← Chapters

အင်မော်တယ်ကံတရား၏ နံပါတ်တစ်ပုဂ္ဂိုလ်

Vol. 69 Ch. 962

အင်မော်တယ်ကံတရား၏ နံပါတ်တစ်ပုဂ္ဂိုလ်

Vol. 69 Ch. 962

၎င်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် မန်ဟိုမှာ နိဗ္ဗာနသစ်သီးနှစ်လုံး ဆေးပေါင်းဖိုထံသို့ အလုအယက်သွားနေသည်ကို မျက်လုံးပြူးလျက်သာ ကြည့်နေနိုင်သည်။ ရှေ့ဆုံးမှ ဦး‌ဆောင်နေသောအသီးမှာ မန်ဟို ဝိညာဉ်ကျောက်တုံးများစွာ သုံးစွဲခဲ့ရသော၊ အကောင်းအတိုင်း ပြန်ဖြစ်ခါနီးဆဲဆဲ အသီးပင်။

ခုနစ်ရောင်ခြည်အရည်တွင် ဝိညာဉ်အဆီနည်းတူ လုပ်ဆောင်မှုမျိုး ရှိနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို့စိတ်ထဲတွင် ရုတ်တရက် ထစ်ချုန်းသံကြီး ပြည့်နှက်သွားတော့သည်။

အသက်မဲ့ခြင်းနှင့် ပျက်စီးခြင်းကို ကိုယ်စားပြုသော သေခြင်းယင်အရှိန်အဝါတစ်ခုအား အရည်အတွင်းမှ အာရုံရနိုင်၏။ နိဗ္ဗာနသစ်သီးများမှာ ကမ္ဘောကမ္ဘာနှင့်ချီ ခြောက်ကပ်ညှိုး‌နွမ်းပြီး သေဆုံးနေခဲ့လေသည်။ သို့သော် ၎င်းတို့ ခုနစ်ရောင်ခြယ်အရည်ကို ထိလိုက်လျှင် သေခြင်းယင်အရှိန်အဝါမှာ အသက်ငွေ့တို့ ရုတ်တရက် ပေါ်လာစေမည့်အလားပင်။

ထိုအသက်ငွေ့သည် နိဗ္ဗာနသစ်သီးများ၏ ပြန်လည်ကောင်းမွန်ခြင်းကို ကိုယ်စားပြု၏။

ခုနစ်ရောင်ခြည်အရည်ထံမှ စွမ်းအင်လှိုင်းတို့က နိ‌ဗ္ဗာနသစ်သီးများအား အားဖြည့်ပေးကာ အသက်စွမ်းအားကို လျင်မြန်စွာ မြင့်တက်လာစေလိမ့်မည်။

မန်ဟိုမှာ စိတ်နှလုံး တုန်ရီသွား၏။ သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့် အတွေးမှာ မည်သည့်အခြေအနေမျိုးတွင်မှ သူ အောင်မြင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရသော နိဗ္ဗာနသစ်သီးကို ယခု အရည်အား စပ်ယူခွင့်မပေးရန်ပင်။ ၎င်းသာ စုပ်ယူလိုက်ပါက ရလဒ်အနေဖြင့် သူ ခံစားရမည့် အရှုံးများမှာ အော့နှလုံးနာဖွယ် ကောင်းလိမ့်မည်။

သူသည် အစွမ်းကုန်ထုတ််၍ ခုနစ်ရောင်ခြယ်အရည်အား ထိတော့မည့် နိဗ္ဗာနသစ်သီးအား လှမ်းဆွဲလိုက်သည်။ သူ ဤသို့လုပ်လိုက်သည့်အခိုက်အတန့်မှာပင် သူ တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သော ကျန်နိဗ္ဗာနသစ်သီးက အရည်နှင့်တစ်သားတည်း ဖြစ်သွားသည်။

ထိုအခိုက်အတန့်တွင် မျက်စိကျိန်းမတတ် တောက်ပနေသော ခုနစ်ရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာကာ သိပ်သည်းသော ခုနစ်ရောင်ခြယ်မြူထုက ဆေးပေါင်းဖိုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မန်ဟို လက်ထဲတွင် ကိုင်ထားသော နိဗ္ဗာနသစ်သီးမှာ တည်ငြိမ်သွားပုံရပြီး လှုပ်ရှားခြင်းမရှိတော့ပေ။ မန်ဟိုက ၎င်းကို သိုလှောင်အိတ်ထဲ ကပျာကယာ ပစ်ထည့်ပြီးနောက် စိုးထိတ်နေသော မျက်နှာထားဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

သူက ပထမမျိုးဆက်ခေါင်းဆောင်ကြီးကို လှမ်းကြည့်ပြီးနောက် ဆေးပေါင်းဖိုထဲရှိ ခုနစ်ရောင်ခြယ်မြူများကို ပြန်ကြည့်ကာ တစ်ယောက်တည်း ဇဝေဇဝါ ပြောလိုက်၏။

"ဘယ်သူမှ ဒီ‌ရှေးဂူသင်္ချိုင်းကြီးကို မရောက်ခဲ့ဖူးဘူး ... ဒါကြောင့် ဆေးပေါင်းဖိုထဲက ဝိညာဉ်အဆီက နိဗ္ဗာနသစ်သီးတွေကို ဒီလိုလှုံ့ဆော်နိုင်တာ ဘယ်သူမှ မသိလောက်ဘူး... ဒါက ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ ရှေးဂူသင်္ချိုင်းကြီးဖြစ်တဲ့အပြင် နိဗ္ဗာနသစ်သီးတွေက သူ့ဟာတွေပဲ

"ပေါင်းစည်းခြင်းပြီးမြောက်သွားရင် နိဗ္ဗာနသစ်သီးကို စားလို့ရမလား မသိဘူး" မန်ဟိုမှာ တခဏ ချီတုံချတုံဖြစ်နေသည်။ လောလောဆယ်တွင် သူသည် ဆေးပေါင်းဖို၏မြူအတွင်းထဲ၌ မည်သည့်အရာကိုမှ မမြင်ရပေ။

"ငါ စားလိုက်ရင် သေချာပေါက် ငါ့အတွက် အမြတ်အကြီးကြီး ထွက်မှာပဲ" မန်ဟို၏မျက်လုံးများသည် စူးရှတောက်ပလာ၏။

"ငါ မစားနိုင်ရင်တောင်မှ နိဗ္ဗာနသစ်သီးတစ်လုံး ဆုံးရှုံးလိုက်ရတာက လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး" ထို့နောက် မန်ဟိုက သူ့စိတ်သူ တည်ငြိမ်စေလိုက်သည်။ ထို့နောက် သူသည် ကြေးနဂါးကြီးကို မော့ကြည့်လိုက်၏။

ဤတစ်ခေါက်တွင် ၎င်းကား ယခင်နှင့်မတူတော့သယောင်ပင်။ ၎င်း၏လောဘတက်နေသော အမူအရာမှာ ကြောက်လန့်နေသောအသွင်သို့ ပြောင်းသွားခဲ့ပြီး ‌‌ဆေးပေါင်းဖိုအား စားရန် ပါးစပ်ကြီးကို ဟထားသည့်အစား ၎င်း၏အသက်စွမ်းအားအဆီအနှစ်ကို သန့်စင်ရန် ပါးစပ်ကြီးအား အသားကုန်ဖြဲထားသည့်ပုံပေါ်နေသည်။

ထိုအဆီအနှစ်သည် ၎င်း မသေခင် ကြုံတွေ့ခဲ့ရသော သွေးရူးသွေးတန်းကြောက်လန့်မှုမှ ဖြစ်ပေါ်လာခဲ့ဟန်ပင်။ ထို့နောက် ၎င်း သေဆုံးပြီးနောက် သေခြင်းယင်စွမ်းအားက အတူတကွ ပေါင်းစည်းရင်း ... အဆုံးမဲ့သော သေခြင်းယင်နှင့် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေသော အရည်စက်တစ်စက်အား ဖန်တီးလိုက်သည်။ ထိုအစက်က ဆေးပေါင်းဖိုထဲရှိ ကျောက်စိမ်းပြားပေါ်သို့ ကျသွားခဲ့၏။

မန်ဟိုမှာ အမြင်မှားမမှား မသေချာသော်လည်း နိဗ္ဗာနသစ်သီး အရည်နှင့်ပေါင်းစည်း၍ မြူများ ဆေးပေါင်းဖိုထဲတွင် ပြည့်နှက်သွားလျှင်ချင်း သဘာဝနိယာမတစ်မျိုး‌ ပျောက်ကွယ်သွားခဲ့သယောင်ပင်။ ကြေးနဂါးကြီး၏ အမူအရာက ပြောင်းလဲသွားပြန်သည်။ ဤတစ်ခေါက်တွင် ၎င်းသည် လွတ်လပ်သွားသည့်အလား စိတ်သက်သာရာရသွားပုံပေါ်သည်။

ထို့နောက် အက်ရာများက ကြေးနဂါးကြီး၏ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားသွားသည်။ ၎င်းတို့ ၎င်းတစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားစဉ် နဂါးကြီးကား သူ့မျက်စိရှေ့တည့်တည့်မှာတင် ပျောက်ကွယ်လာ၏။

သူ့မှာ အထိတ်တလန့် စိုက်ကြည့်နေမိပြီး အသက်ပြင်းပြူးရှူသွင်းရင်း နောက်ဆုတ်လိုက်လေသည်။

သူက ကြေးနဂါးကြီး နဂါးပုံသဏ္ဌာန်မြူမျှင်များအသွင် ပြောင်းရင်း မှေးမှိန်ပျောက်ကွယ်လာသည်ကို ကြည့်နေ၏။ မြူမျှင်များ တစ်မျှင်နှင့်တစ်မျှင် ရစ်ပတ်နှောင်ဖွဲ့၍ ခန်းမထဲတွင် လှည့်ပတ်သွားလာနေသည်။

မန်ဟို့အနား ရောက်လာသောအခါ မြူနဂါးခေါင်းကြီးက သူ့ကို လေးလေးနက်နက် ကြည့်သည်။ နောက်ဆုံးတွင် ကျေးဇူးတင်နေသော အလင်းစအား ၎င်း၏မျက်လုံးများတွင် မြင်လိုက်ရပြီးနောက် ၎င်းက မန်ဟို့ကို ပြေးဝင်တိုက်လိုက်လေပြီ။

၎င်းသည် သူနှင့်တစ်သားတည်းဖြစ်၍ သူ့အင်မော်တယ်အကြောထဲသို့ စီးဝင်သွားသော အင်မော်တယ်ချီအသွင်ပြောင်းသွားသည်။

မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားပြီး သူ့အင်မော်တယ်အကြောက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ၎င်းသည် မြူနဂါးကြီး၏ အင်မော်တယ်ချီများကို အငမ်းမရ စုပ်ယူရင်း နဂါးတစ်ကောင်၏ပုံစံပင် ဖြစ်လာ၏။

တထက်ထက် အက်သံများ ကြားနေစဉ် သူ၏အင်မော်တယ်အကြောသည် ပို၍ပင် ခိုင်မာလာပြီး မန်ဟို၏အစစ်အမှန်အင်မော်တယ်အရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာတော့သည်။

ထူးဆန်းသောအလင်းရောင်က သူ့မျက်ဝန်းများတွင် ပေါ်လာသည်။ အစစ်အမှန်အင်မော်တယ်နယ်ပယ်၏အတွေ့အထိမှာ သူ ခံစားခဲ့ဖူးသမျှထက် အားကောင်းသဖြင့် သူ၏အသက်ရှူသံများမှာ ဟောဟဲလှိုက်လာ၏။ မူလက သူ့အတွက် အင်မော်တယ်အကြောအား ခိုင်မာစေရန် ရက်တစ်ရာလိုအပ်ခဲ့သော်လည်း ယခုတွင် ထို့ထက်မြန်နေချေပြီ။

အမွှေးတိုင်တစ်တိုင် ထွန်းစာကြာသော် အင်မော်တယ်အကြောကား ဂျိန်းခနဲ ထစ်ချုန်းရင်း ရာနှုန်းပြည့် ခိုင်မာသွားဝောာ့သည်။

အင်‌မော်တယ်အလင်းအရောင်အဝါတို့ သူ့ထံမှ ဖြာထွက်လာပြီး သူ့ကိုယ်တွင်း၌ စီးဆင်းနေသော အင်မော်တယ်ချီတို့ ဆထက်ပွားလာသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံအား လုံးဝ ပြောင်းလဲသွားစေတော့သည်။

သူ ဤအခိုက်အတန့်ကို စောင့်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ သူ့ခရီးသည် တောင်ကောင်းကင်ဂြိုဟ် သူ့ဆရာ ဆေးလုံးမိစ္ဆာ အစစ်အမှန်အင်မော်တယ်အဆင့်တက်သည်ကို မျက်မြင်တွေ့ခဲ့ရသော အခိုက်အတန့်တွင် စတင်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏‌‌ မျှော်လင့်ချက်များမှာ အစပျိုးလာခဲ့၏။

ဤအခိုက်အတန့်တွင် သူကား သေမျိုးလူသားမဟုတ်ဝောာ့၊ မသေမျိုးအင်မော်တယ်ဖြစ်သွားခဲ့ချေပြီ။

တာအိုဆရာအစည်းအရုံးများ၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် မန်ဟိုသည် မျှော်လင့်ချက်ရောင်ခြည်ကို မြင်ခဲ့ရ၏။ အရှေ့အောင်ပွဲဂြိုဟ်သို့ ရောက်ရှိပြီးနောက် သူ့မျှော်လင့်ချက်က ပြင်းပြလာသည်။ အစတုန်းက အတန်ငယ်ကြာဦးမည် ထင်ခဲ့သော်လည်း ယခု ဘိုးဘေးမြေ၏ ရှေးဂူသင်္ချိုင်းကြီးထဲတွင် သူကား အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ဦးတည်နေ‌သော နောက်ဆုံးလှေကားထစ်အား ရောက်ရှိသွားစေသည့် မဟာကံကြမ္မာကောင်းကြီးကို ရရှိခဲ့လေပြီ။

မန်ဟိုသာ အင်မော်တယ်အပျက်အစီးများနယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဤ‌ရှေးဂူသင်္ချိုင်းကြီးထဲသို့ ရောက်မနေခဲ့လျှင် အင်မော်တယ်ပြစ်ဒဏ်က အပေါ်တွင် ဖြစ်တည်လာပြီး အင်မော်တယ်တံခါး ပေါ်ပေါက်လာမှာ ဖြစ်သည်။

တံခါးကို တွန်းဖွင့်မှသာလျှင် သူ့အနေဖြင့် အင်မော်တယ်အကြောများကို ဖွင့်၍ အောင်မြင်စွာ တက်လှမ်းနိုင်မည်။

သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ်တံခါးမှာ မန်ဟို၏အရှိန်အဝါကို အာရုံမရသလို၊ မန်ဟို အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းတော့မည်ကိုလည်း သတိထားမိပေ။ ထို့ကြောင့် ပေါ်မလာခဲ့။

ယင်းကြောင့် ... မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် မယုံကြည်နိုင်ဖွယ်အမြင့်တစ်ခုသို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ။

ယခုလို ကံကောင်းမှုများကား အင်မတန်မှ ရှားပါးသည်။ ဤကဲ့သို့ အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းဖို့ အချက်သုံးချက်လိုအပ်သည်။ အင်မော်တယ်လမ်းပြနွယ်ပင်မသုံးဘဲ အင်မော်တယ်အဆင့်တက်ရမည်။ ရှေးဂူသင်္ချိုင်းတစ်ခုလည်းဖြစ်၊ အင်မော်တယ်အပျက်အစီးနယ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သော နေရာတစ်နေရာတွင် ဖြစ်ရမည်။ ထိုနေရာတွင် လုံလောက်သောအင်မော်တယ်ချီများ ရှိရမည်။

စည်းကမ်းချက်သုံးချက်က ရိုးရှင်းသယောင်ထင်ရသော်လည်း ကိုက်ညီဖို့ အတိုင်းထက်အလွန် ခက်ခဲသည်။ ပြောရလျှင် အခြားနှစ်ချက်အသာထား၊ ပထမဆုံးတစ်ချက်နှင့် ကိုက်ညီဖို့ထက် ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချို သွားရှာခြင်းက ပိုလွယ်ကူပေလိမ့်မည်။

မဖြစ်နိုင်ဟု မပြောနိုင်သော်လည်း လွန်စွာခက်၏။ အတိုင်းထက်အလွန် အင်မတန့်အင်မတန်မှ ခက်ခဲလေသည်။ အမှန်တွင် နဝမတောင်ပင်လယ်တစ်ခုလုံး၌ မန်ဟိုတစ်ယောက်သာလျှင် ကြက်ကန်းဆန်အိုးတိုး၍ ရှိသွားခဲ့ခြင်းဖြစ်သည်။

ကျန်တောင်ရှစ်လုံးနှင့် ပင်လယ်ရှစ်စင်းတွင်တော့ ထိုကဲ့သို့လူတချို့ ရှိကောင်းရှိနိုင်သော်လည်း မည်သူမှ မန်ဟိုနှင့် မယှဉ်နိုင်ပေ။ အဘယ်ကြောင့် သူက အစစ်အမှန်အင်မော်တယ်နယ်ပယ်၏ အုတ်မြစ် ၊ ကြေးမီးအိမ်မှ ပေးခဲ့သော အင်မော်တယ်အကြောဖြင့် စတင်ခဲ့၍ပင်။

၎င်းသည် ကျန်အင်မော်တယ်အားလုံးထက် သူ့အား သာစေသော အင်‌မော်တယ်အကြောစစ်ဖြစ်ရာ သူ့အား အစစ်အမှန်အင်မော်တယ်များကြားက အစစ်အမှန်အင်မော်တယ်ဖြစ်စေ၏။

မန်ဟိုမှာ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းစလုံးတွင် ထိုကဲ့သို့ ကံကောင်းမှုနှင့် တွေ့ကြုံရသည့် ပထမဆုံးလူဖြစ်သည်။

သို့သော် ယခု သူ ရရှိလိုက်သော ထပ်ဆောင်းအင်မော်တယ်အကြောများစွာက အပြင်၌ အင်မော်တယ်ပြစ်ဒဏ်အား ကျော်လွှားသောအခါ သူနှင့် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ထပ်မံပေါ်လာမည့်အကြောများဖြင့် မပေါင်းစည်းသွားဘဲ အရေအတွက်ကို တိုးလာစေလိမ့်မည်။

ဝိညာဉ်အားလုံးတွင် နာမ်သုံးခု၊ ရုပ်ခုနှစ်ခု၊ သွေးကြောမဆယ်ခုစီအဖြစ် စုစည်းသွားသော အကြောဆယ်ခု ရှိသည်။ အကြော (၁၀၀) အင်‌မော်တယ်များတွင် နာမ်သုံးခု၊ ရုပ်ခုနစ်ခု နှင့် ဝိညာဉ်သွေးကြောမဆယ်ခု ရှိသည်။ အကြော (၁၀၀) ထက် ပိုသူများမှာတော့ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် အင်မတန်ရှားပါးသည်။ တကယ်တမ်း ထိုလူများက ဒဏ္ဍာရီထဲတွင်သာ တည်ရှိကြ၏။ တစ်ရာထက်ပိုသွားလျှင် အကြောတစ်ကြောစီက ထပ်‌ဆောင်းဝိညာဉ်သွေးကြောမတစ်ခု ဖြစ်လာသည်။ ပုံမှန်ဆိုပါက အကြောဆယ်‌ကြောပေါင်းစည်းမှ ဝိညာဉ်သွေးကြောမတစ်ခု ဖြစ်ခြင်းပင်။

ပထမဆုံး အင်မော်တယ်အကြော ပြည့်စုံသွားသဖြင့် မန်ဟို့ကိုယ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ ထိုမျှသာမက မြူနဂါးကြီး၏‌ကျေးဇူးကြောင့် ဒုတိယအင်မော်တယ်အကြောတစ်ကြောလည်း ပုံသဏ္ဌာန်ပေါ်နေလေပြီ။ ၎င်းက ပေါ်လာလျှင်ချင်း အစိုင်အခဲစဖြစ်လာ၏။

ကောင်းမွန်သောပြင်ဆင်မှုများက အောင်မြင်မှုကို ဖြစ်ပေါ်စေသည်။ ကျန်ရွေးချယ်ခံများသည် အဆုံးစွန်အထိ ပြင်ဆင်ထားပြီးဖြစ်၍ အစစ်မှန်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်သောအခါ အံ့ချီးဖွယ်ရာအဖြစ်အပျက်တစ်ခု ဖြစ်ပေလိမ့်မည်။ မန်ဟိုကမူ သူ့ကိုယ်သူ ကောင်းကောင်းပြင်ဆင်ထားခဲ့သော်လည်း ယခုတွင် ဤကြက်ကန်းဆန်အိုးတိုး ကံကောင်းမှုက သူ့အား ပို၍ပင် အလားအလာကောင်းသွားစေသည်။

အပြင်လူတစ်ယောက်ယောက်သာ ယခုလိုအရာမျိုးကို သိသွားလျှင် နဝမတောင်ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားမည်ဖြစ်သည်။

မန်ဟို အင်မော်တယ်ချီများကို စုပ်ယူ၍ ဒုတိယအင်မော်တယ်အကြောအား ဖန်တီးနေသည့်အချိန်မှာပင် အရှေ့အောင်ပွဲဂြိုဟ်၏အပြင်ရှိ ကြယ်‌တာရာကောင်းကင်တွင် တိမ်တိုက်များ စတင်ဖြစ်ပေါ်လာ၏။ ၎င်းတို့က မြူများအဖြစ်မှ အင်မော်တယ်တံခါးနှင့်အတူ ပြစ်ဒဏ်တိမ်တိုက်များအသွင် လျင်မြန်စွာ ပြောင်းလဲလာသည်။

အင်မော်တယ်တံခါးသည် စောစောလေးကတင် နဝမပင်လယ်ထက်၌ ပျံဝဲနေခဲ့ပြီး ယခုမူ ‌အရှေ့အောင်ပွဲဂြိုဟ်‌အပေါ်တွင် ဖြစ်တည်လာကာ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။

မရေမတွက်နိုင်သောလူများ ၎င်းကို မြင်လိုက်ကြပြီး ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားကြသည်။ ဖန်မျိုးနွယ်ဝင်များက ၎င်းကို စိတ်လှုပ်ရှားကြည့်လိုက်ကြ၏။ အထူးသဖြင့် အကြီးအကဲများပင်။

"အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်" မဟာအကြီးအကဲက မျက်လုံးများ လင်းလက်တောက်ပနေလျက် ရေရွတ်လိုက်သည်။

အင်မော်တယ်တံခါးသက်ဆင်းလာမှုကား မန်ဟိုကြောင့် မဟုတ်ဘဲ .... ဖန်ဝေကြောင့် ဖြစ်၏။

ဘိုးဘေးစံအိမ်၏အောက်တွင် ဖန်ရှုံ့ရှန်းသည် တစ်ကိုယ်လုံးတုန်ရီနေလျက် တရားထိုင်နေရာမှ နိုးလာပြီး သူ့ဘေးရှိ ကျောက်နံရံကို ကြည့်လိုက်သည်။ ရုတ်တရက် ကျောက်နံရံသည် ပွင့်လာပြီး လမ်းလျှောက်ထွက်လာသော အရပ်မြင့်မြင့်လူငယ်တစ်ဦးအား ဖော်ပြလိုက်၏။ ထိုလူကား ဖန်ဝေမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏ဘယ်မျက်လုံးသည် သေခြင်းပါရှိနေသည့်အလား မည်းနက်နေ၏။ ညာမျက်လုံးမှာမူ နေ့တာအလား အသက်ဝင်လျက် ဖြူဆွတ်နေသည်။ သူ့တစ်ကိုယ်လုံးမှ အစစ်အမှန်အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။

သူက တစ်ဆက်တည်းမှာပင် ပြန်ဝင်စားခြင်းအရှိန်အဝါနှင့် မရဏသင်္ချိုင်း၏အအေးဓာတ်ကို ထုတ်လွှတ်လျက် တည်ကြည်လေးနက်နေသည်။

"ဝေအာ" ဖန်ရှုံ့ရှန်းက စိတ်လှုပ်ရှားစွာ ပြောသည်။ "သား ..."

"အဖေ ကျွန်တော် အောင်မြင်သွားပြီ" အဖြေဖြစ်သည်။ ဖန်ဝေသည် အခန်း၏မျက်နှာကြက်ကို ထိုးဖောက်၍ လေပေါ် ပျံတက်သွား၏။

ဖန်ရှုံ့ရှန်းက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်လိုက်သည်။ ဖန်ဝေ ပျံထွက်လာခြင်းက သူ့အား စိတ်လှုပ်ရှားသွားစေပြီး ဤအခိုက်အတန့်တွင် သူ၏မျိုးနွယ်စုစည်းမျဉ်းများအား ချိုးဖောက်မှုမှာ အရေးမကြီးတော့ဘဲ မဖြစ်ခဲ့သည့်အတိုင်း ထားလိုက်နိုင်ကြောင်း သိလိုက်လေပြီ။

အမှန်တွင် ၎င်းက မှန်၏။ ဖန်ဝေ ကောင်းကင်ထက်သို့ ပျံတက်သွားစဉ် မဟာအကြီးအကဲသည် ဖန်ရှုံ့ရှန်းကို လှမ်းမြင်၍ လေးလေးနက်နက် တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။

လောလောဆယ်တွင် ဖန်ဝေတစ်ယောက်တည်းသာ လေပေါ် ပျံတက်နေသည်။ ‌ဤအခြင်းအရာကို မြင်သော် အောက်ရှိ သူ၏သွေးဆက်မှ အကြီးအကဲများလည်း ဓမ္မစောင့်ရှောက်သူများအဖြစ် ပြုမူရန် ပျံတက်လာကြသည်။ တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်စု၏ မဟာမန္တန်ဝင်္ကပါလည်း အသက်ဝင်လာရာ ဖန်ဝေအား အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး၏ အာရုံစိုက်ရာ ဖြစ်သွားစေသည်။

ဘိုးဘေးမြေအောက်ရှိ ကျောက်လိုဏ်ဂူထဲတွင် ကျန်‌ခေါင်းဆောင်ကြီးခြောက်ယောက်သည် နိုးလာပြီး စောင့်ကြည့်နေ၏။ လူကိုယ်တိုင်ပေါ်မလာကြသော်လည်း သူတို့၏နတ်ဘုရားအာရုံများက တစ်ဂြိုဟ်လုံးကို ကာကွယ်လိုက်လေသည်။

ဤအခိုက်အတန့်တွင် ဖန်ဝေက မျက်လုံးအားလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်။

ဖန်ရွှီက လူကြားထဲတွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ မျက်လုံးများထဲ၌ လက်မခံနိုင်မှုတို့ ပြည့်နှက်နေလျက် ရပ်နေသည်။

"ဖန်ဟိုကမှ အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းသင့်တဲ့သူ

"ဖန်ဟို အစ်ကိုကြီး အဆင်ပြေနေရဲ့လား။ ဖန်ဝေကတော့ အင်မော်တယ်အဆင့်တက်သွားလို့ အင်မော်ဝာယ်တံခါးကို တိုက်ခိုက်ပြီး အင်မော်တယ်အကြောတွေ ဖွင့်တော့မယ်"

အင်မော်တယ်တံခါး ကျဆင်းလာစဉ် ထစ်ချုန်းသံကြီးများ အထက်ကောင်းကင်ယံတွင် ပြည့်နှက်သွား၏။ နဝမတောင်ပင်လယ်ရှိ မျိုးနွယ်စုအားလုံး၊ ဂိုဏ်းအားလုံး အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ ဖြစ်ပျက်နေသောအရာကို တွေ့မြင်ရန် နည်းလမ်းပေါင်းစုံ သုံးနေကြလေသည်။

ဆေးလုံးမိစ္ဆာကို ထည့်မတွက်လျှင် ဖန်ဝေသည် ဖန်းတုံးအာပြီးလျှင် ဤမျိုးဆက်၌ .... အစစ်အမှန်အင်မော်တယ်ကျင့်ကြံသူဖြစ်လာသော ဒုတိယမြောက်လူပင်။

"ဖန်းတုံးအာက အင်မော်တယ်အကြော (၉၆) ကြော ဖွင့်ခဲ့တယ်။ ဖန်ဝေ ... ဘယ်လောက်ဖွင့်နိုင်မလဲ" ယင်းက နဝမတောင်ပင်လယ်အနှံ့အပြားမှ ကြည့်ရှုနေသောလူအားလုံး၏စိတ်ထဲတွင် ပေါ်ပေါက်လာသည့် မေးခွန်းဖြစ်သည်။

ဖန်ဝေကား ထစ်ချုန်းနေသော မိုးကြိုးပြစ်ဒဏ်ထံသို့ ကြယ်တံခွန်ကြီးသဖွယ် ထိုးတက်သွား၏။ လျှပ်စီးများ သူ့ကို ဝန်းရံနေစဉ် သူက ခိုင်မာပြတ်သားသောမျက်လုံးများဖြင့် ဟိန်းဟောက်ပြီး အင်မော်တယ်ပြစ်ဒဏ်ကို လျစ်လျူရှုကာ တိမ်တိုက်များအတွင်းရှိ အင်မော်တယ်တံခါးအပေါ်တွင်သာ အာရုံစိုက်ထား၏။

"ငါ့ပန်းတိုင်က အင်မော်တယ်အကြော (၉၈) ကြော ဖွင့်ဖို့" သူက ရေရွတ်လိုက်သည်။ "အင်မော်တယ်အကြောတွေ ဖွင့်ပြီးရင် ဖန်ဟို ... မင်းက ငါ့အတွက် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုတော့ဘူး။ မင်းရဲ့ နိဗ္ဗာနသစ်သီးနှစ်လုံးက ငါ ဖန်ဝေကို ငါ့မျိုးဆက်မှာ နံပါတ်တစ် ဖြစ်စေလိမ့်မယ်

"ဒါပေမဲ့ ငါ့နှလုံးသားထဲက နတ်ဆိုးကို ချေမှုန်းဖို့ မင်းကို အသေနင်းချေပစ်မယ်" ဖန်ဝေသည် အရှေ့တက်လှမ်းခြင်းနေနေ့မတိုင်မီက သိမ်းပိုက်ထားခဲ့သည့် ဖန်မျိုးနွယ်စု၏ မင်းသားဝေဆိုသော ဂုဏ်ပုဒ်ကို ပြန်တောင့်တရင်း မျက်လုံးများက ဝင့်ကြွားမောက်မာမှုတို့ဖြင့် ပြည့်နှက်နေသည်။

***

All Chapters