← Chapters

အင်မော်တယ်နယ်ပယ်၏ မဟာစက်၀န်း

Vol. 71 Ch. 983

အင်မော်တယ်နယ်ပယ်၏ မဟာစက်၀န်း

Vol. 71 Ch. 983

မန်ဟို၏ မျက်လုံးများသည် အစွဲနှင့် ရူးမိုက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူသည် အကြော (၁၂၂) ကြောကို ဖွင့်ခဲ့ပြီး ရှေးခေတ်တုန်းကပင်လျှင် မည်သူမှ မလျှောက်လှမ်းခဲ့ဖူးသော လမ်းတစ်လမ်းကို လျှောက်လမ်းခဲ့၏။ စတုတ္ထတောင်ပင်လယ်၏သခင်၊ ခိတိဂဗ္ဗပင်လျှင် အစစ်အမှန်အင်မော်တယ်ဖြစ်လာခဲ့တုန်းက မန်ဟိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။

မန်ဟိုသည် အားလုံး၏ ရှေ့မှောက်တွင် ကြယ်တာရာကောင်းကင်ထက်၌ ပျံဝဲနေ၏။ သို့ထိတိုင် သူကား လက်လျှော့ရန် အဆင်သင့် မဖြစ်သေးပေ။ သူ့လက်ဖဝါးထဲရှိ နတ်မီးတောက်အဆီအနှစ်များမှ ရောင်ပြန်ဟပ်နေသော မီးတောက်များက သူ့မျက်နှာထက်တွင် ကခုန်နေသည်။ မီးတောက်များကား မန်ဟို့မျက်လုံးများထဲ၌ ရည်မှန်းချက် ဖြစ်လာသည့်အလားပင်။

"ငါ့ရဲ့ နောက်ဆုံးအကြော။ နတ်မီးတောက်အဆီအနှစ်" မန်ဟို၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေလေသည်။ နတ်မီးတောက်အဆီအနှစ်မှာ ကြောက်စရာကောင်းကြောင်း သူသိသော်လည်း ၎င်းအား သူ၏ နောက်ဆုံးအကြောအဖြစ်လုပ်ရန် အတွေးနှင့်ပက်သက်၍ စိတ်လှုပ်ရှားမှုကို မရပ်တန့်နိုင်ပေ။

"ငါ ငါ့ရဲ့ ၁၂၃ ကြောမြောက် အကြောကို ဖန်တီးရာမှာ အောင်မြင်သွားရင် နောင်တရတော့မှာမဟုတ်ဘူး

"ဒါက အရဲစွန့်ရာကျပေမယ့် အောင်မြင်သွားရင် ငါ့မှာ အကြောတစ်ကြော ရှိလာလိမ့်မယ်။ မအောင်မြင်ရင်တော့" မန်ဟိုမှာ ရင်ဒိန်းခနဲ ခုန်သွားသော်လည်း သူ့မျက်လုံးများမှာ ခေါင်းမာမှုတို့ဖြင့် လျင်မြန်စွာ တောက်ပလာသည်။

"မအောင်မြင်လဲ ဘာဖြစ်လဲ" မန်ဟို၏ စွမ်းအင်တို့ မြင့်တက်လာသဖြင့် သူ၏ ဆံပင်များနှင့်အဝတ်စများမှာ တလွင့်လွင့် ပျံ့လွင့်လာသည်။ ကြယ်တာရာကောင်းကငါမှာ တုန်ခါလာပြီး ထစ်ချုန်းသံများ ပဲ့တင်ထပ်လာ၏။

"ကမ္ဘာကြီး မပေါ်လာခင်၊ မိုးနဲ့မြေ ဖြစ်တည်မလာခင်၊ အချိန်ကိုတောင် မတွက်ချက်ရသေးခင်၊ အင်မော်တယ်ဆိုတဲ့ အရာမျိုးတွေ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ပထမဆုံးအင်မော်တယ်ဟာ ဘယ်လိုလုပ် ဖြစ်လာခဲ့တာလဲ

"ပထမဦးဆုံးအင်မော်တယ်ဟာ သေချာပေါက် သူ့လမ်းသူ လျှောက်ခဲ့လိမ့်မယ်။ သူဟာ အရာပေါင်းများစွာကို စမ်းသပ်ကြည့်ခဲ့ပြီး မှန်ကန်တဲ့လမ်းကို မလျှောက်လှမ်းနိုင်ခင် ရှုံးနိမ့်မှုတွေအများကြီးကို ကြုံတွေ့ခဲ့ရလိမ့်မယ်။ အဲ့ဒီ ပထမဆုံးပုဂ္ဂိုလ်က သူ့ကို အင်မော်တယ်လို့ခေါ်ပြီး အဲ့ဒါနဲ့ အင်မော်တယ်တွေ ဖြစ်လာခဲ့တာပဲ

"အဲဒီလိုပဲ ဖြစ်နိုင်မှာ။ ဒါကြောင့် ငါလည်း အဲဒီ့အတိုင်း လုပ်ရမယ်။ ငါ မန်ဟိုက ငါ့လမ်းစဉ်နဲ့ငါ အင်မော်တယ်တစ်ဦး ဖြစ်လာရမယ်"

ကြီးကျယ်ခမ်းနားသော အင်မော်တယ်တံခါး၊ အဆုံးမဲ့သော အင်မော်တယ်အလင်းရောင်၊ အတားအဆီးမရှိသော အင်မော်တယ်ချီ၊ ပျံဝဲနေသော အင်မော်တယ်တံခါးများ။ ဤအရာများသည် မန်ဟို့အတွက် အထောက်အပံ့များ ဖြစ်လေသည်။

ဤနတ်မီးတောက်သာ သည့်ထက် အနည်းငယ်မျှ ကြီးမားခဲ့လျှင် မန်ဟို မည်မျှပင် စိတ်ပိုင်းဖြတ်ထားပါစေ ၎င်းကို စုပ်ယူနိုင်မည်မဟုတ်ပေ။ သို့သော် ယခုမူ မီးတောက်ကား များများစားစား မကျန်တော့ပေ။

ကြေးမီးအိမ်ထဲတွင် စိုးစဉ်းမျှသာ ကျန်ရှိတော့၏။

" ဆုလာဘ်တွေဆိုတာ စွန့်စားမှရတာ။ ဘ၀မှာ တစ်စုံတစ်ခုကို ရဖို့အတွက် လောင်းကြေးထပ်မလား စွန့်စားမလား ဆိုတာတွေ အများကြီးရှိတယ်" မန်ဟိုကား နတ်မီးတောက်အဆီအနှစ်ကို စူးစူးစိုက်စိုက်ကြည့်ရင်း ကြေးမီးအိမ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

န၀မတောင်ပင်လယ်ရှိ လူတိုင်းသည် မန်ဟိုဆိုသော ကျင့်ကြံသူကို ကြည့်နေကြပြီး ကြေးမီးအိမ်ကို မြင်ကြရလေသည်။ ကြေးမီးအိမ်အတွင်းရှိ တဖျက်ဖျက် လက်နေသော မီးတောက်ကိုလည်း မြင်နေရကြ၏။

သို့သော် တာအိုနယ်ပယ်ပညာရှင်များပင်လျှင် ကြေးမီးအိမ်၏ ထူးဆန်းသော သဘောသဘာ၀ကို မမြင်နိုင်ကြပေ။ သို့သော် သူတို့သည် ၎င်းအတွင်းရှိ မီးတောက်အတွင်း၌ အဆီအနှစ် စွမ်းအား ပါရှိနေကြောင်း ခံစားရနိုင်၏။

"အဆီအနှစ်။ သူ့လက်ထဲမှာရှိတဲ့ မီးတောက်က အဆီအနှစ်တွေနဲ့ ပြည့်၀နေတယ်"

"ကံဆိုးစွာနဲ့ ပြည့်၀နေတာပဲ။ မဟုတ်ရင် ငါတို့ အဲ့ဒီ့ကနေ ဉာဏ်အလင်းရလောက်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးက အဆီအနှစ်ပါ၀င်တဲ့ အရာတစ်ခုကို တွေ့ရှိစေခဲ့တဲ့ ကံတရားတစ်ခုကို ရရှိခဲ့တာပဲ။ ဒီလိုအခြေအနေမျိုးဟာ အရမ်းရှားပါးတယ်။ ငါတို့အနေနဲ့ သူ့ပေါ်မှာ အဲ့ဒီ့မီးတောက်အဆီအနှစ်ရဲ့ မူလအစကို သဲလွန်စရှာနိုင်မယ်ထင်တယ်" ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီး၏ အင်အားကြီးမားသော တာအိုနယ်ပယ်ပညာရှင်များသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မီးတောက်ကို ကြည့်နေကြ၏။

သို့သော် ဤအခိုက်အတန့်တွင် ခွန်လုံအစည်းအရုံးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးက ရုတ်တရက် စကားပြောလိုက်သည်။ သူ၏အသံက သူနှင့်ခေတ်ပြိုင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

"ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးတို့ ဒီကလေးက တောင်ကောင်းကင်ဂြိုလ်က လာတာပါ"

လူတိုင်းသည် ဤစကားတစ်ခွန်းကို ကြားသောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြပြီး အတော်များများက သူတို့ ကြံစည်နေသာအတွေးကို စွန့်လွှတ်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာ နောင်တရနေသော အရိပ်အယောင်များအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွား၏။ တာအိုနယ်ပယ်ရှိ လူတိုင်းအတွက် တောင်ကောင်းကင်ဂြိုလ်မှာ တကယ်တော့ …

တားမြစ်နေရာဖြစ်လေသည်။

သို့သော် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးကြီးလေးဦးမှာ ကြေးမီးအိမ်ကို မြင်သောအခါ အမူအရာများ အံ့အားသင့်သွားကြသည်။

သူတို့သည် ပင့်သက်ရှိုက်ပြီးနောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများကယး မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားကြသည်။

"ငါ မယုံနိုင်ဘူး။ အဲ့ဒါက တကယ်ပဲ တည်ရှိတယ်လား"

"ငါ ဒဏ္ဍာရီလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် တကယ်ကြီး ရှိနေတာပဲ။ အမှားမဟုတ်နိုင်ဘူး။ အဲ့ဒီ ကြေးမီးအိမ်ပေါ်က ပုံစံခွက်တွေအရ ဘယ်နည်းနဲ့မှ မမှားနိုင်ဘူး"

"တစ်ယောက်ယောက် အဲ့ဒါကို ထိနိုင်ခဲ့တာပဲ။ ဒါ...ဒါက" အဘိုးကြီးလေးဦးမှာ ချာချာလည်နေပြီး အံ့ဩခြင်း လှိုင်းတံပိုးများက သူတို့၏ နှလုံးသားများကို ၀င်တိုက်နေသည်။

ထိုအခိုက်အတန့်တွင် ကျင့်ကြံသူအားလုံး မန်ဟို့ကို စိုက်ကြည့်နေကြလေသည်။

လူတိုင်း စောင့်ကြည့်နေစဉ် မန်ဟိုက တုံ့ဆိုင်းမနေဘဲ ကြေးမီးအိမ်အား မြှောက်လိုက်သည်။ သူက ခိုင်မာသော မျက်နှာထားဖြင့် အံတင်းတင်းကြိတ်ပြီးနောက် ပါးစပ်ကိုဖွင့်၍ လေကို စုပ်သွင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် ကြေးမီးအိမ်ထဲရှိ မီးတောက်မှာ တဖျတ်ဖျတ် လှုပ်သွားပြီး မီးအိမ်ထဲမှ ပျံထွက်လာ၏။ ၎င်းကား မန်ဟို၏ ပါးစပ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။

သူကား နတ်မီးတောက်ကို ဝါးမြိုလိုက်လေပြီ။

မန်ဟို နတ်မီးတောက်အဆီအနှစ်အား စုပ်ယူလိုက်သောအခါ သူ့စိတ်ထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်ဖွယ်ကောင်းသော အပူလှိုင်းတို့ သူ၏ လည်မြိုထဲတွင် ပေါက်ကွဲထွက်လာ၏။

အားကောင်းသော မီးတောက်များက မန်ဟို့‌သွေးများကို ခန်းခြောက်သွားစေသည်။ သို့သော် မျက်တောင်မခတ်နိုင်ခင် သူ၏ခန္ဓာကိုယ်မှာ ပြာကျနေလေပြီ။ သူ့နဖူးတွင် သွေးကြောများသာ ဖောင်းကြွမနေတော့ဘဲ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက သူ့ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားသွား၏။

အက်ကွဲကြောင်းများက အနီရောင်ဖြစ်ပြီး ၎င်းတို့ ပွင့်လာသောအခါ ချော်ရည်များမှာ သူ့ကိုယ်ထဲမှ ပေါက်ကွဲထွက်လာတော့မည့်အလား ထင်ရလေသည်။

သူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သူ၏ မျက်လုံးများမှာ ရူးမိုက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ နတ်မီးတောက်ကို ဝါးမြိုခြင်းက မီးတောင်တစ်ခုလုံးကို ဝါးမြိုလိုက်ခြင်းနှင့် တူလေသည်။

သို့မဟုတ် သူကိုယ်တိုင်က မီးတောင်ဖြစ်သွားသည့်အလားပင်။

သူ၏ အင်မော်တယ်အကြော ၁၂၂ ကြောက စွမ်းအားအပြည့်အ၀ဖြင့် လှည့်ပတ်သွားပြီး အကန့်အသတ်မရှိသော အင်မော်တယ်စွမ်းအားတို့က သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ သို့သော် ၎င်းတို့မှာ မန်ဟို့ကို အသက်ရှင်စေရုံသာ တတ်နိုင်ပြီး နတ်မီးတောက်အား မလွှမ်းမိုးနိုင်ပေ။

စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုက သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်သွား၏။ မီးတောက်များက တဟုန်းဟုန်းတောက်နေပြီး သူ့မှာ မခံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားလေပြီ။

တဖောက်ဖောက် မြည်သံများ ပဲ့တင်ထပ်လာပြီး ပို၍ များပြားသော အက်ကွဲကြောင်းများက မန်ဟို၏ ခန္ဓာကိုယ်တစ်လျှောက် ကွဲအက်လာသည်။ ၎င်းတို့သည် သူ၏ မျက်နှာနှင့်လည်ပင်းသို့ ဖြာထွက်သွားပြီး သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းခံလိုက်ရလေပြီ။

ထိုအက်ကွဲကြောင်းများအတွင်းမှ အနီရောင်များ ပေါ်ထွက်လာကာ သူ၏ ခန္ဓာကိုယ်ပေါက်ကွဲထွက်တော့မည်ဖြစ်ကြောင်း ညွှန်ပြနေ၏။

မည်သူမျှ သူ့ကို မကယ်နိုင်ပေ။ တာအိုနယ်ပယ်ပညာရှင်များပင် မကယ်နိုင်။ ဤသည်ကား သူ၏ပြစ်ဒဏ်၊ သူ၏အကြော၊ သူ၏ရွေးချယ်မှုဖြစ်သည်။

သူ့ကို ကယ်နိုင်မည့် တစ်ယောက်တည်းသောသူမှာ သူကိုယ်တိုင်သာ ဖြစ်သည်။ ဤစမ်းသပ်မှုကို ကျော်လွှားနိုင်မှသာလျှင်၊ နတ်မီးတောက်အဆီအနှစ်နှင့် အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်မှသာလျှင် သူ့ကိုယ်သူ ကယ်နိုင်ပေလိမ့်မည်။

"ငါ အောင်မြင်မှဖြစ်မယ်။ ငါ အောင်မြင်ကို အောင်မြင်ရမယ်" မီးအလင်းရောင်များက မန်ဟို၏ မျက်လုံးများမှ ဖြာထွက်လာသည်။ သူသည် နတ်မီးတောက်ဖြစ်သော၊ ပြင်းထန်ရက်စက်သော စွမ်းအားတစ်ရပ် သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်ကို သိသိသာသာ ခံစားလိုက်ရ၏။

သူ့တွင် အင်မော်တယ်အကြော (၁၂၂) ကြောသာ မပိုင်ဆိုင်ထားခဲ့လျှင် ချက်ချင်း ပြာကျသွားခဲ့မှာဖြစ်သည်။ သို့သော် သူ၏ စွမ်းအားများ မည်မျှပင် မယုံကြည်နိုင်ဖွယ် ဖြစ်စေကာမူ သူ့မှာ ပြိုလဲတော့ခါနီးလေပြီ။

ယခုအချိန်တွင် အင်မော်တယ်နယ်ပယ်ခေါင်းဆောင်ကြီးများအားလုံး နီးနီးကပ်ကပ် ကြည့်ရှုနေကြ၏။ ဖန်မျိုးနွယ်စု မြေခေါင်းဆောင်ကြီးမှာ စိတ်ပူနေသယောင်ပေါ်ပြီး သူ၏မျက်လုံးများက ဒေါသများဖြင့် ပြူးကျယ်နေ၏။

"ခွေးမသားလေး။ ငမိုက်သားလေ။ မင်း မင်း သိပ်ကို တော်နေတယ်ပေါ့လေ။ မင်း သိပ်ကိုတော်တဲ့ပုံပေါ်တယ်ပေါ့လေ။ ဟမ် ကလေး။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စိတ်လိုက်မာန်ပါ လုပ်နိုင်တာတုန်း။ သေလိုက်ပါတော့။ အင်မော်တယ်အကြော ၁၂၂ ကြောက အံ့အားသင့်ဖွယ် ကောင်းနေပြီလေ။ မင်းဘာလို့ နောက်တစ်ကြော ထပ်ဖွင့်ဖို့ ဒီလောက်အထိ ခေါင်းမာနေရတာတုန်း" ဗျစ်တီးဗျစ်တောက် ဆဲရေးပြီးနောက် မြေခေါင်းဆောင်ကြီးမှာ နောက်ဆုံး သက်ပြင်းချလိုက်ပြီး ချီးကျူးနေသော မျက်လုံးများဖြင် မန်ဟို့ကို လှမ်းကြည့်လိုက်သည်။

ဖန်မျိုးနွယ်စု၏ရှုထောင့်အရ သူ့မှာ မန်ဟို့ကို သေစေသည်အထိ မဖြစ်စေချင်ပေ။ သို့သော်ကျင့်ကြံသူတစ်ယောက်၏ ရှုထောင့်မှကြည့်လျှင် မန်ဟို၏ ရူးမိုက်မှုကို သူ အသိအမှတ်ပြု၏။

ကျင့်ကြံအားထုတ်ရာတွင် ရူးမိုက်လောက်အောင် စွဲလမ်းမှုပြင်းပျမှသာလျှင် အစွမ်းထက်လာနိုင်၏။

သူ တစ်ယောက်တည်းသာ ထိုသို့ တွေးနေခြင်းမဟုတ်ပေ။ ဂိုဏ်းအမျိုးမျိုးနှင့် မျိုးနွယ်စုအသီးသီးမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအားလုံးလည်း မန်ဟို့ကို ကြည့်နေကြပြီး ရုတ်တရက် သူတို့၏ အကြည့်မှာ ယခင်နှင့် မတူတော့ပေ။ သူတို့သည် သူ၏ ရူးမိုက်မှုနှင့် သူ၏ အစွမ်းထက်လာလိုသော စွဲလမ်းမှု ဥပါဒါန်ကို ခံစားနေကြရ၏။

ထိုကဲ့သို့ မိုက်ကန်းသော လောင်းကြေးထပ်ခြင်း၊ အရာအားလုံးကို ပုံအောလိုက်ခြင်းက သူတို့ကို စိတ်နှလုံး တုန်လှုပ်သွားစေလေသည်။

တာအိုအစည်းအရုံးသုံးခုမှ ပညာရှင်များလည်း ထိုနည်းတူ ခံစားကြရသည်။

ဖန်ဝေသည် ဖြစ်ပျက်နေသော အရာကို စောင့်ကြည့်နေစဉ် စိတ်နှလုံး တုန်လှုပ်လျက် လေလည်တွင် ပျံဝဲနေ၏။ သူအဖေ ဖန်ရှုံ့ရှန်းမှာမူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပုံရပြီး ပျော်ပင်ပျော်နေလေသည်။

"သူ သေချင်နေတာလား" သူက တွေးသည်။ "ခွေးမသားလေး သူ့ကိုယ်သူ သတ်တော့မယ်။ သူ ပေါက်ကွဲသွားပါစေလို့ ငါမျှော်လင့်တယ်"

န၀မတောင်ပင်လယ်၏ အစစ်အမှန်ရွေးချယ်ခံများမှာ မန်ဟို၏ အစွဲဥပါဒါန်ကို မြင်သောအခါ အမျိုးမျိုးသော အမူအရာများအား သူတို့၏ မျက်နှာပေါ်တွင် မြင်ရနိုင်လေသည်။

ဂျိန်းခနဲ အက်ကွဲကြောင်းများက မန်ဟို့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားရာ သူ့မှာ မီးလောင်ကျွမ်းနေသော စက္ကူစပမာ ဖြစ်နေသည်။

သူ၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပြည့်နှက်လာပြီး သူ၏ အရေပြားများကို လန်၍ ပြာကျလာစေသည်။ လက်သည်းခွံအရွယ် ဒဏ်ရာဒဏ်ချက်များအား ပြည့်နှက်လာပြီး ၎င်းတို့အတွင်း၌ အသွေးအသားများမရှိဘဲ မီးတောက်များသာ ရှိနေလေသည်။

သူ၏ အရေပြားများ ကွာကျလာစဉ် မန်ဟို၏ အင်မော်တယ်အကြော (၁၂၂) ကြောသည် အင်မော်တယ်နဂါး (၁၂၂) ကောင်အဖြစ် ပြောင်းသွားသည့်တိုင် ၎င်းတို့၏ စွမ်းအားလှိုင်း (၁၂၂) လှိုင်းပင်လျှင် ဖြစ်ပျက်နေသောအရာများကို တားဆီးရန် မလုံလောက်ပေ။

လူတိုင်းမှာ အသက်ရှူမှားလာကြပြီး စိတ်နှလုံး တုန်လှုပ်လာကြသည်။

မန်ဟိုက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ သူ၏ အမြင်အာရုံတို့ ဝေဝါးလာသည့်တိုင် သူ့မျက်လုံးထဲရှိ အစွဲဥပါဒါန်မှာ ပို၍ပင် အားကောင်းလာ၏။

"ငါ မရှုံးနိမ့်စေရဘူး။ အင်မော်တယ်အကြော ၁၂၂ ကြောနဲ့ သူတို့ရဲ့ စွမ်းအားလှိုင်းတစ်ရာကျော်က မယုံနိုင်စရာကောင်းပေမယ့် သူတို့က ကွဲသွားပြီဆိုတော့ မလုံလောက်တော့ဘူး။

"ဒါပေမယ့် အဲ့ဒီ့အင်မော်တယ်အကြော ၁၂၂ ကြောက ထာ၀ရအကြောအင်မော်တယ်အကြောတွေ ဖြစ်လာနိုင်ရင်တော့ ငါ့ ထာ၀ရအလွှာက ၁၂၂ ဆ ပိုအားကောင်းလာလိမ့်မယ်။

"အဲ့ဒါဆိုရင် ငါသေချာပေါက် အောင်မြင်လိမ့်မယ်" သူ၏ စိတ်နှလုံး ချာချာလည်နေစဉ် သူသည် လက်ရှိ အခက်အခဲကို ဆင်ခြင်သုံးသပ်ပြီး အဖြေတစ်ခုကို လျင်မြန်စွာ စဉ်းစားလိုက်နိုင်၏။ သူ၏ အင်မော်တယ်အကြောအားလုံးကား ထာ၀ရနဂါးများအသွင် ပြောင်းစပြုလာလေသည်။

ထာ၀ရနဂါး ၁၂၂ ကောင်ပေါ်ထွက်လာပြီး ၎င်းတို့ ဖန်တီးလိုက်သော ထာ၀ရအလွှာများက အရာအားလုံးကို တုန်ခါသွား‌စေသည်။

ဂျလိမ်း ဂျလိမ်း။

မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အက်ကွဲကြောင်းများမှာ ကျုံ့စပြုလာပြီး သူ့ကိုယ်ထဲရှိ မီးတောက်မှာ လျင်မြန်စွာ စုဆုံလာကာ တဖြည်းဖြည်း နတ်မီးတောက်အင်မော်တယ်အကြောတစ်ကြောအသွင် ပြောင်းလာ၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်တံခါးသည် အင်မော်တယ်ချီတို့ဖြင့် ပေါက်ကွဲထွက်လာပြီး အင်မော်တယ်ချီတို့က သူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်ကာ နတ်မီးတောက်အင်မော်တယ်အကြောအား ခိုင်မာသွားစေသည်။ တစ်ဆက်တည်းမှာပင် သူ ယခုလေးတင် ရရှိခဲ့သော ကြောက်မက်ဖွယ်ရာ ဒဏ်ရာဒဏ်ချက်များမှာလည်း စတင် ပျောက်ကင်းလာ၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူ၏ ခန္ဓာကိုယ်မှာ အကောင်းအတိုင်း ပြန်ဖြစ်သွားလေပြီ။ ထိုသို့ဖြစ်ပျက်သောအခါ သူ၏မျက်လုံးများသည် ယုံကြည်ချက်တို့ဖြင့် တောက်ပနေ၏။ ထိုမျှသာမက သူ့ကိုယ်ထဲတွင် မြင့်တက်လာခဲ့သော စွမ်းအားက သူ့အား ပို၍ပင် အစွမ်းထက်လာစေသည်။

"နတ်မီးတောက်အင်မော်တယ်အကြော ပွင့်စမ်း" သူက လက်ကို ဝှေ့ယမ်း၍ ရေရွတ်လိုက်ရာ သူ့ကိုယ်ထဲ၌ အင်မော်တယ်အကြော နောက်တစ်‌ကြော ပွင့်လာစေသည်။

အကြော ၁၂၃ ကြော။

ဤသည်မှာ မန်ဟို၏‌ နောက်ဆုံးအကြောဖြစ်သည်။

အင်မော်တယ်နဂါးနောက်တစ်ကောင်က အင်မော်တယ်တံခါး၏ ပတ်ပတ်လည်တွင် ပျံဝဲနေလေသည်။

၁၂၃ ‌ကောင်မြောက်နဂါး။

နောက်ဆုံးနဂါး။

မဟာစက်၀န်း။

ထိုအခိုက်အတန့်တွင် မိုးနှင့်မြေမှာ ဂျလိမ်းဂျလိမ်း ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွား၏။ ကောင်းကင်သည် အရောင်များပြောင်းသွားပြီး န၀မတောင်ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားလေသည်။

မန်ဟို လုပ်ဆောင်ခဲ့သောအရာမှာ တခြားမည်သူမှ မလုပ်ဆောင်ခဲ့ဖူးသောအရာဖြစ်ပြီး ဘယ်တော့မှ လုပ်ဆောင်နိုင်တော့မည့်မဟုတ်သည့်အရာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် ၁၂၃ ကြောအား ဖွင့်ခဲ့ပြီး အင်မော်တယ်နယ်ပယ်၏ မဟာစက်၀န်းအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

***

All Chapters