စစ်ဆေးမေးမြန်း
Vol. 46 Ch. 648
အခန်း (၆၄၈) စစ်ဆေးမေးမြန်း
ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်တံခါးကိုဖွင့်ပြီး ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာကို ကျင့်ကြံထားသော တာ့ရွှမ်တိုင်းပြည်မှကျင့်ကြံသူကို အတွင်းသို့ စုပ်ယူလိုက်ပြီး မြောက်ပင်လယ်ဓားခန်းမမှ ယွဲ့ပေါင်းချီနောက်သို့ ဆက်လိုက်သွားသည်။
နဂါးနန်းတော်ထဲတွင် လူပေါင်းများစွာ တိုက်ခိုက်နေသည့်အလား မရပ်မနားတုန်လှုပ်နေသည်ကိုကြည့်ရင်း ယွဲ့ပေါင်ချီ အံ့အားသင့်သွားသည်။
သို့သော် ဤသို့ တုန်ခါနေခြင်းသည် အသင်္ချေနဂါးနန်းတော်ကို မထိခိုက်စေဘဲ ထိုအရာက အေးအေးဆေးဆေးင် သူမနောက်သို့ လိုက်လာသည်။
ရန်ကျောက်ကဲ မည်သည့်နေရာကလာသည်ကို ယွဲ့ပေါင်ချီ မသိရှိပေ။ ရန်ကျောက်ကဲ၏လုပ်ရပ်က တာ့ရွှမ်တိုင်းပြည်ကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်သော်လည်း သူမက သူ့ကို သတိထားနေဆဲ ဖြစ်သည်။
သူမ အသင်္ချေနဂါးနန်းတော်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်အတွင်းထဲမှ ရန်ကျောက်ကဲ၏အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“သတင်းလိုချင်တယ်ဆိုရင် အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်တစ်ယောက်က သိုင်းသူတော်စင်တစ်ယောက်လောက် သိနိုင်ပါ့မလား”
ရန်ကျောက်ကဲစကားကိုကြားတော့ ယွဲ့ပေါင်ချီ အနည်းငယ် တုံ့ဆိုင်းသွားသည်။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ငါက ‘ရန်’မျိုးနွယ် ၊ နာမည်က ရန်ကျောက်ကဲပါ ၊ မင်း ငါ့နာမည်ကို သိချင်မှသိမယ် ၊ ဒါပေမဲ့ တာ့ရွှမ်တိုင်းပြည်ရဲ့ ဇာမဏီနယ်မြေက စစ်သူကြီးယန်ကျောက်ကျန်းကို မင်း အရင်က ကြားဖူးမလားမသိဘူး”
ယွဲ့ပေါင်ချီက မျက်ခုံးတစ်ချက်ပင့်လိုက်တော့ သူမ နားလည်မှုလွဲသွားမည်စိုးရိမ်သဖြင့် ရန်ကျောက်ကဲက ဆက်ပြောသည်။
“မင်း ယန်ကျောက်ကျန်းရဲ့နာမည်ကို ကြားဖူးတယ်ဆိုရင် သူ့ကို လူတစ်ယောက်က သတ်လိုက်တာကို မင်း သိမယ်ထင်တယ်”
ယွဲ့ပေါင်ချီက အသင်္ချေနဂါးနန်းတော်ကို စိုက်ကြည့်ရင်း...
“ယန်ကျောက်ကျန်းကိုသတ်လိုက်တာ ရှင်လား”
ရန်ကျောက်ကဲက...
“အမှန်ပဲ..”
ယန်ကျောက်ကျန်းသည် တာ့ရွှမ်တိုင်းပြည် ၊ ဇာမဏီနယ်မြေမှ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ထို့သူ့နာမည်ကို ယွဲ့ပေါင်ချီ အမှန်တကယ် သိရှိခဲ့သလို မကြာခင်က အသတ်ခံခဲ့ရကြောင်းကိုလည်း ကြားသိထား၏။
ယခု ရန်ကျောက်ကဲက ထုတ်ဖော်ပြောလာတော့ အရင်က ‘ရန်ကျောက်ကဲ’ ဆိုသောနာမည်ကို အမှန်တကယ် ကြားခဲ့ဖူးကြောင်း အမှတ်ရလာသည်။ ထိုလူငယ်က ယန်ကျောက်ကျန်းသေဆုံးမှုနှင့် အတိအကျ ဆက်စပ်နေသည်။
ယွဲ့ပေါင်ချီက ရန်ကျောက်ကဲကို မယုံကြည်သေးသော်လည်း သူမခြေလှမ်းများ နှေးကွေးသွားသည်။
အသင်္ချေနဂါးနန်းတော်က တုန်လှုပ်ခြင်း မရှိတော့ပေ။
နန်းတော်တံခါးပွင့်လာပြီး တံခါးဝတွင် အေးအေးလူလူ လက်နှစ်ဖက်နောက်ပစ်လျှက် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲ၏သဏ္ဌန်ပေါ်လာသည်။
ယွဲ့ပေါင်ချီက ရန်ကျောက်ကဲကို ကျော်ဖြတ်ပြီး အသင်္ချေနဂါးနန်းတော်အတွင်းသို့ အကဲခတ်လိုက်သည်။
နဂါးနန်းတော်ထဲတွင် နက်ရှိုင်းပြင်းထန်သော နေရာလွတ်များရှိနေပြီး များပြားလှစွာသောနဂါးများ ရစခွေကာ လူတစ်ယောက်ကို ဖမ်းဆီးထားသည်။ ထိုသူမှာ ကောင်းကင်ကိုးထပ်လေဟုန်စီးဆင်းသိုင်းပညာကို ကျင့်ကြံခဲ့သော တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်ပင် ဖြစ်၏။
လက်ရှိတွင် များပြားလှစွာသော နဂါးချီစွမ်းအားများဖြင့် အသင်္ချေနဂါးနန်းတော်ထဲတွင် ဖမ်းဆီးခံထားရပြီး မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။
ထိုသူက သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ ရန်ကျောက်ကဲ၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲက ထိုသူကို စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယန်ကျောက်ကျန်းကို သတ်ဖြတ်ခဲ့စဉ်ကလောက် မရိုးရှင်းခဲ့ပေ။ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းက လုံးဝကွဲပြားပြီး ခက်ခဲမှုခြင်းလည်း မတူညီပေ။ သို့သော် ရန်ကျောက်ကဲကတော့ ဘာပဲလုပ်လုပ် အောင်မြင်သူ ဖြစ်၏။
ထို သိုင်းသူတော်စင်မှာ ယွဲ့ပေါင်ချီနှင့် တိုက်ခိုက်ပြီးကတည်းက ဒဏ်ရာရရှိထားပြီး ရန်ကျောက်ကဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ဖြစ်သော ရေခဲချပ်ဝတ်နှင့် ရွှေရောင်ငှက်မွှေးလှံရှည်ကို ပိုင်ဆိုင်ထားသည်။ ဤသို့ဖြင့် နဂါးနန်းတော်၏ နက်ရှိုင်းရာနေရာတွင် သူ့ကို ဖမ်းချုပ်ထားနိုင်ခဲ့၏။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယွဲ့ပေါင်းချီ အသင်္ချေနဂါးနန်းတော်ထဲသို့ ဝင်ရောက်လာသည်။
အစစ်အမှန်နဂါးချီစွမ်းအားများကိုပြန်လည်ရုတ်သိမ်းထားပြီး ဖြစ်သော်လည်း အနည်းငယ်မျှ ထွက်ပေါ်နေသော နဂါးအစစ်ချီစွမ်းအားများက ယွဲ့ပေါင်ချီ၏စိတ်အား လေးစားမှု ဖြစ်စေသည်။
သူမက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
ရန်ကျောက်ကဲက တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်ကို ပြုံးကာကြည့်ရင်း...
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ထိုသူက ရန်ကျောက်ကဲကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်နေပြီး စကားတစ်လုံးမှ မဆိုပေ။
သိုင်းဆရာသခင်တစ်ယောက်က အရှင်လတ်လတ် သူ့ကိုဖမ်းဆီးနိုင်မည်ဟု ကိုယ်တွေ့မကြုံဖူးဘဲ လက်ခံနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ယန်ကျောက်ကျန်းကို သတ်ဖြတ်လိုက်ကြောင်း ကြားသိရတော့ တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်က သက်ပြင်းသာချမိပြီး ပြောစရာစကားများ ပျောက်ရှသွား၏။
ယွဲ့ပေါင်ချီက စိတ်ရှုတ်ထွေးသောအမူအရာဖြင့် ရန်ကျောက်ကဲကို အကဲခတ်ရင်း တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင်ကို တစ်ချက်လှမ်းကြည့်သည်။
“သူ့နာမည်က ကျန်းရွှမ်ပါ ၊ ‘ကောင်းကင်ကိုးထပ်ကြိုးကြာ’ လို့ လူသိများပြီး တာ့ရွှမ်တိုင်းပြည်က အမတ်မင်းဝေလင်လက်အောက်မှာအမှုထမ်းတဲ့ ဧည့်သည်အကြီးအကဲပါ”
ကျန်းရွှမ်က ယွဲ့ပေါင်ချီကို စိုက်ကြည့်ရင်း မချိပြုံးပြုံးလိုက်၏။
ဤမိန်းကလေးသည် မြောက်ပင်လယ်ဓားခန်းမ အကြီးတန်းမျိုးဆက်တွင် ကျော်ကြားသော သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် ကျော်ကြားသူဖြစ်သဖြင့် သူမ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသည်ပင်။
အရင်က သူမကို မဆုံတွေ့ဖူးဘဲ ကြားဖူးရုံသာရှိသည်။ ထို့ကြောင့် သူက အရှိန်အဟုန်မြင့်မားသော သိုင်းပညာကိုအသုံးပြုကာ မဆုတ်မနစ် သူမနောက်သို့ လိုက်ခဲ့ခြင်း ဖြစ်၏။
သူက သူမနှင့်ပြိုင်ဘက်မဟုတ်သည့်တိုင် သူ၏အဖော်အကူအညီဖြင့် စွမ်းအားများပေါင်းစပ်လိုက်လျှင် သူမကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ မဟုတ်ပါကလည်း အနည်းဆုံးတော့ သူမကို တိုက်ပွဲထဲတွင် ပိတ်ဆို့ထားနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
အဆုံးသတ်မှာတော့ သူက ယွဲ့ပေါင်ချီ၏ ပြိုင်ဘက်မဟုတ်ကြောင်း ထိပ်တိုက်တွေ့ရုံမျှဖြင့် သိခဲ့ရသည်။
ယွဲ့ပေါင်ချီက တိုက်ခိုက်လိုစိတ်မရှိဘဲ ထွက်ခွာရန်သာ ဆန္ဒရှိနေသဖြင့် သူတို့နှစ်ယောက် သက်သာရာရခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူမဓားချက်အောက်တွင် အသက်ပျောက်သွားနိုင်ပေသည်။
ရန်ကျောက်ကဲက ကျန်းရွှမ်ကိုကြည့်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်၏။
“ဆရာ’ကျန်း’ ဟုတ်လား ၊ တွေ့ရတာ ဝမ်းသာပါတယ်”
“မင်းကို ဖမ်းဆီးရတဲ့အကြောင်းရင်းကို သိ မယ်ထင်ပါတယ် ၊ အခု မြောက်ပင်လယ်ဒေသမှာ တာ့ရွှမ်တိုင်းပြည်က ဘာအစီအစဉ်တွေလုပ်ဖို့ရှိလဲ ငါတို့ကို အသေးစိတ်ပြောပြပါ”
ကျန်းရွှမ်က စကားမပြောဘဲ မျက်လုံးများကို မှေးမှိတ်ထားသည်။
ရန်ကျောက်ကဲက...
“တာ့ရွှမ်မင်းဆက်ရဲ့ ဆွေတော်မျိုးတော်ဖြစ်တဲ့ ယန်ကျောက်ကျန်းကိုတောင် သတ်ပစ်ခဲ့တာ ၊ ဒီတော့ တခြားသူတွေကို သတ်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲ၏စကားကိုကြားတော့ ကျန်းရွှမ်သည် မျက်လုံးဖွင့်ကာ သူ့ကို စိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက...
“မင်းက တာ့ရွှမ်တိုင်းပြည်နဲ့ အမတ်မင်းဝေလင်အတွက် တာဝန်ထမ်းဆောင်ခဲ့တာ ၊ ဒါပေမဲ့ မင်းက သူတို့အမိန့်ကို နားထောင်ရုံပဲ ၊ အမတ်မင်းဝေလင်က မင်းကို အကာအကွယ်ပေးထားပြီး ရင်းမြစ်ပစ္စည်းနဲ့ ရတနာအချို့ ပေးကမ်းတာမျိုးပဲ မဟုတ်လား”
“ဒီတော့ သူတို့အတွက် တိုက်ပွဲဝင်တာဆိုရင် မင်းရဲ့စွမ်းဆောင်နိုင်စွမ်း အတိုင်းအတာအောက်မှာပဲ ဖြစ်သင့်တယ် ၊ မင်း လုပ်စရာရှိတာ အစွမ်းကုန်လုပ်ပေးမယ် ၊ ဒါပေမဲ့ သူတို့ကို အသက်သေတဲ့အထိ သစ္စာစောင့်သိဖို့ မလိုပါဘူး”
ရန်ကျောက်ကဲက ယွဲ့ပေါင်ချီကိုလက်ညှိုးညွှန်ပြရင်း...
“မင်း သူ့ကို မနိုင်သလို ငါ့ကိုလည်း နိုင်မှာမဟုတ်ဘူး ၊ အခုဆိုရင် မင်းမှာ တန်ခိုးစွမ်းအားတွေ မရှိတော့ဘူး ၊ ဒီတော့ မင်း သေသေချာချာ စဉ်းစားပါ ၊ ငါ့မေးခွန်းတွေကိုဖြေလိုက်လို့ အမတ်မင်းဝေလင်လည်း မင်းကို စိတ်ပျက်သွားမယ်မထင်ပါဘူး”
“အင်း... မင်းက အမတ်မင်းဝေလင်အပေါ် အများကြီးအကြွေးတင်နေတာ ၊ ဒါမှမဟုတ် မင်းတို့ဆက်ဆံရေးက အသက်သေသည်အထိ သစ္စာစောင့်တာမျိုးဆိုရင်တော့ ... ငါ ဘာမှမမေးမြန်းခဲ့ဘူးလို့ သဘောထားလိုက်ပါ”
“သိုင်းသူတော်စင်အဆင့်ရောက်ဖို့ဆိုတာ လုံးဝ မလွယ်ကူပါဘူး ၊ ငါတို့ကြားမှာ ရန်ငြိုးရန်စ မရှိတာကြောင့် မင်းကို နှိပ်စက်ညှင်းပန်းပြီး အရှက်ရအောင် လုပ်မှာမဟုတ်ဘူး ၊ မင်း ဘာမှမပြောရင် သတ်ပစ်လိုက်မယ် ၊ မင်း သေရင် တခြားတစ်ယောက်ကိုဖမ်းပြီး သတင်းစုံစမ်းရုံပဲပေါ့”
ရန်ကျောက်ကဲ၏ လေသံငြိမ်သက်နေချိန်တွင် ကျန်းရွှမ်၏ နှလုံးသားထဲ အေးစက်သွားသည်။ သူသာ ခေါင်းမာနေပါက သူ့အရှေ့မှလူငယ်က သူနှင့် အချိန်ဖြုန်းနေမည်မဟုတ်ဘဲ သတ်ဖြတ်ပစ်ပေမည်။
ကျန်းရွှမ်က ဖြည်းညင်းစွာသက်ပြင်းချရင်း...
“မင်း အနိုင်ရပါတယ်”
ထို့နောက် သူက သတင်းအချက်အလက်များကို စတင်ပြောပြသည်။
“တာ့ရွှမ်တိုင်းပြည်က ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို ဖျက်ဆီးပြီးတဲ့နောက် အခု မြောက်ပင်လယ်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီ ၊ တိုက်ပွဲကို ဧကရာဇ်ကိုယ်တိုင် ဦးဆောင်နေပြီး ကာကွယ်သူအရှင်သခင် (၄)ယောက်ထဲက အရှင်သခင်’ထန်’ နဲ့ အရှင်သခင်’လု’ က ဧကရာဇ်နဲ့အတူ မြောက်ပင်လယ်ကို လိုက်လာကြတယ်”
“သူတို့အပြင် မြောက်ပင်လယ်ဓားခန်းမကို အပြီးသတ်နင်းချေဖို့ကြိုးစားနေတဲ့ အမတ်မင်းဝေလင်နဲ့ တခြားအထွတ်ထိပ်သိုင်းသမားတွေလည်း ပါဝင်ပါတယ်”
ထိုစကားများကိုကြားတော့ ယွဲ့ပေါင်ချီက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ရန်ကျောက်ကဲက ဆက်လက်မေးခွန်းထုတ်ဦမည်ကို ရိပ်မိသည့်အခါ သူမ ငြိမ်နေလိုက်တော့၏။
ရန်ကျောက်ကဲက...
“ရှန်လင်ကျီရဲံ အဆက်အနွယ်တွေရော ဒီမှာ ရှိနေသလား”
ကျန်းရွှမ်က...
“အမှန်ပဲ ၊ ယိုးမင်ဂိုဏ်းအဓိကပလ္လင်ကို တိုက်ခိုက်ခဲ့ကြတဲ့ သိုင်းသူတော်စင်တွေက ဧကရာဇ်နဲ့အတူ မြောက်ပင်လယ်ကို ရောက်လာခဲ့ကြတယ်”
ရန်ကျောက်ကဲက လက်ပိုက်ရင်း...
“နောက်ဆုံးတစ်ခေါက် သူတို့က တာ့ရွှမ်ဆန့်ကျင်သူတွေအားလုံးကိုအံ့အားသင့်သွားစေတယ် ၊ အခုတော့ ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေကြောင့် ဘယ်သူမှ အံ့အားသင့်တော့မှာ မဟုတ်ဘူး ၊ ဒီတော့ တာ့ရွှမ်တိုင်းပြည်က လွယ်လွယ်နဲ့ အောင်ပွဲရနိုင်မှာမဟုတ်ဘူး ၊ သူတို့မှာ တခြားအစီအရင်တွေများ ရှိသေးလား”
ကျန်းရွှမ်က ခဏမျှတုံ့ဆိုင်းပြီးမှ ခေါင်းညိတ်ရင်း...
“ဧကရာဇ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး မြောက်ပင်လယ်မှာ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို တည်ဆောက်လိမ့်မယ်”
ရန်ကျောက်ကဲ ခေါင်းကိုအထက်သို့မော့ရင်း...
“ဒါတော့ အတော်လေး ရက်စက်ကြမ်းတမ်းတာပဲ”