ရှုချင်၏ကံကြမ္မာကောင်း
Vol. 71 Ch. 982
ဤသည်မှာ (၁၂၁) ကြောမြောက် အင်မော်တယ်အကြောဖြစ်သည်။
တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ ကြီးမားကျယ်ပြန့်သော အဆုံးမဲ့ကောင်းကင်ဘုံများထဲတွင် အင်မော်တယ် (၁၂၁) ကြောအား ဖွင့်ခဲ့ဖူးသည့်လူ တစ်ခါမျှ မရှိခဲ့ပေ။ ခိတိဂဗ္ဗပင်လျှင် အကြော (၁၂၀) သာ ဖွင့်နိုင်ခဲ့၏။
မန်ဟိုလုပ်ဆောင်ခဲ့သော အရာကား ရာဇ၀င်သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ခဲ့ဖူးသောအရာဖြစ်ပေသည်။
သူသည် စွမ်းအားတို့ တဟုန်းဟုန်းတောက်လျက်၊ အင်မော်တယ်အကြောများက အရူးအမူးလှည့်ပတ်လျက် လေလယ်တွင် ပျံ၀ဲနေ၏။ အင်မော်တယ်နဂါး (၁၂၁) ကောင်ကား သူ့ကိုယ်ထဲတွင် ပျံဝဲနေသည့်အလားပင်။
သူက လက်နှစ်ဖက်ကို ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်ပြီး သူ့ကိုယ်ထဲတွင် စီးဆင်းသွားသော စွမ်းအားနှင့် သူ့ကျင့်ကြံခြင်းအခြေခံ၏ အကန့်အသတ်မဲ့သော စွမ်းအင်ကို ခံစားလိုက်သည်။ သူ ခံစားလိုက်ရသည့်အရာမှာ သူ ယခင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် အရာတစ်ခုပင်။
ဤအဆင့်တက်ခြင်းသည် သူကြုံတွေ့ခဲ့ဖူးသမျှ ကံကြမ္မာကောင်းအားလုံးထက် သာလွန်၏။
စွမ်းအား တဟုန်ထိုး တိုးတက်သွားမှုက သူကြုံတွေ့ခဲ့ဖူးသည့် မည်သည့်ကံကြမ္မာနှင့်မှ နှိုင်းယှဉ်၍မရပေ။
၎င်းသည် သေမျိုးခန္ဓာကိုယ်ကို ဖယ်ရှားလိုက်ခြင်းမျိုး၊ သာလွန်ထူးကဲသည့်အရာတစ်ခုအတွက် သာမန်တစ်ခုနှင့် လဲလှယ်လိုက်ခြင်းမျိုး၊ သူ့တစ်ဘ၀လုံးကို ပြောင်းလဲပေးလိုက်ခြင်းမျိုး ဖြစ်သည်။
န၀မတောင်နှင့်ပင်လယ်မှာ တုန်လှုပ်နေပြီး ကျန်ဂြိုလ်လေးလုံးလည်း ထိုနည်းတူပင်။ အဆုံးမဲ့သော လှိုင်းဂယက်များက ကြယ်တာရာကောင်းကင်အတွင်း ဖြာထွက်သွား၏။ လူတစ်ယောက် မိမိ၏ တာအိုကို ခိုင်မာစေလိုက်လျှင် အစစ်အမှန်အင်မော်တယ်အဆင့်တက်လျှင်ချင်း တောင်ပင်လယ်လောကတစ်ခုလုံး တုန်လှုပ်လိမ့်မည်ဆိုသော ဒဏ္ဍာရီတစ်ပုဒ်ရှိသည်။ ယခုတွင် မန်ဟိုက ဤဒဏ္ဍာရီက အမှန်ဖြစ်ကြောင်း သက်သေပြနေလေသည်။
ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာစဉ် ခိတိဂပ္ဗသည် စတုတ္ထတောင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေ၏။
"အင်မော်တယ်အကြောတွေ" သူက ရေရွတ်လိုက်သည်။ "မဟာတောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း ဖန်တီးခံရတဲ့အအချိန်ကစပြီး ဒီနေ့အထိ မဟာစက်၀န်းဟာ အမြဲ (၁၂၃) ကြောဖြစ်ခဲ့တယ်။ ဘယ်သူမှ အဲ့ဒီအဆင့်ကို မရောက်နိုင်ခဲ့ဘူး။ သူရောက်နိုင်မလား ငါသိချင်မိတယ်" အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခိတိဂဗ္ဗသည် လက်ကိုမြှောက်၍ နောက်ထပ် ဓမ္မအမိန့်တစ်ခုအား ထုတ်ပြန်လိုက်သည်။
ဤဓမ္မအမိန့်တွင် စကားတစ်ခွန်းသာ ပါရှိ၏။
"ရှုချင်ကို ငါ့ရဲ့ ၄၉ ယောက်မြောက် တပည့်အဖြစ် လက်ခံမယ်"
ထိုစကားသည် လူတစ်ယောက်၏ တစ်ဘ၀လုံးကို ပြောင်းလဲပေးနိုင်၏။ ဘ၀ပြန်၀င်စားနေသည့် အခိုက်အတန့်သို့ ရောက်နေပြီဖြစ်သည့် ရှုချင်ကား ပြန်လည်မွေးဖွားလာပါက မယုံကြည်နိုင်ဖွယ်အခွင့်အရေးများနှင့် ခမ်းနားကြီးကျယ်မှုတို့က သူမကို စောင့်ကြိုနေတော့ပေမည်။
"အဲ့ဒါမှ ငါ့အစ်ကိုကြီး" ဖက်တီးက ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်တွင် သူ့ဘေးရှိလူအပေါ် ခုန်တက်ရင်း ဟိန်းဟောက်လိုက်သည်။
"မင်းမြင်လား သူက မန်ဟိုလေ ငါ့အစ်ကိုကြီးကွ။ သောက်ကျိုးနည်း အခုကစပြီး ဘယ်ကောင် ငါ့ကို အနိုင်ကျင့်တော့မှာလဲ။ တစ်ယောက်ယောက် ငါ့ရဲ့မိန်းမတွေကို လုရဲရင် ငါ့အစ်ကိုကို ဒီကိုခေါ်ပြီး အဲ့ဒီကောင်ကို သေတဲ့အထိ ရိုက်ခိုင်းမယ်
"သေစမ်း။ ငါ့မှာ မိန်းမ ၁၀၀ လောက် ရှိခဲ့ပေမယ့် အခုတော့ သုံးယောက်ပဲ ကျန်တော့တယ်" ဖက်တီး၏ ဒေါသထွက်နေသော အသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်လာသည်။
၀မ်ယိုချိုင်သည် လဆည်းဆာကန်တွင် မျက်လုံးများပိတ်လျက် ရှိနေ၏။ မှန်ပါသည်။ သူသည် အမြင်ကွယ်သွားခဲ့၍ သူ မြင်ရသမျှမှာ အမှောင်ထုသာ ဖြစ်လေသည်။ သို့သော် လဆည်းဆာကန်ရှိ လူတိုင်း သူ့ကို ကြောက်ရွံ့ရိုသေကြ၏။
သူ့လို ရက်စက်ကြမ်းကြုတ်သောလူမှာ မည်သူမျှ ရန်မစရဲမည့်လူစားမျိုး ဖြစ်လေသည်။
သူ့တွင် မျက်လုံးများ မရှိသော်လည်း သူ့ဘေးတွင် မိန်းကလေးတစ်ယောက် ထိုင်နေ၏။ သူမသည် နူးညံ့သော အမူအရာလေးဖြင့် မန်ဟိုနှင့် သူ၏အင်မော်တယ်အကြောများနှင့် ပက်သက်၍ အကြောင်းစုံကို ရှင်းပြနေလေသည်။
၀မ်ယိုချိုင်က တစ်ချိန်လုံး ဘာမှမပြောပေ။ သို့သော် သူ့နှုတ်ခမ်းထောင့်က ခပ်ရေးရေး အပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။
"မန်ဟို ငါ မင်းနောက်မှာ မကျန်စေခဲ့ရဘူး"
ချန်ဖန်းသည် ဂိုဏ်းခြောက်ဂိုဏ်းဘုရားကျောင်းသုံးကျောင်းထဲမှ အဖော်မဲ့ဓားစံအိမ်တွင်ဖြစ်သည်။ အဖော်မဲ့ဓားစံအိမ်၏ အရင်းအမြစ်များမှာ နက်နဲသော်လည်း အထွတ်အမြတ်မြေငါးမြေနှင့်တော့ မယှဉ်နိုင်ပေ။ ချန်ဖန်းသည် ဂိုဏ်းထဲ၌ ထင်ရှားကျော်ကြားခြင်းမရှိသည့်အပြင် တကယ်တမ်း မိတ်ဆွေတစ်ယောက်မှပင် မရှိပေ။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး မည်သူမှ သူ့ကို အမှန်တကယ် အာရုံမရှိခဲ့ပေ။ သူသည် ဓားသိုင်းများကိုသာ တစိုက်မတ်မတ် လေ့လာပြီး လက်ရှိအချိန်တွင် တောင်ကမ်းပါးဘေး၌ ထိုင်နေ၏။ သူက အရက်အိုးတစ်အိုးကို ကိုင်ပြီး မော့သောက်လိုက်ရင်း ဂိုဏ်းအထက်ရှိ ကောင်းကင်တွင် မြင်နေရသော ဧရာမဖန်သားပြင်ကြီးနှင့် ၎င်းအပေါ်ရှိ မန်ဟို၏ပုံရိပ်ကို ကြည့်လိုက်၏။ သူက အရက်ပုလင်းကို လေပေါ် မြှောက်လိုက်လေသည်။
"လုပ်ထား။ ဂိုဏ်းတူညီလေး"
လူတိုင်းမှာ ရင်တုန်စိတ်လှုပ်ရှားနေကြသည်။ တစ်ချို့က မန်ဟို့ကို အဆင်ပြေစေချင်သည်။ တစ်ချို့က မနာလိုဖြစ်နေကြသည်။ တစ်ချို့တွင်တော့ မနာလိုဖြစ်သော ခံစားချက်ထက်ပင်ပိုသည်။ ဤအတွေးအားလုံးက န၀မတောင်ပင်လယ်ရှိ လူအားလုံး၏ စိတ်ထဲတွင် ဖြတ်ပြေးနေကြသည်။
မန်ဟိုက ရည်မှန်းချက်ပြင်းပြသော မျက်လုံးများဖြင့် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေသည်။
ထို့မတိုင်ခင်က သူသည် အကြော (၁၀၈) ကြောနှင့်သာ မကျေနပ်ခဲ့ပေ။ ထို့ကြောင့် အကြော (၁၁၇) ကြောဖွင့်ခဲ့သည်။ မူလက ထိုအရာမှာ သူ၏ မိုင်ကုန်ဟု တွေးထင်ခဲ့သော်လည်း ဖြစ်ပွားသွားခဲ့သော အဖြစ်အပျက်များအရ သူသည် ကိုယ်ပိုင်တာအိုကို အတည်ပြုခြင်း၏ ရလဒ်ကို နားလည်လိုက်လေပြီ။
လောလောဆယ်တွင် သူသည် အကြော (၁၂၁) ကြောဖြင့် မကျေနပ်နိုင်ခြင်းမဟုတ်။ သို့သော် သူ၏ နှလုံးသားထဲတွင်တော့ ထို့ထက်ပို၍ တောင့်တနေ၏။
"ငါ ထပ်ဖွင့်နိုင်သေးတယ်" စူးရှတောက်ပသော အလင်းရောင်က သူ၏ မျက်လုံးထဲတွင် လင်းလက်သွားပြီး သူ၏ အင်မော်တယ်အကြောများ တဝီဝီ မြည်လာကြသည်။ သူသည် နတ်ဘုရားအာရုံအား သူ၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်ရာ သူ ကျင့်ကြံခြင်းလောကထဲသို့ ပထမဆုံး၀င်ရောက်ခဲ့စဉ်တုန်းက ရရှိခဲ့သော ကံကြမ္မာကောင်း၏ အရိပ်အယောင်ကို မြင်လိုက်ရသည်။
၎င်းက ရှေးဟောင်းကြေးမုံ မဟုတ်ဘဲ ၀မ်တန်ဖေးဆီမှ သူ လုယူခဲ့သော မိုးနဂါးပျံကြီး၏ အမွေအနှစ်ဖြစ်သည်။
မိုးနဂါးပျံများသည် ဝေဟင်ဘုရင်များဖြစ်ကြပြီး မန်ဟို ကျင့်ကြံခြင်းတွင် အဆင့်တက်လာသည်နှင့်အမျှ မိုးနဂါးပျံကြီး၏ အမွေအနှစ်သည် သူ၏ အသွေးအသားနှင့် သူ၏ ဝိညာဉ်ထဲအထိပင်လျှင် စိမ့်၀င်၍ တစ်သားတည်း ဖြစ်နေခဲ့လေပြီ။
မိုးနဂါးပျံမှာ နည်းနည်းလေးမှ အားမနည်းဘဲ မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်း သူ အမြဲ ထင်မြင်ခဲ့၏။
သူသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ရှိနေခဲ့စဉ်တုန်းက ကျင့်ကြံသူများ၏ ဖိနှိပ်ခြင်းခံရပြီး တောင်အစောင့်အရှောက်အဖြစ် ပြောင်းလဲခံခဲ့ရသော မိုးနဂါးပျံတစ်ကောင်ကို မြင်ခဲ့ရသည်။ သို့သော် သူ၏ မိုးနဂါးပျံကြီးက ထို့ထက်ပင် အစွမ်းထက်သည်ဟု အမြဲ ခံစားခဲ့ရလေသည်။
ထိုခံစားချက်၏ အကြောင်းအရင်းမှာ မိုးနဂါးပျံကြီး၏ အမွေအနှစ်ကို ရရှိခဲ့စဉ်တုန်းက မေ့မရနိုင်သော အတွေ့အကြုံဖြစ်သည်။ ၎င်းမှာ ကြေးမုံ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရလေသည်။ ထိုနှစ်နောက်ပိုင်း ကြေးမုံ ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
မန်ဟိုသည် ကြက်တူရွေးကို ကောင်းကောင်းသိပြီး ၎င်း၏ မူလအစမှာ အတိုင်းထက်အလွန် လျှို့ဝှက်ဆန်းကြယ်ကြောင်းလည်းသိ၏။ မှန်ပါသည်။ ထိုအခြင်းအရာက သူ့ကို မိုးနဂါးပျံကြီး၏ စွမ်းအားတွင် ပို၍ ယုံကြည်ချက် ပြင်းပြသွားစေသည်။
"ငါ့ ကျင့်ကြံခြင်းအခြေခံက ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ မလုံလောက်ကောင်း မလုံလောက်လိမ့်မယ်။ ဒါပေမယ့် ဒီမိုးနဂါးပျံကြီးက ငါ့ရဲ့ တာအိုမဏ္ဍိုင်တွေနဲ့ ပေါင်းစည်းနိုင်ခဲ့ပြီး ငါ့ရဲ့ အမြုတေနဲ့ရော ပေါင်းစည်းနိုင်ခဲ့တယ်။ အဲ့ဒါက ငါ့ရဲ့ အနုသုခုမရုပ်ခန္ဓာတွေနဲ့တောင်မှ ပေါင်းစည်းခဲ့တာကြောင့်မလို့ ငါ့အနေနဲ့ ဘာကြောင့် အင်မော်တယ်အကြောတစ်ကြောအဖြစ် မပြောင်းလဲနိုင်ရမှာတုန်း
"ငါနဲ့အတူ အင်မော်တယ်နယ်ပယ်နဲ့ အဲ့ဒီအလွန်ကို လိုက်ခဲ့" မန်ဟို၏ မျက်လုံးများ စူးရှတောက်ပနေစဉ် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာ၏။ သူ၏ မျက်လုံးများက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာပြီ ယခင်ထက်ပို၍ အားကောင်းနေပြီဖြစ်သော နတ်ဘုရားအာရုံကား ဖြာထွက်မသွားဘဲ သူ့ကိုယ်ထဲသို့ ၀င်ရောက်ကာ မိုးနဂါးပျံကြီး၏ အမွေအနှစ်ကို လှုံ့ဆော်လိုက်သည်။
တခဏကြာသော် ၎င်းသည် သူ၏ အနုသုခုမနတ်ခန္ဓာအတွင်းရှိ အလင်းစက်လေးတစ်စက်၊ အလွန်တရာ မသိသာသော အစက်လေးတစ်စက်ကို တွေ့ရှိသွား၏။
ထိုအလင်းစက်လေးကို အနီးကပ်ကြည့်လျှင် အလွန်သေးငယ်သော မိုးနဂါးပျံတစ်ကောင်ကို မြင်ရပေလိမ့်မည်။
"မိုးနဂါးပျံ အင်မော်တယ်အကြော ပွင့်စမ်း" သူ စွမ်းအားများကို အလင်းစက်အတွင်းသို့ သွတ်သွင်းနေစဉ် ကျင့်ကြံခြင်းအခြေခံက ထစ်ချုန်းမြည်ဟည်းနေသည်။ မျက်စိတစ်မှိတ်အတွင်း အလင်းသည် မျက်စိကျိန်းမတက် တောက်ပသွားပြီး ဖြာထွက်လာသည်။ အဆုံးမဲ့သော ထစ်ချုန်းသံများ မန်ဟို့ကိုယ်ထဲတွင် မြည်ဟည်းသွားသည်။ အင်မော်တယ်တံခါးမှ အင်မော်တယ်ချီတို့က သူ့ကိုယ်ထဲသို့ ၀င်ရောက်၍ အလင်းစက်ထဲသို့ အသည်းအသန် စီးဆင်းသွား၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အင်မော်တယ်ချီများစွာက အလင်းစက်ထဲသို့ ၀င်ရောက်ပေါင်းစည်းသွားကြသည်။ သူ့ကိုယ်ထဲရှိ မိုးနဂါးပျံကြီးသည် တစတစ ကြီးမားလာကာ နောက်ဆုံးတွင် နဂါးက မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်လုံးများကား စူးရှတောက်ပနေ၏။
ထိုစူးရှတောက်ပသော အလင်းရောင်တွင် နက်နဲသိမ်မွေ့သော တည်ကြည်လေးနက်မှုနှင့် ထောင်လွှားမောက်မာမှုတို့ ပါရှိသည်။ ၎င်းက မြေပြင်ထက်ရှိ အရာအားလုံးကို အထင်အမြင်သေး၍ ဝေဟင်ရှိ အရာအားလုံးကို လွှမ်းမိုးကြီးစိုးနေလေသည်။ ၎င်းသည် မည်သည့်အရာကိုမှ ဂရုမစိုက်။ မည်သည်ကိုမှ ပူပင်ကြောင့်ကြခြင်းမရှိ။ လွတ်လပ်မှုကိုသာ တောင့်တသည်။
ယင်းက မန်ဟို၏တာအိုပင်။
မန်ဟို၏နှလုံးသား တုန်ရီသွားသည်။ သူ၏တာအိုက မိုးနဂါးပျံကြီး၏ သဘာ၀နှင့် အလွန်တရာ ဆင်တူနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
မိုးနဂါးပျံကြီး မျက်လုံးဖွင့်လိုက်စဉ် အင်မော်တယ်ချီတို့မှာ ပို၍ ခမ်းနားကြီးကျယ်လာသည်။ မိုးနဂါးပျံကြီးက မန်ဟို့ကိုယ်ထဲတွင် တောင်ပံနှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး အင်မော်တယ်အကြောအသွင်ပြောင်းကာ လျင်မြန်စွာ ခိုင်မာလာသဖြင့် ဂျလိန်းဂျလိန်း မြည်သံများ ကြားလိုက်ရသည်။
၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း။
မန်ဟို၏ မျက်လုံးများသည် စူးရှတောက်ပနေပြီး သူက ရုတ်တရက် အသက်ပြင်းပြင်း ရှုသွင်းရင်း အင်မော်တယ်ချီအလုံးစုံကို စုပ်ယူလိုက်သည်။ ထစ်ချုန်းသံများ ကြားလိုက်ရပြီးနောက်တွင် မိုးနဂါးပျံအင်မော်တယ်အကြောသည် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းနောက်ဆုံး ၁၀၀ရာခိုင်နှုန်းအထိ ရောက်ရှိသွား၏။
ထိုသို့ ဖြစ်ပျက်သောအခါ မန်ဟို၏အရှိန်အဝါကား အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားတော့သည်။
မီးအိမ်များ၏ ဝိုးတိုးဝါးတားပုံရိပ်များက လေတွင် ပျံဝဲရင်း မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာသည်။ မီးအိမ်မည်မျှရှိသည်လဲ သေသေချာချာ မမြင်ရသော်ငြား ၎င်းတို့ကား ယခင်ထက်များစွာ ထင်ရှားပြတ်သားနေလေပြီ။
အင်မော်တယ်အဆင့်လိုလို၊ ရှေးဟောင်းအဆင့်လိုလို စွမ်းအားတစ်ရပ်က မန်ဟို့ကိုယ်ထဲမှ ဖြာထွက်လာသည်။
တစ်ချိန်တည်းမှာပင် (၁၂၂) ကောင်မြောက် အင်မော်တယ်နဂါးက အင်မော်တယ်တံခါး၏အပြင်တွင် ပေါ်လာပြီး အခြားနဂါးများနှင့် လုံး၀ကွဲပြားနေ၏။ ၎င်းကား မိုးနဂါးပျံတစ်ကောင်ဖြစ်သည်။
၎င်းတွင် ဧရာမတောင်ပံနှစ်ဖက်ရှိပြီး ၎င်း၏ အမြီးက အဆိပ်ပြင်းသော မြွေပွေးတစ်ကောင်ဖြစ်ကာ ၎င်း၏ ခေါင်းက အဆုံးအစွန်အထိ ချောက်ချားဖွယ်ကောင်းလေသည်။
ဤသည်မှာ န၀မတောင်ပင်လယ်တွင် အခြားနာမည်တစ်ခုဖြင့် အသိများသော နဂါးတစ်ကောင်ဖြစ်၏။ ၎င်းကို အပြင်နဂါးဟုလည်း ခေါ်လေသည်။
နဝမတောင်ပင်လယ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေသည်။
(၁၂၁) ကြောမြောက်ပြီးနောက် နောက်တစ်ကြောဖွင့်လိုက်ခြင်းမှာ အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေပြီဖြစ်သော်လည်း ၎င်းက အပြင်နဂါးတစ်ကောင်ကို ပေါ်လာစေခဲ့သည်အတွက် လူတိုင်းလူတိုင်းမှာ သွက်သွက်ခါအောင် တုန်လှုပ်သွားကြလေပြီ။
မန်ဟိုသည် အထွတ်အထိပ်သို့ ရောက်ရှိ၍ နိဂုံးချုပ်တော့မည်ဟုထင်ရတိုင်း မပြီးသေးကြောင်း ပြောနေသယောင်ပင်။
ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်ကြီးများက ကြောက်မက်ဖွယ်ရာ လုပ်ဆောင်မှုများကို တစ်ခုပြီးတစ်ခု လုပ်ပြနေသည့် ဂျူနီယာမျိုးဆက်ဖြစ်သော မန်ဟို့ကို လေးလေးနက်နက် ကြည့်နေကြသည်။
သူတို့သည် ပါရာဂွန်ငယ်လေးတစ်ဦး၏ တဖြည်းဖြည်း ထွန်းတောက်လာမှုကို ကြည့်နေသည်ဟု ကောက်ချက်ချလိုက်ကြ၏။
"ဒီလိုမျိုး ထူးချွန်ပြောင်မြောက်တဲ့လူတစ်ယောက် န၀မတောင်မှာ ပေါ်မလာခဲ့ဖူးဘူး။ နောက်တစ်ယောက်ဖြစ်တဲ့ တစ်ယောက်တည်းသောလူက သခင်လီပဲ"
"သခင်လီက န၀မတောင်နဲ့ပင်လယ်ကတောင် မဟုတ်ဘူးလို့ ဒဏ္ဍာရီတွေကဆိုကြတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်"
အကြီးပိုင်းမျိုးဆက်ကျင့်ကြံသူများသည် သက်ပြင်းချလိုက်ကြပြီး မန်ဟို့ကို ကြည့်နေကြစဉ် ရှုပ်ထွေးသော အမူအရာများက သူတို့မျက်နှာများကို ဖုံးလွှမ်းနေကြပြီး ဘာမှမပြောကြတော့ပေ။
မန်ဟိုနှင့် မျိုးဆက်တူသော ရွေးချယ်ခံများမှာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝရှေ့တွင် ရပ်၍ စိတ်ဓာတ်ကျနေကြသည်။ သူတို့သည် မာနကြီးသော လူများဖြစ်ပြီး ယခုအချိန်တွင် နင်းချေခံနေကြရ၏။ သူတို့၏ များစွာသော ပြင်ဆင်မှုများမှာ ရယ်စရာကောင်းနေပြီး သူတို့ရရှိခဲ့သော ဂုဏ်ကျက်သရေများမှာလည်း အတိတ်တွင်သာ ကျန်ခဲ့လေပြီ။
တောင်ကောင်းကင်ဂြိုလ်မှ လူငယ်တစ်ဦး၊ လူတိုင်းအထင်သေးခဲ့သော ကျင့်ကြံသူတစ်ယောက်က သူတို့၏အရှေ့တွင် ကျော်လွှား၍မရသော တောင်ထိပ်တစ်ခုအသွင် ပြောင်းသွားခဲ့သည်။
သူတို့မှာ ဖန်ဝေ့ကို ကရုဏာသက်သွားကြ၏။ ဤခံစားချက်က သူ့တွင် ပို၍ပင် ပြင်းထန်မည်မဟုတ်ပါလော။
ဖန်ဝေမှာ ခါးသီးစွာ ရယ်ပြီး တုန်ရီလျက် လေလယ်တွင် ရပ်နေသည်။ မန်ဟို့ကို ကြည့်နေရခြင်းက သူ၏ ဖြစ်တည်မှုကို ဟာသကြီးသဖွယ် ခံစားရစေသည်။ သူ၏ မျက်လုံးများက ရူးမိုက်မှုနှင့်မနာလိုမှုတို့ဖြင့် ပြည့်နှက်လာပြီးနောက် အသတ်အဖြတ် စိတ်ဆန္ဒမှာ ယခင်ထက်ပို၍ပင် အားကောင်းလာတော့သည်။
"အဲ့ဒါတွေ တစ်ခုမှ အရေးမကြီးဘူး။ ငါ့မှာ မင်းကို သတ်နိုင်တဲ့နည်းလမ်းတွေ ရှိသေးတယ်" ဖန်ဝေက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "မင်းရဲ့ နိဗ္ဗာနသစ်သီးတွေနဲ့ မင်းကို ငါ အနိုင်ယူပြမယ်"
ဖန်ရှုံ့ရှန်းသည် မျက်နှာဖြူဖတ်ဖြူရော်နှင့် လူကြားထဲတွင် ရပ်နေ၏။ ရုတ်တရက် သူ့မှာ နောင်တရလာမိသည်။ မန်ဟို့ကို ရန်စခဲ့မိ၍မဟုတ်။ ယခင်တုန်းက ပြတ်ပြတ်သားသား မရက်စက်ခဲ့၍ပင်။ သူ့မှာ မည်သည့်အတွက်ကြောင့် မျိုးနွယ်စုစည်းမျဉ်းများကို ချိုးဖောက်၍ မန်ဟို့ကို မသတ်ဘဲ နေခဲ့မိသနည်း။
ဖန်ရှုံ့ရှန်း၏ ဆန့်ကျင်ဘက်၊ ဖန်ဝေ၏အဘိုးကမူ မလှမ်းမကမ်းတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသည်။ သူက ဖန်ရှုံ့ရှန်းနှင့် ဖန်ဝေကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
"လူတစ်ယောက်ဆိုတာ အသက်ရှိနေသရွေ့ ပန်းတိုင်ရှိရမယ်။ အခြေအနေတွေက ဒီအထိ ဖြစ်လာတယ်ဆိုမှတော့ ငါ့အစီအစဉ်ကို မျှော်လင့်ထားတာတက်ပိုပြီး အကောင်အထည်ဖော်ဖို့ပဲ ရှိတော့တယ်
"ဖန်မျိုးနွယ်စုက ပွက်လောရိုက်နေတဲ့ အခြေအနေတွေထဲမှာ ထာ၀ရ တည်ရှိလိမ့်မှာလား ဒါမှမဟုတ် လမ်းကနေ ခွဲထွက်ပြီး အဲ့ဒီ ပွက်လောရိုက်နေတဲ့ အခြေအနေကနေ ဖီးနစ်တစ်ကောင်လို ထွက်လာနိုင်လိမ့်မှာလား။ အရာအားလုံးက အခု ဖြစ်ပျက်နေတဲ့အရာပေါ် မူတည်တယ်" ဖန်ဝေ၏အဘိုး၊ ပုံမှန်အားဖြင့် စကားနည်းသော အဘိုးကြီးမှာ ရုတ်တရက် ပြုံးလိုက်လေသည်။
ထိုအပြုံးသည် ခံစားချက်များ ပြည့်နှက်နေသော အပြုံးဖြစ်သော်လည်း မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်နေ၏။
ကြည့်ရသရွေ့ ဖန်မျိုးနွယ်စုထဲတွင် တည်ရှိခဲ့သော လျှို့ဝှက်အင်အားစုများသညိ သူတို့၏ အစွယ်များကို တဖြည်းဖြည်း ထုတ်ပြလာနေကြပုံပင်။
ကြယ်တာရာကောင်းကင်ထက်တွင် မန်ဟိုက သူ၏ အင်မော်တယ်အကြော (၁၂၂) ကြောကို စစ်ဆေးပြီးနောက် အင်မော်တယ်တံခါးကို ကြည့်လိုက်သည်။ ထပ်မံ၍ ရူးမိုက်သော အရိပ်အယောင်က သူ၏မျက်လုံးများတွင် တောက်ပလာ၏။
"ငါ နောက်ဆုံးတစ်ကြောကို ဖွင့်နိုင်သေးတယ်" သူက ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကြေးမီးအိမ်ကို ထုတ်လိုက်သည်။ ကြေးမီးအိမ်ထဲတွင် မီးစလေးတစ်ခုသည် တောက်ပနေ၏။
၎င်းကား ...
နတ်မီးတောက်အဆီအနှစ်ပင်။
***