← Chapters

စစ်ခုန်ချင်း၏အနာဂတ်ကိုတွေ့မြင်ရသည့်အလား

Vol. 46 Ch. 647

စစ်ခုန်ချင်း၏အနာဂတ်ကိုတွေ့မြင်ရသည့်အလား

Vol. 46 Ch. 647

အခန်း (၆၄၇) စစ်ခုန်ချင်း၏အနာဂတ်ကိုတွေ့မြင်ရသည့်အလား

ရန်ကျောက်ကဲမျက်စိရှေ့ ပေါ်လာသူက စစ်ခုန်ချင်းနှင့် ခွဲမရအောင်တူသော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ သူမပုံစံက အသက်နှစ်ဆယ်ခန့်သာရှိသော်လည်း တကယ်တမ်းတွင် ထို့ထက်အနည်းငယ်အသက်ပိုကြီးနိုင်၏။

အထက်ဘုံကမ္ဘာ၏ အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာထက်လျှင်မြန်သဖြင့် ဤအချက်က အံ့သြစရာမရှိပေ။

(Note – အရင်တုန်းက မူရင်းစာရေးသူက အထက်ဘုံကမ္ဘာရဲ့ အချိန်စီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် နှေးတယ်လို့ ပြောထားပါတယ် ၊ ဒီနေရာမှာတော့ မြန်တယ်လို့ ပြောပြန်ပါတယ် ၊ မူရင်းအတိုင်းပဲ ဘာသာပြန်ပေးလိုက်ပါတယ် - ဘာသာပြန်သူ)

“စစ်ခုန်ချင်း” အားလုံးက တစ်ချိန်တည်းမွေးဖွားလာကြသူများဖြစ်သော်လည်း သူတို့မွေးဖွားသည့် ကမ္ဘာ၏ အချိန်စီးဆင်းမှုကွာခြားမှုကြောင့်သာ အသက်အရွယ် ကွာခြားသွားကြခြင်းပင်။

သူမအသုံးပြုသောသမုဒ္ဒရာဓားဝိညာဉ်က မြောက်ပင်လယ်ဓားခန်းမ၏ ကိုယ်ပိုင်သိုင်းပညာ ဖြစ်သည်။

‘စစ်ခုန်ချင်း’ နှင့် ဆင်တူသည့် ဤမိန်းကလေးက တာ့ရွှမ်တိုင်းပြည်မှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ကို ချက်ချင်းပင် ဖမ်းဆီးလိုက်၏။

ရန်ကျောက်ကဲတွေးထားသည့်အတိုင်း သူမက တာ့ရွှမ်တိုင်းပြည်မှလူကိုဖမ်းဆီးပြီး သတင်းစုံစမ်းလိုသည်မှာ ထင်ရှားသည်။

သို့သော် ရန်ကျောက်ကဲ၏မျက်လုံးများ သူမကိုစိုက်ကြည့်လိုက်သည့်အခါ ထိုမိန်းကလေးက တစ်စုံတစ်ခုကို သိသာစွာအာရုံခံမိဟန်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း သဘောပေါက်သွားသည်။

“သူက သိုင်းသူတော်စင်တစ်ယောက်ပဲ...”

စောစောက တိုက်ခိုက်မှုကိုကြည့်ခြင်းအားဖြင့် မိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းနိုင်သည့်တိုင် သူမက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့သည်။ သို့ရာတွင် စစ်ခုန်ချင်းနှင့်ဆင်တူသော ထိုမျက်နှာကို မြင်လိုက်ရုံနှင့် တစ်ခုခုလွဲနေကြောင်း ရန်ကျောက်ကဲ အာရုံခံမိ၏။

သူတို့နှစ်ယောက်အကွာအဝေးက အလွန်နီးကပ်နေသဖြင့် ထိုမိန်းကလေး ရန်ကျောက်ကဲ၏အကြည့်ကို သတိထားမိသည်မှာ သဘာဝကျပေသည်။

စစ်ခုန်ချင်းနှင့် ဆင်တူသောမိန်းမပျိုသည် သိုင်းသူတော်စင်အဆင့် ဖြစ်ရုံသာမက ကျင့်ကြံခြင်းစွမ်းအားကလည်း မြင့်မားကြောင်း ရန်ကျောက်ကဲ သိမြင်နိုင်သည်။ စစ်ခုန်ချင်းကဲ့သို့ပင် သူမသည်လည်း ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ထိပ်တန်းအဆင့်ရှိ၏။

မြောက်ပင်လယ်ဓားခန်းမ၏ သိုင်းပညာအမွေအနှစ်များက သာမန်မဟုတ်ပေ။

စစ်ခုန်ချင်းနှင့် အရည်အချင်းရော စိတ်နေစိတ်ထားပါတူညီသည့် ဤမိန်းကလေးကို တွေ့မြင်ရသည်မှာ အနာဂတ်တွင် အောင်မြင်မှုများစွာရရှိနေသော စစ်ခုန်ချင်းအား တွေ့မြင်ရသကဲ့သို့ပင် ရန်ကျောက်ကဲ မျှော်လင့်မိသည်။

ယခု ရန်ကျောက်ကဲက သူမကို စိုက်ကြည့်နေကြောင်း အာရုံခံမိသည့်တိုင် ထိုမိန်းကလေးက ရန်ကျောက်ကဲ၏တည်နေရာကို ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူမက ပိုပြီး သတိထားလိုက်၏။

တာ့ရွှမ်တိုင်းပြည်မှ အမတဝိညာဉ်သိုင်းဆရာသခင်ကိုကြည့်ရင်း ရန်ကျောက်ကဲက အေးအေးသက်သာပင် တွေးလိုက်၏။

“ဒီတစ်ကောင်လည်း ဘာမှသိမှာ မဟုတ်ဘူး”

သူက အခြားတစ်နေရာသို့ လှမ်းကြည့်ရင်း...

“အဲဒါ မပြီးသေးဘူးပဲ...”

တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ အရှိန်အဟုန်ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ကျွန်းငယ်လေးဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒီလိုအဆင့် ကျင့်ကြံသူကတော့ စိတ်ကျေနပ်လောက်တဲ့သတင်းကို ပေးနိုင်မယ်ထင်တယ်”

စစ်ခုန်ချင်းနှင့်ဆင်တူသော မိန်းမပျိုသည်လည်း အဝေးတစ်နေရာတွင် ဖြစ်ပေါ်လာသော စွမ်းအားအတက်အကျများကို အာရုံခံမိသည်။

‌စောစောက တစ်စုံတစ်ယောက် သူ့ကိုကြည့်နေသည်ဆိုသော ခံစားချက်မှာ ထိုစွမ်းအားအတက်အကျများဆီမှ ဆင်းသက်လာသည်လားဟု သူမ သံသယဝင်မိသည်။

သူမက တစ်ချက်မတုံ့ဆိုင်းဘဲ ဓားအလင်းတန်း ထုတ်ဖော်လိုက်ပြီး သူမ၏ဂိုဏ်းတူမောင်နှမများနှင့် လင်စန်းတောင်မှ သိုင်းသမားများကို ဤနေရာမှကယ်ထုတ်သွားရန် ပြင်ဆင်လိုက်သည်။

သူမက ရောက်လာသောရန်သူကို မကြောက်သော်လည်း သူမ၏ ဂိုဏ်းတူမောင်နှမများ ပဋိပက္ခတွင် ရောထွေးပတ်သက်မိပြီး အသက်ဆုံးရှုံးရမည်ကို မလိုလားပေ။

ယခု တာ့ရွှမ်တိုင်းပြည်က ကျူတောပင်လယ်ဒေသ မြောက်ပိုင်းသို့ သိုင်းကျင့်ကြံသူများစွာ စေလွှတ်ထားပြီးဖြစ်ရော ဤနေရာသည် မြောက်ပင်လယ်ဓားခန်းမ သြဇာလွှမ်းမိုးနိုင်သော နေရာတစ်ခု မဟုတ်‌တော့ပေ။ ထို့ကြောင့် သူမတို့အုပ်စုအနေဖြင့် အထူးသတိထားရပေမည်။

သူတို့၏လှုပ်ရှားမှုများပေါ်သွားမည်ဆိုလျှင် ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းက တာ့ရွှမ်တိုင်းပြည်တပ်ဖွဲ့များ ဝိုင်းရံလာပြီး သတ်ဖြတ်ခြင်းကို ခံရနိုင်၏။

သူမ ထွက်သွားသည်ကိုမြင်တော့ ရန်ကျောက်ကဲကလည်း အလျင်လိုခြင်း မရှိဘဲ စောင့်ကြည့်နေသည်။

မကြာမီ သူမပျံသန်းထွက်ခွာသွားသော လမ်းကြောင်းတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော နောက်ထပ်ရောင်ဝါတစ်ခု ပေါ်လာသည်။

ထိုအခါ စစ်ခုန်ချင်းနှင့်တူသောမိန်းမပျိုသည် ရန်သူများအလယ်တွင် ပိတ်မိသလို ဖြစ်သွား၏။ သို့သော် မိန်းမပျိုက ကြောက်ရွံ့ခြင်းမရှိဘဲ တခြားနေရာသို့ ဦးတည်ပျံသန်းသွားသည်။

သို့သော် စွမ်းအားမြင့်မားသော ရောင်ဝါနှစ်ခုက သူမနောက်သို့ ဆက်လိုက်လာသည်။ ထိုသူများက သူတို့အသွင်အပြင်ကို ထုတ်ဖော်လိုက်ရာ တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်များဖြစ်ကြောင်း သိရသည်။

သူတို့ထဲမှတစ်ယောက်က အလွန်လျှင်မြန်စွာ ပျံသန်းသွားပြီး သူ၏ ပုံရိပ်က ဗလာနယ်ကို ဖြတ်သန်းသွားသည့်အလား စစ်ခုန်ချင်းနှင့်ဆင်တူသော မိန်းမပျိုနောက်သို့ အချိန်တစ်ခဏအတွင်း လိုက်ပါသွားသည်။ ထိုသူ၏သိုင်းပညာအရှိန်အဟုန်က မြောက်ပင်လယ်ဓားခန်းမထက်သာလွန်ပြီး ပို၍လည်း လျှင်မြန်၏။

ရန်ကျောက်ကဲက ထိုသူကို တစ်ချက်လှမ်းကြည့်ရင်း...

“အိုး... အဲဒါက ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာနဲ့ ခပ်ဆင်ဆင်တူတယ် ၊ ဒါပေမဲ့ အတော်လေးတော့ ကွာခြားတယ် ၊ ကြည့်ရတာ မဟာကပ်ဘေးကြီးမတိုင်ခင်က အမွေအနှစ်တွေကို ရှာဖွေပြီး တစ်ယောက်ယောက်က အသစ်ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်”

စစ်ခုန်ချင်းတို့အုပ်စုက အနည်းငယ်နှေးကွေးသော်လည်း ထိုသူအတွက် လိုက်မီရန် မဖြစ်နိုင်ပေ။ သို့တိုင် သူက မဆုတ်မနစ် ဆက်လိုက်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲကတော့ အလျင်လိုခြင်းမရှိ ဖြည်းဖြည်းမှန်မှန်ပင် သူတို့နောက်သို့ လိုက်ပါသွားသည်။

စစ်ခုန်ချင်းနှင့်ဆင်တူသော မိန်းမပျိုနှင့် တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်နှစ်ယောက် သူ့အမြင်အာရုံမှ ပျောက်ကွယ်သွားသော်လည်း မကြာမီ အရှေ့ဆီတွင် ပြင်းထန်သောတိုက်ပွဲတစ်ပွဲမှထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားအတက်အကျများကို ခံစားလိုက်ရသည်။

မြောက်ပင်လယ်ဓားခန်းမမှ မိန်းမပျိုသည် တိုက်ပွဲကိုရှောင်လွှဲရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်မှာတော့ တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်လာခဲ့၏။ သူတို့ ရန်ကျောက်ကဲ၏ အမြင်အာရုံအတွင်း ဝင်ရောက်လာသည့်အခါ မိန်းမပျိုသည် တိုက်ပွဲထဲတွင် ပိတ်မိနေပြီ ဖြစ်သည်။

ရန်ကျောက်ကဲက ထိုမိန်းမပျိုကို တစ်ချက်ကြည့်ရင်း သဘောကျစွာ တက်တစ်ချက်ခေါက်လိုက်သည်။

“သူတို့က မတူညီတဲ့သိုင်းပညာတွေ ကျင့်ကြံခဲ့ကြပြီး ကိုယ်ရည်ကိုယ်သွေးတွေလည်း မတူညီကြပေမယ့် ဒီမိန်းကလေးကိုတွေ့ရတာ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ရဲ့ အနာဂတ်ကို ကြိုမြင်နေရသလိုပါပဲ”

မြောက်ပင်လယ်ဓားခန်းမ၏ ဓားတာအိုသည် အခြားသောသိုင်းပညာများနှင့် နှိုင်းယှဉ်မရပေ။ သို့သော် တကယ့်တိုက်ပွဲရင်ဆိုင်ရာတွင်တော့မတူညီပေ။

မိန်းမပျိုထံမှ ဓားအလင်းတန်းက ပြင်းထန်သောစွမ်းအားဖြင့် ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားလှိုင်းလုံးများက အထက်ကောင်းကင်နှင့် အောက်ဘက်ပင်လယ်ပြင်တစ်ခုလုံးသို့အဆုံးမရှိ လွင့်ပျံသွားသည်။

နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသည့်တိုင်  သူမက အမှန်တကယ် အသာစီးရနေသေး၏။

ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာ ကျင့်ကြံထားသော သိုင်းသူတော်စင်က လျှင်မြန်လွန်းသဖြင့် သူမ၏ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ရှောင်တိမ်းနိုင်ခဲ့၏။

သူက မျှားခေါ်သောနည်းလမ်းဖြင့် အချိန်ဆွဲတိုက်ခိုက်လိုသော်လည်း မိန်းမပျို၏ ဓားအလင်းတန်းက တဖြည်းဖြည်း ရေဝဲဂယက်တစ်ခုပမာ ဖြစ်တည်လာသည်။

ကြီးမားသော စုပ်ယူမှုစွမ်းအားက ပိုမိုအားကောင်းလာပြီး ရေဝဲဂယက်မှ ထုတ်လွှတ်လိုက်သော တန်ခိုးစွမ်းအားအလယ်တွင် ရုန်းမထွက်နိုင်ရှိရသည်။

ရေဝဲဂယက်၏ စုပ်ယူမှုအားကောင်းလာသည်နှင့်အမျှ သူ၏ ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာကို ထုတ်ဖော်အသုံးပြုခြင်းက ပိုပြီး နှေးကွေးလာသည်။

အစပိုင်းတွင် စိတ်ဓာတ်တက်ကြွနေခဲ့သော တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်နှစ်ယောက်မှာ စိတ်ဓာတ်အလွန်တရာ ကျဆင်းသွားကြသည်။

အမှန်တော့ သူတို့က ရန်သူ၏ဂုဏ်သတင်းကို နဂိုကပင် သိရှိခဲ့ကြသူများ ဖြစ်၏။

“ယွဲ့ပေါင်ချီ... ကျူတောပင်လယ်ဒေသရဲ့ မြောက်ပိုင်းတစ်ခွင်ကို ငါတို့ တာ့ရွှမ်စစ်တပ်က ပိတ်ဆို့ထားလိုက်ပြီ ၊ မင်း ဒီကိုပြန်မလာရင် အကောင်းဆုံးပဲ ၊ ဒါပေမဲ့ မင်း ပြန်လာခဲ့တယ်ဆိုတော့ အသက်ရှင်လျက် ဒီမြောက်ပိုင်းဒေသက ထွက်သွားဖို့ မစဉ်းစားနဲ့”

စစ်ခုန်ချင်းနှင့်ဆင်တူသော သိုင်းသူတော်စင်မိန်းမပျိုက စကားတစ်ခွန်းမှမဆိုဘဲ ဓားအလင်းတန်းကို ပိုမိုထုတ်ဖော်လိုက်သည်။ တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်နှစ်ယောက်ကလည်း စကားလုံးများဖြင့် အချိန်မဖြုန်းတော့ဘဲ ယွဲ့ပေါင်ချီအား အစွမ်းကုန်တိုက်ခိုက်လိုက်ကြ၏။

ယခု မရေရာသည့်အခြေအနေရောက်နေသူက သူတို့ ဖြစ်သည်။ အကယ်၍ သူတို့ ဤနေရာတွင် သေဆုံးသွားပါက တာ့ရွှမ်တိုင်းပြည်မှလူများက သူတို့အတွက် ယွဲ့ပေါင်ချီကို အပိုင်းပိုင်းဖြတ်လက်စားချေလျှင်ပင် သူတို့ကတော့ ပြန်လည်ရှင်သန်လာတော့မည် မဟုတ်ပေ။

သူတို့နှစ်ဦးအနက်မှ ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာကို ကျင့်ကြံထားသူက ယွဲ့ပေါင်ချီ၏ဓားကို အတင်းလုယူလျှက် ဓားအလင်းတန်းမှထွက်ပေါ်နေသော ရေဝဲဂယက်များကို တားဆီးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

ထို့ကြောင့်ပင် ယွဲ့ပေါင်ချီ၏ သမုဒ္ဒရာနတ်ဓားအောက်တွင် တစ်ကိုယ်လုံး ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။ တန်ဖိုးတစ်ခုပေးဆပ်ပြီးတော့မှ သူ့ကိုယ်သူ ရုန်းထွက်နိုင်ခဲ့၏။

သူ ရုန်းထွက်နိုင်သည်နှင့် အနည်းငယ်ပင် အဝေးတစ်နေရာသို့ ပြေးလွှားသွားတော့သည်။

သို့သော် သူ့အရှေ့ လေထုထဲတွင် ရွှေရောင်အလင်းတန်းများနှင့်တူ ကျယ်လောင်သောရယ်မောသံတစ်သံထွက်ပေါ်လာသည်။

ကြီးမားသော နန်းတော်ကြီးတစ်ခု ထွက်ပေါ်လာပြီး အတိအကျဆိုရလျှင် ရန်ကျောက်ကဲ၏ အသင်္ချေနဂါးနန်းတော် ဖြစ်၏။ရုတ်တရက် နန်းတော်တံခါးပွင့်လာပြီး ရန်ကျောက်ကဲက ထွက်ပြေးလာသောသူကို ပြံးလျှက် ကြည့်နေသည်။

ထိုသူ အလွန်တုန်လှုပ်သွားပြီး ခြေလှမ်းများ ရပ်တန့်ရန် ဟန်ပြင်လိုက်စဉ် နဂါးနန်းတော်အတွင်းမှ ကြီးမားသော စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အရှိန်အဟုန်နှင့် စုပ်ယူသွားသည်။

ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့်ယွဲ့ပေါင်ချီနှင့် တာ့ရွှမ်တိုင်းပြည်မှ အခြားသိုင်းသူတော်စင်တို့ အံ့အားသင့်သွားကြသည်။

သို့တိုင် ယွဲ့ပေါင်ချီက လျှင်မြန်စွာ တည်ငြိမ်သွားပြီး တိုက်ပွဲတွင်လောဘမကြီးဘဲ ဒုတိယရန်သူကို ချက်ချင်းပင် ဓားတစ်ချက်တည်းဖြင့် နောက်ဆုတ်သွားစေလိုက်၏။

ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာကို ကျင့်ကြံခဲ့သော သိုင်းသူတော်စင်မရှိတော့လျှင် သူမ ထွက်ခွာသွားရန် ပိုမိုလွယ်ကူပေသည်။

တာ့ရွှမ်တိုင်းပြည်မှ ကျန်ရှိသော သိုင်းသူတော်စင်မှာ နဂါးနန်းတော်အနားမှ အမြန်ထွက်ခွာသွားလိုခြင်းကြောင့် ယွဲ့ပေါင်ချီနောက်သို့ လိုက်ပါခြင်းမရှိတော့ပေ။

ယွဲ့ပေါင်ချီမှာ စိတ်အေးလက်အေးဖြစ်သွားသော်လည်း ရွှေရောင်အလင်းတန်းများတောက်ပနေသော နဂါးနန်းတော်က  တာ့ရွှမ်တိုင်းပြည်မှ အခြားသိုင်းသူတော်စင်ကို ပစ်မှတ်မထားဘဲ သူမနောက်သို့လိုက်လာကြောင်း တွေ့ရသည့်အခါ အံ့အားသင့်သွားလေသည်။

All Chapters