← Chapters

ဖန်ဟို ထွက်လာပြီး တိုက်စမ်း

Vol. 69 Ch. 963

ဖန်ဟို ထွက်လာပြီး တိုက်စမ်း

Vol. 69 Ch. 963

မန်ဟို ရှေးဂူသင်္ချိုင်းထဲ၌ သူ၏ ပထမဆုံး အင်မော်တယ်အကြောကို ခိုင်မာစေပြီး  ဒုတိယအကြောကို ဆက်လက်ဖော်ဆောင်နေစဉ် အင်မော်တယ်တံခါးသည် အရှေ့အောင်ပွဲဂြိုလ်၌ ဂျိန်းခနဲ ပေါ်လာ၍ အင်မော်တယ်ပြစ်ဒဏ် သက်ဆင်းလာခဲ့၏။

ဖန်ဝေက အားလုံး၏ ရှေ့မှောက်တွင် ပြစ်ဒဏ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ရင်း ပျံတက်သွားသည်။ အရှေ့အောင်ပွဲဂြိုလ်သာမက အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများသည် ဖန်ဟို အစစ်အမှန်အင်မော်တယ်ဖြစ်လာမည်ကို နည်းလမ်းပေါင်းစုံသုံး၍ ကြည့်နေကြ၏။

ဖန်းတုံးအာက အကြော ၉၆ ကြော ဖွင့်နိုင်ခဲ့ရာ အကုန်လုံးအား အံ့အားသင့်သွားစေခဲ့သည်။ ယခု ဖန်ဝေသည် အင်မော်တယ်အဆင့် တက်လှမ်းခဲ့ပြီဖြစ်၍ လူတိုင်းက သူ အကြောမည်မျှ ဖွင့်နိုင်မည်လဲ ခန့်မှန်းနေကြလေသည်။ သူ၏ အင်မော်တယ်အဆင့်တက်လှမ်းခြင်းက ဖန်မျိုးနွယ်စု၏ အင်အားကြီးမားသောပုဂ္ဂိုလ်အသစ်တစ်ဦး၏ အလားအလာကို ကိုယ်စားပြုသည်။

အရာအားလုံးတုန်ခါနေပြီး အင်မော်တယ်ပြစ်ဒဏ်က ဖန်ဝေ့ကို တိုက်ခိုက်ပြီး ဖန်ဝေက မာန်သွင်းဟိန်းဟောက်လိုက်သည်။ လျှပ်စီးမိုးကြိုးများက ပစ်ချနေပြီး သူက ပစ်ချခွင့်ပြုထား၏။ ဘ၀ပြန်လည်၀င်စားခြင်းအရှိန်အဝါက သူ့ကို လှည့်ပတ်နေပြီး မရဏသင်္ချိုင်း၏ စိတ်ဆန္ဒက အားကောင်းစွာ ဖြာထွက်နေလေသည်။

ထိုမျှသာမက ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးများတွင် တောက်ပနေ၏။ အသက်တစ်ရှိုက်မရဏသင်္ချိုင်းမန္တန်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း၏ သရုပ်သကန်အဖြစ် ဘယ်မျက်လုံးက အမည်းရောင်ဖြစ်ကာ ညာမျက်လုံးက အဖြူရောင်ဖြစ်နေ၏။ သူ့ပတ်ပတ်လည်တွင် ရစ်သိုင်းနေသော ဘ၀ပြန်၀င်စားခြင်းအရှိန်အဝါကတော့ အတွေးတစ်ချက်ပြန်၀င်စားခြင်းမန္တန်မှ ဖြစ်လေသည်။

ဤအရာများသည် ဖန်မျိုးနွယ်စု၏ အမှတ်သညာ နတ်ဘုရားစွမ်းရည်များဖြစ်ပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူက နှစ်ခုကို ကျင့်ကြံထား၏။

ထစ်ချုန်းသံများထဲတွင် ဖန်ဝေက အင်မော်တယ်တံခါးကို ၀င်တိုက်လိုက်ရာ ချက်ချင်း ဟသွားစေသည်။ အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်တို့ ဖြာထွက်လာကာ အင်မော်တယ်ပြစ်ဒဏ်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းရင်း ပို၍ပင် ပြင်းထန်လာ၏။

အချိန်များ ကုန်လွန်သွားပြီး မကြာမီ သုံးရက်ကြာခဲ့လေပြီ။

ထိုသုံးရက်အတွင်း ဖန်ဝေ၏ ပုံရိပ်သည် လူတိုင်းကို အံ့အားသင့်သွားစေ၏။ သူက သူ့ကို နည်းနည်းလေးမှ တွန်းထုတ်နိုင်စွမ်းမရှိသော အင်မော်တယ်အပြစ်ဒဏ်ကို အဖက်ပင်မလုပ်ပေ။ သူသည် ၎င်းထံမှ အားအင်တို့ပင် ရရှိနေပုံရ၏။ လျှပ်စီးတို့က ကောင်းကင်တွင် တ၀င်း၀င်း လက်နေပြီး ထိုနေရာရှိ  ဖန်ဝေ၏ပုံပန်းသွင်ပြင်က လူတိုင်းကို အံ့ဩမှင်သက်သွားစေသည်။

"ဖန်ဝေက ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ် ရွေးချယ်ခံ။ သူက ဖန်မျိုးနွယ်စုရဲ့ မင်းသားဝေ။

"အင်မော်တယ်ပြစ်ဒဏ် ပျောက်ကွယ်တော့မယ်။ သူ အင်မော်တယ်တံခါးကို တကယ် ဖွင့်နိုင်တော့မယ်"

"ဖန်ဝေ ဖန်ဝေ" ဖန်မျိုးနွယ်စုရှိ လူတိုင်းမှာ စိတ်လှုပ်ရှားနေပြီး သူတို့၏ အသံများက သောင်းသောင်းသဲသဲ မြည်လာရာ အသံလှိုင်းများအား အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားစေသည်။

အချိန်အနည်းငယ်ကြာသော် ဖန်ဝေသည် အင်မော်တယ်တံခါးကို တွန်းဖွင့်နိုင်လိုက်သဖြင့် ဝုန်းခနဲ အသံကြီးအား ကြားလိုက်ရ၏။ အင်မော်တယ်အလင်းရောင်တို့က ကောင်းကင်အပြည့်နေရာယူရင်း ဖြာထွက်လာက မျက်စိကျိန်းမတက် တောက်ပနေသော အလင်းတန်းများက အင်မော်တယ်ပြစ်ဒဏ်ကို လွင့်စင်ပြိုကွဲသွားစေ၏။

အင်မော်တယ်အလင်းတို့ လွှမ်းခြုံလာစဉ် ဖန်ဝေက ခေါင်းနောက်လှန်၍ အကြာကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ဆံပင်များက ပျံ့လွင့်နေပြီး သူ၏ အရပ်မြင့်မားသော ခန္ဓာကိုယ်မှာ အတားအဆီးများကို ဖျက်ဆီးပစ်လိုက်သဖြင့် ပို၍ပင် သန်မာလာသည်။ သူကား အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ၀င်ရောက်နေလေပြီ။

တစ်ချိန်တည်းမှာပင် အင်မော်တယ်အလင်းရောင်က ဖန်ဝေ့ကို ၀န်းရံ၍ သူ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်သွားသော အဆုံးမဲ့အင်မော်တယ်ချီများကို ထုတ်လွှတ်လိုက်၏။

အောက်ရှိလူများမှာ ဖြစ်ပျက်နေသည်များကို ကြည့်ရင်း ဆူညံပွက်လောရိုက်နေကြသည်။ မဟာအကြီးအကဲ၏မျက်လုံးများက စူးရှတောက်ပနေ၏။ ဘေးတွင် ဖန်ဝေ၏အဘိုးနှင့် ဖန်ရှုံ့ရှန်းတို့ နှစ်ယောက်လုံးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြပုံပေါ်သည်။

အကြော ၂၀၊ အကြော ၄၀၊ အကြော ၆၀၊ အကြော ၈၀။

အသက်ရှိုက်စာအနည်းငယ်ကြာသော် အလင်းတန်းတို့က ဖန်ဝေ့ထံမှ ဖယ်ခွာသွားပြီး သူ၏ အကြော ၈၀က ပြင်းထန်သော ဖိအားကြီးအား သက်ရောက်လာစေသည်။ သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောများသည် ရက်စက်ကြမ်းကြုတ်သော နဂါးများသဖွယ် လူးလွန့်ပြီး အစစ်အမှန် အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ဂျိန်းခနဲ ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာသည်။

၈၃ ကြော၊ ၇၈ ကြော၊ အကြော ၉၀။

ဖန်မျိုးနွယ်စုမှ အုတ်အော်သောင်းနင်းဖြစ်နေပြီး အရှေ့အောင်ပွဲဂြိုလ်ပေါ်မှ စောင့်ကြည့်နေသူအားလုံးမှာ တုန်ရီနေကြလေသည်။ အခြားမျိုးနွယ်စုများမှ မျိုးနွယ်ဝင်များလည်း ဖန်ဝေ အကြော ၉၀ ဖွင့်ရင်း ထွန်းတောက်လာသည်ကို ကြည့်နေကြ၏။

သို့သော်လည်း ဤတွင် မပြီးသေး။ ဖန်ဝေ့ကိုယ်အတွင်းမှ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသော ထစ်ချုန်းသံကြီး ကြားလိုက်ရသည်။ ၉၁၊ ၉၂၊ ၉၃။

၉၆ ခုမြောက် အကြော ပေါ်လာသောအခါ တစ်လောကလုံး အံ့အားသင့်သွားကြ၏။

"ဖန်းတုံးအာက ၉၆ ကြော ဖွင့်ခဲ့တယ်။ ဖန်ဝေကလည်း အဲ့အတိုင်း ဖွင့်နေပြီ"

"သူက တကယ်ပဲ ရွေးချယ်ခံလို့ ခေါ်ထိုက်ပါပေတယ်"

"သူ့မှာ ကြည့်ရတာ အားအင်နည်းနည်းကျန်သေးတဲ့ပုံပဲ။ ဖန်ဝေ ဒီလိုပြင်ဆင်ဖို့ အရင်းအမြစ်တွေ ဘယ်လောက်တောင် သုံးခဲ့လဲမသိဘူး။ ဒါက တကယ်ပဲ အံ့ဩစရာပဲ"

ဖန်ဝေ့ကိုယ်ထဲတွင် ၉၇ ကြောမြောက် ပေါ်လာသဖြင့် ထစ်ချုန်းသံများ ဆက်လက်ပဲ့တင်ထပ်လာသည်။

ဖန်ရှုံ့ရှန်းမှာ တုန်ရီနေပြီး သူက ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားနေပုံရသည်။ သူက ကောင်းကင်ကို မော့ကြည့်ပြီး အားပါးတရ ရယ်လိုက်သည်။ သူ့ဘေးတွင် ဖန်ဝေ၏ အဘိုးမှာ လွန်စွာ စိတ်ကျေနပ်နေပုံရပြီး မဟာအကြီးအကဲပင်လျှင် ပြုံးနေ၏။

ဖန်မျိုးနွယ်စုတစ်စုလုံးက စိတ်လှုပ်တရှားတုန်ရီလျက် လှုပ်လှုပ်ရွရွ ဖြစ်နေကြတော့သည်။

သို့သော် ဖန်ဝေမှာ မကျေနပ်သေးပေ။ သူသည် အင်မော်တယ်အလင်းတို့ ခြံရံလျက် ကျင့်ကြံခြင်းအခြေခံ မြင့်သထက် မြင့်တက်လာနေရင်း အင်မော်တယ်တံခါးထဲတွင် ရှိနေသေး၏။ သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

"၉၈ ကြော ပွင့်စမ်း"

သူ့အသံ ပဲ့တင်ထပ်လာသည့် အခိုက်အတန့်တွင် ဂျိန်းခနဲ ထစ်ချုန်းသံကြီးအား ကြားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ရာအငွေ့အသက်များကို ထုတ်လွှတ်ရင်း သူကား ၉၈ ကြောမြောက်အကြောအား ဖော်ဆောင်လိုက်ချေပြီ။

ဂြိုလ်များနှင့် နဂါး ၉၈ကောင်ကား သူ့ဘေးတွင် ကူးလူးပျံသန်းရင်း တင့်တယ်ကျော့ရှင်းစွာ ပေါ်လာရာ မြင်လိုက်သည့် မည်သူမဆိုအား အသက်ရှုမှားသွားစေသည်။

၉၈ ကြောမြောက်ပေါ်လာသည့်အခိုက်အတန့်တွင် အင်မော်တယ်တံခါး၏ ပတ်ပတ်လည်ရှိ ပတ်၀န်းကျင်တွင် ပုံရိပ်ယောင်ပေါင်းတစ်သောင်း ပေါ်လာ၏။ ၎င်းတို့က သံချပ်ကာများကို ၀တ်ဆင်ထားပြီး အင်မော်တယ်လက်နက်များကို ကိုင်စွဲ၍ ဖန်ဝေကို လျင်မြန်စွာ ၀န်းရံပြီး ဒူးထောက်အရိုအသေ ပေးလိုက်ကြလေသည်။

ဤအခြင်းအရာကို မြင်လိုက်သည့် အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ လူတိုင်းမှာ ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။ အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူများလည်း လုံးလုံးလျားလျား အံ့အားသင့်သွားကြတော့သည်။

"ဖန်မျိုးနွယ်စုက နတ်နဂါးချီလင်လို ပါရမီရှင်ကလေးတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီ"

"၉၈ ကြော။ ဒါက နှစ်တစ်သောင်းကျော်လို့ တစ်ယောက်တောင် ပေါ်မလာတဲ့အထိ ရှားပါးတယ်။ တစ်ယောက်ယောက် အကြော ၉၈ ကြောအထိ ဖန်တီးရင် ထူးဆန်းတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတတ်တယ်။ ဥပမာ ဖန်းတုံးအာရဲ့ နဂါးပျံတွေနဲ့ ဖီးနစ်ငှက်တွေလိုမျိုးပေါ။ ဖန်ဝေက အင်မော်တယ် ရှေးစစ်သည်တော် အယောက်တစ်သောင်းကို ပေါ်လာစေတယ်တဲ့လား"

"သူက တောင်ပင်လယ်လောကရဲ့ ကံတရားနဲ့ ထိတွေ့ခံထားရတယ်။ တောင်ပင်လယ်လောကရဲ့ ကံတရားက သူ့ပေါ်မှာ သက်ရောက်နေတယ်"

ဖန်မျိုးနွယ်စုမှာ ဆူညံပွက်လောရိုက်နေပြီး ကျန်န၀မတောင်နှင့်ပင်လယ်လည်း တုန်လှုပ်နေသည်။ န၀မတောင်ပေါ်ရှိ ကျီမျိုးနွယ်စုပင်လျှင် သတိထားမိလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ဖန်ဝေကား သူ့မျိုးနွယ်စု၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့လေပြီ။

အင်မော်တယ်တံခါး ဖြည်းညင်းစွာ ပျောက်ကွယ်သွားစဉ် ဖန်ဝေက နှင်းတမျှ ဖြူဆွတ်ကြည်လင်သော ၀တ်ရုံကို ၀တ်ဆင်လျက်၊ ဆံပင်ရှည်များ လွင့်မျောလျက် လေလယ်တွင် ပျံဝဲနေသည်။ သူသည် အစကတည်းက ချောမောခန့်ညားသော်လည်း ယခုတွင် သူ၏အမူအရာမှာ ပို၍ပင် တင့်တယ်ပြီး ဆွဲဆောင်မှုရှိနေ၏။ သူ၏ မျက်လုံးများက မိုးကောင်းကင်နှင့်ကမ္ဘာမြေကို အထင်သေးနေသော မာနဖြင့် တောက်ပနေသည်။ ဤအခိုက်အတန့်တွင် သူကား သူ၏ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်မထားတော့ဘဲ ပေါက်ကွဲခွင့်ပြုလိုက်ရာ ကောင်းကင်ကြီးသည် တသိမ့်သိမ့် တုန်ခါလာပြီး အင်မော်တယ်အင်အားတို့က ကမ္ဘာမြေကို တုန်လှုပ်သွားစေ၏။

"ဖန်ဟို ထွက်လာပြီး တိုက်စမ်း" သူက မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ဘယ်သူမှ ဤစကားလုံးများက သူ့ပါးစပ်မှ ပထမဦးဆုံးထွက်လာမည့်အရာ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဖန်ဟို ဒီကိုလာပြီး ငါ့ကို တိုက်ခိုက်စမ်း" သူ၏ စကားလုံးများက မိုးခြိမ်းသံကြီးသဖွယ် တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည်။

ဤအခိုက်အတန့်တွင် အတော်များများက မန်ဟိုကို သတိရသွားကြ၏။ အမှန်တွင် အရှေ့တက်လှမ်းခြင်းနေနေ့ပြီး နောက်ပိုင်းနေ့ရက်များတွင် မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံမှာ ဖန်ဝေမဟုတ်ဘဲ မန်ဟိုဖြစ်ခဲ့လေသည်။

မည်သူမှ ဘာမှမပြောပေ။ မျိုးနွယ်စုတစ်စုလုံး တိတ်ဆိတ်သွား၏။ အမှန်တွင် တော်တော်များများမှာ မန်ဟို ဘိုးဘေးမြေထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း မသိကြပေ။ အများစုမှာ မန်ဟို လောလောဆယ်တွင် မျိုးနွယ်စု၏ မည်သည့်နေရာတွင် ရှိကြောင်း မသိကြခြင်းဖြစ်၏။

ဖန်ဝေပင်လျှင် လက်ရှိအခြေအနေနှင့်ပက်သက်ပြီး မသိထားချေ။

သူ၏အသံ ပဲ့တင်ထပ်လာစဉ် တစ်မျိုးနွယ်စုလုံးက မန်ဟို ထွက်လာမည်လား စောင့်စားရင်း တိတ်ဆိတ်သွားကြ၏။ ဖန်ရွှီက အံတင်းတင်းကြိတ်လျက် လူအုပ်တွင်ရှိသည်။ နောက်ဆုံးတွင် သူက သူ၏ ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်ပေးထားသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ငါ့အစ်ကိုကြီး ဖန်ဟိုက ဘိုးဘေးမြေထဲမှာ။ သူထွက်လာတာနဲ့ မင်း သူ့ကို ရှာစရာတောင်မလိုဘူး။ မင်းကို တိုက်ခိုက်လိမ့်မယ်" ဖန်ရွှီ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ဖန်ဝေ၏အမူအရာမှာ ပုံမှန်အတိုင်းဖြစ်သည်။ သို့သော်လည်း ဖန်ရွှီကို ငုံ့ကြည့်လိုက်စဉ် သူ၏မျက်လုံးများက ရေခဲတမျှ အေးစက်နေ၏။

"ကောင်းပြီ ဒါဆိုလည်း သူ ထွက်လာတာကို စောင့်ရုံပေါ့" ထို့နောက် သူက မြေကြီးပေါ် ပြန်ဆင်းလာပြီး ပင်မ၀တ်ပြုကျောင်းခန်းမ၏ အပြင်တွင် ပေါ်လာကာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။

အမှန်ပင် သူကား ပြောခဲ့သည့်အတိုင်း မန်ဟို့ကို တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့အတွက် မန်ဟိုပြန်လာမည်ကို စောင့်ဆိုင်းနေလေသည်။

မန်ဟို အစစ်အမှန်အင်မော်တယ်အဆင့်မတက်ရသေးလျှင်တောင်မှ ဖန်ဝေက သူ့ကို သတ်မည် ဖြစ်သည်။ မန်ဟို အစစ်အမှန်အင်မော်တယ်အဆင့်မတက်လျှင် ဖန်ဝေ၏ ပြိုင်ဘက်မဟုတ်နိုင်ပေ။ ထိုကဲ့သို့ အဆင့်နိမ့်သော လူတစ်ယောက်ကို သတ်ရခြင်းက သူ၏ ရှုပ်ထွေးနေသောစိတ်ကို ကြည်လင်စေနိုင်လိမ့်မည်။

"မင်း ငါ့ကို စိတ်မပျက်စေရင်ကောင်းမယ်" သူက ၀တ်ပြုကျောင်းခန်းမအား သတ်ဖြတ်လိုသော မျက်လုံးများဖြင့်ကြည့်ရင်း တွေးလိုက်သည်။

ဖန်ဝေနှင့် မန်ဟို မကြာခင် အဆုံးအဖြတ်တိုက်ပွဲအား တိုက်ခိုက်တော့မည့်အချက်က ကျန်မျိုးနွယ်စုဝင်များ၏ အာရုံတော်တော်များများကို ဆွဲဆောင်လိုက်သည်။ အစတုန်းက အတော်များများသည် မန်ဟို့ကို သဘောကျခဲ့သော်လည်း ယခု ဖန်ဝေ အစစ်အမှန်အင်မော်တယ်ဖြစ်လာသည်ကို မြင်သောအခါ တွေဝေကုန်ကြ၏။

"ဖန်ဟို ရှုံးလိမ့်မှာလား"

"ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ဒီလိုရွေးချယ်ခံမျိုးကို တိုက်ခိုက်နိုင်မှာတုန်း"

တိုက်ရိုက်သွေးဆက်များ၏ အမူအရာများမှာ အတော်လေး မသာမယာဖြစ်နေကြ၏။ ဖန်ရွှီသာလျှင် မန်ဟိုနှင့်ပက်သက်၍ ယုံကြည်ချက်ရှိနေသူဖြစ်သည်။ သူက မန်ဟို ဘယ်တော့မှ ရှုံးနိမ့်မည်မဟုတ်ကြောင်း သေချာစွာဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရပ်နေသည်။

ထိုစဉ် မန်ဟိုသည် ဘိုးဘေးမြေထဲရှိ ရှေးဂူသင်္ချိုင်းထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့အား မြူမျှင်များက ၀န်းရံနေသည်။ မြူနဂါးခေါင်းကြီးမှာ ယခုတွင် သူ့ကိုယ်ထဲသို့ စုပ်ယူခံလိုက်ရပြီဖြစ်ပြီး ခန္ဓာကိုယ်က‌တော့ ရှေးဂူသင်္ချိုင်းထဲတွင် ကျန်နေဆဲဖြစ်လေသည်။

မန်ဟို၏ အမူအရာကား ပုံမှန်အတိုင်းသာပင်။ သူကား ထိုနေရာတွင် မလှုပ်အယှက် ရပ်နေသည့်တိုင် သူ့နှလုံသားထဲတွင် လျှပ်စီးမိုးကြိုးများသဖွယ် ထစ်ချုန်းသံများ ပြည့်နှက်နေ၏။ ဧရာမလှိုင်းလုံးကြီးများက သူ့ကိုလွှမ်းမိုးနေစဉ် သူ၏ ဒုတိယအင်မော်တယ်အကြောက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် အစိုင်အခဲဖြစ်လာလေသည်။

ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း။ ကြေးနဂါးကြီး၏ ခန္ဓာကိုယ်တွင် အင်မော်တယ်ချီ မည်မျှများစွာ‌ ပါ၀င်သည်လဲ ပြောရန် မဖြစ်နိုင်ပေ။ ၎င်းခေါင်းကြီးကပင် မန်ဟို၏ ဒုတိယအင်မော်တယ်အကြောကို လေးဆယ်ရာခိုင်နှုန်းပြည့်၀စေရန် လုံလောက်သည် မဟုတ်ပါလော။

မန်ဟို၏ အင်မော်တယ်အကြောများမှာ အခြားသူများနှင့်မတူညီပေ။ ဖန်းတုံးအာ သို့မ

ဟုတ် ဖန်ဝေ၏အကြောများပင်လျှင် သူနှင့် နည်းနည်းလေးမှ နှိုင်းယှဉ်၍မရေပ။

သူ၏ အင်မော်တယ်အကြောသည် အစစ်အမှန်အင်မော်တယ်များကြားက အစစ်အမှန်အင်မော်တယ်တစ်ဦး၏ အကြောများဖြစ်၏။

အကြောတစ်ကြောချင်းစီတိုင်းက နဂါးတစ်ကောင်နှင့် တူလေသည်။

၎င်းတို့ ဖြစ်ပေါ်လာဖို့အတွက် အင်မော်တယ်ချီများအား မယုံကြည်ဖွယ်ရာ အတိုင်းအတာအထိ စုပ်ယူဖို့ လိုအပ်၏။

"ငါဒီနေရာမှာ ပြင်ဆင်လေလေ အပြင်မှာ အစွမ်းပိုပြနိုင်လေလေပဲ" မန်ဟိုက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း မြူနဂါးကြီးအား အရူးအမူးစုပ်ယူလိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး နဂါးကြီးမှာ တအိအိ လှုပ်နေ၏။ မန်ဟို၏ ဒုတိယအင်မော်တယ်အကြောမှာ  ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း နောက်ဆုံး … ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့လေပြီ။

ကြည့်နေသူတစ်ယောက်ယောက်သာ ဤအခြင်းအရာကို မြင်လျှင် အလွန်တရာ ပျာယာခတ်လျက် အံ့အားသင့်သွားမည်ဖြစ်သည်။

မန်ဟိုက အင်မော်တယ်ချီများကို စုပ်ရန် အစွမ်းကုန်ထုတ်ထားသဖြင့် တုန်ရီနေသည်။ သူ၏ ဒုတိယအင်မော်တယ်အကြောသည် ကိုးဆယ်ရာခိုင်နှုန်းသို့ လျင်မြန်စွာ ရောက်ရှိသွားပြီးနောက် … တစ်ရာရာခိုင်နှုန်းပြည့်သွား၏။

ထိုအခိုက်အတန့်တွင် သူ၏ ဒုတိယအင်မော်တယ်အကြောသည် လုံးလုံးလျားလျား အစိုင်အခဲဖြစ်သွားသဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် သူ့ကိုယ်ထဲ၌ အင်မော်တယ်အကြောနှစ်ကြော ရှိသွားလေပြီ။

"ငါ ဆက်သွားလို့ရသေးတယ်" သူက အသက်ပြင်းပြင်းရှုလျက် တွေးလိုက်သည်။ သူ့မှာ ရင်တဒိန်းဒိန်းခုန်စပြုလာ၏။ ဤအခွင့်အရေးမှာ သူကြုံတွေ့ခဲ့ဖူးသမျှထဲ အကြီးကျယ်ဆုံး ကံကြမ္မာကောင်းဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

သူက မျက်လုံးများ ဖွင့်လိုက်ပြီး ၎င်းတို့သည် ထူးဆန်းစွာ တောက်ပနေ၏။ သူ၏ သူငယ်အိမ်များထဲတွင် မီးတစ်စ တောက်လောင်နေသည်။ ထိုမီးစကား အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်လာလိုသော သွေးရူးသွေးတန်းမွတ်သိပ်မှုတစ်ခု ဖြစ်သည်။

"ငါ ဒီထက်ပိုပြီး အစွမ်းထက်လာစေရမယ်" သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် နဂါးကြီး၏ အစိတ်အပိုင်းများကို စုပ်ယူလိုက်သည်။ သူ ၎င်းတို့ကို စုပ်ယူနေသည်နှင့်အမျှ တတိယအင်မော်တယ်အကြောသည် စတင်ဖြစ်ပေါ်လာ၏။

"အခု ငါ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ လ၀က်လောက်ပဲ လိုတော့တယ်။ ငါဘိုးဘေးမြေက ထွက်လာတဲ့အခါ ငါ့နာမည်က သေချာပေါက် န၀မတောင်နဲ့ ပင်လယ်မှာ ဟိုးလေးတကျော်ကျော် ပျံ့နှံ့သွားစေရမယ်

“အဖေ ၊ အမေ ကျွန်တော် ဖန်မျိုးနွယ်စုကို အံ့အားသင့်သွားအောင် လုပ်ပြမယ်။ ကျွန်တော်က န၀မတောင်နဲ့ပင်လယ်တစ်ခုလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာစေရမယ်။ အဖေတို့ ပိတ်မိနေတဲ့ တောင်ကောင်းကင်ဂြိုလ်ကနေ ဂုဏ်ယူရအောင် ကျွန်တော် လုပ်ပါမယ်"

မန်ဟို၏ မျက်လုံးများက သစ္စာရှိမှုနှင့် အစွဲတို့ဖြင့် ပြည့်နှက်နေလျက် ဘရိတ်ဓားများသဖွယ် စူးရှသွားသည်။ ထို့နောက် သူက ၎င်းတို့ကို ပြန်ပိတ်လိုက်၏။

***

All Chapters