← Chapters

မည်သည့်အတွက်ကြောင့် အက်ရှလွန်ဆိုသည့်အရာ တည်ရှိသနည်း

Vol. 73 Ch. 1008

မည်သည့်အတွက်ကြောင့် အက်ရှလွန်ဆိုသည့်အရာ တည်ရှိသနည်း

Vol. 73 Ch. 1008

မန်ဟိုသည် အစစ်အမှန်အင်မော်တယ်များအကြား၌ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကာ ပြိုင်စံရှားအင်မော်တယ်ပါရာဂွန်တစ်ဦး ဖြစ်လာခဲ့၏။ နိဗ္ဗာနသစ်သီးများကို စုပ်ယူပြီးနောက် သူက ဒဏ္ဍာရီလာရှေးဟောင်း အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ခုန်ဝင်၍ မီးငြိမ်းဝိညာဉ်နှစ်လုံးဖြင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများကို သုတ်သင်ခဲ့သည်။ သူကား နဝမတောင်ပင်လယ်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့သည်မှာ ကြာခဲ့လေပြီ။

တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ဖန်မုအဖြစ် လုပ်ဆောင်ခဲ့မှုများကို ထည့်ပေါင်းလျှင် သူသည် အင်မော်တယ်နယ်ပယ်တွင် အကျော်ကြားဆုံးဖြစ်ချေ၏။ ရလဒ်အနေဖြင့် တာအိုဆရာအစည်းအရုံးတစ်ခုစီတိုင်းက သူ့ကို တပည့်အဖြစ် အရယူရန် စိတ်ပိုင်းဖြတ်လိုက်ကြတော့သည်။

တာအိုဆရာအစည်းအရုံးသုံးခုသာ မဟုတ်။ အထွတ်အမြတ်မြေငါးခုနှင့် ဂိုဏ်းခြောက်ဂိုဏ်းဘုရားကျောင်းသုံးကျောင်းတို့အားလုံး မန်ဟို့ကို အတိုင်းထက်အလွန် စိတ်ဝင်စားနေကြသည်။ မာနကြီးပြီး မောက်မာသော တာအိုဆရာအစည်းအရုံးသုံးခု၏ အဆင့်အတန်း‌နှင့် မန်ဟိုက ဖန်မျိုးနွယ်စု၏ အိမ်ရှေ့မင်းသားဖြစ်နေသဖြင့် တာအိုဆရာအစည်းအရုံးသုံးခုမှလွဲ၍ တခြားမည်သည့်ဂိုဏ်းကိုမှ မဝင်ရောက်နိုင်သည့်အချက်ကြောင့်သာမဟုတ်ပါက အခြားအဖွဲ့အစည်းအားလုံး သေချာပေါက် သူ့ကို လုကြတော့မှာ ဖြစ်သည်။

အခြားဂိုဏ်းများမှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအပြင် မန်ဟိုသည် သူ စောစောက တိုက်ခိုက်ခဲ့သော ရွေးချယ်ခံအမျိုးမျိုးကို မြင်လိုက်ရ၏။ သူတို့အားလုံးက ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဝေ့လည်ပတ်လျက် တိတ်ဆိတ်စွာ ရပ်နေကြသည်။

“သူ့အဖေက ဓားတာအိုကို ကျင့်ကြံကောင်း ကျင့်ကြံခဲ့တယ်ဆိုပေမယ့် ဟိုအာရဲ့လမ်းက မတူဘူး။ သူက နဝမပင်လယ်နတ်လောကရဲ့ သီးသန့်ဂိုဏ်းသားတစ်ဦးဖြစ်နေပြီးသားကို ဘယ်လိုလုပ် မြင့်မြတ်သောရေစီးဓားဂူကို ဝင်လို့ရမှာတုန်း” ဖန်းတုံးအာ၏ဆရာမအပြင် နဝမပင်လယ်နတ်လောကမှ ရောက်လာခဲ့သူ နောက်တစ်ယောက်ရှိသည်။ သူကတော့ နတ်မီးလျှံစမ်းသပ်ပွဲကို ကြီးကြပ်ခဲ့သည့်လူ၊ မန်ဟို့အား အလွန်ချီးကျူးခဲ့သူ … လင်းယွင်ကျစ်မှတစ်ပါး အခြားမဟုတ်ပေ။

“အဲဒီတော့ရော ဘာဖြစ်တုန်း” မြင့်မြတ်သောရေစီးဓားဂူမှ ကိုယ်စားလှယ်က ခက်ခက်ထန်ထန် ပြန်ချေပသည်။ “သူက နဝမပင်လယ်နတ်လောကကို တစ်ခါမှ တရားဝင်မဝင်ရသေးဘူးလေ” သူသည် သက်လတ်ပိုင်းအရွယ်၊ အနည်းဆုံးတော့ သက်လတ်ပိုင်းအရွယ်နှင့်တူ၏။ အမှန်အားဖြင့် သူ့ကျင့်ကြံခြင်းအခြေခံက တာအိုနယ်ပယ်တွင် ဖြစ်ပြီး ဓားအိမ်မှ မထုတ်ရသေးသော ဓားတစ်လက်သဖွယ် အန္တရာယ်များပုံပေါ်သည်။

မြင့်မြတ်သောရေစီးဓားဂူနှင့် နဝမပင်လယ်နတ်လောကနှစ်ဖွဲ့လုံး တစ်လက်မလေးမှ နောက်မဆုတ်ကြသည်ကို မြင်လျှင် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးအိုက မဆိုစလောက် ပြုံးသည်။

“တာအိုရောင်ရင်းဖန်” သူက ပြောသည်။ “မန်ဟို့ကို ခေါ်ပြီး မေးကြည့်ပါလား”

ဖန်ရှုတောက်က တဟားဟား ရယ်လိုက်သော်လည်း သူ ဘာမှမပြောနိုင်ခင် ပင်မခန်းမ၏ ဝင်ပေါက်တွင် အေးစက်စက် နှာမှုတ်သံတစ်သံဖြင့် ပဲ့တင်ထပ်သွားသည်။ မန်ဟိုက ခန်းမအတွင်းရှိ အကြည့်အားလုံးကို ဆွဲဆောင်ရင်း လမ်းလျှောက်ဝင်လာသည်။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအတွက်မူ ဤသည်က မှန်သားပြင်တွင် မြင်ခဲ့သော ပုံရိပ်ယောင်ကဲ့သို့ မဟုတ်ဘဲ မန်ဟို့ကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်ရခြင်းဖြစ်သည်။ တာအိုဆရာအစည်းအရုံးသုံးခုမှ လူများအတွက်လည် မန်ဟို အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ဂျူနီယာမျိုးဆက်များမှလွဲ၍ ခန်းမထဲ၌ ကျန်ရှိသူအားလုံးသည် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများဖြစ်၏။ တစ်ဝက်ကျော်မှာ နဝမတောင်ပင်လယ်တစ်ခွင်ရှိ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများ ဖြစ်သယောင်ပင်။ သူတို့၏မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်လာရာ သူ့အား ဧရာမဖိအားကြီးကို ခံစားလိုက်ရစေသည်။ သို့ထိတိုင် ခန်းမထဲသို့ ဝင်ရောက်လာစဉ် သူ့မျက်နှာထားကား တစ်ချက်လေးမှ ပြောင်းလဲမသွား။ သူသည် မလုံမလဲ ခေါင်းဟန့်လိုက်သော ဖန်ရှုတောက် အေးစက်စက် ကြည့်လိုက်၏။ ဖန်ယန်ရှီလည်း အတန်ငယ်ကူကယ်ရာမဲ့နေသောပုံစံဖြင့် ဘေးတွင် ထိုင်နေရင်း ချောင်းဆိုးလိုက်သည်။

လူတိုင်း ကြည့်နေစဉ် မန်ဟိုက ကြေညာသည်။

“ကျုပ် ဝင်မယ့်နေရာက ….”

သို့သော် သူ စကားပြောမဆုံးခင် တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။ စူးရှသောအလင်းရောင်များက သူတို့၏မျက်လုံးထဲတွင် ပေါ်လာသည်။ အထူးသဖြင့် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှာ ဆံဖြူအဘိုးကြီးပင်။ ပုံမှဖန်ဆိုလျှင် သူသည် ကြင်နာဖော်ရွေတတ်ပုံပေါ်သော်လည်း ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် အလွန်တောက်ပလင်းလက်သွား၏။

ကျန်ဂိုဏ်းများမှ အဖွဲ့ဝင်များမှာ ဤအခြင်းအရာကို မြင်လျှင် အံ့ဩတကြီး လှမ်းကြည့်လိုက်ကြသည်။

အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွသ်းလိုက်သည်။ သူသည် နဝမပင်လယ်နတ်လောကမှ အဘွားအိုနှင့် မြင့်မြတ်သောရေစီးဓားဂူမှ သက်လတ်ပိုင်းလူဖြင့် အကြည့်ချင်းဖလှယ်ကာ မျက်နှာအမူအရာ အလွန်လေးနက်သွား၏။ ထို့နောက် သူက ဖန်ရှုတောက်ကို ပြန်ကြည့်၍ အရေးကြီးနေသောအသံဖြင့် ပြောသည်။ “အစ်ကိုဖန်၊ သီးသန့်အခန်း သုံးခွင့်ပေးပါ”

ဖန်ရှုတောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ခုခု ထူးဆန်းနေကြောင်း သူ ပြောနိုင်သော်လည်း တခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်သည်။

မန်ဟိုမှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြောတော့မည့်စကားလုံးများကို ကပျာကယာ မြိုသိပ်လိုက်သည်။

ဖန်ရှုတောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို မန်ဟိုနှင့် တာအိုဆရာအစည်းအရုံးသုံးခုမှ သက်ကြားအိုသုံးဦးနှင့်အတူ ပင်မခန်းမမှ ပျောက်ကွယ်သွားတော့သည်။ ဖန်ယန်ရှီမှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သော်လည်း ဤသည်မှာ ဖန်မျိုးနွယ်စုမဟုတ်ပါလော။ ထို့ကြောင့် မစိုးရိမ်ပေ။ ထိုအစား သူသည် ပြုံး၍ ကျန်ခဲ့သူများနှင့် အလ္လာပသလ္လာပပြောလိုက်သည်။

ပင်မခန်းမအတွင်း ရယ်သံမောသံ၊ စကားသံများ ပြန်လည်ဆူညံသွားရန် သိပ်မကြာလိုက်ပေ။ သို့သော် အပြင်ပန်းတွင် ထုတ်မပြလျှင်တောင်မှ သံသယများက တာအိုနယ်ပယ်ပညာရှင်တိုင်း၏ ရင်ထဲတွင် ပြည့်နှက်နေသည်။

ဖန်ရှုတောက်နှင့်အခြားသူများမှာတော့ ဖန်မျိုးနွယ်စုအတွင်းရှိ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် ပြန်ပေါ်လာသည်။ မန်ဟိုမှာ မျက်လုံးများ ကျဉ်းမြောင်းနေပြီး စိတ်ထင့်သွား၏။ သူက ချက်ချင်း နောက်ဆုတ်လိုက်သည်။

“တာအိုရောင်ရင်းတို့” ဖန်ရှုတောက်က ပြောသည်။ “ဘာကြောင့် ဒီသီးသန့်အခန်းကို သုံးဖို့လိုတာလဲ ရှင်းပြပါ” ဖန်ရှုတောက်သည် မြေခွေးအိုကြီးဖြစ်ကောင်းဖြစ်မည်၊ မန်ဟို့ကို ညာတာပါတေးနှပ်ချခဲ့ကောင်း နှပ်ချခဲ့လိမ့်မည်၊ သို့သော် သူက ရှေ့တက်လိုက်သည်နှင့် မန်ဟို့အနားကပ်ထားလေသည်။ မထင်မှတ်ထားသည့်အရာတစ်ခုခုဖြစ်လျှင် သူသည် မန်ဟို့အသက်အန္တရာယ်ကင်းအောင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်မည်ဖြစ်၏။

တကယ်တော့ တစ်ပတ်ရိုက်နှပ်ချခဲ့သော်လည်း သူ ပြောခဲ့သမျှအကုန်လုံးက အမှန်ပင်။ မန်ဟိုသည် ဖန်မျိုးနွယ်စုအတွက် တာအိုနယ်ပယ်ပညာရှင်တစ်ဦးတမျှ အရေးပါ၏။ ထိုမျှသာမက မန်ဟို့ကို အိမ်ရှေ့မင်းသားအရာ တင်မြှောက်ခဲ့သည်မှာလည်း ဟာသမဟုတ်ခဲ့ပေ။ မန်ဟို့တွင် အမှန်တကယ် ထိုအဆင့်အတန်းရှိ၏။

ဖန်ရှုတောက် ယခုလို ပြုမူသည်ကို မြင်တွေ့ရခြင်းက မန်ဟို့အား ဤလူသည် အမှန်ပင် မျိုးနွယ်စု၏ မြေခေါင်းဆောင်ကြီးဖြစ်ကြောင်း ခံစားလိုက်ရစေသည်။

“အစ်ကိုဖန်၊ ဒါ ကျုပ်တို့အတွက် မန်ဟို့ကို ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်ဖူးတာပါ” အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးအိုက ပြောသည်။ “အရင်တုန်းက ပုံရိပ်ယောင်အဖြစ်ပဲ မှန်သားပြင်ထက်မှာ မြင်ခဲ့ရတာဆိုတော့ … သူ့ဆီက ထုတ်လွှတ်နေတဲ့ လှိုင်းဂယက်တွေကို မခံစားခဲ့ရဘူး” အဘိုးအိုမှာ စိတ်လှုပ်ရှားနေပုံရပြီး မန်ဟို့ကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ နဝမပင်လယ်နတ်လောကမှ အဘွားအိုနှင့် မြင့်မြတ်သောရေစီးဓားဂူမှ သက်လတ်ပိုင်းလူလည်း ထိုနည်းတူ စိတ်နှလုံးလှုပ်ရှားနေပုံရ၏။

“ဟိုအာအတွက် ဒီအခြေအနေအထိ ရောက်လာခဲ့တာက သူ့မှာ ကံပါလို့ပဲ။ သူက ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားဖြစ်တဲ့အတွက် တစ်ယောက်ယောက်သာ သူ့ကံတရားကို လုယူဖို့ ကြိုးစားရင် အဲ့ဒီလူဟာ စည်းကျော်ပြီး ဖန်မျိုးနွယ်စုရဲ့ အမျက်ကို ရန်စလိုက်တာပဲ” ဖန်ရှုတောက်၏အမူအရာမှာ အတိုင်းထက်အလွန် လေးနက်နေပြီး သူ့လေသံက အေးစက်နေသည်။

မန်ဟိုမှာတော့ တအံ့တဩ စိုက်ကြည့်ရင်း သူ့အနောက်တွင် ရပ်နေသည်။ ရုတ်တရက် သူသည် အိမ်ရှေ့မင်းသားဘွဲ့က ဒိုင်းသဖွယ်ဖြစ်ကြောင်း နားလည်လိုက်လေသည်။ သူ၏ အစစ်အမှန်အင်မော်တယ်အဖြစ်သို့ တက်လှမ်းခဲ့မှုက နဝမတောင်ပင်လယ်တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်ခဲ့ပြီး ယခုတွင် သူကား အိမ်ရှေ့မင်းသားဖြစ်လာရာ သူ့အပေါ် မကောင်းကြံနေသူတိုင်း သေချာပေါက် ကြောက်ရွံ့သွားရလိမ့်မည်။

မန်ဟိုမှာ မျိုးနွယ်စု၏ စီနီယာမျိုးဆက်မှ ဂရုစိုက်မှုနှင့် စိုးရိမ်မှုကို ခံစားလိုက်ရသဖြင့် အတန်ငယ် ရင်ထဲ နွေးထွေးသွားမိသည်။ ၎င်းက ဖန်ရှုတောက်အား မြေခွေးအိုကြီးအဖြစ် မြင်နေသော သူ၏အမြင်ကိုပင် အနည်းအကျဉ်း‌ လျော့နည်းသွားစေ၏။

“အစ်ကိုဖန် နားလည်မှုလွဲနေပြီ” အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးအိုက မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။

“မန်ဟို မင်း အင်မော်တယ်အပျက်အစီးများနယ်မှာ ပျောက်သွားတုန်းက … အဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ အမျိုးသမီးနဲ့ မတော်တဆများ တွေခဲ့ရလား” မေးခွန်းမေးနေစဉ် သူ့အသံထဲရှိ စိုးရိမ်ကြောင့်ကြနေမှုအား ဖုံးကွယ်ရန် အဘိုးအိုအတွက် မဖြစ်နိုင်ပေ။ အဘွားအိုနှင့် သက်လတ်ပိုင်းလူတို့လည်း ထိုနည်းတူ စိုးရိမ်ကြောင့်ကြနေသော အမူအရာများကို ဆင်မြန်းထားသည်။

မန်ဟိုမှာ ပင့်သက်ရှိုက်လိုက်မိသည်။ သူက ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို ဖြေးညင်းစွာ ညိတ်ပြလိုက်၏။

“ငါ သိနေတယ်လေ” အဘိုးအိုက အလွန်စိတ်လှုပ်ရှားနေသောအသံဖြင့် ကောက်ချက်ချသည်။ အဘွားအိုနှင့် သက်လတ်ပိုင်းလူ၏မျက်ဝန်းများတွင် ထူးဆန်းသောအလင်းရောင်များ ပေါ်လာသည်။ အဘိုးအိုက အသက်ပြင်းပြင်းရှူ၍ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ အနက်ရောင်ကျောက်ခဲတစ်ခဲ သူ့လက်ထဲတွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပဲ အဘွားအိုနှင့် သက်လတ်ပိုင်းလူတို့လည်း တူညီသောကျောက်ခဲများကို ထုတ်လိုက်သည်။ ကျောက်ခဲသုံးခဲက လျှို့ဝှက်ဆန်းကြယ်သောအရောင်အဝါများကို ထုတ်လွှတ်ရင်း ကျောက်ပြားတစ်ပြားအဖြစ် အတူတကွ ပေါင်းစည်းကာ လေလယ်တွင် ပျံဝဲနေသည်။

“ကလေး အဲဒီအနက်‌ရောက်ကျောက်ပြားအပေါ် လက်တင်လိုက်” အဘွားအိုက လွန်စွာစိတ်လှုပ်တရှား ပြောသည်။ “မပူပါနဲ့ တို့သုံးယောက်မှာ မင်းအပေါ် မကောင်းကြံလိုစိတ်မရှိပါဘူး” သူမက မန်ဟို့ကို မျှော်လင့်တကြီး ကြည့်နေသည်။

ဖန်ရှုတောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူ စဉ်းစားရသရွေ့ တာအိုဆရာအစည်းအရုံးသုံးခုသည် လွန်စွာထူးထူးဆန်းဆန်း ပြုမူနေသည့်အတွက် ဝင်ရောက်စွက်ဖက်ရန်ပြုစဉ် မန်ဟို့မျက်လုံးများက တောက်ပသွားသည်။ မန်ဟိုသည် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးက တာအိုဆရာအစည်းအရုံးသုံးခုနှင့် တစ်နည်းနည်းပတ်သက်နေကြောင်း အရင်ကတည်းက ခန့်မှန်းထားပြီးလေပြီ။

သူက ကျောက်ပြားအပေါ် လက်တင်မည့်အစား မေးသည်။ “အဲ့ဒီအဖြူရောင်ဝတ်ရုံနဲ့ အမျိုးသမီး … သူက ဘယ်သူလဲ”

“ဟိုးအရင်တုန်းက ငါတို့လောကမှာ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းပဲ ရှိခဲ့တာမဟုတ်ဘူး” နဝမပင်လယ်နတ်လောကမှ အဘွားအိုက နူးညံ့ညင်သသောလေသံဖြင့် ဖြေသည်။ “အဲဒီခေတ်အခါက အဲဒီအဖြူရောင်ဝတ်ရုံနဲ့အမျိုးသမီးဟာ အစွမ်းထက်တကာ့ အစွမ်းထက်ဆုံးပါရာဂွန်သုံးဦးထဲက တစ်ဦးဖြစ်ခဲ့တယ်”

မန်ဟိုမှာ စိတ်နှလုံးတုန်လှုပ်သွားပြီး ဘာမှပြန်မပြောပေ။ နောက်ဆုံးတော့ သူသည် ညာလက်ကို မြှောက်၍ ကျောက်ပြားအပေါ်သို့ တည်ငြိမ်စွာ တင်လိုက်၏။ ဤလူသုံးယောက် မည်သည့်အရာကို မြင်ရန် မျှော်လင့်နေသလဲ သူ သိထားပြီးလေပြီ။

သူ၏လက် ကျောက်ပြားကို ထိလိုက်လျှင်ချင်း မျက်စိကျိန်းမတတ် တောက်ပသောအလင်းရောင်က ဖြာထွက်လာသည်။ အလင်း မန်ဟို့ကို ထိသွားသောအခါ ရှေးဟောင်းမှော်သင်္ကေတတစ်ခုက သူ့နဖူးပြင်ထက်၌ ရုတ်တရက် ပေါ်လာတော့သည်။

တကယ်တော့ ထိုမှော်သင်္ကေတသည် ဂဏန်းတစ်ခုဖြစ်၏။

နံပါတ် … ၁၃

အက်ရှလွန် ၁၃

အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ အဘိုးအိုသည် ဂဏန်းအသွင်ဖြင့် မှော်သင်္ကေတကို မြင်သောအခါ ခေါင်းနောက်လှန်၍ တဟားဟား ရယ်တော့သည်။ နဝမပင်လယ်နတ်လောကမှ အဘွားအိုမှာ ဟောဟဲဟောဟဲ အသက်ရှူနေရပြီး ဝမ်းမြောက်နေသောပုံစံရှိသည်။ မြင့်မြတ်သောရေစီးဓားဂူမှ သက်လတ်ပိုင်းလူလည်း အသက်ပြင်းပြင်းရှူနေရပြီး ထခုန်မိမတတ် ပျော်ရွှင်မြူးထူးသွားသယောင်ပင်။

“အက်ရှလွန်၊ ထင်ထားတဲ့အတိုင်း အက်ရှလွန်ပဲ”

“မန်ဟိုက တကယ်ကြီး အက်ရှလွန်ထဲ ဝင်သွားပြီ။ ပါရာဂွန်တစ်ဦးရဲ့ သတ်မှတ်ပေးခံရတဲ့ အက်ရှလွန်။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အက်ရှလွန်။ မိုးနဲ့မြေကနေ ထွက်သွားနိုင်မယ့်သော့ချက်”

“သူက နဝမတောင်ပင်လယ်ကနေ ဝင်‌ရောက်သွားတဲ့ ဒုတိယလူပဲ”

မန်ဟိုက လက်ကို ပြန်ရုတ်လိုက်ရာ ကျောက်ပြားမှ ဖြာထွက်နေသော အလင်းရောင်သည် မှေးမှိန်ပျောက်ကွယ်သွား၏။ ဖန်ရှုတောက်မှာတော့ မျက်မှောင်ကြုတ်နေသည်။ စိတ်ထဲတွင် သူလည်း အံ့အားသင့်နေသည်။ မန်ဟို့နဖူးထက်တွင် ပေါ်လာခဲ့သော မှော်သင်္ကေတကြောင့်မဟုတ်။ တာအိုဆရာအစည်းအရုံးသုံးခုမှ ကိုယ်စားလှယ်များ၏ စိတ်လှုပ်ရှားနေမှုကြောင့်ပင်။

“တာအိုရောင်ရင်းတို့ ရှင်းပြပေးနိုင်မလား” သူက ပို၍ပင် သတိရှိလာရင်း အေးစက်စက် မေးလိုက်သည်။

“အစ်ကိုဖန် ဒီကိစ္စက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ တာဝန်နဲ့ ပတ်သက်ပါတယ်” အဘိုးအိုက ပြောသည်။ အဘွားအိုနှင့် သက်လတ်ပိုင်းလူသည် မျက်နှာထားများ ပြန်တည်ကြည်သွားကြပြီး ဘေးတွင် ရပ်လိုက်ကြ၏။ “ကျုပ်တို့ ခင်ဗျားကို ပြောပြမယ့် အချက်အလက်ကို ဒီအခန်းရဲ့အပြင်မှာ သတင်းမဖြန့်ရဘူး

“ကျုပ်တို့ တာအိုဆရာအစည်းအရုံးသုံးခုဟာ မကြာခဏဆိုသလို နတ်မီးလျှံစမ်းသပ်ပွဲကျင်းပတယ်။ ရည်ရွယ်ချက်က အဲဒီပါရာဂွန်အမျိုးသမီး အက်ရှလွန်ထဲ ဝင်ရောက်နိုင်တဲ့အထိ အရည်အချင်းပြည့်မှီတဲ့လူတွေကို ရှာတွေ့စေဖို့၊ သင့်တော်တဲ့ကျင့်ကြံသူတွေကို ကြည့်ရှုအကဲခတ်နိုင်အောင်ပဲ

“အက်ရှလွန်က တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ စစ်မှန်တဲ့ လျှမ်းလျှမ်းတောက်နေတွေကို ရွေးထုတ်ပေးတယ်။ အက်ရှလွန်ထဲ ဝင်ရောက်သွားတဲ့လူတွေဟာ အကျော်အမော်တွေဖြစ်လာဖို့ အရည်အချင်း အမှန်တကယ် ရှိတယ်

“ဒါ့အပြင် အက်ရှလွန်ဟာ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းလုံးကို သက်ရောက်နေတဲ့ လျှို့ဝှက်ချက်၊ ကြီးမားတဲ့ပဟေဠိတစ်ပုဒ်နဲ့ နှောင်ဖွဲ့ရစ်ပတ်ခံထားရတယ်။ တကယ်တမ်း သခင်လီရဲ့မူလအစကိုယ်တိုင်ကိုက အဲဒီပဟေဠိနဲ့ ပတ်သက်နေတာပဲ

“နှစ်ပေါင်းများစွာ ကြာတဲ့အထိတိုင်အောင် နဝမတောင်ပင်လယ်ဟာ အက်ရှလွန်ထဲ ဝင်နိုင်လောက်အောင် အရည်အချင်းရှိတဲ့သူကို မမွေးထုတ်နိုင်ခဲ့ဘူး။ ဒီနေ့မှာတော့ …. ဒုတိယမြောက်ပုဂ္ဂိုလ် ပေါ်ထွက်လာခဲ့ပြီ

“အင်ရှလွန်အတွက် အရည်အချင်းပြည့်မှီခဲ့တဲ့ ပထမဆုံးလူကတော့ ခင်ဗျားတို့နဲ့ သူစိမ်းမဟုတ်ဘူး … ဖန်မျိုးနွယ်စုရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးပဲ

“ဝမ်းနည်းစရာကောင်းတာက သူက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပေမယ့်လည်း ပါရာဂွန်က ပေးအပ်ခဲ့တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အချိန်ကျရောက်တဲ့အခါမှ လိုက်လျောဖို့ ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့အရည်အသွေးတွေကို စွန့်လွှတ်ခဲ့တယ်လေ

“အစ်ကိုဖန် ဒီကလေးက ကျုပ်တို့အစည်းအရုံးတစ်ခုခုကို ဝင်ရောက်နိုင်ရုံတင်မကတော့ဘူး … သူက တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ တစ်ဦးတည်းသောဆက်ခံသူပဲ

“သူက တပည့်မဟုတ်ဘူး … ဆက်ခံသူ

“အက်ရှလွန်ရဲ့ ကျင့်ကြံသူတွေ တောင်တစ်တောင်တောင် ၊ ပင်လယ်တစ်စင်းမှာ ပေါ်လာခဲ့ရင် တာအိုဆရာအစည်းအရုံးတိုင်းအတွက် အတိမ်းအစောင်းမခံနိုင်အောင် ချက်ချင်း အရေးပါလာကြပြီး အသက်နဲ့လဲ ကာကွယ်ပေးကြရတယ်။ အစ်ကိုရှုတောက်၊ ဒီကလေးရဲ့လမ်းက သေချာပေါက် နဝမတောင်ပင်လယ်မှာတင် တန့်နေမှာမဟုတ်ဘူး

“အက်ရှလွန်ထဲ ဝင်ရောက်ချင်တဲ့သူတွေကြားက တိုက်ပွဲတွေဟာ ရွေးချယ်ခံဖြစ်လိုတဲ့ လူတွေကြားက တိုက်ပွဲတွေထက်တောင် ပြင်းထန်ရက်စက်တယ်။ ဒါ့ကြောင့် မန်ဟို့ရဲ့ အက်ရှလွန်အဆင့်အတန်းကို တခြားသူတွေ သိသွားလို့မဖြစ်ဘူး။ သူ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ အက်ရှလွန်တိုက်ပွဲတွေမှာ ဝင်ပြိုင်ရအောင် နဝမတောင်ပင်လယ်ကနေ ထွက်ခွာဖို့ သိပ်မကြာခင် ကျုပ်တို့ စီစဉ်ပေးရတော့မယ်

“ကျေးဇူးပြုပြီး ကျုပ်တို့ သူ့ကို စောင့်ရှောက်ပေးပါရစေ။ ကျုပ်တို့ တာအိုဆရာအဖွဲ့အစည်းသုံးခုက အက်ရှလွန်အတွက်ပဲ တည်ရှိနေတာပါ”

***

All Chapters