← Chapters

နေနဲ့လကိုပြောင်းလဲ ၊ မိုးမြေပြောင်းပြန်လည်ပတ်

Vol. 46 Ch. 641

နေနဲ့လကိုပြောင်းလဲ ၊ မိုးမြေပြောင်းပြန်လည်ပတ်

Vol. 46 Ch. 641

အခန်း (၆၄၁) နေနဲ့လကိုပြောင်းလဲ ၊ မိုးမြေပြောင်းပြန်လည်ပတ်

ရန်ကျောက်ကဲ ခန္ဓာကိုယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားများ နှစ်ပိုင်းကွဲသွားသည်။

တစ်ပိုင်းက တောင်ပသောနေရောင်ခြည်အဖြစ် ပြောင်းလဲသွားပြီး ကျန်တစ်ပိုင်းက အေးမြသော လရောင်ခြည်အဖြစ် ပြောင်းလဲသွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်လိုက်သည့်အခါ ထိပ်တန်းသိုင်းပညာနှစ်ရပ်၏ နက်နဲသိမ်မွေ့မှုက တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။

ပထမ ထိပ်တန်းသိုင်းပညာမှာ ထူးကဲယန်စည်းတံဆိပ်ထက်တွင် ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်မှတစ်ဆင့် နားလည်သဘောပေါက်ခဲ့သော နေမင်းကျမ်းဂန်အမွေအနှစ်ဖြစ်သည်။ ထို သိုင်းပညာက ယန်စွမ်းအားအလွန်အမင်းပြည့်ဝသည့် နေမင်း၏ စစ်မှန်သော ရည်ရွယ်ချက်သဘောတရားကို သက်သေပြနိုင်ပေသည်။

ဒုတိယ ထိပ်တန်းသိုင်းပညာမှာ မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် သိမ်းဆည်းထားသော သိုင်းပညာရပ်ဖြစ်သည့် အမှောင်လရိပ်ဆေးလုံးကျမ်း ဖြစ်သည်။ ထို ကျမ်းစာက ယင်စွမ်းအားအလွန်အမင်းပြည့်ဝသည့် လမင်း၏ စွမ်းအားမှဆင်းသက်လာပြီး အလွန်တရာ သိမ်မွေ့သည်။

ထို ကျမ်းစာက ထူးကဲယင်မိန်းမပျိုများသာ ကျင့်ကြံနိုင်သည့် ထိုက်ယင်းကျင့်စဉ်ကျမ်းနှင့် မတူညီပေ။ အမှောင်လရိပ်ဆေးလုံးကျမ်းက နှိုင်းယှဉ်မရလောက်အောင် အစွမ်းထက်သော်လည်း မည်သည့်ခန္ဓာကိုယ်ပိုင်ရှင်မှ ကျင့်ကြံရမည်ဟု ကန့်သတ်ထားခြင်း မရှိပေ။

ရန်ကျောက်ကဲက အမှောင်လရိပ်ဆေးလုံးကျမ်းကို ကျင့်ကြံထားခဲ့ခြင်း မရှိသော်လည်း ကျမ်းစာကို ဖတ်ရှုထားသဖြင့် နက်နဲသောသဘောတရားများကို နားလည်နေသည်သာ။

ယခုတော့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့်အတူ ထိုကျမ်းစာကိုလည်း ယာယီအတုယူပြီး အနှစ်သာရကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။

ရန်ကျောက်က၏ မျက်ဝန်းများ အရောင်ပြောင်းသွားပြီး ဘယ်ဘက်မျက်လုံးက ကောင်းကင်ထက်တောက်ပနေသော နေမင်းကဲ့သို့ဖြစ်ကာ ညာဘက်မျက်လုံးကတော့ လရောင်ခြည်ပမာ တောက်ပနေ၏။

သူက လက်ဖဝါးနှစ်ဖက် တစ်ပြိုင်တည်း ရိုက်ထုတ်လိုက်ရာ  ဘယ်ဘက်လက်ဖဝါးတွင် တောက်ပသော ရွှေရောင်နေအလင်းတန်းများ ထွန်းလင်းလာပြီး ညာဘက်တွင်တော့ တောက်ပသော လပြည့်ဝန်း ထွက်ပေါ်လာသည်။

သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲက ဦးခေါင်းထက်တွင်ထွက်ပေါ်လာသည်။ ၎င်းကိုယ်ခွဲက ပေတစ်ရာခန့် ရှည်လျားပြီး အပြင်ဘက်ထိတိုင် ကြောက်မက်ဖွယ်ရာ ရွှေရောင်တစ်ဝက် ၊ ငွေရောင်တစ်ဝက် နေနှင့်လ ပေါင်းစပ်ခြင်းရောင်ဝါများ ထွက်ပေါ်လာသည်။

ထူးကဲယန်နှင့် ထူးကဲယင်စွမ်အားတို့က တစ်သားတည်းပေါင်းစပ်သွားပြီး အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့၏ အတွင်းပိုင်းမှ  ထူးခြားသော ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်လာသည်။

နုန်ယွိရွှမ်နှင့် ချိတ်ဆက်ထားသော် နေမရှိလရိပ်တန်ခိုးစွမ်းအားက ချက်ချင်းပင် အားပျော့သွား၏။

သို့သော် နုန်ယွိရွှမ်က ရန်ကျောက်ကဲ အသံကို မှတ်မိသွားသည်။

"လက်စသတ်တော့ မင်းကိုး"

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"မင်းက ဘယ်သူထင်နေလို့လဲ"

သိုင်းသူတော်စင်နှစ်ယောက်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ရသည့်တိုင် မျက်နှာတစ်ချက်မပျက်ခဲ့သော နုန်ယွိရွှမ်မှာ ရန်ကျောက်ကဲအသံကြားသည်နှင့် မျက်နှာတစ်ခုလုံး မှောင်မဲသွားသည်။

“မင်းက သေလမ်းရှာနေတာလား”

အခြားရန်သူများနှင့်ရင်ဆိုင်နေရသည့်တိုင် နေမရှိလရိပ်၏ ဗလာနယ်ထဲတွင် တစ်စုံတစ်ယောက်ပုန်းအောင်းနေေကြာင်း အစောပိုင်းကပင် နုန်ယွိရွှမ် ရိပ်မိခဲ့သည်။

ထို့ကြောင့် ပုန်းကွယ်နေသည့်ရန်သူကို ရင်ဆိုင်ရန် နဂိုကပင် ပြင်ဆင်ထားသော်လည်း ထိုသူက ရန်ကျောက်ကဲ ဖြစ်နေမည်ဟု ထင်မထားမိပေ။ ယခုတော့ ကူရာကယ်ရာမဲ့စွာဖြင့် ရန်သူကို ပိုပြီး သတိထားလိုက်ရသည်။

အပြင်ဘက်မှ ရန်သူနှစ်ယောက်ကို လက်ဝါးဖြင့်ရိုက်ချပြီးနောက် နုန်ယွိရွှမ်၏ညာဘက်လက်က နေမရှိလရိပ်ကို နောက်တစ်ကြိမ် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

ပြင်းထန်သော အော်မြည်သံများနှင့်အတူ သိုင်းသူတော်စင် တတိယအဆင့်၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများက နေနှင့်လကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားနေသည်။

ရန်ကျောက်ကဲက သူ၏ရေခဲချပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး အသင်္ချေနဂါးနန်းတော်အား ဆင့်ခေါ်လျှက် သူ့ကိုယ်သူ အားကောင်းစေလိုက်သည်။

သူတို့နှစ်ယောက်၏ တန်ခိုးစွမ်းအား ယှဉ်ပြိုင်မှုကြောင့်  အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့က အဆက်မပြတ်ပြောင်းလဲပြီး ပို၍မတည်မငြိမ်ဖြစ်လာကာဗလာနယ်သည်လည်း ပိုမိုပုံပျက်လာသည်။

ရေစီးဆင်းနေသည်နှင့် ဆင်တူသော အချိန်ရေစီးကြောင်းဓားကို ဆုပ်ကိုင်ထားသော ခန်းကျင်းယွမ်က နုန်ယွိရွှမ်ကို စူးစိုက်ကြည့်နေရာမှ အဆက်မပြတ် တုန်ခါနေသော နေမရှိလရိပ်ဆီသို့ အကြည့်ရွှေ့ပြောင်းသွားသည်။

သူ ဤလောကသို့ ဝင်ရောက်လာချိန်မှစပြီး ဤသို့သော အဖြစ်အပျက်နှင့် တစ်ခါမှ မကြုံဖူးသေးပေ။ ထို့ကြောင့် သူက ဒေါသတကြီးဖြင့် အချိန်ရေစီးကြောင်းဓားသိုင်းကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။

သူ၏ဓားအလင်းတန်းဖြတ်သန်းသွားသည်နှင့် အချိန်စီးဆင်းမှုက ချက်ချင်းနှေးကွေးသွားသည်။

ခန်းကျင်းယွမ်က ပုံမှန်လေသံဖြင့်...

"မင်းတို့အားလုံး ပြောချင်တာပြောလို့ ပြီးပြီလား"

"ဒီ နေမရှိလရိပ်က ငါ့ဟာလို့ ဒီသခင်လေး အစကတည်းက ပြောထားပြီးသားနော်"

ကြုံးဝါးသံနှင့်အတူ ခန်းကျင်းယွမ်၏ ဓားအလင်းတန်းက ကောင်းကင်ထက်သို့ ဖြတ်သန်းသွားပြီး နုန်ယွိရွှမ်လည်ပင်းဆီသို့ ဝင်ရောက်လာသည်။

“သွားစမ်း”

နုန်ယွိရွှမ်က အေးစက်စွာ နှာတစ်ချက်မှုတ်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားသော ကြယ်ရောင်အလွှာချပ်ဝတ်တစ်ခု ပေါ်လာသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ကောင်းကင်ကြယ်စင်ချပ်ဝတ်စွမ်းအားက နုန်ယွိရွှမ်၏ နေလကျင့်စဉ်စွမ်းအားနှင့် ပေါင်းစပ်သွားပြီး အချိန်ရေစီးကြောင်း ဓားအလင်းတန်းကို ဘေးသို့ တိမ်းစောင်းလွင့်စင်သွားစေသည်။

ယိုးမင်ဂိုဏ်းမှ အကြီးအကဲကလည်း နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်၏။

ခန်းကျင်းယွမ်က အေးစက်စွာပြုံးရင်း...

"မင်းမှာပဲ အထွတ်ထိပ်မှော်ဝင်ပစ္စည်းရှိတယ် ထင်နေတာလား"

သူ၏ညာဘက်လက်မှဓားက အနည်းငယ်လှုပ်ရှားသွားပြီး ဘယ်ဘက်လက်ထဲတွင် အနည်းငယ်ပိုတိုသော ဓားတစ်လက်ပေါ်လာသည်။ ထိုဓားတိုက ဖန်သားပမာ ကြည်လင်နေပြီး ဓားအတွင်းတွင် ရေများစီးဆင်းနေသည့်ပမာ ဖြစ်၏။

ထိုဓားက စောစောက အသုံးပြုသောဓားထက် ပိုမိုထက်ရှပြီး ကြောက်မက်ဖွယ် ကောင်းသည်။

ထိုဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားချက်က နုန်ယွိရွှမ်ထံ ဝင်ရောက်သွား၏။

နုန်ယွိရွှမ်၏ မျက်နှာအမူအရာက အေးစက်နေပြီး အနက်ရောင်အခိုးအငွေ့များက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လွင့်ပျံထွက်ပေါ်လာကာ အလင်းမဲ့မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည်။

မိုးမြေတစ်ခုလုံးကိုပင် စုပ်ယူမျိုချနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာစွမ်းအားကြီးက နုန်ယွိရွှမ်၏ နေလကျင့်စဉ်စွမ်းအားနှင့် ပေါင်းစပ်ပြီး အလွန်အမင်း အားကောင်းလာသည်။

စွမ်းအားနှစ်ခုပေါင်းစပ်သွားခြင်းက ခမ်းနားသော ပေါက်ကွဲမှုကြီးတစ်ခု ရုတ်တရက် မွေးဖွားလာစေသည်။

ကြမ်းတမ်းသော စွမ်းအားကြီးက ဖိအားအပြည့်ဖြင့် ခန်းကျင်းယွမ်၏ အချိန်ရေစီးကြောင်းဓားနှင့် ယိုးမင်ဂိုဏ်း အကြီးအကဲ၏ ရှေးဟောင်းအမှောင်လက်သည်းသိုင်းတို့ကို အရှိန်ပြင်းစွာ ရိုက်ခတ်သွားသည်။

တစ်ချိန်တည်းပင် နုန်ယွိရွှမ်၏ ကြီးမားပြင်းထန်သောစွမ်းအားက နေမရှိလရိပ်ဗလာနယ်ဆီသို့ဝင်ရောက်သွားပြီး ရန်ကျောက်ကဲကို နောက်ဆုတ်သွားစေရန် တိုက်ခိုက်လိုက်၏။

ရန်ကျောက်ကဲက လက်နှစ်ဖက်ယှက်လိုက်ပြီး စက်ဝန်းသံသရာစည်းတံဆိပ်စွမ်းအားကို လက်ဖဝါးများထက် စုစည်းလိုက်ရာ ထူးကဲယင်နှင့် ထူးကဲယန်စွမ်းအားများ ချက်ချင်း ပြောင်းပြန်လှည့်ပတ်သွားသည်။

နေမရှိလရိပ်က ရုတ်တရက် နီးကပ်သွားလိုက်  ၊ ချက်ချင်းပြန်လည်ဝေးကွာသွားလိုက်ဖြင့် အခြေအနေက ပို၍ ပရမ်းပတာ ဆန်လာသည်။

အဆုံးမှာတော့ အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့က ပေါင်းစပ်သွားပြီး လူတိုင်း မျှော်လင့်မထားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။

အနက်ရောင်နေဝန်းက တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်။ ပုံမှန်နေမင်းအလား အလင်းရောင်များတောက်ပလာခြင်း မရှိသော်လည်း စောစောကလို နက်မှောင်နေခြင်း မရှိတော့ပေ။

အနက်ရောင်နေဝန်းကြီးက ရေခဲပြာရောင် တောက်ပလာပြီး မှေးမှိန်သည့်အလင်းတန်းများ ထွက်ပေါ်လာကာ အေးစိမ့်သည့် ချီစွမ်းအားများ ထုတ်လွှတ်လာသည်။

စောစောက အပြာရောင်တောက်ပနေသာ လဝန်းပြာပြာက ယခု နက်မှောင်သွားပြီး အတွင်းထဲမှ ပူနွေးသော အငွေ့အသက်များ ထုတ်လွှတ်လာသည်။

နုန်ယွိရွှမ်က သူ့အရှေ့မှမြင်ကွင်းကို တုန်လှုပ်စွာကြည့်ရင်း...

“ဒါက ဘာဖြစ်သွားတာလဲ ၊ နေမရှိလရိပ်ကနေ လမရှိနေရိပ်အဖြစ် ပြောင်းလဲသွားတလား”

မူလကပင် ထူးဆန်းပြီး ဆန့်ကျင်ဘက်ဖြစ်သော နေနှင့်လ၏စွမ်းအားက နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားသည့်အခါ ပြောင်းပြန်ဖြစ်သွားသော ထူးကဲစွမ်းအားနှစ်ခုမှ ကြောက်မက်ဖွယ်ရာ ဖိအားကြီးတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး နုန်ယွိရွှမ်ကို လွင့်ထွက်သွားစေသည်။

ခန်းကျင်းယွမ်နှင့် ယိုးမင်ဂိုဏ်းမှ အကြီးအကဲတို့လည်း ထိတ်လန့်တုန်လှုပ်သွားကြစဉ် နုန်ယွိရွှမ်က ဒေါသတကြီးဖြင့် ရှေ့သို့နောက်တစ်ကြိမ် ထပ်မံဝင်ရောက်လာ၏။

ထူးဆန်းသော အပြာရောင်နေဝန်းနှင့် အနက်ရောင်လဝန်းတို့က နီးကပ်နေရာမှ နောက်တစ်ကြိမ် ပြန်လည်ဝေးကွာသွားကြပြီး သူတို့ထံ ပြေးဝင်လာသော နုန်ယွိရွှမ်ကို အရေးမစိုက်ကြတော့ပေ။

မူလကပင် မတည်မငြိမ်ဖြစ်နေသာ နေနှင့်လက စောစောက နုန်ယွိရွှမ်ကို အဝေးသို့ လွင့်ထွက်သွားစေပြီးနောက် ပို၍ပင် မတည်မငြိမ် ဖြစ်လာသည်။

နေနှင့်လစွမ်းအားများ ပြောင်းပြန်လည်ပတ်သွားခြင်းကြောင့် နေမရှိလရိပ်တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားသော ဗလာနယ်က လုံးဝ ပြိုကျသွားပြီး ရေခဲပြာရောင်နေဝန်းနှင့် အနက်ရောင်လဝန်းတို့က သူတို့အားလုံးမျက်စိရှေ့မှာပင် ပေါက်ကွဲထွက်မတတ် ထင်မှတ်ရ၏။

ရန်ကျောက်ကဲ မျက်ဝန်းများက အာရုံစူးစိုက်ထားပြီး အလွန်တည်ငြိမ်နေသည်။

“ယွင်ရှန်း အခု မင်းအလှည့်ပဲ”

ရန်ကျောက်ကဲ စိတ်ဖြင့်စေစားလိုက်သည်နှင့် အသင်္ချေနဂါးနန်းတော်တံခါးပွင့်လာပြီး ကြီးမားသော စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာကာ လမရှိနေရိပ်တန်ခိုးစွမ်းအားများကို စုပ်ယူလိုက်၏။

နုန်ယွိရွှမ်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ အကယ်၍ ဤ ထူးဆန်းသော နေနှင့်လ ပြောင်းပြန်လည်ပတ် တန်ခိုးစွမ်းအားကြီးသာ ပေါက်ကွဲထွက်သွားလျှင် သူတို့အနေဖြင့် ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

ထိုတန်ခိုးစွမ်းအားကြီးကို အသင်္ချေနဂါးနန်းတော်အတွင်းသို့ စုပ်ယူလိုက်ခြင်းက ကိုယ့်အိမ်ထဲသို့ အန္တရယ်ကို ဆွဲခေါ်သည့်အလား ဖြစ်၏။

နုန်ယွိရွှမ်မျက်နှာအမူအရာက အေးစက်ကြမ်းကြုတ်သွားပြီး သူ၏လှုပ်ရှားမှုများကို မရပ်တန့်ဘဲ ရန်ကျောက်ကဲထံသို့ ဦးတည်ဝင်ရောက်သွားသည်။

နေမရှိလရိပ် ထုံးတမ်းပွဲတော်မှ အကျိုးကျေးဇူများ ဆုံးရှုံးသွားပြီ ဖြစ်သော်လည်း အနည်းဆုံးတော့ ဤနေရာတွင် ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်နိုင်သေးသည်။ ကံကောင်းသည်မှာ ထို ရန်ကျောက်ကဲဆိုသော လူငယ်လေးက အလွန်လောဘကြီးစွာဖြင့် လမရှိနေရိပ်တန်ခိုးစွမ်းအားကို ရပ်တန့်ပစ်ချင်နေခြင်းပင်။

ဤသို့ပြုလုပ်ခြင်းက ရန်ကျောက်ကဲ၏ စွမ်းအားကို သေချာပေါက် ကျဆင်းသွားနိုင်သည် အမှန်ပင်။

နုန်ယွိရွှမ်ကိုကြည့်ရင်း ရန်ကျောက်ကဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူက ရေခဲချပ်ဝတ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ များပြားလှစွာသော ရေခဲနဂါးများ ကြုံးဝါးသံများပြုကာ ပျံသန်းလာပြီး နုန်ယွိရွှမ်ကို ဝင်ရောက်တိုက်ခိုက်ကြ၏။

ထိုခဏတွင်အသင်္ချေနဂါးနန်းတော်မှ များပြားလှစွာသော နဂါးဟိန်းသံများ တစ်ပြိုင်နက်တည်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည်။

ခန္ဓာကိုယ်ထက် အထွတ်ထိပ်မှောင်ဝင်ပစ်စည်းတစ်ခု ရှိနေပြီး သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ ထွက်ပေါ်လာကာ အသွင်အပြင်လည်း ပြောင်းလဲသွားသည်။ ထိုကိုယ်ခွဲက လူသားတစ်ယောက်ပုံစံမဟုတ်ဘဲ အစစ်အမှန်နဂါးတစ်ကောင်သဏ္ဌန်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်က မိုင်ပေါင်းတစ်သောင်းမက ရှည်လျားသည်။

နဂါးအကြေးခွံများ ခုန်လှုပ်နေပြီး အစွန်းရောက် အေးခဲမှုက မိုးမြေတစ်ခွင်ကို ရေခဲခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလား အေးခဲသွားစေ၏။

ရေခဲနဂါးအကြေးခွံများ စံနှုန်းပြောင်းပြန်ဖြစ်သွားပြီး ထိုအရာကို ထိတွေ့မိသူတိုင်း မရဏလမ်း မြန်းရေပမည်။

ရန်ကျောက်ကဲ ပြိုင်ဘက်ကင်း ကောင်းကင်ကျမ်းစာဖြင့် ဖန်တီးထားသော လူသတ်တိုက်ကွက်က အင်္ကျီလက်ထဲမှ စိမ်းပြာနဂါးဓားသိုင်းနှင့်အတူ ရခဲချပ်ဝတ်မှ ရေခဲနဂါးသိုင်းပညာဖြင့် ပေါင်းစပ်သွားသည့်အခါ...

"ရေခဲနဂါး စံနှုန်းပြောင်းပြန်သိုင်းပညာ"

ထွက်ပေါ်လာလေသည်။

All Chapters