ဘယ်သူပိုင်ဆိုင်တယ်ဆိုတာ မင်းမှာ ပြောပိုင်ခွင့်မရှိဘူး
Vol. 46 Ch. 640
အခန်း (၆၄၀) ဘယ်သူပိုင်ဆိုင်တယ်ဆိုတာ မင်းမှာ ပြောပိုင်ခွင့်မရှိဘူး
နေမရှိလရိပ် တန်ခိုးစွမ်းအား အပြန်အလှန် သက်ရောက်မှုက ထူးဆန်းသော ဗလာနယ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
ယခု နေနှင့်လ တစ်ပြိုက်နက်တည်း ပြိုလဲသွားသဖြင့် သီးခြားဖြစ်တည်လာသော ဗလာနယ်သည်လည်း အချိန်မရွေး ပြိုလဲတော့မည့်အလား ပုံပျက်သွား၏။
ဗလာနယ်ပုံပျက်သွားစဉ် ညကောင်းကင်အလွှာကို ထိုးခွင်းဝင်ရောက်လာသော နေတစ်စင်းနှင့် လတစ်စင်းအလင်းရောင်ကို ရန်ကျောက်ကဲ ယောင်ဝါးဝါး တွေ့မြင်လိုက်ရသည်။
မိုးမြေတစ်ခွင်ကို အလင်းပေးသော နေဝန်းနှင့် သန့်စင်အေးချမ်းသောလဝန်းတို့က တစ်လှည့်စီ တောက်ပနေသည်။
နဂိုက မှောင်မိုက်နေသာပတ်ဝန်းကျင် ရုတ်တရက် တောက်ပလာပြီး ဗလာနယ်အပြင်ဘက်တွင် အလင်းတန်းများစွာ တောက်ပလင်းလက်သွား၏။
ပုံမှန်ဆိုလျှင် နေနှင့်လက ဆန့်ကျင်ဘက်အဖြစ် ရပ်တည်ကြသော်လည်း ယခု မြင်တွေ့နေရသော နေနှင့်လကတော့ အံ့သြဖွယ်ရာ ချိတ်ဆက်မိနေသည်။
ထို နေနှင့်လကိုကြည့်ပြီး ကွမ်းမင်ဂိုဏ်းမှ နေလကျင့်စဉ်ဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်။
တစ်မိုးအောက်တွင် အတူယှဉ်တွဲနေထိုင်း၍မရသော ရန်သူများဖြစ်ကြသည့် ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့သည် ရှေးယခင် အောင်မြင်ကျော်ကြားခဲ့သော ရှေးဟောင်းယိုးမင်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ကွမ်းမင်ဂိုဏ်း၏ အထွတ်ထိပ် သိုင်းပညာ (၃) ရပ်နှင့် ယိုးမင်ဂိုဏ်း၏ အမှောင်တောက်ပအလင်းသိုင်းပညာတို့က တူညီသော ရင်းမြစ်မှ ဆင်းသက်လာသည်ဟု ဆိုနိုင်၏။
နေမရှိလရိပ်ထုံးတမ်းပွဲတော်က ယိုးမင်ဂိုဏ်းကိုယ်ပိုင် လျှို့ဝှက်ပွဲတော်တစ်ခု ဖြစ်သော်လည်း နေလကျင့်စဉ်ကို ကျင့်ကြံထားသော ကွမ်းမင်ဂိုဏ်းမှလူများကတော့ ထိုပွဲတော်အကြောင်း လျှင်မြန်စွာနားလည်နိုင်စွမ်း ရှိသည်။
ဗလာနယ်အပြင်ဘက်မှ တောက်ပနေသော နေနှင့်လကိုမြင်တော့ ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့လက်ဖဝါးများကို အပြင်ဘက်သို့ ဆန့်ထုတ်လိုက်၏။
သူ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ကောင်းကင်ကိုပင် လွှမ်းခြုံစေနိုင်သော ဧရာမလက်ကြီးနှစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာကို ဘေးတစ်ဖက်တစ်ချက်မှ ဆုပ်ကိုင်လိုက်သည်။
ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားက ချက်ချင်းပင် တစ်စုံတစ်ခု မှားယွင်းနေကြာင်း ရိပ်မိလိုက်ပြီး မေးခွန်းထုတ်ဟန်ဖြင့် ဆူညံသံတစ်ချက် ပြုလုပ်လိုက်သည်။ နေမရှိလရိပ်ပွဲတော်၏ ဗလာနယ်ထဲတွင် လူတစ်ယောက်ရှိနေမည်ဟု တွေးထင်မထားခဲ့မိပေ။
သူကလည်း ရန်ကျောက်ကဲကဲ့သို့ပင် လက်ကိုဆန့်တန်းလိုက်ရာ သူ၏ဘယ်ဘက်လက်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည့် နေဝန်းနှင့် သူ၏ညာဘက်လက်ထဲတွင် ငွေဖြူရောင်လခြမ်းကွေးတစ်ခု ထွက်ပေါ်လာသည်။
အလင်းနှင့်အမှောင်ကြားမှ ပြောင်းလဲမှုနှင့် ယန်နှင့်ယန် ယှဉ်တွဲတည်ရှိသော သဘောတရားတို့ဖြင့် နေနှင့်လကို လက်ဖဝါးထက် ဖမ်းယူဆုပ်ကိုင်နိုင်ခြင်း ဖြစ်ပုံရသည်။
သို့သော် တစ်ချိန်တည်းမှာပင် အဆုံးမရှိသော အမှောင်ထုတစ်ခု ထွက်ပေါ်လာပြီး ထိုသူ၏လက်ဖဝါးများထက်မှ နေနှင့်လကို ဝါးမျိုတော့မည့်အလား ဖြတ်သန်းဝင်ရောက်လာ၏။
ကွမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူက မျက်မှောင်ကြုံ့လိုက်ပြီး သူ၏လက်ဖဝါးများကို ဖြန့်ကားလိုက်သည်။
ရွှေရောင်နေမင်းနှင့် ငွေရောင်လခြမ်းကွေးတို့သည် သူ၏ဘယ်ဘက်လက်ဖဝါးထက်တွင် တစ်ပြိုင်နက်တည်းပေါ်လာပြီး နေမရှိလရိပ်တန်ခိုးစွမ်းအားကို စုပ်ယူရန် ကြိုးစားလိုက်သည်။
အမှောင်ထုထဲမှ ပိန်ပိန်ရှည်ရှည် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ပေါ်လာ၏။ သူ့လက်ချောင်းများက စွန်ကုပ်လက်သည်းများပမာ မိုးမြေတစ်ခုလုံးအား ဖမ်းယူဆုပ်ကိုင်တော့မတတ် ထင်မှတ်ရသည်။
ထိုလူရွယ်က...
"နုန်ယွိရွှမ်... ငါတို့ ယိုးမင်ဂိုဏ်းဒုက္ခရောက်နေချိန်မှာ မင်းက အခွင့်ကောင်းယူချင်တာလား"
ပိန်ပိန်ရှည်ရှည်လူရွယ်က ကြုံးဝါးသံတစ်ချက်ပြုရင်း လက်သည်းတစ်ချက်တည်းဖြင့် နုန်ယွိရွှမ်၏ညာဘက်လက်ထဲမှ နေနှင့်လကို ဆုတ်ဖြဲပစ်တော့မည့်အလား ကုတ်ခြစ်ချလိုက်သည်။
ရွှေရောင်နှင့် ငွေရောင်အလင်းတန်းများ ပြန့်ကျဲသွားပြီး အသက် (၃၀) ဝန်းကျင်ခန့် ချောမောသော လူငယ်တစ်ယောက် ပေါ်လာသည်။
နေမရှိလရိပ်ဖြင့် လွှမ်းခြုံခြင်းခံထားရသော ရန်ကျောက်ကဲမှာ အပြင်ဘက်မှတိုက်ပွဲကို တွေ့မြင်ရခြင်းမရှိသော်လည်း နုန်ယွိရွှမ်ဆိုသောအမည် ကြားလိုက်ရသဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ဟိုတစ်ခါတုန်းက ငါ့ရဲ့ ထူးကဲယန်စည်းတံဆိပ်ကို ဖိနှိပ်ဖို့အတွက် ရာဟုကြယ်စွ်းအားကို အသုံးပြုခဲ့တဲ့ ကွမ်းမင်ဂိုဏ်းက သိုင်းသမားပဲ"
ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းသွားသည်။
"ရန်သူကလည်း တကယ်ပဲ လမ်းကျဉ်းကျဉ်းကို လာလျှောက်တာပဲ"
နုန်ယွိရွှမ်က သူ့အရှေ့တွင် ရှိနေသော ယိုးမင်ဂိုဏ်းအကြီးအကဲဖြစ်သည့် ပိန်ပိန်ရှည်ရှည်လူရွယ်ကို ညင်သာစွာကြည့်ရင်း ညာဘက်လက်တွင် နေနှင့်လကို ထိန်းထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရန်သူ၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ပိန်ပိန်ရှည်ရှည်လူရွယ်၏ တိုက်ခိိုက်မှုကို သူက လက်တစ်ဖက်တည်းဖြင့် နှိမ်နင်းလိုက်၏။
ပိန်ပိန်ရှည်ရှည်လူရွယ်က အံ့အားသင့်သွားပြီး
"မင်းက သိုင်းသူတော်စင် တတိယအဆင့်ကိုတောင် ရောက်သွားပြီလား ၊ ခန္ဓာ စိတ် ဝိညာဉ်အားလုံး ပေါင်းစပ်နိုင်သွားပြီလား"
လွန်ခဲ့သောတစ်နှစ်ခွဲခန့် သူတို့နှစ်ယောက်လုံး သိုင်းသူတော်စင် ဒုတိယအဆင့်သာ ရှိသေးစဉ် တစ်ကြိမ်တိုက်ခိုက်ခဲ့ကြဖူးသည်။
သို့သော် ယနေ့ ပြန်ဆုံတွေ့တော့ နုန်ယွိရွှမ်က သူ့ထက်သာနေပေပြီ။
ပိန်ပိန်ရှည်ရှည်လူရွယ်ကို နောက်သို့ ဆုတ်သွားစေလိုက်ပြီးနောက် နုန်ယွိရွှမ်က ညင်သာစွာ ပြုံးရင်း
"ကျိုးဟောက်ရှန်းက နေမရှိလရိပ် ထုံးတမ်းပွဲတော်ကို အသုံးပြုပြီး သိုင်းသူတော်စင် သတ္တမအဆင့်ကိုတက်ရောက်ချင်နေတာလား ၊ အခု တာ့ရွှမ်က ခွေးတွေက သူ့အကြံအစည်ကို ဖျက်ဆီးနေပြီဆိုတော့ ငါ့ကိုလည်း နည်းနည်းတော့ ကူညီရာရောက်တာပေါ့"
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်ရောက်ရန် ကျိုးဟောက်ရှန်းက နေမရှိလရိပ်ပွဲတော်ကို အသုံးပြုကာ ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ကျော်ဖြတ်လိုခဲ့သည်။ ဤပွဲတော်က သူ့ကို ပိုမိုပြီးပြည့်စုံသော ဉာဏ်အလင်းရရှိစေမည် အမှန်ပင်။
သို့သော် ဤပွဲတော်က အခြားသော ကျင့်ကြံသူများအတွက်လည်း အနာဂတ်တွင် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အတွက် အရေးကြီးသော ပွဲတော်တစ်ခု ဖြစ်၏။
နေမရှိလရိပ်ထဲတွင် ပါရှိသော ဝိညာဉ်စွမ်းအားများက ခန့်မှန်းမရနိုင်အောင် များပြားသည်။ ကျင့်ကြံခြင်းအဆင့် နည်းပါးသူများမပြောနှင့် သိုင်းသူတော်စင်များကိုပင် တုန်လှုပ်စေနိုင်သည်။
သို့တိုင် နုန်ယွိရွှမ်ကတော့ နေမရှိလကိပ်တန်ခိုးစွမ်းအားမျာကို ရယူနိုင်မည်ဟုသေချာပေါက် ယုံကြည်ထားဟန်ပင်။
သူက သိမ်မွေ့သောလေသံဖြင့်...
“နောက်ဆုတ်စမ်း ၊ မင်းက ငါ့လမ်းကြောင်းမှာ ရှုတ်နေတယ်“
သူ့စကားဆုံးသွားသည်နှင့် သူ၏ညာဘက်လက်ဖဝါးထက်မှ နေနှင့်လ အလင်းတန်းများက ပျံ့နှံ့သွားပြီး ယိုးမင်ဂိုဏ်းမှ အကြီးအကဲ နောက်သို့ လွင့်ထွက်သွားသည်။
ယိုးမင်ဂိုဏ်းမှအကြီးအကဲ အလွန်အမင်း ဒေါသထွက်သွားပြီး
"ထုံးတမ်းပွဲတော် ပျက်သွားပေမယ့် နေနဲ့လရဲ့စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ငါတို့သိတယ် ၊ မင်းက ငါတို့ဂိုဏ်းရဲ့ ကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်ချင်သလား”
နုန်ယွိရွှမ်က ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း
"နေမရှိလရိပ်စွမ်းအားက မင်းတို့လို အမှိုက်ကောင်တွေလက်ထဲရောက်သွယးရင်အလကားဖြုန်းတီးရာ ရောက်လိမ့်မယ်"
ထိုအချိန် အဝေးတစ်နေရာမှ ရေစီးကြောင်းတစ်ခုနှင့်ဆင်တူသော ဓားအလင်းတန်းတစ်ခု လွင့်ပျံလာပြီး နုန်ယွိရှန်၏လက်ကို ခုန်ပိုင်းချလိုက်ကာ နေမရှိလရိပ်ဖြစ်သော အနက်ရောင်နေဝန်းနှင့် လမင်းပြာပြာကို နေရာမှာပင် ထိန်းချုပ်ထားလိုက်သည်။
“မင်းလက်ထဲရောက်သွားရင်လည်း နေမရှိလရိပ်က အလကားဖြစ်သွားမှာပဲ ၊ ဒီသခင်လေးက ခွင့်ပြုနိုင်မယ်ထင်သလား“
ရေစီးကြောင်းပမာ ဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတစ်လျှောက်မှ အရာအားလုံးသည် တဖြည်းဖြည်း အချိန်၏တိုက်စားမှုဖြင့် အိုမင်းဆွေးမြေ့သွားသည်ကို တွေ့ရ၏။
သူ၏အဖြူရောင်ဝတ်ရုံတဖြည်းဖြည်း ဆွေးမြေ့လွင့်ပျံသွားပြီး နေနှင့်လစွမ်းအားများ မှိန်ဖျော့သွားသည်ကို တွေ့သည်နှင့် နုန်ယွိရှန် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“အချိန်ရေစီးကြောင်းဓားသိုင်း ၊ ဒီဓားသိုင်းနာမည်ကို ကြားဖူးနေတာကြပြီ ၊ နောက်ဆုံးတော့ ကျူတောပင်လယ်ဒေသမှာ ဒီဓားသိုင်း ပြန်ပေါ်လာပြီပေါ့“
ဓားရောင်တစ်ချက်လင်းလက်သွားပြီး လူငယ်တစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုလူငယ်ကိုတွေ့သည်နှင့် ယိုးမင်ဂိုဏ်းမှအကြီးအကဲ မျက်နှာပျက်သွားသည်။ ထိုလူငယ်က အသက်ငယ်ရွယ်သည့်တိုင် ကျင့်ကြံခြင်းအဆင့်က အရွယ်နှင့်မလိုက်အောင် မြင့်မားလွန်းသည်။
အချိန်ရေစီးကြောင်းဓားသိုင်းကို မတွေ့မြင်ရသည်မှာ ကြာပြီဖြစ်သော်လည်း ထိုဓားသိုင်းက ကျူတောပင်လယ်ဒေသကို နှစ်ပေါင်းများစွာအုပ်စိုးခဲ့သော တာ့ရွှမ်တိုင်းပြည်၏ ထိပ်တန်းသိုင်းပညာဖြစ်သည့် မီးတောက်ငါးသွယ်နှင့် ရတနာလှံရှည်ခုနစ်သွယ်ထက် ပိုမို စွမ်းအားမြင့်မားသလို ယိုးမင်ဂိုဏ်းမှ သိုင်းပညာများထက်လည်း ပို၍ အဆင့်မြင့်မားသည်။
ထို့ပြင် ဤလူငယ်က အလွန်ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားကာ မာနကြီးပြီး မဆင်မခြင်ပြုလုပ်တတ်သော စိတ်ဓာတ်က ပေါ်လွင်နေသည်။
ထိုလူငယ်က ပြုံးရင်း
“အချိန်အကြာကြီးနေမှ ဒီဓားသိုင်း ပြန်ပေါ်လာတော့ ဘာဖြစ်သလဲ ၊ အချိန်ရေစီးကြောင်းဓားသိုင်းက စစ်မှန်တဲ့အချိန်နဲ့ အရာဝတ္ထုတွေကို သန့်စင်ခြင်းအတွက် ကိုယ်စားပြုတဲ့ ထာဝရဓားသိုင်းတစ်ခုပဲ ၊ ကျူတောပင်လယ်ဒေသမှာ ငါတို့ကို ဆန့်ကျင်နိုင်တဲ့သူ ဘယ်သူရှိမလဲ“
နုန်ယွိရွှမ်၏ ဘယ်ဘက်လက်က နေမရှိလရိပ််တည်ရှိရာနေရာကို လှမ်းယူဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းပင် ညာဘက်လက်ကိုမြှောက်ပြီး အချိန်ရေစီးကြောင်းဓားအလင်းတန်းကို ပိတ်ဆို့လိုက်၏။
"ဟက်... ငါမေးချင်တာက အချိန်ရေစီးကြောင်းဓားသိုင်းက ဒီလောက်ပဲ အစွမ်းထက်တာလား..."
နုန်ယွိရွှမ်က ဆက်ပြောသည်။
"ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို တိုက်ခိုက်နေတဲ့ အကြီးအကဲကလွဲရင် မင်းတို့တွေက အရည်အချင်းမရှိကြပါဘူး"
တစ်ဖက်လူ မျက်နှာပျက်သွားပြီး
“မင်း ဒီလို ပြောရဲသလား"
လူငယ်၏ဓားအလင်းတန်းက နောက်တစ်ကြိမ်မြင့်တက်လာပြီး နူန်ယွိရွှမ်၏ ညာဘက်လက်ဖဝါးထက်တွင်လှည့်ပတ်နသော လရောင်ခြည်က ထိုဓားသိုင်းအား ခုခံလိုက်၏။
နုန်ယွိရွှမ်၏ ညာဘက်လက်ဖဝါးထက်တွင် လှည့်ပတ်နေသော နေနှင့်လမှ ငွေဖြူရောင် လရောင်ခြည် ပျောက်ကွယ်သွားပြီး ရွှေရောင်နေမင်းအလင်းရောင်သာကျန်ရစ်တော့ကြောင်း တွေ့ရသည်။
ထိုစဉ် ကြောက်မက်ဖွယ်ရာ အနက်ရောင်ချီစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး ရွှေရာင်နေမင်းကို ဝါးမြိုသွားသည်။
ရွှေရောင်နေရောင်ခြည်နှင့် အနက်ရောင်ချီစွမ်းအားများ ရောယှက်သွားသည့်အခါ ဆန့်ကျင်ဘက်အင်အားစုနှစ်ခု ရိုက်ခတ်မှုက အလွန်ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဖြစ်တည်လာစေ၏။
နုန်ယွိရွှမ်က လက်ဖဝါးကို ဆန့်ထုတ်ရင်း အချိန်ရေစီးကြောင်းဓားသိုင်းကို ချိုးဖျက်လိုက်ပြီး တစ်ဆက်တည်းပင် ယိုးမင်ဂိုဏ်းမှ အကြီးအကဲကို လက်ဝါးဖြင့် နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။
ကောင်းကင်ယံထက် မာနကြီးစွာ မတ်တတ်ရပ်နေသော နုန်ယွိရွှမ်သည် လက်တစ်ဖက်က နေမရှိလရိပ်ကို ဖမ်းယူရန်ကြိုးစားရင်း ကျန်လက်တစ်ဖက်ဖြင့် ရန်သူနှစ်ယောက်အားတစ်ပြုင်တည်း ပိတ်ဆို့ထားသည်။
နုန်ယွိရွှမ်က တည်ငြိမ်စွာဖြင့်
“နေနဲ့လကို ပြောင်းပြန်လုပ်ထားတဲ့ နေမရှိလရိပ် တန်ခိုးစွမ်းအား ၊ ဒီတန်ခိုးစွမ်းအားက ငါပိုင်တဲ့အရာပဲဖြစ်ရစေမယ်“
ထိုစဉ် နေမရှိလရိပ်တန်ခိုစွမ်းအားတို့ဖြင့် လွှမ်းခြုံထားသော ဗလာနယ်အတွင်းမှ အလွန်နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
“နေမရှိလရိပ်တန်ခိုးစွမ်းအားကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတာ မင်းမှာ ပြောပိုင်ခွင့်မရှိဘူး“
ထိုအသံကဘရန်ကျောက်ကဲ အသံပင်။
ရန်ကျောက်ကဲ ခပ်ပေါ့ပေါ့ရယ်မောလိုက်စဉ်...
အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့၏တောက်ပမှုအောက်တွင် သူ၏ မျက်ဆံတစ်ခုက ရွှေရာင် ၊ ကျန်မျက်ဆံတစ်ခုက ငွေရောင်အဖြစ် ပြောင်းလဲသွားလေသည်။