သူသည် ‌မီးအိမ်ကို သူ့သွေးဖြင့် အသက်သွင်းထားခဲ့ပြီး ၎င်း ငြိမ်းသွားသောအခါ ၎င်းမှ ထုတ်လွှတ်လိုက်သော အမည်းရောင်အခိုးအငွေ့များကို စုပ်ယူခဲ့၏။ ယင်းက ... သူ့ကို အခြားသူများနှင့် ကွဲပြားသွားစေခဲ့သော ၊ သူ့ကိုယ်ထဲတွင် အစစ်အမှန်အင်မော်တယ်အကြောတစ်ကြော ပေါ်ပေါက်လာခဲ့သောအရာပင်။

"ဒါက တကယ် ဝိညာဉ်မီးအိမ်တစ်လုံးပဲ။ မီးအိမ်လေးတစ်လုံးပဲ ဖြစ်တာတောင် ဖန်မျိုးနွယ်ဘိုးဘေးမြေတောင်မှ အညံ့ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိလောက်အောင် ဩဇာကြီးမားတဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်

"ဒီမီးအိမ်က ဒီလောက် ‌‌အစွမ်းထက်နေရင် ... ဖန်ဆင်းတဲ့လူကတော့ မယုံနိုင်လောက်အောင် အစွမ်းထက်မှာပဲ" မန်ဟိုမှာ ဤမယုံကြည်နိုင်ဖွယ်အပြောင်းအလဲကြောင့် စိတ်လှုပ်ရှားနေတော့သည်။ ၎င်းမှာ နက်နက်နဲနဲ မစဉ်းစားနိုင်သေ ကိစ္စတစ်ရပ် ဖြစ်၏။ ၎င်းအကြောင်းတွေးလေလေ၊ သူ့မှာ အံ့အားသင့်ရလေလေပင်။

"အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်း..." မန်ဟိုသည် မျက်လုံးများ စူးရှစွာ တောက်ပလာရင်း စိတ်ပိုင်းဖြတ်လိုက်၏။ "ငါ သေချာပေါက် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို သွားဖို့လိုတယ်" ‌တောင်ကောင်းကင်ဂြိုဟ် အင်မော်တယ်ရှေးဟောင်းတာအိုဆရာဝတ်ပြုကျောင်းပျက်ထဲ၌ တွေ့ရှိခဲ့သော ဤမီးအိမ်၏နောက်ကွယ်ရှိ သဲလွန်စများမှာ 'အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့' ဆိုသော စကားစုထဲတွင် တည်ရှိနေပုံပေါ်သည်။

နောက်ကြောင်းပြန်ကြည့်လျှင် ထိုနှစ်တုန်းက ဤကြေးမီးအိမ်ကို ဆုပ်ကိုင်ခဲ့ခြင်းက သူ့ဘဝကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့၏။

အနားရှိ ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့မှာတော့ ဦးရေပြားတို့ ထုံကျင်လျက် ကြည့်နေကြပြီး နွေခေါင်ခေါင် မိုးကြိုးပစ်ချခဲ့ရသည့်အလား ချာချာလည် မူးဝေနေကြလေသည်။ သူတို့မှာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်နေကြ၏။

သူတို့မှာ မြင်နေရသောအရာနှင့်ပတ်သက်၍ မယုံလည်း မယုံနိုင်သလို၊ ‌ပြောစရာစကားလုံးပင် မရှိပေ။ ထို့နောက် သူတို့သည် မန်ဟို အသက်ပြင်းပြင်း ရှူသွင်းရင်း ကြေးမီးအိမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လမ်းထံ လျှောက်သွားသည်ကို မြင်လိုက်ရ၏။ ထိုပုံရိပ်က သူတို့အား အသိစိတ်ပင် လွတ်ထွက်မတတ် တုန်လှုပ်သွားစေသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...." ဖန်တောက်ဟုန်က မန်ဟို မြူများထဲရှိ လမ်းထံ လျှောက်သွားနေသည်ကို တိတ်ဆိတ်စွာ ကြည့်ရင်း တွေးလိုက်သည်။ သူ့မှာ အိပ်မက်မက်နေသည့်အလား ၊ စိတ်ကူးယဉ်နေမိသည့်အလား ခံစားလိုက်ရ၏။

ဖန်လင်းဟဲ့က သူ့ရင်ဘတ်သူ ပြင်းပြင်းထန်ထန် ထုလိုက်ပြီး ဖြစ်ပေါ်လာသော နာကျင်မှုက သူ၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ သူ့တစ်ကမ္ဘာလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလားပင်။ ရှေ့တွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ရှေးဂူသင်္ချိုင်းကြီးရှိသည်။ ဘယ်သူမှ မဝင်ရောက်ခဲ့ဖူးသော နေရာတစ်နေရာဖြစ်သော်ငြား မန်ဟိုက ... ကြေးမီးအိမ်တစ်လုံးကို အေးအေးဆေးဆေး ထုတ်၍ ... မြူများအတွင်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလေပြီ။

ဖန်လင်းဟဲ့မှာ သွက်သွက်ခါတုန်သွားပြီး ရုတ်တရက် ဤမျှ ကြောက်စရာကောင်းလောက်အောင် လူမဟုတ်သူတစ်ယောက်အား တိုက်ခိုက်ခဲ့မိသော်လည်း အသက်ရှင်နေသေးသည့်အတွက် ကျေးဇူးတင်မိသွားသည်။

လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးလည်း အသက်ရှူမှားနေသည်။ သူ့မှာ စိတ်လည်း မထိန်းနိုင်၊ က္ကန္ဒြေလည်း မဆည်နိုင်တော့ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်အဆင့်တွင် ဖြစ်သော်လည်း မန်ဟို့ကြောင့် က္ကန္ဒြေပင် မဆည်နိုင်အောင် တုန်လှုပ်သွားရသေး၏။

"အစ်ကိုအကြီးဆုံးက အနှစ်သာရတစ်ခု တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံနဲ့ ဖန်မျိုးနွယ်စုရဲ့ မြေခေါင်းဆောင်ကြီးဆိုတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတာတောင် မြူထဲမှာ ၃၉ လှမ်းပဲ သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီကလေးကိုင်ထားတဲ့ မီးအိမ်က မြူလွှမ်းကောင်းကင်းအမိုးခုံးကို ခွင်းပြီး ရှေးဂူသင်္ချိုင်းဆီ ဦးတည်နေတဲ့ လမ်းတစ်လမ်းကို ရှင်းပေးနိုင်တယ်တဲ့လား

"လမ်းက ခြေလှမ်းဘယ်နှလမ်းနဲ့ ညီမျှလောက်လဲဆိုရင် အနည်းဆုံး တစ်ထောင်ပဲ

"ဒါက ဝိညာဉ်မီးအိမ်လေးတစ်လုံးဆိုပေမယ့် စွမ်းအားက အနှစ်သာရတစ်ခုစွမ်းအားထက်တောင် သာသေးတယ်။ အဲဒီဝိညာဉ်မီးအိမ်ကို ဖန်တီးခဲ့တဲ့ လူရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာများဖြစ်လောက်လဲ။ အဆင့်အရဆို အနှစ်သာရခြောက်ခုပါရာဂွန်များလား ဒါမှမဟုတ် အနှစ်သာရကိုးခုပါရာဂွန်လား

"မဖြစ်နိုင်ဘူး။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလုံးမှာ အနှစ်သာရကိုးခုပါရာဂွန်တစ်ယောက်မှ မရှိဘူး။ တာအိုနယ်ပယ် အနှစ်သာရကိုးခုအဆင့်ကို ဝင်ရောက်ခဲ့ဖူးတဲ့သူတွေက မိုးမြေတုန်ဟည်းစေခဲ့တဲ့ စစ်ပွဲအတောအတွင်းတုန်းက ထင်ရှားခဲ့တဲ့ ဒဏ္ဍာရီလာအင်မော်တယ်ရှေးဟောင်းခေတ်က ဟိုပါရာဂွန်သုံးဦးပဲ

"ငါ အနှစ်သာရကိုးခုအကြောင်း စဉ်းစားဖို့တောင် မသင့်ဘူး။ အနှစ်သာရခုနစ်ခုပါရာဂွန်တွေတောင်မှ တောင်ပင်လယ်ကိုးလောကမှာ မတည်ရှိဘူး။ ဒီနေ့‌ခေတ်မှာ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံက အနှစ်သာရခြောက်ခုပဲ" သတ္တမခေါင်းဆောင်ကြီး၏ရင်ထဲရှိ အံ့ဩခြင်းလှိုင်းတံပိုးတို့မှာ ဖော်ပြဖို့ရန် မဖြစ်နိုင်ပေ။ သူက မန်ဟို မီးအိမ်ကို ကိုင်လျက် လမ်းအတိုင်း လျှောက်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် စတင်တောက်ပလာတော့သည်။

သူ့ရင်ထဲတွင် လောဘစိတ်စိုးစဉ်းမျှ ပေါက်ဖွားမလာပေ။ မန်ဟိုသည် ကြေးမီးအိမ်ကို ပိုင်ဆိုင်ထားကတည်းက မြူလွှမ်းကောင်းကင်အမိုးခုံးသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီသွားလေပြီ။ သို့သော် အခြားသူများအတွက်မူ ယင်းက လမ်း၏အဆုံးသတ်ဖြစ်လိမ့်မည်။

သတ္တမခေါင်းဆောင်ကြီးမှာ တပ်မက်စိတ်များဖြင့် ကြေးမီးအိမ်အား မကြည့်မိဘဲ မနေနိုင်သော်လည်း ၎င်းကို လုယူဖို့ ကြိုးစားမည်မဟုတ်ပေ။ သူသည် မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးသာမက ၎င်း၏အစောင့်အရှောက်နတ်တစ်ပါးလည်း ဖြစ်သည်။ ထို့အပြင် အငယ်ပိုင်းမျိုးဆက်ဝင်များ၏ ဥစ္စာပစ္စည်းများနှင့်ပတ်သက်လျှင် သူ့တွင် သူ့စည်းကမ်းနှင့်သူ ရှိ၏။

ထိုအရာများမှာ မျိုးနွယ်စု၏ စည်းမျဉ်းများလည်း ဖြစ်သည်။

၎င်းတို့သည် မျိုးနွယ်စုအား စည်ပင်ဝပြော၍ အင်အားကြီးမားလာစေကာ အချိန်၏စမ်းသပ်မှုကို တောင့်ခံနိုင်စေခဲ့သော စည်းမျဉ်းများ ဖြစ်၏။

မျိုးဆက်တူများအနေဖြင့် ကံကြမ္မာအား တစ်ယောက်လက်မှ တစ်ယောက် တိုက်ခိုက်လုယူနိုင်သည်။ ထိုကဲ့သို့အရာများအား ခွင့်ပြုသည်။ သို့သော် မိုးကောင်းကင်က အကြီးပိုင်းမျိုးဆက်များ အငယ်များထံမှ လုယူခြင်းကို ဂရုမစိုက်လျှင်တောင်မှ ၎င်းကား မျိုးနွယ်စုစည်းမျဉ်းများဖြင့် တင်းတင်းကြပ်ကြပ် တားမြစ်ထားသောအရာပင်။

တချို့သည် စွန့်စား၍ ထိုကဲ့သို့အရာများ လုပ်ရဲသော်လည်း သတ္တမခေါင်းဆောင်ကြှးကတော့ ထိုကဲ့သို့လူမျိုးမဟုတ်ပေ။

"ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်ရင်း သေဆုံးသွားကတည်းက ဒီနေ့အထိ ... ဒါဟာ သူ့ရဲ့ ရှေးဂူသင်္ချိုင်းကြီးကို ပထမမြင်ရတဲ့ အကြိမ်ပဲ။ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းက ‌နဝမတောင်နဲ့ပင်လယ်မှာ နောက်တစ်ခေါက် ထပ်ပေါ်လာတော့မှာများလား" သတ္တမခေါင်းဆောင်ကြီးက အဝေးသို့ လျှောက်ဝင်သွားသော မန်ဟို၏နောက်ကျောကို ကြည့်နေသည်။ သူသည် ရုတ်တရက် ဖြစ်လာတော့မည့်အရာကို မြင်ယောင်လာ၏။

"သူ့ရဲ့ တက်လမ်းဟာ နဝမတောင်နဲ့ပင်လယ်မှာပဲ ဆုံးသွားမှာ မဟုတ်ဘူး။ သူက ဖန်မျိုးနွယ်စုကို အမြင့်တစ်ခုအထိ ဦးဆောင်သွားကောင်း ဦးဆောင်သွားနိုင်လိမ့်မယ်"

မြူလွှမ်းကောင်းကင်အမိုးခုံးထဲရှိ လမ်းပေါ်တွင် မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်နေသည်။ သူသည် ကြေးမီးအိမ်ကို ကိုင်လျက် မြူများကို ဖြတ်ရင်း ဖြေးညင်းစွာ လျှောက်နေ၏။ သူ့ခြေထောက်အောက်တွင် လေဟာနယ်ကြီးရှိသယောင် ထင်ရသော်လည်း သူ လှမ်းလိုက်သည်နှင့် မြေကြီးမှာ မာကျစ်သွားတတ်သည်။

ကြေးမီးအိမ်မှ မီးအလင်းရောင်က တဖျပ်ဖျပ် လှုပ်နေပြီး သူ့ဘေးတစ်ဖက်တစ်ချက်စီရှိ မြူများက တ‌ဖွေးဖွေး လှုပ်နေသည်။ မန်ဟို ရှေ့ဆက်သွားနေစဉ် အရှေ့ရှိ မည်သည့်အတားအဆီးမဆို ပျောက်ကွယ်သွားရ၏။

သူ အထဲ ရောက်လာသည်နှင့်အမျှ မြူများက သူ့အနောက်ရှိ လမ်းကို ပိတ်ရင်း ပြန်စေ့သွားသည်။ ဖန်တောက်ဟုန်၊ ဖန်လင်းဟဲ့နှင့် သတ္တမခေါင်းဆောင်ကြီးပင် မန်ဟို့အား မမြင်ရတော့ပေ။

ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးထဲရှိ အံဩမှုနှင့်.... ကြောက်ရွံ့မှုကို မြင်လိုက်ကြရသည်။

သူတို့၏ သေခြင်းရှင်ခြင်းသည် မန်ဟို့လက်ထဲတွင် ဖြစ်၍ သူတို့အတွက် မန်ဟို အစွမ်းထက်လာလေလေ၊ လွတ်မြောက်ဖို့ လမ်းမမြင်လေလေ ဖြစ်သည်။ သို့သော် ... သူ အင်အားကြီးမားလာသည်နှင့်အမျှ သူတို့၏အနာဂတ်လည်း ... အမှန်တွင် ပို၍ပင် အကန့်အသတ်မဲ့လာနိုင်၏။

"ဖန်ရှုံ့ရှန်းတော့ ငါတို့နှစ်ယောက်ကို တဟုန်ထိုး အောင်မြင်ကျော်ကြားလာဖို့ အခွင့်အရေး မတော်တဆပေးလိုက်မိပြီ" ဖန်တော်ဟုန်က အသံဩဩကြီးဖြင့် ပြောသည်။

ဖန်လင်းဟဲ့က အသက်ပြင်းပြင်းရှူသွင်း၍ ခေါင်းညိတ်လိုက်သည်။ "ဖန်ဟိုသာ ရှေးဂူသင်္ချိုင်းထဲမှာ ကံကြမ္မာကောင်းတချို့ ရယူနိုင်ရင် မျိုးနွယ်စုမှာ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းကို ကျင့်ကြံနိုင်တဲ့ တစ်ယောက်တည်းသောလူ ဖြစ်သွားပြီး သူ့အနာဂတ်အခွင့်အလမ်းတွေဟာ အဆုံးမဲ့သွားပြီ"

သူတို့သည် ခိုင်မာပြတ်သားမှုတို့ဖြင့် မျက်လုံးများ တောက်ပနေလျက် မန်ဟို ထွက်လာမည်ကို စောင့်ရင်း ဓမ္မစောင့်ရှောက်သူများအဖြစ် ပြုမူရန် မြူလွှမ်းကောင်းကင်အမိုးခုံး၏အပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။

မြူလွှမ်းကောင်းကင်အမိုးခုံးထဲတွင်တော့ လမ်းဆုံးရှိ နက်မှောင်နေသော ဝတ်ပြုကျောင်းသည် သိပ်မဝေးသယောင် ထင်ရသော်လည်း မန်ဟို လမ်းလျှောက်နေရသည်မှာ ကြာလေပြီ။

တစ်ရက်၊ နှစ်ရက် ၊ သုံးရက်။

သုံးရက်မြောက်နေ့ရောက်မှနောက်ဆုံး မန်ဟိုသည် မဟူရာဝတ်ပြုကျောင်းအနား ရောက်လာ၏။ ဝတ်ပြုကျောင်းမှာ မီတာသုံးထောင်ခန့် ကွာဝေးနေသေးသော်လည်း  ...  ရှေးဂူသင်္ချိုင်းကြီး၏ဧရိယာသို့ ရောက်နေပြီဖြစ်ကြောင်း သူ သိသည်။

မဟူရာဝတ်ပြုကျောင်း၏ အပေါ်တွင်တော့ သက်လတ်ပိုင်းလူတစ်‌ယောက်၏ ဧရာမရုပ်တုကြီးတစ်ခုရှိသည်။ သူက တာအိုဝတ်ရုံကို ဝတ်ထားပြီး မောက်မာတင်စီးပုံရ‌သော်လည်း ဒေါသအရိပ်အယောင် စိုးစဉ်းမျှ မရှိသည့်အပြင် ခံ့ညားတင့်တယ်သော အမူအရာကို ဆင်မြန်းထား၏။ သူသည် အသက်ရှုလေ့ကျင့်ခန်းလုပ်နေသည့်အလား မျက်လုံးများ ပိတ်လျက် တရားထိုင်နေသည်။ ၎င်းက ရုပ်တုလေးတစ်ရုပ်သာ ဖြစ်သော်ငြား အစစ်နှင့်မခြား အသက်ဝင်လှ၏။

သူက မန်ဟိုနှင့် အတော်လေးဆင်သည်။ သို့သော် ဖန်မျိုးနွယ်ဝင်အားလုံးက ဤရုပ်တုကြီးနှင့် ဆင်တူသောမျက်နှာအသွင်အပြင်များကို ပိုင်ဆိုင်ထားသည်ဆိုလျှင် ပိုမှန်မည်။

အဘယ်ကြောင့်ဆိုသော် သူက ပထမမျိုးဆက်ခေါင်းဆောင်ကြီးဖြစ်၍ပင်။

သူသည် မျိုးနွယ်စုတစ်စု၏ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီး ဖြစ်လာသည်အထိ ထွန်းတောက်ထင်ရှားလာခဲ့သည့် ရင်သပ်ရှုမောဖွယ် ပြိုင်ဘက်ကင်းယောက်ျားတစ်ယောက် ဖြစ်၏။

ဝတ်ပြုကျောင်းသို့ ဦးတည်နေသော လှေကားထစ်များပေါ်တွင် ခွေနေသော ဧရာမနဂါးကြီးဆယ့်ရှစ်ကောင်အား မြင်ရနိုင်သည်။ တစ်ကောင်ချင်းစီက ရှေးကျသောအငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ထိုနဂါးဆယ့်ရှစ်ကောင်ကား ဂူသင်္ချိုင်းကြီးတစ်ခုလုံးအား ၎င်းတို့၏ခန္ဓာကိုယ်များကို ထမ်းပေးထားသည့်အလားပင်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ခမ်းနားကြီးကျယ်သော မြင်ကွင်းကြီးတစ်ခု ဖြစ်သည်။

မန်ဟိုမှာ ဧရာမဝတ်ပြုကျောင်းကြီးကို ကြည့်နေစဉ် ရင်ခုန်သံများ ဆူဝေနေသည်။ ဤသည်မှာ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီး နောက်ဆုံးအနားယူရာနေရာဖြစ်ကြောင်း သူ သိ၏။

ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ပထမျိုးနွယ်စုကို ဖြစ်တည်လာစေခဲ့သူပင်။ သူ့ကြောင့်ဟာ အင်အားကြီးမားသောဖန်မျိုးနွယ်စုသည် နဝမတောင်ပင်လယ်၌ ယခုကဲ့သို့ ရပ်တည်နိုင်ခဲ့ရာ သူ့အကြောင်း ရာဇဝင်များ၊ ဒဏ္ဍာရီများမှာ မျိုးနွယ်စုထဲ၌ အဆင့်ဆင့်ပျံ့နှံ့လျက်ရှိသည်။

ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် အင်မော်တယ်အပျက်အစီးများနယ်တွင် ဖန်မျိုးနွယ်စု၏သွေးဆက်စွမ်းအားကို ရရှိခဲ့ပြီး သခင်လီနှင့်နောက်လိုက်ကာ ဖရိုဖရဲဖြစ်နေသောအခြေအနေများကို ချေမှုန်း၍ အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ရှိစေရန် နဝမတောင်ပင်လယ်ကို လက်အောက်ခံအဖြစ် သွတ်သွင်းခဲ့သည်ဆိုသော ဒဏ္ဍာရီတစ်ပုဒ်ရှိ၏။

ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အမှန်တွင် မသေခဲ့ဘဲ ပဉ္စမဘဝတွင် ရှင်သန်ထမြောက်လာကာ အပူအပင်ကင်းလွတ်လပ်သော ဘဝအဖြစ် နေထိုင်ဖို့ ပျောက်ကွယ်သွားခဲ့သည်ဆိုသော ဇာတ်လမ်းလည်း ရှိသည်။

ဒဏ္ဍာရီမျိုးစုံက မန်ဟို၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူက အသက်ပြင်းပြင်း ရှူသွင်း၍ မီတာသုံးထောင်အမှတ်ကို ဖြတ်ကာ ရှေးဂူသင်္ချိုင်းကြီးအနား လျှောက်လာ၏။ သူက ‌လှေကားထစ်များကို ရောက်လျှင် ဧရာမကျောင်းတံခါးချပ်ကြီးများကို ကြည့်ပြီး လေးလေးနက်နက် ဦးညွတ်အရိုအသေပေးလိုက်သည်။

"ဂျူနီယာမျိုးဆက် ဖန်မျိုးနွယ်ဝင် ဖန်ဟို ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို ဂါဝရပြုပါတယ်"

သူ့စကားလုံးများ ပဲ့တင်ထပ်နေစဉ် ဝတ်ပြုကျောင်းသည် တုန်ခါလာပြီး အပြောက်အမွန်းများဖြင့် တန်ဆာဆင်ထားသော ဝတ်ပြုကျောင်းတံခါးများသည် ‌ဖြေးညင်းစွာ ပွင့်လာ၏။

ထိုအခိုက်အတန့်တွင် ... ဘိုးဘေးမြေ၏အပြင်၊ အရှေ့အောင်ပွဲဂြိုဟ်၏ အပြင်၊ နဝမပင်လယ်ထက်၌ ဖန်းတုံးအာသည် အင်မော်တယ်တံခါးကို ထုနှက်လိုက်ရာ တံခါးသည် ဖြေးဖြေးချင်း ပွင့်စပြုလာ၏။ အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်က လွတ်မြောက်လာပြီး ဖန်းတုံးအာကို လွှမ်းခြုံလိုက်ကာ သူမအား တစတစ ကြည်လင်ပြတ်သားလာစေသည်။ သူမထံမှ ထုတ်လွှတ်နေသော သန့်ရှင်းစင်ကြယ်သော အငွေ့အသက်သည် ပို၍ပင် အားကောင်းလာ၏။

သူမမှု ပြစ်မျိုးမှဲ့မထင်အောင် လှပပြီးသားဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူမအလှတရားမှာ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။

ကိုးပင်လယ်နတ်လောက၏ကျင့်ကြံသူများသည် .... အရေးကြီးသောအခိုက်အတန့်သို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်၍ သူမကို မမှိတ်မသုန် ကြည့်နေကြ၏။

ယခုတွင် သူမ အင်မော်တယ်အကြော ဘယ်နှကြောဖွင့်နိုင်မလဲ မြင်ရမည့် အချိန်ရောက်လာလေပြီ။

ကိုးပင်လယ်နတ်လောကသာ သေသေချာချာ စောင့်ကြည့်နေခြင်းမဟုတ်။ တခြားဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးလည်း ဖန်းတုံးအာ ဘာဖြစ်မည်လဲ သိရဖို့ နည်းပေါင်းစုံသုံးရင်း ကြည့်နေကြသည်။

တာအိုနယ်ပယ်အဘွားအိုက အနည်းငယ်ပြုံးရင်း မျှော်လင့်ချက်များ တောက်ပနေသော မျက်လုံးများဖြင့် ဖန်တုံးအာကို မော့ကြည့်၍ တိတ်ဆိတ်စွာ ရပ်နေ၏။

***

All Chapters