← Chapters

လက်ထပ်ချင်နေပြီလား မိန်းမ

Vol. 71 Ch. 988

လက်ထပ်ချင်နေပြီလား မိန်းမ

Vol. 71 Ch. 988

အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ ဖန်ရှုံ့ဖုန်းသည် မန်ဟို၏ကံကြွေးအမိန့်စာကို ကြည့်ရင်း ထူးဆန်းသော မျက်နှာထားဖြင့် ရပ်နေ၏။ မန်ဟို၏မျက်နှာတိမျက်နှာထားကို သတိမထားမဘဲ မနေရာ သူ့မှာ သက်ပြင်းချလိုက်မိလေသည်။

ဘေးတွင်တော့ မန်လီသည် တခစ်ခစ် ရယ်နေ၏။ ဖန်ရှုံ့ဖုန်း မျက်နှာထားကို မြင်လျှင် သူ‌ဘာတွေးနေသလဲ သူမ ဒက်ခနဲ သိလိုက်သည်။

"ဒီကလေးကတော့ မွေးတုန်းကထက်တောင် ပိုပြီး ချစ်စရာကောင်းလာတယ်" သူမက ရယ်ရင်း ပြော၏။

"ပိုပြီးချစ်စရာကောင်းလာတယ်လား" ဖန်ရှုံ့ဖုန်းက ပါးစပ်အဟောင်းသားနှင့် ပြောရင်း တခဏ တုံ့ဆိုင်းနေသည်။ "သူက မင်းရဲ့ သားနော်။ သူ ထွက်မသွားခင်တုန်းက ပြောခဲ့တယ်၊ နဝမတောင်ပင်လယ်က ရွေးချယ်ခံတွေအကုန်လုံး သူ့အပေါ် အကြွေးတင်စေရမယ်တဲ့လေ"

"ဟိုအာမွေးတုန်းက သူ့ရည်မှန်းချက်တွေက သူများတွေနဲ့ တူမှာမဟုတ်ဘူးလို့ ကျွန်မ အမြဲသိခဲ့တယ်။ ကျွန်မကတော့ သူ့ရဲ့မဟာရည်မှန်းချက်ကြီးက နဝမတောင်ပင်လယ်က မိန်းမလှလေးတွေအကုန်လုံးကို သူ့ရဲ့ကိုယ်လုပ်တော်တွေအဖြစ် သိမ်းပိုက်ချင်တာမျိုး ဖြစ်စေချင်တယ်" မန်လီက ပြုံးလိုက်ပြီး သူမမျက်နှာထားအရ လူဆိုးလေးမန်ဟိုကို မည်မျှချစ်ကြောင်း မြင်ရနိုင်သည်။

ဖန်ရှုံ့ဖုန်းသည် ခေါင်းတခါခါနှင့် မပြုံးချင်ပြုံးချင် ပြုံးရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ သူ့နှလုံးသား၏အနက်ရှိုက်ဆုံးထဲ၌ ခဲကျုံစစ် မန်ဟို့အား အင်မော်တယ်အကြောချီးမြှင့်ပေးခဲ့တုန်းက 'မွေးစားဖေဖေ'ဟု မန်ဟို ခေါ်ခဲ့သည်နှင့်ပတ်သက်ပြီး မခံမရပ်နိုင်ဖြစ်နေကြောင်း သူသာ သိလေသည်။

မန်ဟို၏အဖေအရင်းအနေဖြင့် ထိုအခိုက်အတန့်က မြင်ခဲ့ရသော မန်ဟို့ခံစားချက်များက သူ့နှလုံးသားအား ခါးသီးသွားစေသည်။ သူ့မှာ အခြေအနေကို လက်မခံနိုင်ပေ။

"ရှင် ဘာလို့ ဟိုအာကို အရှေ့အောင်ပွဲဂြိုဟ်ဆီ ပို့လိုက်တာ ကျွန်မကို မပြောရသေး‌ဘူးနော်။ နိဗ္ဗာနသစ်သီးနှစ်လုံးအတွက်ပဲ မဟုတ်တာ ကျွန်မသိပါတယ်။ မေးရတာလည်း အခေါက်ပေါင်းမနည်းတော့ဘူး။ ဒီတစ်ခေါက်တော့ ဖြေနော်" မန်လီက ဖန်ရှုံ့ဖုန်းကို လေးနက်စွာ လှည့်ကြည့်သည်။

ဖန်ရှုံ့ဖုန်းသည် ဇနီးဖြစ်သူကို တခဏ တိတ်ဆိတ်စွာ ကြည့်ပြီးနောက် ပြောလိုက်၏။ "မကြာခင် သိရတော့မှာပါ"

လောလောဆယ်တွင် နဝမတောင်ပင်လယ်မှာ အပ်ကျသံမကြားရ‌အောင် တိတ်ဆိတ်နေပြီး လူတိုင်း မန်ဟို့ကို စိုက်ကြည့်နေကြသည်။ မန်ဟိုက နဝမတောင်ပင်လယ်၏ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအမျိုးမျိုးမှ ရွေးချယ်ခံများကို တစ်ယောက်တည်း အနိုင်ယူခဲ့လေသည်။

တချို့က ပေါင်း၍ပင် တိုက်ခိုက်ခဲ့ကြသည့်တိုင် ရှုံးခဲ့ကြသေး၏။ ကြည့်နေသူများစွာမှာ လုံးလုံးလျားချား တုန်လှုပ်နေတော့သည်။

မန်ဟိုသည် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေစဉ် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသော အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံဆယ်ယောက်ကျော်အား ကြည့်နေ၏။ ကံဆိုးစွာနှင့် သူတို့မှာ ဘာမှမတတ်နိုင်ပေ။ ဤအခိုက်အတန့်တွင် နောက်ထပ်နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုက မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာသည်။

ကျောက်ရီဖန်းက ရုတ်တရက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲမှ ဓားချီအလင်းတန်းတစ်တန်းနှင့်အတူ ထွက်လာသည်။ ကြီးမားသော ထစ်ချုန်းသံကြီး အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်လာသဖြင့် ကြယ်တာရာများ တုန်ခါသွားကြသည်။ ပတ်ဝန်းကျင်ရှိ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများက သူ့အား ချက်ချင်း လှမ်းကြည့်လိုက်ကြ၏။

နဝမတောင်ပင်လယ်၏ ကျင့်ကြံသူအားလုံး ကျောက်ရီဖန်း ပေါ်လာသည်ကို ကြည့်နေကြလေသည်။

"မန်ဟို" သူက ပြောသည်။ "ဒါမှမဟုတ် ... ဖန်မုလို့ ပြောရမလား။ မတွေ့တာကြာပြီ* သူသည် ထုံးစံအတိုင်း သူ လမ်းလျှောက်လာနေသဖြင့် တွန့်သွားတတ်သော အပြာရောင်ဝတ်ရုံကို ဝတ်ထားပြီး ကျောတွင် ဓားတစ်လက်အား လွယ်ထား၏။ လောလောဆယ်တွင် သူ့ထံမှ ထွက်လာနေသော စွမ်းအားသည် တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ထုတ်ဖော်ပြခဲ့တုန်းကထက် များစွာ သာလွန်နေလေပြီ။ ကွာခြားမှုက မိုး‌နှင့်မြေအလားပင်။

မြင့်မြတ်သော ရေစီးဓားဂူ၏ ကျောက်ရီဖန်း။

မန်ဟိုသည် ယခင်က သူ့ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူး၏။ ပထမဆုံးအကြိမ်က တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် အကွာအဝေးတစ်ခု ခြားနေစဉ်တုန်းကဖြစ်ပြီး လေလယ်တွင် ဓားကွက်တစ်ကွက်တည်း ဖလှယ်ခဲ့လေသည်။

ဒုတိယအကြိမ်ကတော့ တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင်ဖြစ်သည်။ သူတို့နှစ်ယောက်သည် ပထမနေရာကို လုခဲ့ကြပြီး ထိုတိုက်ပွဲတွင် မန်ဟိုမှာ‌ အတိုက်အခိုက်စွမ်းရည်အလုံးစုံကို စုစည်းပြီး နတ်ဆိုးစိတ်ဆန္ဒကိုပင် ထုတ်လွှတ်ကာ သူ၏စိတ်နှလုံးအား ကမောက်ကမဖြစ်စေခဲ့ရသည်။ ရလဒ်အနေဖြင့် ကျောက်ရီဖန်းအား ဒဏ်ရာသာ ရစေနိုင်ခဲ့၏။

ယခုတွင် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်နေစဉ် အတိတ်မှအဖြစ်အပျက်များအား ပြန်မြင်ယောင်လာကြ၏။

"‌ကျောက်ရီဖန်း ..." မန်ဟိုက ဖြေးညင်းစွာ ပြောသည်။ ရုတ်တရက် တိုက်ခိုက်လိုစိတ်တို့က သူ၏မျက်လုံးများတွင် ပေါက်ဖွားလာ၏။ မည်သည့်စကားမှ ထပ်ပြောရန် မလိုပေ။ သူတို့နှစ်ယောက်ကြား၌ ရန်ငြိုးမရှိ ... ဤခေတ်တွင် သူတို့၏တာအိုအတွက် တိုက်ခိုက်ဖို့ လိုအပ်နေခြင်းသာ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ အစစ်အမှန်အင်မော်တယ်ရွေးချယ်ခံများမှာ လျင်မြန်စွာ တိတ်ဆိတ်သွားကြပြီး နောက်ဆုတ်လိုက်ကြ၏။ သူတို့အားလုံးမှာ ရှုံးနိမ့်သွားပြီဖြစ်၍ ထပ်တိုက်ခိုက်တော့မည်မဟုတ်ပေ။ ထိုမျှသာမက သူတို့သည် ကျောက်ရီဖန်း မည်မျှအစွမ်းထက်သလဲ သိ၍ ဖြစ်ပွားတော့မည့်တိုက်ပွဲအတွက် ပြင်ဆင်ရင်း မျက်လုံးများ တောက်ပလာကြသည်။

နဝမတောင်ပင်လယ်မှ စောင့်ကြည့်နေသော ကျင့်ကြံသူများသည် အတိတ်တုန်းက မန်ဟိုနှင့်ကျောက်ရီဖန်းအကြား၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးနေကြ၏။

"အားလုံးရဲ့ အာရုံစိုက်ရာဖြစ်ထိုက်တဲ့ လူနှစ်ယောက်ရဲ့ တိုက်ပွဲ"

"နတ်မီးလျှံစမ်းသပ်ပွဲမှာတုန်းက ‌ကျောက်ရီဖန်း အပြတ်အသတ်ရှုံးခဲ့တယ်။ ဒါပေမဲ့ အခု သူက အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီဆိုတော့ .... ထပ်ပြီး ရှုံးဦးမှာလား သိချင်မိတယ်"

"မန်ဟိုလို လူမဟုတ်တဲ့‌ကောင်ကို ကျော်တက်မယ် .... ကျောက်ရီဖန်း သေချာပေါက် ခွက်ထိုးထွက်လန် ရှုံးလိမ့်မယ်" လူတိုင်း ဆွေးနွေးနေကြစဉ် မန်ဟိုနှင့် ကျောက်ရီဖန်းသည် ဓားကိုထုတ်၍ မျက်နှာချင်းဆိုင်နေကြ၏။ သူတို့ လှုပ်ရှားတော့မည့်အချိန်မှာပင် ဒုတိယနေရာရွှေ့ပြောင်းခြင်းမုခ်ဝ အလင်းရောင်ပေါ်လာပြီး တစ်ပြိုင်တည်းဆိုသလို တတိယတစ်ခုလည်း ပေါ်လာသည်။ တောက်ပသောအလင်းရောင်တို့ ဖြာထွက်လာစဉ် ဖန်တုံးအာက အနောက်၌ ဆံပင်ဖားလားချထားသော အမျိုးသမီးအလောင်းဖြင့် လမ်းလျှောက်ထွက်လာသည်။ လက်ဖျားခါလောက်အောင် အစွမ်းထက်သော ပညာရှင်တစ်ဦး၏အရှိန်အဝါက ဖန်းတုံးအာထံမှ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

"မန်ဟို" သူမက တည်ငြိမ်စွာ ပြောသည်။ သူမ၏ဆွဲဆောင်မှုရှိသောအသံလေးမှာ လွန်စွာအေးစက်နေသဖြင့် ပတ်ဝန်းကျင်အား ဆောင်းရာသီပမာ ချမ်းစိမ့်သွားစေသည်။

သူမအနောက်ရှိ အ‌လောင်းတွင် အနက်ရောင်ဆံပင်ရှည်များ ရှိပြီး ကြည့်လိုက်သောမည်သူ့ကို မဆို တုန်လှုပ်သွားစေသည့် သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

"ဟင် အမည်းတုံးလေးပဲ ငါ လွမ်းနေတာ" မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ တခဏကြာသော် သူက ရှက်ကိုးရှက်ကန်းနှင့် ဆက်ပြော၏။ "ပြီးတော့ ညီမလေးတုံးအာ၊ အကြွေးပါဆပ်ပါဦး" သူ့စကားက ဖန်းတုံးအာ၏မျက်နှာအား ရုတ်ခြည်း မည်းမှောင်သွားစေသည်။ သူမမှာ ဘာကြောင့်မှန်းမသိသော်လည်း မန်ဟို့ကို မျက်နှာချင်းဆိုင် တွေ့ရပြီး သူ့အသံကို ကြားကာ သူ့မျက်နှာတိမျက်နှာထားကို မြင်ရလျှင် သူမတာအိုနှလုံးသားထဲတွင် သူ့ကို အားရပါးရ ဆောင့်ကန်ပစ်လိုသော အာသီသများ ထိန်းမနိုင်သိမ်းမရအောင် ဖြစ်ပေါ်လာတတ်၏။

သူမ အံတင်းတင်းကြိတ်နေသည့်အချိန်မှာပင် သူမအနောက်တွင် တတိယနေရာရွှေ့ပြောင်းခြင်းမုခ်ဝပွင့်လာပြီး လီလင်းအာက ဖြေးဖြေးချင်း ထွက်လာသည်။ သူမသည် အနီရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မန်ဟို့ကို စိုက်ကြည့်လိုက်စဉ် သူမမျက်ဝန်းများက လျှပ်စီးများသဖွယ် လင်းလက်သွားသည်။ သူမအမူအရာမှာ အတန်ငယ် ဝေခွဲမရဖြစ်နေဟန်တူသည်။

မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ပြုံးရင်း ပြောသည်။ "ဟေး မိန်းမ၊ မင်းလည်း လာတာလား။ ဘာနဲ့ကိုယ်နဲ့ လက်ထပ်ချင်နေပြီလား"

နဝမတောင်ပင်လယ်ရှိ စောင့်ကြည့်နေသူများမှာ သူ့စကားများကို ကြားသောအခါ မျက်လုံးပြူးသွားကြလေသည်။ သူတို့မှာ နားအား မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

"သူ အခု လီလင်းအာကို ဘယ်လိုခေါ်လိုက်တာ"

"သူက လီလင်းအာကို မိန်းမလို့ ခေါ်ရဲတယ်လား"

"အခု ငါတွေးကြည့်မှ ... လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖန်မျိုးနွယ်စုနဲ့ လီမျိုးနွယ်စုက ရွှေလမ်းငွေလမ်းဖောက်ဖို့ သဘောတူခဲ့တာ"

နဝမတောင်ပင်လယ်ရှိ ပရိသတ်များ အုတ်အော်သောင်းနင်းဖြစ်နေစဉ် လီလင်းအာက မန်ဟို့ကို စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမမျက်ဝန်းထဲရှိ‌ ဝေခွဲမရသောအရိပ်အယောင်မှာ ပျောက်ကွယ်သွားလေပြီ။ သူမမှာ လက်ဖျားခါလောက်အောင် လှပပြီး ပြုံးလိုက်သောအခါ ဆွဲဆောင်ဖမ်းစားနေသော ညှို့ဓာတ်ကို ထုတ်လွှတ်လိုက်၏။

"ယောက်ျား" သူမက လှပစွာ ပြုံးရင်း ပြောသည်။ "ရှင် အလှလေးတွေနဲ့ ရှုပ်တာများနေပြီ။ သူတို့နဲ့ အဆက်အသွယ်ဖြတ်ပြီးရင်တော့ ကျွန်မတို့ လက်ထပ်နိုင်ပါတယ်"

မန်ဟို့မျက်လုံးများ ပြူးထွက်သွားသည်။ လီလင်းအာ သူ့စကားကို လက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူမမျက်နှာပေါ်က အပြုံးကို မြင်သောအခါ သူ့မှာ အခြေအနေတစ်ရပ်လုံးအား မသင်္ကာဖြစ်သွား၏။ သူက အနေရခက်ခက် ရယ်ပြီးနောက် ကျောက်ရီဖန်းကို လှမ်းကြည့်ကာ မျက်လုံးများ အေးစက်သွား၏။

သူ့အကြည့် ကျောက်ရီဖန်းအပေါ် ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်ရီဖန်း၏ဓားချီ ထွက်ပေါ်လာပြီး သူက လက်ကို ဆန့်တန်းရင်း ပုံရိပ်ယောင် မိုးပြာဓားကို ဆင့်ခေါ်ကာ ရှေ့တက်လာသည်။ သူသည် စကားတစ်ခွန်းမပြောလဲ ဓားကို ဆုပ်ကိုင်၍ ခန္ဓာကိုယ်ကို ‌လေးညို့သဖွယ် ကိုင်းကာ မန်ဟို့အား ပိုင်းချလိုက်၏။

ဓားက အရာအားလုံးကို တုန်ခါသွားစေသည်။ မိုးကောင်းကင်များ မှောင်မိုက်သွားပြီး ဓားအလင်းရောင်ထဲ၌ ဓားနဂါးအကောင်ကိုးဆယ်ကျော် ပေါ်လာသည်။ ၎င်းတို့က ဧရာမမိုးပြာနဂါးကြီးသဖွယ် အတူတကွ ပေါင်းစည်းရင်း လက်သည်းများဖြင့် ဟင်းလင်းပြင်အား ကုစ်ခြစ်လိုက်၏။ ၎င်း မန်ဟို့ထံ ပြေးဝင်လာနေစဉ် ၎င်း၏ရှည်လျားသော နှုတ်ခမ်းမွှေးများက လေတွင် မျောလွင့်နေသည်။ ဤမိုးပြာနဂါးကြီးက ၎င်းလမ်းရှိ မည်သည့်အတားအဆီးကိုမဆို ဖျက်စီးပစ်နိုင်သည့်အလား ၎င်း သွားသည့်နေရာတိုင်း ဟင်းလင်းပြင်မှာ ‌ကြေမွပျက်စီးသွားရ၏။

မိုးပြားနဂါး မန်ဟို့အနား ရောက်လာစဉ် မန်ဟိုက ညာလက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် မိုးပြားနဂါးကြီးမှာ တုံ့ခနဲ ရပ်သွားပြီး တစ်လက်မလေးပင် လှုပ်မရတော့ပေ။

"ပြိုကွဲလိုက်" မန်ဟိုက အေးစက်စက် ပြောသည်။ မိုးပြာနဂါးမှာ ဖောင်းခနဲ ပေါက်ကွဲသွား၏။ အပိုင်းအစများက မီးပွားသဖွယ် ပြန့်ကြဲရင်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ဖြစ်ပျက်နေသော မြင်ကွင်းက လူ‌အတော်များများအား တာအိုဆရာအစည်းအရုံးသုံးခု၏နတ်မီးလျှံစမ်းသပ်ပွဲတွင် ဖြစ်ခဲ့သောအရာကို ပြန်တွေးမိလိုက်စေသည်။ ယခုဖြစ်ပျက်နေသောအရာမှာ လွန်စွာဆင်၏။ ထိုစဉ်တုန်း မန်ဟိုသည် လက်ဝါးကို သုံးခဲ့ပြီး ယခုတွင် လက်ချောင်းလေးအား သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်က လွဲ၍ဖြစ်သည်။

‌ကျောက်ရီဖန်းက မျက်လုံးများ တလက်လက် တောက်ပနေလျက် ညာလက်ကို ဆန့်လိုက်ကာ သာမန်ဖြစ်ဟန်တူသော ဓားတစ်လက်အား ပေါ်လာစေသည်။

သူက သွက်လက်စွာဖြင့် ခြေလှမ်းငါးလှမ်းတက်လိုက်ပြီး တစ်လှမ်းစီနှင့်အတူ သူ၏စွမ်းအားသည် မြင့်တက်သထက် မြင့်ထက်လာ၏။

"ပထမဓား၊ ‌သေမျိုးဖယ်ရှားဓားကွက်

"ဒုတိယဓား၊ စိတ်ဝိညာဉ်ဖြိုဓားကွက်

"တတိယဓား၊ အင်မော်တယ်ဖျက်စီး‌ဓားကွက်

"စတုတ္ထဓား၊ ရှေးဟောင်း‌ချေမှုန်းဓားကွက်

"ပဉ္စမဓား၊ မိုးနင်းခြေဓားကွက်" ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏စွမ်းအားတို့ အုံကြွလာပြီး သူက ဓားဖြင့် ပိုင်းချတတ်သည်။ ခြေလှမ်းငါးလှမ်း၊ ‌မိုးမြေတုန်ဟည်း ဓားကွက်ငါးကွက်။ ကြယ်တာရာကောင်းကင်မှာ ကြေမွပျက်စီးတော့မည့်အလားပင်။ အက်ကွဲသံများနှင့်အတူ ဧရာအက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာကာ လက်သည်းလက်ကြီးသဖွယ် မန်ဟို့ထံ ပိုင်းချလိုက်၏။

လက်သည်းလက်က ဓားနဂါးတစ်ကောင်၏ လက်သည်းငါး‌ချောင်းနှင့်တူသည်။ ၎င်း‌ ပေါ်လာလျှင်ချင်း မိုးကောင်းကင်မှာ တုန်ခါသွားပြီး စောင့်ကြည့်နေသူအားလုံး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွား၏။ နဝမတောင်ပင်လယ်ရှိ ပရိသတ်များမှာတော့ ပါးစပ်အဟောင်းပင်။

တိုက်ခိုက်လိုစိတ်အဟုန်က မန်ဟို၏မျက်လုံးများတွင် ပို၍ပင် အားကောင်းလာသည်။ သူ၏စွမ်းအားတို့ တရိပ်ရိပ် ထိုးတက်နေစဉ် သူ့မျက်နှာထားမှာ အေးစက်လျက်ရှိပြီး အင်မော်တယ်အကြော (၁၂၃) ကြော၏စွမ်းအား ပေါက်ကွဲထွက်လာ၏။

သူသည် ကျောက်ရီဖန်းနှင့် နောက်ဆုံးတစ်ခေါက် တိုက်ခိုက်ခဲ့စဉ်တုန်းက ဤဓားကွက်များကို မြင်ခဲ့ဖူးသော်လည်း ဤအခေါက်တွင် ၎င်းတို့က အဆ၊အ‌ဆများစွာ အစွမ်းထက်နေလေပြီ။ ထိုမျှသာမက လောလောဆယ်တွင် မန်ဟိုမှ သူမည်မျှအစွမ်းထက်သလဲ ဆိုသည်ထက် မြင်ချင်သည့်အရာ မရှိပေ။

သူက ရှေ့တစ်လှမ်းတက်၍ လက်ကို မြှောက်လိုက်သည်။ သူသည် မည်သည့်နတ်ဘုရားစွမ်းရည်မှ မသုံးဘဲ လက်သီးတစ်ချက်တည်းအား လာ‌နေသော လက်သည်းငါးချောင်းလက်ထံ ပြေးထွက်သွားစေ၏။

အင်မော်တယ်အကြော (၁၂၃) ကြောသည် သူ၏အပြင်အားကိုယ်စွမ်းအားနှင့် တစ်သားတည်း ပေါင်းစည်းရင်း လက်သည်းငါးချောင်းလက်အား ဝင်ဆောင့်လိုက်သော အံ့မခန်းလိလိ အရှိန်အဝါတစ်ခုအသွင်ပြောင်းသွား၏။

ကြီးမားသော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး အရာအားလုံး တုန်ခါသွားသည်။ လက်သည်းလက်မှာ တခဏ တုန်ခါပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။ မန်ဟိုက ဆံပင်များ မျောလွင့်လျက်၊ အရှိန်အဝါတို့ ဖြာထွက်လျက် ဆက်လက် ရှေ့တက်လာသည်။

"ကျောက်ရီဖန်း မင်းရဲ့ အစွမ်းထက်ဆုံး လျှို့ဝှက်မှော်သိုင်းကွက်ကို သုံးဖို့အချိန်ကျပြီ။ မဟုတ်ရင် ... မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး" မန်ဟို့အသံက ဟိန်းထွက်လာပြီး သူ ခြေတစ်လှမ်းလှမ်းတိုင်း ဩဇာကြီးမားသော အသံနေအသံထားဖြင့် ကျယ်လောင်လာသည်။ ကျောက်ရီဖန်းမှာ ရုတ်တရက် ပြင်းထန်သော ဖိအားနှင့် ‌တွန်းအားပေးနေမှုကို ခံစားလိုက်ရ၏။ ဖန်းတုံးအာ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး လီလင်းအာ၏သူငယ်အိမ်များ ကျုံ့သွားသည်။

ကျောက်ရီဖန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်လေသည်။

"ပိုင်းဖြတ်ခြင်းဓားငါးလက်၊ ထွန်းသစ်စဓားအသွင်" သူက ညာလက်ကို ဝှေ့ယမ်းကာ သူ၏အင်မော်တယ်အကြောများအား စွမ်းအားအပြည့်အဝဖြင့် လည်သွားစေသည်။ သူ၏အင်မော်တယ်အကြော (၉၀) ကျော်သည် ယခုတွင် အကြော (၁၁၀) ထက်ပိုသော အတိုက်အခိုက်စွမ်းရည်ဖြင့် ပေါက်ကွဲထွက်လာသည်။

"ပထမပိုင်းဖြတ်ခြင်း၊ ဓား - မိုးကောင်းကင်ကို ပိုင်းဖြတ်လေ" ချက်ချင်းပင် ဓားပျံသောင်းချီက ကျောက်ရီဖန်း၏အထက်ရှိ ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွားသည်။ ထိုဓားများ၏အရိပ်အောက်တွင် ကျောက်ရီဖန်းမှာ ဓားပါရာဂွန်တစ်ဦးအလား အဆုံးစွန်အထိ ထိတ်လန့်ဖွယ် ကောင်းနေ၏။

"‌ဒုတိယပိုင်းဖြတ်ခြင်း၊ အင်မော်တယ် - ဘာအတွက်ကြောင့် သာမန်လောကကို ဖျက်စီးလိမ့်မှာပဲ" ကျောက်ရီဖန်း၏အရှိန်အဝါက တဟုန်ထိုး မြင့်တက်လာသည်။ ပထမတိုက်ပွဲတွင် သူ့မှာ ဒုတိယပိုင်းဖြတ်ခြင်းကို အားဖြည့်ဖို့ သူ၏ဓမ္မဆင်းတုကို ဖျက်စီးခဲ့ရသည်။ ဤတစ်ခေါက်တွင် သူကား တစ်ချက်လေးမှ မတုံ့ဆိုင်းဘဲ ၎င်းကို ထုတ်လွှတ်နိုင်လေပြီ။ ထိုမျှသာမက ဤစွမ်းအားက သူ့အား အ‌င်မော်တယ်အကြော (၁၃၀) နှင့် ညီမျှစွမ်းအားအား ပိုင်ဆိုင်သွားစေသည်။

ဤသည်မှာ မြင့်မြတ်သောရေစီးဓားဂူ၏ ပိုင်းဖြတ်ခြင်းဓားငါးလက်အစစ်အမှန်ပင်။ ‌‌မြင့်မြတ်သောရေစီးဓားဂူ၏ အင်မော်တယ်နယ်ပယ်အတွက် လျှို့ဝှက်မှော်ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ ၎င်းက ကန့်သတ်ချက်ဖြစ်သော အကြော (၁၂၃)ကြော ထက် ပိုသော ပုံရိပ်ယောင်အင်မော်တယ်အကြောများကို ဖန်တီးပေးနိုင်သည်အထိ အားအင်ကြီးမားလေသည်။ သို့သော် ထိုအကြောများမှ ဖော်ဆောင်ပေးနိုင်သော အင်မော်တယ်ဝိညာဉ်အရေအတွက်မှာတော့ အကြောဆယ်ကြောလျှင် ဝိညာဉ်တစ်ခုစီအထိ ကန့်သတ်ခံထားရသေး၏။ ထို့အပြင် ကောင်းကင်ဘုံ (၃၃) ခု၏အချုပ်အနှောင်ကြောင့် လျှို့ဝှက်မှော်ကျင့်စဉ်များမှ ထပ်ပေါင်းပေးသောအကြောများအပါအဝင် အများဆုံးအနေဖြင့် မဟာစက်ဝန်းဟု ယူဆနိုင်သော အကြော (၃၃၀) သာ ဖော်ဆောင်နိုင်သည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတစ်လျှောက်လုံး မည်သူမှ ၎င်းအား မအောင်မြင်ခဲ့ပေ။

မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများသည် သွေး‌အေးသော ဓားထက်ထက်တစ်လက်သဖွယ် စူးရှတောက်ပနေ၏။

***

All Chapters