← Chapters

မင်းရဲ့သိုင်းပညာက ကျွမ်းကျင်အဆင့်မဟုတ်သေးဘူး

Vol. 46 Ch. 642

မင်းရဲ့သိုင်းပညာက ကျွမ်းကျင်အဆင့်မဟုတ်သေးဘူး

Vol. 46 Ch. 642

အခန်း (၆၄၂) မင်းရဲ့သိုင်းပညာက ကျွမ်းကျင်အဆင့်မဟုတ်သေးဘူး

ရေခဲသမုဒ္ဒရာပြင်ထက် နဂါးများစွာက အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသည်။

ဒါကိုမြင်တော့ နုန်ယွိရွှမ်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး

"သိုင်းသူတော်စင်မဖြစ်သေးတဲ့ သိုင်းဆရာသခင်တစ်ယောက်က ဒီလိုတန်ခိုးစွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

အတွေးနှင့်အတူ သူက လက်သီးနှစ်ဖက် ကြက်ခြေခတ်လိုက်ပြီး လေထုထဲသို့ ထိုးနှက်ချလိုက်သည်။

သူ့လက်များထက်တွင် လပြည့်ဝန်းကို ကိုင်ဆောင်ထားပြီး ကြိုးတပ်တူရိယာတစ်ခုတီးခတ်သည့်အလား ဝှေ့ယမ်းလှုပ်ရှားသွားသည်။

ရွှေရောင်နေဝန်း နစ်မြုပ်သွားပြီးနောက် ငွေရောင်လဝန်း တစ်ဖန် မြင့်တက်လာသည်။

ထိုသိုင်းပညာက ကွမ်းမင်ဂိုဏ်း၏ လျှို့ဝှက်ပညာတစ်ရပ်ဖြစ်သော နေလလှည့်ပတ်ကျင့်စဉ်စွမ်းအား ဖြစ်၏။

"မင်းရဲ့တန်ခိုးစွမ်းအားက မျှော်လင့်မထားလောက်အောင် အစွမ်းထက်ပေမယ့် အထက်ဘုံကမ္ဘာကို ရောက်လာတယ်ဆိုကတည်းက ကိုယ့်သေတွင်း ကိယ်တူးတာပဲ"

နုန်ယွိရွှမ်က အေးစက်စွာ ဆိုသည်။

"မင်းနဲ့အတူ ထူးကဲယန်ဟည်းတံဆိပ်ကိုရော ယူလာခဲ့သလား ၊ မယခူခဲ့ဘူးဆိုရင်တော့ ဒီနေ့က မင်းသေရမယ့်နေ့ပဲ"

သူက ရှေ့သို့တိုးလိုက်ပြီး အရှေ့မှအနောက်သို့ မရပ်မနားရွေ့လျားသော နေမင်းပမာ အတားအဆီးမဲ့ အရှိန်အဟုန်ဖြင့် ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ နဂါးအမြီးကို နင်းချေပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက လက်ကိုမြှောက်လိုက်ပြီး နဂါးဦးခေါင်းကို ရိုက်ချလိုက်၏။ သူ့လက်ဝါးဇောင်းက ဓားသွားပမာ အလင်းရောင်များထွက်ပေါ်လာပြီး လပြည့်ဝန်းဓားသွားက နဂါးခေါင်းအား ခုတ်ပိုင်းချလိုက်သည့်နှယ်ဖြစ်သည်။

နုန်ယွိရွှမ်က ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်ရင်း

"ငါတို့နှစ်ယောက် နောက်တစ်ခါပြန်ဆုံရင် မင်းကိုသတ်ပစ်မယ်လို့ ငါ အရင်က ပြောခဲ့ဖူးတာ မှတ်မိသေးလား"

ရန်ကျောက်ကဲက နုန်ယွိရွှမ်ကို စိုက်ကြည့်ကာ ပြုံးရင်း

"မင်းလား ငါ့ကို သတ်နိုင်မှာ"

သူ့စကားမဆုံးခင်မှာပင် နုန်ယွိရွှမ်မျက်နှာပျက်သွားသည်။

သူက ရန်ကျောက်ကဲ ဦးခေါင်းထက်တွင်ရှိနေသော အသင်္ချေနဂါးနန်းတော်ကို ကြည့်လိုက်သည်။ နဂါးနန်းတောက် မရပ်မနားတုန်ခါနေပြီး အချိန်မရွေးပြိုကျလုမတတ်ပင်။

သို့သော် နဂါးနန်းတော် တုန်ခါလာသည်နှင့် သူ့ပတ်ဝန်းကျင်မှ နေနှင့်လက ချက်ချင်းမှေးမှိန်သွားပြီး သူ့ခန္ဓာကိုယ်ထက်မှ အလင်းမဲ့တစ္ဆေချီများ ထွက်ပေါ်လာသည်။

အလင်းမဲ့တစ္ဆေချီများနှင့်အတူ ရက်စက်ကြမ်းတမ်းသော စွမ်းအားတစ်ုက နုန်ယွိရွှမ်ခန္ဓာကိုယ်ထက်မှ ကြီးကျယ်ခမ်းနားသော နေမင်းရောင်ဝါကို ဝါးမျိုပစ်လိုက်သည်။

ထိုအဖျက်စွမ်းအားက မှိန်ဖျော့သော လရောင်ခြည်ကိုပင် သက်ရောက်မှုရှိသွား၏။

နုန်ယွိရွှမ်ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ထိုအဖျက်စွမ်းအားက ရာဟုကြယ်တန်ခိုးစွမ်းအားပင် ဖြစ်၏။

နုန်ယွိရွှမ် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားပြီး ထို အဖျက်စွမ်းအားကို ထိန်းချုပ်ချင်သည့်တိုင် ထိုသို့ပြုလုပ်ရန် စွမ်းအားမရှိတော့ပေ။

ရန်ကျောက်ကဲက ညင်သာစွာ ပြုံးရင်း

"ငါတို့ နောက်ဆုံးအကြိမ် တွေ့ပြီးနောက်ပိုင်း မင်းရဲ့ ရာဟုကြယ် အဖျက်စွမ်းအားတွေက အတော်လေး ကြီးမားလာတာပဲ"

"မင်းရဲ့သိုင်းစွမ်းက ပါရမီရှင်တွေကြားက ပါရမီရှင်လို့ ချီးကျူးထိုက်ပါတယ် ၊ နေကြတ်ခြင်းကိုဖြစ်ပေါ်စေတဲ့ ရာဟုကြယ်စွမ်းအားကို မင်းတို့ကွမ်းမင်ဂိုဏ်းက နေလသိုင်းပညာနဲ့ အချိန်တိုအတွင်း ပေါင်းစပ်နိုင်ပြီး သာမန်ထက် ထူးကဲတဲ့စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့တယ် ၊ အလင်းနဲ့အမှောင်ကြားက ဆန့်ကျင်ဘက်စွမ်းအားကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်"

"ကျင့်ကြံခြင်းအဆင့် တူညီတဲ့သူတွေကြားမှာ မင်းရဲ့အဆင့်အတန်းက ထူးခြားတယ် ၊ နေလစွမ်းအားနဲ့ ပေါင်းစပ်ထားတဲ့ ရာဟုကြယ်အဖျက်စွမ်းအားက မင်းကို ပိုပြီး အစွမ်းထက်လာစေတယ်"

နုန်ယွိရွှမ်က ရန်ကျောက်ကဲကို တည်ငြိမ်စွာပင် စိုက်ကြည့်ရင်း

"မင်း ဒီလောက်နားလည်နေသားနဲ့ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က မလုံလောက်တာ နှမျောစရာပဲ ၊ မင်းအဆင့်က ပုလင်းတစ်ဝက်ပဲ ရှိသေးတယ် ၊ အပြည့်မဟုတ်သေးဘူး"

အသင်္ချေနဂါးနန်းတော်ထဲတွင် ကြီးမားသော တန်ခိုးစွမ်းအားများ အမှန်တကယ် ကိန်းအောင်းနေသည်။

ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည့်နေနှင့်လ ပြောင်းပြန်လည်ပတ်နေခြင်း တန်ခိုးစွမ်းအားများရှေ့တွင် ဖန်းယွင်ရှန်း မတ်တတ်ရပ်နေသည်။ သူမလက်ထဲတွင် အနက်ရောင်တစ်ဝက် အဖြူရောင်တစ်ဝက် သတ္တုအပိုင်းအစလေးတစ်ခုကို  ကိုင်မြှောက်ထား၏။

ထိုသတ္တုအပိုင်းအစလေးက အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ အဘိုးအိုမော့ထံမှ ရရှိခဲ့သော ထူးဆန်းသည့် အမွေအနှစ်ပစ္စည်း ဖြစ်သည်။

ရေခဲပြာရောင်နေဝန်းနှင့် အနက်ရောင်လဝန်းတို့သည် လက်ရှိတွင် အဆက်မပြတ် တောက်ပနေပြီး အသင်္ချေနဂါးနန်းတော်အတွင်းပိုင်းကို အပြာရောင်နှင့် အနက်ရောင် တောက်ပနေစေသည်။

ကြောက်မက်ဖွယ်ရာစွမ်းအားကြီးက မြင့်တက်လာပြီး သိုင်းသူတော်စင်တစ်ယောက်ပင်လျှင် သေကြေပျက်ဆီးသွားနိုင်ကြောင်း သံသယဝင်စရာ မရှိပေ။

စွမ်းအားလှုပ်ခတ်မှုအနည်းငယ်ကပင် ဖန်းယွင်ရှန်းအား အခိုးအငွေ့အဖြစ် လွင့်ပျံသွားစေရန် လုံလောက်သည်။ သို့သော် ဖန်းယွင်ရှန်းက အကြောက်အလန့်မရှိ တည်ငြိမ်နေသည်ပင်။

စောစောက ရန်ကျောက်ကဲမှာကြားခဲ့သည်များကို ပြန်တွေးရင်း သူမက လက်တစ်ဖက်ဝှေ့ယမ်းလျှက် ထို သတ္တုအပိုင်းအစလေးကို လမရှိနေရိပ်တန်ခိုးစွမ်းအားများအတွင်း ပျံသန်းဝင်ရောက်စေလိုက်သည်။

မူလက သာမန်ပုံစံ အပြစ်ကင်းစင်သော သတ္တုအပိုင်းအစသည် ရုတ်ချည်းပင် အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက် အလင်းတန်းများတောက်ပလာသည်။ ထို့နောက် ရေခဲပြာရောင်နေဝန်း ၊ အနက်ရောင်လဝန်းတို့နှင့် ကြီးမားသောချိတ်ဆက်မှုရှိနေသည့်အလား မှုံဝါးဝါးနှင့် ဖရိုဖရဲ ဖြစ်လာသည်။

မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်တော့မည့် လမရှိနေရိပ်တန်ခိုးစွမ်းအားသည် ချက်ချင်းပင် လေထုထဲတွင် ရပ်တန့်သွား၏။

ထို့နောက်မှာတော့ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြီးမားသော အပြောင်းအလဲကြီး ဖြစ်လာသည်။

ဖန်းယွင်ရှန်း၏ ဓားအိမ်အတွင်းမှ ထုတ်ယူလိုက်သော အနက်ရောင်ဓားရှည်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းစွာ ပုံပျက်နေေသာ နေနှင့်လထံသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။

ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး နဂါးနန်းတော်တစ်ခုလုံး တုန်လှုပ်သွားသည်။ အတွင်းထဲမှ ပြောင်းလဲမှုက မိုးမြေ ပြောင်းပြန်လန်တော့မည့်အလား ထင်မှတ်ရသည်။

များစွာသောအလင်းတန်းများက အလင်းမိုးများပမာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်စင်သွားသည်။

အသင်္ချေနဂါးနန်းတော်အတွင်းမှ အချိန်နှင့် ဗလာနယ်အာကာသ လွဲမှားကွဲပြားနေခြင်းများက တူညီသော အချိန်ကာလအဖြစ် ပြောင်းလဲသွား၏။

ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်နေပြီး စကြာဝဠာကွဲအက်ပြိုကျသည့်အလား နေ ၊ လ နှင့် ကြယ်စင်များ တစ်ပြိုင်တည်း ယှဉ်တွဲသွားသည်။

အားဟူနှင့် ပန်ပန်တို့သည်လည်း မြင်ကွင်းကို စိတ်ရှုတ်ထွေးစွာဖြင့် အာရုံစိုက်ကြည့်နေကြသည်။ ထို အလင်းတန်းမိုးစက်များ သူတို့အပေါ်ရွာကျလာစဉ် သူတို့၏ ကျင့်ကြံခြင်းအပေါ်နားလည်နိုင်စွမ်းက ချောက်နက်ကြီးတစ်ခုပမာ နက်နဲလာသည်။

ထိုအရာက သူတို့အားစိတ်မသက်မသာဖြစ်စေခြင်း မရှိဘဲ သက်သောင့်သက်သာခံစားရစေပြီး သူတို့၏ သေမျိုးလူသားရုပ်ခန္ဓာများက ပြန်လည်မွေးဖွားလာသည့်အလား အရိုးများမှအစ ပြောင်းလဲသွားသည်။

“သခင်လေး ကြိုပြောထားတဲ့အတိုင်း တကယ်ဖြစ်လာတာပဲ”

အားဟူက အလင်းရောင်မိုးစက်များထွက်ပေါ်လာရာရင်းမြစ်ကိုကြည့်ရင်း အလွန်ပျော်ရွှင်စွာဖြင့် တွေးလိုက်သည်။

အလင်းရောင်မိုးစက်များ၏ ရင်းမြစ်နေရာအပြင်ပိုင်းတွင် အနက်ရောင်လဝန်းတည်ရှိနေပြီး ရေခဲပြာရောင် နေဝန်းကတော့ အတွင်းပိုင်းတွင် မရပ်မနား တောက်လောင်လျှက်ပင်။

နေဝန်းအလယ်ဗဟိုတွင် ဓားရှည်ကိုင်မြှောက်ထားသော ပုံရိပ်တစ်ခု ရှိနေပြီး ထိုသူမှာ ဖန်းယွင်ရှန်း ဖြစ်၏။

ဖန်းယွင်ရှန်းလက်ထဲမှ အနက်ရောင်ဓားအပြင်ဘက်ထိပ်ဖျားမျက်နှာပြင်တွင် ရေခဲပြာရောင် ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး ဓားသွားတစ်လျှောက် စီးဆင်းပြည့်နက်သွားသည်။

နေနှင့်လ ပြောင်းပြန်စီးဆင်းခြင်း၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားက ဓားသွားနှင့် ပေါင်းစပ်သွားပြီး အဆုံးမရှိ အဆက်မပြတ် ဓားသွားအတွင်း စီးဆင်းသွားသည်။

မူလက သုံးပေရှည်လျားသောဓားရှည်သည် ယခုတော့ မရပ်မနားဆန့်ထွက်လာသည်။ ဓားရှည်သည် လိုအပ်လျှင် မြူမှုံငယ်ပမာ ကျုံ့နိုင်ပြီး တောင်မြင့်ကြီးတစ်ခုပမာလည်း ဆွဲဆန့်နိုင်သည့်အလား ပြောင်းလဲသွား၏။

ဓားရှည်ကိုင်ဆောင်ထားသော ဖန်းယွင်ရှန်း လက်ဖဝါးထက်တွင်လည်း ရေခဲပြာရောင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ဓားသွားအတွင်းမှထွက်လာသည့် ပြင်းထန်သောစွမ်းအားက သူမခန္ဓာကိုယ်ထဲ မြင့်တက်လာကာ သူမကိုယ်တိုင်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲလွန်းသည်။

သူမ၏မျက်ဝန်းများက ရေခဲပြာရောင် တောက်ပနေပြီး မိုးကုတ်စက်ဝိုင်းတွင် တောက်ပနေသာ နေမင်းနှစ်စင်းပမာ ထင်မှတ်ရသည်။

အနက်ရောင်လဝန်းက ရေခဲပြာရောင်နေဝန်းနှင့် ချိတ်ဆက်သွားပြီး ထို တန်ခိုးစွမ်းအားများ၏ များပြားလှသောပမာဏက ဖန်းယွင်ရှန်း ခန္ဓာကိုယ်ထဲ စုစည်းသွားသည်။

သို့သော် များပြားလွန်းလှသော လမရှိနေရိပ် တန်ခိုးစွမ်းအားများက အသင်္ချေနဂါးနန်းတော်ထဲတွင် လှည့်ပတ်နေဆဲပင်။

အားဟူနှင့် ပန်ပန်တို့နှစ်ယောက်လုံးက ရန်ကျောက်ကဲ စောစောက မှာကြားခဲ့သည့်အတိုင်း ဖန်းယွင်ရှန်းနှင့်အတူ နဂါးနန်းတော်၏စွမ်းအားများ ၊ နေနှင့်လ ပြောင်းပြန်လည်ပတ်ခြင်းစွမ်းအားများအလယ် လွှမ်းခြုံရစ်ပတ်လျှက် နှစ်ခြင်းခံယူကြသည်။

အသင်္ချေနဂါးနန်းတော်က ဝိညာဉ်စွမ်းအားများကို ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး နေနှင့်လ ပြောင်းပြန်လည်ပတ်ခြင်းစွမ်းအားများအား စုပ်ယူနေ၏။

ဖန်းယွင်ရှန်း၏ မျက်ဝန်းများက ဗလာနယ်ကို ဖြတ်ကျော်သွားသည့်အလား အသင်္ချေနဂါးနန်းတော် အတားအဆီးကို ကျော်ဖြတ်သွားသည်။ နဂါးနန်းတော်အပြင်ဘက်တွင် ရင်းနှီးသလိုလို ထူးဆန်းသလိုလို ရှိသောလျှို့ဝှက်ဆန်းကျယ်ပြီး ကြမ်းကြုတ်သည့် ရောင်ဝါတစ်ခုကို သူမ ခံစားရသည်။

ထိုစွမ်းအားရောင်ဝါက တစ်ချိန်က ရန်ကျောက်ကဲပြောပြဖူးသော နုန်ယွိရွှမ် သန့်စင်ထားသည့် ရာဟုကြယ်စွမ်းအားဖြစ်ကြောင်း သူမ သိလိုက်၏။

ထိုစွမ်းအားကို အာရုံခံမိသည်နှင့် သူမလက်ထဲမှ အနက်ရောင်ဓားက အဆက်မပြတ် တုန်ခါသွားသည်။

တစ်စုံတစ်ခုကို အာရုံခံမိသည့်အခါ ဖန်းယွင်ရှန်းက ဓားကို ပင့်မြှောက်လိုက်သည်။

သူမ ဓားကိုပင်မြှောက်လိုက်သည်နှင့်  ဓားသွားထက်မှ ရေခဲပြာရောင်ဝိညာဉ်သင်္ကေတများက အနက်ရောင်ပြာင်းလဲသွားပြီး မှောင်မှိုင်းကြမ်းတမ်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဓားသွားထိပ်ဖျားတွင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းထဲတွင် နေမင်းက ထိန်ထိန်သာနေပြီး လောကကို အလင်းပေးသည်။ သို့သော် တစ်ခဏအတွင်း အနက်ရောင်အလင်းတန်းများ မြင့်တက်လာပြီး နေရောင်ခြည်ကို မျိုချပစ်လိုက်ပြီး နေမင်းကို သဲလွန်စမကျန် ပျောက်ကွယ်သွားစေကာ လောကတစ်ခုလုံး ထာဝရ အမှောင်ဖုံးသွားသည်။

ဖန်းယွင်ရှန်း ဓားကိုပင့်မြှောက်လိုက်သည်နှင့် နုန်ယွိရွှမ်၏ခန္ဓာကိုယ်ထဲမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ထိန်းမနိုင်သိမ်းမရ ရုတ်တရက် ထကြွလာသည်။

ယခင်က ကနဦးသန့်စင်ခြင်းအဆင့် ရောက်ရှိနေသာ ရာဟုကြယ်စွမ်းအားက ချက်ချင်းပင် သူကျင့်ကြံထားသည့် နေလကျင့်စဉ်စွမ်းအားနှင့် ရိုက်ခတ်မိသွားသည်။

စောစောက ခန်းကျင်းယွမ်နှင့် ယိုးမင်ဂိုဏ်းမှ အကြီးအကဲတို့ကို တိုက်ခိုက်သည့်အချိန်နှင့်မတူညီပေ။ ရန်သူနှစ်ယောက်ကိုတိုက်ခိုက်စဉ် နေလကျင့်စဉ်စွမ်းအားနှင့် ရာဟုကြယ်စွမ်းအားများ ထိပ်တိုက်ထိတွေ့သော်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ယခုတစ်ကြိမ်မှာတော့ နုန်ယွိရွှမ်ကိုယ်တိုင် သူ၏စွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ထန်းမနိုင်သိမ်းမရ စွမ်းအားများက နုန်ယွိရွှမ်ခန္ဓာကိုယ်ထဲ ပရမ်းပတာပြန့်ကျဲလာပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ကာ သူ၏ ကျင်ကြံခြင်းသည်လည်း သွေဖယ်သွားသည်။

သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင််တွင်ရှိနေသော ရွေရောင်နေခြည်နှင့် ငွေဖြူရောင်လရိပ်သည်လည်း ပျက်ဆီးသွားသည်။

နုန်ယွိရွှမ် အလွန်အမင်းတုန်လှုပ်သွားစဉ် ပတ်ဝန်းကျင်တစ်ခုလုံးက ရေခဲကမ္ဘာပမာ သေလောက်အောင် အေးခဲနေပြီး မိုးမြေတစ်ခုလုံးက တိတ်ဆိတ်နေသည်။

ရန်ကျောက်ကဲက "ရေခဲနဂါး စံနှုန်းပြောင်းပြန်သိုင်းပညာ" တန်ခိုးစွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခါ ထိုစွမ်းအားက နုန်ယွိရွှမ်၏ ရင်ဝကို ပြင်းထန်စွာထိမှန်သွားသည်။

နုန်ယွိရွှမ်၏မျက်နှာနီရဲလာပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ကောင်းကင်ကြယ်စင်ချပ်ဝတ်ဖြင့် တားဆီးလိုက်၏။ ချပ်ဝတ်မှ အလင်းတန်းများ ထွက်ေပါ်လာပြီး ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုအား ပိတ်ဆို့ထားလိုက်သည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြုံးရင်း လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ငါးပေရှည်သော ဝါးကိုင်းတစ်ခု ပေါ်လာပြီး နုန်ယွိရွှမ်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

ထိုအခါ ကောင်းကင်ကြယ်စင်ချပ်ဝတ်မှ ထွက်ပေါ်နေသော အဆုံးမရှိ အလင်းတန်းများမှာ ချက်ချင်းပင် မှေးမှိန်သွားလေတော့၏။

All Chapters