← Chapters

ဘိုးဘေးမြေ ပွင့်လာခြင်း

Vol. 69 Ch. 965

ဘိုးဘေးမြေ ပွင့်လာခြင်း

Vol. 69 Ch. 965

အင်မော်တယ်အကြောရှစ်ကြောက ကြီးမားစွမ်းအားတစ်ရပ်အား မန်ဟို့ကို ဖြတ်စီးနေစေသည်။ အင်မော်တယ်ချီတို့က သူ့ကိုယ်ထဲ စီးဆင်းလာပြီး သူက ပြင်းထန်သောဖိအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။ သူ၏မျက်လုံးများသည် ရှေးဂူသင်္ချိုင်းထဲ၌ လင်းထိန်နေသော မီးအိမ်နှစ်လုံးပမာ အင်မော်တယ်အလင်းရောင်ဖြင့် တောက်ပနေ၏။

ယခုတွင် အရာအားလုံးကား သူ့အတွက် ကွဲပြားလာပြီး ကြည်လင်ပြတ်သားလာသည်။ သူသည် အသေးငယ်ဆုံး ဖုန်မှုန့်လေး၏ ဖွဲ့စည်းပုံတစ်ခုလုံးအား မြင်ရသည့်တိုင်အောင် ချဲ့ကြည့်နိုင်လေပြီ။

"ခံစားရတာ ကောင်းလိုက်တာ" သူက ရေရွတ်လိုက်သည်။ အင်မော်တယ်အကြောရှစ်ကြောသညက သူ၏မိုင်ကုန်ပင်။ ပတ်ဝန်းကျင်တွင် အင်မော်တယ်ချီများ မရှိတော့ရာ သူ့အတွက် ထပ်မံအဆင့်တက်ရန် ခက်ခဲစေသည်။

မြူနဂါးတစ်ကောင်လုံးမှာ မန်ဟို၏စုပ်ယူခြင်းခံလိုက်ရလေပြီ။ ရှေးဂူသင်္ချိုင်းကြီးသည် ယခုတွင် ပြောင်ရှင်းပြီး တိတ်ဆိတ်နေ၏။

သူက ဖြေးညင်းစွာ ထရပ်လိုက်ပြီး ကြီးမားသောစွမ်းအားများ စီးဆင်းသွားသဖြင့် တဖျောက်ဖျောက်မြည်သံများ ထွက်လာသည်။

"ငါ ဘိုးဘေးမြေကနေ ထွက်တာနဲ့ ငါ့ အင်မော်တယ်ပြစ်ဒဏ် ပေါ်လာလိမ့်မယ်" သူသည် ကံကြမ္မာကောင်း မည်မျှရရှိခဲ့သည်လဲ စမ်းသပ်ကြည့်လိုက်၏။

ထို့နောက် မန်ဟိုက ခေါင်းမော့၍ ဘေးဘီဝဲယာအား ကြည့်လိုက်သည်။ ဆေးပေါင်းဖိုထဲရှိ မြူများပျောက်ကွယ်သွားခဲ့သည်ကို သူ တွေ့လိုက်ရ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် နိဗ္ဗာနသစ်သီးနှစ်လုံးက လင်းလက်တောက်ပနေလျက် ကျောက်စိမ်းပြားအပေါ်တွင် ရှိနေလေသည်။

၎င်းသည် သလင်းကျောက်ပမာ ကြည်လဲ့နေပြီး နှိုင်းယှဉ်၍မရလောက်အောင် လှပ၏။

သင်းပျံ့မွှေးကြိုင်သောရနံ့တစ်ခုက မဟာတာအိုတစ်ပါးကို သယ်ဆောင်လျက် ပျံ့နှံ့လာသည်။ ကြည့်ရသရွေ့ ဤနိဗ္ဗာနသစ်သီးမှာ အကောင်းအတိုင်းပြန်ဖြစ်သွားသည့်အလားပင်။

မန်ဟိုက ဆေးပေါင်းဖိုအနားသို့ လျှောက်သွားပြီး မျက်လုံးများ တလက်လက် တောက်ပနေလျက် နိဗ္ဗာနသစ်သီးကို ကြည့်လိုက်သည်။ တခဏကြာသော် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်လာ၏။ သူက သစ်သီးအား အလျင်အမြန် လှမ်းကောက်၍ အနီးကပ်ကြည့်လိုက်သည်။

"နိဗ္ဗာနသစ်သီး... ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နိဗ္ဗာနသစ်သီး" မန်ဟိုသည် နိဗ္ဗာနသစ်သီးကို ကြည့်ပြီး ဤအခိုက်အတန့်တွင် သူ၌ ရွေးချယ်စရာနှစ်ခုသာ ရှိကြောင်း သဘောပေါက်လိုက်သည်။

"ငါ နိဗ္ဗာနသစ်သီးအတွက် စောင့်နေခဲ့ရတာ ကြာပြီ။ ကဲ ဘာတွေ တုံ့ဆိုင်းနေဦးမှာလဲ" သူက တစ်ယောက်တည်း ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ နောက်ဆုံးတော့ သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးဘက်လှည့်၍ လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်၏။ ထို့နောက် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ စိတ်ပိုင်းဖြတ်လိုက်သည်။ ယခုအချိန်ကား တုံ့ဆိုင်းနေရမည့်အချိန်မဟုတ်ပေ။

နိဗ္ဗာနသစ်သီးက ခုနစ်ရောင်ခြယ်အရည်ကို အပြည့်အဝ စုပ်ယူခဲ့ပြီးသည့်အတွက် မန်ဟိုက နည်းနည်းလေးမှ စနိုးစနောင့်ဖြစ်မနေပေ။ သူက သစ်သီးကို မြှောက်၍ သူ့နဖူးအပေါ် ဖိချလိုက်သည်။

စားဖို့ အချိန်ကျချေပြီ။

နိဗ္ဗာနသစ်သီးများအား အခြားသစ်သီးများသဖွယ် မစားရပေ။ ၎င်းတို့ကို ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်စုပ်ယူရသည်။

၎င်း မန်ဟို၏နဖူးကို ထိသည်နှင့် သူ့ခန္ဓာကိုယ်တွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားပြီး သူ့မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ ၎င်းက သူ့နဖူးနှင့် လျင်မြန်စွာ တစ်သားတည်းဖြစ်ပြီးနောက် အစအနမကျန် ပျောက်ကွယ်သွား၏။ သူ့မှာ ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။

ကြီးမားသောစွမ်းအားကြီးက သူ့တစ်ကိုယ်လုံးတွင် အပြည့်အနှက် နေရာယူရင်း ပေါက်ကွဲသွားကာ စီးဆင်းလည်ပတ်သွား၏။ ၎င်းသည် မန်ဟို့ကိုယ်ထဲရှိ သူပင်မသိသော ပိတ်ဆို့နေသည့်နေရာများကို ရှာတွေ့သွားပြီး ပွင့်ထွက်သွားစေသည်။

သူ၏ဒွါရပေါက်များမှ သွေးများ စီးကျလာပြီး သူ့မှာ တုန်ရီနေသည်။ သူ့ကိုယ်ပေါ်ရှိ မွေးညင်းပေါက်အားလုံး ပွင့်၍ ကျယ်လာ၏။

ပြင်းထန်သောနာကျင်မှုက သူ့ခြေလက်အင်္ဂါများအား နှိပ်စက်နေသည့်တိုင် သူ၏မျက်လုံးများက စူးရှ‌တောက်ပနေသည်။

သူသည် အန္တရာယ်အာရုံကို မခံစားရဘဲ သူ့ကို ယခင်ထက်ပို၍ အစွမ်းထက်လာစေရင်း သူ့ကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအားကိုသာ ခံစားလိုက်ရ၏။

သူ့ဓမ္မဆင်းတုသည် သူ့အနောက်တွင် ပေါ်လာပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဒုတိယဓမ္မဆင်းတုလည်း ပေါ်လာခဲ့လေပြီ။

၎င်းသည် မန်ဟို၏ဓမ္မဆင်းတုနှင့် ကွဲပြားပုံ‌ပေါ်သော်လည်း ခပ်ဆင်ဆင်တူ၏။ ဤဓမ္မဆင်းတုမှာ အမှန်တွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏အပိုင်ပင်။

ပို၍ပင်အားကောင်းသော စွမ်းအားတို့က မန်ဟို၏ခန္ဓာကိုယ် ဖြတ်စီးသွားပြီး သူ့မှာ ချွေးဖြိုက်ဖြိုက် ကျလာသည်။ သို့သော် သူ၏မျက်လုံးများက တောက်ပနေ၏။

"ဆိုတော့ နိဗ္ဗာနသစ်သီးတွေ သုံးရတာ ဒီလိုခံစားချက်ကိုး

"ငါ ဒုတိယဓမ္မဆင်းတုကို ဖော်ဆောင်နိုင်ပြီး ငါ့ကျင့်ကြံခြင်းအခြေခံက ပိုလိုတောင် စွမ်းအားကြီးမားသွားတယ်။ ဒါတောင် ... ဓမ္မဆင်းတုနောက်တစ်ခုအပြင် ပိုပြီးအရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ချက် ရှိသေးတယ်.... အဲ့ဒါက ငါ့အင်မော်တယ်အကြောတွေရဲ့ စွမ်းအား တိုးတက်သွားစေတာပဲ"

"အခု ငါ့မှာ အင်မော်တယ်အကြော ရှစ်ကြောရှိတယ်။ နိဗ္ဗာနသစ်သီးကို စုပ်ယူပြီးတဲ့နောက် အင်မော်တယ်အကြော (၁၆) ကြော စွမ်းအားကို အသုံးပြုနိုင်ပြီ

"အဲ့ဒါက နိဗ္ဗာနသစ်သီးရဲ့ ရည်ရွည်ချက်အစစ်အမှန်ပဲ" သွေးကြောများ မန်ဟို၏နဖူးပေါ်တွင် ထောင်မတ်လာသည်။ သူ့တွင် ‌အင်မော်တယ်အကြောရှစ်ကြောသာ ရှိသေးသော်လည်း နှစ်ဆစွမ်းအားကို အသုံးပြုနိုင်၏။

"ဖန်ဝေ အဲဒီစွမ်းအားကို အရင်က ထုတ်မသုံးခဲ့တာ အစစ်အမှန်အင်မော်တယ်အဆင့်ရောက်မှ လုပ်နိုင်တာကြောင့်မလို့နဲ့တူတယ်

"ငါ အကြောတစ်ရာဖွင့်ပြီး ဒီနိဗ္ဗာနသစ်သီးကိုလည်း ပိုင်ဆိုင်ထားရင် အင်မော်တယ်အကြောနှစ်ရာစွမ်းအားကို ရရှိလိမ့်မယ်

"မဟုတ်ရင် ဖန်မျိုးနွယ်စုဟာ အထူသဖြင့် နိဗ္ဗာနသစ်သီးတွေ ပေါ်မလာတဲ့ အတောအတွင်း မျိုးနွယ်စုကြီးလေးစုထဲက တစ်‌စုနေရာကို ထိန်းထားနိုင်မှာမဟုတ်ဘူး"

သူ၏စွမ်းအားများ ဆက်လက်၍ များပြားလာနေစဉ် မန်ဟိုမှာ တုန်ရီသွားသည်။ သို့သော် သူသည် ဤပေါင်းစည်းနေသော အခြေအနေတွင် အကြာကြီးနေ၍မရကြောင်း သဘောပေါက်လိုက်၏။ သူက အားတင်း၍ ခေါင်းထောင်ပြီးနောက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား လှည့်ပတ်နေသော အလင်းစက်လုံးထံသို့ ညာလက်အား လှမ်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူ လှမ်းဖမ်းလိုက်သည်နှင့် အလင်းစက်လုံးသည် တုန်ခါလာ၏။ တဝီဝီမြည်သံကို ကြားရပြီး အလင်းရောင်များစွာက အရပ်လေးမျက်နှာသို့ ဖြာထွက်လာသည်။ တခဏကြာ တုံ့ဆိုင်းနေပုံပေါ်ပြီးနောက် ၎င်းက အလင်းတန်းတစ်တန်းပုံစံဖြင့် မန်ဟို့ထံ ပြေးဝင်ကာ မန်ဟို၏ လက်ဝါးအပေါ် ကျလာသော ကြယ်ကျောက်ခဲအသွင်ပြောင်းသွားသည်။

၎င်းသည် ကြယ်အလင်းရောင်တို့ဖြင့် လင်းလက်လျက် အဆုံးစွန်ထိ လှပနေ၏။

မန်ဟိုက ကြယ်ကျောက်ခဲကို တခဏကြည့်ပြီးနောက် မျက်လုံးများပိတ်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြယ်ကျောက်ခဲမှ လှိုင်းများ ထွက်လာပြီး မန်ဟို့စိတ်ထဲ စီးဝင်ကာ အပိုဒ်များစွာ ပါရှိသော ဂါထာဆောင်ပုဒ်ဖြစ်လာသည်။

ထိုဂါထာဆောင်ပုဒ်ကား ... အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းမှတစ်ပါး အခြားမဟုတ်ပေ။

"ဘယ်သူမှ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းကို မရယူနိုင်ခဲ့တာ အံ့ဩစရာမရှိဘူး။ အဲ့ဒါက ဒီရှေးဂူသင်္ချိုင်းကြီးနဲ့ ဆက်စပ်နေတဲ့အပြင် အရေးအကြီးဆုံးအနေနဲ့ ... တစ်ကြိမ်မှာ တစ်ယောက်ပဲ ဉာဏ်အလင်းရနိုင်တယ်။ အမွေအနှစ်ကို လက်ဆင့်ကမ်းလိုက်တာနဲ့ ပထမတစ်ယောက် မသေမချင်း ဘယ်သူမှ ထပ်လေ့လာလို့မရတော့ဘူ

"ဘာကြောင့်လဲဆိုတော့ အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းက တာအိုမှော်ကျင့်စဉ်ဟုတ်သလို၊ တာအိုမှော်ကျင့်စဉ်မဟုတ်တာကြောင့်

"မှော်ပစ္စည်းတစ်ခုဟုတ်သလို၊ မှော်ပစ္စည်းတစ်ခု မဟုတ်တာကြောင့်

"ဒါက ပေါင်းစည်းပြီးတဲ့နောက်မှ အနိုင်ယူမရတဲ့စိတ်ဆန္ဒနဲ့ ယာယီ ပေါက်ကွဲသွားနိုင်တဲ့ မှော်ပစ္စည်းတစ်ခုပဲ" ဉာဏ်အလင်းရပြီးနောက် မန်ဟိုသည် ကြယ်ကျောက်ခဲကို ထပ်ဖြစ်လိုက်ရာ ၎င်းအား အနက်ရောင်အရည်များအဖြစ် အရည်ပျော်ကာ သူ့လက်ကို ဖုံးလွှမ်းသွားစေသည်။ ထို့နောက် ၎င်းသည် သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံပြီးနောက် သူ့ကိုယ်ထဲ ဝင်ရောက်လာ၏။ အချိန်အနည်းငယ်ကြာသော် အံ့ဩဖွယ်ကောင်းစွာနှင့် ကြယ်အလင်းအစက်အပြောက်များက သူ၏ဘယ်မျက်လုံးတွင် ပေါ်လာလေသည်။

ကြယ်အလင်းအစက်အပြောက်များမှာ ထူးဆန်းပြီး ၎င်းတို့ လင်းလက်နေစဉ် သူ၏ဘယ်မျက်လုံးမှာ ကြယ်တာရာကောင်းကင်ဖြစ်သွားသည့်အလားပင်။ သူ ကြည့်နေစဉ် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များ ဖြာထွက်လာပြီး သူနှင့်အကြည့်ချင်းဆုံသွားသော မည်သူမဆို သေချာပေါက် ကြောက်ဒူးတုန်သွားရပေမည်။

ကြယ်ကျောက်ခဲကို စုပ်ယူပြီးနောက် မန်ဟို့ခန္ဓာကိုယ်မှာ တုန်ရီသွားပြန်ပြီး သူ၏မျက်လုံးများ ပြူးကျယ်လာသည်။ ပို၍များပြားသော သွေးကြောများ သူ့နဖူးတွင် ထောင်လာပြီး သူကား ပေါက်ကွဲတော့မည့်အလားပင်။ သူ့ထံမှ တဂျိန်းဂျိန်းထစ်ချုန်းသံများ ထွက်လာပြီး သူ စုပ်ယူခဲ့သော နိဗ္ဗာနသစ်သီးမှာ ကြာကြာမနေနိုင်သည့်အလား သူ့နဖူးပေါ်တွင် တစတစ ပေါ်လာသည်။

သို့သော် ထိုအခိုက်အတန့်တွင် နိဗ္ဗာနသစ်သီးမှ တာအိုအရိပ်အယောင်များကို ထုတ်လွှတ်နေကြောင်း မန်ဟို မြင်လိုက်ရ၏။

ဤတာအိုအမျိုးအစားတွင် အနန္တကြယ်တာရာကောင်းကင်နှင့် မြောက်များစွာသော မှော်သိုင်းများ၊ နတ်ဘုရားစွမ်းရည်များ ပါရှိနေသယောင်ပင်။ အမှန်တွင် အတွေးများပင်လျှင် မန်ဟို့အပိုင် မဟုတ်သည့်အလားပင်။ ၎င်းတို့က ... တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်များအလား၊ အတိတ်တုန်းက တည်ရှိခဲ့သူတစ်ယောက်၏ အကြွင်းအကျန်များအလား...

ရှေးကျသည်၊ များစွာအိုမင်းနေသည်။

မန်ဟို့စိတ်ထဲတွင် အဖြူရောင်ဆံပင်ရှည်ရှည်များ ပျံလွင့်လျက်ရှိသော သက်လတ်ပိုင်းလူတစ်ယောက်ပေါ်လာသည်။ မန်ဟို့ကို ကြောက်ရွံ့သွားစေပြီး ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်နေသောအရှိန်အဝါကိုယ်စီကို ထုတ်လွှတ်နေသော နိဗ္ဗာနသစ်သီးလေးလုံးက သူ့ကို ဝန်းရံထား၏။ တစ်လုံးချင်းစီက မိုး‌နှင့်မြေကို နှစ်ခြမ်းခြမ်းနိုင်အောင်၊ ကြယ်တာရာများအား ပြိုကွဲသွားစေနိုင်အောင် အစွမ်းထက်သည်။

ဤလူကား ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏မျက်လုံးများသည် ဥပါဒန်အစွဲဖြင့် တောက်ပလျက်ရှိရ၏။ သူက ကြယ်အလင်းရောင်တို့ဖြင့် ကွန့်မြူးတောက်ပနေပြီး လောလောဆယ်တွင် မည်သူမျှ မကျော်လွှားနိုင်သောအမြင့်တစ်ခုသို့ တက်နေသည်။

မန်ဟိုမှာ သည့်ထက်ပို၍ မြင်ချင်သော်လည်း ထပ်မံတောင့်မခံနိုင်တော့ပေ။ နိဗ္ဗာနသစ်သီးက သူ့နဖူးထဲမှ အလိုအလျောက်ပျံထွက်သွားသဖြင့် သူ့မျက်နှာမှာ‌ ဖြူဆုပ်သွားတော့သည်။ ၎င်း သူ့လက်ဝါးထက် သက်ဆင်းလိုက်စဉ် သွေးများက သူ့နှုတ်ခမ်းမှ စီးကျလာပြီး သူသည် တရားထိုင်ရန် တင်ပျဉ်ခွေထိုင်ချလိုက်၏။ အားပြန်ဖြည့်ပြီး သူ၏မျက်လုံးများမှာ ပြန်ပွင့်လာပြီး သူကား စွမ်းအားအထွတ်အထိပ်သို့ ပြန်ရောက်ရှိသွားလေပြီ။

သူသည် အသက်ပြင်းပြင်းရှူသွင်း၍ စိတ်နှလုံးကို တည်ငြိမ်စေလိုက်ကာ အချိန်ကို တွက်ကြည့်၏။

"အသက်အရှိုက်သုံးဆယ်

"ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နိဗ္ဗာနသစ်သီးတွေက ငါ့အပိုင်မဟုတ်တာနဲ့၊ ငါ့ကျင့်ကြံအဆင့်ကို ထည့်တွက်ရင် ငါ အသက်အရှိုက်သုံးဆယ်ထိပဲ အဲဒါနဲ့ ပေါင်းစည်းနိုင်တယ်။ သူတို့က ငါ့အပိုင် နိဗ္ဗာနသစ်သီးတွေဆိုလို့ကတော့ ... ထာဝရပေါင်းစည်းနိုင်လိမ့်မယ်" မန်ဟို၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပသွားသည်။

"ပထမမျိုးဆက်ခေါင်းဆောင်ကြီး သွားနေတာ ဘယ်နေရာလဲ မသိဘူး။ ငါ မှတ်ဉာဏ်တစ်ခုကို မြင်နေတာဖြစ်မယ်။ နိဗ္ဗာနသစ်သီးထဲမှာ တည်ရှိတဲ့ မှတ်ဉာဏ်

"ကြည့်ရတာ ... နိဗ္ဗာနသစ်သီးတွေမှာ အသုံးဝင်တဲ့နေရာတွေ ရှိလောက်သေးတယ်" သူသည် အမြင်အာရုံကို ပြန်တွေးကြည့်သောအခါ ပထမမျိုးဆက်ခေါင်းဆောင်ကြီးမှာ နိဗ္ဗာနသစ်သီးလေးလုံးဖြင့် ဝန်းရံခံထားရပြီး တစ်လုံးစီက မိုးကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"ဖန်ဝေ...." မန်ဟိုက တဒင်္ဂ တွေးပြီးသော် ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများမှာ ရက်စက်စွာ တောက်ပသွားတော့သည်။ နောက်ဆုံးတော့ သူသည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား လှည့်၍ ခါးကိုင်းအရိုအသေပေးပြီးနောက် ညာလက်ကို ဝှေ့ယမ်းရင်း ရှေးဂူသင်္ချိုင်းကြီး၏တံခါးက ပွင့်သွားစေကာ အပြင်သို့ လျှောက်ထွက်လာ၏။

"ဒီက ထွက်ဖို့ အချိန်ကျပြီ"

မြူလွှမ်းကောင်းကင်အမိုးခုံးထဲတွင် သူက ကြေးမီးအိမ်အား ထုတ်လိုက်သည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ မြူများ တုန်ခါပြီးနောက် ဆုတ်သွားကြသည်။ ထပ်မံ၍ သူ့အရှေ့တွင် လမ်းတစ်လမ်းပွင့်လာလေသည်။

သူက ဝင်လာတုန်းကထက် အဆများစွာ ပိုမြန်မြန် လျှောက်လာရာ နာရီပိုင်းလေးအတွင်း မြူလွှမ်းကောင်းကင်အမိုးခုံးမှ ပျံထွက်လာလေသည်။ သူ ထိုသို့ထွက်လာစဉ် ဖန်တောက်ဟုန်ကိုသော်လည်းကောင်း၊ ဖန်လင်းဟဲ့ကိုသော်လည်းကောင်း မတွေ့ရတော့ပေ။

"ထွက်ပေါ် ပွင့်လာပြီကိုး" သူက ထွက်ပေါ်ပွင့်နေခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မသေချာရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ သိသိသာသာပင် ဖန်တောက်ဟုန်နှင့် ကျန်ရှိသူအားလုံး ထွက်သွားကြပြီဖြစ်၏။

ကျောက်စစ်သည်တော်ကြီးသာလျှင် မန်ဟို့ကို စောင့်စားရင်း ကျန်ခဲ့သည်။ သူ ထွက်လာလာချင်း ၎င်း၏မျက်လုံးများက တောက်ပလာသည်။ မန်ဟိုက ၎င်းနှင့် မခွဲချင်သော မျက်လုံးများဖြင့် ၎င်းကို ကြည့်သည်။

အစကတည်းက သူသည် သဲလွန်စများအတိုင်း ဆက်စပ်စဉ်းစားရင်း သေချာသောအရာတစ်ခုကို သုံးသပ်နိုင်ခဲ့သည်။ ယခုတွင် သူ၏ တိုးတက်လာသော ကျင့်ကြံခြင်းအခြေခံဖြင့် ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။

ကျောက်စစ်သည်တော်ကြီး မန်ဟို့ကို စောင့်နေခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်း ပြောင်းလဲမှုတချို့ ဖြစ်ခဲ့သည်။ ၎င်းမှာ ဤဘိုးဘေးမြေနှင့် သဟဇာတဖြစ်သွားခဲ့သည့်အတွက် ဤနေရာတွင် အထွတ်အထိပ်စွမ်းအားဖြင့် ထာဝရနေနိုင်ပေမည်။

သို့သော် အပြင်လောကနှင့် ကြာမြင့်စွာ အဆက်ပြတ်နေပြီးနောက် ထွက်လာလျှင် ပျက်စီးဆွေးမြည့်လာပြီး အချိန်တိုလေးအတွင်း နှစ်သောင်းပေါင်းများစွာ အိုမင်းသွားမည်ဖြစ်၏။

"တစ်ခုတည်းသောနည်းလမ်းက ငါ့မှာ အင်မော်တယ်အပျက်အစီးများနယ် အစိတ်အပိုင်းတစ်ခု ရှိမှပဲ ဖြစ်လိမ့်မယ်။ အဲ့ဒါဆို ရေရှည် ခေါ်သွားလို့ရပြီ" မန်ဟိုက ကျောက်စစ်သည်တော်ကြီးအပေါ် တက်ထိုင်လိုက်ပြီး ၎င်းက ဧရာမအရွယ်အစားကြီးအသွင်ပြန်ပြောင်းကာ ထွက်ပေါက်ထံသို့ အမြန်ဆုံး ဦးတည်သွားလေသည်။

ထွက်ပေါက်နှင့်နီးလေလေ၊ ‌ပျောက်ကွယ်နေသောလက္ခဏာများက အားကောင်းလာ‌လေလေပင်။ မန်ဟိုက သက်ပြင်းချပြီး ဖြစ်ပျက်နေသောအရာကို အတည်ပြုပြီးနောက် မခွဲခွာချင်သော်လည်း ၎င်း ထိခိုက်မည်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။

သူသည် ၎င်းကို တွေ့ခဲ့သော ‌တောင်ပြိုတောင်ပျက်များဘေး၌ ထွက်သွားရန် ဆုံးဖြတ်လိုက်၏။ သူက နူးညံ့ညင်သာသောအသံဖြင့် ပြောသည်။ "သွား ရုပ်တုကြီးအသွင် ပြန်ပြောင်းလိုက်တော့။ တစ်နေ့ကျ မင်းကို ပြန်လာခေါ်မယ် ငါ ကတိပေးပါတယ်။ ဘိုးဘေးမြေက ထွက်တာနဲ့ ငါတို့ရဲ့ ဆက်သွယ်မှု ပြတ်တောက်သွားမှာ ဆိုးလွန်းတယ်"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရုပ်တုကြီး၏မျက်လုံးများ လင်းလက်သွားသည်။ ၎င်းက ၎င်း၏ဧရာမဓားကြီးကို မြှောက်၍ ‌လွှဲရမ်းလိုက်ရာ အက်ကွဲကြောင်းကြီးတစ်ကြောင်းက မိုးကောင်းကင်ကို နှစ်ခြမ်းခြမ်းနေသည့်အလား ပွင့်လာ၏။

မန်ဟို့မျက်လုံးများ တောက်ပသွားသည်။

"မင်း ထွက်ချင်တဲ့ ဘယ်အချိန်မဆို ဒီနေရာနေ ခုန်ထွက်နိုင်တယ်ပေါ့လေ" မန်ဟိုက မေးသည်။ "တစ်နည်းပြောရရင် မင်းသွားချင်တဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ်ပေါ့ ဟုတ်လား"

ကျောက်စစ်သည်တော်ကြီးက ခေါင်းညိတ်လိုက်သော်လည်း ခေါင်းခါလိုက်သည်။ နောက်ဆုံးတွင် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်း၍ ပထမဆုံးအကြိမ် အသံဩသြကြီးဖြင့် ပြောသည်။

"ဖန်မျိုးနွယ်စု ... ဘိုးဘေးမြေ ... ကီလိုမီတာငါးရာ ... ငါ မင်းကို စောင့်ရှောက်မယ်

မန်ဟိုမှာ အသံကို ကြားသည်နှင့်တစ်ပြိုင်နက် နှလုံးသားတစ်ခုလုံး ဖြစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ၎င်းသည် သူ ဘယ်တော့မှ မေ့မည်မဟုတ်သည့် အသံ ... ခဲယွင်ဟိုင်၏အသံပင်။

"မွေးစားဖေဖေ..." ထိုအခိုက်အတန့်တွင် ခဲယွင်ဟိုင်သည် ကျောက်စစ်သည်တော်ကြီးအား ဖန်တီးရန် ဖီးနစ်မီးစာနှင့် နဂါးမီးအိမ်မှ သူ၏အသက်စွမ်းအားတချို့ကိုသာ အသုံးပြုခဲ့ခြင်းမဟုတ်ကြောင်း မန်ဟို နားလည်လိုက်၏။ သူက သူ့ဝိညာဉ်မျှင်တစ်မျှင်ကိုလည်း အသုံးပြုခဲ့လေသည်။

အကြာကြီးကြာသော် မန်ဟိုက ကျောက်စစ်သည်တော်ကြီးကို နောက်ဆုံးတစ်ခေါက် ကြည့်၍ ထွက်ပေါက်ထဲ လှည့်ဝင်သွားသည်။ အမှတ်တရများအား သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးထဲတွင် သိမ်းပြီးနောက် သူ့တစ်ကိုယ်လုံးမှ ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်လာသည်။ သူသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားသဖွယ် အေးစက်စွာ တောက်ပလာ၏။

"ဖန်ဝေ ငါတို့နှစ်ယောက်ကြား ကိစ္စရှင်းဖို့ အချိန်ကျပြီ"

***

All Chapters