← Chapters

မီတာသုံးသောင်းအမြင့် ဓမ္မဆင်းတု

Vol. 70 Ch. 969

မီတာသုံးသောင်းအမြင့် ဓမ္မဆင်းတု

Vol. 70 Ch. 969

ပြစ်ဒဏ်တိမ်တိုက်များသည် ဧရာမကြီးမားပြီး အင်မော်တယ်နယ်ပယ်ရှိ ဘယ်သူမဆိုအတွက် ၎င်းတို့ထုတ်လွှတ်နေသောဖိအားမှာ စဉ်းစားကြည့်ရန်ပင် မတတ်နိုင်ပေ။ သို့သော် မန်ဟို့တွင် ပုံမှန်အင်မော်တယ်အကြောများနှင့် နှိုင်းယှဉ်၍ပင်မရသော အင်မော်တယ်အကြောရှစ်ကြောအား ဖော်ဆောင်ထားပြီးဖြစ်၏။

ထို့အပြင် သူ့တွင် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ် ရှိလေသည်။

ဤအင်မော်တယ်ပြစ်ဒဏ်အတွက် သူ၏ ပြင်ဆင်မှုများမှာ ကြားပင်မကြားဖူးခဲ့၍ သူ့အား ၎င်းကို ရင်ဆိုင်ရန် အရည်အချင်းပြည့်မှီသွားစေသည်။

သူ၏ ထာ၀ရအလွှာကိုပါ ထည့်ပေါင်းလိုက်လျှင် ကျဆင်းလာနေသော ဧရာမလက်ဝါးကြီးကို ကြည့်လိုက်သောအခါ ရူးမိုက်မိုက်အတွေးတစ်ချက်က သူ့စိတ်ထဲတွင် ရုတ်တရက် ဖြစ်တည်လာ၏။

အင်မော်တယ်ပြစ်ဒဏ်သည် ကျင့်ကြံသူတစ်ယောက် ပြစ်ဒဏ်မိုးကြိုးအား အသည်းအသန်ရှောင်လွှားခြင်း သို့မဟုတ် ကမန်းကတန်းကျော်ဖြတ်ခြင်းဖြင့် အင်တိုက်အားတိုက် ကျော်လွှားပြီးနောက် မိုးကြိုးများပစ်ချနေသည့်အလယ်တွင် အင်မော်တယ်တံခါးကို တွန်းဖွင့်ရသော အခြေအနေတစ်ရပ်ဖြစ်သည်။

လူတိုင်းသည် ထိုနည်းလမ်းများကို အသုံးပြုခဲ့၏။ ဆေးလုံးမိစ္ဆာ၊ ဖန်းတုံးအာနှင့် ဖန်ဝေတို့လည်း ထိုနည်းတူ ပြုလုပ်ခဲ့ကြပြီး မကြာသေးမီက အစစ်အမှန်အင်မော်တယ်အဖြစ်သို့ ရောက်ရှိသွားခဲ့သော ရွေးချယ်ခံအားလုံးလည်း ထိုနည်းတူပင်။

အင်မော်တယ်တံခါးကို ဖွင့်ပြီးလျှင်ချင်း အင်မော်တယ်အလင်းရောင်များ ဖြာထွက်လာပြီး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ လွင့်ပြယ်ပျောက်ကွယ်သွားမည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် အတွေးတစ်ချက်ရလိုက်သဖြင့် ရူးမိုက်သော အရိပ်အယောင်တစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ ခက်ခက်ထန်ထန်အရှိန်အဝါတစ်ခုက လွှမ်းမိုးကြီးစိုးသော အငွေ့အသက်အသွင်ပြောင်းရင်း ထွက်ပေါ်လာစဉ် သူက ဧရာမလက်ကြီးကို ကြည့်ပြီးနောက် ထိုးချလိုက်သည်။

"ငါ အစစ်အမှန်အင်မော်တယ်လမ်းကို လျှောက်မယ်။ ကောင်းကင်က အသိအမှတ်ပြုရင် အသိအမှတ်ပြုတယ်ပေါ့။ အသိအမှတ်မပြုရင်တော့ ဆိုးလွန်းတာပဲ။ ဒါက ငါ့ရဲ့ အင်မော်တယ်ဖြစ်မယ့် လမ်းစဉ်။ ဒါ့ကြောင့် ငါဟာ သူမတူတဲ့နည်းလမ်းတွေနဲ့ ဒါကို ကျော်လွှားသင့်တယ်

"ငါ့အတွက် ဒါက အင်မော်တယ်ဖြစ်မလား သေမလားပဲ" သူက ခေါင်းနောက်လန်၍ အကျယ်ကြီး ဟိန်းဟောက်ကြိမ်းဝါးလိုက်ပြီးနောက် ဧရာမလက်ကြီးထံသို့ ကြယ်တံခွန်ကြီးသဖွယ် ပြေး၀င်သွားသည်။ ၀င်တိုက်လိုက်သောအခါ တဂျိန်းဂျိန်း ထစ်ချုန်းသံများ အရပ်လေးမျက်နှာတခွင် ပဲ့တင်ထပ်သွား၏။ လေထုသည် ကြေမွသွားပြီး ဧရာမလက်ကြီး ပြိုကွဲသွားသည်။ သွေးများက မန်ဟို့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ဆံပင်များမှာ ဖွာလန်ကြဲသွားသည်။ သို့သော်လည်း သူ့ထာ၀ရအလွှာက တရိပ်ရိပ် လှုပ်ရှားလာပြီးနောက် သွေးရောင်အလင်းက သူ့ကို ၀န်းရံရစ်သိုင်းကာ ဧရာမသွေးမိစ္ဆာခေါင်းကြီးအသွင် လျင်မြန်စွာ ပြောင်းသွားသည်။

၎င်းကား ပြိုးပြိုးပျက်ပျက်လက်လျက် ခေါင်းထက်ရှိ အဆုံးမဲ့မိုးကြိုးတိမ်တိုက်များဆီသို့ ပြေး၀င်သွားသည်။ မန်ဟိုက သွေးမိစ္ဆာခေါင်းကြီးအသွင်ဖြင့် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များအား ၀င်တိုက်လိုက်ကာ တဂျန်းဂျိန်း၊ တဘုန်းဘုန်း ပေါက်ကွဲသံများအား အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားစေသည်။ ထပ်မံ၍ ဧရာအအက်ကွဲကြောင်းကြီးတစ်ခု ကွဲထွက်လာ၏။

သို့သော်လည်း ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များက တပွက်ပွက်ဆူသွားပြီး လျင်မြန်စွာ ပြန်စုစည်းသွားကြ၏။ သို့ထိတိုင် ဤပြိုကွဲလိုက်၊ ပြန်စုလိုက် သံသရာလည်နေမှု၏ ရလဒ်က ကောင်းကင်ထက်တွင် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ပမာဏအား လျော့ကျသွာစေသည်။

ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များသည် အဆုံးမမဲ့သလို အကန့်အသတ်မရှိခြင်း မဟုတ်ပေ။မန်ဟို ၎င်းတို့ကို ဖျက်ဆီးနေသည်အမျှ ၎င်းတို့၏ အရေအတွက်သည် လျော့ကျလာ၏။ ကြည့်ရသရွေ့ တစ်ယောက်ယောက် ၎င်းတို့ကို အဆက်မပြတ်တိုက်ခိုက်လျှင် ကြောက်ခမန်းလိလိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ နောက်ဆုံးတွင် အရှင်းပျောက်ကွယ်သွားရမည့်အလားပင်။

ထိုကဲ့သို့အရာမျိုးကား နှစ်ပေါင်းများစွာတစ်လျှောက်လုံး တစ်ခါမှ ဖြစ်ပွားခဲ့ဖူးပေ။

သို့သော်လည်း မဖြစ်ပွားနိုင်ဟု မဆိုလို။

မန်ဟိုက ဤသို့တွေးနေသည်။ ပြစ်ဒဏ်မိုးကြိုး သူ့လမ်းကို ပိတ်လိုလျှင် သူ ၎င်းတို့ကို ဘာမျှမရှိတော့သည်အထိ ဖြိုခွဲပစ်မည်။ အရှင်းဖျက်ဆီးပစ်မည်။

ယင်းက လွှမ်းမိုးကြီးစိုးခြင်းဖြစ်သည်။

ယင်းကမှ ကျော်လွှားခြင်းဖြစ်သည်။ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ ၀င်ရောက်သောအခါ တစ်ခုတည်းသော ရွေးချယ်စရာက အုတ်အော်သောင်းနင်း ဖြစ်စေရန်ပင်။

သွေးမိစ္ဆာခေါင်းကြီး ပြိုကွဲသွားပြီးနောက် မန်ဟိုက တဘုန်းဘုန်း ထစ်ချုန်းနေသော လျှပ်စီးမိုးကြိုးများ ခြံရံလျက် လေလယ်တွင် ပျံ၀ဲနေသည်။ မိုးကြိုးတန်းတစ်တန်းစီက သူ့ကို တုန်ခါနေစေသည့်တိုင် သူ၏ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်က ကြံ့ကြံ့ခံထား၏။ သူ၏ ထာ၀ရအလွှာက သူ့ကို အဆက်မပြတ် ကုစာပေးနေပြီး သူ၏ မျက်လုံးများမှာ အစွဲဥပါဒါန်တို့ဖြင့် တောက်ပနေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် တဖွေးဖွေး လှုပ်နေပြီး သူ၏ ဓမ္မဆင်းတုက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို တရစပ် ထိုးနေ၏။

တစ်ချက်၊ နောက်တစ်ချက်၊ နောက်တစ်ချက်။

အရောင်အဝါများ ကောင်းကင်တွင် ပြိုးပြိုးပျက်ပျက်လက်သွားပြီး မန်ဟို့ပတ်ပတ်လည်ရှိ မိုးကြိုးတန်းများမှာ အဆုံးမရှိတော့သည့်အလား ထင်ရသည်။ အချိန်နှင့်အမျှ သူ့ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူ့မှာ ပြင်းထန်စွာ ရိုက်ခတ်ခံနေရ၏။ သို့သော် သူက တခဏလေးပင် တုံ့ဆိုင်းမနေဘဲ ပျံတက်၍ ထပ်မံတိုက်ခိုက်ပြန်သည်။

တိမ်တိုက်များမှာ ဆူပွက်နေပြီး တဆက်တည်းမှာပင် သိသိသာသာ ကျုံ့လာ၏။

ထိုမြင်ကွင်းက မျိုးနွယ်၀င်များကို ဆွံ့အသွားစေသည်။

စောင့်ကြည့်နေသော အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ လူတိုင်းမှာလည်း ကြောက်ခမန်းလိလိမြင်ကွင်းကြောင့် ပင့်သက်မရှိုက်မိဘဲ မနေကြချေ။

ဖန်ဝေက တအံ့တဩ စိုက်ကြည့်နေပြီး သူ့မျက်၀န်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ကြောက်မက်ဖွယ်ရာ အတိုင်းအတာအထိ ကြီးးထွားလာခဲ့၏။

"သူက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ" သူက တွေးသည်။

ဖန်ရှုံ့ရှန်းမှာ သူမြင်နေရသောအရာကို မယုံရဲသဖြင့် အသက်ပြင်းပြင်းရှုသွင်းရင်း ကြက်သေသေနေသည်။

မန်ဟို့ကို စောင့်ကြည့်နေသော မဟာအကြီးအကဲ၏ မျက်လုံးများမှာတော့ ပြူးကျယ်နေ၏။ သူ့မှာ မန်ဟို့အဘိုးကို ကြည့်နေသည့်အလား သို့မဟုတ် မန်ဟို့အဖေ၊ ဖန်ရှုံ့ဖုန်းကို ကြည့်နေသည့်အလား ခံစားနေရလေသည်။ ထိုနှစ်ယောက်လုံးက သူ့ကို ဤကဲ့သို့ ခံစားချက်မျိုးအား ပေးစွမ်းနိုင်ခဲ့သည့်လူများ ဖြစ်သည်။

ဖန်မျိုးနွယ်စု၏အောက်တွင် ခေါင်းဆောင်ကြီးခုနစ်ဦးမှာ သိသိသာသာ စိတ်နှလုံးတုန်လှုပ်သွားကြ၏။ အထူးသဖြင့် မန်ဟိုနှင့် အတော်လေးရင်းနှီးပြီးသားဖြစ်သော သတ္တမခေါင်းဆောင်ကြီးပင်။ ဤအခိုက်အတန့်တွင် သူသည် မန်ဟို့ကို ချီးကျူးလေးစားနေသော အမူအရာဖြင့် မော့ကြည့်နေ၏။

"လွှမ်းမိုးကြီးစိုးတဲ့ အစစ်အမှန်အင်မော်တယ်တစ်ဦးဖြစ်လာဖို့ လွှမ်းမိုးကြီးစိုးတဲ့ စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထားရမယ်" မန်ဟို၏ သွေးဆက်ဖြစ်သော ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးက ပြောသည်။ သူ့အသံသည် နူးညံ့ညင်သာနေပြီး သူ၏မျက်လုံးများတွင် နက်ရှိုင်းနေသော ချီးကျူးမှုတို့ ကိန်းအောင်းနေသည်။ "ဒီကလေး အောင်မြင်သွားလောက်တယ်"

ဖန်မျိုးနွယ်စုမှာ တုန်လှုပ်နေပြီး အပြင်လောကရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများရှိ ကျင့်ကြံသူများမှာလည်း ဆွံ့အနေကြသည်။

ဖန်းတုံးအာက မန်ဟို၏ ရူးမိုက်မှုကို ခံစားရသောအခါ ပင့်သက်ရှိုက်သွား၏။

"သူ ဒီလိုလုပ်မယ်လို့ ငါမယုံနိုင်ဘူး" သူမက တွေးသည်။ "ဒါ ဘယ်နည်းနဲ့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး"

ကျောက်ရီဖန်းမှာ  စိတ်နှလုံးတုန်လှုပ်နေ၏။ စုန့်လော့တန်က မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေသည်။ ၀မ်မုမှာ ပင့်သက်ရှိုက်နေသည်။ ထိုက်ယန်ကျစ်မှာတော့ မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေ၏။

လူတိုင်း မန်ဟို၏ ရူးမိုက်သော လုပ်ဆောင်ချက်များကို တုံ့ပြန်နေစဉ် မန်ဟိုမှာ သွေးတစ်ချို့ အန်လိုက်သည်။ ယခုတွင် သူ့ပတ်ပတ်လည်ရှိ မိုးကြိုးများမှာ အနီရောင်မဟုတ်တော့ဘဲ အမည်းရောင်ဖြစ်နေပြီး ယခင်ထက်ပို၍ အားကောင်းနေလေပြီ။ သူက မီတာ ၂၁၀၀၀ မှ ၂၄၀၀၀အထိ ကြီးထွားလာခဲ့သော ဓမ္မဆင်းတုကြီးကို နောက်တွင်ထားလျက် အနက်ရောင်မိုးကြိုးကြီးအား မျက်နှာချင်းဆိုင်နေစဉ် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုအား သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်သည်။

သူကား အင်မော်တယ်ပြစ်ဒဏ်ကို တိုက်ခိုက်နေသည့် အဆင့် (၈) အင်မော်တယ်တစ်ဦးအလားပင်။

"မဖြစ်နိုင်တာမရှိဘူး" သူက တွေးသည်။ ခိုင်မာပြတ်သားမှုအား သူ၏ မျက်လုံးများတွင် မြင်ရနိုင်၏။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ မရေမတွက်နိုင်သော တောင်များအား ပေါ်လာစေပြီးနောက် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များဆီသို့ ပြေး၀င်သွားစေသည်။

၎င်းတို့ ပေါက်ကွဲသွားစဉ် မန်ဟိုက ခိုင်မာပြတ်သားစွာ ရှေ့တက်၍ သူ့အားအင်အလုံးစုံကို စုစည်းလိုက်၏။

တဂျိန်းဂျိန်း ထစ်ချုန်းသံများ လေတွင်ပျံ့နှံ့သွားသည်။ ကောင်ကင်နှင့်မြေကြီးမှာ တုန်ခါသွားပြီး သူ၏ မီတာ ၂၄၀၀၀ ဓမ္မဆင်းတုက ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို ၀င်တိုက်လိုက်ကာ  ၎င်းတို့အား သေးငယ်သထက် သေးငယ်သွားစေသည်။ အချိန်များ ကုန်လွန်သွားပြီး မန်ဟို့ကို မိုးကြိုးမည်မျှ ပစ်ချနေသည်လဲ ရေတွက်ရန် မဖြစ်နိုင်တော့ပေ။ သူ၏ ထာ၀ရအလွှာမှာ အသည်းအသန် အလုပ်လုပ်နေပြီး သူ၏မျက်လုံးများက သွေးချင်းနီရဲနေ၏။

သို့ထိတိုင် သူကား ဘယ်တော့မှ တိုက်ခိုက်နေသည်ကို မရပ်တန့်ပေ။

ဧရာမပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ သေးငယ်သထက် သေးငယ်လာသည်။ တစ်ချိန်တွင် အနက်ရောင်မိုးကြိုးများသည် ငါးရောင်ခြယ်မိုးကြိုးများအဖြစ် ပြောင်းလဲသွားပြီး တိမ်တိုက်များမှာ မူလအရွယ်အစား၏ ၃၀ ရာခိုင်နှုန်းသို့ ကျုံ့သွားခဲ့လေပြီ။

ဤမြင်ကွင်းက န၀မတောင်နှင့်ပင်လယ်ရှိ စောင့်ကြည့်နေသူအားလုံးအား လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။

မန်ဟို၏ ဆံပင်များမှာ ဖွာလန်ကျဲနေသော်လည်း သူကား သမိုင်းရာဇ၀င်တစ်လျှောက် မကြားဖူးသော အရာတစ်ခုကို လုပ်ဆောင်လျက် အံ့အားသင့်ဖွယ်ကောင်းမြဲ ကောင်းနေဆဲဖြစ်သည်။

"အဆင့် (၉) အင်မော်တယ်နယ်ပယ်ကို ၀င်ရောက်ဖို့ အချိန်ကျပြီ" ငါးရောင်ခြယ်မိုးကြိုးများ ခြံရံလျက် မန်ဟိုက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ဓမ္မဆင်းတုကြီးမှာ မီတာ ၂၄၀၀၀ မှ ၂၇၀၀၀အထိ ကြီးထွားသွား၏။

ဤအခိုက်အတန့်တွင် အရာအားလုံး တသိမ့်သိမ့် လှုပ်ရမ်းနေလေပြီ။

"အဲ့ဒါက အဆင့် ၉ အင်မော်တယ်နဲ့ ညီမျှတဲ့ မီတာ ၂၇၀၀၀ ဓမ္မဆင်းတုပဲ။ ဖန်ဟို ဒီအတွက် ဘယ်လောက်တောင် ပြင်ဆင်ထားခဲ့တာပါလိမ့်။ သူ ဘယ်လောက်တောင် ကျင့်ကြံခဲ့တာပါလိမ့်။ အင်မော်တယ်တံခါးတောင် မဖွင့်ရသေးဘူး။ သူရဲ့စွမ်းအားက ဒီလောက် မယုံနိုင်စရာအဆင့်အထိ ရောက်ရှိနေပြီ"

"ရွေးချယ်ခံ။ အဲ့ဒါကမှ တကယ့်ရွေးချယ်ခံအစစ်ပဲ။ သူက အစွမ်းထက်လွန်းတယ်။ သူသာ အစစ်အမှန်အင်မော်တယ်အဆင့်ကို ဝင်ရောက်လိုက်ရင် အနိုင်ယူလို့ရမှာ မဟုတ်တော့ဘူး"

"ငါအခုမှ မှတ်မိတယ်။ သူ့မှာ အစစ်အမှန်အင်မော်တယ် အပြင်အားကိုယ်ရှိတာပဲ။ သူ့ကျင့်ကြံခြင်းအခြေခံသာ အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို ရောက်ရှိသွားရင် သူက အစစ်အမှန်အင်မော်တယ်ပါရာဂွန်တစ်ဦးဖြစ်လာမှာ" ထစ်ချုန်းသံကြီး အရှေ့အောင်ပွဲဂြိုလ်တစ်ခုလုံး ပြည့်နှက်သွားပြီး န၀မတောင်နှင့်ပင်လယ်မှ စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးမှာ ဆွံ့အမှင်သက်နေကြတော့သည်။

"ဘယ်သူက သူနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။ ဖန်ဝေလား။ ဖန်းတုံးအာတောင် မနှိုင်းယှဉ်နိုင်ဘူး။ ရွေးချယ်ခံတစ်ယောက်မှ သူ့ကို မနှိုင်းယှဉ်နိုင်ဘူး"

"သူ့ကို ယှဉ်နိုင်တဲ့တစ်ယောက်တည်းသောသူက … ဖန်မုပဲ"

"ဖန်မု။ သူက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာတုန်းက န၀မတောင်ပင်လယ်ရဲ့  နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ လူလေ"

"ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်တွေကို ခွင်းပြီး အရှင်းဖျက်ဆီးပစ်ဖို့ဆိုတာ …. ဖန်မုလည်း အဲ့ဒီလို လုပ်နိုင်လောက်တယ်"

လူတိုင်း တအံ့တဩ စောင့်ကြည့်နေကြစဉ်  မန်ဟို၏ မီတာ ၂၇၀၀၀အမြင့် ဓမ္မဆင်းတုကြီးက ငါးရောင်ခြယ်မိုးကြိုးများကို ၎င်း၏ လက်သီးဖြင့် ထိုးခွင်းနေ၏။ တိမ်တိုက်များ ပြိုကွဲ၍ ကြေမွသွားပြီး မိုးကြိုးများ လွင့်ပြယ်သွားသည်။

အရာအားလုံး တိတ်ဆိတ်သွား၏။ မန်ဟိုက ကောင်းကင်ထက်တွင် တစ်ယောက်တည်း ပျံဝဲနေပြီးနောက် တခဏကြာသော် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များဆီသို့ ပြေး၀င်သွားပြန်သည်။ သူ၏ မီတာ ၂၇၀၀၀ အမြင့် ဓမ္မဆင်းတုကြီးက ၎င်းတို့ကို စုတ်ဖြဲပစ်လိုက်၏။ အင်မော်တယ်ပြစ်ဒဏ်မှာ မန်ဟိုနှင့် ရင်ဆိုင်ရသောအခါတွင် အနိုင်ယူ၍ မရပုံရသည်။

အချိန်များ ကုန်လွန်သွားသည်။ ကြယ်တာရာကောင်းကင်ရှိ တိမ်တိုက်များမှာ ဆက်လက်၍ လွင့်စင်ပြိုကွဲနေသည်။ ယခုတွင် ၎င်းတို့မှာ ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့လေပြီ။ ငါးရောင်ခြယ်မိုးကြိုးမှာ မန်ဟို့၏ မီတာ ၂၇၀၀၀ ဓမ္မဆင်းတုကို မတောင့်ခံနိုင်တော့ပေ။ သို့သော် မိုးကြိုးက ခုနစ်ရောင်ခြယ်ဖြစ်လာ၏။

အရောင်ခုနစ်ရောင် ပေါင်းစည်းသွားပြီး မိုးကြိုးမှာ မိုးကြိုးနှင့်ပင် မတူတော့ချေ။ ၎င်းတွင် အသက်စွမ်းအားပါရှိနေပုံရပြီး မည်သည့်အရာမှ ၎င်းကို မတားဆီးနိုင်သည့်အလား မန်ဟို့ထံသို့ ပြေး၀င်သွားသည်။ ၎င်းအနားရောက်လာစဉ် မန်ဟိုသည် သေစေနိုင်သော အန္တရာယ်ကို ခံစားလိုက်ရ၏။

သူက တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ အင်မော်တယ်အကြောများကို ထုတ်လွှတ်လိုက်သည်။ သူ့အနောက်တွင် ဓမ္မဆင်းတုကြီးသည် မီတာ ၂၇၀၀၀ မှ ကြောက်ခမန်းလိလိ မီတာ ၃၀၀၀၀သို့ ရောက်ရှိသွား၏။ လူတိုင်းမှာ ဆွံ့အမှင်သက် ကြက်သေသေသွားတော့သည်။

မီတာ ၃၀၀၀၀ အမြင့် ဓမ္မဆင်းတု။

ရွှေရောင်အလင်းတို့က အောက်ရှိ မြေပြင်တစ်ခွင်ကို အလင်းရောင်ပေးရင်း ဖြာထွက်လာသည်။ ခုနစ်ရောင်ခြယ်မိုးကြိုးတန်းကြီး ထိုးဆင်းလာစဉ် မီတာ ၃၀၀၀၀ ဓမ္မဆင်းတုကြီးက လက်သီးဖြင့် ထိုးချလိုက်၏။ မိုးကြိုးတန်းကြီးမှာ ပြိုကွဲသွားပြီး မန်ဟို့ပါးစပ်မှ သွေးများစီးကျလာသည်။ သို့သော် သူက ရပ်မြဲရပ်နေကျအတိုင်း လေလယ်တွင် ပျံဝဲနေ၏။

"မဖြစ်နိုင်ဘူး" ဖန်ဝေက လုံး၀ မယုံကြည်နိုင်သော အမူအရာဖြင့် ရုတ်တရက် ထရပ်လိုက်သည်။

သူ့ဘေးတွင် ဖန်ရှုံ့ရှန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် နောက်သို့ ယိမ်းယိုင်သွား၏။

မဟာအကြီးအကဲကား မန်ဟို၏ ဓမ္မဆင်းတုကြီးကို စိုက်ကြည့်ရင်း သူ့မျက်နှာမှာ အကြိမ်ပေါင်းများစွာ ရိပ်ခနဲဖြစ်သွားသည်။

"တကယ်ပဲ မီတာ ၃၀၀၀၀ ပါလား" သူက ရေရွတ်လိုက်သည်။

အားလုံးအထက် စိတ်လှုပ်အရှားဆုံးမှာ တိုက်ရိုက်သွေးဆက်များ၊ ဖန်တောက်ဟုန်နှင့် ဖန်လင်းဟဲ့တို့ဖြစ်သည်။ သူတို့နှစ်ယောက်က ကောင်းကင်ထက်ရှိ မန်ဟိုနှင့် သူ၏ မီတာ ၃၀၀၀၀အမြင့် ဓမ္မဆင်းတုကြီးကို မော့ကြည့်နေပြီး မန်ဟို၏ နောက်လိုက်ဖြစ်လာခြင်းက သူတို့အတွက် မယုံကြည်နိုင်ဖွယ်ရာ ကံကြမ္မာကောင်းကြီးဖြစ်ကြောင်း သိလိုက်တော့သည်။

အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ အုတ်အော်သောင်းနင်းဖြစ်သွား၏။

"မီတာ ၃၀၀၀၀။ တကယ်ပဲ မီတာ ၃၀၀၀၀ပါလား။ ဖန်ဟို ဘယ်လိုလုပ်လဲမသိပေမယ့် သူက အစစ်အမှန်အင်မော်တယ်အဖြစ်တောင် မရောက်သေးဘူး။ အဆင့် ၁၀ အင်မော်တယ်နဲ့ နှိုင်းယှဉ်လို့ ရနေပြီ"

"အဆင့် ၁၀ အင်မော်တယ်။ အဲ့ဒါက ဒဏ္ဍာရီလာနယ်ပယ်တစ်ခုပဲ။ ဖန်ဝေနဲ့ အခြားသူတွေတောင်မှ အင်မောတယ်အကြော ၉၀ သို့မဟုတ် ၉၀ကျော်ပဲ ဖွင့်နိုင်တာ။ ဖန်ဝေကိုယ်တိုင်တောင် ၉၈ ကြောပဲ ဖွင့်နိုင်ခဲ့တာလေ"

"ဖန်ဟိုက အင်မော်တယ်တံခါးကိုသာ ဖွင့်နိုင်ခဲ့ရင် မင်းတို့ဘယ်လိုထင်လဲ။ သူ အင်မော်တယ်အကြောဘယ်လောက်တောင် ဖွင့်နိုင်မယ်ထင်လဲ။ ၁၀၀ လား"

န၀မတောင်နှင့်ပင်လယ်တစ်ခုလုံးမှာ လုံးလုံးလျားလျားတုန်လှုပ်နေကြသည်။ ဖန်းတုံးအာသည် သလင်းဖန်သားပြင်ကို စိုက်ကြည့်ကာ မျက်စိမျက်နှာပျက်နေ၏။ သူမမှာ ဘ၀တွင် တစ်ခါမှ မဖြစ်ခဲ့ဖူးသကဲ့သို့ အသက်ရှူသံများ မြန်နေသည်။ သူမဘေးတွင် ရပ်နေသော အဘွားအိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် စောင့်ကြည့်နေ၏။ ဤမီတာ ၃၀၀၀၀ ဓမ္မဆင်းတုဖြင့် ဤပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ ကြောက်စရာမဟုတ်တော့ကြောင်း သူမ သိလေသည်။

ပြစ်ဒဏ်မှာ သည့်ထက်ပို၍ ပြင်းထန်လာလျှင်တောင်မှ အင်မော်တယ်နယ်ပယ်မှ ဘယ်တော့မှ ကျော်လွန်မည်မဟုတ်ပေ။

ကျောက်ရီဖန်းမှာ စိတ်နှလုံး ချာချာလည်နေပြီး အမြင်များ ဝေဝါးသွား၏။

စုန့်လော့တန်က တအံ့တဩ စိုက်ကြည့်နေကာ ထိုက်ယန်ကျစ်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ၀မ်မုသည် ပင့်သက်ရှိုက်သွား၏။ ထိုသို့ မတုံ့ပြန်သည့် တစ်ယောက်တည်းသောသူမှာ မျက်လုံးများ တစ်ခါမှ မတောက်ပစဖူးတောက်ပနေသော ၀မ်တန်ဖေး ဖြစ်သည်။

လီလင်းအာမှာ မျက်နှာပျက်နေပြီး စွန်းဟိုက်မှာ ဦးရေပြားများ ထုံကျင်နေ၏။

ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများ၏ ရွေးချယ်ခံများမှာ မန်ဟို၏ မီတာ ၃၀၀၀၀ ဓမ္မဆင်းတုကြီးကြောင့် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်နေကြလေသည်။

"သူသာ အင်မော်တယ်တံခါးကို ဖွင့်နိုင်ရင် အကြောဘယ်လောက် ဖွင့်နိုင်မှာလဲ" ဤမေးခွန်းက ရွေးချယ်ခံတစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် ပြေးလွှားသွားပြီး သူတို့အား ခါးသီးမှုများဖြင့် ပြည့်နှက်သွားစေသည်။

ယခုတွင် မန်ဟိုက သူတို့အား လုံးလုံးလျားလျား အစွမ်းအစမဲ့‌သွားစေခဲ့ပြီဖြစ်သည်။

ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုများ၏ ခေါင်းဆောင်ကြီးများအတွက်လည်း ဤပြိုင်ဘက်ကင်းသော မန်ဟိုနှင့်ပက်သက်၍ တူညီသော အတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင် ပြေးလွှားနေသည်။ "သူ အင်မော်တယ်အကြော ဘယ်လောက် ဖွင့်နိုင်မှာလဲ"

***

All Chapters