← Chapters

ရိုင်းပျခြင်း…

Vol. 148 Ch. 2049

ရိုင်းပျခြင်း…

Vol. 148 Ch. 2049

ဝမ်လင်း၏ ထွက်ပေါ်လာမှု၊ သူ၏ တည်ငြိမ်သော အပြုအမူ၊ သူ့စကားတို့က လူတိုင်းကို ငြိမ်သက်သွားစေသည်။

မဟာအင်ပါယာကျိုးသဲ၏ အမူအရာက သုန်မှုန်နေ၏။ သူသည် သူ့ခန္ဓာကိုယ်တွင်း၌ လောင်ကျွမ်းဆုတ်ဖြဲသည့်အားနှင့် နာကျင်မှုကို ခံစားနေရသည်။ သို့သော် သူက ၎င်းကို သူ့အစွမ်းထက်ကျင့်ကြံမှုဖြင့် ဖိနှိပ်ထား၏။ သူသည် ဝမ်လင်းကို စိုက်ကြည့်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အပြည့် ပေါ်လာ၏။

သူသည်လည်း အရာအားလုံးကို တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် သူသည် ကောင်းကင်ဘုံအင်ပါယာက သူ့မဟာအင်ပါယာခန္ဓာကိုယ်ကို လက်လွှတ်ကာ ဖောက်ခွဲပစ်ရန် ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ထိုမျှက အဆင်ပြေသေးသည်။ ကောင်းကင်ဘုံအင်ပါယာသည် ပေါက်ကွဲသွားသော်လည်း ဦးခေါင်းမှာ ပွင့်ထွက်သွားခဲ့သည် မဟုတ်လား။ ရှေးဘိုးဘေးကျိန်စာက သူ့တို့ကြား၌ ပြန့်ကြဲသွားသဖြင့် ကြီးကြီးမားမား မဖြစ်စေတော့ပေ။ သူတို့က တယောက်နှင့်တယောက် တိုက်ခိုက်ရန်လည်း အကြောင်းပြချက် ရှိမနေပေ။ ထို့ကြောင့် သူတို့သည် ဒီကျိန်စာကို ပိုဆိုးဝါးစေလိမ့်မည် မဟုတ်တော့ပေ။ သူတို့က သူတို့လိုအပ်သော အရာတို့ကို ယူကာ တံခါးပိတ်ကျင့်ကြံပြီး သည်ကျိန်စာကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်သည်။

သို့ပေမည့်လည်း ကျိုးသဲ၏ တွက်ချက်မှုက ဝမ်လင်း အသက်ရှင်နေသည့်အခါ ထပ်မှားသွားပြန်၏။

ဝမ်လင်းက မသေသည့်အပြင် ကျင့်ကြံမှုအဆင့်ပါ တိုးတက်လာပုံ ရ၏။ ထို့အပြင် သူက လက်ဦးမှုလည်း ယူထားလေပြီ။ ခုခါ၌ သူတို့သည် ကျိန်စာသင့်ခံထားရသည်ဖြစ်၍ ခံဘက်အနေအထားသို့ ရောက်နေရသည်။

သိပ်မဝေးသော နေရာရှိ မဟာအင်ပါယာဝူဖန်၏ မျက်နှာမှာ အိုမင်းရင့်ရော်လာ၏။ သူ၏မျက်လုံးတို့က မှိန်ဖျော့နေသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်သည်။

အနက်ရောင်အခိုးငွေ့များ ဖုံးလွှမ်းနေသော မဟာအင်ပါယာတောက်ရီသည် ကျိန်စာ သူ့ခန္ဓာကိုယ်ထဲ၌ ပျော်ဝင်ဖို့ ကြိုးစားနေသည်ကို တောင့်ခံထားရင်း နာကျင်မှု ပြည့်နှက်နေသည်။ ခုခါ၌ ဝမ်လင်း ပေါ်လာသည့်အခါ သူသည် နာကျင်မှုနှင့်အတူ အန္တရာယ်ကိုပါ ခံစားမိလိုက်သည်။

ထို့အပြင် သူသည် ဒေါသလည်း ထွက်နေမိ၏။ ပုရွတ်ဆိတ်တစ်ကောင် ခြင်္သေ့တွေကို လာအံတုဝံ့နေသည် မဟုတ်လား။

“မောက်မာလိုက်တာ။ မင်း သေချင်နေတာပဲ…”  တောက်ရီက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ မဟာအင်ပါယာများကြား၌ သူက အားအနည်းဆုံး ဖြစ်ပြီး အခုအခါတွင် ရှေးဘိုးဘေးကျိန်စာလည်း သင့်နေသဖြင့် သူသည် များများစားစား စဉ်းစားနေဖို့ အချိန်မရှိချေ။ ဝမ်လင်းသည် ဩဇာအင်ပါယာများကြား၌ နံပါတ်တစ် ဖြစ်နေလျှင်ပင် သူသည် ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်နေသေးသည် မဟုတ်လား။

ထိုသို့ ဆိုရင်း တောက်ရီက သူ့နာကျင်မှုကို သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းကာ ဝမ်လင်းထံ တရကြမ်း တိုးလာ၏။ သူ နီးကပ်လာစဉ် သူ့ ညာလက်ကို ပင့်မြှောက်ကာ အနက်ရောင်အခိုးအငွေ့တို့က ၎င်းအား ဝန်းရံသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုတည်း။

ထိုလက်ဝါးချက် ကျဆင်းလာကာ လောကသည် တသားတည်း ပေါင်းစပ်သွားသည့်နှယ် ရပ်တန့်သွားဟန် ထင်ရပြီး ဝမ်လင်းထံ သက်ဆင်းလာ၏။

ဆံနက်ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်၏။ သူ၏အကြည့်တွင် မထူးခြားနားမှုတို့ ပြည့်နေသည်။ ယင်းလက်ဝါးချက် ကျဆင်းလာသည့်အခါ သူသည် အရူးကို အောက်သို့ ချကာ လက်ဝေ့ယမ်းသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အနက်ရောင်သတ်ဖြတ်ခြင်းမိုးကြိုးက ဝမ်လင်းရှေ့တွင် ပိုက်ကွန်သဖွယ် ဖွဲ့စည်းသည်။

ထိုပိုက်ကွန် ပေါ်လာသည့်အခါ၌ ဝမ်လင်း၏ဆံနက်တို့က လေမတိုက်ပါဘဲ လှုပ်ရှားလေ၏။ သတ်ဖြတ်ခြင်းနှင့်ဖျက်စီးခြင်းအော်ရာက သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာ၏။ သည်အခါတွင် ဝမ်လင်းသည် သတ်ဖြတ်ခြင်းနှင့် ဖျက်စီးခြင်းတို့၏ စိတ်ဝိညာဉ်လေအလား။

သတ်ဖြတ်သူ ပေါ်လာသည့်အခါ အဆုံးသပ်အချိန်တည်း။

မိုးကြိုးနက်ပိုက်ကွန်တွင် သတ်ဖြတ်အားအဖျက်အစီး ပါဝင်ပေ၏။ ၎င်းက ချက်ခြင်းပင် တောက်ရီ၏လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။

ဝုန်းဒိုင်းကြဲအသံများ ပဲ့တင်ထပ်ကာ မိုးကြိုးပိုက်ကွန် ပျက်စီးသွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ မရေမတွက်နိုင်သော အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ကွဲထွက်သွား၏။ သူသည် ချက်ခြင်းပင် ၎င်းကို ပြန်သိပ်သည်းစေ၏။ သူ၏မျက်လုံးကမူ အေးစက်ကာ မထူးခြားနားခြင်းနှင့် ပြည့်နေဆဲပင်။

သတ်ဖြတ်သူမှာ ဖျက်စီး၍ မရနိုင်ပေ။

တောက်ရီသည် မဟာအင်ပါယာတစ်ပါး ဖြစ်သော်လည်း ခုခါ၌ သူသည် ရှေးဘိုးဘေးကျိန်စာ သင့်ခံထားရ၏။ ထို့အတွက် သူသည် သူ့စွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။

တောက်ရီ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်လာ၏။ သူက ချက်ခြင်းပင် မိုးကြိုးပိုက်ကွန်ထံမှ ထူးခြားသောအော်ရာကို ခံစားမိ၏။ ယင်းအော်ရာက သူ၏ခန္ဓာကိုယ်တွင်း၌ စတင်သောင်းကြမ်းလာကာ သူသည် ၎င်းကို မပယ်ဖျက်နိုင် ဖြစ်ရသည်။ ထို့အပြင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာပြီးနောက် မဟာအင်ပါယာအဆင့် မဟုတ်သူတစ်ယောက်ကြောင့် ပထမဆုံးအကြိမ်အဖြစ် နောက်လွင့်ထွက်သွားရသည်။

သူသည် ထိုခံစားချက်ကို မေ့လုနီးနီး ဖြစ်နေပေပြီ။ သူက မယုံကြည်နိုင်စွာ ဖြစ်နေ၏။ သတ်ဖြတ်သူအော်ရာက သူ၏ခန္ဓာကိုယ်တွင်းရှိ ကျိန်စာကိုပါ ပို၍ ပြင်းထန်သွားစေသည်။ သူ့မျက်နှာထက်ရှိ အသွေးအသားတို့မှာ အပိုင်းလိုက် ကွာကျသည်။

ရှေးဘိုးဘေးကျိန်စာ စွမ်းအားက သာ၍ ပြင်းထန်လာသည်။

“မင်း…မင်း…”  တောက်ရီ ထိုသို့ ပြောနေစဉ် သူ့၏စကားသံတို့ပင် နာကျင်မှုကြောင့် ဝူးဝူးဝါးဝါး ဖြစ်လာသည်။ ဩဇာအင်ပါယာတစ်ယောက်သာ ဖြစ်နေပါက ယင်းသို့သော နာကျင်မှုကြောင့် ကွယ်ပျောက်သေဆုံးနေလောက်ပေပြီ။

ဝမ်လင်းက လက်ဝေ့ယမ်းကာ ဖြည်းဖြည်းချင်း ပြော၏။ “တောက်ရီ…သင် ဆက်ပြီး တိုက်ခိုက်ချင်သေးတယ်ဆိုရင် ရှေးဘိုးဘေးကျိန်စာက ပိုပြီး စိုးလာမှာကို ငါ့ ကြည့်ဖို့ စိတ်ထဲထားမှာ မဟုတ်ဘူး…”

တောက်ရီက ဝမ်လင်းကို ကြည့်၏။ သို့သော် စကားမဆိုပေ။ ပထမဆုံးအကြိမ်အဖြစ် သူသည် သူ ကိုယ်တိုင်မယုံကြည်မိသော အကြောက်တရားကို ခံစားမိ၏။ သူ့မျက်နှာထက်ရှိ အသွေးအသားတို့က ဆွေးမြေ့ကွာကျလာနေသည်။ သူသည် အတိတ်ကလို ချောမောသောဟန်ပန် မရှိတော့ပေ။

ကျိုးသဲ၏အမူအရာက သုန်မှုန်နေ၏။ သူ့အကြည့်က ဝမ်လင်းပေါ် ကျရောက်နေသည်။

“ဝမ်လင်း…ဒီအဘိုးအိုက မင်းကို အထင်ထပ်သေးမိတာ ဝန်ခံပါတယ်။ မင်းအနေနဲ့ ခုထိ ပုန်းနေပြီး အရေးတကြီး အခိုက်အတန့်မှ ထွက်ပေါ်လာခဲ့တာပဲ။ ဒီအဘိုးအိုက မင်းကို လေးစားမိပါတယ်…”

“ဒါပေမဲ့လည်း မင်းအနေနဲ့ ငါတို့က ကျိန်စာကို ရင်ဆိုင်နေရတဲ့အတွက် ကောင်းကင်ဘုံဘိုးဘေးကို မင်း ယူဆောင်သွားနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ဒါ မဖြစ်နိုင်ဘူး…”

“ဝမ်လင်း…မင်းက လူတော်ပါ။ ဒီအဘိုးအိုက တကယ်ပဲ မလှုပ်ရှားချင်ဘူး။ ငါ လှုပ်ရှားရင် ကျိန်စာက ပိုဆိုးသွားလိမ့်မယ်။ ဒါပေမဲ့ ငါ့ကို ဖိအားမပေးနဲ့။ ဦးခေါင်းကို လက်လွှဲပေး။ ငါ မင်းကို ဒီနေရာကနေ ဘေးကင်းကင်း ထွက်သွားခွင့် ပြုလိုက်မယ်။ ငါတို့က မင်းကို အနာဂတ်မှာလည်း နာကျင်အောင် မလုပ်ဖူးလို့ ကျိန်ဆိုပေးမယ်။ မင်း မဟာအင်ပါယာတစ်ယောက် ဖြစ်လာအောင်ပါ ကူညီပေးအုံးမယ်။ ဒါတောင်မှ မင်း လောဘကြီးနေအုံးမယ်ဆိုရင်တော့ ဒီနေရာဟာ မင်းရဲ့ သင်္ချိင်း ဖြစ်သွားစေရမယ်…”

ကျိုးသဲက ဝမ်လင်းကို ကြည့်ကာ တည်ငြိမ်စွာ ဆို၏။

“ကန်းနီဟာ ခုချိန်မှာ အတော့်ကို အားနည်းနေတယ်။ ဒါ့ကြောင့် သူမဟာ ဒီအဘိုးအိုရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါ့အပြင် ဝူဖန်နဲ့ တောက်ရီလည်း ရှိသေးတယ်။ သူတို့က စွမ်းအားအပြည့် မထုတ်သုံးနိုင်ဘူးဆိုရင်တောင် ကန်းနီကိုတော့ အချိန်နည်းနည်း ဆွဲထားနိုင်သေးတယ်…”

“ဒါ့အပြင် တောက်ရီကလန်ရဲ့ အင်ပါယာဆရာသခင်ဟိုင်းဇီလည်း ဒီမှာ ရှိနေသေးတယ်။ ဝမ်လင်း…မင်း ကိုယ့်သေလမ်းကိုယ် မရှာချင်နဲ့။ ထပ်ပြောရရင် ဘယ်မဟာအင်ပါယာမဆို မင်းကို ခြေမွပစ်ဖို့ မဟာအင်ပါယာစွမ်းအားအချို့ကို လောင်ကျွမ်းပစ်နိုင်သေးတယ်…”

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူ၏အကြည့်က လူတိုင်းထံ ဝေ့ခတ်ကျရောက်သွားသည်။

တချိန်တည်းမှာ မဟာအင်ပါယာကန်းနီက လှုပ်ရှားလာကာ ဝမ်လင်းဘေးသို့ ရောက်လာ၏။ သူမ၏မျက်နှာက ချက်ခြင်း ဖြူရောသွားပြီး ခရမ်းရောင်အလင်းက သူမကို ဝန်းရံထားသည်။ သူမ၏ခန္ဓာကိုယ်သည် ပျော်ဝင်သွားဟန် ထင်ရကာ မိန်းကလေးငယ်နှစ်ယောက်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။

ထိုမိန်းကလေးငယ်နှစ်ယောက်၏ မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူတို့က အလွန်အားနည်းနေသည်။ သူတို့သည် တယောက်တည်းအဖြစ်သို့ ပေါင်းစည်းရန် တန်ဖိုးကြီးကြီးမားမား ပေးရန် လိုအပ်သည့်ပုံပင်။

ဝမ်လင်းက တုံ့နှေးမနေပါ။ သူတို့ သူ့ဘေးရောက်လာသည်နှင့် သူ့ညာခြေကို ပင့်မြှောက်ကာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းပေါ် ခြေဆောင့်ချလိုက်သည်။ ထိုဦးခေါင်းသည် တုန်ယင်သွား၏။ ယင်းဦးခေါင်းထံမှ ရွှေရောင်အလင်း ဖုံးလွှမ်းနေသော မျက်လုံးတစုံ လွင့်ထွက်လာသည်။

ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်း၌ ရှေးဘိုးဘေးကျိန်စာ ရှိနေပေသည်။ သို့သော် ထိုကျိန်စာကို ကောင်းကင်ဘုံအင်ပါယာနှင့် တခြားသူများက ချိုးဖျက်ခဲ့ပြီး ဖြစ်၏။ ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို သိမ်းဆည်းခဲ့ချိန်တည်းက သူသည် ထိုသည်ကို သိရှိထားပြီး ကျိန်စာနှင့် ပတ်သတ်၍ စိတ်မပူတော့ပေ။

ကောင်းကင်ဘုံဘိုးဘေး၏မျက်လုံးသည် တသားတည်းအဖြစ် အသုံးချနိုင်၏။ ယင်းတို့သည် ပျံသန်းထွက်လာသည့်အခါ မိန်းကလေးငယ်နှစ်ယောက်သည် ချက်ခြင်း ဖမ်းယူသည်။

“ဒီမျက်လုံးတစုံက မဟာအင်ပါယာကန်းနီအတွက် အသုံးဝင်မှတော့ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။ သင့် အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်…”

ဝမ်လင်းက ထိုသို့ ပြောနေစဉ် ကျိုးသဲ၏အမူအရာက သုန်မှုန်နေ၏။ သူသည် မာန်သွင်းကာ ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာတော့သည်။

တောက်ရီ၏မျက်လုံးသည် ချင်းချင်းနီရြနေ၏။ သူသည်လည်း အနက်ရောင်အခိုးငွေ့များ ဖုံးလွှမ်းခံထားလျက်ဖြင့် တရကြမ်း တိုးဝင်လာသည်။

“ဝူဖန်၊ ဟိုင်းဇီ…တိုက်ခိုက်ကြ…”  ကျိုးသဲက အတော်လေး မကျေမချမ်း ကသိကအောက် ဖြစ်နေ၏။ သူသည် နှစ်ပေါင်းရှည်ကြားလွန်းစွာ နေထိုင်ခဲ့သော မဟာအင်ပါယာတစ်ယောက် ဖြစ်၏။ သို့သော် ခုခါတွင်မူ သူသည် တခြားသူများကို အကူအညီတောင်းခံနေရသည်။ ဤသည်က သူ့အတွက် အရှက်ရစေသည်။

“ဒီကောင်လေးကို အသက်ရှင်ခွင့် ပေးလို့မရဘူး…”  ကျိုးသဲသည် သတ်ဖြတ်လိုစိတ် ပြည့်နေ၏။ သူ နီးကပ်လာစဉ် မိန်းကလေးနှစ်ယောက်အသွင် ပြန်ပြောင်းလဲနေသော မဟာအင်ပါယာကန်းနီက မျက်လုံးတစ်လုံးစီကို ကိုင်ထား၏။ သူတို့၏မျက်နှာများက ဖြူရောနေသောလည်း သူတို့၏အကြည့်ကမူ ပြတ်သား၏။ သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်သွားကာ အစစ်အမှန်ကန်းနီအဖြစ်သို့ ပေါင်းစည်းစေပြီး ကျိုးသဲနှင့်တောက်ရီထံ တိုးဝင်လာတော့သည်။

ကျယ်လောင်စွာ တုန်ဟည်းမြည်သံများ ပဲ့တင်ထပ်၏။ အကွာအဝေးတစ်ခု၌ ဝူဖန်က တုံ့ဆိုင်းဆိုင်း ဖြစ်နေ၏။ ဟိုင်းဇီကလည်း အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ သူမသည်လည်း ရုန်းကန်နေရတာ သိသာသည်။

မဟာအင်ပါယာကန်းနီက ကျိုးသဲနှင့်တောက်ရီတို့ကို ခုခံနေစဉ် ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ့ညာလက်ဖြင့် အနက်ရောင်အလင်းတန်းနှစ်ခုကို ဖန်တီးကာ ကောင်းကင်ဘုံဘိုးဘေး၏ နားနှစ်ဖက်ကို ဖြတ်တောက်လိုက်လေ၏။

ရွှေရောင်သွေးများ ပန်းထွက်ကာ နားတစုံသည် တောက်ပလေပြီး ဝူဖန်ထံ ပျံသန်းဝင်လာသည်။

“မဟာအင်ပါယာဝူဖန်…ဒါက သင်လိုအပ်တဲ့အရာပဲ။ ကျုပ် သင့်ကို လိုက်မပို့တော့ဘူး…”

မဟာအင်ပါယာဝူဖန်က သူ့ညာလက်ကို မြှောက်ကာ ၎င်းတို့ကို ဖမ်းယူ၏။ သူသည် ယင်းနားတစုံကို သိမ်းဆည်းလိုက်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူသည် ပါဝင်ရန် မလိုတော့ပေ။ အထူးသဖြင့် သူ့အပေါ် ကျိန်စာသင့်နေချိန်တွင် ဖြစ်၏။ သူသည် မလှုပ်ရှား၊ မတိုက်ခိုက်ပေ။ သူက သူ့လှိုဏ်ဂူသို့ ပြန်ကာ ကျိန်စာကို ပယ်ဖျက်ချင်နေ၏။

နောက်ဆုတ်သွားရင်း ဝူဖန်က ဝမ်လင်းထံ အဓိပ္ပာယ်ပါသောအကြည့်ကို ကြည့်၏။ ထို့နောက် သူသည် လှည့်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။

ကန်းနီ၏ တားဆီးခြင်းကို ခံရသည့် ကျိုးသဲက ထိုသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုအားကောင်းလာ၏။ သူက အံတင်းတင်းကြိတ်ကာ မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်မှ အလင်းဓာတ်ပေါက်ကွဲထွက်လာကာ သူ့နောက်တွင် အဖြူရောင်နေမင်း ဖွဲ့စည်းပေါ်ပေါက်သည်။

ထိုဝံပုလွေဖြူက မာန်သွင်းကာ ၎င်း၏ဦးခေါင်းသည် ကျိုးသဲ၏ခန္ဓာကိုယ်ကို ထွင်းဖောက်၍ ကန်းနီထံ ပျံသန်းဝင်လာသည်။

“တောက်ရီ၊ ဟိုင်းဇီ…ဦးခေါင်းကို လုယူကြ…”  ကျိုးသဲသည် ကန်းနီနှင့် တိုက်ခိုက်ဖို့ ကျိန်စာကို ပိုအသင့်ခံကာ သူ့စွမ်းအားအပြည့်အား ပေါက်ကွဲထွက်စေ၏။ ဖြတ်ခနဲအတွင်း တောက်ရီက ကန်းနီကို ကျော်၍ ပျံသန်းသွား၏။ သူ၏နောက်တွင်လည်း နေတစင်း ပေါ်လာသည်။ ဤသည်က သူ အသင့်ခံနေရသော ကျိန်စာကို ပိုဆိုးဝါးသွားစေသည်။

သို့သေ် သူသည် မဟာအင်ပါယာများကြား၌ အားအနည်းဆုံး ဖြစ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာက အလွန်ပြင်းထန်၏။ သည်အခိုက်တွင် သူ၏နေမင်းသည်ပင် မှိန်ဖျော့နေသည်။ ၎င်းက အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား။ သူသည် သူ့စွမ်းအားကို များများစားစား အသုံးမပြုနိုင်ဆဲ ဖြစ်နေသည်။

သူက ဩဇာအင်ပါယာတစ်ယောက်ကို သတ်ပစ်ရန်မူ လုံလောက်စွာ အစွမ်းထက်နေသေး၏။ သို့သော် ဆံနက်ဝမ်လင်းကို အချိန်တိုအတွင်း သတ်ရန်ကမူ မဖြစ်နိုင်ပေ။ သူသည် ဟိုင်းဇီ၏ အကူအညီလိုအပ်နေသည်။ ဟိုင်းဇီကသာ တောက်ဝမ်ကလန်၏ မန္တာန်များနှင့်အတူ သူ့အား ကူညီပေးပါက သူတို့သည် အနိုင်ရရန် အခွင့်အရေး ရှိပေမည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူနှင့်အတူ ကောင်းကင်ဘုံဘိုးဘေး၏ဦးခေါင်းက နောက်သို့ လိုက်ပါဆုတ်၏။ သူသည် ခေါင်းမော့ကာ ရုန်းကန်နေသော ဟိုင်းဇီထံ လှမ်းကြည့်ကာ စကားဆိုသည်။

“ငါ နင့်ကို အင်ပါယာအတုဟိုင်းဇီလို့ ခေါ်ရမလား။ အင်ပါယာဆရာသခင်လို့ ခေါ်ရမလား မသိဘူး။ နင့်ရဲ့တောက်ဝမ်ကလန်ဟာ ချိပ်ပိတ်မှုကို ဖြေဖျောက်ဖို့ ငါ့ကို အသုံးပြုခဲ့တယ်။ နင်က ကျိုးသဲနဲ့ ပူးပေါင်းခဲ့ရင်တောင် အများဆုံးမှ ငါက ဒီဦးခေါင်းကို လက်လွှတ်လိုက်ရုံပဲ။ ငါ့အတွက် ဒီမှာ သေဆုံးဖို့ဟာ မဖြစ်နိုင်ဘူး…”

“ဒါ့ကြောင့် နင်သာ ပါဝင်လာခဲ့ရင် နင် ဘာမှ မရမဲ့အပြင် နင့်တောက်ဝမ်ကလန်အတွက်လည်း ကောင်းမှာ မဟုတ်ဘူး။ နင်သာ မပါဝင်ခဲ့ရင်တော့ ငါ ဖြစ်ပျက်ခဲ့သမျှကို သင်ပုန်းချေပေးနိုင်တယ်။ ဘာမှ မဖြစ်ခဲ့သလို ပြုမူပေးနိုင်တယ်…”

All Chapters