ငါ့ကို တကြိမ်တော့ ယုံပေးပါ…
Vol. 148 Ch. 2039
“ဒါက ငါပဲဖြစ်ဖြစ်၊ ဩဇာအင်ပါယာမန်တောက်ကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ရွေးချယ်ရွေးချယ်။ တကယ်အနိုင်ရသူကတော့ ကောင်းကင်ဘုံအင်ပါယာ ဒါမှမဟုတ် အင်ပါယာဆရာသခင်ပဲ ဖြစ်လိမ့်မယ်…”
ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေပြီး ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏ စိတ်ခံစားချက်များသည် အင်ပါယာဆရာသခင်၏ စကားများကြောင့် လုံးဝ မပြောင်းလဲသွားပေ။
သူက ပလ္လင်ထက်ရှိ အင်ပါယာဆရာသခင်ဖြစ်သူကို လှမ်းကြည့်သည်။ ထိုသူ၏ စကားတို့၌ အမှန်နှင့်အလိမ်များ ပြည့်နေသည်။ သို့သော် ဝမ်လင်းသည် ထို အမွေအနှစ်ဟူသော အရာမှာ ရိုးရှင်းမည် မဟုတ်သည်ကိုတော့ သေချာသိသည်။
ဝမ်လင်းက အင်ပါယာဆရာသခင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “ငါ သိချင်တာက သင်ဟာ ငါ့ကို သင်နဲ့ ပူးပေါင်းစေချင်တယ်။ ကောင်းပြီ…ဒါဆို ငါက ကောင်းကင်ဘုံဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို ဘယ်လိုများ ရနိုင်မှာလဲ…”
“ဒီကိစ္စဟာ ရှုပ်ထွေးလှတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံအင်ပါယာကတော့ သေချာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်တယ်။ သူက ကောင်းကင်ဘုံဘိုးဘေး သွေးမျိုးဆက်မရှိတဲ့ ဩဇာအင်ပါယာမန်တောက်ဟာ မင်း မတိုင်ခင်က အသန်မာဆုံးဩဇာအင်ပါယာတစ်ယောက် ဖြစ်တာကို တွေ့ရှိခဲ့တယ်။ မန်တောက်ကသာ ကောင်းကင်ဘုံဘိုးဘေး သွေးမျိုးဆက်ကို ရသွားခဲ့ရင် သူ့ကျင့်ကြံမှုဟာ အဆများစွာ တိုးတက်သွားလိမ့်မယ်…”
“မင်းအပေါ် သူ့အမုန်းတရားဟာ မင်းကို ဖိနှိပ်နိုင်ဖို့ စွဲလမ်းမှုအဖြစ် ပြောင်းသွားလိမ့်မယ်။ ဒီစိတ်စွဲလမ်းမှုက သူ့အသက်ဓာတ်ကို အများကြီး တိုးတက်စေပြီး သူ့ကိုယ်ပိုင်သွေးမျိုးဆက်အားလုံးကို အတင်းအကြပ် အောင်အောင်မြင်မြင် ထုတ်ပစ်နိုင်ဖို့အတွက် နာကျင်မှု(၄၀)ရာခိုင်နှုန်းလောက်ကို တောင့်ခံနိုင်ပြီး ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်အဖြစ် ပြောင်းလဲစေနိုင်လိမ့်မယ်…”
“အဲ့အချိန်ကျရင် သူဟာ ဒုတိယမျိုးဆက် ကောင်းကင်ဘုံဘိုးဘေး ဖြစ်လာလိမ့်မယ်။ ကောင်းကင်ဘုံအင်ပါယာက မန်တောက်အပေါ် အကြံအစည် ချနေတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ကောင်းကင်ဘုံအင်ပါယာက မန်တောက်သာ ရှေးဘိုးဘေးမူလသို့ပြန်ခြင်းမန္တာန်ကို အောင်မြင်သွားတာနဲ့ အစွမ်းထက်လာမယ့် မန်တောက်ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဘာကြောင့် ယုံကြည်ချက် ရှိနေလဲတော့ ငါလည်း မသိဘူး…”
“ငါ အဲ့တာကို ရှေ့ဖြစ်ကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ လုံးဝ ဝေဝေဝါးဝါးပဲ။ ငါဟာ သဲလွန်စအချို့ကိုသာ ရနိုင်ခဲ့တယ်။ ဒါဟာ ပိုင်စိုးခြင်းနဲ့ ရုပ်သေး ဖြစ်စဉ်နဲ့တော့ ဆင်တူလောက်တယ်။ အဓိကသော့ချက်ကတော့ ဒီသွေးရေကန်ပဲ…”
အင်ပါယာဆရာသခင်က သူ့ရှေ့ရှိ ရေကန်ကို လက်ညှိုးထိုးပြသည်။
“ဒီအရာဟာ ရဖို့ အင်မတန် ခက်ခဲလွန်းတယ်။ ကောင်းကင်ဘုံအင်ပါယာမျိုးဆက်အနည်းငယ်က ရှေးဘိုးဘေးမူလသို့ပြန်ခြင်းမန္တာန် အောင်မြင်မှုနှုန်း တိုးတက်ဖို့အတွက် လုံလောက်တဲ့သွေးကို စုစည်းခဲ့ကြတယ်။ မင်းသာ သဘောတူရင် ငါ ဒီရေကန်ကို မင်းရှိလက်ကမ်းပြီး ဒဏ္ဍာရီတစ်ခုကို မင်းရှိ လွှဲပြောင်းပေးမယ်…”
“မင်းသာ အဲ့စွမ်းအားကို ရလိုက်တာနဲ့ ကောင်းကင်ဘုံကလန်မှာ နံပါတ်တစ် ဖြစ်လာမယ်။ မဟာအင်ပါယာတွေထက် ပိုမြင့်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့အချိန်ကျရင် လျန်တောက်ဖေကို မင်းက စကားတစ်ခွန်းလောက်နဲ့ ကယ်တင်ပေးနိုင်လိမ့်မယ်…”
အင်ပါယာဆရာသခင်က ပိုမြန်မြန် ပြောလာ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောသည်။ “သင်ကရော ဘာလိုချင်တာလဲ…”
“ငါ လိုချင်တာ တစ်ခုပဲ။ မင်းသာ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်ကို ရသွားတာနဲ့ ဒုတိယကောင်းကင်ဘုံဘိုးဘေး ဖြစ်သွားတာနဲ့ မင်းအနေနနဲ့ ငါ့ကလန်အပေါ် ကောင်းကင်ဘုံဘိုးဘေး ချန်ရစ်ထားခဲ့တဲ့ ချိတ်ပိတ်မှုကို ဖယ်ရှားပေးရမှာသာသ ဖြစ်တယ်။ ငါ့ကလန်ကို လွတ်လပ်မှု ပေးရမယ်…”
အင်ပါယာဆရာသခင်က ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်နေသည်။
“အဲ့နောက်ပိုင်းကျရင် ငါ့ကလန်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ ထွက်ခွာမယ်။ ငါ့မွေးရပ်မြေကို ပြန်မယ်။ မင်းကတော့ ကောင်းကင်ဘုံကလန်မှာ အစွမ်းထက်ဆုံးသူ ဖြစ်လာလိမ့်မယ်။ မင်းဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဂုဏ်ကျက်သရေကို ထုတ်ဖော်ပြီး အဆုံးမဲ့စွမ်းအားနဲ့ ကျေနပ်ပျော်ရွှင်နိုင်စွမ်း ရှိလိမ့်မယ်…”
“မင်း ငါ့ကို မယုံဘူးဆိုရင် ငါ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ပေးနိုင်တယ်။ ငါသာ ဒီသဘောတူညီမှုကို ဖောက်ဖျက်ခဲ့ရင် ဖျက်စီးခံရပါစေ…” အင်ပါယာဆရာသခင်က ထိုသို့ ပြောနေရင်း အလင်းတစ်ခု ထွက်ပေါ်လာကာ ရှုပ်ထွေးသော ချိပ်ဟန်တစ်ခုအဖြစ်သို့ သိပ်သည်းလေသည်။ ထိုချိပ်ဟန်က လွင့်မြောကာ ထို့နောက် ပျောက်ကွယ်သွားသည်။
အင်ပါယာဆရာသခင်က မြန်ဆန်စွာ ပြောလိုက်၏။ “ဒါဟာ ကျိန်ဆိုမှုတစ်ခုပဲ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသက သက်သေ ဖြစ်တယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ဒီကျိန်ဆိုမှုဟာ အတုလား၊ အစစ်လား ခွဲခြားအာရုံခံနိုင်မှာပဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
အချိန် ကုန်လွန်လာ၏။ ပထမဆုံးအကြိမ်အဖြစ် အင်ပါယာဆရာသခင်သည် စိုးရိမ်ပူပန်ဟန် ပေါက်လာသည်။
“ဝမ်လင်း…ငါ့မှာ မကောင်းတဲ့ စိတ်ရင်း မရှိဘူး။ ငါ ပြောခဲ့တဲ့ အရာအားလုံးဟာ အမှန်ပဲ။ ငါတို့ကြားမှာလည်း ရန်ငြှိုး မရှိဘူး။ ဒါ့ကြောင့် ငါက မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး။ ငါက ငါ့ကလန်အတွက် လွတ်လပ်တဲ့ အနာဂတ်တစ်ခုကိုရဖို့ တိုက်ခိုက်ချင်ရုံသာပဲ…”
“ကျေးဇူးပြုပြီး မင်း ငါ့ကို ကူညီပေးနိုင်မလား…”
“ဘယ်သူကမှတော့ သူတို့ တဘဝလုံး ကျွန်သဘောက် မဖြစ်ချင်ကြဘူး။ ဒါ့အပြင် မင်းရဲ့ အနာဂတ်မျိုးဆက်တွေပါ တခြားတစ်ယောက်ရဲ့ ကျွန်တွေ ဖြစ်လာကြရမယ်ဆိုတဲ့အဖြစ်ကို မင်း စိတ်ကူးကြည့်နိုင်ပါတယ်။ ငါ့ကလေးတွေမှာ သူတို့ မွေးဖွားလာတာနဲ့ သူတို့ရဲ့ ကံကြမ္မာဟာ ဆုံးဖြတ်ပြီး ဖြစ်နေခဲ့တယ်။ ဒီလိုအရာမျိုးဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆက်ဖြစ်နေတယ်။ ငါတို့ဟာ ရုန်းကန်ရမယ်။ ငါတို့ ရုန်းကန်ချင်တယ်။ ငါတို့ လွတ်လပ်အောင် ချိုးဖျက်ချင်တယ်…”
“ဒါပေမဲ့ ငါ့ကလန်ဟာ ခုခံဖို့ ခွန်အား မရှိဘူး။ ဝမ်လင်း…မင်းဟာ ငါ့ကလန်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ငါ့ကလန်ကို တစ်ကြိမ်တော့ ကူညီပေးပါ။ တစ်ကြိမ်တည်းပါ…”
အင်ပါယာဆရာသခင်၏ အမူဟန်ပန်က အသနားခံဟန် ပြည့်နေ၏။ သူ့ထံ၌ ဝမ်းနည်းမှုလည်း လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်နေသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းထံ လေးလေးနက်နက် ဦးညွှန်လိုက်လေ၏။
သို့ရာတွင် ဝမ်လင်း၏အမူအရာကမူ အေးစက်နေဆဲ ဖြစ်ကာ တစက်လေးမျှ မပြောင်းလဲသွားပေ။ သူ့ထံမှ ကြမ်းကြုတ်ရက်စက်မှုသာ လှစ်ဟပေါ်နေ၏။ သည်ဆံပင်နက်ဝမ်လင်းသည် သတ်ဖြတ်ခြင်းနှင့်ဖျက်စီးခြင်းကို ကိုယ်စားပြုပေသည်။ သည်ကိစ္စက အခုထက် အဆများစွာ ပိုဝမ်းနည်းဖွယ် ကောင်းနေလျှင်ပင် သူသည် အရေးစိုက်လိမ့်မည် မဟုတ်ပါ။
ဝမ်လင်းသည် ရေကန်ထဲ၌ ရုန်းကန်နေသော ဩဇာအင်ပါယာမန်တောက်ကို ကြည့်၏။ သူသည် ထိုသူ၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသော ရူးသွပ်မှုကို ခံစားမိသည်။
“သူက သူ့စိတ်ကို ဆုံးရှုံးသွားတာလား…”
“သူ့စိတ်ဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ ဖယ်ရှားသုတ်သင်ခြင်း ခံထားရတယ်။ သူ့မှာ ရှိနေတဲ့ အရာဆိုလို့ မင်းအပေါ် အမုန်းတရားနဲ့ သတ်ဖြတ်လိုခြင်းသာ ဖြစ်တယ်…”
အင်ပါယာဆရာသခင်က ခေါင်းညိတ်၏။
ဝမ်လင်း၏အမြင်၌ သည်အမုန်းတရားက မနက်ရှိုင်းပေ။ သို့သော် ဩဇာအင်ပါယာမန်တောက် ကျင့်ကြံသော တာအိုကို ထည့်သွင်းစဉ်းစားကာ သူက အနည်းငယ် နားလည်သွား၏။
အချိန် တဖြည်းဖြည်း ကုန်လာနေသည်။ အင်ပါယာဆရာသခင်က စောင့်နေ၏။ သူသည် ဝမ်လင်း၏ မထူးခြားနားအမူအရာကို ကြည့်ကာ သက်ပြင်းချမိ၏။ သူသည် အံတင်းတင်းကြိတ်ကာ ထပ်မံ ပြောလာသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်က ငါ ပြောတာကို သဘောတူမယ်ဆိုရင် ငါမင်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ လှိုဏ်ဂူလောကအားလုံးက ထောက်ပိုးပေးတဲ့ အပူဇော်ခံမီးတောက်အားလုံးကို ပေးနိုင်တယ်။ ရောင်းရင်းကျင့်ကြံသူဝမ်သာ ဒါတွေအားလုံးကို စုပ်ယူနိုင်ရင် အကျိုးအများကြီး ရှိလိမ့်မယ်…”
“ကျင့်ကြံမှုအဆင့်၊ မန္တာန်တွေ၊ သက်တမ်း ဘာပဲဖြစ်ဖြစ် မင်းဟာ ဆင့်ကဲပြောင်းလဲမှုတစ်ခု ကြုံရလိမ့်မယ်။ အချိန်အတန်ကြာပြီးရင် မင်းအနေနဲ့ လေဟာနယ်နဲ့ဖျက်စီးခြင်းနယ်ပယ်ကိုပါ ရောက်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိလိမ့်မယ်။ ဒီအဆင့်ဟာ ထိပ်ဆုံးမှာ ရပ်တည်ဖို့ လုံလောက်တယ်…”
အင်ပါယာဆရာသခင်က ထိုသို့ပြောပြီးနောက် သူ့ညာလက်ကို သူ့နှဖူးထံ ဆန့်လိုက်၏။ လက်သီးဆုပ်ခန့် အရွယ်အစားရှိ အနက်ရောင်သလင်းလုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ၎င်းထံ၌ အလင်းဓာတ်ဟူ၍ မရှိချေ။ သို့သော် အားကောင်းလှသော အပူဇော်ခံမီးတောက်အော်ရာကို ပေးစွမ်းနေသည်။
“ဒီအရာဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ လှိုဏ်ဂူလောကအားလုံးက ထောက်ပိုးပေးထားတဲ့ အပူဇော်ခံမီးတောက်အားလုံးပဲ…”
“ကောင်းကင်ဘုံဘိုးဘေးဟာ လေဟာနယ်ဟင်းလင်းပြင်မှာ မွေးဖွားခဲ့တာ။ ငါတို့ မိသားစုနဲ့ မတူတဲ့အတွက် သူဟာ ဒါကို သူ ကိုယ်တိုင် မစုပ်ယူနိုင်ဘူး။ ဒါ့ကြောင့် သူ့အနေနဲ့ ငါ့ကလန်က ဒါကို အရင်ဆုံး အသွင်ပြောင်းလဲစေဖို့ လိုအပ်ခဲ့တယ်။ ဒီလောကမှာ အပူဇော်ခံမီးတောက်ကို စုပ်ယူနိုင်တဲ့သူ အများအပြား ရှိတယ်။ ဒါပေမဲ့ ဒီမီးတောက်ရဲ့ မသန့်စင်မှုကြောင့် သူတို့ဟာ ဒါကို စုပ်ယူလိုက်တာနဲ့ ငါ့ကလန်အတွက် အပူဇော်ခံမီးတောက် မျိုးစေ့ ဖြစ်လာကြရလိမ့်မယ်…”
“ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းဟာ အပူဇော်ခံမီးတောက် လှိုဏ်ဂူလောကမှာ မွေးဖွားခဲ့တာ။ မင်းအတွက်တော့ ငါ့ကလန်အနေနဲ့ ဒါကို အသွင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူး။ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ ဒါကို စုပ်ယူနိုင်တယ်….”
အင်ပါယာဆရာသခင်၏ မျက်လုံးထံမှ ပြတ်သားသောအကြည့်တစ်ခု လှစ်ဟပေါ်၏။ သူသည် လက်ဝေ့ယမ်းလိုက်သည်။ ထိုသလင်းနက်က ဝမ်လင်းထံ ပျံသန်းလာချေသည်။
ထိုသလင်းနက်သည် ဝမ်လင်း၏ရှေ့တွင် လွင့်မြောနေ၏။ ယင်းသလင်းနက်ကို ထုတ်ပေးပြီးနောက် အင်ပါယာဆရာသခင်သည် ပို၍ အိုစာသွားသည်။
“ဒီအရာဟာ ငါ့ကလန်ရဲ့ အသက်သလင်းပဲ။ ဒါကို ဆုံးရှုံးသွားတဲ့နောက် ငါဟာ ကြာကြာ နေရတော့မှာ မဟုတ်ဘူး။ မင်း ငါ့ကို ယုံကြည့်ဖို့ မျှော်လင့်ချက်အနေနဲ့ ငါ မင်းကို ဒီအရာကို ပေးခဲ့တာပဲ။ ငါ့ကလန်ရဲ့ လွတ်လပ်မှု ပြန်ရအောင် ကူညီပေးပါ။ ဒီနေရာကနေ ထွက်ခွာပြီး အိမ်ပြန်နိုင်အောင် ကူညီပေးပါ…”
ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ ထို့နောက် သူက ညာလက်ကို ဝေ့ယမ်းကာ ထိုသလင်းကျောက်ကို ချက်ခြင်း သိမ်းဆည်းလိုက်သည်။ သူသည် အင်ပါယာဆရာသခင်ကို ကြည့်ကာ ခေါင်းညိတ်သည်။
“ငါ အင်မောတယ်ကောင်းကင်ဘုံကျိန်ဆိုမှုကို နားမလည်ဘူး။ ငါ့အနေနဲ့ သွေးကျိန်ဆိုမှုကိုပဲ သိထားတယ်…”
ဝမ်လင်းက ထိုသို့ ပြော၍ သူ့ညာလက်ကို မြှောက်ကာ သူ့လက်ချောင်းကို ကိုက်လိုက်၏။ သွေးစက်တစက် ပျံသန်းထွက်လာသည်။ ထိုသွေး၌ ဝမ်လင်း၏အော်ရာ ပါဝင်သည်။ ထိုအော်ရာက အားကောင်းလွန်းသည်။
“သင် ပြောခဲ့တာတွေကသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ငါ သင့်ကို တကြိမ်တော့ ကူညီပေးလိုက်မယ်…” ဝမ်လင်း၏စကားတို့က ထိုသွေးစက်ထဲသို့ ဝင်ရောက်ကာ ၎င်းက လင်းလက်သွား၏။ ဝမ်လင်းသည် ထိုသွေးစက်ကို တောက်ထုတ်ကာ ၎င်းသည် အင်ပါယာဆရာသခင်၏ရှေ့တွင် ရပ်တန့်သွားသည်။
အင်ပါယာဆရာသခင်က သူ့ရှေ့ရှိ သွေးစက်ကို ကြည့်ကာ စိတ်လှုပ်ရှားလာ၏။ သူက ရေကန်ထဲရှိ ဩဇာအင်ပါယာမန်တောက်ကို လက်ညှိုးထိုးကာ ပြောလာသည်။
“ကျေးဇူးအများကြီး တင်ပါတယ်…ရောင်းရင်းကျင့်ကြံသူ။ အခု အချိန်က ပဓာန ဖြစ်နေတယ်။ ကျုပ်အနေနဲ့ ရောင်းရင်းကျင့်ကြံသူ ရေကန်ထဲ ဝင်ရောက်နိုင်မလား တောင်းဆိုချင်ပါတယ်။ ဒါမှသာ ကျုပ်က ကောင်းကင်ဘုံအင်ပါယာ အလုပ်များနေချိန်၊ မန်တောက်က ခုထိ မနိုးထသေးခင်အတွင်းမှာ သင့်ကို အမွေအနှစ် လွှဲပြောင်းပေးဖို့အတွက် မန္တာန် ထုတ်ဖော်နိုင်မှာ ဖြစ်ပါတယ်…”
“ဒီကိစ္စက အတော့်ကို နာကျင်မှု ခံစားရပါလိမ့်မယ်။ သင့်သွေးဟာ ပြောင်းလဲသွားဖို့ လိုအပ်မယ်။ ဒါမှသာ ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးကို သင် ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။ ကျုပ်အနေနဲ့ ရောင်းရင်းကျင့်ကြံသူကို မခုခံဖို့ တောင်းဆိုချင်ပါတယ်။ သင် ခုခံလိုက်တာနဲ့ အရင်အားစိုက်ထုတ်မှုအားလုံးဟာ အလကားဟသ ဖြစ်သွားပါလိမ့်မယ်…”
“ရောင်းရင်းကျင့်ကြံသူဝမ်…” အင်ပါယာဆရာသခင်၏ အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက ဝမ်လင်းကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်သည်။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ဝမ်လင်းထံ ဒုတိယကြိမ်မြောက် ဦးညွှတ်လိုက်၏။
“ငါ့ကလန်ဟာ ရောင်းရင်းကျင့်ကြံသူရဲ့ လုပ်ရပ်ကို မှတ်သားထားပါ့မယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်က ငါ့ကလန်ဝင်တွေအားလုံးကိုယ်စား ငါကပဲ ရောင်းရင်းကို ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းသည် ရေကန်ထံသို့ အေးတိအေးစက် အမူအရာဖြင့် လျှောက်လာ၏။ သူ ရေကန်နားသို့ ရောက်လာသည့်အခါ ရုတ်တရက် အင်ပါယာဆရာသခင်ကို မော့ကြည့်လိုက်သည်။ အင်ပါယာဆရာသခင်၏ အမူအရာက ကျေးဇူးတင်ဟန်ဖြင့်သာ ပြည့်နေသည်။ ဝမ်လင်းသည် သူ့ပတ်လည်ရှိ သေခြင်းတရားအော်ရာကို မြင်နိုင်ပေသည်။ ထိုသူ ပြောခဲ့သလိုပင် သလင်းနက်ကို ဆုံးရှုံးပြီးနောက် သူ့သက်တမ်းမှာ သိပ်မကျန်တော့တာ မှန်နိုင်သည့်ပုံရ၏။
ဝမ်လင်းက ဖြည်းဖြည်းချင်းပြောလိုက်၏။ “ကျုပ်အနေနဲ့ လျန်တောက်ဖေကို အရင်ဆုံး ကယ်ရမယ်…”
အင်ပါယာဆရာသခင်က ခါးသီးဟန် ပြုံးကာ ချိန်းကြိုးကိုးခုဖြင့် ပိတ်လှောင်ခံထားရသော လျန်တောက်ဖေကို လှမ်းကြည့်၏။ သူက ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်…ဒီအဘိုးအိုဟာ သင့်ကို မလှည့်ဖြားချင်ပါဘူး။ လျန်တောက်ဖေရဲ့ ခန္ဓာကိုယ်ပေါ်က ချိန်းကြိုးတွေဟာ ကောင်းကင်ဘုံအင်ပါယာ နေရာချထားခဲ့တာ။ ဒါ့ကြောင့် ငါလည်း ဒါတွေကို မဖယ်ရှားနိုင်ဘူး။ မဟာအင်ပါယာကန်းနီနဲ့ တိုက်ခိုက်နေပေမယ့် ဒီချိန်းကြိုးတွေကိုသာ ထိလိုက်ရင် သူဟာ ချက်ခြင်း သတိပြုမိသွားလိမ့်မယ်။ ဒါ့ကြောင့် ဒီအဘိုးအိုအနေနဲ့ ဒီချိန်းကြိုးတွေကို အမှန်တကယ် မဖွင့်လှစ်နိုင်ပါဘူး…”
“ဒါပေမဲ့ သင်သာ ကောင်းကင်ဘုံဘိုးဘေးရဲ့ စွမ်းအားကို ဆက်ခံရရှိသွားတာနဲ့ အရာအားလုံးဟာ ဖြေရှင်းပြီးသွား ဖြစ်သွားလိမ့်မယ်။ ငါ့ကို ယုံပေးပါ…ရောင်းရင်းကျင့်ကြံသူ။ ငါ့အနေနဲ့ သင့်ကို ငါ့ကလန်တစ်ခုလုံးရဲ့ အနာဂတ်နဲ့ရင်းပြီး ကတိပေးပါတယ်…”
“ငါ့ကို ယုံကြည်ပါ…”
ဝမ်လင်းသည် အင်ပါယာဆရာသခင်ကို ကြည့်ကာ ခဏတာ စဉ်းစား၏။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။ သူ့ ဘယ်ခြေကို ကြွကာ ကန်ထဲသို့ ခြေလှမ်းဝင်သည်။ သို့သော် သူ့ညာခြေက ရေကန်နှင့် ထိမိသည့်အခါတွင်မူ သူ့ညာခြေထောက်မှာ အနည်းငယ် တုန်ယင်သွား၏။
ထိုအပြုအမူက အလွန်ညင်သာသည်။ သူ့ခြေထောက်ထံမှ လှိုင်းဂယက်တစ်ခုက ရေကန်နှင့် ထိမိကာ ထို့အတွက် အပြင်လူများက ဤအဖြစ်ကို သတိပြုမိနိုင်မည် မဟုတ်ပေ။ သတ်ဖြတ်ခြင်းအော်ရာ အမျှင်တန်းတစ်ခုက သူ့ညာခြေထောက်မှ ပျံ့နှံ့သွားခြင်းပင်။
ထိုအော်ရာ ပေါ်လာသည်နှင့် ၎င်းက မျက်လုံးမှိတ်လျက် ရှိသော မန်တောက်ထံ တိုက်ရိုက် တိုးဝင်သွားကာ ထိုသူ၏ခန္ဓာကိုယ်ထဲ ချက်ခြင်း တူးဆွဝင်ရောက်သည်။
အင်ပါယာဆရာသခင်က အတော်လေးကို စိတ်လှုပ်တရှား ဖြစ်နေ၏။ သူက ဝမ်လင်း ရေကန်ထဲသို့ ခြေလှမ်းလိုက်သည့်အခါ၌ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့နောက်ဆုံးလက်ကျန်သက်တမ်းကို အသုံးပြု၍ လျှို့ဝှက်မန္တာန်တစ်ခုကို ထုတ်ဖော်သည်။ သို့သော် ထိုအခိုက်တွင် နန်းတော်တစ်ခုလုံးသည် ရုတ်တရက် အေးစက်လာခဲ့သည်။
ဩဇာအင်ပါယာမန်တောက်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏ ရှုပ်ထွေးနေသော စိတ်ခံစားမှုများက ရူးသွပ်ခြင်းသို့ ပြောင်းသည်။ သူ၏ခန္ဓာကိုယ်မှ အေးစက်မှု ထွက်ပေါ်နေ၏။ သူ မျက်လုံးဖွင့်လာသည်နှင့် ဒီရေကန်သည် ချက်ခြင်း ရေခဲသွားလေသည်။