← Chapters

တခြားနည်းလမ်းရှာ

Vol. 46 Ch. 645

တခြားနည်းလမ်းရှာ

Vol. 46 Ch. 645

အခန်း (၆၄၅) တခြားနည်းလမ်းရှာ

ရှန်လင်ကျီနှင့် သူ၏အဆက်အနွယ်များက ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ စစ်မှန်သောအဓိပ္ပါယ်အချို့ကို မည်သို့ရယူခဲ့ကြောင်း မသိနိုင်သော်လည်း ‘အချိန်ရေစီးကြောင်းဓားသိုင်း’ က တော့ ထိုကျမ်းစာမှ အမှန်တကယ် သက်ဆင်းလာခြင်းဖြစ်၏။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သူ၏မိခင်က နှင်းကြိုးကြာဂိုဏ်းချုပ်စူးယွင်အား ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ တစ်စိတ်တစ်ပိုင်းကို သင်ပြပေးခဲ့သည်။ ကြည့်ရသည်မှာ မိခင်ဖြစ်သူ ရွှယ်ချူးချင်က သလင်းကျောက်စိမ်းအဆက်အနွယ်၏ အခြားသော အနွယ်တော်ဖြစ်နိုင်သည်။

သို့သော် အထက်ဘုံကမ္ဘာသို့ရောက်ပြီး သိပ်မကြာမီ သလင်းကျောက်စိမ်းအဆက်အနွယ်များနှင့် ဆုံတွေ့ရမည်ဟု ရန်ကျောက်ကဲ မျှော်လင့်မထားခဲ့ပေ။

ထိုသူများက မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့် ပတ်သက်နေနိုင်သည်လား။

“ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်မှာ မူလကောင်းကင်ကျမ်းစာ (၁၀)ခုအနက် (၄)ခုကို မှတ်တ်းတင်သိမ်းဆည်းထားတယ် ၊ အဲဒီ ကျမ်း (၄)ကျမ်းမှာ ထာဝရအလင်းကောင်းကင်ကျမ်းစာ မပါဝင်ဘူး ၊ မဟာကပ်ဘေးကြီးအလွန်ကာလမှာ ထာဝရအလင်း‌ကောင်းကင်ကျမ်းစာရဲ့ အဆက်အနွယ်တစ်ဘောက်ကိုတွေ့ရမယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“အင်း... သလင်းကျောက်စိမ်းဂိုဏ်းကိုတည်ထောင်ခဲ့တဲ့ “ရှေးဦးတည်ရှိခြင်းရဲ့အရှင်သခင်” ယွမ်စီထျန်းကျွင်းရဲ့ သင်ကြားပေးမှုအောက်မှာ အစစ်အမှန်နတ်ဘုရား ထိုက်ယီကျန်းရန်က ထာဝရအလင်းကောင်းကင်ကျမ်းစာကို အ‌တော်လေး ကျွမ်းကျင်တယ်”

“ဒါပေမဲ့ ရှန်လင်ကျီက ထိုက်ယီကျန်းရန် နတ်ဘုရားဆီက တိုက်ရိုက်အမွေကို လက်ခံရခဲ့တာလား ၊ ဒါမှမဟုတ် တခြားသူတစ်ယောက်ဆီက ရရှိခဲ့တာလားဆိုတာ မသိနိုင်ဘူး ၊ အဲဒီလူကလည်း မဟာကပ်ဘေးကြီးက ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူလား မပြောတတ်ဘူး ၊ ဒါမှမဟုတ် ထိုက်ယီကျန်းရန်ရဲ့ ပညာအမွေကို မဟာကပ်ဘေးကြီးပြီးတဲ့နောက် အကြွင်းအကျန်တွေကနေတစ်ဆင့် ရရှိခဲ့တာလည်း ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ထာဝရအလင်းကောင်းကင်ကျမ်းစာကို အရင်က မလေ့လာဖူးသော်လည်း ‘ထိုက်ယီချိုးဖျက်အစီအရင်’ ကို သိကျွမ်းနားလည်သဖြင့် ထိုက်ယီကျန်းရန်၏ သိုင်းပညာကိုလည်း ဆုပ်ကိုင်နိုင်စွမ်း ရှိသည်။

ယခု ထာဝရအလင်းကောင်းကင်ကျမ်းစာကို တွေ့မြင်ရသဖြင့် ရန်ကျောက်ကဲ ပိုပြီး စိတ်ဝင်စားနေမိ၏။

ဟုတ်ပေ၏။ ရန်ကျောက်ကဲက ရှန်လင်ကျီ၏ အဆက်အနွယ်များ ကျူတောပင်လယ်ဒေသတွင် ထွက်ပေါ်လာခြင်းက သူ အထက်ဘုံကမ္ဘာသို့ ခရီးထွက်လာခြင်းအပေါ် မည်သို့သက်ရောက်မှုရှိမည်ကို စိတ်ပူပန်နေမိသည်။

တာ့ရွှမ်တိုင်းပြည်မှ စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ပြီးဖြစ်သဖြင့် သူတို့ကြားမှ ဆက်ဆံရေးက ဆိုးရွားနေပြီ ဖြစ်၏။ ယိုးမင်ဂိုဏ်းနှင့် နီးစပ်သဖြင့် ပုန်ကန်သူတစ်ယောက်အဖြစ်ပင် သေချာပေါက် သံသယဝင် ခံရနိုင်သည်။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို ဗဟိုပြုပြီး တာ့ရွှမ်တိုင်းပြည်နှင့် တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်သူများ အပြင်းအထန် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြီးက မိုးအောက်မြေပြင်တစ်ခွင် အရာအားလုံးထက် ပိုမိုပြင်းထန်သည်။

တိုက်ပွဲ ထိပ်ဆုံးအဆင့် ပြင်းထန်လာသည်နှင့် ကျူတောပင်လယ်ဒေသတစ်ခုလုံး၏ ထက်ဝက်ခန့်က တိုက်ပွဲ၏သက်ရောက်မှုကို ခံစားခဲ့ကြရသည်။

ဧကရာဇ်ရွှမ်မု ၊ လော့ကျီးထောင်နှင့် ကျိုးဟောက်ရှန်းတို့သာမက များပြားလှစွာသော ထိပ်တန်းအဆင့်သိုင်းကျင့်ကြံသူများသည်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ အောက်ခြေအဆင့်ရှိ ကျွမ်းကျင်သူများသည်လည်း တိုက်ပွဲဝင်ခဲ့ကြသည်ပင်။

တာ့ရွှမ်တိုင်းပြည်ပုန်ကန်သူများမဟာမိတ်အဖွဲ့တွင် ယိုးမင်ဂိုဏ်းမှသိုင်းသမားများက အများဆုံး ဖြစ်သည်။ ရန်ကျောက်ကဲတို့အုပ်စုနေထိုင်ခဲ့သော ပန်းပွင့်ငြိမ်းချမ်းဒေသသာမက အခြားသောဒေသများမှ ယိုးမင်ဂိုဏ်းခွဲများအားလုံး တာ့ရွှမ်တိုင်းပြည်၏ တိုက်ခိုက်ခြင်းခံနေရပြီး မြေပြင်ထက် မီးများလောင်ကျွမ်းလျှက် ရှိသည်။

ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများက ဧကရာဇ်ရွှမ်မု ၊ ကျိုးဟောက်ရှန်းနှင့် အခြားသောတိုက်ပွဲနောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် မထိခိုက်စေရန် အစွန်အဖျားဒေသများသို့ ဆုတ်ခွာပြောင်းရွှေ့သွားကြသည်။

တာ့ရွှမ်တိုင်းပြည်က အပြင်းအထန်တိုက်ခိုက်သည့်အတွက် ယိုးမင်ဂိုဏ်း အားနည်းလာရသည်။ တပည့်များက ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသော်လည်း တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများက အဆက်မပြတ် လိုက်လံသုတ်သင်ပစ်ကြသည်။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ပင်လယ်ရေနက်ထဲသို့ ပို့ဆောင်ထားသည့်တိုင် ပင်လယ်ရေပြင်သည်လည်း ငြိမ်သက်ခြင်း မရှိပေ။ တစ်ခါတစ်လေ ထိပ်တန်းအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားအတက်အကျများ၏ သက်ရောက်မှုကို ခံစားရသည်။

နေနှင့်လပြောင်းပြန်လည်ပတ်ခြင်းစွမ်းအားဖြင့် လွှမ်းခြုံနှစ်ခြင်းခံယူပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုက သူတို့၏ သိုင်းပညာစွမ်းအားများကို လှည့်ပတ်ကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသော ‘လမရှိနေရိပ်’ တန်ခိုးစွမ်းအားများကို သန့်စင်ကျင့်ကြံနေကြသည်။

ရန်ကျောက်ကဲက နန်းတော်ထဲတွင် ရှိနေသည်။ သူ အပြင်သို့ထွက်မလေ့လာသဖြင့် တိုက်ပွဲအခြေအနေကို သိရှိနိုင်ခြင်း မရှိပေ။

သို့သော် အပြင်ဘက်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့အတွက် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပေးနေသည်။ သတင်းအချက်အလက် အနည်းငယ်နှောင့်နှေးနိုင်သော်လည်း ပိုမိုတိကျသော သတင်းများကို ရရှိခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ယိုးမင်ဂိုဏ်း အဓိကပလ္လင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး ပြီးဆုံးသွားသည်။

မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ ၊ ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ တို့ ရောက်ရှိလာပြီးနောက် ကြေးနီကျွန်းသခင် ‘ကုန်းစွန်းမင်’ လည်း ရောက်ရှိလာသည်။

ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်တွင် ဖြစ်ပွားခဲ့သော ကြီးမားသောတိုက်ပွဲတွင်၊ အဓိကပလ္လင်တစ်ခုလုံး ဖျက်ဆီးခံခဲ့ရသည်။

ရှန်လင်ကျီ၏ အဆက်အနွယ်ဖြစ်သော သိုင်းသူတော်စင် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက်အပြင် ရှန်လင်ကျီကိုယ်တိုင် ကိုင်ဆောင်ခဲ့သော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် ‘ကောင်းကင်လည်ပတ်အလင်းဓား’ ဖြင့် ကျူတောပင်လယ်ဒေသကို လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။

တာ့ရွှမ်မင်းဆက်၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ရွှမ်ဧကရာဇ်လှံရှည်ကို ထပ်မံပေါင်းထည့်လိုက်ရာ အဆုံးသတ်တွင် တာ့ရွှမ်တိုင်းပြည်က အောင်ပွဲခံခဲ့သည်။

ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းဦးဆောင်သော သိုင်းကျင့်ကြံသူများသည် သူတို့၏ အဓိကပလ္လင်ကို စွန့်ခွာပြီး ကျန်ရှိသောအင်အားကို ထိန်းသိမ်းလျှက် ဆုတ်ခွာသွားကြ၏။ ယိုးမင်ဂိုဏ်းခွဲများစွာမှာလည်း တာ့ရွှမ်တိုင်းပြည် စစ်တပ်များလက်ချက်ဖြင့် ဖျက်ဆီးသုတ်သင်ခံခဲ့ရသဖြင့် ဤတိုက်ပွဲတွင် ယိုးမင်ဂိုဏ်းအနေဖြင့် အတော်လေး အထိနာသည်ဟု ဆိုနိုင်သည်။

အောင်ပွဲရခဲ့သော တာ့ရွှမ်တိုင်းပြည်က စိတ်ဓာတ်တက်တက်ကြွကြွဖြင့် အရှိန်အဟုန်မြင့်မားစွာ ထိုးစစ်ဆင်ခဲ့ပြီးယိုးမင်ဂိုဏ်းကို တိုက်ခိုက်ပြီးနောက် မြောက်ပင်လယ်ဓားခန်းမကို ပစ်မှတ်ထားခဲ့သည်။

“တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းကို မတိုက်ခိုက်ဘဲ မြောက်ပင်လယ်ဓားခန်းမကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ ပညာရှိတဲ့ ရွေးချယ်မှုပဲ”

သတင်းရတော့ ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။

“လက်ရှိအခြေအနေက အရှုံးဘက်ရောက်နေတော့ ကွမ်းမင်ဂိုဏ်းက ခပ်ပေါ့ပေါ့လှုပ်ရှားမှာမဟုတ်ဘူး ၊ သူတို့ စိတ်ပြောင်းပြီး ယိုးမင်ဂိုဏ်းအားနည်းနေတဲ့အချိန် အခွင့်ကောင်းယူပြီးတော့တောင် ချေမှုန်းတိုက်ခိုက်နိုင်တယ်”

ရှေးယခင်အချိန် တာ့ရွှမ်မင်းဆက် ထီးနန်းသိမ်းပိုက်ပြီးနောက် ကျူတောပင်လယ်‌ဒေသတွင် နဂိုကပင် ရှိခဲ့သော ထိပ်သီးသိုင်းဂိုဏ်း (၄)ခု ဖြစ်သည့် ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာပြုမူနေထိုင်ခွင့် ပေးခဲ့သည်။

လက်ရှိမှာတော့ ယိုးမင်ဂိုဏ်းက အကြီးအကျယ် အထိနာခဲ့ပြီ ဖြစ်၏။ ထိုအချိန်မျိုးတွင် တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းကိုပစ်မှတ်မထားဘဲ မြောက်ပင်လယ်ဓားခန်းမ (သို့မဟုတ်) ကြေးနီကျွန်းကို ပစ်မျတ်ထားခဲ့ခြင်းက သဘာဝကျသည်။

ကြေးနီကျွန်းအခြေအနေက ထူးခြားသည်။ ထိုကျွန်းပေါ်တွင် ဇာစ်မြစ်မသိရဘဲ အလွန်လျှို့ဝှက်ဆန်းကျယ်သည့် ကြေးနီလူသား (၃)ယောက် ရှိသည်။

ကျွန်းပေါ်တွင်ရှိနေသရွေ့ ထို ကြေးနီလူသား (၃)ယောက်သည် သိုင်းသူတော်စင် သတ္တမအဆင့် တန်ခိုးစွမ်းအားများ ထုတ်လွှတ်နိုင်စွမ်းရှိသည်။ ကြေးနီကျွန်း၏ ပင်မအစီအရင်နှင့် ထိုကြေးနီလူသား (၃)ယောက် ပေါင်းစပ်လိုက်သည့်အခါ မည်သူမှ မဖြတ်ကျော်နိုင်အောင် ခံစစ်က ပြင်းထန်လွန်း၏။

ပြီးတော့ ကြေးနီကျွန်းတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိသည့်တိုင် ‘ကြေးနီကျွန်းသိုင်းသူတော်စင်’ ဟု ကျော်ကြားသည့် ကျွန်းသခင် ‘ကုန်းစွန်းမင်’ က သိုင်းသူတော်စင် သတ္တမအဆင့်သို့ မရောက်သေးသည့်တိုင် အလွန်နာမည်ကျော်ကြားသူ ဖြစ်သည်။ ထို့ကြောင့် ကြေးနီကျွန်းက ကျူတောပင်လယ်ဒေသတွင် အမြင့်မားဆုံးခံစစ်ကို ပိုင်ဆိုင်ထားသော ထိပ်သီးသိုင်းဂိုဏ်းကြီးအဖြစ် ကျော်ကြားသည်။

သို့သော် သူတို့သည် ကျွန်းပေါ်တွင်ရှိနေသော ကြေးနီလူသား (၃)ယောက်၏ အကာအကွယ်အောက်မှ ထွက်ခွာလာသည်နှင့် ကြေးနီကျွန်း၏အင်အားက အခြားသော ထိပ်သီးသိုင်းဂိုဏ်းများထက် အားနည်း၏။ သူတို့က လိုအပ်သည်ထက် ခုခံစွမ်းအားမြင့်မားဟန်ရှိသော်လည်း တိုက်ခိုက်စွမ်းအားကတော့ အားနည်းသည်ဟု ဆိုနိုင်၏။

သို့ဖြစ်ရာ မျှော်လင့်မထားသော အခြေအနေများ ဖြစ်မလာပါက တာ့ရွှမ်တိုင်းပြည်က ကြေးနီကျွန်းကို နောက်ဆုံးမှ တိုက်ခိုက်ပေလိမ့်မည်။

ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်အနေဖြင့်  မြောက်ပင်လယ်ဓားခန်းမကို တိုက်ခိုက်ရန်သာ လောလောဆယ်တွင် ရွေးချယ်နိုင်သည်။

ဧကရာဇ်ရွှမ်ဟွမ် နတ်ရွာစံသွားပြီးနောက် ရှန်လင်ကျီ၏ အဆက်အနွယ်များ ကမ္ဘာပေါ်တွင် ပြန်ပေါ်လာခြင်း မရှိခဲ့ချိန် မြောက်ပင်လယ်ဓားခန်းမ၏ ခန်းမသခင် ကုဟုန်သည် ကျူတောပင်လယ်ဒေသ၏ တစ်ဦးတည်းသော သိုင်းသူတော်စင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်အား ပုန်ကန်မှုတွင်လည်း ရှေ့တန်းမှ ဦးဆောင်ခဲ့သူ ဖြစ်၏။

ယခုတော့ ရှန်လင်ကျီ၏ အဆက်အနွယ်များ ဤကမ္ဘာတွင် တစ်ဖန်ပြန်ပေါ်လာခဲ့ပြီး တာ့ရွှမ်တိုင်းပြည်က ပိုမိုအင်အားကြီးထွားလာကာ မြောက်ပင်လယ်ခန်းဆောင်ကို ထိုးနှက်နိုင်ပြီ ဖြစ်သည်။

ရန်ကျောက်ကဲက နှုတ်ခမ်းကို ပွတ်သပ်ရင်း...

“ဒီအတိုင်းဆို ယိုးမင်ဂိုဏ်းက မြောက်ပင်လယ်ဓားခန်းမနဲ့ ပူးပေါင်းသွားနိုင်တယ် ၊ တာ့ရွှမ်ကအားကောင်းလာတော့ ကြေးနီကျွန်းနဲ့ ကွမ်းမင်ဂိုဏ်းက ပူးပေါင်းမလားဆိုတာတော့ မသေချာဘူး”

“သူတို့က ဘာပဲဖြစ်ဖြစ် တာ့ရွှမ်ကို ကျဆုံးစေချင်တယ်ဆိုရင်တော့ မြောက်ပင်လယ်ဓားခန်းမမှာ တိုက်ပွဲကြီးတစ်ခု ထပ်ဖြစ်ဦးမှာပဲ”

“မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အခု သတင်းအချက်အလက်ရှာဖွေဖို့ အဆင်မပြေတဲ့ အခြေအနေရောက်နေတယ် ၊ ငါကိုယ်တိုင်လှုပ်ရှားရတော့မှာပဲ”

စဉ်းစားပြီးသည့်နောက် ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို သိမ်းဆည်းလိုက်ပြီး ပင်လယ်ရေအောက်မှာပင် ခရီးဆက်ခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက မြောက်ဘက်သို့ ဦးတည်လိုက်၏။ ယိုးမင်ဂိုဏ်းအဓိကပလ္လင်နေရာမှ ထွက်ခွာလာပြီး ပင်လယ်ရေအောက်စီးကြောင်းများအတိုင်း မြောက်ဘက်သို့ ခရီးနှင်လာကြသည်။

တဖြည်းဖြည်း သူတို့အုပ်စု မြောက်ပင်လယ်ဓားခန်းမ သြဇာလွှမ်းမိုးသော ကျူတောပင်လယ်ဒေသ ၊ မြောက်ပိုင်းဒေသသို့ နီးကပ်နေပြီ ဖြစ်သည်။

သူ စောစောက ခန့်မှန်းထားသည့်အတိုင်းပင် ကွမ်းမင်ဂိုဏ်းမှလူများနှင့် တာ့ရွှမ်တိုင်းပြည်ကလူများက သူ့ကို စောင့်ကြည့်ရေးကွန်ယက်များဖြင့် ရှာဖွေနေကြသည်။

ဟုတ်ပေ၏။

လက်ရှိတွင် သူတို့အားလုံးက ကျူတောပင်လယ်ဒေသအခြေနေကို ပိုမိုအာရုံစိုက်နေကြသော်လည်း သူတို့တွင် အထွတ်ထိပ်အဆင့် ကျင့်ကြံသူများစွာ ရှိသည်ဖြစ်ရာ ရန်ကျောက်ကဲကိုဖမ်းဆီးရန် တာဝန်ပေးအပ်ထားကြသည်။

သို့သော် ရန်ကျောက်ကဲက မထင်မရှားနေရာတစ်ခုတွင် ပုန်းအောင်းမနေဘဲ မြောက်ပင်လယ်ဓားနန်းတော် ထိန်းချုပ်နယ်မြေသို့ထွက်ခွာလာမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ထို့ကြောင့် ရန်ကျောက်ကဲအတွက် အ‌တော်လေးချောမွေ့သော ခရီးစဉ် ဖြစ်ခဲ့သည်။

ပင်လယ်ပြင်အတွင်းမှ ထွက်ခွာလာပြီးနောက်  ရန်ကျောက်ကဲ ဟိုဟိုဒီဒီ ကြည့်ရှုလေ့လာရင်း လမ်းလျှောက်လာသည်။

သိုင်းကျင့်ကြံသူများ၏ စွမ်းအားအတက်အကျ အဝေးမှပင် ထွက်ပေါ်နေသည်ဟု ခံစားရသဖြင့် သူက ရေပေါ်တွင်လမ်းလျှောက်ရင်း သူ့မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာ၏။

All Chapters