ကံကြမ္မာကောင်း ပေါ်ထွက်လာခြင်း
Vol. 70 Ch. 979
အင်မော်တယ်စကားလုံးက ကြယ်တာရာကောင်းကင်ကို ခွင်း၍ ခမ်းနားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း ပျံထွက်လာသည်။
၎င်းမှာ အင်မော်တယ်တစ်ဦး ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားသည်နှင့်တူသည်။ ၎င်းသည် အရှေ့အောင်ပွဲဂြိုလ်၏အပြင်ဘက်၊ အင်မော်ဆယ်တံခါး၏ဘေးတွင် ပေါ်လာကာ ဧရာမအင်မော်တယ်စာလုံးကြီးအဖြစ် ပြန်လည်ဖြစ်ပေါ်လာသည်။
စာလုံးသည် အင်မော်တယ်တံခါးနှင့် ယှဉ်နိုင်သော ဖိအားကို ထုတ်လွှတ်လိုက်ရာ အင်မော်တယ်တံခါးအား ရန်စခံလိုက်ရသည့်အလား တုန်ခါသွားစေသည်။ လှိုင်းများ စတင်ဖြာထွက်လာစဉ် စာလုံးက တုန်ခါသွားပြီး မန်ဟို့ထံ ရွေ့လျားသွား၏။
မန်ဟိုသည် ဧရာမအင်မော်တယ်စာလုံးကြီးကို ကြည့်နေရင်း တစ်ကိုယ်လုံး တုန်ရီနေပြီး ချာချာလည် မူးဝေနေသည်။ ထိုစာလုံးက အလွန်ရင်းနှီး၏။ ၎င်းကား သူ တောင်ကောင်းကင်ဂြိုလ်ပေါ်ရှိ အင်မော်တယ်ရှေးဟောင်းတာအိုဆရာ၀တ်ပြုကျောင်းမှာတုန်းက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းထဲမှ အဘိုးအို ထုတ်လွှတ်လိုက်သည့် စာလုံးနှင့် တစ်ပုံစံတည်းပင်။
"အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့" သူက တွေးလိုက်သည်။ သူ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေစဉ် အင်မော်တယ်စာလုံးက သူ့ထံ ချဉ်းကပ်လာ၏။ ၎င်းသည် စင်တီမီတာအနည်းငယ်မျှသာ ရှိတော့သည်အထိ ကျုံ့လာကာ မန်ဟို့နဖူးထဲသို့ ၀င်ရောက်ပေါင်းစည်းသွားလေသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးအစအရှိန်အဝါဖြင့် ပြည့်နှက်နေသော စူးရှတောက်ပသည့်အလင်းရောင်က မန်ဟို့ကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသည်။ ယခုအချိန်တွင် အင်မော်တယ်တံခါးမှ အင်မော်တယ်ချီ အနည်းအကျဉ်းမျှပင် မလိုတော့ပေ။ အင်မော်တယ်စာလုံးက ချက်ချင်းပင် အင်မော်တယ်အကြောတစ်ကြောအသွင် အလိုအလျောက် ပြောင်းရင်း မန်ဟို၏ ၁၁၈ ကြောမြောက် အကြောဖြစ်လာသည်။
ထိုအခိုက်အတန့်မှာပင် ကြေးဝိညာဉ်မီးခိုးမှ ဖြစ်ပေါ်လာခဲ့သော အင်မော်တယ်အကြောက ဤအင်မော်တယ်အကြော၏ ဂုဏ်ကျက်သရေကို ရောင်ပြန်ဟပ်နေသည့်အလား ထူးဆန်းသော အလင်းရောင်ဖြင့် တလက်လက် တောက်ပလာသည်။
မန်ဟို့အတွင်းမှ ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာစဉ် ၁၁၈ ကောင်မြောက် အင်မော်တယ်နဂါးသည် အင်မော်တယ်တံခါး၏အပြင်တွင် ပေါ်လာကာ ဟိန်းဟောက်ပြီး ကြယ်တာရာကောင်းကင်ကို ဖြတ်၍ ပျံဝဲသွား၏။ ဤနဂါးက ရွှေရောင်အတိပြီးနေပြီး အင်မော်တယ်ကို ရုပ်လုံးဖော်နေသည့်အလားပင်။ ၎င်း၏ ဟိန်းဟောက်သံက ကြားလိုက်ရသည့် မည်သူကိုမဆို စိတ်နှလုံး တုန်လှုပ်သွားစေ၏။
" အဲ့ဒါက အဲ့ဒါက"
"ငါ ထင်ယောင်ထင်မှားတွေ မြင်နေတာလား။ အဲ့ဒါက စောစောက အင်မော်တယ်စကားလုံးတစ်လုံးက ဖန်ဟိုနဲ့ ပေါင်းစည်းသွားတာလား"
"အဲ့ဒီ အင်မော်တယ်စကားလုံးက ဘယ်ကလာတာတုန်း" န၀မတောင်နှင့်ပင်လယ်မှာ ဆူညံပွက်လောရိုက်သွားပြီး စောင့်ကြည့်နေသူများမှာ အံ့အားသင့်နေကြသည်။ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုကြီးများမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသာလျှင် န၀မတောင်ထံသို့ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
သိသိသာသာပင် သူတို့သည် ကျီမျိုးနွယ်စုကို ကြည့်နေခြင်းမဟုတ်ဘဲ န၀မတောင်ကို သိမ်းပိုက်ရန် အရည်အချင်းပြည့်မီသည့် တာအိုဆရာအဖွဲ့အစည်းသုံးခုအနက်မှ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို ကြည့်နေခြင်းဖြစ်သည်။
မန်ဟိုလည်း န၀မတောင်ကို မော့ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ၎င်းကို မြင်ရန်အထိ မလုံလောက်သေးသော်လည်း ခံစား၍ ရနိုင်သေး၏။ အင်မော်တယ်စာလုံးက တောင်ကောင်းကင်မှလာခြင်း မဟုတ်ကြောင်း သူ သိလေသည်။
န၀မတောင်ပင်လယ်ရှိ တောင်ကောင်းကင်ဂြိုလ်၏အပြင်တွင် အပျက်အစီးမဟုတ်သော အင်မော်တယ်ရှေးဟောင်းတာအိုဆရာ၀တ်ပြုကျောင်းတစ်ကျောင်းရှိနေသေးကြောင်း သူ သိ၏။ ၎င်းက အမှန်တွင် တာအိုဆရာအစည်းအရုံးသုံးခုထဲက တစ်ခုဖြစ်လေသည်။
မန်ဟိုက ဘာမှမပြောသော်လည်း လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
၎င်းသည် ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေသော အရိုအသေဖြစ်၏။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့သည် သူ့အတွက် နောက်ထပ်အင်မော်တယ်အကြောတစ်ကြောအား ဖွင့်ပေးခြင်းဖြင့် ကောင်းချီးပေးခဲ့ကြောင်း သူ သိလေသည်။ အင်မော်တယ်အကြောတစ်ကြော ပေးအပ်ခြင်းဆိုသည်မှာ ရိုးရှင်းသော ကံကြမ္မာကောင်းတစ်ခု မဟုတ်ပေ။ သူတို့သည် သူတို့၏ နက်နဲသော အရင်းအမြစ်များဖြင့်ပင်လျှင် ယခုလိုပေးအပ်ဖို့အတွက် ကြီးကြီးမားမားပေးဆပ်ခဲ့ရမှာ ဖြစ်၏။
"ကျေးဇူးအများကြီးတင်ပါတယ်" သူက တိုးညှင်းစွာ ပြောလိုက်သည်။ သူ၏ အင်မော်တယ်အကြော ၁၁၈ ကြောက အရာအားလုံးကို တုန်ခါလာစေပြီး မန်ဟိုသည် ယခု အကုန်လုံးပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
အင်မော်တယ်အကြော ၁၁၈ ကြောသည် မန်ဟိုအတွက် စိတ်ကျေနပ်စရာအဆင့်ဖြစ်သည်။ သို့သော် သူသည် အင်မော်တယ်တံခါးပိတ်သွားသည့်နောက် သူ မည်မျှ အစွမ်းထက်လာမည်လဲ သိချင်သေး၏။
သို့သော် မန်ဟို မသိသေးသော အရာတစ်ခုရှိသည်။ အရှေ့အောင်ပွဲဂြိုလ်ပေါ်ရှိ ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသော တစ်စုံတစ်ယောက်ကား ယခုတွင် အလွန်တရာ ဝေခွဲမရဖြစ်နေ၏။ ၎င်းကား ဖန်မျိုးနွယ်စု၏ တာအိုနယ်ပယ်ပညာရှင် မြေခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။
သူသည် မန်ဟို့အတွက် ဓမ္မစောင့်ရှောက်သူအဖြစ် တင်ပျဉ်ခွေထိုင်ရင်း ပျံဝဲနေပြီး လောလောဆယ်တွင် သူ၏မျက်လုံးများက ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေသော အရိပ်အယောင်တစ်ခုဖြင့်ပြည့်လျက် နီရဲနေ၏။
"သောက်ကျိုးနည်း အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့။ မင်းတို့ကောင်တွေ မင်းတို့ဘာလုပ်နေလဲ ထင်လဲ ဟမ်
"ဆိုတော့ မင်းတို့က ဖန်မျိုးနွယ်စုရဲ့ ချီလင်သားတော်ကို ကံကြမ္မာကောင်းတစ်ချို့ ချီးမြှင့်နေတာက စိတ်ထဲက ပါလို့လို့ မဟုတ်ဘဲ ငါတို့မျိုးနွယ်စုကို အထင်သေးတာကြောင့်ပေါ့လေ။ မင်းက သူ့ကို ကံကြမ္မာကောင်းနည်းနည်းပါးပါး ချီးမြှင့်လိုက်ရင် မင်းတို့ရဲ့ ဂိုဏ်းသားဖြစ်လာစေလိမ့်မယ်လို့ ထင်နေတာမလား
"သေစမ်း။ ကောင်းပါတယ်။ ဒါပေမယ့် န၀မတောင်နဲ့ပင်လယ်မှာရှိတဲ့ လူတိုင်းကို သိခွင့်ပေးလိုက်ရင် အဲ့ဒါက ဖန်မျိုးနွယ်စုအတွက် မကောင်းဘူးကွ။ မင်း သိလား။ ဘာလဲ မင်းက ငါတို့မှာ အင်မော်တယ်အကြော ပေးစရာမရှိဘူးလို့ ထင်နေတာလား" ခေါင်းဆောင်ကြီးမှာ ဒေါပွနေ၏။
၎င်းမှာ ဤကဲ့သို့ဖြစ်သည်။ ချမ်းသာလူနှစ်ယောက်ရှိသည်။ ထိုလူနှစ်ယောက်ထဲ တစ်ယောာက်တွင် သားတစ်ယောက်ရှိသည်။ ရုတ်တရက် လူချမ်းသာနောက်တစ်ယောက် ပေါ်လာပြီး သူ့သမီးနှင့်သားကို လက်ထပ်ပေးရန် စီစဉ်ပြီးနောက် သူက ထိုလူငယ်၏ အဖြေဖြစ်သူ မစွမ်းဆောင်နိုင်သော တာ၀န်ကို ဖြည့်ဆည်းပေးနေကြောင်း အသံအကျယ်ကြီးနှင့် ကြေညာနေသည်နှင့်တူသည်။
မျိုးနွယ်စု၏ အကြီးပိုင်းမျိုးနွယ်၀င်တစ်ဦးအနေဖြင့် ဤသည်မှာ သူ့ကို ပါးချလိုက်သည်အလားပင်။ သူ့မှာ ယခုတွင် လုံးလုံးလျားလျား ဒေါသထွက်နေတော့သည်။
"သောက်ကျိုးနည်း စောင့်မြင်ကတ်စရာကောင်းတဲ့ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့။ ငါတို့ ဖန်မျိုးနွယ်စုက ခေတ်အဆက်ဆက် တည်ရှိလာခဲ့တာ ငါတို့လည်း အဲ့ဒီလိုမျိုး လုပ်နိုင်တယ်" မြေခေါင်းဆောင်ကြီးသည် နာကျင်မှုကို မျိုသိပ်၍ အံတင်းတင်းကြိတ်ပြီး ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် အရှေ့အောင်ပွဲဂြိုလ်ထံသို့ လက်ညှိုးထိုးလိုက်သည်။
ထိုလက်ဟန်က အဆီအနှစ်စိတ်ဆန္ဒကို ပေါ်ထွက်လာစေ၏။ အရှေ့အောင်ပွဲဂြိုလ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး လည်နေခြင်းပင် ခေတ္တရပ်သွားသည်။ တစ်ချိန်တည်းမှာပင် သွေးစက်တစ်စက်စီသည် ဖန်မျိုးနွယ်၀င်တိုင်း၏ နဖူးထံမှ ထွက်လာဟ။
ထိုထဲတွင် မဟာအကြီးအကဲ၊ ဖန်ရှုံ့ရှန်းနှင့် ဖန်ဝေတို့ပင် ပါ၀င်လေသည်။ သူတို့မှာ သွေးစက်ထွက်မလာအောင် ဘာမှ မလုပ်နိုင်လိုက်ပေ။
"မလုပ်နဲ့" ဖန်ဝေက အော်သည်။ သူ့မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူ့အမူအရာက ဒေါသထွက်နေသယောင်ရှိသည်။ သို့သော သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဉ်းစားပါလျှင် မည်သို့ ကလန်ကဆန် ပြုနိုင်မည်နည်း။ သူ့မှာ သွေးစက်တစက် သူ့ထံမှထွက်၍ အဝေးသို့ ပျံသန်းသွားသည်ကိုသာ ကြည့်နေနိုင်သည်။
"သွေးစက်နဂါး" ဖန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ ဖန်မျိုးနွယ်၀င်များ၏ သွေးစက်များဖြစ်သော သွေးစက်အားလုံးက လေပေါ်ပျံတက်လာကြသည်။
၎င်းတွင် ခြွင်းချက်မရှိပေ။ သွေးစက်အားလုံးက ပေါင်းစည်းသွားပြီး ဟိန်းဟောက်ရင်း လေကိုခွင်းလျက် ထွက်သွားသော သွေးနဂါးကြီးတစ်ကောင်အသွင် ပြောင်းသွားသည်။ မြေခေါင်းဆောင်ကြီး၏ နဖူးမှပင်လျှင် သွေးစက်တစ်စက်ထွက်သွားပြီး ၎င်းက နဂါးကြီးနှင့် ပေါင်းစည်းသွား၏။ နဂါးကြီးက မီးများ တဟုန်းဟုန်း တောက်လာကာ ဖန်မျိုးနွယ်စုမှ သွေးအားလုံးကို သန့်စင်၍ အဆုံးအစွန်အထိ စင်ကြယ်သွားစေသည်။
ထို့နောက်တွင် ဖန်မျိုးနွယ်ခေါင်းဆောင်ကြီးက အံတင်းတင်းကြိတ်ပြီးနောက် ဖန်မျိုးနွယ်စုကို လက်ညိုးထိုးလိုက်ပြန်သည်။ ဖန်မျိုးနွယ်စု၏ တာအိုခေါင်းလောင်းပေါ်လာပြီး ကျယ်လောင်စွာ တဒေါင်ဒေါင်မြည်လာသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းပုလင်းတစ်လုံးလည်း ပျံထွက်လာသည်။ ထိုထဲတွင်ရှိသော သွေးစက်သုံးစက်မှ တစ်စက်က လေထဲသို့ ပျံတက်လာ၏။
၎င်းသည် သေးငယ်သော သွေးစက်လေးတစ်စက်သာ ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးအား အရောင်အဝါများဖြင့် ပြိုးပြိုးပျက်ပျက် လက်သွားစေသည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး သွေးနီရောင် အလင်းရောင်က စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ မျက်နှာတွင် ဖြာကျလာ၏။
"အဲ့တာက ဖန်မျိုးနွယ်စု ပထမခေါင်းဆောင်ကြီးရဲ့ ဝိညာဉ်သွေးပဲ"
"ရူးနေပြီ။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့က ဖန်ရှုတောက်ကို စိတ်တိုအောင် လုပ်လိုက်လို့ ဖန်မျိုးနွယ်စုရဲ့ အမှတ်သညာရတနာကိုတောင် ထုတ်လိုက်ပြီ။ လူတိုင်းပြောကြတာ ဖန်ရှုတောက်က စိတ်ဆတ်ပြီး လွယ်လွယ်နဲ့ ရန်စလို့ရတယ်တဲ့။ ကြည့်ရတာ တကယ်ပဲ ထင်ပါရဲ့"
"အဲ့ဒီ့ ဝိညာဉ်သွေးစက်တွေက ဖန်မျိုးနွယ်စု ပထမမျိုးဆက်ခေါင်းဆောင်ကြီး တရားထိုင်ပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ချန်ထားခဲ့တဲ့အရာတွေပဲ ဖြစ်ရမယ်။ သခင်ကျီတောင်မှ အဲ့ဒီဟာကို ငမ်းငမ်းတက် လိုချင်နေတာလေ" ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက ပါးစပ်အဟောင်းသားနှင့် လှမ်းကြည့်နေကြသည်။
ဖန်မျိုးနွယ်စု၏ မြေကြီးအောက်ထဲတွင် ခေါင်းဆောင်ကြီးခြောက်ဦးလုံးမှာ ချာချာလည် မူးဝေနေကြ၏။
"အစ်ကိုအကြီးဆုံး ဘာလုပ်နေတာလဲ"
ဖန်မျိုးနွယ်စု မြေခေါင်းဆောင်ကြီး၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုရှိပြီး သူက တခဏ တုံ့ဆိုင်းနေပြီး အံတင်းတင်းကြိတ်၍ လက်ကို လေကိုခွင်း၍ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ သွေးစက်က သွေးနဂါးထံသို့ ပြေး၀င်သွားပြီး ပေါင်းစည်းသွား၏။
ဘုန်းခနဲအသံကြီးနှင့်အတူ သွေးနဂါးကြီးသည် တဖွေးဖွေး လှုပ်လာပြီးနောက် သွေးရောင်စာလုံးတစ်လုံးအသွင် လျင်မြန်စွာ ကျုံ့လာ၏။
ဖန်။
ဤတစ်လုံးတည်းသော စာလုံးက ဘ၀ပြန်၀င်စားခြင်း အရှိန်အဝါ ပါရှိနေသော ကြောက်ခမန်းလိလိ သွေးဆက်စွမ်းအားကို ထုတ်လွှတ်လေသည်။ ဖန်မျိုးနွယ်၀င်တိုင်း၏ သွေးထဲတွင် စီးဆင်းနေသာ လေးဘ၀ပြန်၀င်စားခြင်းစွမ်းအားက ယခုတွင် န၀မတောင်နှင့်ပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားစေလေပြီ။
ဖန်စာလုံးက တလက်လက် တောက်ပနေပြီး စွမ်းအားများဖြင့် သက်၀င်လှုပ်ရှားနေလျက် ဖြစ်ပျက်နေသောအရာကို ကြောင်တောင်တောင် ကြည့်နေသော မန်ဟို့ထံသို့ ပြေး၀င်သွားသည်။ သူသည် စာလုံးထံမှ လာနေသော သွေးဆက်အရှိန်အဝါကို ခံစားနေရပြီး ၎င်းက သူ၏သွေးများကို ဆူပွက်လာစေ၏။ တပ်မက်မှုက သူ့နှလုံးသားတွင် ပေါ်ပေါက်လာပြီး သူ့စိတ်အား တုန်ခါသွားစေသည်။
"ဘာတွေဖြစ်နေတာလဲ" သူက တွေးလိုက်သည်။ "ဖန်မျိုးနွယ်စုက ငါ့ကို တကယ်ပဲ ကူညီပေးနေတာလား" မန်ဟိုမှာ သွေးရောင်ဖန်စာလုံး သူ့အပေါ် ထိုးဆင်းလာပြီး ပေါင်းစည်းသွားစဉ် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေ၏။
ထစ်ချုန်းသံကြီး သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားပြီး သူ၏ သွေးများမှာ ပို၍ သန်မာလာသယောင်ပင်။ တစ်ချိန်တည်းမှာပင် ဖန်စကားလုံးက သွေးဆက်နဂါးတစ်ကောင်ကို ဖော်ဆောင်ပေးလိုက်၏။
ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ဝိညာဉ်သွေးနှင့် ဖန်မျိုးနွယ်စု၏ သွေးများအား အခြေခံအဖြစ် ပြုမူလျက် လှုံ့ဆော်ခံလိုက်ရသော ၁၁၉ ကြောမြောက် အင်မော်တယ်အကြော ပေါ်လာသည်။ ၎င်းသည် အင်မော်တယ်တံခါးထံမှ အင်မော်တယ်စွမ်းအား တစ်စုံတစ်ရာ မလိုအပ်ပေ။ တစ်ချိန်တည်းမှာပင် ၁၁၉ ကောင်မြောက် အင်မော်တယ်နဂါးက အင်မော်တယ်တံခါး၏ဘေးတွင် ပေါ်လာသာည်။ ၎င်းသည် ဖန်မျိုးနွယ်သွေးဆက်အရှိန်အဝါကို ထုတ်လွှတ်နေပြီး အရာအားလုံးကို ကြောက်ခမ်းလိလိ တုန်ခါလာစေ၏။
မန်ဟိုသည် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပို၍ အစွမ်ထက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ဖန်သွေးဆက်မှာ ပို၍ သန်မာလာကြောင်း အာရုံရလိုက်သည်။ သူ့အနေဖြင့် ၎င်းကို ယခုအချိန်တွင် မစမ်းသပ်နိုင်သေးသော်လည်း သွေးဆက်ဂိတ်အလင်းတန်းသည် မီတာ ၃၀၀၀၀ မကပဲ ထို့ထက်ပို၍ ကြောက်စရာကောင်းတော့မည်ဖြစ်ကြောင်း သေချာသွား၏။
ဤသည်မှာ ဘိုးဘေးနိုးထခြင်း၏ စွမ်းအားအလားပင်။
ထို့နောက် ဖန်မျိုးနွယ်စုမြေခေါင်းဆောင်ကြီး၏ အသံက ကြယ်တာရာကောင်းကင်မှ ပဲ့တင်ထပ်၍ မန်ဟို့နားထဲသို့ ၀င်ရောက်လာသည်။
"ကောင်းပြီ။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ ¸မင်းတို့ကောင်တွေ သိပ်အစွမ်းထက်နေရင် ငါ့မျိုးနွယ်စုရဲ့ ချီလင်သားကို အင်မော်တယ်အကြော ထပ်ပေးလိုက်စမ်း။ မင်းတို့လုပ်နိုင်ရင် ဖန်မျိုးနွယ်စု မင်းတို့နဲ့ ပြိုင်ပေးမယ်
"လာစမ်းပါ။ မင်းတို့နဲ့ အင်မော်တယ်အကြော တစ်ကြောပြီးတစ်ကြော ပြိုင်ကြတာပေါ့" မြေခေါင်းဆောင်ကြီး၏ အသံ ဟိန်းထွက်လာစဉ် န၀မတောင်ပင်လယ်ရှိ ဂိုဏ်းနှင့် မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်ကြီးများအားလုံး တိတ်ဆိတ်သွားကြသည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရှိ အဘိုးကြီးလေးယောက်က အေးစက်စက် နှာမှုတ်လိုက်သော်လည်း မတုံ့ပြန်ရဲပေ။
သူတို့တွင် ထပ်ပို့လွှတ်စရာ အင်မော်တယ်အကြောများ မရှိတော့ပေ။
ဖန်မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးမှာ အတော်လေး မာန်တက်သွားပုံ ပေါ်သည်။ ၎င်းက သူ့ကို နာကျင်စေပြီး သူ့မှာ စိတ်လိုက်မာန်ပါ လုပ်ခဲ့သည်ဟု ထင်ရသော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ရှိ မည်သူမဆို မိမိကိုယ်ကို ထိန်းချုပ်နိုင်မည်သာ ဖြစ်သည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ တုံ့ပြန်မှုမလာကြောင်း မြင်သောအခါ သူက မျက်မှောင်ကြုတ်သွားသည်။
"နောက်တစ်ကြော မလွှတ်တော့ဘူးပေါ့လေ" သူက တွေးသည်။ "အင်း သူတို့ဆီကနေ နောက်ထပ် အင်မော်တယ်အကြောတစ်ကြော မလှုံ့ဆော်နိုင်တာ ဆိုးလွန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးက သူ့ဟာနဲ့သူ ဒီနေရာထိ ရောက်လာတဲ့အပြင် မျိုးနွယ်စုကို သိပ်ပြီး သစ္စာရှိတဲ့ပုံလည်း မခံစားရဘူး။ ဒါကြောင့် သူ့ကို ဝိညာဉ်သွေးဆက်ပေးဖို့ လိုအပ်တယ်"
မန်ဟိုသည် ဖန်မျိုးနွယ်မြေခေါင်းဆောင်ကြီး၏ စကားများကို ကြားသောအခါ မျက်နှာအမူအရာ ထူးဆန်းသွားသည်။ သူက ၁၁၉ ကောင်မြောက် အင်မော်တယ်နဂါးကို ကြည့်ပြီး အရှေ့အောင်ပွဲဂြိုလ်အား ပြန်ငုံ့ကြည့်လိုက်သည်။ သူ၏ ထွက်သွားလိုသော ခံစားချက်များ ပျောက်ကွယ်မသွားသေးသော်လည်း အနည်းဆုံးတော့ အပြင်လူတစ်ယောက်ကဲ့သို့ မခံစားရတော့ပေ။
"အကြော ၁၁၉ ကြော" သူက အင်မော်တယ်တံခါးကို ပြန်ကြည့်ရင်း တွေးလိုက်သည်။ ဤအခိုက်အတန့်တွင် ရှေးကျသော ရုတ်တရက် အသံသစ်တစ်သံက သူ့နားထဲတွင် တိုးတိုးလေး ကပ်ပြောလိုက်၏။
"မင်း ငါ့ကို မှတ်မိသေးလား
"ငါ့နာမည်က …. ချုံမန်းတိုင်"
မန်ဟိုသည် ထိုစကားနှစ်ခွန်းနှင့် အသံကို ကြားသောအခါ နှလုံးသားအား ဖြစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူက ရုတ်တရက် ကြယ်တာရာကောင်းကင်ထဲသို့ ခေါင်းထောင်ကြည့်လိုက်သည်။ သူကြည့်နေသောအရာက န၀မတောင်ပင်လယ်အပြင်တွင် ဖြစ်ဟန်တူသည်။
ဟိုးအဝေးရှိ နောက်ထပ်ဂြိုလ်တစ်လုံးပေါ်တွင် သတ်လတ်ပိုင်းလူတစ်ယောက်သည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ့မျက်လုံးများက ဖြေးညင်းစွာ ပွင့်လာပြီး သူက ပြုံးလိုက်သည်။
"ငါ မသေခဲ့ဘူး။ ငါ့ရဲ့ကိုယ်ပွားက ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက တောင်ကောင်းကင်ဂြိုလ်ပေါ်ကို ကျရောက်သွားခဲ့ပြီး မင်းကို အင်မော်တယ်လမ်းညွှန်နဲ့အတူ ထားပေးခဲ့တယ်။ မင်း အင်မော်တယ်အဆင့်ကို တက်လှမ်းရင် အဲ့ဒီစွမ်းအားကို အသုံးပြုပြီး ကြယ်တာရာကောင်းကင်ကို သက်ဆင်းစေနိုင်မယ်လို့ ငါပြောခဲ့တယ်မလား
"ဒီနေ့ ငါ မင်းကို အင်မော်တယ်အကြောတစ်ကြော ဖော်ဆောင်ပေးမယ့် ပရမတ္တလောကရဲ့ ကြယ်တာရာကောင်းကင်အငွေ့အသက်အနည်းငယ် ပေးပြီး မင်းကို ကူညီပေးမယ်
"မှတ်ထားပါ။ သတ္တမတောင်ပေါ်က ကျားလှောင်အိမ်ဂြိုလ်ကို လာခဲ့။ ငါ မင်းအတွက် အဲ့ဒီမှာ လက်ဆောင် ချန်ထားတယ်
"ငါ အသက်ပြန်သွင်းချင်တဲ့ လူတစ်ယောက် ရှိတယ်။ ဒါကြောင့် မင်း နောင်ကျရင် ငါ့ကို လာကူညီပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ငါ အခု မင်းကို ကူညီပေးမယ်"
မန်ဟိုသည် သူ စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူလေးဖြစ်ခဲ့စဉ်တုန်းက ကောင်းကင်ထက်မှ ပြုတ်ကျလာသော အင်မော်တယ်၏အလောင်း ချုံမန်းတိုင်ကို မှတ်မိလိုက်သဖြင့် ချာချာလည်သွားလေသည်။
***