တောင်အသွင် ပြောင်းနေသည့် ဦးခေါင်းခွံတစ်ခု
Vol. 148 Ch. 2040
ယား…
မန်တောက်က မာန်သွင်းလိုက်၏။ အေးခဲနေသောရေအတွင်း၌ သူ၏ခန္ဓာကိုယ်သည် ထရပ်လာကာ အက်သံများကို ထုတ်လွှတ်သည်။ သူ့ဆံပင်တို့က လျင်မြန်စွာ ရှည်လျားထွက်လာပြီး သူ၏ခန္ဓာကိုယ်ထက်ပင် ပိုရှည်လာသည်။
သူက ဝမ်လင်းထံ ကြောက်မက်ဖွယ်ကောင်းလှသည့် သတ်ဖြတ်လိုစိတ်ဖြည့် စိုက်ကြည့်နေ၏။ သူ၏ဆံပင်ရှည်တို့က လှုပ်ရှားနေလေသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက အင်ပါယာဆရာသခင်ကို မင်သက်သွားစေသည်။ သို့သော် သူ စကားမဆိုနိုင်ခင်မှာပင် ဝမ်လင်းက မန်တောက်နိုးထလာသည်နှင့် သူ့ညာခြေကို ပြန်ကြွလိုက်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်နှင့် အေးစက်မှု ပြည့်လာကာ သူက အင်ပါယာဆရာသခင်ကို လှမ်းကြည့်သည်။
“မင်းက ငါ့ကို တကယ် လှည့်ဖြားခဲ့တာပဲ…”
“ဒါက…” အင်ပါယာဆရာသခင်က ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် မန်တောက်၏ ဟိန်းအော်သံက ပဲ့တင်ထပ်ကာ သည်နန်းတော်တခုလုံးကို တုန်ခါသွားစေသည်။ သူသည် ဝမ်လင်းထံ ကြမ်းကြုတ်သောသားရဲတစ်ကောင်နှယ် အရှိန်အဟုန်နှင့် ဝင်ရောက်လာ၏။
“သင် ငါ့ကို ကျိုးကြောင်းသင့် မရှင်းပြရင် အစောပိုင်းက ငါတို့ရဲ့သဘောတူညီမှု ပျက်ပြီ…” ဝမ်လင်း၏အမူအရာက သုန်မှုန်ဒေါသထွက်နေ၏။ သူ့ထံ တိုးဝင်လာသော မန်တောက်ထံ ဝမ်လင်းက ညာလက်ကို ဝေ့ယမ်းလိုက်သည်။
ထိုအခါ သူ၏ သတ်ဖြတ်ခြင်းနှင့်ဖျက်စီးခြင်းစွမ်းအားသည် ထွက်ပေါ်လာကာ တိမ်တိုက်နက်အသွင်ပြောင်း၍ မန်တောက်ထံ ပျံသန်းဝင်သွားသည်။ ၎င်း နီးကပ်လာချိန်၌ မန်တောက်က မာန်သွင်းသံ ပြုသည်။ မန်တောက်၏မျက်လုံးထဲတွင် ရူးသွပ်ခြင်းသာ ပြည့်နေ၏။ သူက ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းကိုးခုက ရုတ်တရက် သူ့လက်ငါးချောင်းပတ်လည်တွင် ပေါ်လာသည်။ စက်ဝန်းကိုးကြိမ် လှည့်ပတ်ပြီးနောက် ယင်းတို့က ချဲ့ကားပြီး တိမ်တိုက်နက်ထံ ပျံသန်းဝင်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အစိမ်းရောင်အခိုးငွေ့သည် အလွန်သန့်စင်သော မီးအနှစ်သာရစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာ၏။ ထိုစက်ဝန်းတိုင်းက စတင် လောင်ကျွမ်းကာ တိမ်တိုက်နက်ကို လှုပ်ခါယမ်းသည်။
အင်ပါယာဆရာသခင်က ထိုမြင်ကွင်းကို စိုက်ကြည့်ကာ စတင်စဉ်းစား၏။ သူက ချက်ခြင်းပင် ထိုအဖြစ်သနစ်သည် ဝမ်လင်းနှင့် ပတ်သတ်မည်ကို ခန့်မှန်းမိသည်။ သို့သော် သူ မသေချာပေ။ ဝမ်လင်း ရောက်ရှိလာခြင်းက မန်တောက်ကို ပိုစောစီးစွာ နိုးထလာစေဖို့ လှုံ့ဆော်လေသည့်အလား။
သူ စဉ်းစားကာ သူ့ညာလက်ကို ပင့်မြှောက်၏။ ထိုအခါ အဖြူရောင်အလင်းနှင့် ပြုလုပ်ထားသော လူသေးလေး ပေါ်လာသည်။ ၎င်းက ရှေ့ဖြစ်ကြည့်ဖို့ ဦးညွှတ်ရန် ဟန်ပြင်စဉ် မန်တောက်သည် အင်ပါယာဆရာသခင်ထံသို့ လွင့်ထွက်လာ၏။ အခိုးအငွေ့စက်ဝန်းများနှင့် တိမ်တိုက်နက်တို့ကလည်း ထိပ်တိုက်တွေ့ကြသည်။
ဝမ်လင်းသည်လည်း နောက်ဆုတ်သွား၏။ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရပြီးနောက် သူက ရုတ်တရက် မော့ကြည့်၏။ သူသည် အင်ပါယာဆရာသခင်ထံ လွင့်ထွက်သွားသော မန်တောက်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူက ရှေ့သို့ ခြေလှမ်းသည်။ သူ့ပတ်လည်ရှိ ဝတ်ရုံနက်က အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပေါက်ကွဲထွက်လေသည်။ ဝမ်လင်းက ထိုတိမ်တိုက်နက်နှင့် တသားတည်း ဖြစ်သွားပြီး သူသည် ချိန်းကြိုးများဖြင့် ပိတ်လှောင်ထားသော အရူးထံ ဦးတည်လေသည်။
“သင် သူ့ကို သတ်၊ ဒါမှမဟုတ် ချိုးနှိမ်လိုက်ပါ။ ဒါဆိုရင် ကျုပ်တို့ သဘောတူညီမှု ဆက်ရှိမယ်…”
ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာရင်း ဝမ်လင်း၏ သွေးကျိန်ဆိုခြင်း ပါဝင်သော သွေးစက်သည် သွေးမြူအဖြစ်သို့ ပေါက်ကွဲထွက်သည်။ ထိုသွေးမြူက ပလ္လင်နှင့် အင်ပါယာဆရာသခင်ကို ဝန်းရံခြုံလွှမ်းသွားသည်။
ထိုသွေး ပေါက်ကွဲထွက်လာချိန်၌ ၎င်းက အင်ပါယာဆရာသခင်ကို ဝမ်လင်း၏အော်ရာဖြင့် ထွေးခြုံသွားစေသည်။ ထိုအော်ရာသည် အလွန်အားကောင်းသဖြင့် တစုံတစ်ယောက်ကို အတုနှင့်အစစ်ကြား ခွဲခြား ထောက်လှမ်းနိုင်ဖို့ အတော်လေး ခက်စေပေမည်။
ခုလက်ရှိတွင် ဝမ်လင်းက သူ့ကိုယ်သူ ဆံနက်ဝမ်လင်းအဖြစ် မြူအတွင်း၌ ပုန်းကွယ်နေသည်။ ထို့ကြောင့် သူ၏အော်ရာမှာ လုံးဝ ကွယ်ဝှက်နေသည်။ အသိစိတ် ဆုံးရှုံးနေသော မန်တောက်က ချက်ခြင်းပင် အင်ပါယာဆရာသခင် ပတ်လည်ရှိ သွေးမြူထံမှ ဝမ်လင်း၏အော်ရာကို ခံစားမိ၏။ ထိုအော်ရာကို သူက အရိုးထဲကနေကို မုန်းတီးနေတာ မဟုတ်ပါလား။
တုံ့နှေးမနေဘဲ သူက ဦးတည်ရာ ချက်ခြင်း ပြောင်းသွား၏။ သူ၏မျက်လုံးက ချင်းချင်းနီရဲနေပြီး သူက အင်ပါယာဆရာသခင်ထံ တိုးဝင်လာတော့သည်။
မန်တောက်က စူးစူးဝါးဝါးအော်ဟစ်ကာ ရောက်ရှိလာပြီး အင်ပါယာဆရာသခင်၏ ရှေ့ဖြစ်ကြည့်ခြင်းကို နှောက်ယှက်သွား၏။ အင်ပါယာဆရာသခင်က သူ့ပတ်လည်ရှိ သွေးမြူကို ကြည့်ကာ အဖြေကို ခန့်မှန်းမိသွားပြီဖြစ်၍ ရှေ့ဖြစ်ကြည့်နေရန် မလိုတော့ပေ။ သူ့မျက်လုံးထဲ၌ ရက်စက်လိုမှု လင်းလက်သွားကာ သူ့လက်ဖဝါးပေါ်ရှိ လူသေးလေးက ပျံသန်းထွက်လာသည်။ ၎င်းက ချက်ခြင်းပင် အစစ်အမှန်လူတစ်ယောက်အနေထားသို့ ပြောင်းကာ မန်တောက်ထံ လက်ညွှန်လိုက်လေ၏။
အဆုံးထိ ဝမ်လင်းသည် အင်ပါယာဆရာသခင်၏ စကားများကို မယုံကြည်ပေ။ သူ အင်ပါယာဆရာသခင်နှင့် စကားစမြည် ပြောခဲ့သည့် အကြောင်းရင်းမှာ အရူးကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုရှာရန်သာ ဖြစ်၏။ အင်ပါယာဆရာသခင်၏ စွမ်းအားက ထူးခြားပေ၏။ သူသာ ဝမ်လင်းကို ရပ်တန့်ဖို့ ကြိုးစားပါက ဝမ်လင်းသည် အရူးကို ကယ်တင်နိုင်ဖို့ ခက်ပေလိမ့်မည်။
ထို့အတွက်ကြောင့် သူက ဦးဆုံး မန်တောက်၏ စိတ်မှာ ဆုံးရှုံးသွားပြီ ဟူသော အကြောင်းကို ရအောင် လုပ်ခဲ့ပေ၏။ ထို့နောက် အင်ပါယာဆရာသခင် သတိမပြုမိခင် သူ၏အော်ရာပါဝင်သော သွေးကျိန်ဆိုမှုတစ်ခုကိုပါ ပြုလုပ်ထားခဲ့၏။ သူသည် အင်ပါယာဆရာသခင် သံသယများ ရှိမည်ကို မပူပန်ပေ။ အကြောင်းမှာ တကယ်တော့ ဤသည်မှာ ပိုင်ရှင်၏ အော်ရာ ပါဝင်သော သာမန်သွေးကျိန်ဆိုမှုတစ်ခု မဟုတ်လား။
အချိန် ကုန်လွန်လာနေရင်း အင်ပါယာဆရာသခင်သည် အကြိမ်ကြိမ် စိုးရိမ်ပန်ဟန် ဖြစ်ပေါ်နေ၏။ ဝမ်လင်းသည် သွေးကျိန်ဆိုမှုကို အင်ပါယာဆရာသခင်၏ အနီးအနားတွင် ရှိစေခဲ့ပြီးနောက် သူသည် ထိုသူ့ကို စဉ်းစားချိန် မပေးဘဲ သဘောတူခဲ့တာ ဖြစ်၏။
အင်ပါယာဆရာသခင်သည် အတော်လေး ပူပန်တကြီး ဖြစ်နေသည်။ အချိန်တော်တော် ကုန်လာသည်။ ဝမ်လင်း သဘောတူလိုက်သည်နှင့် အင်ပါယာဆရာသခင်က သွေးကို သံသယမဝင်ခဲ့ပေ။ သူသည် ၎င်းကို ရှေ့ဖြစ်လည်း မကြည့်ခဲ့ပေ။ သူက ဝမ်လင်းထံ စွမ်းအားလွှဲပြောင်းပေးဖို့၌သာ အာရုံစိုက်ထားခဲ့၏။
ဝမ်လင်းသည် ဒီအစီအရင်ကို တည်ငြိမ်စွာ လုပ်ဆောင်ခဲ့တာပင်။ မန်တောက်က သူ့ကြောင့် နိုးထလာသည်နှင့် ခုလိုမျိုး ဖြစ်ပွာလာခဲ့တာ ဖြစ်၏။
ကောင်းကင်ဘုံဘိုးဘေး၏ အမွေအနှစ်ဆိုသည့်အရာ၊ အင်ပါယာဆရာသခင်၏ ကလန်ကို ကယ်တင်ပေးရမည့် ဟူသည့် အရာကာ အဘယ်နည်း။ ဝမ်လင်းသည် ထိုသို့သော အရာများကို စိတ်မဝင်စားပေ။ သူသည် ခုလက်ရှိ၌ ဆံနက်ဝမ်လင်း ဖြစ်၏။ သေခြင်းနှင့်ဖျက်စီးခြင်းကို ကိုယ်စားပြုသူတည်း။ သူက ထိုသို့သော အရာများကို အဘယ်သို့ အရေးစိုက်နေပါ့မည်နည်း။
သူ ဆံပင်နက်ဝမ်လင်းအဖြစ်သို့ ပြောင်းခဲ့သော တခုတည်းသော အကြောင်းရင်းကာ အရူးကို ကယ်တင်ဖို့ပင်။
သူသည် အနက်ရောင်မြူအဖြစ်သို့ ပြောင်းထား၏။ အင်ပါယာဆရာသခင်ကနှင့် မန်တောက်တို့ တိုက်ခိုက်နေကြစဉ် သူသည် အထက်ရှိ ချိန်းကြိုးများထံ ဦးတည်ဝင်လာသည်။ အနက်ရောင်မြူက ချိန်းကြိုးများကို ဝန်းရံကာ သူ အရူးကို ကယ်တင်တော့မည့် အချိန်တွင် အရူး၏ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းမှာ နန်းတော်ရှိ ကောင်းကင်ဘုံဘိုးဘေးရုပ်တုမှ ရွှေရောင်အလင်းနှင့် အတူတူပင်။
ထိုအလင်းအောက်တွင် သူ့စိတ်နှလုံးကို တုန်ယင်စေသော စွမ်းအား၊ သူ၏သတ်ဖြတ်သူပင် မခုခံနိုင်သော စွမ်းအားတစ်ခုက ပျံ့လွင့်လာ၏။ ယင်းရွှေရောင်အလင်းက အနက်ရောင်မြူနှင့် ထိမိသွားချိန်တွင် အနက်ရောင်မြူသည် စတင် လွင့်ကွယ်လာသည်။ ထိုမြူသည် အမျှင်တန်းများအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ခန္ဓာကိုယ်မှ အတင်းအကြပ် ထိုးထွက်ကုန်သည်။
ထိုရွှေရောင်အလင်းအောက်တွင် ဆံနက်ဝမ်လင်းကို အနက်ရောင်အခိုးငွေ့များက ဝန်းရံထား၏။ ထိုအခိုးအငွေ့များ ပေါ်လာသည့်အခါ ၎င်းသည် သိသိသာသာ လွင့်ကွယ်ပျောက်သည်။ ဝမ်လင်း၏စိတ်ဝိညာဉ်မှ စူးနစ်သော နာကျင်မှု ဖြစ်ပေါ်ကာ သူ၏ခန္ဓာကိုယ်ကို ထွေးခြုံသည်။ သို့အတွက် သူသည် အရူးနားသို့ မကပ်နိုင် ဖြစ်ရသည်။
ရုတ်တရက် သူနောက်ဆုတ်၏။ သို့သော် ထိုရွှေရောင်အလင်းအောက်တွင် သူ့ဆံပင်တို့က လျင်မြန်စွာ ပြောင်းလဲ၏။ ပေရာချီလောက် ဆုတ်လိုက်ရပြီးနောက် သူ့ဆံပင်နက်တို့ လွင့်ပျောက်ကာ ဆံပင်ဖြူတို့ အစားထိုးသွား၏။
ထိုစွမ်းအားက ဝမ်လင်းကို ဆံနက်သတ်ဖြတ်သူကနေ ဆံဖြူကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြန်ပြောင်းလဲသွားစေ၏။ သူ၏ဆံပင်တို့ပင် အနက်ရောင် မဟုတ်တော့။ ထိုရွှေရောင်အလင်းကြောင့် သူသည် သွေးအန်လိုက်ရသေးသည်။ သူ၏မျက်လုံးသူငယ်အိမ် ကြုံ့သွားမိ၏။ သူသည် အရူးပတ်လည်ရှိ ချိန်းကြိုးများကို တုန်လှုပ်ဟန်ဖြင့် စိုက်ကြည့်နေသည်။
“ဒါ…ဒါက ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်လား။ ကောင်းကင်ဘုံအင်ပါယာက မန်တောက်ကို ရွေးချယ်ခဲ့တာလား။ ဒါမှမဟုတ် သူ့ညီငယ်တောက်ဖေကိုလား…”
ဝမ်လင်းသည် နောက်ဆုတ်နေစဉ် အင်ပါယာဆရာသခင်က ဩဇာအင်ပါယာမန်တောက်ထံ လက်ညွှန်၏။ ထိုအခါ မန်တောက်သည် နောက်သို့ လွင့်သွားရသည်။
သို့သော် နောက်ဆုတ်သွားသော မန်တောက်က ဟိန်းအော်သံ ပြုကာ သူ၏အသားအရေသည် မြန်သောနှုန်းဖြင့် ဆွေးမြေ့လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပေါ်လာ၏။ အသားအရေ ဆွေးမြေ့နေစဉ် ထိုဒဏ်ရာများထံမှ ရွှေရောင်အလင်း ထွန်းတောက်လာသည်။
ဤသည်က သူ၏၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းဖြင့် ခြုံလွှမ်းသွားစေသည်။ ထိုရွှေရောင်အလင်းသည် ဝမ်လင်းကို ဆံဖြူအဖြစ်သို့ ပြန်ပြောင်းစေခဲ့သော ရွှေရောင်အလင်းထက် အားမနည်းပေ။
ထိုရွှေရောင်အလင်း ထွက်ပေါ်လာမှုက ဝမ်လင်း၏ ပြီးခဲ့သော ထင်မြင်ချက်များကို ပြန်သံသယ ဝင်လာစေတော့သည်။ ယင်းအလင်းက ကောင်းကင်ဘုံအင်ပါယာသည် အရူးကို ရွေးချယ်ခဲ့လား၊ သို့မတည်းမဟုတ် မန်တောက်ကို ရွေးချယ်ခဲ့လားကို ဝေခွဲမရ ဖြစ်စေသည်။
“ဝမ်လင်း…မင်း ချိန်းကြိုးကို လှုပ်ရှားစေလိုက်ပြီ။ ဒါ့ကြောင့် ကောင်းကင်ဘုံအင်ပါယာက သိနေပြီ။ သူ ဒီကို အချိန်မရွေး လာနိုင်တယ်။ မြန်မြန်…မန်တောက်ကို ဖိနှိပ်ဖို့ ငါ့ကို ကူညီပါ။ ဒါမှသာ ငါ သူ့စွမ်းအားကို မင်းရှိ ပြောင်းပေးနိုင်မှာ…”
အင်ပါယာဆရာသခင်၏ မျက်နှာက ဖြူရောနေ၏။ သူသည် သလင်းကျောက် ဆုံးရှုံးထားပြီ ဖြစ်၍ သူ့ထံ၌ အချိန်သိပ်မကျန်တော့ပေ။ သူ၏စကားတို့က ပူပန်စိုးရိမ်မှု ပြည့်နေသည်။ သည်အခိုက်၌ သူသည် ဝမ်လင်း၏အစောပိုင်းတုန်းက အကြံအစည်နှင့် ပတ်သတ်၍ အရေးစိုက်မနေနိုင်တော့ပေ။
မန်တောက်၏ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းဖြင့် ပြည့်ဖုံးနေသည်။ သို့သော် ထိုပျက်စီးယိုယွင်းမှုက မရပ်တန့်ပေ။ ၎င်းက ပိုပြင်းထန်လာသလို ရွှေရောင်အလင်းကလည်း ပိုအားကောင်းလာတော့သည်။ ပျက်စီးဆွေးမြေ့သော အသွေးအသားပိုင်းတို့က ပြုတ်ကျလာ၏။ သူသည် အဆုံးမရှိ နာကျင်မှုကို ခံစားနေရသည့်အလား။ သူ၏မျက်လုံးသည် ဝေဝါးနေကာ ရူးသွပ်မှုတစ်ခုသာ ရှိသည်။ သူသည် မာန်သွင်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။
သူသည် တိုးဝင်လာရင်း မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပေ။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းသည် သူ၏ အကောင်းဆုံးမန္တာန်နှင့်ရတနာ မဟုတ်လား။ ဝမ်လင်းသည် သူ့အား ဖျက်စီးဖို့ နေမင်းတစင်း အရှိန်အဟုန်နှင့် တိုးဝင်လာသလိုမျိုး ခံစားရသည်။
ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွား၏။ သူက စိတ်ဝိညာဉ်ချပ်ဝတ်ကို အသက်သွင်းကာ နောက်ဆုတ်သည်။ ခုခါ၌ သူသည် သူ့စွမ်းအားပြည့်ကို အသုံးပြုနေ၏။ နေသာသောမန္တာန်က သူ့ဘယ်လက်တွင် ပေါ်လာ၏။ ရှေးတောက်၊ကောင်းကင်ဘုံသားမရှိ ဟူသော မန္တာန်ကတော့ သူ့ညာလက်တွင် ပေါ်လာသည်။
ဤသည်မှာ သူ၏အစွမ်းထက်ဆုံးမန္တာန်နှစ်ခုပင်။ သူသည် ၎င်းတို့နှင့်အတူ မန်တောက်ကို ထိုးနှက်လာသည်။
တချိန်တည်းမှာ အင်ပါယာဆရာသခင်ကလည်း လေထဲသို့ ခုန်တက်၏။ သူသည် ပထမဆုံးအကြိမ်အဖြစ် ပလ္လင်ထံမှ ထွက်ခွာလာသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ အဖြူရောင်ပုံရိပ်ကိုးခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်ကိုးခုသည် လက်ချောင်းကိုးခုအဖြစ်သို့ ပြောင်းကာ မန်တောက်ထံ တရကြမ်း တိုးဝင်သွားသည်။
တုန်ဟည်းသံ ပဲ့တင်ထပ်နေရင်း ဝမ်လင်းသည် ရလဒ်ကို မမြင်နိုင်ခင်မှာပင် နန်းတော်အပြင်ဘက်မှ ဒေါသတကြီးအသံတစ်သံ ထွက်ပေါ်လာတော့သည်။ နန်းတော်တစ်ခုလုံးသည် အပြင်းအထန် တုန်ခါလှုပ်ယမ်းသွားပြီး နန်းတော်ထိပ်ပိုင်းသည် ပျက်စီးသွားသည်။ ဟင်းလင်းပြင်ကို ဖြတ်သန်းလာသော ရွှေရောင်လက်ဝါးကြီးတစ်ခုက သူတို့ပေါ်သို့ သက်ဆင်းလာချေသည်။
“ရှန်းရွှမ်တောက်….မင်းက ဒီအင်ပါယာကို သစ္စာဖောက်ရဲတာလား…”
ထိုရွှေရောင်လက်ဝါး၌ မဟာအင်ပါယာတစ်ယောက်၏ အဖျက်အစီးအားတစ်ခု ပါဝင်ပေသည်။ ၎င်း ပေါ်လာသည့်နောက် ၎င်းသည် မန်တောက်နှင့်အရူးတို့ထံမှ ရွှေရောင်အလင်းကို ချက်ခြင်း စုပ်ယူသည်။ ထိုစွမ်းအားအားလုံးက အတူတကွ စုဝေးသွားချိန်၌ နန်းတော်တစ်ခုလုံးသည် တုန်ခါလေသည်။
အင်ပါယာဆရာသခင်၏ မျက်နှာက ချက်ခြင်း ဖြူရောသွား၏။ ထိုလက်ဝါး နီးကပ်လာသည့်အခါ သူသည် ချက်ခြင်း အော်ဟစ်လိုက်သည်။
“ဝမ်လင်း…ရေကန်ထဲသွား…” သူသည် ထိုစကားတခွန်းကိုသာ ပြောဖို့ အချိန်မီလိုက်၏။ ထို့နောက် သူက အောက်ဘက်ရှိ ရေကန်ထံ တရကြမ်း ပြေးဝင်လေသည်။
ဝမ်လင်းသည် တုံ့ဆိုင်းနေ၏။ သူက အံတင်းတင်းကြိတ်လိုက်ပြီးနောက် ရေကန်ထံ ဦးတည်ဝင်ရောက်သည်။ သူ ရေကန်ထဲ ဝင်ရောက်လာသည့်အခါ အင်ပါယာဆရာသခင်က မန္တာန်အချို့ကို အသုံးပြုသည်။ ထိုအခါ ရေကန်သည် ဆူပွက်လာကာ ဝဲကတော့အသွင်သို့ ပြောင်းပြီးနောက် ပျက်စီးလေသည်။ သည်နန်းတော်၏ အောက်တွင် နောက်ထပ် ပုန်းကွယ်နေသော ဟင်းလင်းပြင်နေရာတစ်ခု ရှိနေသေးသည်။
ကောင်းကင်က သွေးရေကန်ကဲ့သို့ သွေးရောင် ရှိနေသည်။ ထိုအခိုက်တွင် ယင်းကောင်းကင်တွင် အက်ကြောင်းတစ်ခု ပွင့်ဟလကာ လှိုင်းဂယက်များထပြီး ဝမ်လင်းနှင့် အင်ပါယာဆရာသခင်တို့ ပြုတ်ကျလာသည်။ ရွှေရောင်လက်ဝါးနှင့် မန်တောက်၏ပုံရိပ်တို့ကလည်း သူတို့နောက်မှ လိုက်ပါလာသည်။
မြေပြင်ထက်တွင် ဆန်းကြယ်သည့် တောင်တန်းကိုးခု ရှိနေ၏။
တောင်တန်းကိုးခုထဲမှ တစ်ခုသည် ဦးခေါင်းခွံအသွင်ပုံစံ ရှိ၏။ ထိုဦးခေါင်းခွံသည် ကောင်းကင်သို့ ကြည့်နေပြီး ၎င်းက ကောင်းကင်ဘုံဘိုးဘေးနှင့် တူသည်။
တောင်အသွင်ပြောင်းလဲနေသည့် ဦးခေါင်းခွံတစ်ခု။